စောင့်နေခဲ့တာ

ကိုယ်ဟာ တစုံတခုကို စောင့်နေခဲ့တာဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်စောင့်နေမိတာ အချိန်ဖြစ်နေလို့ပါ...
ကိုယ်ဟာ တစုံတခုကို မကြာခဏ ကြည့်ဖြစ်နေခဲ့တယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်တွေ့တွေ့နေတာ ကိန်းဂဏန်းတွေမို့ပါ...
ကိုယ်ဟာ တစုံတခုကို ပျောက်ဆုံးသွားမှာ စိုးရိမ်နေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဆုံးရှုံးနေတာ နုပျိုခြင်းတွေ...
ကိုယ်ဟာ တစုံတခုအတွက် နောင်တရနေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရွှင်ပျတဲ့ ဟဒယနဲ့ မွေးဖွားမလာခြင်း(သို့) ရင်းနှီးမနေခြင်း...
ကိုယ်ဟာ တစုံတခုသော အသွေးအမွေးရှိမယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရာသီလိုက်ပြီး အရောင်ပြောင်းတတ်တာ...
ကိုယ်ဟာ တစုံတခုကို မှီခိုအားထားရတော့မယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
အချိန်မှန်မှန် ဆေးမသောက်တတ်တာ...
ကိုယ်ဟာ တစုံတခုအတွက် စွန့်လွှတ်စွန့်စားဖို့လိုရင်
ဝမ်းနည်းစရာကောင်းတာက
ထုတ်သုံးတဲ့ ဓား.. ကြားဖူးတယ်မဟုတ်လား ယိမ်းနွဲ့ပါး တဲ့...
အကောင်းနဲ့ အဆိုး တစုံတခုကိုရွေးရမှာ…
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဟာ အဆွေးအမြေ့တွေနဲ့သာ အသားကျပြီးနေတတ်တာ...
ကိုယ်ဟာ တစုံတခုကို အဖော်ပြုပြီး နေမိတယ်ဆိုရင်
ဝမ်းသာစရာကောင်းတာက
စာဖတ်နေတတ်တာ…

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်