ကိရာတ



ပြည်သိန်းကျော်


            အိန္ဒိယနိုင်ငံတော်၏ယဉ်ကျေးမှုသည်  အေရိယံ၊  ဒရာဘိဒိယံ၊  အေစထရစ်(ကိုလ်)
နှင့်မောင်ဂိုလွိုက်စသည့်အကွဲကွဲအပြားပြားတို့   လူမျိုးစုများ၏ဖန်တီးမှုကြောင့်သာ   ဖြစ်ပေ
သည်။
            ဤကဲ့သို့  သမိုင်းတစ်လျှောက်တွင်  အရေးကြီးသောအခန်းကဏ္ဍမှ  ပါဝင်လှုပ်ရှားခဲ့
ရာတွင် အေရိယံ(ဗမပညေ)၊ အောစထရစ်(ဗကျအမငခ)နှင့်ဒရာဘိဒိယံ(ီမလေငိငညေ)စသော လူမျိုး
စုများအကြောင်းကို အချို့လေ့လာပြီးစီး၍ အချို့က လေ့လာဆဲဖြစ်သော်လည်း မောင်ဂိုလွိုက်
(ဩညါသူသငိ)လူမျိုးများနှင့်ပတ်သက်ရာတွင်မူ   သေသေချာချာ   ခွဲစိတ်ဖြာသုတေသနပြု၍
ယခုမှသာ စတင်လေ့လာရန်သာ ဖြစ်ပါသည်။


လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနှင့်ယဉ်ကျေးမှုပေါင်းစုံတို့ တွေ့ဆုံရာ အိန္ဒိယနိုင်ငံတော်။

            ကမ္ဘာကျော် ကဗျာဆရာကြီး ရာဘင်တရာနတ်တဂိုး(ျွဘေငညိမေညေအွေှ့ေါသမန) သည် သူ၏များပြားလှစွာသော ကဗျာတွေထဲက ကဗျာတစ်ပုဒ်ထဲ၌ အိန္ဒိယတိုင်းပြည်ကြီးကို အကွဲကွဲအပြားပြားသော လူသားတွေ ဝင်ရောက်လာပြီး ညီညွှတ်ပြေပြစ်သွားတဲ့မဟာသမုဒ္ဒ ရာကြီးနှင့်နှိုင်းယှဉ်ခဲ့ပါသည်။
            မည်သူမျှမသိတဲ့ မည်သူက ခေါ်လို့မည်သည့်နေရာကလာမှန်းမသိတဲ့ များပြားလှ စွာသော လူ့ရေစီးကြောင်းကြီးတွေသည် ခုခံတားဆီးနိုင်စွမ်းမရှိတဲ့ဒီရေလှိုင်းတွေနှင့်အတူ ပင်လယ်ထဲကို စီးဆင်းဝင်ရောက်ပျောက်ကွယ်သွားကြတယ်လို့ ဆိုတဲ့သူရဲ့(ြ့မေအွှေေငမအေ) ဘာရတာ  တာတ၊  သို့မဟုတ်  (ှခေမနွျှိအေနမ)  မြင့်မြတ်သောရေ  လို့ဆိုတဲ့ကဗျာထဲမှာအ
ရောင်ပြပြီး အိန္ဒိယနိုင်ငံ၏အရေးကြီးသောသမိုင်းလမ်းကြောင်းကို မီးမောင်းထိုးပြခဲ့ပါသည်။
            မောင်ဂိုလွိုင်လူမျိုးများသည်  အိန္ဒိယနိုင်ငံ  အရှေ့မြောက်ပိုင်း၊  အရှေ့ပိုင်းများမှ  လူ
ဦးရေများထဲတွင်  အတော်မှတ်သားစရာကောင်းလောက်အောင်  ပါဝင်ခဲ့ကြပေသည်။  သူတို့
တစ်တွေသည် အာသံပြည်နယ်၊ မြောက်နှင့်အရှေ့ဘင်္ဂလားပြည်နယ်၊ မြောက်ဘီဟာနယ်နှင့်
ဟိမဝန္တာတောင်ကြောနှင့်နီပေါပြည်နယ်များတွင် ခြေကုပ်ယူခဲ့ကြလေသည်။
            မောင်ဂိုလွိုင်လူမျိုးများကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါသည်။
(၁) ဟိမဝန္တာတောင်တန်း၊ နီပေါနှင့်အာသံပြည်နယ်များတွင် တွေ့နိုင်သော ရှေးကျသည့်ဦး
ခေါင်းရှည်လူမျိုး။
(၂) ရှေးမကျတကျနှင့်ပိုမိုတိုးတက်သော မြန်မာနိုင်ငံတွင် ရှိပြီး ရခိုင်မှတစ်ဆင့် စစ်တကောင်း
အထိ ဖြန့်ချဲ့လာသောဦးခေါင်းတိုလူမျိုး။
(၃) အရပ်ရှည်ရှည်၊ အသားလတ်လတ် ပိုမို၍ တိုးတက်သော တိဘက်တိုမောင်ဂိုလွိုင်လူမျိုး
တို့ ဖြစ်လေသည်။
            သိပ္ပံနည်းအရ လေ့လာ၍ စင်နိုတိဘက်တန်(ှငညသွှငဘနအညေ)စကားပြောနည်းများကို
(၁)တိဘက်တိုဘာမင်(ွှငဘနအသ  ကြမာညေ)  (၂)ဆိုင်ယမ်းမိချိုင်းနီစ်(ွငောန်န-ဃ့ငညန်န)ဟု
နှစ်မျိုးနှစ်အုပ်စုဟူ၍ အတန်းအစား ခွဲခြားပြနိုင်ပါသည်။
            ရှေးဦးတိဘက်မြန်မာ(ွှငဘနအသ-ကြမာညေ)လူမျိုးများသည်  လွန်ခဲ့သော  ခရစ်မပေါ်မီ
နှစ်ပေါင်း(၁၀ဝ၀)ကျော် (၁၀ဝ၀.ြ.ဃ)ကပင် အိန္ဒိယပြည်နယ်စပ်ကို ဖောက်ထွင်းဖြတ်ကျော်၍
ဝင်လာကာ  ဟိမဝန္တာ  တောင်ဘက်  တောင်ကြော  တစ်လျှောက်၌  ခြေချနေထိုင်သည့်အ
ကြောင်းများမှာ များစွာ ဖြစ်နိုင်ပါသည်။
            သင်္သကရိုက်ဘာသာ၏ဖွင့်ဆိုချက်များအရဆိုလျှင်    ကိရာတ(ုငမအေေ)ဆိုသည်မှာ
ပင်ကိုမောင်ဂိုလွိုက်လူမျိုးဖြစ်၍ အထူးသဖြင့် ဟိမဝန္တာတောင်တန်းနှင့်အရှေ့မြောက်အိန္ဒိယ
နိုင်ငံတစ်ဝန်းတွင် နေထိုင်သော အေရိယံ(ဗမပညေ)လူမျိုးမဟုတ်သော လူရိုင်းများဖြစ်ကြောင်း
ကို အိန္ဒိယပညာရှင်များက ယူဆခဲ့ကြသည်။
            ကိရာတလူမျိုးများသည်    တရုတ်လူမျိုးများ၊    အခြားမောင်ဂိုလွိုက်လူမျိုးများနှင့်
ဆက်နွှယ်ခဲ့ကြသည်။
            သူတို့သည် နဂိုရှိရင်းစွဲ ရှေးကျ၍ ရိုင်းစိုင်းသော အောစထရစ်(ဗကျအမငခ)နှင့်မတူတမူ
ကွဲပြားမှု ရှိနေပေသည်။ မောင်ဂိုလွိုက်လူမျိုးများနှင့်ကိရာတလူမျိုးများ အသွင်အပြင် ဟန်ပန်
တူညီခ်က္မ်ားကို  စင္ဗိန္လဲဗီး(ွပူလေငည  ဴနလင-ၿနစေူ  လသူ(ႈ)  ဏေမင်  ၁၉၀၅.  ဏဏ.၇၅အအ)ဆိုတဲ့
ပုဂ္ဂိုလ်ကြီးက ဖော်ပြခဲ့လေသည်။ ၎င်းပုဂ္ဂိုလ်ကြီးကပင် မဟာဘာရတ(ြေ့ဘေ့မေအေေ)နှင့်အ
ခြားသောကျမ်းများကို ကိုးကား၍သော်လည်းကောင်း၊ ရှေးပဝေသဏီက ဟင်ဒီစာရေးဆရာ
ကြးများ၏သဘောသကန်က ထောက်ပြ၍သော်လညးကောငး၊ မောင်ဂိလွိုက်များနှင့ကိရာတ
တို့ပုံပန်းဟန်ပန်များနှင့်ဆက်နွှယ်ပုံများကို ဖော်ပြခဲ့လေသည်။  ထို့ကြောင့်  ကိရာတတို့သည်
မောင်ဂိုလွိုက်လူမျိုးဖြစ်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပေသည်။
            ကိရာတတို့သည် ရွှေကဲ့သို့ ဝင်းဝါသော အရောင်အဆင်းများ ရှိကြသည်။ မြေပြန့်မှ
နေထိုင်ခဲ့ကြသော   အခြားများပြားသောလူမျိုးစုများနှင့်အေရိယံခေတ်မတိုင်မီ(ဏမန-ဗမပညေ)
က လူမျိုးများကဲ့သို့ မည်းသော မှောင်သော အရောင်အဆင်းရှိသောလူမျိုး မဟုတ်ပေ။
            အဝါရောင်ရှိသောကိရာတလူမျိုးများနှင့်သူတို့၏မဟာမိတ်၊  သို့မဟုတ်  သူတို့မွေး
ချင်းပေါက်ဖော်များ ဖြစ်ကြသော (ဃငညျေ)တရုတ်လူမျိုးများအကြောင်းကို မဟာဘာရတ(ြေ
့ဘေ့မေအေေ)ဇာတတော်ကြး၌ ကိရာတနှင့တရုတ်စစ်သားများသည ဘဂဒါတ(ြ့ေါေိအေ့ေ)
တပ်မတော်တွင်  သူတို့၏အရောင်အဆင်းမှာ  ရွှေရောင်ပေါက်နေပြီး  သူတို့တပ်မတော်ကို 
မြင်ရသည်မှာ    အဝါရောင်ပန်းများ(ုမေညငုမျေေ)ဖြင့်    ဖုံးအုပ်နေသောတောအုပ်ကြီးလိုပင်
ဖြစ်ပါသည်ဟု ဖော်ပြပါရှိခဲ့ပါသည်။ ရာမရန(ျွောပေညေေ)ဇာတ်တော်ကြီး၌လည်း အဝါရောင်
ကိရာတများနှင့်ပတ်သက်၍ ဖော်ပြခဲ့ပါသည်။
            ကိရာတများသည် ခေါင်းပုံ၌ ဆံပင်ကို ထောင်၍ချွန်နေအောင် ထုံးထားပြီး ရွှေရောင်
တမျှတောက်ပနေသဖြင့် များစွာပင် ကြည့်လို့ကောင်းကြောင်း၊ ရေအောက်တွင်လည်းကျွမ်း
ကျင်စွာ  လှုပ်ရှားကူးခတ်တတ်ပြီး  တကယ်ပင်  ကြောက်စရာကောင်းသောကျားလူမျိုး(ကျား
ကဲ့သို့အားမာန်ပြည့်သူများ)ဖြစ်ကြောင်း ဖော်ပြထားခဲ့ပါသည်။
            အရှေ့ဘက်နှငတောငပေါ်ဒေသတစလျှောကနေသောကိရာတတိ့မှာ ယငးတောင
ပေါ်များမှရသော   ရွှေများ၊   ငွေများ၊   ကျောက်သံပတ္တမြားများဖြင့်   ချမ်းသာကြွယ်ဝသူများ
ဖြစ်ပြီး အဝတ်အစားအမျိုးမျိုးကို ကျွမ်းကျင်စွာ ရက်ထုတ်နိုင်ကြောင်းသိရှိရလေသည်။
            ကိရာတလူမျိုးများသည်  လွန်စွာကြည့်ကောင်းသူများ  ဖြစ်သော်လည်း  စစ်ပွဲတွင်မူ
သူတို့လက်နက်များနှင့်အတူ  ကြမ်းကြုတ်ရက်စက်တတ်ကြလေသည်။  ၎င်းတို့၏အဝါရောင်
အရောင်အဆင်းများက  အခြားအခြားသော  အိန္ဒိယလူမျိုးများနှင့်သိသာထင်ရှားစွာ  ကွဲပြား
စေခဲ့လေသည်။
            ကိရာတတို့သည် တောင်ပေါ်ဂူတွေထဲတွင် နေထိုင်တတ်ကြသောလူမျိုးများဖြစ်ပြီး
၎င်းတို့ထံမှ  ဆေးဝါးများ၊  ပရဆေးများ  ရရှိကြောင်းကို  ဝေဒခေတ်  အေရိယံလူမျိုးက  သိရှိခဲ့
သည်။
            အရှေ့မြောက်နှင့်အရှေ့အိန္ဒိယတွင်  နေထိုင်ခဲ့သော  ကိရာတမောင်ဂိုလွိုက်လူမျိုး
များနှင့်စောစောပိုင်းက  ရောက်နေသောအောစထရစ်(ဗကျအမငခ)နှင့်ဒရာဗိဒိရမ်း(ီမလေငိငညေ)
တို့ မည်သို့ဆက်သွယ်ခဲ့ကြသည်က မသိရသော်လည်း မြန်မာပြည်နှင့်အင်ဒိုချိုင်းနားပြည်တို့
တွင်  မောင်ဂိုလွိုက်များက  ယင်းအောစထရစ်နှင့်ဒရာဗီဒီရမ်းလူမျိုးများကို  လွှမ်းမိုးရောနှော
ပစ်ခဲ့လေသည်။
            မြန်မာပြည်ကို  အဆက်မပြတ်  ဝင်ရောက်ခဲ့သော  တိဘက်မြန်မာအုပ်စုများသည်
နောင်သောအခါ၌  ကွဲကွာသွားကြလေသည်။  တစ်စုက  အာသံနှင့်ဗြဟ္မပုတ္တရမြစ်ဝှမ်းအထိ
ဆင်းလာပြီး  နောင်တွင်  ဘိုဒို(သြိသျ)နှင့်နာဂ(ၿေါေ်)လူမ်ိဳးမ်ား  ပေါက်ဖွားစေခဲ့ပေသည်။
တစ်စုကမူ ကချင်နှင့်ဆင်ဖိုးလူမျိုးများအဖြစ် မြန်မာပြည်၌ ကျန်ရစ်ခဲ့ကြသည်။ ကူကီ(ုကုင)
သို့မဟုတ်   ချင်း(ဃ့ငည)များသည်   အနောက်တောင်အာသံနှင့်မြန်မာပြည်တွင်   တွေ့ရလေ
သည်။
            နောက်မြန်မာလူမျိုး ၾမေညာေ(ၾပေည ာေ သမ ႀပော ာေ)များဖြစ်ပြီး အချို့က အာ
သံနယ်ကို ဖြတ်၍ စစ်တကောင်းနယ်ထဲသို့ ဝင်ခဲ့ကြသည်။
            ၎င်းတို့အားလုံးအား  တူညီသော  ဘာသာစကား၊  ယဉ်ကျေးမှုတူညီမှုအသွင်အပြင်
များကြောင့် တိဘက်မြန်မာအုပ်စုကြီး၏အာသံမြန်မာအုပ်စုဟု သတ်မှတ်ရပေသည်။
            ဘီစီ-၇၀ဝ မတိုင်မီက အေရိယံမဟုတ်သော တိဘက်မြန်မာလူမျိုးများသည် ဘင်္ဂ လားနှင့်အာသံပြည်မြောက်ပိုင်းတို့၌  တိုင်းကြီးပြည်ကြီးတစ်ခု  တည်ဆောက်ခဲ့ကြောင်း  အ
ထောက်အထားများ တွေ့ရှိခဲ့ရလေသည်။ ကျူးကျော်တိုက်ခိုက်ရေးသမားများကို ကိုယ်စားပြု
သော  တိဘက်မြန်မာတို့သည်  စိုးမိုးအုပ်ချုပ်သူများအနေနှင့်  ရာစုနှစ်ပေါင်းများစွာ  ထင်ရှား
တည်ရှိခဲ့လေသည်။  စောစောပိုင်းကမူ  ကိရာတများအနေနှင့်နီပေါချိုင့်ဝှမ်းမြောက်ပိုင်းဂေါ်
ကာနာ(ွသမုမေညေ)တွင် မြို့တော်တစ်ခု ထားရှိခဲ့ကြောင်း တွေ့ရှိရလေသည်။
            ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က  အလွန်တန်ခိုးအာဏာရှိန်ကြီးမားသော  နဂိုမောင်
ဂိုလွိုက်အမျိုး လိစ္စဝီ(ူငခခ့လေငျ)လူမျိုးများကို ဖော်ပြပြီးဖြစ်သည်။
            ၎င်းတို့၏ယဉ်ကျေးမှုနှင့်ဘဝအကြောင်းအရာများမှာ ဘရာမင်(ဟင်ဒူ)မဟုတ်သော
အသွင်လက္ခဏာများကိုလည်း ဗုဒ္ဓ၏ကျမ်းစာများ၌ တွေ့နိုင်လေသည်။
            ဤနေရာတွင်  ဘရာမင်အယူသည်းသူများက  သူတို့ထက  အာဏာတန်ခိုးကြီးမား
ပြီး အစစအရာရာ သာလွန်သော လိစ္စဝီ(ူငခခ့လေငျ)များ၏သြဇာအာဏာယုံကြည်မှု၊ လွှမ်းမိုး
မှုများကို အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်ဟုဆိုကြလေသည်။ (ှပူလငေညူနလပူန နြ-
စေူ ဠသှူု ဏဏ.၈၇ယ ၈၈။
            မောင်ဂိုလွိုက်နှင့်ဆွေမျိုးပေါက်ဖော်များဖြစ်သော အိန္ဒိယပြည်အပြင်မှ  မြန်မာ၊  ယိုး
ဒယား၊ တရုတ်စသည်တို့တွင် ဖြစ်ဖြစ်မြောက်မြောက် စာပေထွန်းကားခြင်း မရှိခဲ့ပေ။
            အထက်၌ ကျွန်ုပ်သည် နေရင်း ကိရာတ၊ သို့မဟုတ် အင်ဒိုမောင်ဂိုလွိုက်တို့ အိန္ဒိယ
သမိုင်းတွင်  သမိုင်းဝင်လှုပ်ရှားခဲ့ခြင်းမှာ  နှစ်ပေါင်း  ၃၀ဝ၀  ခန့်ကပင်  ဖြစ်ကြောင်း  ဖော်ပြခဲ့
သည်။
            အိန္ဒိယပြည်၏ယဉ်ကျေးမှုနှင့်သမိုင်းတို့၏တဖြည်းဖြည်း ပြောင်းလဲတိုးတက်စေမှုအ
ကြောင်းအရာများနှင့်ပတ်သက်၍ စေ့ငစွာ လေ့လာမှုများ ယခုတိုင် မလုပ်နိုင်သေးချေ။
            ၎င်းအခြင်းအရာများကိုလည်း  အမျိုးမျိုးသော  လူမှုရေးသိပ္ပံနည်းမျိုးစုံဖြင့်  ပြင်းပြင်း
ထန်ထန် အနီးကပ်လေ့လာဖို့ လိုပေသည်။
            တစ်ကယ်တော့ မောင်ဂိုလွိုက်များမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝ ကျော်လောက်
ကစ၍  အိန္ဒိယပြည်ကိစ္စများတွင်  ပါဝင်ဆောင်ရွက်ခဲ့သူများ  ဖြစ်ပါသည်။  သူတို့သည်  ဟင်ဒီ
ယဉ်ကျေးမှု၏ချန်ပီယံများ ဖြစ်လာကြပြီး ရေရှည်စစ်ပွဲကြီးများတွင် ဟင်ဒီတို့၏နိုင်ငံရေးလွတ်
လပ်မှုတိုက်ပွဲများအတွက် ခုခံကာကွယ်တိုက်ခိုက်ပေးသူများအဖြစ် ပြောင်မြောက်စွာ သမိုင်း
တင်ကျန်ရစ်သူများ  ဖြစ်သည်။  ထို့ကြောင့်  သူတို့သည်  အိန္ဒိယနိုင်ငံ၏အရေးကြီးသောနိုင်ငံ
ရေးအစိတ်အပိုင်းများ ဖြစ်လာရသည်။
            အဆက်မပြတ် ဖော်ပြခဲ့သော အကြောင်းအရာပုံပြင်များတွင် သူတို့(မောင်ဂိုလွိုက်)
၏အိန္ဒိယနိုင်ငံအပေါ်  ကိုယ်စွမ်းဉာဏ်စွမ်းများကို  လုပ်အားပေးပြီး  သက်စွန့်ကြိုးပမ်းဆောင်
ရွက်မှုများအား ဘယ်လိုမှမမေ့အောင်၊ သေးသိမ်အောင် လုပ်လို့မရနိုင်ပါချေ။
            ယခု ဖော်ပြပြီးခဲ့သော အကြောင်းအရာများမှာ ကလကတ္တားတက္ကသိုလ်မှဆရာကြီး
ဒေါက်တာချာတာဂျီ(ှကညငအငုကာမေ  ဃ့မေအနမငြြ.ဗ.(ဃေူခကအအေ)ီ.ူငအအ.(ူသညိသည)  င်္.ျွ.ဗ.
ှ.ြ.)၏စွမ်းဆောင်ချက်များကို ဆီလျော်အောင် အတိုချုံးရေးသားဖော်ပြရခြင်းဖြစ်ပါသည်။
            ဆရာကြီးချာတာဂျီက  လိမ္မာပါးနပ်စွာဖြင့်  နောက်ပညာရှင်များအား  ဆက်လက်
ထုတ်ဖော်ရန် ပြောဆိုခဲ့ပေသည်။ သို့သော်လည်း ဆရာကြီးချာတာဂီသည် အထက်ဖော်ပြပါ
အကြောင်းအရာများကို အထောက်အထားများအရ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်ပေသည်။
            ၎င်းအဆိုအရ ယနေ့ ကျွန်တော်တို့ မြန်မာပြည်တွင် ရှိနေသော မြန်မာလူမျိုးများအ
ပြင် အခြားပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်သော ချင်း၊ ကချင်၊ ကရင်၊ ကယား၊ နာဂ၊
ဝ၊ ပလောင်၊ ရှမ်း အစရှိသည်တို့မှာ မောင်ဂိုလွိုက်လူမျိုးစုအုပ်စုငယ်များမှ ဆင်းသက်လာသူ
များ ဖြစ်ပြီး မွန်လူမျိုးမှာမူ ရှေးနှစ်ထောင်ပေါင်းများစွာက မောင်ဂိုလွိုက်များနှင့်ပရိုတိုအောစ
ထရစ်(ဏမသအသ ဗကျအမငခ)တို့ ရောနှောမွှေနှောက်ပေါက်ဖွားလာသူများ ဖြစ်ဟန်တူ၏ဟုဖော်ပြပါ
ရှိလေသည်။
            အိန္ဒိယရာဇဝင်ကို ဖော်ထုတ်ရာ၌ ခတ္တိယ-ကိရာတ မောင်ဂိုလွိုက်တို့အကြောင်းမှာ
အခြားအေရိယံ(ဗမပညေ)၊   ဒရာဗိဒီယန်(ီမလေငိငညေ)နှင့်အောစထရစ်(ဗကျအမငခ)စသောလူမျိုး
အကြောင်းထက်စာလျှင် များစွာနောက်ကျခဲ့ကြောင်း၊ နှစ်ပေါင်းများစွာ အမှတ်မထင်နေခဲ့ပြီး
နောက်ကျမှ သုတေသနပြုရကြောင်း၊ ထို့ကြောင် သမိုင်းသုတေသီများက မောင်ဂိုလွိုက်သ
မိုင်းကြောင်းကို  ယခုထက်  အားထုတ်လေ့လာဖော်ပြသင့်ကြောင်း  ဒေါက်တာချာတာဂျီက
ရေးခဲ့ပါသည်။


ပြည်သိန်းကျော်





မှတ်ချက်။          ။ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အမှတ်(၅၇)၊ စာမျက်နှာ
                        (၂၈-၂၉-၃၉)တို့၌လာရှိသောဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်