....................................................
ရှေးဟောင်းကျောက်စာတွေကို အဓိပ္ပါယ်ဖော်ထုတ်ရတာဟာ
အလွန်ခက်ခဲ လက်ဝင်ပါတယ်။ ပုဂံခေတ် မွန်ကျောက်စာတွေမှာ
ယနေ့အထိ အဓိပ္ပါယ်မဖော်ထုတ်နိုင်သေးတဲ့ ဝေါဟာရတွေ
အမြောက်အများ ကျန်ရှိနေသလို ပုဂံခေတ် မြန်မာကျောက်စာ
တွေနဲ့ သရေခေတ္တရာခေတ် ပျူဗရမ္မာ ခေါ် ပျူမြန်မာ ခေါ်
မြန်မာပျူကျောက်စာတွေမှာလည်း အဲ့ဒီလိုပါပဲ။
တချို့က မသိတာ မရှင်းတာတွေကို ရိုးသားစွာ မေးကြပါတယ်။
လေးစားစွာ ပြန်ဖြေပေးချင်ပါတယ်။ တချို့ကတော့ ပရိသတ်
ခေါင်းရှုပ်ပြီး အမြင်ေ၀၀ါးအောင်၊ အမှန်/အမှား မဝေခွဲနိုင်အောင်
ဖျက်မျဉ်းပုံစံနဲ့ ၀င်မေးကြတယ်။ အဖြေမှန်သိချင်လို့ မဟုတ်ပါဘူး။
လေးစားစရာလည်း မရှိပါဘူး။ မေးသူကို မလေးစားနိုင်ပေမယ့်
ပရိသတ်အဖို့ အမှန်သမိုင်းနဲ့ ပက်သက်ပြီး အမြင်ရှင်းအောင်
ပရိသတ်ကိုရည်ရွယ်ပြီး ဖြေကြားစရာတွေလည်း ရှိပါတယ်။
မှန်မှန်လေး ဖြေကြားချင်ပေမယ့် မအားလပ်တာရယ်၊ အားတဲ့အခါ
လေးမှာ လိုင်းမကောင်းတာရယ်ကြောင့် မှန်မှန်ပြန်လည်မဖြေကြား
နိုင်ခဲ့တာ ခွင့်လွှတ်ဖို့ ပရိသတ်ကို မေတ္တာရပ်ခံပါတယ်။အဲ့ဒီ မေးသူ
တွေဟာ ဘယ်လိုသဘောနဲ့ ဘယ်လိုစေတနာနဲ့ မေးတယ်ဆိုတာ
ပရိသတ်ရိပ်မိမယ်လို့ထင်ပါတယ်။
လွန်ခဲ့တဲ့ ရက်တချို့က မေးမြန်းတဲ့ မေးခွန်းတစ်ခုကို ဖြေပါမယ်။
“ပျူကျောက်စာ ၂ချပ်မှာ *မယား* ရေးပုံခြင်းကို ဆရာဘုန်း
ဘာသာပြန်တာ မတူလို့ မေးချင်လို့ပါ။ သူရိယ၀ိတြမမင်းရဲ့
မိဖုရားအရိုးအိုးကျောက်စာမှာ *ဋ္ဌော်ဗံးက္ဒိံဗံးတတိပ္လိသ္နိး -
တော်မယားမြတ် သခင်မတော် တိမ်းပြီးသေနှစ်*၊ ရာဇကုမာရ
ကျောက်စာမှာ *ဥဒေါ့ဗံး ဥဋ္ဌော်မယး - ဤ ဒို့မင်းကြီး၏မယား*
လို့ ဘာသာပြန်တယ်။ ပျူစကားနဲ့ မယားကို ဘယ်ဟာရေးပုံ
အမှန်လဲ ရှင်းပြပါ။” လို့ ရေးထားပါတယ်။
ဖြေပေးပါတော့မယ်။ ပျူစကားဆိုတာ မြန်မာစကားပါပဲ။
သရေခေတ္တရာ လူမျိုးနဲ့နိုင်ငံကို ခေတ်ပြိုင်အိန္ဒိယက “ဗရမ္မာ-
ဗမာ” လို့ သိရှိမှတ်တမ်းတင်ခဲ့သလို ခေတ်ပြိုင်တရုတ်နန်းတော်
မှတ်တမ်းတွေကလဲ “ဗရမ္မာ”ဟုလည်းကောင်း၊ “ပျူ”ဟုလည်း
ကောင်း သိရှိမှတ်တမ်းတင်ခဲ့ချက်၊ သရေခေတ္တရာ ခင်ဘကုန်း
တွေ့ ငွေဗောဓိကျုတ်စာမှာ “ပုဗရမိပြည်တော် - ပျူဗရမ္မာပြည်
တော်”၊ ပုဂံခေတ် ဗမာကျောက်စာတစ်ချို့မှာ ဗြဟ္မာ(ဗရမ္မာ)ကို
ပြုမှာ လို့ ရေးထိုးခဲ့ချက်တွေ စုပေါင်းကြည့်ရင် သရေခေတ္တရာ
ဗရမ္မာလူမျိုးဆိုတာ ပြုမှာ-လူမျိုးအတိုကောက် ပြုလူမျိုးပါပဲ။
ပုဂံခေတ် ဗမာကျောက်စာတွေမှာ “ပြုမှာ” ကို “ပြု၊ ပျု၊ ပြူ၊ ပျူ”
အမျိုးမျိုးရေးထိုးခဲ့ကြပါတယ်။ ပျူဟာမြန်မာဆိုတာ ကျွန်တော့်ရဲ့
*နှစ်ပေါင်းနှစ်ထောင် ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း အပိုင်း
(၂)” မှာ ခေတ်ပြိုင်အထောက်အထားပေါင်းစုံနဲ့ အကျယ်တ၀င့်
တင်ပြထားပြီးသား ရှိပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်း
ကလည်း အဲ့ဒီစာတမ်းကို ဖတ်ရှုစစ်ဆေးအတည်ပြု ခဲ့ပြီးပါပြီ။
ရှေးကျောက်စာတွေမှာ ပျူ လို့ ရေးထိုးတိုင်း အဓိပ္ပါယ်ဟာ
ဗရမ္မာ-မရမ္မာ-မြန်မာ ပါ။ ပျူကျောက်စာလို့ ယာယီအမည်တပ်
ခဲ့တာတွေကလည်း သရေခေတ္တရာခေတ် မြန်မာကျောက်စာ
တွေနဲ့ ပုဂံခေတ် မြန်မာကျောက်စာတွေပါပဲ။
ပျူဟာမြန်မာဆိုတဲ့ အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာနဲ့ ပုဂံ
ခေတ်ပြိုင်အထောက်အထားတွေကို သိလျှက်နဲ့ထိန်ချန်ပြီး
ပျူစာသပ်သပ်၊ မြန်မာစာသပ်သပ်လို့ လုစ်ပြောခဲ့တာတွေ
ခေတ်မမှီတော့ပါဘူး။ အမှန်တရားကို လေးစားရကောင်းမှန်း
သိတတ်တဲ့ လူကောင်းသူကောင်းတွေဟာ သုတေသနအသစ်
အသစ်တွေရဲ့ တွေ့ရှိချက်တွေ၊ ရှေးခေတ်ပြိုင် အထောက်
အထားတွေနဲ့ စစ်ဆေးဖော်ထုတ်တင်ပြထားကြတဲ့ အမှန်
သမိုင်းအချက်တွေကို ကရော်ကမယ်တွေး၊ နင်ဘဲငဆတွေ၊
မျက်နှာလွှဲခဲပစ်တာမျိုး မကျင့်သုံးကြပါဘူး။
--------------------------------------------------------
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
ဋ္ဌော်ဗံးက္ဒိဗံး နှင့် ဋ္ဌော်မယး ရှင်းလင်းချက် (နိဂုံး)
............................................................
ရှေးဟောင်းကျောက်စာတွေ အဓိပ္ပါယ်ဖော်ထုတ်ပုံ အနှစ်ချုပ်ကို
တင်ပြပါမယ်။
(၁) ရှေးဟောင်းအက္ခရာတွေ၊ ရှေးဟောင်း သတ်ပုံတွေ၊
ရှေးဟောင်းအသံထွက်ပုံနဲ့ ယခုခေတ်အသံထွက်ပုံ ရွှေ့ပြောင်း
ကွဲလွဲမှုတွေ တတ်ကျွမ်းရပါမယ်။
(၂) စကားလုံး တစ်လုံးချင်း အသုံးနဲ့ ပုဒ်စု (စကားစု)အသုံး
တွေ၊ အဲ့ဒီ ၂မျိုး ယှဉ်တွဲဆက်စပ်ရေးပုံတွေကို သဘောပေါက်ဖို့
လိုပါတယ်။
(၃) တိုင်းရင်းဘာသာကျောက်စာထဲမှာ ပါဠိ၊ သက္ကဋနဲ့
လူမျိုးခြားစကားတွေပါ ရောရေးထားရင် သူ့ဆိုင်ရာ ဘာသာ
စကားအလိုက် ဖော်ထုတ်တိုက်ဆိုင်ဖို့ လိုပါတယ်။
(၄) တိုက်ရိုက်အဓိပ္ပါယ်ဖော်ပေးနိုင်တာတွေ ရှိသလို၊ ယခု
ခေတ် စာဖတ်သူတွေ နားလည်လွယ်အောင် ဆီလျော်စွာအဓိပ္ပါယ်
ဖော်ပေးထားတာတွေ ရှိပါတယ်။
(၅) ကျောက်စာဖော်ထုတ်သူချင်း ဆင်တူရိုးမှားရှိတဲ့ ရှေး
အက္ခရာကို အက္ခရာကောက်ယူပုံ ကွဲလွဲတာတွေ ရှိတတ်တယ်။
(၆) ထို့ကြောင့် ကျောက်စာဖော်ထုတ်သူချင်း အနက်ဖော်
အယူအဆမတူတာတွေ ရှိတတ်တယ်။
(၇) ထိုသို့အယူအဆမတူတာကို မှားတယ်လို့ ကျောက်စာ
ဖော်ထုတ်သူချင်း အရမ်းမပြောရဘူး။
{ ဥ ဝေါး ဗံး တ္ဒိံ ဗံး တ့ တိံ ပ္လိ သူ }
------------------------------------
အထက်ပါစာကို ဒေါက်တာဦးအောင်သိန်း (phd ၊ မဟာသဒ္ဓမ္မ
ဇော်တိကဓဇ-အကျိုးဆောင် ကထိက မန်းတက္ကသိုလ်) က
“မင်းမြတ်သူရိယ ၀ိတြမ၏ တိုင်းပြည်တံခွန် အဘိသိက်ခံ
မိဖုရား နတ်ရွာစံသည်” လို့ အဓိပ္ပါယ်ဖော်ပြပါတယ်။
(ပျူနှင့် ပျူကျောက်စာများ၊ နှာ-၇၀)
(ဥဝေါး) ဆိုတဲ့စကားကို ဗလက်ဒင်က မိဖုရားကိုဆိုလိုသော
စာလုံးဖြစ်နိုင်ဖွယ်ရာရှိကြောင်း ဆိုခဲ့ပါတယ်။ ထို့ကြောင့် (ဥဝေါး)
စကားလုံးကို မိဖုရားဟု အဓိပ္ပါယ်ပြန်ဆိုကြရာတွင် မိဖုရားဟူသည်
မင်း၏ မယားပင် မဟုတ်ပါလော။
တိမ်း=တိမ်းပါး သည်ဟာ နတ်ရွာစံသည် ဆိုတာနဲ့ အတူတူပင်
ဖြစ်တဲ့အတိုင်းပေါ့။ ရှေးဟောင်းကျောက်စာ အက္ခရာတွေကို
မည်သည့်ဝေါဟာရဟု ယူဆပြန်ဆို ဖော်ထုတ်တဲ့နေရာမှာ
သုတေသီဆရာချင်း အယူအဆ မတူကြတာတွေရှိတယ်။
ပုဂံခေတ် ရှေးဗမာကျောက်စာတွေကို အဓိပ္ပါယ်ပြန်ဆိုဖော်ပြ
ရာမှာ ဆရာကြီးဦးငြိမ်းမောင်၊ ဆရာကြီး ဦးဧမောင်၊ ဆရာကြီး
မင်းသုဝဏ် တို့ အက္ခရာကောက်ယူပုံ အယူအဆချင်း မတူလို့
အနက်ဖော်ပြချက် မတူတာတွေ ရှိကြတယ်။ တစ်ဦးနဲ့တစ်ဦး
မှားတယ်လို့ မပြောကြဘူး။ အယူအဆ ကွဲလွဲခွင့်ရှိတယ်။
ငါ့ဟာမှန်တယ် သူများဟာ မှားတယ်လို့ မပြောကြဘူး။
ဒါကြောင့် ဗလက်ဒင်က (ဥဝေါး)လို့ ယူဆတာကို ကျွန်တော့်အ
နေနဲ့ (ဥဋ္ဌော်း)လို့ အယူအဆဖြင့်ဆိုတယ်။ သရေခေတ္တရာခေတ်က
(ဋ္ဌော်)ဟာ (တော်)ကိုဖော်ပြတဲ့ အနက်တူအသံကွဲတစ်ခုလို့ ယူဆ
တယ်။ ဗလက်ဒင်က (၀)လို့ဖတ်တဲ့ အက္ခရာကို ရှေးရေးပုံအရ
ကျွန်တော်က (ဋ္ဌ) လို့ဖတ်တယ်။ (ဥဝေါး) အစား (ဥဋ္ဌော်) လို့
ဖတ်တယ်။
ကျွန်တော်က “သူရိယ၀ိတြမဗံးဥ (သူရိယ၀ိတြမမင်း၏)
ဋ္ဌော်ဗံး (တော်ဝင်မြတ်ပုဂ္ဂိုလ်-တော်မိဖုရား-တော်မယား-
မြတ်မယား) လို့ဖတ်တယ်။ (ဗံး)ရဲ့ အနက်ဟာ မြတ်သော
ပုဂ္ဂိုလ်၊ အရှင်သခင်မင်း လို့ အဓိပ္ပါယ်ရှိကြောင်း ရှေ့ပိုင်း
ဆရာကြီးတွေ ဖော်ပြတယ်။ ဦးသာမြတ် အပါအ၀င်ပါ။
(မြတ်သောပုဂ္ဂိုလ်-အရှင်သခင်) ဟာ ယောကျာ်းဆိုရင်
ရှင်ဘုရင်၊ မိန်းမဆိုရင် မိဖုရားလို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။
ရှေးခေတ်မှာ တော်ဝင်နန်းသုံးစကား မိဖုရားကို အရပ်သား
စကားနဲ့ “မင်းမယား” လို့လည်း ခေါ်ကြတယ်။ ပုဂံခေတ်
(ပြည်တော်သာသိခင် မဟာဆီကျောက်စာ (၆၃၁-ခု၊
ကြောင်းရေ ၄)မှာ မိဖုရားကို “မင်းမိယာ(မင်းမယား)”လို့
ရေထိုးထားပါတယ်။ (ရှေးဟောင်းမြန်မာကျောက်စာများ
တတိယတွဲ ၊ နှာ-၁၂၇)
ဒါကြောင့် ဗံး=မိဖုရား=မင်းမယား=(အတိုသုံး)မယား”လို့
အဓိပ္ပါယ်ရှိပါတယ်။ ဆီလျော်သလို အနက်မပျက် အမျိုးမျိုး
ပြန်ဆိုနိုင်ပါတယ်။ (မင်းမယား)သည် (တော်မယား)ပင်တည်း။
(တော်မယား)သည် (တော်ဗံး (၀ါ) ဋ္ဌော်ဗံး)ပေတည်း။
ရာဇကုမာရထိုးခဲ့တဲ့ ယာယီအမည် ပျူစာ ခေါ် ပုဂံခေတ်ရဲ့
ရှေ့က သရေခေတ္တရာခေတ် မြန်မာစာမှာ - ဗလက်ဒင်က
(ဥဒေါ့ဒဗံး ဥဂေါမယး)လို့ဖတ်တယ်။ ကျွန်တော်က (ဥဒေါ့
ဒဗံး ဥဋ္ဌော်မယး)လို့ ယူဆဖတ်တယ်။ ဗလက်ဒင်ယူဆသလို
ကျောက်အိုးက (ဥဝေါး)ဟာ မိဖုရားလို့ဖတ်ရင် ရာဇကုမာရရဲ့
သရေခေတ္တရာ ပျူခေါ်မြန်မာစာကို (ဥဝေါးမယး = မိဖုရား
မယား)လို့ ဖတ်စရာ ဖြစ်ပါလိမ့်မယ်။ အဓိပ္ပါယ်မတိမ်းပေမယ့်
အသုံးအနှုန်းက (မိဖုရားမယား)လို့ဆိုတော့ တခုခုထောက်
သလို ဖြစ်နေတယ်။
ကျွန်တော်က (ဥဒေါ့တဗံး ဥဋ္ဌော်မယား)လို့ ယူဆဖတ် တယ်။
“ဤ ဒို့မင်းကြီး၏ တော်မယား”လို့ အနက်ပေးတယ်။ ဘုရင်
ကျန်စစ်သားမင်းကြီးရဲ့ မိဖုရားကို “တော်မယား”လို့ သုံးနှုန်းထားတာကို တွေ့နိုင်ပါတယ်။
ပျူစကားဆိုတာ မြန်မာ-ဗမာစကားပါပဲ။ မိဖုရားနဲ့ မယား
အနက်အတူတူပဲ။ စာစဉ်ပုံကိုကြည့်ပြီး ဗံးကို ရှင်ဘုရင်-
မင်း၊ ဗံးကို ဆရာတော်သံဃာတော်၊ သင့်လျော်အောင်
ပြန်ဆိုကြရပါတယ်။
သရေခေတ္တရာ မင်းနဲ့ပြည်သူတွေ၊ သရေခေတ္တရာက
အက္ခရာတွေနဲ့ ကျောက်စာတွေကို ဗလက်ဒင်က ယာယီ
အမည်အဖြစ် ပျူလို့ အမည်ပေးခဲ့ပေမဲ့ ဧကန်မုချ ပျူပါလို့
(မြန်မာနဲ့မတူတဲ့ ပျူပါလို့) လုံးဝ အတည်မပြုကြောင်း၊
သူက ပျူလို့ပေးထားတဲ့ ယာယီအမည်ကို သုတေသန
အသစ်အသစ်တွေလုပ်ပြီး ပြန်ပြင်ပေးကြပါလို့ မှာထား
ခဲ့ပေမယ့် ဒီစာကို မဖတ်ဖူးတဲ့သူတွေဟာ ပျူဟာ မြန်မာ
မဟုတ်ဆိုတဲ့ လုစ် နှပ်ချကွက်ထဲမှာ နှပ်ချခံကြရတယ်။
ပျူဟာ မြန်မာဆိုတာ အထောက်အထားအရ အလွန် ထင်ရှား နေပေမယ့် ၀န်မခံရဲတဲ့ သူရပေါကြောင်သူတွေ မနည်းပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သရေခေတ္တရာနိုင်ငံ၊ မင်းနဲ့ပြည်သူတွေကို ရှေးအိန္ဒိယက “ဗရမ္မာ-ဗမာ” ၊ ရှေးတရုတ်တွေက “ဗရမ္မာ ခေါ်ပျူ” လို့ ခေတ်ပြိုင်မှတ်တမ်း တင်ချက်တွေအရ သရေခေတ္တရာဟာ “ဗရမ္မာနိုင်ငံ-ဗမာနိုင်ငံ”ကြီးပါ။ သရေခေတ္တရာသားတွေဟာ
ဗရမ္မာ-ဗမာ တွေပါ။ ဗရမ္မာလူမျိုးရဲ့ နောက်အမည်ပွား တွေက“မရမ္မာ-မြန်မာ“ နဲ့ “ပြု (၀ါ) ပြူ-ပျူ-ပု” တို့ဖြစ်ပါ တယ်။
----------------------------------------------------------
(အစဉ်လေးစားလျှက်) *ဘုန်းတင့်ကျော်*
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်