ကဗာ

စိတ်ရူးပေါက်တိုင်း ထထပြောတဲ့
သဘောအချို့ဟာ မှန်တာလည်းရှိ
မှားတာလည်း အပြည့်ပေါ့ ဒါပေမယ့်လည်း
ပျက်စေလိုခြင်း စေတနာ မထည့်
မရည်ရွယ်ပါဘဲ ပြုမိတာက အမှားဆိုရင်
အမှန်နေခြင်းနဲ့ တောင်းပန် အကြောင်းကံ
ကိုကုစား ဂုဏ်ဒြပ်တွေ မြေမှာထားလို့
ဝတ်တွားလိုက်မယ်
ဒါ ငါထားနိုင်တဲ့ မာန အကုန်
မယုံရင် စမ်းကြည့် သဘောကတော့ ရိုးတယ်
ပါးစပ်က ဆိုးတယ် ပေါင်းလိုက်တော့ တိုး
မြောက်လိုက်သလို ဆပွား ဆိုကြတာက
ငါက ကြမ်းတယ်
ကြမ်းလို့ကြောက် ကြောက်လို့ကြမ်းနဲ့
အထင်အမြင်တွေကြား ကူးခတ်နေတဲ့လူကများ
ဒီလိုနဲ့ပဲ ဘဝတွေကခြား မသိသလိုလား
တဖြည်းဖြည်းနဲ့ ဆွေး… ငေး… ဝေး…တွေး…
ခုတော့လည်း အဟောင်းတွေက ပျောက်
အသစ်တွေက ရောက် ဒီလိုနဲ့ ချာလပတ် လည်ရင်း
 ရှာမရအောင် ပျောက်နေတာကိုစွဲ
တခါတလေလည်း အမှတ်ရ တခါတလေလည်း
သတိမရ ဒါက ငါ့ဘဝ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်