မောင်လေးညီမလေးတို့ရေ ... ဘာသာခြားအမေးအဖြေများပါ ...
( ၁ ) သီရိဓမ္မာ အာသောက မင်းကြီးဟာ သူသြဇာ အာဏာညောင်းတဲ့အချိန်မှာ ဗြဟ္မဏတွေကို အမိန့်အာဏာနဲ့ ဗုဒ္ဓဘာသာထဲ ဝင်ဖို့ ဆိုပြီးတော့ သူကပြောတယ်။
မဝင်တဲ့သူ သတ်မယ်ဆိုတော့ အသတ်ဘေးအန္တရာယ်ကို စိုးရွံ့ပြီးတော့ ဗုဒ္ဓဘာသာ ထဲ ဝင်လာကြတယ်။ တကယ်တမ်းကျတော့ ရင်ထဲ နှလုံးထဲမှာ ဗုဒ္ဓဆိုတာ မရှိဘူးလေ။
ပြီးတော့ အိုမင်းပြီး အရွယ်ရင့်လာတော့ သူ့ရဲ့ သြဇာအာဏာ အချိန် ကျတဲ့အခါကျတော့ အဲ့ဒီ့ ဗြဟ္မဏတွေ က သူ့ရဲ့သားကို ဘုရင်တင်လိုက်တယ်။
အဲ့ဒီ့အချိန်ကစလို့ ဇီးဖြူသီး တစ်လုံးပဲ သူ့ရဲ့ပိုင်ဆိုင်မှု ရှိတော့တယ်။ အဲ့ဒီ့အချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ ထေရ ဝါဒ ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်ခဲ့တာဟာ အဓိက သေသေချာချာပြောမယ် ဆိုရင်တော့ အမိန့် အာဏာ နဲ့ အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်း လို့ဖြစ်တယ်ဆိုတာကို အထောက်အထားရှိတယ်လေ။" ဒီအဖြစ်အပျက်တွေကတကယ်လား မိတ်ဆွေအပေါင်းတို့ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း မှကောက်နုတ်တင်ပြခြင်းဖြစ်သည်
http://www.thithtoolwin.com/2015/01/blog-post_8493.html
.
★ ★ သမိုင်းမှားနေပါတယ်ရှင် .... တင်ပြသူဟာ ဘာသာခြားပဲဖြစ်ပါလိမ့်မယ် .... အောက်ကသမိုင်းကို ... ဖတ်ကြည့်ပါရှင် ....
.
သီရိဓမ္မာသောက မင်းကြီးဟာ ... အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓဘာသာဝင် တို့၏ စံပြုထိုက်သော မင်းတပါးဖြစ် ပါတယ်။
.
အသောက မင်းကြီးဟာ ခရစ်မတော် မပေါ်မှီ ၂၆၈ ခုနှစ်မှာ အိန္ဒိယထီးနန်းကို ဆက်ခံခဲ့တဲ့ ဧကရာဇ် မင်းတစ်ပါးဖြစ်ပါတယ်။
.
သမိုင်းမှတ်တမ်းဝင် ဘုရင်များအနက် တစ်ကမ္ဘာလုံးနီးပါး အောင်ပွဲရပြီးနောက် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ပြီးနောက်ပိုင်း စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင် ဖြစ်သည် လို့ စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားပါတယ်။
.
အသောကမင်းဟာ ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ပြီးနောက် လူအများ သက်ဝင် ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီး လည်းဖြစ်ပါတယ်။
.
အသောကမင်းကြီး၏ ဘ၀နှင့်ခံယူချက်များကို သူပိုင်သော နယ်မြေ အတွင်းမှာ ရေးထိုးထားသော ကျောက် စာ များမှာတွေ့ရှိနိုင်ပါတယ်။
.
ဒီကျောက်စာ တွေထဲက အချို့ကို အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ ယနေ့တိုင်တွေ့ရှိ နိုင်ပါသေးတယ်။ ဤကျောက်စာ များရဲ့ ပထ၀ီ အနေ အထားအရ အသောကမင်းကြီး ၏ နယ်ပယ် အကျယ်အ၀န်း ကို နှောင်းလူ များ ခန့်မှန်းခွင့် ရခဲ့ကြပါတယ် ။
.
အသောကမင်းကြီးဟာ ဗုဒ္ဓ ရဲ့ဓမ္မကို မိမိ၏ ဘာသာရေး ဒဿ....နအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သား များအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရား များဖြင့် အုပ်ချုပ်ခဲ့ပါတယ်။
.
တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သား များအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။
.
နိုင်ငံအနှံ့အပြားမှာ ရေတွင်း၊ ရေကန် များလည်း တူးဖေါ်လှူဒါန်းခဲ့ပါတယ်။
.
အထူးခြားဆုံးမှာ တစ်ခြား ဘာသာ များအားလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးခဲ့ခြင်းဖြစ်ပါတယ်။
.
နိုင်ငံခြားသို့ ဗုဒ္ဓဘာသာ သနာပြုများလည်း စေလွှတ်ခဲ့တဲ့အတွက် သီဟိုဠ်ကျွန်းမှာ ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပြီး ရဟန္တာကြီးပေါင်းများစွာ ပေါ်ထွန်းခဲ့ပါတယ်။
.
ဘီစီ ၂၂၆ မှာ အသောကမင်းကြီး ကွန်လွန်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများ မှာ ဖေါ်ပြ ထားပါတယ်။
.
ဒီလောက်ဆို ပြည့်စုံပြီလို့ထင်ပါတယ်ရှင် ...
..........................................................................................
( ၂ ) ဗုဒ္ဓ ဘာသာကို ဗမာလူမျိုးတွေ ဆောင်ယူ တာကသွေးအလိမ်းလိမ်းနဲ့ အရင်ကိုးကွယ်ဖူးသူတွေ ကို အချုပ်နဲ့ခေါ်ဆောင်ပီး တိုက်ခိုက်သိမ်းပိုက် ယူဆောင်ခဲ့တာလို့ ဖတ်ဖူးတာ ဟုတ်ပါသလားဗျာ ။
.
အနော်ရထာ သထုံကို စစ်အနိုင်တိုက်ပီး ဟိုက ဘုရားစေတီတွေကိုဖျက် ဘုရား တွေကို အတင်းပင့် ဘုန်းတော်ကြီးတွေကို မလိုက်မနေရခေါ် ဘုရင်ကိုလဲ ချုပ်နှေင်ခေါ် ခဲ့တာ သမိုင်းမှာ ဖတ်ခဲ့ရဖူးလို့ပါ
.
★ ★အနော်ရထာမင်းကြီးဟာ ... ရှင်အရဟံကို ဖူးမြော်ပြီးတဲ့အချိန်မှာ စစ်မှန်တဲ့ထေရ၀ါရသာသနာတော်အပေါ် လုံးဝယုံကြည်ကိုးကွယ်ဆည်းကပ်ခဲ့ပါတယ် ...
ဘုရားရှင်ဟောတဲ့ တရားတွေဟာ .... သူကိုးကွယ်နေတဲ့ အရည်းကြီးတွေ ဟောတာနဲ့ တစ်ခြားစီ ဆိုတာ သိရတဲ့နောက် .... သာသနာတော်ပြန့်ပွားဖို့ကြိုးစားခဲ့ပါတယ် ....
.
အဲ့ဒိအချိန်တွေတုန်းက ... တောကျောင်းရဟန်း ... ရသေ့ ... ၀ိဇ္ဇာလိုင်းကျင့်ကြံသူ ... စတဲ့မဟာယန အနွယ် ... ဗြဟ္မဏအယူနဲ့ထွေးရောယှက်တင်ဖြစ်နေတဲ့ ... ဗုဒ္ဓသာသနာတော် သာထွန်းကားနေတဲ့အချိန်ပါ ...
.
ဒီတော့အနော်ရထာမင်းဟာ ... ရှင်အရံဟံထံမှာ ထေရ၀ါရသာသနာတော်ပြန့်ပွားရေးအတွက် အဓိက လိုအပ်ချက်တွေကို လျောက်တင်တဲ့အခါမှာ ... ပရိယတ္တိသာသနာတော်ရှိပါမှ ... ပဋိပတ္တိ သာသနာတော် ရှိလာနိုင်ကြောင်း ... ပဋိပတ္တိသာသနာတော်ရှိလာမှ ပဋိဝေဒ သာသနာတော် ဖြစ်ထွန်းလာနိုင်ကြောင်း ... သို့မှသာ ရဟန္တာစသော ပုဂ္ဂိုလ်ထူးများ ပေါ်ထွက်လာမှဖြစ်ကြောင်း သိလာရပါတယ် ....
.
အရှင်အရဟံက ... သာသနာတော်ထွန်းတောက်စေရန် ... သာသနာတော်ပြန့်ပွား ထွန်းကားနေသော ... နိုင်ငံတစ်နိုင်ငံရဲ့ ဘုရင်ထံသို့ လက်ဆောင် ပဏ္ဍာများ ဆက်သပြီး ... ဓါတ်တော် မွေတော် ပိဋကတ်တော်များ .... ပင့်ဆောင် ပြန့်ပွားသင့်ပေ သည် လို့ ... မိန့်တော်မူပါတယ် ။
.
ဒီအခါမှာ အနော်ရထာဘုရင်က ... မိမိကူညီစောင့်ရှောက်ဖူးတဲ့ ... သထုံ မနူဟာမင်း ထံမှာ ... ပိဋကပ်သုံးပုံနှင့်ဓါတ်တော် မွေတော် တို့ကို .... ပေချပ်မှာ ပွားပြီး ပူဇော် ချင်တဲ့အတွက် ခေတ္တ ခနပွားခွင့်ပေးဘို့ လက်ဆောင်ပဏ္ဍာများနဲ့တစ်ကွ ပင့်စေ ပါတယ် .... မထင်မှတ်ပဲ ... တောကျောင်ရဟန်းတွေကိုကိုးကွယ် တဲ့စစ်ဘီလူးဆိုပြီး သာသနာတော်နဲ့ မတန်ဘူးဆိုတဲ့သဘောနဲ့ ... မနူဟာမင်းက မချေမငံပြန်ပြောပြီး ရန်စတဲ့ အတွက် .... စစ်ဖြစ်ကြတာပါ ...
.
စစ်ဖြစ်တဲ့အချိန်ထိ အနော်ရထာမင်းက ... စစ်မှန် တဲ့ ထေရ၀ါရ ဗုဒ္ဓသာသနာတော်ဝင် စစ်စစ် မဟုတ်သေးပါဘူး ... ပိဋကတ် သုံးပုံကို တရားဝင် ပင့်ဆောင်လာပြီးကာမှ ... စစ်မှန်တဲ့ သာသနာတော်ဝင်ဖြစ်တာပါ ....
.
ဒုတိယ အာသောက မင်း လို့တောင်ပြောလို့ရပါတယ် စစ်ဘီလူးကနေ သာသနာတော် သက်ဝင်ပြီး ... တရားသော မင်း ဖြစ်လာ တာပါ ... သမိုင်းဆိုတာလိမ်လို့မရပါဘူး ...။
★ ★ (((( ဓါးမိုးပြီး သာသနာဝင်ခိုင်းတာ သာသနာတော်ကြောင့် သွေးစွန်းရတာ ဗုဒ္ဓဘာသာမှာမရှိပါဘူး ))))

( ၃ ) ဗုဒ္ဓဘာသာဝင် တို့ရဲ့ နိဗ္ဗာန်လိုဘဲ အစ္စလန် ရဲ့နိဗ္ဗာန် ဆိုတာလည်းရှိပါတယ်
“Indeed may you be healthy and never be sick again, may you live and never die again, may you be young and never grow feeble again, may you enjoy, and never feel sorrow and regret again.”
(Saheeh Muslim)
.
မောင်လေး ... နင်တင်တာ နတ်ပြည်နော် ... သေချာ ဘာသာပြန်ကြည့်အုန်း ... နိဗ္ဗာန်မဟုတ်ဘူး ... ဗုဒ္ဓဘာသာကလွဲလို့ ကျန်တဲ့ ဘာသာ ၃ခုလုံးရဲ့အမြင့်ဆုံး .. ပန်းတိုင်က နတ်ပြည်ပဲလေ။
.
နတ်ပြည်ဆိုတာ ကာမသုဂတိဘုံ ... အမတို့ဘာသာအယူအရ နတ်ပြည် ၆ ထပ်ရှိတယ် ... တစ်ထပ်စီက ... သူတို့ရဲ့ကုသိုလ်နဲ့ယှဉ်ပြီး ... မြင့်တက်ကုန်တယ် ..... မောင်လေးတို့ မွတ်စလင်တွေ နတ်ပြည်ရောက်ရင် နတ်သမီး ( အပျိုစင်ပေါ့ ) ၇၃ ယောက်လို့ပြောတယ်လေ ... နတ်ပြည်၆ထပ်က အနိမ့်ဆုံး တာဝတံသာက နတ်မင်း ၃၀မှာ တောင် နတ်သမီး တစ်ဖက် ၅၀၀ စီပိုင်တယ် ..... သူ့လက်အောက် နတ်စစ်သည် ...အဆင့်ဆင့်တွေက သူတို့ပိုင်တာချင်း နိမ့်နိမ့်သွားတယ် ... နတ်စစ်သူကြီးဆို ဥပမာ ၃၀၀ ... သူ့အဆင့်နဲ့သူကွဲသေးတာကိုး ..... ဒီတော့ မွတ်စလင်ရဲ့ အပျိုစင် ၇၃ ယောက်ဆိုတာ .. ဘယ်အဆင့် ဆိုတာ အမတို့ ခန့်မှန်းလို့ရတယ်လေ ....။
.
ပြီးတော့ မောင်လေးတို့ ဘာသာက နတ်ပြည်မှာလမ်းဆုံးတာမောင်လေးရ .... နတ်ပြည်ရောက်ဘို့ အတွက် ဖြူစင်တဲ့ ဒါနပဲ လိုတယ် ......
.
အမတို့သာသနာတော်မှာက ... ဒါနဆိုတာ ... အခြေခံအဆင့် ... ဒါနဆိုတဲ့ စွန့်လွှတ်ခြင်းကို နားလည်မှ သီလ ... နောက် ဘာဝနာအဆင့်ဆင့်သွားရတယ် ။
.
ဘာလို့လဲဆိုတော့ အမတို့သာသနာတော်ရဲ့ ပန်းတိုင်က ... နိဗ္ဗာန်ကိုး .... ဒါနတစ်ခုထဲနဲ့ မရဘူး ... ဒါနက အနိမ့်ဆုံးအခြေခံဖြစ်နေတယ် ... သီလ .... နောက်တစ်ဆင့် ဘာဝနာ လိုသေးတယ် ... ဒီသုံးခုဟန်ချက်ညီမှလေမောင်လေးရ ...
.
ပြီးတော့ မောင်လေးတို့ပန်းတိုင် နတ်ပြည်နဲ့ နိဗ္ဗာန်ကြားမှာ ..... အများကြီး ခြားနေသေး တယ်လေ ... နတ်ဘုံတွေ .... ဗြဟ္မာဘုံတွေ ရှိနေသေးတယ် အဲ့တာပြီးမှ ရဟန္တာဘုံ ဘ၀ဂ် ရှိသေးတယ် အဲ့တာပြီးမှ အားလူံး ချုပ်ငြိမ်းတာလေ .... မောင်လေးတို့က ဘာသာမတူတော့ ဒါမျိုးတွေ သဘောပေါက်မှာ မဟုတ်ဘူး .... အမတို့ဘာသာဝင်ချင်းတောင် ကျင့်ကြံမှုနဲ့ ပညာနဲ့ ယှဉ်ပြီး အဆင့်ဆင့်နားလည်တာ လေ .... ဒါကြောင့် အမပြောချင်တာက .... စာများများဖတ်ပါမောင်လေးရယ် ... ။
.
ချမ်းမြေ့ကြပါစေရှင် ...

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်