ပျူစဥ့်စာများ တွေ့ရှိရသော မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ၊ ရှေးဟောင်းခေတ် ဒွတ္တဘောင်နယ်မြေများ (၀ါ) ရှေးဟောင်းခေတ် ပျူအုပ်စု နယ်မြေများ

နိဒါန်း

သြစတြေးလျစဥ့်ပညာရှင် ဒေါက်တာဒွန်ဟိန်းနှင့် မြန်မာနိုင်ငံ စဥ့်ပညာရှင် ဒေါက်တာ ဦးမျိုးသန့်တင် တို့၏  ကြိုးစား အားထုတ်မှုများမှတဆင့် ရန်ကုန်တိုင်း၊ တွံတေးတောကြီးတန်း စဥ့်ဖိုဟောင်းများ၊လှည်းကူး မြို့နယ် လကွန်းဗျည်း (ခေါ်) မင်းလွင်ကုန်းမြို့ဟောင်း စဥ့်ဖို၊ ဧရာဝတီတိုင်း၊ မြောင်းမြ မြို့နယ် စဥ့်ဖိုများ ပြည်လည် ဖော်ထုတ်တွေ့ရှိပြီး အချို့စဥ့်ဖိုများကို မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဦးစီးဌာနက ဆိုက်မြူစီယန်း (Site Museum) များအဖြစ် တူးဖော်ထိန်းသိမ်း စောင့်ရှောက် ထားပါသည်။

ယခုခေတ် မွန်ပြည်နယ်အတွင်းရှိ မုတ္တမစဥ့်ထည်များ၊ စမ္ပါနဂိုရ်စဥ့်ထည်များ၊ မော်လမြိုင် စဥ့်ဖိုနှင့် စဥ့်ထည်များ၊ ကျိုက်မရောမြို့နယ်၊ ဗိန်းဗြောရွာ စဥ့်ဖိုနှင့် စဥ့်ထည်များ၊ ယင်းမြို့နယ် ကော့တာဘုန်းကြီးကျောင်းဝန်း စဥ့်ထည်များ၊ ကော့ဒုံစဥ့်ဖိုနှင့် စဥ့်ထည်များကို မော်လမြိုင်တက္ကသိုလ် သမိုင်းသုတေသနအဖွဲ့မှ လေ့လာတွေ့ရှိ ဖော်ထုတ်ခဲ့ ကြပါသည်။ ကျိုက်မရောမြို့နယ် စဥ့်ဖိုနှင့် စဥ့်ထည်များကို လေ့လာရှာဖွေရာတွင် ဆရာဦးနိုင်ဝင်း (တွဲဘက်ပါမောက္ခ၊ သမိုင်း) ဆရာဦးဇော်ဝင်း (တွဲဘက်ပါမောက္ခ၊ သမိုင်း) ဆရာမ ဒေါ်ရီရီရွှေ (တွဲဘက်ပါမောက္ခ၊ Ph.D သမိုင်း) တို့နှင့် အတူ ကျွန်တော် ကွင်းဆင်း လေ့လာခဲ့ပါသည်။

လှည်းကူးမြို့နယ် နိုဖာထောရွာ စဥ့်ဖိုများကို လှည်းကူး မြို့နယ်သမိုင်းသုတေသနအဖွဲ့ (ပိုက်ကြီးဝဲကျောင်း ဆရာတော်ကြီး)-ဦးရေ၀တာ လင်္ကာရ (နိုင်ငံတော် သံဃနာယက ဗဟိုဝန်ဆောင်အဖွဲ့ဝင်) ဦးဆောင်သော အဖွဲ့၊ လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့ဝင် ဦးပညာနန္ဒ၊ လှည်းကူးအဖွဲ့သားများ၊ ဆရာ ဒေါက်တာ မျိုးသန့်တင်နှင့် ကျွန်တော်တို့ ပူးပေါင်းကွင်းဆင်း လေ့လာ ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

တွံတေးတောကြီးတန်းစဥ့်ဖိုအချို့သို့ ဒေါက်တာ ဦးမျိုးသန့်တင်နှင့် အတူ လိုက်ပါကာ ကျွန်တော် ကွင်းဆင်း လေ့လာခဲ့ပါသည်။ တွံတေးတောကြီးတန်း စဥ့်ဖိုအချို့သို့ ကိုသန်းတင်၊ ကိုဝင်းကြိုင်၊ ဦးသောင်းရွှေ၊ ကိုသန်းဝင်း အစရှိသော တွံတေးမြို့ခံ ဝါသနာရှင် သုတေသီများနျင့် ကျွန်တော် အတူ ကွင်းဆင်း လေ့လာ ခဲ့ပါသည်။

ကျွန်တော်သည် စဥ့်ပညာရှင် မဟုတ်ပါ။ သမိုင်းသုတေသီ အထူးသဖြင့် ပျူ-မြန်မာသမိုင်း သုတေသီ တစ်ဦး ဖြစ်ပါ သည်။ ဆရာ ဦးမျိုးသန့်တင် ထံမှ တွံတေးတော ကြီးတန်း စဥ့်ဖိုဟောင်း အချို့ရှိ စဥ့် ထည်များပေါ်တွင် ပျူအက္ခရာဟု ယူဆရသော ရှေးဟောင်းအက္ခရာများ အကြောင်းကြား သိတွေ့ မြင်ရ၍ ရှေးစဥ့်ဖိုဟောင်း သတင်းကြားသမျှ တတ်အားသမျှ ကွင်းဆင်းလေ့လာပါ သည်။

ပေါက္ခရ၀တီ (တွံတေးတောကြီးတန်း) စဥ့်ထည်အချို့ပေါ် တွင် ပေါ်တားမတ်(ခ်) (အိုးဖုတ်သမား အမှတ်အသား) ပျူအက္ခရာစာများ ရေးသားပါရှိသည်တို့ကို စတင်တွေ့ရှိ ဖော်ထုတ်ပေးသော ဆရာမှာ ဒေါက်တာ ဦးမျိုးသန့်တင် ဖြစ်ပါသည်။ ဆရာ ဦးမျိုးသန့်တင် တွေ့ရှိ လေ့လာထား သော တွံတေး တောကြီးတန်းတွေ့ ပျူစဥ့်ထည်များနှင့် ယင်းစဥ့်ထည်တို့ အပေါ်တွင် ရေးထိုးထားသော ပေါ်တာာမတ်(ခ်) ပျူစဥ့်စာများကို ဆရာ ဦးမျိုးသန့်တင်ထံမှ ကျွန်တော် ကြည့်ရှုလေ့လာခွင့် ရခဲ့ပြီးနောက် ပျူစဥ့်စာ များနှင့် ရှေးဟောင်းစဥ့်ဖိုများကို အခြားသော သမိုင်း သုတေသန ဆရာများ၊ ၀ါသနာရှင် သုတေသီများနှင့် ကျွန်တော် တတ်အားသမျှ ပူးပေါင်းကွင်းဆင်း လေ့လာခဲ့ ကြခြင်း ဖြစ်ပါသည်။

အထက်ပါ မြို့ရွာဒေသများရှိ ရှေးဟောင်းစဥ့်ဖိုများတွေ့ စဥ့်စာများကို နှစ်မျိုးနှစ်စား ခွဲခြားတွေ့မြင် ရပါသည်။ ပထမ စဥ့်စာမျိုးမှာ  ဘီစီ ရာစု - ရာစု (ဗုဒ္ဓ -အသောကခေတ်) ဗြဟ္မီအက္ခရာများ ဖြစ်ပြီး ဒုတိယစဥ့်စာ မျိုးမှာ သရေခေတ္တရာ ပျူစာဟု ယာယီအမည်ပေးခဲ့သော သရေခေတ္တရာ ပျူဗရမ္မာ အက္ခရာများ ဖြစ်ပါသည်။ ယင်း အက္ခရာ ၂မျိုးလုံးကို သရေခေတ္တရာ ပျူမြို့ဟောင်း၊ဟန်လင်းပျူမြို့ဟောင်း၊ ဗိဿနိုးပျူမြို့ဟောင်း၊ မိုင်းမောပျူမြို့ဟောင်း နယ်မြေများတွင် ရှေး ခေတ်က သုံးစွဲခဲ့ကြောင်းကို  ကျောက်စာ၊ ဘုရားပလ္လင်စာ၊ မြေမီးဖုတ် အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ကြေးအိုးစာ၊ ကြေးလင်ပန်းစာ အစရှိသော ခေတ်ပြိုင်အထောက်အထား များတွင် ထင်ရှားစွာ တွေ့မြင်ရပါသည်။

ယခုအချိန်ထိ အထက်ပါ မြို့ ရွာ ဒေသ စဥ့်စာများတွင် အေဒီ ရာစု၊ ရာစု ဒွါရာဝတီသုံး မွန်အက္ခရာများ ကို တွေ့မြင်ရခြင်း မရှိသေးပါ။ အနော်ရထာမတိုင်ခင် ပျူကျောက်စာအဖြစ် ကွမ်းဆိပ်ပျူကျောက်စာကို စစ်တောင်းမြစ် ကမ်းတွင်လည်းကောင်း၊ ကော့ဂွန်းပျူ ကျောက်စာကို ယခုခေတ် ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူ တွင် လည်းကောင်း တွေ့ရှိခဲ့ပြီး အနော်ရထာမင်း မတိုင်ခင် (အေဒီ ၁၁ ရာစု)မတိုင်ခင် မွန်အက္ခရာ မွန်ဘာသာ ကျောက်စာ တွေ့မြင်ရခြင်း မရှိသေးပါ။

ယခုစာတမ်းတွင် ပေါက္ခရ၀တီ ယဉ်ကျေးမှုနယ်မြေ (တွံတေးတောကြီးတန်း) လှည်းကူးမြို့နယ်၊ နိုပါထောရွာ၊ မုတ္တမမြို့ဟောင်း၊ စမ္ပါနဂိုရ်မြို့ဟောင်း၊ မော်လမြိုင် မြိုင်သာယာရပ်ကွက်၊ ကျိုက်မရော မြို့နယ်၊ ဗိန်းဗြောရွာ၊ မြို့နယ် မသိ ကော့ဒုံရွာများရှိ ရှေးဟောင်း စဥ့်ဖိုအချို့တွေ့ ပျူစဥ့်စာများပါရှိသော စဥ့်ထည်များကို အထောက်အထား ပြု၍ တောင်ပိုင်းကမ်းရိုးတန်းဒေသ သမိုင်းကွင်းဆက်နှင့် စဥ့်ယဉ်ကျေးမှု သမိုင်းကွင်းဆက် များကို လေ့လာတင်ပြပါ မည်။

တောင်ပိုင်းကမ်းရိုးတန်းတွေ့ ရှေးဗြဟ္မီနှင့် ပျူစာရေးထိုးထားသော ပစ္စည်းများ
------------------------------------------------------------------------------
(
ဘီစီ ရာစု - ရာစု) ဗြဟ္မီအက္ခရာများ၊ ဘီစီ ရားစု - ရာစု ဗြဟ္မီပွားအက္ခရာများ၊ ဘီစီ ရာစု
အေဒီ ၁၀ ရာစု ပျူအက္ခရာများ ရေးထိုးပါရှိသော ပစ္စည်းအမျိုးအစားတို့မှာ

(
) စဥ့်ပန်းကန်များ၊ စဥ့်ပန်းကန်လုံးများ၊ စဥ့်အိုး(အကြိးအသေးများ) စဥ့်ထောက်များ
(
) ရှေးဟောင်းအုတ်ချပ်များ
(
) ကြေး (၀ါ) သတ္တုသွန်းပစ္စည်းများ
(
) ကျောက်တိုင်၊ ကျောက်ပြား၊ ကျောက်နံရံများ
(
) ရှေးဟောင်းအုတ်ခွက်ဘုရားများ ဟူ၍ ဖြစ်ပါသည်။

တောင်ပိုင်းကမ်းရိုးတန်းဒေသမြို့နယ်များတွေ့ ပျူအထောက်အထားပစ္စည်းများ

() ပျူခေတ်ကြေးသွန်း/ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ
(
) ပျူခေတ်အုတ်ခွက်ဘုရားများ
(
) ပျူအက္ခရာရေးထိုးထားသော ရှေးအုတ်ချပ်များ
(
) ပျူအက္ခရာရေးထိုးထားသော ရှေးစဥ့်ထည်များ
(
) ပျူခေတ်စေတီများ (ပေါက္ခရ၀တီနယ် ဘီးလင်းနယ်)
(
) ပျူခေတ်လှိုဏ်ဘုရားများ (ကျုံဖာရွာ တွံတေးတောကြီးတန်း)
(
) ပျူခေတ်အုတ်ကုန်းများ (စေတီကုန်း နန်းတော်ကုန်း၊ တံတိုင်း၊ အဆောက်အဦးကုန်းများ)
(
) ပျူခေတ်မြို့ရိုးအချို့
(
) ပျူဆေးတံများ
(
၁၀) ပျူပုတီးစေ့များ ပျူနားဋောင်းများ
(
၁၁) ပျူလက်ရေးစင်းအုတ်များ
(
၁၂) ပျူဒင်္ဂါးများ
(
၁၃) ပျူခေတ်အုတ်ရေကန်များ၊ ပျူခေတ်အုတ်ရေတွင်းများ
(
၁၄) ပျူခေတ်အုတ်လှေကားများ
(
၁၅) ပျူအရိုးအိုးများ  စသည်တို့ဖြစ်ပါသည်။

ပျူမြို့ပြ ၁၂ အုပ်စုနှင့် အတိတျာကျောက်စာပါ ပျူတိုင်းများ

ပျူသမိုင်းမှတ်တမ်းများအရ ပျူ ၁၂ ပြည်ထောင်ရှိကြောင်း တွေ့ရပါသည်။ ၎င်းတို့မှာ -

(
) အေလိုပျူ (မြို့တော် တကောင်း၊ ငဆောင်ချမ်း)
(
) ဟန်လင်းပျူ (မြို့တော် ဟန်လင်း)
(
) ကချင်ပျူ (မြို့တော် ငမန္တာ မိုးကောင်း)
(
) ချင်းပျူ (မြို့တော် ဖလန်း တီးတိန်)
(
) အစီရီပျူ (မြို့တော် ဓည၀တီ)
(
) မြန်မာပျူ (မြို့တော် တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သီရိပစ္စယာ၊ တမ္ပ၀တီ၊ ပုဂံ)
(
) ကံဖိုစပျူ (မြို့တော် မိုးနဲ)
(
) ကိုင်းရယ်ပျူ  ( မြို့တော် ကိုင်းရယ်၊ ကျိုင်းတုံ)
(
) ကလောက်ဂေးပျူ (မြို့တော် ကလောက်ဂေး၊ သထုံ)
(
၁၀) တိန်မယ်ပျူ (မြို့တော် တိန်မယ် ပဲခူး)
(
၁၁) မှော်ဇာပျူ (မြို့တော် မှော်ဇာ)
(
၁၂) တနင်္သာရီပျူ (မြို့တော်ထားဝယ်)

ပျူရာဇ၀င် ၁၂ စောင်တွဲတွင် တောင်ပိုင်း ကမ်းရိုးတန်း ဒေသများ၌ တိန်မယ်ပျူအုပ်စု (မြို့တော် ပဲခူး)
ကလောက်ကေးပျူအုပ်စု (မြို့တော် သထုံ) တနင်္သာရီ ပျူအုပ်စု (မြို့တော် ထားဝယ်) များပါရှိကြောင်း ဖော်ပြ ထားပါသည်။ ယင်းဖော်ပြချက်ကို ၁၉၉၃ ခုနှစ်၊ သရေခေတ္တရာမြို့ဟောင်းတွေ့ အတိတျာကျောက်အိုး ဟု အမည်ပေး ထားသော သရေခေတ္တရာမင်းကြီးတစ်ပါး၏ ကျောက်အိုးစာပါ ပျူတိုင်းများနှင့် နှိုင်းယှဉ် လေ့လာကြည့် သင့်ပါသည်။

အတိတျာကျောက်အိုးစာ (အေဒီ ရာစု - ရာစု)တွင် ပါဒတိုင်း၊ ဎလတိုင်း (ဒလတိုင်း) ဥရုဟိတိုင်း၊ လှည်းကူး ပဂေါတိုင်း (ပဲခူးတိုင်း) ဟြတိုင်း = ဘုရားကြီးတိုင်း၊ တက္လခ္ဃတိုင်း၊ ယက္ဂတိုင်း (ဘီလူးကျွန်း)၊တက္ဗောတိုင်း ဟူ၍ သရေခေတ္တရာတောင်ပိုင်း ကမ်းရိုး တန်းဒေသရှိ ပျူတိုင်းများကို ဖော်ပြထားပါသည်။ဟြတိုင်း=ဘုရားတိုင်းသည် ပဲခူး-ဘုရားကြီးနယ်၊ တက္ကလချတိုင်းသည် တိုက်ကုလားသထုံတိုင်း၊ ယက္ဂတိုင်း =ယက္ခတိုင်းသည် ဘီလူးကျွန်းနယ်၊ တက္ဗောတိုင်း သည် မလေးကျွန်းဆွယ် တကွာပမြို့နယ်များဟု ယူဆရပါသည်။ ယင်း သရေခေတ္တရာ ပျူမင်းကြီး ကျောက်အိုးစာအရ တောင်ပိုင်းကမ်းရိုးတန်းဒေသများတွင် ပျူတိုင်း  ပျူမြို့များ ထွန်းကားနေကြောင်း။ ပါဒမြို့၊ ဒလမြို့၊ လှည်းကူးမြို့၊ ပဲခူးမြို့၊ ဘုရားကြီးရွာ၊တိုက်ကုလားမြို့၊ ဘီလူးကျွန်းနှင့် တကွာပမြို့များသည် ပျူမြို့များဖြစ် ကြောင်း ပေါ်ပေါက်နေပါသည်။

ထန်မှတ်တမ်းသစ် (အေဒီ ရာစု - ၁၀ ရာစု)တွင် မုတ္တမ ပျူမြို့ဟု ဖော်ပြထားပါသည်။

သရေခေတ္တရာနှင့် ပုဂံပျူဗရမ္မာ  ခေါ်  ပျူမြန်မာနိုင်ငံ

ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာနိုင်ငံ ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်ကြောင်း  ကိုလိုနီ ခေတ် ကျောက်စာဝန်ဆရာကြီး တော်စိန်ခို ဖော်ထုတ်ခဲ့ ပါသည်။

ရှေးအိန္ဒိယသားတို့သည် မြန်မာနိုင်ငံကို ရှေးခေတ် ကတည်းက အစဉ်အလာအားဖြင့် ဗရမ္မာဒေ့ရှ် 
(
ဗရမ္မာနိုင်ငံ) ဟု သိရှိခေါ်ဝေါ်လာခဲ့ကြောင်း ရန်ကုန် တက္ကသိုလ် ၁၉၄၆ သမိုင်းပါမောက္ခဆရာကြီး
ဒဗလျူအက်(စ်)ဒေဆိုင်း ဖော်ပြခဲ့ပါသည်။

ဘီစီ ရာစုနှင့် အေဒီ ရာစုကာလ ရှေးတရုတ်တို့ ပျူနိုင်ငံကို ခေါ်ဆိုခဲ့သော အမည်များမှာ ပျူနှင့် ဗရမ္မာ(ဗမာ) ဖြစ်ကြောင်း၊ အေဒီ ရာစု လျန်မင်းဆက် ခေတ်တွင် ဗရမ္မာဟု ခေါ်ဆိုကြောင်း၊ အေဒီ ရာစု စွေ့မင်းဆက်ခေတ် တွင် ကျူးပေါဟု ခေါ်ကြောင်း၊ အေဒီ ရာစု - ၁၀ ရာစု ထန်မင်းဆက်ခေတ်တွင် ပျူဟုခေါ် ကြောင်း၊ အေဒီ ၁၁ ရာစု - ၁၃ ရာစု ဆုန့်မင်းဆက်ခေတ် နှင့် အေဒီ ၁၃ ရာစု-၁၄ ရာစု ယွန်းရှိမင်းဆက် ခေတ်တို့တွင် ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း သိရှိ မှတ်တမ်းတင် ခေါ်ဆိုခဲ့ကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။ 

ထို့အပြင် ဘီစီ ရာစု ပုဂံမြို့၊ အေဒီ ရာစု ပုဂံနိုင်ငံ၊ ပုဂံမြို့၊ အေဒီ ရာစု ဗရမ္မာနိုင်ငံနှင့် ပုကမ်မြို့၊ အေဒီ ၁၀ ရာစု - ၁၃ ရာစု ပုဂံနိုင်ငံ၊ အေဒီ ၁၃ ရာစု - ၁၄ ရာစု ပုဂံနိုင်ငံ-ပျူနိုင်ငံ-မြန်မာနိုင်ငံ ဟု သိရှိ ခေါ်ဆိုကြောင်းကို ဆရာဦးရည်စိန် ဖော်ထုတ်ချက်များအရ သိရှိရပါသည်။

ရှေးအိန္ဒိယသားတို့က ဗရမ္မာဟု ခေါ်ဆိုသော သရေခေတ္တရာ လူမျိုးနှင့် နိုင်ငံကို ရှေးတရုတ်တို့က ဗရမ္မာ ဟု လည်းကောင်း၊ ပျူဟုလည်းကောင်း၊ မြန်မာဟု လည်းကောင်း သိရှိမှတ်တမ်းတင် ခေါ်ဆိုခဲ့ပါသည်။ ထို့အပြင် အေဒီ ၁၅ ရာစု တရုတ်မင်မင်းဆက်ခေတ်တွင် မြန်မာ ဟု ခေါ်ဆိုသော လူမျိုးကို အေဒီ ရာစု စွေခေတ်တွင် ကျူးပေါ၊ အေဒီ - ၁၀ ရာစု ထန်ခေတ်တွင် ပျူ၊ အေဒီ ၁၁ - ၁၃ ရာစု ဆုန့်ခေတ်တွင် မြန်မာ ဟု တရုတ်တို့ သိရှိခေါ်ဆိုခဲ့သော သူများဖြစ်ကြောင်းကို မင်မင်းဆက်ခေတ် တရုတ်ပညာရှိ ပေါင်းကျိယ်ကျိယ်   မြန်မာနိုင်ငံသမိုင်းအကျဉ်း စာတမ်း တွင် ဖော်ပြပါရှိကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်တင်ပြခဲ့ပါသည်။

ခင်ဘကုန်းတွေ့ ငွေဗောဓိကြုတ် အောက်ခြေ အနားစာတွင် ပုဗရမ္မိပြည်တော် (ပျူဗရမ္မာပြည်တော်)ဟု ရေးထိုး ဖော်ပြချက်အရ သရေခေတ္တရာမြို့သည် ပျူဗရမ္မာမင်း နေပြည်မြို့၊ သရေခေတ္တရာနိုင်ငံသည် ပျူဗရမ္မာနိုင်ငံ ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

အတိတျာမင်းကျောက်အိုးစာတွင် ဗရမ္မာဎေါ်ဗံး (ဗရမ္မာတော်ဘုရား၊ ဗရမ္မာမင်း)ဟု ရေးထိုးပါရှိခြင်းအရ
သရေခေတ္တရာနိုင်ငံခေတ် ဗမာမင်းဟူ၍ ရှိကြောင်း၊ ဗမာမင်း ဟု ခေါ်ဆိုကြောင်း တွေ့မြင်သိရှိရပါသည်။
ပုဂံခေတ်ကျောက်စာများတွင် လူမျိုးနှင့် နိုင်ငံကို မြန်မာနှင့် ဗြုံမှာ (ဗရမ္မာ၏ အနက်တူ အသံကွဲဝေါဟာရ) ဗြဟ္မာ ဟူသော ဝေါဟာရကို ပြုမ်မှာ၊ ပြုမှာ ဟု ရေးထိုးခဲ့ကြပါ သည်။ ပုဂံမြို့ကို ပုဂံ၊ ပုကမ်၊ ပုရာဂမ္မ(ပြူဂါမ) ဟု ရေးထိုးခဲ့ ပါသည်။

ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ဆရာတော် အရှင်အဂ္ဂ၀ံသာ ဘိဓာနေန မဟာထေရ်ကြီး ရေးသား ပြုစုတော်မူခဲ့သော (သီဟိုဠ်အထိကျော်ကြားသည့်) သဒ္ဒနီတိပ္ပကရဏံအမည်ရှိ ပါဠိသဒ္ဒါကျမ်းကြီး တွင် မြန်မာနိုင်ငံကို မရမ္မရဌေဟု ခေါ်ဝေါ်ရေးသားခဲ့ပါသည်။ ဗရမ္မာ မှ မရမ္မာ-မြန်မာ၊ ဗရမ္မာ မှ ဗြုမ်မာ-ဗြုံမှာ-ပြုမ်မှာ-ပြုမှာ-ပြု ဟု ပြောင်းလဲပေါ်ပေါက်ကြောင်း မှတ်တမ်းတင် ဖော်ပြထားခဲ့သော ရှေးမြန်မာရာဇ၀င်များ ဖော်ပြချက် မှန်ကန်ကြောင်း လေ့လာ တွေ့မြင်ရပါသည်။

ရှေး အိန္ဒိယ၊ ရှေး တရုတ်၊ ရှေး သရေခေတ္တရာ ခင်ဘကုန်း ငွေဗောဓိကြုတ်စာ၊ သရေခေတ္တရာ အတိတျာမင်း ကျောက်အိုးစာနှင့် ပုဂံခေတ် ကျေက်စာ၊ ပေစာတို့ကို စုပေါင်းလေ့လာကြည့်လျှင် သရေခေတ္တရာသည် လည်း ပျူဗရမ္မာနိုင်ငံ၊ ပုဂံသည်လည်း ပျူဗရမ္မာ-ပျူမြန်မာနိုင်ငံ ဖြစ်ကြောင်း ထင်ရှားစွာ ပေါ်ပေါက် တွေ့မြင်နေရပါသည်။

အတိတျာကျောက်အိုးစာအရ ပါဒ၊ ဒလ၊ လှည်းကူး၊ က၀၊ ပဲခူး၊ ဘုရားကြီး၊ တိုက်ကုလား၊ ဘီလူးကျွန်း၊ တကွာပါ တို့သည် တောင်ပိုင်းကမ်းရိုးတန်း ပျူဒေသများ ဖြစ်ကြပါ သည်။ တွေ့ရှိရသော ခေတ်ပြိုင်အထောက်အထား ပျူပစ္စည်းများအရ ထားဝယ်၊ မြိတ်၊ တနင်္သာရီနယ်များ တည်ရှိသော တနင်္သာရီတိုင်းဒေသကြီးသည်လည်း တောင်ပိုင်း ကမ်းရိုးတန်း ပျူဒေသကြီးဖြစ်ပါသည်။


ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်တွေ့ ပျူခေတ်အထောက်အထားများ
--------------------------------------------------------------------------
(
)  ဌာပနာတိုက်အတွင်း ဗုဒ္ဓဆံတော်ကို ထည့်ထားသော ကျောက်အိုးပုံစံမှာ သရေခေတ္တရာ ပေါ်တော်မူ ပျူစေတီ ပုံစံနှင့် ဆင်တူလှသော ပျူပုံစံအိုး ဖြစ်ပါသည်။
(
)  သရေခေတ္တရာ ပျူအုတ်ခွက်ဘုရားများ ပါရှိပါသည်။
(
)  ပျူခေတ်အုတ်ခွက်ဘုရား ဆူ၏ ကျောဖက်တွင် ပျူအက္ခရာဖြင့် ရေးထိုးထားသော ပါဠိဘာသာ စာပါရှိ သည်။

အထက်ပါ ပျူအထောက်အထားများအရ ပျူခေတ်တွင် ဗိုလ်တစ်ထောင်ဘုရားကို ဌာပနာထည့်သွင်းခဲ့သော ပုဂ္ဂိုလ်တို့မှာ ပျူများဖြစ်ကြောင်း ထင်ရှားနေပါသည်။ ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်အတွင်းတွင် မွန်စာ၊ မွန်ပစ္စည်း ပါရှိသည်ဟု မတွေ့မြင်ရပါ။

ဂျီအိပ်ခ်ျလုစ် ဖော်ပြခဲ့သော ပျူနိုင်ငံ သြဇာခံ မွန်များ
----------------------------------------------------
(
) မွန်သည် ပျူနိုင်ငံ သြဇာခံဟု လုစ် ဖော်ပြခဲ့သည်။
(
) ဒွါရာဝတီနိုင်ငံသည်လည်း ပျူလက်အောက်ခံ နိုင်ငံဟု လုစ်ဖော်ပြခဲ့သည်။
(
) တရုတ်ရဟန်းတော် ယိကျင့်၏ မှတ်တမ်း (အေဒီ ရာစု)တွင် ပျူနိုင်ငံ၏ တောင်ဘက်သည် ပင်လယ်နယ်နိမိတ် ဟု သိရှိမှတ်တမ်းတင်ခဲ့ကြောင်း လုစ်ဖော်ပြခဲ့သည်။
() တရုတ်ရဟန်းတော် စူအန်ချူအန်၏ မှတ်တမ်း (အေဒီ ရာစု) တွင် ပင်လယ်ကြီး၏ နံဘေးတွင်သရေခေတ္တရာ နိုင်ငံ တည်ရှိသည်ဟု မှတ်တမ်းတင်ခဲ့ကြောင်း လုစ်ဖော်ပြခဲ့ သည်။
(
)  ပျူတို့၏ အဓိကမြို့ ၃၂ မြို့တွင် မုတ္တမပျူမြို့ ပါဝင်ကြောင်း လုစ်ဖော်ပြခဲ့သည်။

ဘီစီ ရာစု ဟန့်ခေတ် တရုတ်မှတ်တမ်း

ယင်းမှတ်တမ်းတွင် ယူနန်တစ်ဘက်ရှိ ပျူနိုင်ငံ (သရေခေတ္တရာခေတ်) တောင်ဘက်တွင် ပျူတို့ နိုင်ငံခြားသို့ သွားသော သင်္ဘောဆိပ်မြို့ကြီး တည်ရှိသည်ဟု ဖော်ပြပါရှိကြောင်း သိရပါသည်။

အေဒီ ရာစု - ၁၀ ရာစု ထန်မှတ်တမ်းများပါ ပျူနိုင်ငံအကျယ်အ၀န်း

ပျူနိုင်ငံသည် မြောက်ဘက်တွင် ယူနန်၊ အရှေ့ဘက်တွင် ကျဲလာ့ (ခမာ ကမ္ဗောဒီးယား) တောင်ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် အိန္ဒိယအရှေ့ဖျားနှင့် နယ်ချင်း ထိစပ်ကြောင်း၊ ၎င်းမှာ ပျူနိုင်ငံ၏ နယ်နိမိတ် ဖြစ်ကြောင်း ထန်မင်းဆက် အုပ်ချုပ်ပုံမှတ်တမ်း၊ ထန်မှတ်တမ်းသစ်များ တွင် သိရှိ မှတ်တမ်းတင်ထားကြောင်း ဆရာ ဦးရည်စိန် ပြန်ဆိုဖော်ပြခဲ့သည်။

အထက်ပါ ခေတ်ပြိုင် အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ အထောက်အထားများကို ပေါင်းစုကြည့်လျှင် ဘီစီ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူနိုင်ငံ ခေါ် ပျူဗရမ္မာနိုင်ငံ  ခေါ်  ပျူမြန်မာနိုင်ငံသည် တောင်ဘက်တွင် ပင်လယ်နှင့် နယ်နိမိတ် ဖြစ်ကြောင်း၊ ပျူမြန်မာနိုင်ငံသည် ပင်လယ်အထိ ကျယ်ဝန်းကြောင်း၊ ပျူမြန်မာနိုင်ငံနှင့် ပင်လယ်ကြားတွင် ရာမညမွန်နိုင်ငံ မပေါ်ပေါက်သေးကြောင်း၊ မလေး ကျွန်းဆွယ်တကွာပမြို့ (စဲလန့်ဂူအနီး) အထိသည် ပျူမြန်မာနိုင်ငံ တော်ကြီး ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

ရွှေတိဂုံဘုရား ဗိုလ်တစ်ထောင်ဘုရား တွံတေးဆံတော်ရှင်ဘုရား သမိုင်းများပါ ဘုရားဒါယကာ ဒွတ္တဘောင်မင်းကြီး

အထက်ပါဘုရားသမိုင်း ဆူတွင် (ဘီစီ ရာစု) သရေခေတ္တရာနိုင်ငံ၏ ဧကရာဇ်မင်းကြီး ဒွတ္တပေါင်သည် သူ၏ နိုင်ငံတော်ဖြစ်သော တြိဂုမ္ပ (ရန်ကုန်)မြို့ဒေသနှင့် ပေါက္ခရ၀တီ (တွံတေးမြို့)ဒေသတို့သို့ တိုင်းခန်းလှည့်လည် ရောက်ရှိလာကြောင်း၊ ရွှေတိဂုံဘုရားနှင့် တွံတေးဆံတော်ရှင် ဘုရားကြီးများကို မြှင့်တင်ပြုပြင် ကုသိုလ်ပြုခဲ့ကြောင်း များ မှတ်တမ်းတင် ဖော်ပြထားရာ ရန်ကုန်နှင့် ပေါက္ခရ၀တီဒေသတို့မှာ ရာမည မွန်နိုင်ငံ မပေါ်ပေါက်သေး၊ သရေခေတ္တရာ နိုင်ငံပိုင်နက် ဒေသများ ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။


ရှေးခေတ်မြန်မာနိုင်ငံတောင်ပိုင်း ဒွတ္တပေါင်မင်းမြို့များ

(
) သုဓမ္မာဝတီသထုံ ဒွတ္တပေါင်မင်းကြီးနှင့် မြို့ - ၁၉၂၆ ခုနှစ် ပုံနှိပ်သော ဦးပညာ၏ သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသုဓမ္မ၀တီ မြို့တည်နန်းတည် မင်းကြီး၏ အမည်မှာ တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင်မင်းကြီး”  ခေါ်  “စိဇ္ဇာနာဂ သူရိယစန္ဒာဒွတ္တပေါင် မင်းကြီး ဖြစ်ကြောင်း ရှေးသထုံရာဇ၀င်များ၊
မွန်ရာဇ၀င်များနှင့် ကလျာဏီသိမ်ကျောက်စာ စုစုပေါင်း ခုကို ကျမ်းကိုးပြု ရေးသားဖော်ပြထားသည်။
ဆရာဦးစံဝင်း၏ ပေါင်မြို့နယ်၊ မုကျိရွာ ကျောက်နံရံစာ ဆောင်းပါးတွင် အထက်ပါ ဦးပညာ ရေးသည့်
သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးကို ကျမ်းညွှန်းပြုထား သည်။

(
) ၁၉၇၅ ခုနှစ် ပုံနှိပ်သော အငြိမ်းစားကျောင်းအုပ်ကြီး ဥိးအောင်သိန်း၏ သာသနာအစ သထုံကဟု 
အမည်ပေးကျမ်းတွင်လည်း ပထမသုဓမ္မာဝတီမြို့တည် နန်းတည် မင်းကြီး၏ အမည်မှာ သူရိယစန္ဒာ
မဟာဒွတ္တပေါင်မင်းကြီးမည်ကြောင်း အတိအလင်း ဖော်ပြထားသည်။

ယခု နှစ် ၉၀ အတွင်း သထုံသမိုင်း၊ တောင်ပိုင်းကမ်းရိုး တန်းဒေသ မြို့ရွာသမိုင်းများကို ရေးသားကြသော
ရာဇ၀င်ဆရာ၊ ရာဇ၀င်ဆောင်းပါးဆရာ၊ သမိုင်းဆောင်းပါး အမည်ခံ စာရေးဆရာများအနက် ပထမဦးဆုံး
သထုံမင်းကြီးသည်  “တိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီး”  ခေါ်  “သူရိစန္ဒာ မဟာဒွတ္တပေါင် မင်းကြီး ဖြစ်ကြောင်းကို ဦးပညာ နှင့် ဦးအောင်သိန်းတို့ ဦးမှအပ ကျန်သော စာရေးဆရာ၊ ဆောင်းပါးဆရာများသည် ဖော်ပြခြင်း မပြုကြ။ သထုံသမိုင်းရေးတိုင်း တိဿဓမ္မသီဟရာဇာကိုသာ ဖော်ပြကြပြီး ဒွတ္တပေါင်မဖော်ပြပဲ ချန်လှပ်ခဲ့ကြသော ရာဇ၀င်ဆရာ၊ ဆောင်းပါးဆရာများသည် အစုံမဖတ်ဘူးမသိပဲ သထုံသမိုင်းနှင့် တိဿဓမ္မသီဟရာဇာမင်း အကြောင်းကို မပြည့်မစုံ ရေးကြသည်။ သို့မဟုတ် တိဿဓမ္မသိဟရာဇာ ဒွတ္တပေါင်မင်းကြီးအမည်ပါ ဒွတ္တပေါင်ကို ဖတ်ဖူးပြီး သိရှိသော်လည်း အကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း၊ ပေါ့ဆ၍ သော်လည်းကောင်း  လုံးဝ မရေးသား၊ မဖော်ပြ၊ မပြောဆိုကြပါ။ ပထမဦးဆုံး သထုံမင်းကြီး၏ အမည်သည် ဒွတ္တပါင်ဖြစ်ကြောင်း ချန်လှပ်ထားခြင်းသည် သထုံပျူမင်း ဒွတ္တပေါင်ကို ဖျောက်ဖျက် သကဲ့သို့လည်းကောင်း၊ သထုံ သမိုင်းကို မပြည့်စုံအောင် ဖန်တီးသကဲ့သို့လည်းကောင်း ဖြစ်နေလျှင် မသင့်တော်ပါ။

(
) ပါဒ ဒွတ္တပေါင်မင်းနှင့် မြန်မာအမည်ရှိ ပါဒမင်းများ

ပထမသထုံ တိဿဓမ္မသီဟရာဇာ (ဒွတ္တပေါင်)မင်းကြီး၏ သားတော် ပါးနှင့် သမီးတော် ပါး တို့သည် သထုံမှ ထွက်ခွါကာ ပါဒကျွန်းတွင် မြို့နန်းအသစ် တည်ထောင် ကြောင်း ဦးထွန်းရီ၏ မွန်ဘာသာမှ မြန်မာဘာသာပြန် ပါဒနိုင်ငံတော် ရာဇ၀င်သမိုင်းစာအုပ်တွင် ဖော်ပြသည်။ ပါဒမင်းဆက်တွင် မြစောနောင်မင်း၊ ရာဇစောနောင်မင်း၊ သုခမုခနန်းစောရှင်၊ နရကျော်မင်း၊ ဒွတ္တဘာဂဒွတ္တဘောင် မင်း၊ စောရဟံမင်း၊ ဇေယျကျော်ထင်မင်း၊ ဘိုးမင်းစောနောင်မင်း၊ နေသူရမင်း၊ စောဖျားကျော်မင်း၊ စောဘုန်းကြွယ်မင်း ဟူသော ပျူမြန်မာအမည်ရှိ မင်းများ အုပ်ချုပ်ကြောင်း ဖော်ပြထားရာ သထုံပထမဦး မင်း ဒွတ္တပေါင်၏ မျိုးဆက် ပါဒဒွတ္တပေါင် ပျူမင်းဆက် ဖြစ်ကြောင်း တွေ့မြင်ရပါသည်။ ပါဒမင်းဆက် ၂၀ မြောက် တွင်မှ ကော့ဒွတ်မင်း ဟု မွန်အမည်ရှိ မင်းကို တွေ့မြင်ရပါ သည်။

(
) ပေါက္ခရ၀တီ တွံတေးဒွတ္တပေါင်မင်းနှင့် ဒွတ္တပတ်သီး

ဒွတ္တပေါင်မင်းကြီး စားသုံးသောကြောင့် ဒွတ္တပတ်သီး ဟု နာမည်ကျော်ကြားသော ဒွတ္တပတ်ပင် အနည်းငယ်သည် ပေါက္ခရ၀တီနန်းတော်ကုန်း အရှေ့အရပ်တွင် အတွင်း ကျုံးငယ်ခြားလျှက် (ယခုခေတ်) ဦးယောကြီးဥယျာဉ်ခြံ နှင့် အခြားခြံတစ်ခြံတွင် ရှိပါသည်။ ပေါက္ခရ၀တီ တွံတေးသည် မှော်ဇာပျူအုပ်စုမှ ပျူမင်းသားစု တွံတေး မျိုးဆက်များ အုပ်ချုပ်စိုးစံသည်ဟု တွံတေးဆံတော်ရှင် ဘုရားသမိုင်းတစ်စောင်တွင် ဖော်ပြပါရှိပါသည်။

(
) ပဲခူးမင်းတို့သည် သထုံ တိဿဓမ္မသီဟရာဇာဒွတ္တပေါင် မျိုးရိုး

ပဲခူးရာဇ၀င်နှင့် ပဲခူးဘုရားသမိုင်းအချို့တွင် သထုံမြို့၊ သထုံမင်းကြီး (ဒွတ္တပေါင်) သားတော် ပါး မြို့သစ် အဖြစ် ပဲခူးကို တည်သည်ဟု ဖော်ပြထားသည်။ ပဲခူးမြို့တည် မင်းသားတို့သည် သထုံ ဒွတ္တပေါင်မင်းဆက်မှ ဖြစ်ကြောင်း ပဲခူးရာဇ၀င်၊ ဦးရွှေနော်၏ ရွှေမော်ဓောဘုရားသမိုင်းတို့တွင် ဖော်ပြထားသည်။ ပျူရာဇ၀င် ၁၂ စောင်တွဲအရ တိန်မယ် ပျူအုပ်စု မြို့တော် ပဲခူး ဖြစ်သည်။ ဦးသက်တင်၏ ပဲခူးနယ် ဘုရား စေတီ ၅၈ ဆူ သမိုင်းစာအုပ်တွင် တိန်မယ်ပျူစေတီ () ဆူ ဖော်ပြ ပါရှိသည်။ အနော်ရထာခေတ်ပြိုင်မှာ တိန်မယ်ပဲခူးပျူမင်း ဗောင်းတော်ရှည် ဟု ဖော်ပြသည်။ အနော်ရထာမင်းသို့ ဆက်သသော ယင်းပဲခူးမင်း၏ သမီးတော် အမည်သည် မြန်မာပါဠိအမည် မဏိစန္ဒာ ခင်ဦး ဟု ရာဇ၀င်တို့ ပြဆိုသည်။

(
) မုတ္တမပျူမြို့

မုတ္တမရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသထုံမြို့ ကြီးသည် အင်္ကုရမင်းလက်ထက်တွင်  ပျက်ကြောင်း၊
တွတ်တော် မင်းသားညီနောင် ကျန်ကြောင်း၊ ညီတော် မင်းသား ဥဒိန္ဒရာဇသံဝေ သည် ပထမ မုတ္တမမြို့ဟောင်း
ကိုတည်ထောင်ကြောင်း၊ ယင်း  ဥဒိန္ဒရာဇသံဝေ မင်းသား သည် ပထမဦးသထုံမင်းကြီး တိဿဓမ္မသီဟရာဇာ
ဒွတ္တပေါင် ပျူမင်းကြီး၏ တွတ်တော် မင်းသားညီနောင် အနက် အငယ်ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်
နန်းတော်မှတ်တမ်း ထန်မှတ်တမ်းတွင်လည်း မုတ္တမပျူမြို့ ဟု ဖော်ပြထားသည်။

(
) သုဝဏ္ဏဘူမိတိုင်း - သုဓမ္မပူရမြို့

ပထမသထုံမင်းကြီး ဒွတ္တပေါင်မျိုးရိုးမှ တွတ်တော် အင်္ကုရမင်းလက်ထက် ပထမသထုံမြို့ကြီး မြေမြိုပျက်စီး
ကြောင်း၊ ဖအေတူ မအေကွဲ တွတ်တော် မင်းသား ညီနောင်အနက် နောင်တော် ဥပဒေ၀ရာဇသံဝေ မင်းသား
သည် မြို့ဟောင်းရာ၏ တောင်ဘက်တွင် သုဓမ္မပူရမြို့ကို တည်ထောင်နန်းစံကြောင်း သထုံရာဇ၀င်ပေါင်းချုပ်
ကျမ်းကြီးတွင် ပြဆိုသည်။

ဥပဒေ၀မင်း ကံကုန်ပြီး ထိုမင်း၏ သားတော် ရာဇာစောနီ သည် နေရာရွှေ့ပြောင်း၍ ဘီးလင်းမြစ်ဝကျွန်းငယ် ခု ကို ပေါင်း၍ တတိယမြို့ မရိဿဘူမိသုဓမ္မ၀တီ ဟု တည် သည်။ နှစ်တိုင်အောင် မြို့မပြီး။ မင်း ကွယ်လွန်သည်။

ယင်း၏သားတော် ရာဇာစောဝေသည် ထိုနေရာကို စွန့်၍ ထိုမြို့မှ အနောက်မြောက် ရွှေလောင်းအင်းအရပ်တွင်
ဟရိသဘူမိ သုဓမ္မာဝတီမြို့ဟု တည်ပြန်သည်။ သာသနာ ၂၀၈ ခုတွင် ရာဇာစောဝေသည် ရောဂါထူပြော
သော ယင်းရွှေအင်းမြို့ ရွှေလောင်းမြို့ကို စွန့်ခွါ၍ တိုက်ကုလားမြို့ဟောင်းနယ်အတွင်း  “သုဝဏ္ဏဘူမိရဌ
သုဓမ္မာဝတီဟု မြို့သစ်တည်ပြန်သည်။ တိုက်ကုလား ဟုလည်း ခေါ်ကြ၏။ ပထမ သထုံမင်းကြီးမှ ၁၈ ဆက်
မြောက် ယုဂန္ဓာကုမာမင်း လက်ထက်တွင် တိုက်ကုလားမြို့ ကို ပင်လယ်ရေတိုက်စားကာ ပျက်သဖြင့် မြို့ကို
စွန့်ကာ ဥပဒေ၀ရာဇသံဝေမင်းကြီး တည်ထောင်ခဲ့သော သုဓမ္မာပူရ မြို့ဟောင်းရာသို့ ပြန်၍ ပြောင်းရွှေ့ပြီး
မြို့သစ်တည် စိုးစံသည်။ သာသနာနှစ် ၄၅၀ ပြည့်နှစ် ဟု ပြဆိုသည်။

(
) မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်းတွင် ပထမမြောက် ယေးမြို့ကို တနင်္သာရီ ပျူဘုရင်မ တည်ထောင်ခဲ့ကြောင်း၊ ယင်း ယေးပျူမြို့ ပျက်သုန်းတိမ်ကောပြီး နှစ် ရာပေါင်းများ စွာ ကြာသောအခါ မွန်အမတ်ကြီးတစ်ဦးက ပထမယေးမြို့ ဟောင်း နေရာတွင် ယေးမြို့အသစ် တစ်ဖန် ပြန်လည် တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းတင် ပါရှိပါ သည်။


အထက်ပါ ရာဇ၀င်နှင့် ဘုရားသမိုင်းများ အဆိုအရ ပုဂံ အနော်ရထာမင်း မတိုင်ခင် ဘီစီ ရာစု၊ အေဒီ ၁၀ ရာစု အတွင်း တောင်ပိုင်းကမ်းရိုးတန်းတွင် သထုံ တိဿဓမ္မသီဟရာဇာဒွတ္တပေါင်မင်းဆက် (၀ါ) သထုံ ဒွတ္တပေါင်ပျူအုပ်စုမှ တည်ထောင်ခဲ့သော သထုံ၊ ပါဒ၊ ပဲခူး၊ မုတ္တမ ရှေးပျူမြို့များ၊ တနင်္သာရီ ဘုရင်မ တည်သော ယေးပျူမြို့၊ မှော်ဇာ ပျူအုပ်စုဝင် ပေါက္ခရ၀တီ (တွံတေး) ပျူမြို့ စသည်တို့ ရှိကြောင်း သိရပါသည်။

ပျူရာဇ၀င် ၁၂ စောင်တွဲတွင် အေဒီ ရာစု ပျဉ်ပြားမင်း မတိုင်ခင် ရှေးခေတ်မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ဒေသတွင် မွန်လူမျိုးတို့ မရောက်ရှိသေးကြောင်း၊ စတုတ္ထပုဂံမြို့တည် ပျဉ်ပြားမင်းလက်ထက်တွင်တစ်ကြိမ်၊ အေဒီ ၁၁ ရာစု အနော်ရထာမင်း လက်ထက် တွင် တစ်ကြိမ် မွန်တို့ အမြောက်အမြား ပြောင်းရွှေ့ဝင်ရောက်လာကြောင်း ဖော်ပြထားသည်ဟု ဆရာ ဦးသက်တင် ကောက်နှုတ်ဖော်ပြခဲ့ပါသည်။ တရုတ်မှတ်တမ်းများအရ ဒွါရာဝတီနိုင်ငံ မှ  မွန်တို့သည်  အရှေ့ဘက်မှ ခမာစစ်ဆင်မှု၊ တောင်ဘက်မှ ဂျာဗားရေတပ် စစ်ဆင်မှုများနှင့် ကြုံတွေ့ဒုက္ခရောက် ကြောင်း၊ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက် လင်ဖွန်းမြို့မှ မွန်တို့ မြို့လုံးကျွတ် ပုဂံနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံ လာကြောင်း ဦးနိုင်ပန်းလှ ဆိုပါသည်။

လက်တွေ့အားဖြင့်လည်း တောင်ပိုင်းကမ်းရိုးတန်းဒေသ  ရှေးမြို့ဟောင်းနေရာများတွင် ဘီစီ ရာစု မှ အေဒီ ၁၀ ရာစုကာလ ပျူစဥ့်စာ၊ ပျူအုတ်ခဲစာ၊ ပျူခေတ်စေတီ၊ ပျူခေတ်ဗုဒ္ဓရုပ်ပွားများ၊ ပျူခေတ် အုတ်ခွက် ဘုရားများ၊ ပျူဒင်္ဂါးများ၊ ပျူခေတ်မြို့ရိုးအချို့၊ ပျူကျောက်စာ အပါအ၀င် အထက်တွင် တင်ပြခဲ့သော ပျူယဉ်ကျေးမှု ပစ္စည်းမျိုးစုံ တို့ကို ခေတ်ပြိုင်အထောက်အထားများအဖြစ် မြေပေါ် မြေအောက်တို့တွင် ထင်ရှားစွာ တွေ့မြင်ရလျှက် ရှိပါသည်။ သို့သော် အနော်ရထာမင်း မတိုင်ခင် ဘီစီ ရာစု - အေဒီ ၁၀ ရာစု ကာလ မွန်ယဉ်ကျေးမှု အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိသေးပါ။

မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဦးစီးဌာနသည်လည်း သံလျင်၊ ပါဒ၊ ကျိုက္ကသာ၊ အယ(က်)သမ -၀င်းက
(
ဘီးလင်းနယ်) သထုံနယ်များတွင် တတ်အားသမျှ သုတေသန ပြုခဲ့ ပြုဆဲရှိပြီး အနော်ရထာမင်း အေဒီ ၁၁ ရာစု မတိုင်ခင် မွန်ယဉ်ကျေးမှုပစ္စည်း အထောက်အထား တွေ့ရှိသည်ဟု မကြားသိရသေးပါ။ ကွမ်းဆိပ်ပျူကျောက်စာ အပါအ၀င် အနော်ရထာထက် စောသော ပျူယဉ်ကျေးမှု အထောက်အထားတစ်ချို့ကို မြေပေါ်၊မြေအောက်တွင် ပါ အထင်အရှားတွေ့မြင်ခဲ့ကြပါသည်။ ကမ်းရိုးတန်းဒေသ မွန်ယဉ်ကျေးမှု အထောက်အထား တွေ့ရသည်တို့မှာ အနော်ရထာမင်းခေတ်မှ နောက်ပိုင်းကာလ၀င် ပစ္စည်းများသာ ဖြစ်ပါသည်။

ဆရာ မိုက်ကယ်အောင်သွင် (ပါမောက္ခ သမိုင်း ဟာဝိုင်ယီတက္ကသိုလ်)က မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ဒေသရှိ မြို့ရွာတို့၏ မွန်အမည်များမှာ ခေတ်လယ်မွန် (အင်းဝခေတ်၊ ညောင်ရမ်းခေတ်) အေဒီ ၁၅ရာစု ၁၇ ရာစု မွန်ဘာသာစကား အမည်များသာဖြစ်ပြီး ခေတ်ဟောင်းမွန်အမည် (အေဒီ ၇ရာစု- ၁၄ ရာစု)အမည်များ မဟုတ်သော အချက်အရ တောင်ပိုင်းကမ်းရိုးတန်း မွန်အမည်မြို့ရွာတို့သည်  အင်းဝခေတ်ပြိုင် ရာဇာဓိရာဇ်မင်း ခေတ်အခါ ၀န်းကျင်မှ ပေါ်ပေါက်သော မွန်မြို့ ရွာများဖြစ်ကြောင်း၊ အနော်ရထာမင်း မတိုင်ခင် အောက် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသတွင် (မွန်လူမျိုးမရှိဟု မဆိုလို) မွန်နိုင်ငံ၊ မွန်ဧကရာဇ်မင်း၊ မွန်ယဉ်ကျေးမှု ခေတ် တို့ မပေါ်ပေါက်သေးကြောင်း၊ ယင်းသို့ ပေါ်ပေါက်သည်ဟု ခေတ်ပြိုင်အထောက်အထား တစ်ခုမှ မတွေ့ရကြောင်း သူ၏ သုတေသနစာတမ်းတွင် ဖော်ပြထားပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် အထက်တွင် တင်ပြခဲ့သည့် ဘုရားသမိုင်းများ၊ တောင်ပိုင်းကမ်းရိုးတန်းဒေသ
မြို့ဟောင်းရာဇ၀င်များသည် အနော်ရထာမင်း မတိုင်ခင် တောင်ပိုင်းကမ်းရိုးတန်းဒေသ  သထုံ၊ ပါဒ၊ တွံတေး
ဒွတ္တပေါင်မင်းများ၊ သထုံတိဿဓမ္မသီဟရာဇာ ဒွတ္တပေါင် မင်းဆက်မှ တည်ထောင်သော ကမ်းရိုးတန်း သထုံ
ပျူအုပ်စုဝင် မြို့များ၊ တနင်္သာရီဘုရင်မ တည်ထောင်ခဲ့ သော ယေးပျူမြို့တို့ကို အထင်အရှား ဖော်ပြသည်မှာ
အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား များက ဖော်ပြထားသော ပင်လယ်အထိ ကျယ်ဝန်းသည့်
ပျူနိုင်ငံခေါ် ဗရမ္မာနိုင်ငံ ခေါ်  ပျူမြန်မာနိုင်ငံနှင့် ကိုက်ညီ အကျုံးဝင်နေပါသည်။

ထို့နည်းတူစွာ သထုံဒွတ္တပေါင်မင်းဆက်က တည်ခဲ့သည်ဟု သထုံရာဇ၀င် ပါဒရာဇ၀င်တို့တွင် ဖော်ပြထားသော
ဒလတိုင်း၊ ပါဒမြို့၊ ပဲခူးမြို့၊ ဘုရားကြီးတိုင်း၊ တိုက်ကုလား မြို့၊ ဘီလူးကျွန်းတို့ကို သရေခေတ္တရာ အတိတျာမင်း
ကျောက်အိုးစာတွင်  ဥရုဟိတိုင်းလှည်းကူး၊ က၀တိုင်း၊ တကွာပါတိုင်း တို့နှင့်အတူတကွ  ဒလတိုင်း၊ ပါဒတိုင်း၊
ပဂေါတိုင်း(ပဲခူးတိုင်း) ဘုရားကြီးတိုင်း၊ တက္ကလတိုင်း (တိုက်ကုလားတိုင်း) ဘီလူးကျွန်းတိုင်း ဟူ၍ သရေခေ
တ္တရာ နိုင်ငံပိုင် ပျူမြို့ပြတိုင်းများ ဖြစ်ကြာင်း လေ့လာတွေ့ မြင်ရပါသည်။

အထက်ပါ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ တောင်ပိုင်း ဒွတ္တပေါင် ပျူမင်းနယ်များတွင် ဘီစီ ရာစု-
အေဒီ ၁၀ ရာစု ခေတ်ပြိုင် ပျူအထောက်အထား မျိုးစုံ တို့ကိုလည်း မြေပေါ်မြေအောက်တွင် တွေ့ရှိရပြီး၊ ထိုကာ
မွန်ယဉ်ကျေးမှု အထောက်အထားများ မတွေ့ရသေးပါ။ တောင်ပိုင်းကမ်းရိုးတန်းဒေသတွေ့ အခြားသော
ပျူခေတ်စေတီ၊ ပျူလှိုဏ်ဘုရား၊ ပျူခေတ်ဗုဒ္ဓရုပ်ပွားများ၊ ပျူအုတ်ခွက်ဘုရားများ၊ ပျူဒင်္ဂါးများ၊ ပျူပုတီးစေ့များ၊
ပျူနားဋောင်းများ၊ ပျူဆေးတံများ၊ ပျူအရိုးအိုးများ၊ ပျူမြို့ရိုး၊ ပျူရေတွင်းရေကန်၊ ပျူခေတ်အုတ်လှေကား၊
ပျူခေတ်အုတ်ကုန်းများ အစရှိသော  ခေတ်ပြိုင် ပျူအထောက်အထားပေါင်းများစွာနှင့် ထောင်ပေါင်းများစွာသော ပျူအုတ်ခဲစာ၊ ပျူစဥ့်စာ အထောက်အထားများက တောင်ပိုင်းကမ်းရိုးတန်း ဒွတ္တပေါင်ပျူမင်းဆက်များ တည်ထောင်ခဲ့ သော ပျူမြို့ဟောင်းဒေသများတွင် တွေ့ရှိရ သည့် ရှေးဟောင်းစဥ့်ဖိုများ၊ ရှေးဟောင်း စဥ့်ထည်များ နှင့် ရှေးဟောင်း စဥ့်ယဉ်ကျေးမှုကြီးသည် ပုဂံ အနော်ရထာမင်း (အေဒီ ၁၁ ရာစု) မတိုင်ခင် ကာလ ထွန်းကားခဲ့သော တောင်ပိုင်း ပျူစဥ့်ဖိုများ၊ ပျူစဥ့်ထည်များနှင့် ပျူစဥ့် ယဉ်ကျေးမှုကြီး ဖြစ်ကြောင်း သက်သေတည် ထောက်ခံ နေကြပါ သည်။

ဦးဘုန်းတင့်ကျော်။ ၂၀၁၄ ခုနှစ် မတ်လ ()ရက် နှင့် ()ရက် နေ့တို့တွင် ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာခန်းမ၌ ကျင်းပခဲ့သည့်စဥ့် စာတမ်း ဖတ်ပွဲ၌ တင်သွင်းဖတ်ကြားခဲ့သည့် သုတေသနစာတမ်း


 


 







 




https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/14725598_1177812662288284_3805090236451926181_n.jpg?oh=d6b9b51357f98fcdbf9cc96cbf2bf809&oe=588FFD3B



















0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်