******************
ပညာဟုဆိုလိုက်လျှင် အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ်
ပညာဟူသည်မှာ အလွန် တရာပင်ကျယ်ပြန့်လှ၏။ ဘ၀ပညာဟူသည်မှာ အတန်း ပညာ၊
ကျောင်းပညာနှင့်မလုံလောက်၊အဆင့် မြင့်ပညာတွေ တတ်မြောက်၍
မဟာဘွဲ့၊ပီအိပ်ခ်ျဒီစသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍မဆိုနိုင်သေးချေ။
ကျောင်းငယ်၊ ကျောင်း ကြီး၊ တက္ကသိုလ်အသီးသီးတို့မှရသော ပညာသည် ဘ၀ ပညာ၏
နိဒါန်းမျှသာရှိပါ သေး၏။
ဘ၀မှာအနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်း ပညာ သည် ဘ၀ပညာပင်ဖြစ်၏။
ဘ၀ကိုဘယ်လိုထူ ထောင် မလဲ။ ဘ၀ကိုဘယ်လို အကောင်အထည်ဖော်မလဲ။ ဘ၀ကို
ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာအနှစ်သာ ရရှိရှိဘယ်လိုနေ ထိုင်မလဲ။ ဘယ်လိုနေမလဲ။
ဘယ်လိုသေမလဲ။ နေနည်း သေနည်း နှစ်ခုလုံးကိုနားလည် သောပညာသည် ဘ၀ ပညာဖြစ်သည်။
ဘ၀ပညာသည် ဒဿနိကပညာ တစ်မျိုး ဖြစ်သည်။ စာပေ ပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော
ကိုယ်ပိုင်အတွေး အခေါ်၊ ကိုယ်ပိုင်အယူအဆဟူသော ဒဿနိကပညာ ဟု ဆိုက
ပို၍နီးစပ်၏။ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့်
စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့်ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ်
အယူအဆပင်ဖြစ်၏။ သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည်ရှိပြီး အကြောင်းအရာ
ပစ္စည်းပစ္စယတို့ကို အကြောင်းခံ၍ ဆောင်ရွက်မှုမျှသာ ဖြစ် ၏။ ထိုကဲ့သို့ပင်
အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူး ပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့်
နှိုင်းချိန်ယူ ရသော ပညာသည် ဘ၀ပညာဖြစ်၏။
'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။
အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟု
ဆိုသည်။လူသည်သိချင်စိတ် တတ်ချင်စိတ်ရှိသော သတ္တ၀ါ မျိုးဖြစ်သည်။
ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊ တတ်လာ သည်။ ထိုသို့သိလာ
တတ်လာခြင်းကြောင့်ပင် လူနေမှု အဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေမြင့်လေ၊
အတတ်တွေမြင့်လေ လူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။
လူသားသည် သိချင်စိတ်ရှိသည့်အလျောက် လေ့လာစူးစမ်း နေသောကြောင့် 'အသိ'
ကိုရရှိလာသည်။အသိ ရှိလာသော ကြောင့် 'အတတ်'တွေရရှိလာသည်။ အသိကြောင့် အတတ်
တွေ ပေါ်လာသလို အတတ်ကြောင့် လည်းအသိတွေ ပေါ် လာသည်။အသိကို 'အသိပညာ'၊ အတတ်ကို
'အတတ်ပညာ' ဟုဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာမဟုတ်သေး။ အသိနှင့်အတတ်
ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်
သုံးသပ်ပြီးကာမှ ရရှိလာသောအဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။
သိပ္ပံပညာ၊ ၀ိဇ္ဇာပညာစသည်ဖြင့် အတတ်များစွာကို ပညာ တတ်၍ ခေါ်ကြသည်ကို မကန့်
ကွက်လိုသော်လည်း အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်
စွမ်းရှိသော ဉာဏ်သည်သာ ပညာဖြစ်သည်။ ထိုပညာသည် ဘ၀ပညာဖြစ်သည်။
'ကျွန်ုပ်၏ အတွေ့အကြုံအရဆိုရပါမူ ကျောင်းသင်ပညာ ရေးသည် သာမန်မျှသာဖြစ်သည်။
ပို၍ အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ ပြန်လည် သင်ပေးခြင်းဖြစ်
သည်' ဟုအမေရိကန် စာရေးဆရာကြီး ဂျိန်းစ်အေမစ်ချနား က ဆိုခဲ့လေသည်။အမေရိကန်
ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း
'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ်ငန်းရှင်စစ်သား၊
ခရီးသည်၊စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကို လုပ်ခဲ့
သည်။ထိုလုပ်ငန်းများအတွက်မည် သည့်တက္ကသိုလ်ကမှ အခြေခံပညာကို
မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည် ပညာသင်ကြားပေးမှုဖြင့်
သာထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟုဆိုခဲ့လေသည်။'
လူတိုင်း၌ ပညာသင်ယူမှုနှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးကမိမိကို
သင်ကြားပေးခြင်းဖြစ်၏။ ဒုတိယပိုင်းက မိမိကိုယ်ကိုမိမိက
သင်ကြားပေးခြင်းဖြစ်၏'ဟု ဗြိတိသျှ သမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက
ဆိုခဲ့သည်။
ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာပို့ချနေသော
တက္ကသိုလ်ကျောင်းတော်ကြီးဖြစ်သည်။ ထိုဘ၀ တက္ကသိုလ် ထဲက ပညာရပ်တွေကို နေ့နေ့ညည
သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက် လက်တွေ့အသုံး ၀င်သော
ဘ၀ပညာတွေဖြစ်သည်။တချို့ကဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟုဆိုကြသည်။
ကျောင်းပြီးတာတော့ မှန်ပါ သည်။ ပညာရေးကတော့ အခုမှစလုံးရေစသာ ရှိသေး သည်။
ဘ၀ပညာသည် 'တစ်သက်တာပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို
အကြမ်း သဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချော မဟုတ်သေးပေ။
လမ်းချောအောင် အမြဲတစေသင်ယူ ဖြည့် ဆည်းပေးနေရမည်။
ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့် မရသူ တို့မှာ ပညာရေးနှင့်စပ်၍
စိတ်ပျက်နေဖို့ မလိုပါ။ စိတ်အား ငယ်နေဖို့ မလိုပါ။ ဘွဲ့ရမှပညာတတ်သည်ဟူသော
အယူအဆ အစွဲအလမ်းကို ခေါင်းထဲကထုတ်ပစ် လိုက်ပါ။
ထိုအတွေးသည် ၁၉-၂၀ ရာစု လယ်ယာခေတ် စက်မှုခေတ် တွင် ကျခဲ့ပြီဖြစ်သည် ယနေ့ သတင်းနှင့်နည်းပညာခေတ် တွင် ထိုအတွေးသည် ပေါချောင်ချောင်အတွေးမျှသာ ရှိတော့သည်
ထိုအတွေးသည် ၁၉-၂၀ ရာစု လယ်ယာခေတ် စက်မှုခေတ် တွင် ကျခဲ့ပြီဖြစ်သည် ယနေ့ သတင်းနှင့်နည်းပညာခေတ် တွင် ထိုအတွေးသည် ပေါချောင်ချောင်အတွေးမျှသာ ရှိတော့သည်
ကမ္ဘာကျော်ပုဂ္ဂိုလ် အများစုကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။
ယခုခေတ် သားသမီးကို ကျောင်း စာမေးပွဲ အဆင့်တစ်ရမှ၊
အဆင့်နှစ်ရမှဆိုသောမိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုကတောင်းဆို
သည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေးမဟုတ်။ ပထမတန်းစား ဇွဲဟူသော
ပညာရှိတို့စကား မှတ်သားဖို့လိုပါ သည်။ဘ၀အောင်မြင်ရေးအတွက်
သိချင်စိတ်၊တတ်ချင် စိတ်၊ဆည်းပူးချင်စိတ်၊သုံးသပ်နှလုံးသွင်းချင်စိတ်၊အောင်
မြင်ကြီးပွားချင်စိတ်တို့ကိုသာ ရှင်သန်အောင်မွေးမြူပြီး
ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူး ရေးတွင်ကောင်းစွာဆောင်ရွက်ပါက
အောင်မြင်သောဘ၀ ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်
လိုက်ပါနှင့်ဟု ပညာရှိတို့ကဆိုပါသည်။ အသက်အရွယ် ကြီးရင့်သူတို့၌
အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့် ပြည့်စုံနေကြသည်။ သူတို့တစ်သက် တာဘ၀ပညာကို
လူငယ်လူရွယ်များအား ပေးလှူနေသော လူကြီးသူမတို့များ စွာရှိကြသည်။ ဘ၀ပညာကို
လိုလားသူ လူငယ်လူရွယ် တို့သည် ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူ
နိုင်သည်။ ခေါင်းသုံးလုံး ရှိသောအဘိုးအိုကို ဆည်းကပ်ပါဟူ သည်မှာ
ဤအဓိပ္ပာယ်ဖြစ်၏။
ဘ၀ပညာသည် အလှပညာဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း
ရုပ်ဆိုးကျည်းတန်မဖြစ်စေရ။ သူများ တကာတွေ ဘ၀ကိုလည်း
ရုပ်ဆိုးအကျည်းတန်မဖြစ်စေရ။ အတ္တပရဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည်
ဘ၀ပညာဖြစ်သည်။ဘ၀ပညာသည် အတ္တအတွက်လည်း ဒုက္ခကိုရှောင်ရှား၊ပရအတွက်လည်း
ဒုက္ခတွေဆောင် မထား ဘဲ အတ္တပရ နှစ်ဦးနှစ်ဝသုခနှင့်ပြည့်စုံအောင် ဆောင်ရွက်
သောပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ် ကသိ ကအောင့်မဖြစ်စေဘဲ
မည်သူကိုမျှ အနှောင့်အယှက် မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာ ပေးသော
ပညာဖြစ်သည်။
တတ်သိသူနှင့် သိတတ်သူနှစ်မျိုးတွင် တတ်သိသူသာပေါ များ၍ သိတတ်သူ
ရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိ ခြင်းမဟုတ်။ သိတတ်ခြင်းသာဖြစ်သည်။ မိဘအပေါ်လည်း
သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရားကိုလည်း သိတတ်သည်။
တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။ လူမှုရေး လည်း သိတတ်သည်။
ပြောစရာ၊ဆိုစရာ၊သင်စရာမလိုဘဲ အသိတရားက သူ့အလိုလို ရှိသူဖြစ်သဖြင့် အရာရာ၌
သိတတ်ခြင်းသည် ဘ၀ပညာဖြစ်သည်။ တချို့စည်းကမ်း တွေသည်
သီးသန့်သတ်မှတ်ထားခြင်းမဟုတ်။ ကိုယ့်အသိ တရားနှင့်ကိုယ် လိုက်နာကြရခြင်း
ဖြစ်သည်။
အလိုက်သိ၊ အလိုက်တသိဟူသော ဝေါဟာရနှင့် သဘော တရားသည် နေရာတိုင်း၌လိုအပ်သည်။
ထိုအလိုက်သိမှု၊ အလိုက်တသိရှိမှုသည် ဘ၀ပညာဖြစ်သည်။ လောကမှာ
အလိုက်သိမှုတစ်ခုမရှိမဖြစ်လို အပ်သည်။ အလိုက်မသိ သူနှင့် ပေါင်းသင်းဆက်ဆံရ၊
နေထိုင်ရတာလောက် ဆင်းရဲ တာဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး တစ်ခု
တော့လူတိုင်းမှာ ရှိစေချင်သည်။
ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှ နေ၍ ကိုယ်ချင်း စာတရားဆိုတာ ပေါ် လာသည်။
အားနာတတ်မှု၊ ကူညီရိုင်း ပင်းတတ်မှု၊ထောက်ထားမှု၊စာနာမှု၊ ငဲ့ညှာမှု၊
ဦးစားပေးမှု စသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။ တစ်ဖက်သားကို
အားနာတတ်မှုသည် နူးညံ့သောစိတ်ထား၊ မွန်မြတ်သောစိတ်ထားမှလာသည်။ နေရာတိုင်း၌
အားနာဖို့ မလိုသော်လည်း အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေး တစ်ခု
မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီး လိုအပ်သော ကိုယ်ချင်းစာတရားသည်
အားနာမှုမှလည်း လာသည်။ငဲ့ညှာမှု၊ စာနာမှု၊ထောက်ထားမှုတို့မှ လည်းလာ သည်။
ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ ပညာမှနေ၍
လာကြသည်။ကျက်ဉာဏ်၊မှတ်ဉာဏ်တို့သည် အတတ်ပညာရပ်တို့နှင့်ဆိုင်သော်လည်း
စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ထိုး ထွင်းဉာဏ်၊သဘောဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်၊
ဟာသဉာဏ် စသည်တို့ကား ဘ၀ပညာ ရပ် နှင့်ဆိုင်သွားသည်။
ကာလဒေသပုဂ္ဂလကို ခွဲခြားနားလည်မှု၊ဌာနာ ဌာနကော သလ္လဉာဏ်တို့မှာလည်း
ဘ၀ပညာရပ်မှသာရရှိ နိုင်သည်။ ဘ၀တွေပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့
ကိုယ့်ဘ၀ကိုယ်လှချင်ကြသည်။ လှတပတဖြစ်ချင်ကြ သည်။ ဘ၀တွေလှဖို့အတွက်
အဓိကလိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာဖြစ်သည်။ထိုကြောင့် ဒီကျောင်းမှာ
နေသင့်လှသည် ဒီစာတွေသင်သင့်လှပေသည်ဟု ……
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်