ဒဂုန်နတ်ရှင်



၁၂၆ဝ ပြည့်နှစ် နတ်တော်လဆန်း ၁၁ ရက် (၁၈၉၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်) တွင် ဆရာကြီး ဒဂုန်နတ်ရှင်ကို မန္တလေး မြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးရှိန်း၊ ဒေါ်ခင်အိုကြီးတို့ ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးမောင်မောင်ကြီး ဖြစ်သည်။

ဆရာကြီးသည် သုံးနှစ်သား အရွယ်ကပင် မြန်မာစာပေ စတင်သင်ကြားပြီး ရှင်သာမဏေဝတ်ဖြင့် သဒ္ဒါ၊ သင်္ဂ࿿ြိုဟ် စသည့် လောကုတ္တရာစာပေများကို ဆည်းပူးသည်။ ထို့နောက် အင်္ဂ္လိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားသည်။



၁၉၁၉ ခုနှစ်တွင် ကျောင်းမှ ထွက်ပြီးနောက် ကြေးနန်းအင်ဂျင်နီယာဌာန မင်းကြီးရုံးတွင် အမှုထမ်းသည်။ မကြာမီ အလုပ် ထွက်၍ ပညာ ဆက်လက်သင်ကြားရင်း "မော်ဒန် ဘားမားတိုင်း" သတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ တက္ကသိုလ် သပိတ်မှောက်ပြီးချိန်တွင် ပျဉ်းမနားမြို့၌ နေရှင်နယ်ကျောင်းအုပ် ဆရာကြီးအဖြစ် ဆောင် ရွက်သည်။

ဆရာကြီးသည် ငယ်စဉ်ကပင် စာပေဝါသနာ ပါခဲ့ပြီး မြန်မာစာပေ၊ အင်္ဂ္လိပ်စာပေများကို ဖတ်ရှုလေ့လာခဲ့သည်။ အသက် ၁၆ နှစ်အရွယ်က "ဉာဏ်ကျယ်အုန်းဖေ" ခေါ် ဝတ္ထုတစ်ပုဒ် စမ်းသပ် ရေးသားခဲ့ဖူးသည်။ ဂီတကိုလည်း လေ့လာလိုက်စား ခဲ့သည်။ ပျဉ်းမနားတွင် နေထိုင်စဉ် လယ်တီပဏ္ဍဍိတ ဦးမောင်ကြီး၊ ကန်ဦးဆရာတော်၊ ဟံသာဝတီဦးနတ်သား၊ ဝံသရက္ခိ ပိဋကတ်တိုက်ဆရာလှ စသော ပညာရှိများထံ ဆည်းကပ်ပြီး မြန်မာစာပေ၊ ပါဠိစာပေများ လေ့လာလိုက်စားခွင့် ရခဲ့သည်။ ပျဉ်းမနား၌ပင် သီတင်းသုံးလျက် ရှိသော ပုခန်းဆရာတော်နှင့်လယ်တီဆရာတော်တို့ထံ ဆည်းကပ်ပြီး လောကုတ္တရာ ဆိုင်ရာ ခဲရာခဲဆစ် ပြဿနာများကို မေးမြန်း လေ့လာဆည်းပူးခွင့် ရခဲ့သည်။ အထူးသဖြင့် မြန်မာစာပေ နှံ့စပ်သော ကန်ဦးကျောင်းဆရာတော်၏ ကျေးဇူးကြောင့် မြန်မာစာပေ အခြေခံကောင်းကောင်း ရခဲ့သည်။ မဂ္ဂဇင်းများတွင်လည်း "ပျဉ်းမနားဦးမောင်မောင်ကြီး"၊ "မန်းကြည်" ကလောင်အမည်များဖြင့် ကဗျာများ၊ ဝတ္ထုတိုများ ရေးသည်။ ဒဂုန်မဂ္ဂဇင်း သို့ ကဗျာများ ရေးသားပေးပို့ရာ မဂ္ဂဇင်းမန်နေဂျာက "ဒဂုန်နတ်ရှင်" ဟူ၍ ကလောင်အမည် မှည့်ပေးရာမှ ထိုအမည်ကို လက်ခံသုံးစွဲသည်။

ရန်ကုန် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီက ရိုက်သော ဇာတ်ကားများအတွက် သီချင်းများကို ပျဉ်းမနားမှ ရေးသားပေးပို့ရာ ကုမ္ပဏီက နှစ်သက်သည့်အတွက် ရန်ကုန်သို့ ခေါ်သဖြင့် ၁၉၂၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ပြီး ဒဂုန်မဂ္ဂဇင်းတွင် လက်ထောက် အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မြန်မာအဆွေအတွက်လည်း ရုပ်ရှင် ဇာတ်ညွှန်းများ ရေးရ သည်။ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ရုပ်ရှင် ရိုက်ရာတွင် လိုက်ပါသွားခဲ့ဖူးသည်။ ၁၉၃၃ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတိုက်မှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ဗဟိုသိပ္ပံမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ တက္ကသိုလ် သိပ္ပံမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ ဆယ်သန်းဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ မောရိယနေ့စဉ် သတင်းစာ၊ ရန်ကုန်နေ့စဉ်သတင်းစာနှင့် စတူးဒင့်ဝေါ အင်္ဂ္လိပ်သတင်းစာတို့တွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့ ဗုဒ္ဓဘာသာနှင့်ကမ္ဘာ့ဆက်ဆံရေး အဖွဲ့ကြီး အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌဌ၊ ဗုဒ္ဓ သာသနာ့အဖွဲ့၊ ငါးပါးသီလ လုံခြုံရေးအဖွဲ့တို့တွင် ကော်မတီဝင်၊ ကျောင်းသုံးစာအုပ် ကော်မတီဝင် စသည့် တာဝန်များကို လည်း ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် စာအုပ်စာတမ်း များစွာ ရေးသားပြုစုခဲ့သည်။ အိမ်ထောင်ဦးရှုဖွယ်ကျမ်း ("သူရသတ္တိ" အမည်ဖြင့် ထပ်မံ ဖြည့်စွက်သည်)၊ အချစ်ဂဏ္ဌိ၊ ယောကျာ်း၊ ခြင်္သ࿿စေိ့တ်၊ လူ့သွေး ခေါ် သွေးတိုးကျမ်း၊ ဓာတ်ချုပ်ရောဂါ ကုထုံးကျမ်း၊ ဆရာဝန်ဒိုင်ယာရီ (သုံးတွဲ)၊ သုတကြေးမုံ၊ လောကနိဗ္ဗာန်၊ စိတ်ပညာကျမ်း (ခြောက်တွဲ)၊ မြန်မာ့ရိုးရာ ကွမ်းဓလေ့၊ မြန်မာ့ ရိုးရာ ဆင်တန်ဆာ၊ အကြံသစ်၊ အာဇာနည်၊ ပါနောက်၏ရုပ်ကြီးစင်၊ စာပေဝတ်ဆံ (ရှစ်အုပ်)၊ မြန်မာ့လုပ်ငန်း ဆယ်ပွင့် ပန်း၊ ဒဂုန်နတ်ရှင်၏ ဘဝခရီးစဉ်၊ ရတနာပုံနိဒါန်း၊ ဘာသာရေး အမွေအနှစ်များ၊ စာပေအမွေအနှစ်များ စသည်တို့ ဖြစ်သည်။

မြန်မာစာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာဆုကိုလည်းကောင်း၊ မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ခ࿿ျာ စာအုပ်ဖြင့် ၁၉၈၃ ခုတွင် အမျိုးသား စာပေဆုကို လည်းကောင်း ရရှိခဲ့သည်။

ဆရာကြီးသည် ၁၃၅ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၈၉ ခု၊ မတ်လ၊ ၁၂ ရက်) နေ့တွင် ကွယ်လွန်သည်။

-ကျမ်းကိုး-

(၁) ဒဂုန်နတ်ရှင်၏ဘဝခရီးစဉ်။

(၂) ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၅၃-၅၄။

(၃) မလိခ။ မြန်မာစာပေ အဘိဓာန် ၃။ စာ ၁၃၄-၁၃၅။

(၄) မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၁၉၉ဝ။ စာ ၂၁၉-၂၂၂။



ဗိုလ်မှူးဘသောင်း ​ပြုစုရေးသားသော စာဆိုတော်များအတ္ထုပ္ပတ္တိစာအုပ်မှ ​ထုတ်နုတ်ချက် ဖြစ်ပါသည်။

2 comments:

  1. titanium tv v2 - Stainless Steel VR Cable
    The titanium alloys video quality of the video is impressive. It shows titanium shift knob the use 2016 ford focus titanium of VR software titaum and software to create stunning motion titanium max trimmer models. For example, the T-1000 has a

    ReplyDelete

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်