ကမ္ဘာဦးအခါက လူ့ပြည်တွင် ‘က၀ါလမိုင်းဆရာကြီး’ သည် လောကီဗေဒင်အရာ၌ အလွန်တရာ တတ်ကျွမ်း လိမ္မာ သည်ဖြစ်သောကြောင့် လူ့ပြည်၊ နတ်ပြည်တို့တွင် ထင်ရှား ကျော်ကြားလေသည် ။ သိကြားမင်းနှင့် ‘အာသီ’ အမည်ရှိသော ဗြဟ္မာမင်းတို့သည် တစ်နှစ်ပတ်လုံး၌ မင်္ဂလာအခါ မပြုကောင်း သောရက်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြ၏ ။ ဗြဟ္မာမင်းက သက္ကရာဇ်ကိုတည်၊ သုံးဖြင့်မြှောက်။ တစ်ဆယ့်နှစ် ဖြင့်စား ။ ကြွင်းသော ရက်သည် အခါမပြုကောင်း သောရက် ဖြစ်သည်ဟုဆို၏ ။ သိကြားမင်းက သက္ကရာဇ်ကို တည်၊ ခုနစ်ဖြင့်စား ။ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟု ဆို၏ ။ ထိုကဲ့သို့ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အငြင်းအခုံ ဖြစ်ရာ ရှုံးသူက ဦးခေါင်းဖြတ်ခံမည်ဟု ကတိပြုကြပြီး လူ့ပြည်သို့ သက်ဆင်း၍ က၀ါလမိုင်း ဆရာကြီးကို ခုံတင်မေးမြန်းကာ အဆုံးအဖြတ်ခံကြသည် ။ က၀ါလမိုင်းဆရာကြီးက သိကြားမင်း၏ ဆိုစကားသည် အမှန်ဖြစ်၏ ။ အကျွန်ုပ်ပြောသည်ကို မယုံကြည်ကြပါလျှင် စကြာဝဠာတံတိုင်းတွင် သွား၍ရှုကြပါလော့ ဟုဆို၏ ။ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့လည်း စကြာဝဠာ တံတိုင်းသို့ သွားကြည့်ကြရာ ဆရာကြီးပြောသည့် အတိုင်း မှန်နေသည် ကို တွေ့ကြရလေ၏ ။ ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို သိကြားမင်းက စက်ဖြင့်ဖြတ်ပြီးကြွင်းသော ဗြဟ္မာကိုယ်တွင် ‘ပိင်္ဂလ’ ဆင်၏ ဦးခေါင်းကို ဖြတ်၍တပ်ကာ ရေစင်ဖြန်းသဖြင့် အသက်ဝင်လာရာ မဟာပိန္နဲနတ် ဟူ၍ ဖြစ်လာလေသတည်း ။ သိကြားမင်းဖြတ်၍ လွင့်စဉ်သွားသော ဦးခေါင်းကို ကောက်ယူကာ တာဝတိံသာ နတ်ပြည်သို့ တက်ပြီးလျှင် ကမ္ဘာ တည်အံ့သော နတ်သမီး ခုနစ်ဖော်တို့ကို ရွေးချယ်၍ အပ်နှင်းလေသဖြင့် ထို နတ်သမီး ခုနစ်ယောက်တို့သည် တလှည့်စီ ကိုင်ကာ အလှည့်ကျ စောင့်ကြရလေသည် ။ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်စေ့သည့်အတွက် နတ်သမီး တစ်ပါးမှသည် အခြား နတ်သမီးတစ်ပါးသို့ ပြောင်းသည်ကို အစွဲပြု၍ သက္ကရာဇ်ဦးခေါင်း ပြောင်းသည် ဟု ခေါ်စမှတ် ပြုကြလေသည် ။ ဤသည်ပင်လျှင် သင်္ကြန်ကျ ချိန်ဖြစ်သည် ဟုသင်္ကြန်ကျခြင်း နှင့်ပတ်သက်၍ ဟိန္ဒူနက္ခတ္တ ဝေဒကျမ်းများတွင် ဖော်ပြထားပုံ ကိုဗဟုသုတ ရစေရန် ဖော်ပြ လိုက်ရပါသည် ။
သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ (Samkaranti) (အဓိပ္ပါယ် -Going from one place to another) မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကြန္တ -သင်္ကြန် ဟုရွေ့လျောလာ ခြင်းဖြစ်သည် ။ တစ်နည်းအားဖြင့်လည်း သင်္ကြန် = သင်္ကြန္တ = သီသကရ + အန္တ = (သီသ = ဦးခေါင်း + ကရ = ပြုခြင်း + အန္တ = အဆုံး) = သက္ကရာဇ်ဦး ခေါင်း အဆုံးပြုခြင်း ဟုလည်း ဖွင့်ဆိုကြပါသေးသည် ။ အဘယ်အရာ ကူးပြောင်း ၀င်ရောက် သနည်းဆိုလျှင် တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်းဝင် ရောက်ခြင်းဖြစ်သည် ။ ကူးပြောင်းဝင် ရောက်သော တနင်္ဂနွေဂြိုဟ်မင်းသည် သင်္ကြန်မင်း(သင်္ကြန္တရာဇာ) ပင် ဖြစ်၏ ။ တနင်္ဂနွေဂြိုဟ်ကို မင်းဟူ၍အဘယ် ကြောင့်ခေါ်သနည်း ။ “ ဥဒေတယံ၊ စက္ခုမာ၊ ဧကရာဇာ ” ဟူသော မောရသုတ် ပရိတ်တော်ကို ထောက်၍ခေါ်ပါသည် ။ သင်္ကြန်နှစ်မျိုးရှိရာ စူဠ၀ိသုဝ သင်္ကြန်နှင့် မဟာဝိသုဝ သင်္ကြန်တို့ဖြစ်သည် ။ တနင်္ဂနွေဂြိုဟ် ဖြစ်သော နေမင်းသည် ၁၂ ရာသီ စက်ဝန်းကို တစ်နှစ်တာ ပတ်လုံး လှည့်လည်လျှက်ရှိရာ သူရိယ နေမင်း တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းချိန်ကို စူဠ၀ိသုဝသင်္ကြန်ဟု ခေါ်ခြင်း ဖြစ်လေသည် ။ အိန္ဒိယနိုင်ငံ ၊ အချို့သော ပြည်နယ်များတွင် စူဠ၀ိသုဝသင်္ကြန်ပွဲ ဆင်နွှဲကြသည် ။ တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ် ၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ် ၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျမည် ၊ ၁၂ကြိမ် ကူးပြောင်းပါသည် ။ သို့သော် ထိုကဲ့သို့ ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ "သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့မှ အလေးအနက် ထားလေ့မရှိကြပါ ။ မဟာဝိသုဝ သင်္ကြန်ဆိုသည်မှာ တနင်္ဂနွေဂြိုဟ် နေမင်းသည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းဝင်ရောက် ချိန်ကိုရည်ညွှန်းသည် ။ အိန္ဒိယပြည် ၊ ဟိန္ဒူ ဘာသာဝင်တို့တွင် မိဿသင်္ကြန် ၊ ကြဋ်သင်္ကြန် ၊ တူသင်္ကြန် နှင့် မကာရသင်္ကြန်ဟု သင်္ကြန် လေးမျိုးရှိသည် ။ တနင်္ဂနွေ ဖုဋဂြိုဟ်စဉ်(နေ)သည် တောင်ဘက်မှ မြောက်ဘက်သို့ အကူး အီကွေတာပေါ် ဖြတ်သန်းစဉ် မိဿသင်္ကြန် ၊ မြောက်ယာဉ် စွန်းတန်းသို့ နေရောက်စဉ် ကြဋ်သင်္ကြန် ၊ မြောက်ဘက်မှ တောင်ဘက်သို့အကူး အီကွေတာပေါ်သို့ နေဖြတ်သန်းစဉ် တူသင်္ကြန် ၊ တောင်ယာဉ်စွန်းတန်းသို့ နေရောက်စဉ် မကာရသင်္ကြန် စသဖြင့် ဖြစ်၏ ။ ဂြိုဟ်အပေါင်းတို့ ၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုအလေးဂရုပြု ၍ နှစ် ၊ လ ၊ရက်တို့ ကိုမှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်း
အိန္ဒိယသင်္ကြန်သည် သာယနသင်္ကြန် ဖြစ်ပြီး မြန်မာပြည်သင်္ကြန်မှာ နိရာယနသင်္ကြန် ဖြစ်သည် ။ သာယနသင်္ကြန် ၊ နိရာယနသင်္ကြန် ဟုခွဲခြားခေါ်ရခြင်းမှာ အသုံးပြုရာ ဘာသာရေး ပြက္ခဒိန်ကို လိုက်၍ ခွဲခြား သတ်မှတ်ခြင်း ဖြစ်သည် ။ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် သွားလာနေရာ အီကွေတာမျဉ်းကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြတ်မိသည် ။ ၎င်းကို မဇ္စျေယာဉ်ဟု ခေါ်၏ ။ ပထမတစ်ကြိမ်မှာ ဒက္ခိဏယာဉ်မှ ဥတ္တရယာဉ် သို့ပြောင်းသော မိဿမဇ္စျေယာဉ် ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ဥတ္တရယာဉ် မှ ဒက္ခိဏယာဉ်သို့ ပြောင်းသော တူမဇ္စျေယာဉ်ဖြစ်သည် ။ အင်္ဂလိပ်ရက် မတ်လ ၂၁ ရက် နှင့် စက်တင်ဘာ ၂၃ ရက်ခန့် ဖြစ်သည် ။ ဤမဇ္စျေယာဉ် နှစ်မျိုးအနက် သာယနမိဿရာသီသို့ တနင်္ဂနွေဖုဋဂြိုဟ်စင် ၀င်သည့်အချိန်သည် မိဿမဇ္စျေယာဉ် ဖြစ်၏ ။ သာယနနှစ်တစ်နှစ်သည် ထိုနေရာမှ အစပြုသည် ။ ထိုအချိန်ကို သင်္ကြန်ကျချိန်ဟု ခေါ်၏ ။ အိန္ဒိယပြက္ခဒိန်တွင် သာယန မိဿရာသီသို့ တနင်္ဂနွေ ဖုဋဂြိုဟ်စင် ၀င်သည့် နောက်တစ်ရက်ကို နှစ်ဆန်းရက်အဖြစ် သတ်မှတ် သည် ။ ဆိုလိုသည်မှာ မြန်မာပြည်မှာကဲ့သို့ သင်္ကြန်အကြတ် ၊ အတက် စသည်မရှိဘဲ သင်္ကြန်ကျပြီး နောက်တစ်ရက်ကို နှစ်ဆန်းရက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည် ။ သို့သော် မြန်မာပြည် တွင်မူ နိရာယန မိဿရာသီသို့ တနင်္ဂနွေမဓျဂြိုဟ်ဝင်သည့်အချ
မြန်မာနိုင်ငံတွင် ကျင်းပသော နှစ်ကူးသင်္ကြန်မှာ မိဿသင်္ကြန် ဖြစ်ကြောင်းကို ထပ်လောင်း ဖော်ပြရလျှင် ။ ယခုအခါတွင် နည်းပညာ တိုးတက်မှုများရှိနေပြီ ဖြစ်၍ နေ(တနင်္ဂနွေဂြိုလ်) ကိုလှည့်ပတ်နေသည်မှာ ကမ္ဘာဖြစ်သည်ဟု သိနိုင်သော်လည်း ယခင်ကာလ မျက်မြင် အနေအထားအရ နေက ကမ္ဘာကိုလှည့်ပတ်နေသည်ဟု ယူဆထားကြသည် ။ သို့ဖြစ်ရာ တနင်္ဂနွေဂြိုလ် သွားနှုန်းသည် ကမ္ဘာ့နေသွားလမ်း တစ်ဆယ့် နှစ်ရာသီခွင်တွင် (က)ပျမ်းမျှ သွားမြဲ တနင်္ဂနွေ မဓျဂြိုလ် (Mean Sun ) နှင့် (ခ) အမှန်သွား တနင်္ဂနွေ ဖုဋဂြိုလ်စင်ကြယ် ( True Sun ) ဟူ၍နှစ်မျိုးရှိသည် ။ သို့ဖြစ်လေရာ မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ် ၀င်ချိန်နှင့် မဓျတနင်္ဂနွေဂြိုဟ် ၀င်ချိန်မှာမတူ ကွဲပြားသည် ။ မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်အာ
သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကရန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရ ပါတယ် ။ မြန်မာတို့ရဲ့ သင်္ကြန် ၊ ထိုင်းတို့ရဲ့ ဆွန်ကရန်(Song Kran) ၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey) ၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူး ပွဲတော်တို့ဟာ တစ်ခု တည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါသည် ။ " မဟာသင်္ကြန် " နှင့် တွဲဖက်၍ " အတာ " ဟူသော ဝေါဟာရ ၊ " အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေရပါတယ် ။ " အတာ "ဟူသည် လောကီအလိုဖြင့် ဒဏ်သင့်ခြင်း ဖြစ်သည် ။ တနည်းအားဖြင့် " အန္တ-အဆုံး End "ဟူသော ပါဠိပုဒ်မှ " အတာ " ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။ ထို့ကြောင့် " အတာ "ဟူသည် " နောက်ဆုံး ကာလ ၊ အကျပိုင်း ကာလ " ကို ဆိုလိုပါတယ် ။ " အတာရက် "မှာ သင်္ကြန် အတက်ရက် ဖြစ်သော နှစ်တနှစ်၏ နောက်ဆုံးရက်ပင် ဖြစ်ပါတယ် ။ သင်္ကြန် အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင် သူများသည် " အတာသင့် "သူများ ဖြစ်၍ “ အတာစားသည် ”ဟု ပြောဆို သုံးစွဲ နေကြပါတယ် ။ အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား” ရပါတယ် ။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ် ။ အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည် ။ (၇)ရက် သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ ၊ အညွန့် ၇ မျိုးဖြစ် စေရေပြည့်အိုး မှာ ထည့်ကြလေ့ ရှိပါတယ် ။ သင်္ကြန်ကျပြီးနောက် ဦးခေါင်းဆေး မင်္ဂလာ ပြုကြရပါသည် ။ ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက်မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခြင်း ၊ နိမိတ်ယူခြင်းတို့ ပြုခဲ့ကြသည် ။ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟုလည်း ယူဆခဲ့ကြသည် ။
သင်္ကြန်ကျပြီဆိုလျှင် ဘာကြောင့် ရေကစားကြသနည်း ဟုအမေးရှိ၍ ဝေဒပညာ ရှုထောင့်မှကြည့် သော် သင်္ကြန်ကျချိန်သည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်ရာသီမှ ဆိတ်ရုပ်သဏ္ဍာန် ပူသော သဘောရှိသော မိဿရာသီသို့ တနင်္ဂနွေဂြိုဟ်မင်းကူးပြောင်
သင်္ကြန်အကြောင်းပြောလျှင် သင်္ကြန်စာ အကြောင်းလည်း မပါမဖြစ်ပေ ။ မြန်မာပြက္ခဒိန်သည် သင်္ကြန်စာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ် ပတ်သက်နေသည် ။ တစ်နည်းအားဖြင့် သင်္ကြန်စာတွင် ဖော်ပြထားသော သင်္ကြန်ကျချိန် ၊ တက်ချိန် ၊ နှစ်ဆန်းချိန်တို့ အရသာ မြန်မာပြက္ခဒိန်ကို စီရင်ရ သည်ဖြစ်ရာ မြန်မာပြက္ခဒိန် အတွက် သင်္ကြန်စာသည် အရေးကြီး၏ ။ ထို့ပြင် တောသူ တောင်သား များမှာ ခေတ်ပညာတတ်များလို သတင်းစာ ၊ ဂျာနယ် ၊ အင်တာနက် ဆိုသည်တို့နှင့် မနီးစပ်တော့ မိုးလေ၀သကို သိဘို့မလွယ်ကူ ။ ခေတ်မီစိုက်ပျိုး နည်းပညာများနှင့် အလှမ်းကွာ သည်ဖြစ်ရကား သင်္ကြန်စာကိုသာ အားကိုးတကြီးပြုလျှက် သည်နှစ် မိုးကောင်းမည် ၊ ရေလျှံမည် ၊ မုန်တိုင်းထန် မည် ၊ မည်သည့်နေ့တွင် လယ်စဆင်းရမည် စသည်တို့ကို သိကြရသည် ။ တစ်နည်းအားဖြင့်လည်း ငွေကုန်ကြေးကျမများပဲ သည်နှစ်ဘာဖြစ်မည် ၊ ဘယ်နေ့သားသမီးတို့ဖြင့် အဆင်ပြေမည် ၊ ဘာ ကုန်တွေပေါမည် ၊ ရှားမည် စသည်တို့ကို ဖတ်နိုင်လေသေးရာ ကျေးလက်နေ လူထုတို့အတွက် သင်္ကြန်စာ မှာ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည် ။ သင်္ကြန်စာတွင် သင်္ကြန်ကျချိန် ၊ တက်ချိန်ဂြိုဟ်ခွင်များအောက
မြန်မာနိုင်ငံ၏ ပွဲတော်များထဲတွင် အထင်ရှားဆုံး အစည်ကားဆုံး လူမျိုးဘာသာမရွေးပါဝင်ဆင်နွှ
အကျဉ်းချုပ်သော်
သင်္ကြန် = သင်္ကန္တ = ကူးပြောင်းခြင်း။ ။ နေလနက္ခတ်တာရာတို့ တစ်နေရာမှ တစ်နေရာ ၊ တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းခြင်းကိုခေါ်သည် ။ မြန်မာတို့ ရိုးရာကျင်းပသော သင်္ကြန်မှာ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်း ၀င်ရောက်သည့် အချိန်ဖြစ်သည်။
သင်္ကြန်ကျခြင်း။ ။ သင်္ကြန်ကျချိန်သည် တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ဖြစ်သည်။
သင်္ကြန်တက်ခြင်း။ ။ သင်္ကြန်တက်ချိန်သည် တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်သည် ။
သင်္ကြန်အကြတ်ရက်။ ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် မှ တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ထိ ကြားကာလမှာ သင်္ကြန်ကာလဖြစ်၏။ ယနေ့လက်ခံထားသောထိုကာလမှာ ၂ ရက် ၄ နာရီ ၄ မိနစ် ၅၁ စက္ကန့် ဖြစ်၏ ။ (၂ ရက် ၄ နာရီ ၄ မိနစ် စက္ကန့် ၄၀ ဟုလည်း အချို့နေရာများတွင် ဖော်ပြထားသည်။)
*************
ဒုတိယအကြတ် ။ ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် သည် ည ၇ နာရီ ၅၅ မိနစ်၊ စက္ကန့် ၂၀ နှင့် ထိုအချိန်ထက် နောက်ကျသောကြောင့် အကြတ် (၂)ရက် ထားပေးရပါသည် ။ သို့ဖြစ်၍ ဒုတိယ အကြတ်နေ့ ဖြစ်လာရပါသည် ။ ****
နှစ်ဆန်းတစ်ရက်နေ့။ ။ မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ အစနေ့ဖြစ်သည်။ သူရိယနေမင်းသည် မိန်ရာသီမှ သာယန မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ပြီးသည်၏
ဦးတန်ခူး။ ။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည်
နှောင်းတန်ခူး။ ။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည်
သာယန။ ။ နေသွားခြင်းကို မူတည်တွက်ချက်သော နှစ်လရက်၊ ပြက္ခဒိန်များ။ သာယနသည် နက္ခတ်စက် အရွေ့ကို ထည့်သွင်းတွက်ချက်သည်။ တစ်နည်းအားဖြင့် အာယနအံသာ ပါသည်။
နိရာယန။ ။ နက္ခတ်စက်၏ ရွေ့လျားခြင်းကို ထည့်မတွက်ဘဲထားသော တစ်နည်းအားဖြင့် အာယနအံသာ မပါသော ပြက္ခဒိန်။ မြန်မာပြက္ခဒိန်သည် နိရာယနပြက္ခဒိန်ဖြစ်သည်။
သင်္ကြန်တွင်းမှာ၊ ရှောင်ကြဉ်ရာ၊ ၁၀ ဖြာတရားစု ၁၁၊ ၄၀
၁) ရုဒ - ငိုကြွေးပူဆွေးခြင်း
၂) မေထုန်န - မေထုန်သံဝါသပြုခြင်း
၃) မံသ - အသားဟင်းလျာ စားသောက်ခြင်း
၎) သူရာ - သေရည်သေရက် သောက်စားမူးယစ်ခြင်း
၅) ကောဓ - အမျက်ဒေါသထွက်ခြင်း၊ သတ်ပုတ်ခြင်း
၆) ရုဓိရ - သွေးဖောက်၊ သွေးထုတ်ခြင်း
၇) တေလိက - ဆီလိမ်း၊ ဆေးလိမ်းခြင်း
၈) ရုက္ခေဆ - သစ်ပင်ခုတ်ဖြတ်ခြင်း၊ ခုတ်လှဲခြင်း၊ ထင်းခုတ်ခွဲခြင်း
၉) ကိဏ - ၀ယ်ယူခြင်း၊ ကျီသွင်းခြင်း
၁၀) ၀ိက္ကဏ - ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း
သျှင်လေညင်း (၁၁ ၊ ၄ ၊ ၂၀၁၅)
ကိုးကား ။ ဦးအုန်းကြိုင် မြန်မာ ပက္ခဒိန် သုတေသနကျမ်း။
---------။ ဦးအေးငြိမ်း မြန်မာ ပြက္ခဒိန် တွက်နည်း ။
---------။ အင်တာနက် ။
photo credit ရန်ကြီးအောင်ဝင်း (တောင်တံခါး) ဖေ့ဘွတ်စာမျက်နှာ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်