သူရိယ သိဒ္ဓန္တ ကျမ်း ၏ သက်တမ်းသည် နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရှိသော ကျမ်းစာ ဖြစ်သည်။ သို့သော် အိန္ဒိယတို့က ၄င်းတို့၏ ကျမ်းသည် အနှစ် ၅၀၀၀ ရှိပြီဟုပင် ဆိုနေကြပါသည်။ နောက်ဆုံး အထောက်အထားများအရ- မက်ဆိုပိုတေးမီးယား ဒေသ၊ (ယခု အီရတ်နိုင်ငံ) တွင် ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၅၀၀ မှ ၃၀၀၀ ခန့် (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်) ကာလက တည်ရှိ ခဲ့သော ဆူးမေးရီးယန်း လူမျိုး (ဘေဘီလုံ ခေတ်ထက်ရှေးကျသော လူမျိုးစု) တို့၏ ကျောက်စာ တွင်- ကောင်းကင်မှ နက္ခတ် တာရာ တို့ကို တွက်ချက်မှု များကို တွေ့လာရပါသည်။ ထိုနည်းတူ မာယာ လူမျိုးတို့၏ ပြက္ခဒိန် တွင်လည်း ကောင်းကင် တွက်ချက်မှု များ ပါဝင် နေခဲ့သည်ကို တွေ့ကြရသည်။ နက္ခတ်တာရာ တွက်ချက်မှု ပညာရပ်တို့နှင့် ပါတ်သက်၍- အခြားသော တွေ့ရှိ မှုမှာ- ရှေးဟောင်း ဘေဘီလုံ ခေတ် ခရစ်တော် မပေါ်မီ ဘီစီ ၇၄၇ မှ ၇၃၃ ဘီစီ အထိ အုပ်ချုပ် ခဲ့သော နက်ဘိုနက်စာ အမည်ရှိ ဘုရင် လက်ထက်တွင်- လကြတ်ခြင်း၊ နေကြတ်ခြင်း ကို တွက်ထား ခဲ့သော အချက်အလက်များကို တွေ့ရပြန် ပါသေးသည်။
ထိုဒေသ သည်- လူ့ဘောင် ယဉ်ကျေးမှုတို့၏ ထင်ရှားစွာ ထွန်းကားသော ကာလ ဖြစ်သည် ဟုဆိုရပါမည်။ ဘေဘီလုံ-အင်ပိုင်ယာ၊ ပါရှန်း အင်ပိုင်ယာ စသည်ဖြင့်- အင်မတန် အဆင့်မြင့်သော လူ့ယဉ်ကျေး မှုနှင့် တကွ- နက္ခတ္တ ပညာ သည် ထင်ရှားလာခဲ့ပါသည်။ ပါရှန်း (ယခု အီရန် လူမျိုး) တို့နှင့် အိန္ဒိယ နိုင်ငံ မြောက်ပိုင်း လူမျိုး တို့ ဘာသာ စကားအရ၊ D.N.A စစ်ဆေးမှုများ အရ (အသား အရောင်၊ မျက်လုံးတို့တွင် မြင်နိုင်ပါသည်။)၊
ယဉ်ကျေးမှုများ အရ- ဆက်စပ်မှု ရှိနေကြောင်းကို ရှေးဟောင်း သုတေသန ပညာရှင်များ၊ မျိုးရိုး ဗီဇ ပညာရှင်များ၊ သမိုင်း ပညာရှင်များ သိရှိထား ကြပါသည်။ ဘာသာရေး၊ လူမျိုးရေး ပြဿနာများ အငြင်းပွားဘွယ်ရာ ဖြစ်သဖြင့် - ဤနေရာတွင် ယခုထက်ပို၍ မရှင်းပြ တော့ပါ။
နောက်ထပ်မံ၍လည်း- ခရစ်တော် မပေါ်မီ အနှစ် ၃၀၀- ၄၀၀ ခန့် တွင် မက်ဆိုပိုတေးမီးယန်း ဒေသ (“မက်ဆိုပိုတေးမီးယန်း” ဆို သော ဂရိ စကားသည် - မြစ် ၂-ခု အကြားဟု အဓိပ္ပါယ် ရ၍၊ “တိုက်ဂရစ် မြစ်” နှင့် “ယူဖရေးတီး မြစ်” တို့ အကြားဒေသ ဖြစ်ပါသည်။) တွင် ကောင်းကင်ရှိ၊ နေလ၊ ကြယ်၊ ဂြိုဟ်တို့၏ အနေအထားကို တွက်ချက်သော နက္ခတ္တ ပညာ များ ထွန်းကားမှုများကို ထင်ထင်ရှားရှားတွေ့ လာပါသည်။ ထိုကာလ - နောက်ပိုင်း မှာပင် - အိန္ဒိယတွင် သိဒ္ဓန္တ ကျမ်း တို့ပေါ်လာပါသည်။
အမှန်အားဖြင့်- သိဒ္ဓန္တကျမ်းမျိုး (၁၈) မျိုး အထိ ကွဲပြား သွားသော်လည်း- အိန္ဒိယ တွင် ပေါ်ပေါက် လာခဲ့သော ပါရမီရှင် နက္ခတ်ပညာ ရှင်များ ဖြစ်သည့်- အရိယ ဘတ္တနှင့် ၀ရ ဟိမိရ ဆရာ တို့ မှ အောက်ပါ သိဒ္ဓန္တ ကျမ်း (၅) မျိုး ကိုသာ- ထောက်ခံခဲ့သည်။
၎င်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
• ပေတ မဟာ သိဒ္ဓန္တ
• ရောမက သိဒ္ဓန္တ
• ပေါလိစ္စ သိဒ္ဓန္တ
• ၀ါစိဿ သိဒ္ဓန္တ
• သူရိယ သိဒ္ဓန္တ
အိန္ဒိယ ပြက္ခဒိန် ကျမ်းတို့အဆိုအရ- ခရစ်နှစ် ၆၂၈ တွင် ဗြဟ္မာ ရပ္မတိ အမည်ရှိသော နက္ခတ် ပညာရှင် ထံမှ ကူးယူ၍- ခရစ်နှစ် ၁၆၀၉ တွင် နက္ခတ် ပညာရှိ ဖြစ်သူ ရန်ဃ နာသ မှ ပြုပြင်သည် ဆိုထားပါသည်။
ခရစ်နှစ် ၁၈၅၈-ခုနှစ်တွင် အင်္ဂလိပ် ဘုန်းတော်ကြီး အက်ဘင် နက်ဇာ ဘားဂက်စ် (Ebenezer Burgess) မှ- ၄င်းကျမ်းအား ခေတ်နှင့် လျော်ညီအောင် ဘာသာပြန်ပေးခဲ့သည်။ သင်တန်းသားတို့ အနေဖြင့် စိတ်ဝင်စားပါက Amazon မှ ၀ယ်ယူနိုင်ပါသည်။ ၄င်းကို ခေတ်သစ် သူရိယ သိဒ္ဓန္တ ကျမ်းဟု ခေါ်၍၊ သချာင်္ ပညာရှင်များ အနေဖြင့် နားလည် နိုင်သော စာအုပ် ဖြစ်ပြီး၊ ယခု အိန္ဒိယ တနိုင်ငံလုံး တွင် အသုံးပြုနေပါသည်။ ဟိန္ဒူဘာသာ အားဖြင့်မူ- သူရိယ သိဒ္ဓန္တကျမ်း သည် ဗြဟ္မာ မှ ရေးသား စီရင်သည် ဟုပင် ဆိုထား ပါသည်။ ဆိုလိုသည်မှာ- ၄င်း၏ မူလ ပထမကို မူ မည်သူမျှ သေသေ ချာချာ မသိပါ။
မြန်မာ သက္ကရာဇ် ၁၁၄၀-ခုနှစ်၊ (ခရဇ်နှစ် ၁၇၈၆) ဘိုးတော် မင်းတရား လက်ထက်တွင်၊ အိန္ဒိယပြည် ဗာရာဏသီ မြို.မှ နက္ခတ်ပညာရှင်- ဘ၀ါနိဒင် ဆိုသူသည် သက္ကတ ဘာသာ ဖြင့် ရေးသားထားသော သူရိယ သိဒ္ဓန္တ ကျမ်း ကို မြန်မာပြည်သို့ စတင် သယ်ဆောင်လာခဲ့သည်။ ၄င်း ကျမ်းကို မောင်းထောင် ဆရာတော် ဘုရားမှ ဦးစွာ ဘာသာပြန် ခဲ့သည်။ ထိုသို့ ဘာသာ ပြန်ဆိုခဲ့ပြီး- အနှစ် ၅၀-ခန့် အကြာကာလ-မြန်မာ သက္ကရာဇ် ၁၂၀၃- ခုနှစ်၊ တွင် နာဂရီ ဘာသာဖြင့် ရေးသား ထားသော အခြား သူရိယ သိဒ္ဓန္တ ကျမ်း တစ်စောင် မြန်မာပြည်သို့ ထပ်မံ ရောက်လာ ခဲ့သည်။
(ဤနေရာတွင် တစ်ချက် ဖေါ်ပြလိုသည်မှာ- မြန်မာ အများစု- အနေဖြင့်- ဗေဒင်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း တို့တွင် ပါဌ်ဆင့် တွေ့လျှင်၊ ၄င်းစာများကို ပါဠိစာ ဟု မှတ်ယူ ထားကြသည်။ အမှန်အားဖြင့် - ဝေဒ ကျမ်းများသည် မြတ်စွာ ဘုရား မပေါ်မီ ကပင် ရှိခဲ့ ၍ - ၄င်းတို့ကို သက္ကတ ဘာသာဖြင့် ရေးသား ထားသည်။ သက္ကတ ဘာသာနှင့် ပါဠိဘာသာ သည် စကား အားဖြင့် များစွာ တူညီသည်။ ပါဠိ ဘာသာသည်- ဗိမ္ဗိသာရမင်း၊ အဇာတသတ် မင်း တို့ တိုင်းပြည် ဖြစ်သည့် “မာဂဓ တိုင်း”တွင် အသုံးပြုသော စကားဖြစ်သဖြင့် “မာဂဓ” ဘာသာ ဟုခေါ်တွင်၍၊ မြတ်စွာ ဘုရား၏ တရားတော် များသည် “မာဂဓ” ဖြင့်သာ ဟောကြားခဲ့ခြင်း ဖြစ်သည်။ “မာဂဓ ဘာသာကို နားလည် သည် ဆိုခြင်းမှာ- တိရစ္ဆာန်များ၏ ဘာသာကို နားလည်ခြင်း ဖြစ်သည်” ဟု အရပ်ပြော ပြောနေ ကြခြင်းမှာ မမှန်ပါ။ ထိုစဉ်က အိန္ဒိယတွင် “မာဂဓ” တိုင်း ၊ “ကောသလ” တိုင်း ၊ စသည်ဖြင့် တိုင်းကြီး ၁၆-တိုင်း ရှိခဲ့ ပါသည်။)
ထိုနောက်မှ- ရောက်လာသော ကျမ်းကို ညောင်ကန် ဆရာတော် ဘုရားသည် မြန်မာ သက္ကရာဇ် ၁၂၂၅- ခုနှစ် ခန့်တွင် မြန်မာဘာသာ သို့ ပြန်ဆိုပေးတော်မူခဲ့သည်။ ထို့နောက်- ထို ညောင်ကန် ဆရာတော် ဘာသာ ပြန်သော ကျမ်း နိသျှ အတိုင်း- ကို မြစ်စဉ် ၀န် ရွှေခဲယဉ်း လှေတော်အုပ် မှ ရှင်းလင်း ၍- လင်္ကာများ ရေးခဲ့ပြီး၊ နောက်တွင် နေမျိုး မင်းလှ ကျော်သူ မှ စကားပြေ အဖြစ် ပြန်လည် ရေးသားခဲ့သည်။ ယခု မြန်မာ နိုင်ငံတွင် အများစု သိထားကြသော သူရိယ သိဒ္ဓန္တ ကျမ်း သည် ညောင်ကန် ဆရာတော် ဘုရား၏ ကျမ်းဖြစ်ပါသည်။ ပညာရပ် တို့၏ မူရင်း၊ ကျမ်းမူရင်း ဆိုရာတွင်-အံ့မခန်း သော သူရိယ သိဒ္ဓန္တ ကျမ်း တွင်ပင်- မူရင်း ဇစ်မြစ် ရှာရ ခက်ပါသည်။ ထို.ကြောင့် - “မိမိတွင် ရှိသော ကျမ်းသည်သာ-မူရင်းကျမ်းဖြစ်သည်၊ မိမိကျမ်းသည် သာ အစစ် အမှန် ဖြစ်သည်၊ မိမိ တတ်မြောက်ထားသည် က, သာ - အမှန်ဖြစ်သည်” ဟု သဘော မထားပဲ- ထိုကျမ်းကို မိမိ ကိုယ်တိုင် ဘယ်ရွေ. ဘယ်မျှ တတ်ကျွမ်း နားလည်သည် ကသာ အဓိက ကျပါသည်။ ထို.ကြောင့်လည်း မြတ်စွာ ဘုရား အနေဖြင့် ကာလာမ သုတ္တန် တွင်- “ငါဘုရား ပြော၍လည်း မှန်သည်ဟူ၍ မယုံနှင့်၊ ကျမ်းဂန်တွင် ပါသော ကြောင့်လည်း မှန်သည် ဟူ၍ မယုံနှင့်၊ ပညာရှိများ ပြော၍လည်း မှန်သည် ဟူ၍ မယုံနှင့် -” စသည်ဖြင့် မိမိကိုယ်တိုင် အမှန်ကို သိအောင် လုပ်စေရန်သာ ဟောကြား ခဲ့သည်ကို သတိပြုကြစေလိုပါသည်။
သူရိယ သိဒ္ဓန္တ ကျမ်း အား၊ ယခုခေတ် လူငယ်တို့ လိုက်စားမည် ဆိုပါက- မသိ နားမလည် သော အခေါ် အဝေါ် အသုံးအနှုန်းများကြောင့်- လွန်စွာ အခက် အခဲတွေ. ရပါလိမ့်မည်။ နောက်ကွယ်က သင်္ချာသဘော ကို နားလည်ရန် ကမူ များစွာ ပို၍ ခက်ခဲ ပါလိမ့် မည်။ ထို့အပြင် မူရင်း သူရိယ သိဒ္ဓန္တ ကျမ်းသည် အိန္ဒိယ နိုင်ငံ ဥဂျိန်း ဒေသ (မြန်မာ အခေါ် ဥဇ္ဇေနီ တိုင်းပြည်) ကို မူတည် တွက်ချက်ထားခြင်း ဖြစ်ရာ- ယခု ကမ္ဘာသုံး စနစ်ဖြစ်သော ဂရင်းနစ်မှ တွက်ချက်မှု နှင့် ကွာခြားမှု ရှိပါသည်။
ဗေဒင် ၀ါသနာပါသူတိုင်းလည်း သင်္ချာမတော်ပါ။ သင်္ချာ တော်သူတိုင်းလည်း ဗေဒင် ၀ါသနာမပါ-ပါ။ ထို့ကြောင့်လည်း မြန်မာ နိုင်ငံတွင် လက်ရိုးဗေဒင် ကဏ္ဍ မှေးမှိန်ခဲ့ရခြင်း ဖြစ်ပါသည်။ အချို့က သူရိယ သိဒ္ဓန္တ ကျမ်းကို ကျောက်ခေတ်က ကျမ်း၊ မတိကျတော့သော ကျမ်းဟူ၍ ပြောဆို နေကြ သော်လည်း ကျွန်တော့် အမြင်တွင် ဤကျမ်းသည် လွန်စွာအဆင့်မြင့်သော ကျမ်းဖြစ်ပါသည်။ ကာလကြာမြင့်ခြင်း၊ နောက်ကွယ်မှ သဘောတရား နားလည်ရန်ထက် တွက်ချက် ပုံ၊ တွက်ချက်နည်း ကို သာခက်ခဲစွာ လက်ဆင့်ကမ်း ခဲ့ကြရခြင်း၊ အပေါင်း အနှုတ်ကို လက်ဖြင့် ချပေါင်း ချနှုတ် ပြုလုပ် ခဲ့ကြ ရခြင်း တို့ကြောင့် ယခုခေတ် သိပ္ပံနည်းဖြင့် တွက်ချက်မှု များလောက် တိကျမှု မရှိသော်လည်း အလွန်အဆင့်မြင့်သော ပညာ ကျမ်း ဖြစ်ပါသည်။ ထိုကျမ်းကို မျိုးရိုးအလိုက်- ထိမ်းသိမ်း လေ့လာ ခဲ့သူ ပညာရှင်များ သည်လည်း- ရှေးပညာရပ် ကို ထိမ်းသိမ်း သူများ ဖြစ်သောကြောင့် ကျေးဇူး ကြီးမားလှ ပါသည်။ ထို့ကြောင့်လည်း MOTAA အနေဖြင့်- ခေတ်မှီ သူရိယ သိဒ္ဓန္တ ကျမ်းကို ကွန်ပျူတာ နည်းပညာ အကူအညီ ဖြင့်- ပြုစုပေး၍ မြန်မာ ပြက္ခဒိန် အကြံပေး ခြင်းကို စိတ်ဝင်စားသည့် ပညာရှင်၊ ၀ါသနာရှင် သုတေသီများကို ဖိတ်ခေါ် အပ်ပါသည်။
ကောက်ကိန်း ဇယားကို အသုံးပြု၍ တွက်ချက်ခြင်း
ကောက်ကိန်း ဇယားကို အသုံးပြုကြရာတွင်- သံဒိဋ္ဌ ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း ဇယားတို့ကို အသုံးပြု ခြင်း ဖြစ်သည်။ ကောက်ကိန်း ဇယားကို အသုံးပြု၍ တွက်ချက် တော့မည် ဆိုပါက-အောက်ပါတို့ကို သိထားသင့်ပါသည်။
သံဒိဋ္ဌ ပြက္ခဒိန် အမျိုးအစား
သံဒိဋ္ဌ ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း ဇယားတို့တွင်- အုပ်စုခွဲကြည့်ပါက- အောက်ပါအတိုင်း တွေ့ကြရပါမည်။
နိယာယန မူ နှင့် သာယန မူ ဟူ၍လည်းကောင်း။
နေ့လည် ၁၂-နာရီ ကို မူတည် ၍ တွက်ချက် ထားသော ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း၊ ည- ၁၂-နာရီ ကို မူတည်၍ တွက်ချက် ထားသော ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း၊ တို့ ဟူ၍ လည်းကောင်း ရှိနေ ပါသည်။
ထင်ရှားသော ဂြိုဟ်သွားပြက္ခဒိန် များမှာ- လာဟိရိ ဂြိုဟ်သွား ပြက္ခဒိန်၊ ရာဖီ ဂြိုဟ်သွား ပြက္ခဒိန်၊ အမေရိကန် ဂြိုဟ်သွား ပြက္ခဒိန် နှင့် မြန်မာ နိုင်ငံတွင်- ဆရာကြီး ဦးဗိုလ်ထွေး၊ ဆရာကြီး ဦးဗိုလ်ထွေး ၏ သားများ ထုတ်ဝေသော ဂြိုဟ်သွား ပြက္ခဒိန်များ၊ ဆရာ ကာလာစန် ထုတ်သော ဂြိုဟ်သွား ပြက္ခဒိန်များ၊ နှင့် အိန္ဒိယ တွင်မူ- သက်ဆိုင်ရာ ဒေသ အလိုက် “ပန်ချန်း” ခေါ် ဂြိုဟ်သွားပြက္ခဒိန် များ ဖြစ်ကြသည်။ “ပန်ချန်း” ဟူသော အသုံးအနှုန်းသည်- “ပဉ္စင်္ဂ” တနည်းအားဖြင့် (“ပဉ္စ” + “အင်္ဂ”= ငါးပါး သော အင်္ဂါ) အင်္ဂါ (၅) ပါး ကို ကိုယ်စားပြုထားသော အဓိပ္ပါယ် ဖြစ်ပါသည်။ ထိုအင်္ဂါ (၅) ပါးတို့မှာ-
- ၀ါရ- နေ့ရက်များ (တနင်္ဂနွေ၊ တနင်္လာ. .. စသည်တို့)
- တိထီ- အလွယ်အားဖြင့် လဆန်း၊ လဆုတ် အနေအထားရက်များ (အရပ်သုံး ပြက္ခဒိန် နှင့် မတူပါ။)
- နက္ခတ် - (အာသာဝဏီ- အစ ရေ၀တီ အဆုံးနက္ခတ်များ)
- ယောဂ- ဂြိုဟ်တို့၏ ပူးယှဉ်နေမှုများ။
- ကာရဏ - (တိထီ၏ တစ်ဝက်တာ- ကာလများ)
သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်း ခေါ် ခောတ်သစ်သချာင်္ဘာသာ၏ ဇစ်မြစ်
တစ်ခါတုံးက မြန်မာ ထန်းဖူးဇာတာ ဗေဒင်ဆောဖ့်ဝဲတစ်ခုကို C++ မှ C# သို့ပြန်ဆိုရေးသားပေးရဖူးသည်။ မူရင်းရေးသားသူသည် ကိုဝဏ္ဏကိုဖြစ်သည်။ တစ်ကြိမ် အင်တာနက်ဂျာနယ်မှာ သူနှင့်သူ၏ ကွန်ပျူတာနက္ခတ် ပညာရပ် အကြောင်းကို ဆောင်းပါးတစ်ခုရေးပေးခဲ့ရဖူးသည်။ အဲဒီတုံးက သူ့ souce code များကို လေ့လာလိုပါက ဖတ်ရှုရန်ပေးခဲ့သည်။ မဖတ်ဖြစ်ခဲ့ပါ။ နောက်နှစ်အနည်းငယ်အကြာမှ အမှတ်မဲ့ ဖတ်ရှုမိခဲ့ ပြီး ၄င်း source code ထဲတွင်လွန်စွာစိတ်ဝင်စားဖွယ် ကောင်းသောလျှို့ဝှက်နက်နဲသည့် ရှေးဟောင်းနည်းပညာရပ် တစ်ခုမြုပ်နှံရေးသားထားသည် ကိုတဖြည်းဖြည်းသိရှိလာခဲ့သည်။ ၄င်းမှာ ရှေးဟောင်းအိန္ဒိယမှ ဘုရားမပွင့်မီကတည်းက ပေါ်ထွန်းခဲ့သည့် သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းမှ Algorithm များဖြစ်ကြောင်းသိရှိလာခဲ့ရသည်။ ထို DOS Mode C++ program များကို နားလည်အောင်ဖတ်ရှုကာ Web-based ဆောဖ့်ဝဲသို့ အသွင်ပြောင်းပေးခဲ့သည်။ အဲဒီ program ပြီးတော့ မန္တလေးမှ အကိုကြီး ကိုရဲမြတ်သူက hosting အတွက် sponsor လုပ်ပေးခဲ့သည်။ ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်တို့ သုံးယောက်လုံးသည်၊ တာဝန်အရ သော်လည်းကောင်း ငွေကြေးအကျိုးအမြတ်တွက်သော်လည်းကောင်း၊ နာမည်ကြီးချင်လို့သော်လည်းကောင်း လုပ်ခဲ့တာမဟုတ်ပါ။ စိတ်ဝင်စားလွန်းလို့ လုပ်ခဲ့တာဖြစ်သည်။ အကျိုးအမြတ်တစ်ခုကတော့ ရာသီ၊နက္ခတ်၊ပြက္ခဒိန် များအကြောင်း နဲနဲလောက် ပိုမိုသိရှိလာခဲ့ရတာပဲဖြစ်ပါသည်။
ယခု အဲဒီ သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းအကြောင်း နည်းနည်း ပြောပြချင်သည်။ ကျွန်တော် သိထားသလောက် အသိသည် တောင်ဇလပ်ပန်းကို ထုပ်သော ဖက်မျှသာ မွှေးပျံ့မည်ကို ဦးစွာဝန်ခံပါသည်။ အဲဒီ သိထားသလောက်ကလေးကိုပဲ ပြောပြချင်ပါသည်။
တစ်ခါတုံးက မြန်မာ ထန်းဖူးဇာတာ ဗေဒင်ဆောဖ့်ဝဲတစ်ခုကို C++ မှ C# သို့ပြန်ဆိုရေးသားပေးရဖူးသည်။ မူရင်းရေးသားသူသည် ကိုဝဏ္ဏကိုဖြစ်သည်။ တစ်ကြိမ် အင်တာနက်ဂျာနယ်မှာ သူနှင့်သူ၏ ကွန်ပျူတာနက္ခတ် ပညာရပ် အကြောင်းကို ဆောင်းပါးတစ်ခုရေးပေးခဲ့ရဖူးသည်။ အဲဒီတုံးက သူ့ souce code များကို လေ့လာလိုပါက ဖတ်ရှုရန်ပေးခဲ့သည်။ မဖတ်ဖြစ်ခဲ့ပါ။ နောက်နှစ်အနည်းငယ်အကြာမှ အမှတ်မဲ့ ဖတ်ရှုမိခဲ့ ပြီး ၄င်း source code ထဲတွင်လွန်စွာစိတ်ဝင်စားဖွယ် ကောင်းသောလျှို့ဝှက်နက်နဲသည့် ရှေးဟောင်းနည်းပညာရပ် တစ်ခုမြုပ်နှံရေးသားထားသည် ကိုတဖြည်းဖြည်းသိရှိလာခဲ့သည်။ ၄င်းမှာ ရှေးဟောင်းအိန္ဒိယမှ ဘုရားမပွင့်မီကတည်းက ပေါ်ထွန်းခဲ့သည့် သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းမှ Algorithm များဖြစ်ကြောင်းသိရှိလာခဲ့ရသည်။ ထို DOS Mode C++ program များကို နားလည်အောင်ဖတ်ရှုကာ Web-based ဆောဖ့်ဝဲသို့ အသွင်ပြောင်းပေးခဲ့သည်။ အဲဒီ program ပြီးတော့ မန္တလေးမှ အကိုကြီး ကိုရဲမြတ်သူက hosting အတွက် sponsor လုပ်ပေးခဲ့သည်။ ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်တို့ သုံးယောက်လုံးသည်၊ တာဝန်အရ သော်လည်းကောင်း ငွေကြေးအကျိုးအမြတ်တွက်သော်လည်းကောင်း၊ နာမည်ကြီးချင်လို့သော်လည်းကောင်း လုပ်ခဲ့တာမဟုတ်ပါ။ စိတ်ဝင်စားလွန်းလို့ လုပ်ခဲ့တာဖြစ်သည်။ အကျိုးအမြတ်တစ်ခုကတော့ ရာသီ၊နက္ခတ်၊ပြက္ခဒိန် များအကြောင်း နဲနဲလောက် ပိုမိုသိရှိလာခဲ့ရတာပဲဖြစ်ပါသည်။
ယခု အဲဒီ သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းအကြောင်း နည်းနည်း ပြောပြချင်သည်။ ကျွန်တော် သိထားသလောက် အသိသည် တောင်ဇလပ်ပန်းကို ထုပ်သော ဖက်မျှသာ မွှေးပျံ့မည်ကို ဦးစွာဝန်ခံပါသည်။ အဲဒီ သိထားသလောက်ကလေးကိုပဲ ပြောပြချင်ပါသည်။
နက္ခတ္တဗေဒတွင် နှစ်ပိုင်းရှိပါသည်။ အတွက်ပိုင်း နှင့် အဟောပိုင်း ဖြစ်ပါသည်။ ယခုပြောပြချင်သည်မှာ အတွက်ပိုင်းကိုပြောပြချင်တာဖြစ်သည်။ မိတ်ဆွေ ဖတ်ရှုခဲ့ပြီးသည့်အတိုင်း ၄င်းဆောဖ့်ဝဲ အတွင်းဘက် မှ Algorithm များသည် ရှေးဟောင်း အိန္ဒိယ နက္ခတ်ကျမ်းတစ်ခုဖြစ်သည့် သူရိယသိဒ္ဓန္တကျမ်းလာ နည်းနိသျှ ကို အခြေပြုထားသည် ကို အကျမ်းအားဖြင့် သိရှိခဲ့ပြီးဖြစ်ပေလိမ့်မည်။
သူရိယသိဒ္ဓန္တကျမ်း သည် အိန္ဒိယမှ ခေတ်ဦး နက္ခတ္တဗေဒ(Astronomy) ပညာဆိုင်ရာ ကျမ်းတစ်ခုဖြစ်ပါသည်။ နောက် ၄-ရာစုလောက် မှ extant version စထွက်သည်။ နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် အာရဗီဘာသာစကားသို့လည်းကောင်း၊ အနောက်တိုင်း တွင် လက်တင်ဘာသာ စကားသို့လည်းကောင်း ပြန်ဆိုရေးသားခဲ့ကြသည်။ အနောက်တိုင်း ပညာရပ်များတွင် ၄င်း၏ အငွေ့အသက်များ လွှမ်းမိုးဆဲဖြစ်သည်။(ရေးသူမသိပါ၊ တချို့စာအုပ်များတွင်လည်း ဈန်အဘိဥာဉ်ရ ရသေ့ တပသီများက အဘိဥာဉ်ဖြင့် စကြ၀ဠာတခွင် ကို ရှုစား၍ စီရင်ထားသည်ဟုလည်း ရေးထားကြသည်။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အံ့ဖွယ်ကောင်းအောင် တိကျလှ၍ဖြစ်သည်။)
သူရိယသိဒ္ဓန္တကျမ်း သည် အိန္ဒိယမှ ခေတ်ဦး နက္ခတ္တဗေဒ(Astronomy) ပညာဆိုင်ရာ ကျမ်းတစ်ခုဖြစ်ပါသည်။ နောက် ၄-ရာစုလောက် မှ extant version စထွက်သည်။ နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် အာရဗီဘာသာစကားသို့လည်းကောင်း၊ အနောက်တိုင်း တွင် လက်တင်ဘာသာ စကားသို့လည်းကောင်း ပြန်ဆိုရေးသားခဲ့ကြသည်။ အနောက်တိုင်း ပညာရပ်များတွင် ၄င်း၏ အငွေ့အသက်များ လွှမ်းမိုးဆဲဖြစ်သည်။(ရေးသူမသိပါ၊ တချို့စာအုပ်များတွင်လည်း ဈန်အဘိဥာဉ်ရ ရသေ့ တပသီများက အဘိဥာဉ်ဖြင့် စကြ၀ဠာတခွင် ကို ရှုစား၍ စီရင်ထားသည်ဟုလည်း ရေးထားကြသည်။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အံ့ဖွယ်ကောင်းအောင် တိကျလှ၍ဖြစ်သည်။)
ရှေးရှေးတုံးက အင်္ဂလိပ် စက်နာရီ မရှိ။ အချိန်ကို သူတို့နည်းသူတို့ဟန်ဖြင့် ဒီလိုတွက်ကြသည်။
၁။ အသက်ရှုသွင်းရှုထုတ်တချက် (one respiration) မှစတင်ရေတွက်သည်။ ၄င်းကို ၁ ပရနာ (prana)။
၂။ အသက်ခြောက်ကြိမ်ရှုသွင်းရှုထုတ်ကို ၁ ၀ိနဒီ(vinadi)။
၃။ ၆၀ ၀ိနဒီ(vinadi)ကို ၁ နဒီ(nadi)။
၎။ ၆၀ နဒီ လျှင် ၁ ရက် (နေ့+ည) ၊ ၄င်းရက်အမျိုးအစားကို "သာဝန"(savana)(civil) ရက် ဟုခေါ်သည်။
၅။ ၄င်း "သာဝန(savana)" ၃၀ ရက် လျှင် ၁ "သာဝန(savana)" လ၊
၆။ နောက်တနည်း လပေါ်မှာရှိတဲ့ အရေးအကြောင်း ကို တိထီ(tithi)၊ တိထီ(tithi) ၁၅ ခါပေါ်ပြီး ၁၅ခါ ငုပ်လျှင် တလ၊ အင်္ဂလိပ်လို ဒီလိုနည်းဖြင့်ရေတွက်တဲ့လကို Lunar Month ဟုခေါ်သည်။
၇။ ၄င်း ၁၂ လ လျှင် လူတို့သက်တမ်းအားဖြင့် တနှစ်။
၈။ လူတစ်နှစ်သည် နတ်တို့၏ သက်တမ်း အားဖြင့် ၁ ရက်
၉။ နက်သက် ၃၆၀ ရက် သည် နတ်နှစ် ၁ နှစ်
၁။ အသက်ရှုသွင်းရှုထုတ်တချက် (one respiration) မှစတင်ရေတွက်သည်။ ၄င်းကို ၁ ပရနာ (prana)။
၂။ အသက်ခြောက်ကြိမ်ရှုသွင်းရှုထုတ်ကို ၁ ၀ိနဒီ(vinadi)။
၃။ ၆၀ ၀ိနဒီ(vinadi)ကို ၁ နဒီ(nadi)။
၎။ ၆၀ နဒီ လျှင် ၁ ရက် (နေ့+ည) ၊ ၄င်းရက်အမျိုးအစားကို "သာဝန"(savana)(civil) ရက် ဟုခေါ်သည်။
၅။ ၄င်း "သာဝန(savana)" ၃၀ ရက် လျှင် ၁ "သာဝန(savana)" လ၊
၆။ နောက်တနည်း လပေါ်မှာရှိတဲ့ အရေးအကြောင်း ကို တိထီ(tithi)၊ တိထီ(tithi) ၁၅ ခါပေါ်ပြီး ၁၅ခါ ငုပ်လျှင် တလ၊ အင်္ဂလိပ်လို ဒီလိုနည်းဖြင့်ရေတွက်တဲ့လကို Lunar Month ဟုခေါ်သည်။
၇။ ၄င်း ၁၂ လ လျှင် လူတို့သက်တမ်းအားဖြင့် တနှစ်။
၈။ လူတစ်နှစ်သည် နတ်တို့၏ သက်တမ်း အားဖြင့် ၁ ရက်
၉။ နက်သက် ၃၆၀ ရက် သည် နတ်နှစ် ၁ နှစ်
၁၀။ နတ်သက် ၁၂၀၀၀ နှစ် ကို "ကတယုဂ်(caturyuga)" တစ်ခု ဟုခေါ်သည်။ "ယုဂ်(yuga)" ဆိုသည်မှာ ယုဂ(yuga)-အပိုင်းအခြား။ (လူတို့ ၏ နှစ် အားဖြင့် ပြန်လည်ရေတွက်လျှင် ၄၃၂၀၀၀၀ နှစ်)။ ၄င်း "ယုဂ်" ၁၀ ပုံပုံပြီး ၄ပုံ၊ ၃ပုံ၊ ၂ပုံ၊ ၁ပုံ ခွဲသည်။ အဲဒီအပိုင်း အခြားကို "ကပ်(krta)" ဟုခေါ်သည်။ တက်ကပ် နှင့် ဆုပ်ကပ် ဆိုတာလူကြီးသူမတွေ ပြောတာကြားဖူးကြမည်ထင်သည်။(ယခုလက်ရှိရောက်နေတဲ့ "ကပ်(krta)" သည် "ဆုပ်ကပ်" ဖြစ်သည်။ "ကလိယုဂ် ဆုပ်ကပ်မှာ လုပ်ရတ်နှင့်ပျော်ရတယ်~ ဆရာကြီး သခင်ကိုယ်တော်မှိုင်း")
၁၁။ ၄င်း "ကတယုဂ်(caturyuga)" ပေါင်း ၁၀၀၀ "ယုဂ်(yuga)" ကို ၁ "ကမ္ဘာ(kalpa)"
၁၂။ ၄င်း "၁ ကမ္ဘာ(kalpa)" သည် ဗြဟ္မာတို့ ၏ "တစ် နေ့လည်ခင်း"၊ ဗြဟ္မာတို့ ၏ ညကား နောက်ထပ်တကမ္ဘာ(kalpa)။၁၁။ ၄င်း "ကတယုဂ်(caturyuga)" ပေါင်း ၁၀၀၀ "ယုဂ်(yuga)" ကို ၁ "ကမ္ဘာ(kalpa)"
အမှတ်မဲ့ကြည့်လျှင် ပေါက်ကရတွေပါလားဟုထင်မြင်စရာရှိသည်။ ဒီလိုပေါက်ကရ တွေတွက် တော့ ပေါက်ကရတွေထွက် မှာပေါ့ဟုပြောစရာရှိသည်။ တိကျသလော မတိကျသလော ဥပမာ အားဖြင့် ပြောပြပါမည်။ သူရိယသိဒ္နန္တ ကျမ်းလာ Algorithm ဖြင့် တွက်လျှင် သာဝန(savana) တစ်နှစ် ကို 365.2563627 ရက်ဖြစ်သည်။ ယခု သိပ္ပံနည်းကျနည်းဖြင့် တွက်လျှင် သာဝန(savana)တစ်နှစ်ကို 365.25636305 ရက် ဖြစ်သည်။ ရှေးရှေးတည်းက ဘုရားမပွင့်ခင်ကတည်းက သချာင်္ပညာက ဒီလောက်ထိ တိကျဆဲ ခောတ်မှီဆဲဖြစ်ပါသည်။
ကျွန်တော်တို့ဆောဖ့်ဝဲမှာက ဒီ ရှေးဟောင်း Algorithm တွေကို အခြေပြုပြီး ခောတ်သစ်သချာင်္အသွင်ပြောင်းကာ ကမ္ဘာစဖြစ်တဲ့ရက်ကို အခြေပြုကိန်းအဖြစ် တွက်ထားပါတယ်။ ကျွန်တော်တို့ Web site ထဲမှာ မိတ်ဆွေရဲ့ မွေးသက္ကရာဇ်ကို ထည့်ပြီး တွက်လိုက်တာနဲ့ Program Code ထဲမှာ ကမ္ဘာစတည်တဲ့ ရက်ကနေ စပြီးတော့ မိတ်ဆွေမွေးတဲ့ အထိ ရက်စုစုပေါင်းကို အရင်တွက်စေပါတယ်။ နောက်မှ အဲဒီကိန်းကို ဂြိုဟ်အသီးသီးရဲ Position တွေတွက်တဲ့ Methods တွေထဲကို Parameter Passing လုပ်ပေးလိုက်ပါတယ်။ ဂြိုဟ် အသီးသီးရဲ့ အမြန်နှုံး၊ ကမ္ဘာလည်အား၊ ကမ္ဘာကြီး၏ ကြန္တီ ခေါ် စောင်းနှုံးစတာတွေ ရော Parameter တွေအဖြစ့်ထည့်တွက်ထားရသည်။ (ကမ္ဘာကြီးသည် 23.5 ဒီဂရီ စောင်းနေသည်။ သူရိယသိဒ္နန္တမှာ အဲဒါကို ကြန္နီလို့ခေါ်သည်၊ ကိန်းသေ၂၃ အံသာ ၃၀လိတ္တာဟု ညွှန်းထားသည်။) ဂြိုဟ်များ အားလုံးသည် ဘဲဥပုံ လည်ပါတ်နေသဖြင့် Position များကို တွက်ရာတွင် SINE, COSINE, TANGENT, SECANT တို့ဖြင့်တွက်ထားရသည်။ ဒီလိုနဲ့ပဲ Places, Motion, Direction, Moon and Eclipses, Projection of Eclipses, Planetary Conjuctions, Stars Rising and Settings, Moon Rising and Settings, Malignant Aspects of the Sun and Moon, Gnomon စတာတွေ ကို C# Planet Class ထဲမှာ Method တွေခွဲပြီး တွက်ထုတ်ထားသည်။
ဘုရားမပွင့်ခင်တည်းက ပေါ်တဲ့ ကျမ်းမှာ SIN တွေ COS တွေ ဘယ်ပါမလဲ လို့ပြောစရာ ရှိသည်။ ရှင်းဦးအံ့... သူရိယသိဒ္နန္တတွင် SINE ကို "(jya)" ဟုခေါ်သည်၊ COSINE ကို ""(kojya)"" ဟုခေါ်လေသည်။ INVERSE SINE ကို "(otkramjya)" ဟုခေါ်သည်။ ဘုရားမပွင့်ခင်တည်းက ကမ္ဘာကြီးလုံးတယ်ဆိုတာ၊ ကမ္ဘာကြီးစောင်းနေတယ်ဆိုတာ၊ နေတွေလတွေ ဂြိုဟ်တွေ ဟာ ဘဲဥပုံလမ်းကြောင်းနဲ့ သွားနေတယ်ဆိုတာတွေ က ရှေးလူတွေ သိပြီးသားဖြစ်ပုံရလေသည်။ ၏
ဒါတွေကို အနောက်နိုင်ငံသားတွေ အရင်သိတာလား၊ အရှေ့တိုင်းသားတွေ အရင်သိတာလား ဆိုတာ ကွဲပြားသွားခဲ့ရလေသည်။
ငယ်ငယ်က ဖတ်ရှုဖူးသော ဦးဘဂျမ်း ၏ ကာတွန်းတပုဒ်ကို အမှတ်ရပါသည်။ဒါတွေကို အနောက်နိုင်ငံသားတွေ အရင်သိတာလား၊ အရှေ့တိုင်းသားတွေ အရင်သိတာလား ဆိုတာ ကွဲပြားသွားခဲ့ရလေသည်။
လူငယ်။ "အဘရေ... အနောက်နိုင်ငံတွေမှာ လေယာဉ်ပျံတွေပေါ်နေပြီတဲ့"
အဘိုးအို။ "သူတို့က ခုမှပါကွာ... ဒသဂီရိတို့များ မယ်သီတာကို ခိုးတုံးက ရထားပျံနဲ့တဲ့"
မယုံမရှိပါနှင့်။ အဲဒါ တကယ်ဖြစ်နိုင်ပါသည်။ ရှေးဟောင်း ပညာရပ်များတွင်မြုပ်ကွက်များ အမှန်တကယ်ပင် များစွာရှိပါသည်။ ကိုယ်တိုင်လေ့လာဖူးမှ အံ့သြဘနန်းဖြစ်ခဲ့ရဘူးသည်။ ဂျပန်တွင် စက်ရုပ်များ ကို တွင်တွင်ကြီး အသုံးပြုနေကြသည်။ ငယ်ငယ်က သင်ကြားခဲ့ရသည့် Computer Science တွင်လည်း Artifical Intelligence ဟုခေါ်သည့်ဘာသာရပ်များရှိပါသည်။ တကယ်တမ်းကတော့ သူတို့ကခုမှဖြစ်ပါသည်။ ရှေးရှေးတုံးက စက္ကောမ ဟူသည့် အတတ်သည် အမှန်စင်စစ် Artifical Intelligence ထည့်သွင်းထားသည့် စက်ရုပ်များ ပင် မဟုတ်ပေလော။ အရှေ့တိုင်းထုံးစံ အတိုင်း ဆရာစားချန်ခြင်း၊ Documentation မကောင်းခြင်း၊ Opensource မဖြစ်ခြင်းတို့ကြောင့် တိမ်မြုပ် ပျောက်ကွယ်သွား ၍ လွန်စွာနှမြောစရာကောင်းသည်။
ကျေးဇူးတင်ပါတယ်။
ReplyDeleteအချိန်ရလျှင် ကျမ်းများကိုလူငယ်များလေ့လာနိုင်ရန်တင်ထားပေးပါ
ReplyDeleteအများကြီးကျေးဌူးတင်ပါသည်။