၁၇၅၃-ခုနှစ်တွင် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ၏ဘုရင်ခံချုပ်ဆွန်းဒါး (ှကေကိနမ) သည် ဟိုင်းကြီးကျွန်းကို စစ်ရေးအရ အခြေစိုက်ထားရန်၊ ゞင်း၏လျှို့ဝှက်ကော်မတီဖြင့် ဆုံးဖြတ် ခဲ့သည်။ ၁၇၅၄-ခုနှစ်၌ ゞင်းတို့ ၏တပ်ဖွဲ့ တဖွဲ့သည် ဟိုင်းကြီးကျွန်းပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဟိုင်းကြီးကျွန်းအား တိတ်တဆိတ် တက်ရောက် သိမ်းပိုက် အခြေစိုက်ရန် အကြံပေးသူမှာ ကပ္ပတိန်ဘာတွန်(ဃစေအငေည မြေအသည)ဖြစ်ပေသည်။
ဘုရင်ခံချုပ်ဆွန်းဒါး၏]]ဟိုင်းကြီးကျွန်းတွင် ဥရောပကိုလိုနီထူထောင်ခဲ့ရခြင်းအကျိုး ဆက်များ}}အမည်ရှိ စာတန်းတွင် မြန်မာ့မြေတစိတ်တဒေသကို ကုမ္ပဏီက မည်သည့်ရည်ရွယ်ချက် ဖြင့် သိမ်းယူအခြေစိုက်ခဲ့ခြင်းဖြစ်သည်ကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။
ဟိုင်းကြီးကျွန်းတွင် အင်္ဂလိပ်တို့လာရောက် အခြေစိုက်ခြင်းမှာ ကုန်သွယ်ရေးသက်သက် ကြောင့် မဟုတ်ပေ။ ထိုကျွန်းတွင် အခြေစိုက်လိုက်ခြင်းအားဖြင့် ထိုကျွန်း၏အချုပ်အချာအာ ဏာသည် ကုမ္ပဏီ၏လက်တွင်းသို့ ကျရောက်လာမည်။ မြစ်ကြောင်းတွင် သောင်များ ထွန်းပေါ်နေ ခြင်းကြောင့် နှစ်အနည်းငယ်အတွင်း သန်လျင်ဆိပ်ကမ်းကောသွားကာ သင်္ဘောကြီးများ ဝင်နိုင် တော့မည်မဟုတ်ဟု ကျွန်ုပ်တို့ယူဆသည်။
ဟိုင်းကြီးကျွန်းသည် သင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့်မြစ်ဖျားနှင့်ဆက်သွယ် လျက် ရှိသည်။ ထိုမြစ်များမှတဆင့် မြန်မာမင်း၏ပိုင်နက်တွင်းသို့ ကုမ္ပဏီ၏ကုန်သွယ်မှုထိုးဖေါက်
ဝင်ရောက်သွားနိုင်သည်။ မြန်မာနိုင်ငံမှ ကုန်စည်အားလုံးကို ဟိုင်းကြီးကျွန်းမှပင် ကောက်ယူနိုင် သည့်အပြင် ထိုကျွန်းတွင် သင်္ဘောများ လွန်းတင်ခြင်း၊ သင်္ဘောသစ်များ တည်ဆောက်ခြင်းတို့ကို လည်း သန်လျင်ဆိပ်ကမ်းမှာထက် အန္တရာယ်ကင်းစွာ လုပ်နိုင်သည်။ ဟိုင်းကြီးကျွန်း၏ပထဝီအ နေအထားအရလည်း အတော်အတန် အင်အားကြီးသည့်ထိုးစစ်ကိုပင် အလွယ်တကူ တွန်းလှန် နိုင်သည်။
မြန်မာနိုင်ငံတွင်း ဗြိတိသျှဩဇာကို ထိုးဖောက်လွှမ်းမိုးရေးတွင်လည်းကောင်း၊ ပြင်သစ် တို့နှင့်အားပြိုင်ရာတွင် အခြေစိုက်စခန်းတခုအဖြစ် အသုံးပြုရန်လည်းကောင်း ဟိုင်းကြီးကျွန်း သည် များစွာ အလားအလာကောင်းသည်ဟု စာတန်းပြုသူက ထောက်ပြခဲ့လေသည်။
ဤသို့ အင်္ဂလိပ်တို့ မြန်မာ့မြေ ဟိုင်းကြီးကျွန်းကို တိတ်တဆိတ် အလွယ်တကူ ဝင်ရောက် ခြေကုပ်ယူတပ်စွဲနိုင်ခဲ့ခြင်းကလည်း ထိုစဉ်က မွန်မြန်မာစစ်ပွဲဖြစ်နေဆဲကာလ ဖြစ်သည်။ ပထမတွင်
မွန်တို့အရေးသာသည်။ ပြည်နှင့်တောင်ငူတို့ကို သိမ်းယူနိုင်ပြီး နှစ်အတော်ကြာတွင် အင်းဝကို သိမ်းပိုက်ကာ အင်းဝမင်းအား ဟံသာဝတီသို့ ဖမ်းဆီးသွားနိုင်ခဲ့သည်။ တောင်ငူနန်းဆက် နိဂုံး ချုပ်သွားခဲ့သည်။
မွန်တို့အထက်အောက် မြန်မာနိုင်ငံကို သိမ်းယူလိုက်ချိန်တွင် အလောင်းမင်းတရားပေါ် ထွန်းခဲ့သည်။ မွန်တို့အား ခုခံတွန်းလှန်ခဲ့၏။ တနှစ်အတွင်း အင်းဝကို အလောင်းမင်းတရား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံး ရန်ကုန်မြို့သည် အလောင်းမင်းတရားလက်သို့ ကျ ရောက်ခဲ့လေသည်။
၁၇၅၅-ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီက အလောင်းမင်းတရားနှင့်မဟာမိတ်စာချုပ် တရပ် ချုပ်ဆိုရန် ကပ္ပတိန်ဘေကာဃစေအငေညြေုနမ အား အင်းဝသို့ လွှတ်လိုက်သည်။ ကပ္ပတိန် ဘေကာက အလောင်းမင်းတရားနှင့်တွေ့ဆုံရပုံကို ゞင်း၏မှတ်တမ်း၌ အောက်ပါအတိုင်း ရေး သားခဲ့သည်။
၁၇-ရက်နေ့ နံနက်တွင် ကျွန်ုပ်အား ညနေညီလာခံတွင် ဘုရင်မင်းမြတ်အား တွေ့ခွင့်
ရမည်ဖြစ်ကြောင်း အကြောင်းကြားသည်။ ထိုနေ့ညနေ(၄)နာရီတွင် မြန်မာအရာရှိ ၁၀ ဦး ၁၂
ဦးခန့်နှင့်အတူ ယမ်းသေတ္တာ(၄)၊ သေနတ်(၂) ကြေးအမြောက်(၁)၊ ရွှေရည်သုတ်မှန်(၁) မြေနီ မှုန့်အိတ်(၂) ရေမွှေးပုလင်း(၆)တို့ကို ယူဆောင်ကာ ဘုရင်ခံချုပ်ထံမှ ပေးလိုက်သည့်စာနှင့်အတူ နန်းတော်သို့ ထွက်လာခဲ့သည်။ နန်းတော်တံခါးဝသို့ ရောက်သော် စစ်အင်္ဂါခင်းကျင်းထားသည့် ဆင်တပ် မြင်းတပ်များကို ဖြတ်ကျော်ကာ နန်းရင်ပြင်သို့ရောက်ခဲ့သည်။ နန်းရင်ပြင်တွင် ၂၀ဝ ခန့်ရှိသော ကြေးအမြောက်၊ သံအမြောက်များ ခင်းကျင်းထားသည်။ နန်းဦးသို့ ရောက်မှ ရာဇ ပလ္လင်ပေါ်တွင် စံနေတော်မူသော ဘုရင်မင်းမြတ်ကို တွေ့မြင်ရပေသည်။
ကပ္ပတိန်ဘေကာသည် ဘုရင့်ရှေ့တော်တွင် မည်သို့မည်ပုံ ခစားရပုံ၊ မိမိဝတ်ဆင်ထား သည့်အနောက်တိုင်းဝတ်စုံဖြင့် မြန်မာနည်းမြန်မာ့ဟန် ခစားရသည်မှာ မည်မျှခက်ခဲပုံစသည်များ ကိုလည်း ゞင်း၏မှတ်တမ်းအောက်ခြေမှတ်စုတွင် ဖေါ်ပြထားသေးသည်။
အလောင်းမင်းတရားသည် ထိုစဉ်က သန်လျင်ကို တိုက်ခိုက်သိမ်းယူရေးအတွက် လုံး ပမ်းနေဆဲကာလဖြစ်သဖြင့် ကပ္ပတိန်ဘေကာနှင့်စာချုပ်ချုပ်ဆိုရန် ဆန္ဒမရှိသေးပေ။ သို့တိုင် အောင် အင်္ဂလိပ်တို့က သေနတ်(၁၀ဝ၀)နှင့်အမြောက် ၂၀ ပေးပါက ကုမ္ပဏီအား ဟိုင်းကြီးကျွန်း နှင့်ပုသိမ်တို့အပြင် ရန်ကုန်မြို့တွင်ပါနေရာတနေရာပေးမည်ဟု ပြောသည်။
ယခုလောလောဆယ်တွင် မြန်မာမင်းအလိုရှိသည့်လက်နက်များ မပေးနိုင်သေးပေ။
ゞင်းနှင့်ပါလာသောစာချုပ်မူကြမ်းကို ဘုရင်က လက်မှတ်ရေးထိုးပါက ထိုလက်နက်များအား ဟိုင်း ကြီးကျွန်းအရောက် ယူဆောင်လာခဲ့ပါမည်ဟု ကပ္ပတိန်ဘေကာက ဆိုသည်။ အမှန်တကယ်တွင် မူ အလောင်းမင်းတရားသည် အင်္ဂလိပ်တို့အား ဟိုင်းကြီးကျွန်းတွင် ထားရန်ကိစ္စကို ယုံကြည်စိတ် ချခြင်းမရှိပေ။
အလောင်းမင်းတရားက ကပ္ပတိန်ဘေကာအား အောက်ပါအတိုင်း ဆက်လက်ပြော
ကြားခဲ့သည်။
သင်တို့အား ဟိုင်းကြီးကျွန်းတွင် မနေရဟု ငါမဆို၊ သို့သော် ကုမ္ပဏီက ငါ့အပေါ်တွင် မည်မျှရက်ရောသည် တွေ့ရသောအခါ ငါ၏ရက်ရောမှုကို သင်တို့တွေ့ရမည်ဖြစ်သည်။ သင်နှင့်ငါ တို့သည် ယခုမှ တွေ့ဖူးမြင်ဖူးကြသည့်သူစိမ်းတရံဆံများဖြစ်ကြသည်။ သင်တို့အဘယ်သင်္ဘောနှင့် ဟိုင်းကြီးကျွန်းတွင် အခြေစိုက်နေကြသည်ကိုလည်း ငါမသိရသေး။ သင်တို့လည်း ငါ့အပေါ်သစ္စာ
ရှိကြောင်း တကြိမ်မျှ မပြခဲ့ကြသေး။
ရန်ကုန်မြို့သို့ ရောက်လာသည့်သင်တို့၏သင်္ဘောများကို ငါက ကောင်းမွန်စွာ ကြိုဆို လက်ခံခဲ့ပါလျက် ထိုသင်္ဘောများသည် ငါ့အပေါ် သစ္စာဖောက်ခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်တွင် ကုမ္ပဏီက ငါ့အပေါ်တွင် မည်မျှသစ္စာရှိမည်ကို ငါစောင့်ကြည့်ရဦးမည်။
ကုမ္ပဏီကသာ ငါ့အပေါ်တွင် ရက်ရောမှုရှိကြောင်း ပြစမ်းပါစေ။ ငါက ကုမ္ပဏီအပေါ်ကို
ရက်ရောမည် မပူပါနှင့်။ မဒရပ် တမြို့လုံး ဟိုင်းကြီးကျွန်းကို ရွှေ့ခဲ့ပါစေ ငါမမှု။ ကုမ္ပဏီ၏ကတိ သစ္စာတည်ကြည်မှုကို ဆုံးဖြတ်ရန် ယခုတကြိမ်သာ ကျန်တော့သည်။
ဤသို့ဖြင့် ကပ္ပတိန်ဘေကာသည် ゞင်းတို့ချုပ်ဆိုလိုသော စာချုပ်မချုပ်ဖြစ်ပဲ ပြန်ခဲ့ရ သည်။ ゞင်းနောက် ၁၇၅၇-ခုနှစ်၊ ဂျုလိုင်လတွင် အလောင်းမင်းတရားသည် ကုမ္ပဏီ၏ကိုယ်စား လှယ်အသစ်ဖြစ်သော အင်ဇိုင်းရောဘတ်လက်စတာ(နညဖငါညျွသဘနမအူနျအနမ)နှင့်ဆွေးနွေးခဲ့ သည်။ ]]စာချုပ် ချုပ်ဖို့လိုပါ၏လော}}ဟုအင်ဇိုင်းရောဘတ်လက်စတာအား မင်းတရားကြီးက အကြိမ်ကြိမ် မေးခဲ့သည်။ မင်းတရားကြီးအနေဖြင့် စာချုပ်စာတန်းကို တဆောင်တယောင် လက် မှတ်ထိုးတံဆိပ်ခတ်နှိပ်ကာ ချုပ်ဆိုလိုသောဆန္ဒ မရှိ။ သို့သော်လည်း နောက်ဆုံး၌မူ စာချုပ်ချုပ်
ရန် သဘောတူပြိး စာချုပ်တွင် ဘုရင့်တံဆိပ်ကို ခတ်နှိပ်ခဲ့သည်။
ထိုစာချုပ်အပုဒ်(၁)တွင် ပဲခူးနှင့်အင်းဝဘုရင်ကိုယ်တိုင်နှင့်နောင်သားတော်အစဉ်မြေး တော်အဆက်ဆက်တို့သည် အရှေ့အိန္ဒိယကုမ္ပဏီနှင့်ゞင်းအား ဆက်ခံမည့်သူများအား ဟိုင်းကြီး ကျွန်းကို လုံးဝပေးအပ်လိုက်သည်။ ယခုအချိန်မှစ၍ ゞင်းတို့သည် ထိုကျွန်းမှာ ရှိမည့်အကျိုးခံ စားခွင့်မှန်သမျှ အကျိုးစီးပွားမှန်သမျှကို တည်ငြိမ်အေးချမ်းစွာ ပိုင်ဆိုင်ခံစားခွင့်ရှိသည်။
အပုဒ်(၂)တွင်မူ ကုမ္ပဏီအား မြေယာတကွက်ပေးသည့်အကြောင်းကို ဖေါ်ပြထားသည်။ ထိုမြေယာပေါ်မှ ရမည့်အကျိုးအမြတ်များအားလုံးကို ကုမ္ပဏီက ခံစားခွင့်ရှိသည့်အပြင် ခံတပ် စခန်းများ ဆောက်လုပ်ခွင့်နှင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပါ ပါလေသည်။
အပုဒ်(၈)တွင် ကုမ္ပဏီက မြန်မာမင်းနှင့်တကွ ゞင်း၏သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွှန့်တို့အား ရေကြောင်းကုန်းကြောင်းမှ တိုက်ခိုက်လာသည့်ရန်သူမှန်သမျှကို ခုခံကာ ကွယ်ပေးရမည်။ ရေကြောင်း ကြည်းကြောင်းမှလာသည့်ရန်သူများကို မြန်မာမင်းက ခုခံတိုက်ခိုက်
ရာတွင် ကုမ္ပဏီက မြန်မာမင်းအား စစ်သည်များဖြင့်လည်းကောင်း၊ စစ်လက်နက်များပစ္စည်းများ
ဖြင့်လည်းကောင်း ထောက်ပံ့ကူညီရမည်။
စာချုပါအခြားအပုဒ်များတွင်မူ ကုမ္ပဏီ၏ကုန်သွယ်ခွင့်နှင့်လုံခြုံမှုများကို အင်းဝဘုရင် က လုံးဝအာမခံပေးထားသည်။
ထိုအခွင့်အရေးများ ရရှိသဖြင့် ကုမ္ပဏီက အင်းဝဟံသာဝတီမင်းမြတ်နှင့်တကွ ゞင်း၏ သားတော် မြေးတော်အဆက်ဆက်တို့အား ကုမ္ပဏီ၏ဆိပ်ကမ်းမြို့များဖြစ်သည့် ဖို့စိန်ဂျော့ ဖို့စိန် ဒေဗစ်၊ ဒေဗီကိုတာ့နှင့်ဗဇ္ဇဂပတန်အစရှိသည့်မြို့များတွင် အကောက်ခွန်မဲ့ ဝင်ရောက်ရောင်းဝယ် ဖောက်ကားခွင့်ပြုထားသည်။
ကုမ္ပဏီ၏ဆိပ်ကမ်းမြို့များသို့ဝင်ရောက်လာသည့်မြန်မာသင်္ဘောနှင့်တကွ သင်္ဘောတွင် တင်ဆောင်လာသည့်ကုန်စည်များသည် မြန်မာမင်းပိုင်ဖြစ်ကြောင်း၊ သို့တည်းမဟုတ် မြန်မာမင်း
၏ကျေးတော်မျိုး ကျွန်တော်မျိုးဖြစ်ကြောင်းကို ဘုရင်မင်းမြတ်၏ရုံးတံဆိပ်ခတ်နှိပ်ထားသည့် သက်သေခံလက်မှတ်အထောက်အထားဖြင့် သက်ဆိုင်ရာသင်္ဘောဦးစီးက ပြသနိုင်ရမည်ဖြစ်ပေ
သည်။
ထိုစာချုပ်သည် အလောင်းမင်းတရားကြီးက အလွန့်အလွန်ရက်ရောမှုကို ပြလိုက်ခြင်း ဖြစ်သည်။ စာချုပ် ချုပ်ဆိုပြီး တလမပြည့်မီမှာပင် အင်ဇိုင်းရောဘတ်လက်စတာသည် ဟိုင်းကြီး ကျွန်းအား တရားဝင်သိမ်းယူခဲ့သည်။ ၁၇၅၇-ခု၊ ဩဂုတ်လ ၂၂ ရက်နေ့စွဲဖြင့် အင်ဇိုင်းရောဘတ် လက်စတာသည် ゞင်း၏မှတ်တမ်း၌ အောက်ပါအတိုင်း ရေးသားခဲ့သည်။
ထိုနေ့ နံနက်တွင် တဘက်ကမ်းသို့ သွားရောက်ကာ အလောင်းမင်းတရားပေးကမ်းလိုက် သည့်မြေယာကို ကုမ္ပဏီအမည်ဖြင့် တရားဝင်လက်ခံယူခဲ့သည်။ အင်္ဂလိပ်အလံကို လွှင့်ထူကာ အ ခါတော်အထိမ်းအမှတ် သေနတ်(၃)ချက် ပစ်ဖောက်ခဲ့သည်။
ဤသို့ဟိုင်းကြီးကျွန်းပေါ်၌ အင်္ဂလိပ်အလံ လွှင့်ထူလိုက်ခြင်းသည် မြန်မာမြေတစိတ် တဒေသကို အင်္ဂလိပ်တို့ ပိုင်ဆိုင်လာသည့်အမှတ်အသားပင် ဖြစ်သည်။ ၁၇၅၇-ခုနှစ်မှာပင် အင်္ဂ လိပ်တို့သည် မြန်မာပိုင်နက် တစိတ်တဒေသကို ゞင်းတို့လက်ဝယ် တရားဝင်ပိုင်ဆိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ပြောနိုင်သည်။
၁၇၅၆-ခုနှစ်က အလောင်းမင်းတရားသည် ゞင်း၏မြို့တော် ရွှေဘိုသို့ပြန်နေခိုက် မွန် အမျိုးသားများက ရန်ကုန်မြို့ကို သုံးကြိမ်တိုင်တိုင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ ဧရာဝတီမြစ်
ဝကျွန်းပေါ်နှင့်ဟံသာဝတီတွင် တပ်စွဲထားသော မြန်မာတပ်များကို အင်္ဂလိပ်တို့ အကူအညီဖြင့် မွန်အမျိုးသားတို့က များစွာခြိမ်းခြောက်နိုင်ခဲ့ကြသည်။ မွန်မြန်မာပဋိပက္ခကို အကြောင်းပြုကာ
ゞင်းတို့၏ကိုယ်ကျိုးအတွက် အမြတ်ထုတ်ဖို့ စောင့်ကြည့်နေကြသည့်အင်္ဂလိပ်တို့သည် မွန်တို့အ ရေးသာမည်ထင်၍ မွန်တို့အား ကူညီထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။ နောက်တဘက်ကလည်း အ ထက်ပါ အင်္ဂလိပ်မြန်မာစာချုပ်ကို အလောင်းမင်းတရားနှင့်ချုပ်ဖြစ်အောင် ချုပ်လိုက်ကြသေး သည်။
အလောင်းမင်းတရားသည် အကြားအမြင်များပြားပြီး အမြော်အမြင်ကြီးသောဘုရင် ဖြစ်သည်။ အိန္ဒိယကုန်းမြေတဝိုက်တွင် ပြင်သစ်နှင့်ဗြိတိသျှကိုလိုနီဝါဒသမားများ အဘယ်အထိ ခြေရှုပ်ခဲ့ကြသည့်အကြောင်းများကို ကြားသိတန်သ၍ ကြားသိထားပြီးဖြစ်သည်။
သို့ရာတွင် အခြေအနေနှင့်အချိန်အခါကို စောင့်ဆိုင်းခဲ့ရသဖြင့် ယင်းသို့မြန်မာနိုင်ငံ
ပြည်တွင်းရေးတွင် အမျိုးမျိုးဝင်ရောက်စွက်ဖက်ကာ ခြေရှုပ်ချင်တိုင်း ရှုပ်နေကြသော ကိုလိုနီ
ဝါဒသမားများကို စောင့်ကြပ်ကြည့်ရှုနေခဲ့သည်။
ဤသို့စောင့်ကြပ်ကြည့်ရှုနေခဲ့ရာမှ ゞင်းတို့ကို ရှင်းလင်းသုတ်သင်ခြင်း မပြုလျှင် မည်သို့ မျှ မဖြစ်နိုင်တော့သည့်အဆုံးတွင် အလောင်းမင်းတရားသည် အမြော်အမြင်နှင့်ပြည့်စုံသောအ ကြီးအကဲတဦးပီပီ ပြင်သစ်နှင့်ဗြိတိသျှကိုလိုနီဝါဒသမားတို့ကို ရှင်းလင်းသုတ်သင်ခြင်းပြုလေတော့
သည်။
၁၇၅၉-ခုနှစ်တွင် အလောင်းမင်းတရားသည် မြန်မာပြည်တွင်းသို့ ရောက်လာသည့်ကုမ္ပ ဏီ၏အာဏာပိုင်တဦးဖြစ်သော မစ္စတာဝှိုက်ဟီးဆိုသူအား ဖမ်းဆီးအကျဉ်းချထားပြီး ゞင်း၏ သင်္ဘောကိုပါ သိမ်းယူလိုက်သည်။ မစ္စတာဝှိုက်ဟီးသည် မွန်တို့အား စစ်ရေးအရ ကူညီခဲ့သော ကြောင့် ဤသို့ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
အင်္ဂလိပ်တို့သည် ဘင်္ဂလားမှ ကပ္ပတိန်ဆောက်သ်ဘီ(ဃစေအငေညှသကအ့ဘပ)ကို ဟိုင်းကြီး
ကျွန်းပေါ်ရှိ ゞင်းတို့ခံတပ်အား စီမံကွပ်ကဲရန် လွှတ်လိုက်သည်။ ဆောက်သ်ဘီကျွန်းပေါ်သို့ရောက် သောအခါ ပုသိမ်မြို့ဝန်နှင့်အလောင်းမင်းတရား၏လက်စွဲတော်ပေါ်တူဂီလူမျိုးအန်တိုနီယို (ဗညအသညငသ) တို့ကိုတွေ့ရသည်။
နောက်နေ့ နံနက်တွင် ဆောက်သ်တီနှင့်အန်တိုနီယိုတို့ကို နံနက်စာ စားနေကြစဉ် မြန်မာ စစ်သားများ ကျွန်းပေါ်သို့ ရုတ်တရက်ရောက်လာကြသည်။ လက်နက်ကိုယ်စီ ကိုင်စွဲလျက်ဖြစ် သည်။ မြန်မာစစ်သားများသည် ကျွန်းပေါ်ရှိ အင်္ဂလိပ်လူမျိုးများအားလုံးကို သုတ်သင်ပစ်လိုက် သည်။ ကုမ္ပဏီ၏သစ်လုံးများကို မီးတင်ရှို့လိုက်ကြသည်။
မှန်နန်းရာဇဝင်တော်ကြီး၏ရေးသားဖေါ်ပြချက်ကို တင်ပြရပါမူ
အင်္ဂလိပ်တို့က မွန်တို့အား လက်နက်ခဲယမ်းမီးကျောက်များ ထောက်ပံ့နေသည်ဟု တာ မွေတိုက်ပွဲတွင် ဖမ်းဆီးရမိသည့်မွန်သုံ့ပန်းတဦး၏သတင်းပေးချက်အရ အလောင်းမင်းတရား သည် မင်းရဲကောင်းပုံနှင့်မြင်းမှူးမင်း နယသင်္ခတို့ကို ဟိုင်းကြီးကျွန်းသို့ စေလွှတ်၍ အင်္ဂလိပ်တို့
အား တယောက်မကျန် ရှင်းလင်းသုတ်သင်ခြင်း ပြုလိုက်လေသည်။
မနုဿ
မှတ်ချက်။ ။၁၉၈၆-ခုနှစ်၊ မေလထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း စာမျက်နှာ (၂၇ မှ ၃၂ ထိ) ၌ လာရှိသောဆောင်းပါးကို ပြန်စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်