သာသနာနှင့်ရာဇာအပိုင်း(၂၇)

#သာသနာနှင့်ရာဇာအပိုင်း(၂၇)
*****************

ဗုဒ္ဓဇီဝအပြင် အခြား ရဟန်းတော်နှစ်ပါးလည်း တရုတ်ပြည် တောင်ပိုင်းသို့ သွားရောက်ခဲ့ကြသည်။ ဂုဏ၀မ္မာသည် မသ္မီရ ဘုရင့်မျိုးနွယ် ခတ္တိယနွယ်ဖွားတစ်ဦး ဖြစ်သည်။ သားထောက်သားခံမရှိသော ကသ္မီရဘုရင် ကံကုန်သွား သောအခါ နန်းတွင်းသူ နန်းတွင်းသားများက ဂုဏ၀မ္မာကို ဘုရင်မြောက်လိုကြသည်။ ဂုဏ၀မ္မာသည်သာလျှင်
အနီးစပ်ဆုံး အရိုက်အရာခံဖြစ်သည်။ သို့ရာတွင် ဂုဏ၀မ္မာ က ထီးနန်းကိုငြင်းပယ်လိုက်လေသည်။ ခရစ်နှစ် ၄၀၀ တွင် အိန္ဒိယပြည် အနှံ့အပြား၊ ခရီးလှည့်လည်ပြီးလျှင် ဂဏ၀မ္မာ သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ ရောက်လာသည်။ ထိုမှတစ်ဆင့် ဂျာဗားကိုဖြတ်လျက် နောက်ဆုံးနန်ကင်းသို့ ရောက်သွားသည်။ ထို့နောက်တွင် ကန်တုန်သို့သွားလျက် ကန်တုန်ရှိ ကျောင်းတိုက်တစ်တိုက်တွင် နေထိုင်သီတင်း သုံးသည်။

ဂုဏဘဒြလည်း ကသ္မီရသားပင် ဖြစ်သည်။ ဂုဏဘဒြအပြင် တခြားထင်ရှာသော ဘာသာပြန်ဆရာ သုံးပါးရှိသေးသည်။ ယင်းတို့ကား သံဃ၀မ္မာ၊ ဓမ္မမိတြ၊ ကာလယသတို့ ဖြစ်ကြ သည်။ သံဃ၀မ္မာသည် ခရစ်နှစ် ၄၃၄ ၌ နန်ကင်းသို့ သွား သည်။ ဂုဏ၀မ္မာ ကွယ်လွန်သွားပြီးသည့်နောက်၌ သံဃ၀မ္မာသည် ၀ိနည်းနှင့် ပတ်သက်၍ ထင်ပေါ်ကျော် ကြားသူ ဖြစ်လာသည်။ သံဃမိတြလည်း ကသ္မီရသား ဖြစ် သည်။ ဓမ္မမိတြသည် ခိုတန်နှင့် တုန်ရွှမ်ကို ဖြတ်လျက် ၄၂၄ တွင် နန်ကင်းသို့ ရောက်သွားသည်။ ဓမ္မမိတြသည် အနိစ္စ၊ ဒုက္ခ၊ သုည၊ အနတ္တ၊ နိဗ္ဗာန်နှင့် ပတ်သက်သော ပဉ္စဈာနကို တရုတ်ဘာသာ ပြန်ဆိုသည်။ ကာလယသသည် ၄၂၄ ၌ အိန္ဒိယမှ တရုတ်ပြည်သို့ ရောက်လာသည်။ ထိုရဟန်း တော်သည် အမိတာယဈာနသုတ်နှင့်
ဘေသဇ္ဇရဇ္ဇသမုဇ္ဈဂတိသုတ်ကို တရုတ်ဘာသာ ပြန်ဆို သည်။

ခရစ်နှစ် ၄၈၉ ၌ ဘုရင် တဇီလျန်သည် စာပေပညာရှင်နှင့် ရဟန်းပညာရှင် ၄၀၀ ကျော်ကို ဓမ္မောပဒေသ ကျောင်း တိုက်၌ ပင့်ဖိတ်ပြီး စည်းဝေးသဘင် ကျင်းပပြုလုပ်သည်။ ဘုရင်လျန်သည် ဗုဒ္ဓသာသနာကို လှိုက်လှိုက်လှဲလှဲလေးစား ကြည်ညိုသူ ဖြစ်သည်။ ထို့ပြင် ကျိုင်ဘုရင် ကာဝိုတီနှင့်
ဝူတီတို့လည်း ဗုဒ္ဓသာသနာအကျိုးအတွက် ကြိုးပမ်းဆောင် ရွက်သူများ ဖြစ်ကြသည်။

ချန်မင်းဆက် ၂၅ နှစ်ကာလသည် အရေအတွက် မများ သော်လည်း ထိုအချိန်ကာလအတွင်း၌ ဗုဒ္ဓစာပေ ကျမ်းဂန် များကို တရုတ်ဘာသာ ပြန်ဆိုရန် ရဟန်းတော်ငါးပါး အိန္ဒိယမှ တရုတ်ပြည်သို့ ရောက်လာကြသည်။ ထိုရဟန်း များထဲတွင် သံဃဘဒြသည် ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်သည်။ သံဃဘဒြသည် သူနှင့်အတူ ရှင်မဟာဗုဒ္ဓဃောသ၏ သမန္တပါသာဒိကာအဋ္ဌကထာကို ဆောင်ကြဉ်းလာခဲ့ သည်။ ယင်းကိုထောက်လျက် ထိုမထေရ်သည် ထေရ၀ါဒဂိုဏ်း ၀င် ထေရ်အရှင်ဖြစ်ကြောင်း ခန့်မှန်းရသည်။တရုတ်အစဉ်အလာ ယူဆချက်အရ သံဃဘဒြသည် ၀ိနယအဋ္ဌကထာကို
၄၈၉ ခုနှစ်တွင် ကန်တုန်သို့ ယူဆောင်လာပြီး တရုတ် ဘာသာ ပြန်ဆိုသည်။ ဓမ္မကရိတယသသည် အာရှ အလယ် ပိုင်းမှ ဖြစ်သည်။ ထိုရဟန်းသည် ချန်မင်းဆက်ဘုရင် တာအိုတီလက်ထက် (၄၇၁)၌ တရုတ်ပြည်သို့ ရောက်လာ သည်။

ဓမ္မမတိမထေရ်သည် ခိုတန်လမ်းမှ ဖြတ်လျက် တရုတ်ပြည် သို့ လာသည်။ ဂုဏ၀ုဒ္ဓိလည်း အိန္ဒိယအလယ်ပိုင်းမှ ရဟန်း ဖြစ်သည်။ ထိုရဟန်းသည် (ခရစ်နှစ် ၄၉၃-၄၉၅) ၌ ကျမ်း သုံးကျမ်းကို တရုတ်ဘာသာ ပြန်ဆိုသည်။ ယင်းကျမ်းသုံး ကျမ်းထဲက တစ်ကျမ်းမှာ ပျောက်ကွယ်နေလေပြီ။

ထို့နောက် စည်ပင်ဝပြောသော လျန်မင်းဆက်ခေတ် ရောက်လာသည်။ ထိုမင်းဆက် ပထမဆုံးဘုရင် ဟီဂျာအိုယင်သည် နောင်သောအခါ၌ ဦတည် အမည်ဖြင့် ထင်ရှားကျော်ကြားလာသည်။ ထိုဘုရင်သည် သူ့အရင် မင်းဆက်နှင့် အဆက်အစပ် အလှမ်းဝေးသူဖြစ်ပြီး အား နည်းသော ကျီမင်းဆက်ဘုရင်အား နန်းက အဆင်းခိုင်းပြီး လျှင် ထီးနန်းကို သိမ်းပိုက်လိုက်သည်။ ထိုဘုရင်သည် ရာစုဝက်နီးပါး (၅၀၂-၅၅၀)အထိ နန်ကင်း၌ ထီးနန်းစိုးစံ သည်။

ဦတည်ဘုရင်လက်ထက်၌ တိုင်းနိုင်ငံသည် ဖွံ့ဖြိုးကြွယ် ၀သည်။ နေပြည်တော် နန်ကင်း တစ်နေရာတည်း၌ပင် ၀ိဟာရကျောင်းပေါင်း တစ်ရာကျော်ရှိသည်။ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက်ကြသော ဗုဒ္ဓဘာသာဝင် ပညာရှင်များနှင့် ရဟန်းတော်များ ထောင်နှင့် ချီပြီး နန်ကင်း၌ စုဝေးနေထိုင်ကြသည်။ လျန်မင်းဆက် ခေတ်မတိုင်မီက တုန်တိုင်ဆ်ဂျီ၊ အိုင်ပိန်ဆ်ဂျေ၊ မဟာ ပညာပါရမိတာကဲ့သို့သော ကျောင်းတိုက်များသည် မည် သည့်နေရာမှာမှ မရှိပေ။ ဦတည်၏ နန်းတော်ရှိ ပန်းဥယျာဉ် အမည်ရှိသော ဥယျာဉ်ထံတွင် ဗုဒ္ဓတရား ဒေသနာတော်ကို ဟောကြားခြင်း ပြုလုပ်ကြသည်။

ဘုရင်ဦတည်၏ ခေတ်သည် ဗုဒ္ဓဘာသာအတွက် အရေးပါ
အရာရောက်သောခေတ်ဟု ဆိုနိုင်သည်။ သို့ရာတွင် ဘုရင် သည် နိုင်ငံရေးနှင့် ပြည်ရေးပြည်ရာကို စိတ်ပါဝင်စားခြင်း မရှိပေ။ ဦတည်သည် ဝေအီကို နှိမ်နင်းတိုက်ခိုက်သည်။ သို့ရာတွင်  အောင်မြင်မှု မရရှိပေ။ ဝေအီက အရှေ့နှင့် အနောက် နယ်ပယ်ဒေသများကို ဖရိုဖရဲဖြစ်အောင် ပြုလုပ် လိုက်သည်။ အစွမ်းထက်သော သေနာပတိဟောင်ကျင် သည် ကတိမတည်ပေ။ ဘုရင်သည် ဟောင်ကျင်ကို အပြစ် ဒဏ်မပေးသည့်အပြင် ဘုရင်ခံအဖြစ်ပင် ခန့်အပ်သည်။
နောက်ပိုင်း၌ ဘုရင်ဦတည် အရှေ့ဘက်ဒေသ ဘုရင်ဝေအီ နှင့် ပူးပေါင်းသွားသည်ဖြစ်၍ ဟောင်ကျင်သည် ဘုရင် ဦတည် ၏ သားတော်နှင့် ပူးပေါင်းလျက် ဘုရင်ဦတည်အား တိုက်ခိုက်သည်။ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဟောင်ကျင်သည် ဘုရင့်သားတော်နှင့် ပူးပေါင်းလျက်
နေပြည်တော် နန်ကင်းကို သိမ်းပိုက်လိုက်သည်။ ဘုရင် ဦတည် ဇာတ်သိမ်းသွားသည်။


ဘုရင်ဦတည်သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ပေ။ အသက် ၄၈ နှစ်အရွယ် (၅၀၁)အထိ ကွန်ဖြူရှပ်ဘာသာဝင် ဖြစ်ခဲ့သည်။ ကွန်ဖြူရှပ်ဘာသာ တိုးတက်ကြီးပွားရာ ကြီးပွား ကြောင်းကိုလည်း ကြိုးပမ်းဆောင်ရွက်သည်။ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတစ်ခုကြောင့် ဦတည်သည် အယူအဆ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ဘုရင်ဝေအီနှင့် ပတ်သက် ၍လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ကွန်ဖြူရှပ်ခေတ်
တစ်စခန်း ရပ်သွားသောအခါ တရုတ်ပြည်တွင် ဗုဒ္ဓဘာသာ အရှိန်အ၀ါသည် တိုးတက်မြင့်မားလာပြီး တရုတ်တစ်ပြည် လုံး၌ ပျံ့နှံ့သွားသည်။ ဝေအီ၏ မိဖုရားကြီး ဟုဒိုဝဂါသည် ဗုဒ္ဓဘာသာကို ကြည်ညိုမြတ်နိုးသူ ဖြစ်သည်။ ခရစ်နှစ် ၅၁၈ ၌ မိဖုရားကြီးသည် ဆုန်ယုန်းနှင့် ဟုအီရှင်တို့အား ဗုဒ္ဓကျမ်း စာများကို ရှာဖွေရန် ဥဒျာန်သို့ စေလွှတ်သည်။ ထိုပုဂ္ဂိုလ် နှစ်ဦးသည် ဗုဒ္ဓကျမ်းစာ ၁၇၅ ကျမ်းတို့ကို ရှာဖွေစု ဆောင်း ပြီး ပြန်လာခဲ့ကြသည်။

ဘုရင်ဦတည် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲသွားခြင်း သည် ကျောင်မင်းဆက် မင်းသား တဆ်ကျန်ကြောင့် ဖြစ် သည်ဟူ၍ ဒေါက်တာ ကျောင်ကွမ်က ဆိုထားသည်။ ဦတည်ဘုရင်နှင့် ဆက်စပ်မှုရှိသော ကျန်မင်းသား သည် ဘုရင်မင်းကြီးအား ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာ ပညာရှင်များနှင့် နီးစပ်မှုရှိအောင် အဆက်အသွယ် လုပ် ပေးသည်။ ဧလိယော့၏ အဆိုအရ ဘုရင်ဦတည်သည်
ပါအိုကျိအမည်ရှိ တန္ဒြဂိုဏ်းဝင် ရဟန်း၏ သြဇာလွှမ်းမိုး မှု ခံရသဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်လာသည်။

ဘုရင်ဦတည်သည် နန်ကင်း၌ အထူး ငွေကုန်ကြေးကျ ခံ လျက် ကြီးမားကျယ်ပြန့်သော ကျောင်းတိုက်ကြီး တစ်တိုက် ကို ဆောက်လုပ်ပြီး ကျောက်စာ ထွင်းထုထားသည်။ ထို ကျောက်စာ၌ ဘုရင်မင်းကြီးသည် တိရစ္ဆာန်တို့၏ အသက် ကို မသတ်ရဟု တားမြစ်ပိတ်ပင်ထားသည်သာမကပဲ မည်သည့် တိရိစ္ဆာန်ရုပ်ကိုမှ မရေးခြယ်ရဟူသော အမိန့် ကိုပင် ထုတ်ထားသည်။ အရုပ်များကို မြင်တွေ့ပြီး တိရစ္ဆာန် များကို သတ်ဖြတ်လိုသည့်စိတ် ပေါ်မလာအောင် ယင်းသို့ တားမြစ်ထားခြင်း ဖြစ်သည်။ ဘုရင်မင်းကြီးကိုယ်တိုင်
ပြည်သူပြည်သားများအား တရားဓမ္မညွှန်ကြားဟောပြသည်။ ဗုဒ္ဓစာပေနှင့် ပတ်သက်သော ကျမ်းကိုလည်း ရေးသား သည်။ တိပိဋကတ် ပထမတရုတ်ဘာသာပြန် (လက်ရေးမူ) ကို ခရစ်နှစ် ၄၁၈ ခုနှစ်၌ ထုတ်ဝေဖြန့်ချိသည်။

ဘုရင်ဦတည်၏ သက်ရှိသတ္တ၀ါ မသတ်ဖြတ်ရန် ပိတ်ပင် ထားသော ကျောက်စာနှင့် စပ်လျဉ်း၍ ပြည်သူလူထု မကျေမနပ် ဖြစ်ကြသော်လည်း ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း သော ဆောင်ရွက်ချက်များကိုမူ လူအများက နှစ်ခြိုက် ကျေနပ်ကြသည်။ ယင်းသို့  လူအပေါင်းတို့၏ အားပေးမှု ခံရခြင်းမှာ ဘုရင့်နန်းတော်တွင်း၌မျှသာ မကဘဲတရုတ်ပြည် တစ်ပြည်လုံး၌ ဖြစ်သည်။ နာမည်ကျော် စာရေးဆရာများ ဖြစ်ကြသော လျူရှပ်နှင့် ယိုကျာတို့သည်လည်း ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေး လှုပ်ရှားမှုများ၌ ပါဝင်ကြသည်။ ------------------

ဘုရင်ဦတည်သည် ဗုဒ္ဓကျမ်းစာပေါင်း များစွာကို နှစ်စုံစီ
ထုတ်ဝေဖြန့်ချိသည်။ ဗုဒ္ဓစာပေ အနှစ်သာရကို လေ့လာ လိုက်စားသူများအတွက် အချက်အလက် အပြည့်အ၀ ရရှိ စေရန် ဗုဒ္ဓစာပေကျမ်းဂန်များကို တည်းဖြတ်ထုတ်ဝေ ရ မည်ဟူ၍ ဘုရင်မင်းကြီးက အမိန့်ပေးထားသည်။ နာမည် ကျော် တရုတ်ရဟန်းတော် ဆင်းအား ၅၁၅ ခုနှစ်၌ စုဆောင်းထားသော တိပိဋကတ် ဘာသာပြန် လက်ရေးမူ
ပေါင်းချုပ်ဖြစ်သည့် ဗုဒ္ဓကျမ်းစာများ၏ စာရင်းတစ်ခု ပြုစု ရန်လည်း လျှောက်ထားတောင်းပန်သည်။ ထို့နောက် နှစ် နှစ်အကြာတွင်လည်း ဘုရင်မင်းကြီးသည် ရဟန်းတော် ပါအိုကျန်အား ယင်းစာရင်းကို ပြန်လည် သုတ်သင်တည်း ဖြတ်ရန် တောင်းပန်လျှောက်ထားလေသည်။

ဘုရင်မင်းကြီး၏သားတော် ကျောင်မင်းသည်လည်း
ဖခမည်းတော်ကဲ့သို့ပင် ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားသူ ဖြစ်သည်။ ကျောင်မင်းသည် ဗုဒ္ဓကျမ်းစာများကို လေ့လာ ဖတ် ရှုပြီးလျှင် သူ၏ နန်းဆောင်အတွင်း၌ တိရတန၀ိဟာရ အမည်ရှိ အဆောင်တစ်ဆောင်ကို ဆောက်လုပ်ထားသည်။ ထိုအဆောင်သို့ တရားဓမ္မ ဆွေးနွေးဟောကြားရန် ရဟန်း တော်များအား ပင့်ဖိတ်လေ့ရှိသည်။

ဘုရင်မင်းကြီး၏ ဒုတိယသားတော် ကျင်ဝင်တီနှင့် သတ္တမ သားတော် ယွမ်တီတို့လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး လျှင် ဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားစေရန် ကြိုးပမ်း အားထုတ်ကြသူများ ဖြစ်ကြသည်။ယင်းသားတော်များသည် ပညာတတ်များ ဖြစ်ကြပြီးလျှင် သူတို့၏ ဖခမည်းတော် ကဲ့သို့ပင် ကိုယ်ကျင့်တရား ကောင်းမွန်သူများ ဖြစ်ကြသည်။

အထက်၌ ပြဆိုသည့်အတိုင်း ဘုရင်ဦတည်၏ လက်ထက်၌ တရုတ်ပြည်တွင် ဗုဒ္ဓဘာသာ အရှိန်အဟုန်နှင့် ပြန့်ပွားသွား သည်။ ထိုအကြောင်းကြောင့် ပြည်ပတိုင်းပြည်များနှင့် တရုတ်၏ ဆက်သွယ်ရေးလည်း တိုးတက်ကောင်းမွန်လာ သည်။ ကိုရီးယားဘုရင်သည် တရုတ်နိုင်ငံသို့ သံတမန် တစ်ဦးကို စေလွှတ်ပြီးလျှင် ဗုဒ္ဓကျမ်းစာမူများကို အထူးအား ဖြင့် မဟာပရိနိဗ္ဗာနသုတ် ကျမ်းစာမူကို တောင်းသည်။

အပိုင်း(၂၈)ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်