မိုက်ရူးရဲ အလုပ်တဲ့လားလေ


***************
ဦးကျော်ရင် မီးပုံးပျံ စီးတာနဲ့ ပက်သက်လို့ စက်လဲမပါ အထိန်းအချုပ်လည်း ဘာမှ မရှိဘဲနဲ့ ဒီလို စွန့်စားတာဟာ ဘာအဓိပ္ပါယ်ရှိသလဲ မိုက်ရူးရဲ ဆန်တာ မဟုတ်ဘူးလား
ကျွန်တော်ဆို ဒီအလုပ်မျိုး တသက်လုံး မလုပ်ဘူး
ဒီစကားကို ၂၀ ကျော် ကလေးလေး တစ်ယောက် ဆီက စကားဆုံရာက ကြားမိလိုက်ရတယ်
မအံ့သြတော့ပါဘူး အသက် ၂၀ လောက်စွန်းစွန်း ရှိတဲ့ သူ့ အတွေး သူ့အမြင်ကို လေးစားပါတယ် သူမြင်တာကို မြင်တဲ့ အတိုင်း ပြောရဲတာကို လေးစားတာပါ မှန်တာ မှားတာ ခဏ ဖယ်ထားပေါ့
ဒါနဲ့ ပက်သက်လို့ ကျွန်တော် သူ့ကို နားလည်စေချင်လို့
ဒါကို ရေးဖြစ်တယ် ပေါ့ပေါ့ပါးပါး လေးနဲ့ ခေါင်းထဲ ဝင်သွား
မယ် အသိကို ပြောင်းလဲသွားစေချင်တယ် စကားနဲ့ တော့ အသိ ခံယူမှုကို မပြောင်းလဲပေးဖြစ်ခဲ့တာလည်း ပါတာပေါ့
ညီလေးရေ…
ထားဝယ်သားမို့ ထားဝယ်တွေ မြောက်ပြောတဲ့ စကား တွေ နဲ့ မပြောတော့ဘူးနော် ဒီဘက်ခေတ်မှာ စာပေလောက တစ်ခုလုံး လေးစားကြရတဲ့ အဘွား ဒေါ်အမာ ပြောပြတာ လေး တစ်ခု ပြန်ပြောပြမယ် ငါပြောနေတယ် မမြင်နဲ့ အဘွားက မင်းကို တိုက်ရိုက် ပြောနေတယ်လို့ပဲ စိတ်မှာ ခံစား ပြီးတော့မှ သေသေချာချာ ပြန်သုံးသပ်ပေါ့
မင်း ဒီမေးခွန်းကို မမေးခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက
အဘွားဒေါ်အမာက ဒီအကြောင်းကို အရေးတယူလုပ်ပြီး ပြောသွား ဖူးတယ် အဲဒီအချိန်က အဘွားအမာ ဆိုတာ ငယ်ငယ်လေး ရှိသေးတယ် အဘွားအမာ တတိယမြောက် ထုတ်ဝေတဲ့ စာအုပ်မှာ ဒီအကြောင်း ပြောပြခဲ့တယ်
အဘွားက ဘာပြောသလဲ ဆိုရင်
မင်းပြောတဲ့ စကားနဲ့ ဆက်ပြီး ပြောရင် အဲဒီဘက်ခေတ် အခြေအနေကို နားမလည်တဲ့ ဒီဘက်ခေတ် ကလေးတွေ အဲသလို ထင်ချင်ထင်လိမ့်မယ်တဲ့
မိုက်ရူးရဲဘယ်ဟုတ်မလဲ အစိုးရ အသိအမှတ်မပြုတဲ့ မြန်မာ့ အမျိုးသား အလံတော် ဒေါင်းအလံ နှစ်ခုကို ကိုင်ပြီး လွယ် လွယ်သေနိုင်တဲ့ စွန့်စားမှု တစ်ခုကို လုပ်ပြနိုင်တာ ဟာ
"သူ့ ကျွန်ဘဝနဲ့ မကျေနပ်တဲ့ မြန်မာကွ ဘာမဆို စွန့်စားရဲ တဲ့ သတ္တိ ရှိတယ် " လို့ နယ်ချဲ့ကို မြန်မာလူမျိုး ကိုယ်စား
စိန်ခေါ် ကြွေးကြော်တဲ့ သဘောမို့ မြန်မာပြည်သူတွေ က ဦးကျော်ရင်ရဲ့ စွန့်စားမှုကို နှစ်ထောင်းအားရ သိပ်ရှိကြတယ်
ကောင်းကင်မှာ လေမိလို့ အဝေးကြီး လွင့်ချင်လွင့်သွားမယ်
အကျမတော်လို့ ကျိုးကန်းရုံမက သေချင်လည်း သေ မြန်မာ့သွေး မြန်မာသတ္တိကိုပြ
ရင်း သေရတာ မြတ်တယ် ကောင်းတယ် လို့ ယူဆတယ်လေ ဒီလိုသေရင် အာဇာနည် တစ်ယောက်ပဲပေါ့
အဘွား အမာက အဲသလို ပြောပြတယ်လေ ဆက်ပြော တယ် ဦးကျော်ရင် မီးပုံးပျံစီးတာဟာ အသက် ၂၀ အရွယ် မိုက်ရူးရဲ အရွယ် မဟုတ်တော့ဘူး အသက် ၅၆ နှစ် အရွယ် ၁၉၂၉ ခုနှစ်မှာ စစီးတယ် အသက် ၆၆ အထိ ဆယ်နှစ် လုံးလုံး အကြိမ်ပေါင်း ၅၅ ကြိမ် စီးပြတယ် ဒီလိုစီးပြတာ ကွင်းထဲ လာကြည့်တဲ့ လူတွေဆီက ရတဲ့ ဂိတ်ကြေးကို စီးပြတဲ့ မြို့က ကျောင်းကန် ဆေးရုံတွေကို လှူပစ်ခဲ့တယ်
သူ့ကိုယ်ကျိုး မပါဘူး တဲ့
ကဲ ညီလေးရေ
မိုက်ရူးရဲ ဆန်တယ် မဆန်ဘူး ဆိုတာ သိလောက်ရောပေါ့
ငါမပြောပါဘူး အဘွားအမာက မင်းကို ပြောပြတာလေ
အဘွားစကားက မှတ်သားစရာချည်းပါပဲ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်