မာယာဝတ်ရုံနက်ကို လွှမ်းခြုံလို့ 
အသံလုံတဲ့ ခြေသံတွေနဲ့ ဝင်လာပြီး
အသွားထက်ထက် ဓါးတစ်ချောင်းကို
မျှော်လင့်ချက်တွေ လိမ်းကျံလို့ 
မင်းရဲ့ ရက်စက်မှုသွေးတွေ
စွန်းထင်နေတဲ့ လက်နဲ့ 
ငါ့ နှလုံးသားထဲ စိုက်ချခဲ့တယ်…
အချစ်တစ်ခုကို မြဲမြံစွာ ကိုင်တွယ်ထားမိလို့ 
ပြန်လည်ပြီးလဲ မနှုတ်ရက်ပါဘူး…
မျှော်လင့်ချက်တွေ ငါ့ နှလုံးသားထဲ
စိမ့်ဝင်သွားတဲ့ ထိပေါ့…
ငြိုးဆိပ်သင့် ၀ိုင်တစ်ခွက်က..
ခါးသီးပြင်းရှပေမဲ့…
ချိုသက်တဲ့ ပျားရည်စက်လို
ငါလေ မျိုချခဲ့ဖူးတယ် ချစ်သူ…
အရံသင့် ခင်းထားတဲ့ လမ်းမဟုတ်လို့
ကြမ်းမယ်ဆိုရင်လဲ မင်းလက်ကို မြဲမြဲတွဲလို့ 
ခပ်ရဲရဲ ငါ လျှောက်မှာပါပဲ…
နွေနေ့ ခင်းလို ပူပြင်းတဲ့လောင်မြိုက်မှုတွေကြောင့်
မင်းရဲ့ လောင်းရိပ်အောက်ကို ခိုဝင် နားနေခဲ့တာ
တံလျှပ်ကို ရေပဲ မြင်နေမိလို့ ပါ…
သို့ ပေမဲ့.. သစ္စာအခင်းကို
မင်း ခြေအဆင်းမှာ ချနင်းပြီး
ခပ်ပြင်းပြင်းခြေသံတွေနဲ့ 
ပြန်ထွက်သွားတဲ့ အထိတော့
ငါ မမိုက်မဲချင်တော့ပါဘူး ချစ်သူ….
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်