သန်လွန်းကောင်းလွန်းနေသော တလွဲဆံပင်များ
************************************
************************************
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊
ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော
ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်း သလိုလို၊
ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆံပင်ကောင်းခြင်းပင်တည်း။
အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်း ကြောင့်မဟုတ်၊ အမျိုးဘာသာကို
အားမပေးလိုခြင်း၊ ဇွဲ မရှိခြင်းတို့ကြောင့် ဖြစ်ပေသည်။
ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ဆွေမျိုးသား ချင်း,
ဘာသာသာသနာ, တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ့ နိုင်သည် မဟုတ်ပါလော။
ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည်
“ပစ္စည်းဥစ္စာများကို မရှာရ” ဟု ဆိုလိုသည် မဟုတ်ပါ။ တခါတရံ မတရား
လောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု
ဆိုပြီး လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊
တစ်ပတ်ရိုက်ခြင်းစသော ဒုစရိုက်မျိုးစုံကို လုပ်တော့၏။ ယင်းကဲ့သို့သော
မတရားလောဘများကို ထိန်းပေးဖို့ အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့်
ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု
ဟောတော်မူခြင်းဖြစ် ပေသည်။
စီးပွားရေး လုပ်ငန်းများကို မလုပ်ဖို့အတွက် ဟောတော်
မူခြင်းမဟုတ်။တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့ သည့်အတွက်
စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည်
ဒုက္ခသစ္စာဖြစ်သည့် အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့
မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီ သူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။
ထိုပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ် သောအခါ ၂-ရက်လောက်
အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း
မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့
ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရားနာရတာက အားမရပါ
ဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေ အမျိုးမျိုးပေးပြီး ကိုယ့် အပြစ်ကို
သူများပေါ်ပုံချလေတော့၏။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့် ``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါ တို့သည် သောတာပန်
အရိယာပုဂ္ဂိုလ်များဖြစ်ကြ၏။ သို့ သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ
ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို
မဖြစ်မနေ ပြုလုပ်သင့်ပေသည်။ ပိဋကတ်စာပေမှာ တရား သဖြင့်
စီးပွားရေးလုပ်ခြင်းကို “သမ္မာအာဇီဝ” ဟုခေါ်၏။ မဂ္ဂင်ရှစ်ပါးထဲမှာ
တစ်ပါးအပါအ၀င်တည်း။ သစ္စာအားဖြင့် “မဂ္ဂသစ္စာ”ဟု ခေါ်၏။
ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့် နေရင် တော့ အမြင်မှန်ကို
ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရ လျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊
စိပ်ပုတီးနှင့်ရိပ်ကြီး ခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို
မလုပ်ဘဲ နေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာ အကျိုး လည်း မရဘဲ ကီမဟုတ်
ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေ သည်။
(ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်း မဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)
လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင် လည်း
ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ်ပါလျက် ဘုန်း ကြီးတစ်ပါးကဲ့သို့
စီးပွားရေးအလုပ်များကို မလုပ်ဘဲ ပစ်ထား လျှင် (သို့မဟုတ်) စီးပွားရေး
လုပ်ငန်းများကို လုပ်သော် လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန်
ပျက်ကွက်ခြင်း ပင်တည်း။
``အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင် သေ´´ဟူသော စကားပုံ တစ်ခု ရှိ၏။
အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိ အောင် စုဆောင်းရမည် ဟု
ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´
ဟူသ တတ်။
ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကို အလိုရှိသူများ အတွက် ``
ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိ သဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်း စိတ်ဓာတ် ရှိရမည်၊
အာရက္ခ- ကြွက်သေ တစ်ခု အရင်းပြုဆိုသကဲ့သို့ အလေ အလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊
ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကို အလိုရှိသူများ အတွက် ``
ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိ သဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်း စိတ်ဓာတ် ရှိရမည်၊
အာရက္ခ- ကြွက်သေ တစ်ခု အရင်းပြုဆိုသကဲ့သို့ အလေ အလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊
ကလျာဏမိတ္တ- ဈေးကွက် ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ-
စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို
မိန့်တော်မူ ခဲ့ပေသည်။
ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူ များ က
``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့ အတွက် ပိတ်ဆို့သည့်တရား´´ဟု
ထင်မြင်ကုန်တော့သည်။ တက်တက်စင် လွဲမှာခြင်းပင်။
အကယ်တန္တုကား ဘုရားမြတ်စွာ၏ တရားများသည် လောကီဘက်မှာ ဖြစ်ဖြစ်
လောကုတ္တရာဘက်မှာဖြစ်ဖြစ် အညွန့်တလူလူ တက်စေသော လမ်းပြမြေပုံ Road map များ
ဖြစ်ပေသည်တမုံ့။
အားပေးနေတယ်
ReplyDelete