သုဝဏ္ဏဘူမိတိုင်း ထားဝယ်မြို့



********************************

ဓမ္မစေတီမင်း (AD ၁၄၆၀ - ၁၄၉၁) ရေးထိုးခဲ့တဲ့ ကလျှာဏီကျောက်စာ (AD ၁၄၇၆) မှာ၊ 'သောဏထေရံ ပန ဥတ္တရထေရဉ္စ သုဝဏ္ဏဘူမိ ရဋ္ဌသခ်ါတ ရာမညဒေသ သာသနံပတိဋ္ဌာပေတုံ ပေသေသိံ

ရယ်လို့ သုဝဏ္ဏဘူမိဟာ၊ ရာမညဒေသဖြစ်ကြောင်း၊ စတင်ရေးသားထားတာ တွေ့ရပါ
တယ်။

ဒါ့အပြင်၊ သုဝဏ္ဏဘူမိတိုင်းရှင်၊ ဘုရင်သီရိမာသောက ရဲ့ ရာဇဌာနီနာဂရ ဆိုတဲ့၊ မင်းနေပြည်တော် ဟာ၊ ကေလာသတောင် ထိပ်ရှိ၊ စေတီရဲ့ အနောက်မြောက်ထောင့်အရပ်၊
တင်လဲ ချက်သူတွေရဲ့အိမ်လို၊ မြေကြီးနဲ့ဆောက်တဲ့ အိမ်တွေရှိတဲ့ ဂေါဠမတ္တိက အရပ်လို့ခေါကြောင်း ကျောက်စာဝန် ဦးတော်စိန်ခိုရဲ့ The Kalyani Inscriptions, 1892 စာအုပ်မှာဖော်ပြထားပါတယ်။

ဦးလူဖဝင်းရဲ့ ကလျှာဏီမွန်ကျောက်စာ, ၁၉၅၂ စာအုပ်မှာလည်း၊ ဂေါဠမတ္တိကကို၊ တင်လဲချက်သော ဂေါဠလူမျိုးတို့နေအိမ်ရှိတဲ့၊ မြို့ဖြစ်လို့ တိုက်ကုလားလို့ ခေါါတဲ့အကြောင်း
ရေးထာတာတွေ့ရပါတယ်။ အဲဒီစာအုပ်မှာပဲ၊ သူရိယကုမ္မာ မနောဟာရ်မင်းနန်းစံတဲ့
မြို့ကို၊ မွန်ဘာသာဖြင့် ဍုင်သုဓိုမ် လို့ခေါ်ေ ကြာင်းရေးသားထားပါတယ်။

ဦးချစ်သိန်းရဲ့ ရှေးဟောင်းမွန်ကျောက်စာပေါင်းချုပ် (၁၉၆၅) မှာပါရှိတဲ့၊ ပဲခူးဘုရားကြီး
ခေါတ်လည် မွန်ကျောက်စာ (AD ၁၆ ရာစု) မှာလည်း၊ သီရိမာသောကမင်းနန်းစိုက်ရာ မြို့ကို၊ မွန်ဘာသာဖြင့် ဍုင်သုဓိုမ် လို့ဖော်ပြထားပါတယ်။

မဟာဓမ္မသက်ြန်ရဲ့ သာသနလက်ာရကျမ်း (AD ၁၈၃၁) မှာ 'ကလျှာဏီမွန်ကျောက်စာတွင်၊ သုဓမ္မပုရဟု ပါဌ်စီရကား သုဓမ္ဓမြို့ကို တံခွန်လွှား၍ ကာလ လျှားသဖြင့် သထုံခေါ်ဝေါ်သတည်း' လို့ရေးထားတာ တွေ့ရသလို၊ ကလျှာဏီမွန်ကျောက်စာ ပါဠိမူမှာ သုဓမ္မနဂရဟု ရေးထိုးထားတာ တွေ့ရပါတယ်။

သာသနာရောက်ရှိမှု သုံးကြိမ်တွင် ဒုတိယအကြိမ် ရှင်ဂ၀ံပတိ မထေရ်ကိုပင့်၍ သုဝဏ္ဏဘူမိ သထုံပြည်သို့ ဘုရားရှင်ကြွရောက်ခဲ့ရာအခါတွင်ဘုရားရှင်အား ရည်စူး ၍ သထုံမြို့ ရွှေစာရံဘုရားကို ရှင်ဘုရင်နှင့် ပြည်သူများက တည်ထား ကိုးကွယ်ခဲ့ကြသည်။

မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်အချိန်က ပုဂံပြည်သည် စစ်မှန်သည့် ဗုဒ္ဓသာသနာ မထွန်းကားသေးဘဲ အရည်းကြီး မိစ္ဆာဝါဒတွေကိုသာ ကိုးကွယ်ခဲ့ကြရသော အခါဖြစ်သည်။ထိုသောအခါ အနော်ရထာမင်းကြီးသည် သထုံပြည်သား မွန်ရဟန်းတော် ရှင်အရဟံနှင့် တွေ့၍ ဗုဒ္ဓပိဋကတ်တော် အတွက် သထုံပြည် မနုဟာမင်းအား တိုက်ခိုက်ပြီး ပညာရှင်များနှင့်တကွ ပိဋကတ်အစုံတွေကို ပုဂံပြည်သို့ ပင့်ဆောင်သွားခဲ့ သည်။ ထိုမှ စ၍ သာသနာတော်သည် မြန်တစ်ပြည်လုံး ပျံနှံလေသည် ဆိုတဲ့သဘောထားတွေနဲ့ မြန်မာ မွန် ကရင် ရာဇ၀င်များမှာ တွေ့ရတာပါပဲ တကယ်တမ်းဟုတ်၏ မဟုတ်၏ တော့ အတတ်မပြော နိုင်ချေဘူး ခုထိလည်း ထပ်တွေ့ရှိရသမျှ သေချာတဲ့ အရာလဲ မတွေ့ရသေးချေ စစ်မှန်သော သာသနာ မထွန်းကားသေး ဆိုတာ ဟုတ်ကောင်းဟုတ်နိုင်သော်လည်း သာသနာ ဘယ်တုန်းက စရောက်သလဲ ဆိုရင် တော့ ဘုရားဖြစ်ပြီး တစ်နှစ် အတွင်းမှာပဲ မြန်မာပြည်ကို သာသနာက စရောက်နေပြီ (တစ်နှစ်အတွင်းလို့ ဆိုတာက ဟိုမှာ ဒီလူတွေ ဘုရားထံက ဆံတော်ရတာက ဘုရားဖြစ်ပြီး ၄၉ ရက်မှာ ရတယ် ရပြီး အခုမြန်မာရန်ကုန်ကို ပြန်တဲ့ လမ်းခရီးမှာ ဘယ်လောက် ကြာမှန်း မသိလို့တစ်နှစ်အတွင်းလို့ ခြုံပြောလိုက်တာ) ဘယ်လိုသိရသလဲ ဆို ကုန်သည်ညီနောင် တည်တယ် ဆိုတဲ့ ရွှေတိဂုံစေတော်က သာသနာ စရောက်တဲ့ သက်သေပဲ မဟုတ်ဘူး ပြောချင်ရင် ရွှေတိဂုံကို ထုဖြိုပြီး မရှိတော့အောင် အရင်လုပ်ရမယ် အဲချိန်မတိုင်ခင်က ဒီကုန်သည် ညီနောင်နေတဲ့ သုဝဏ္ဏဘူမိတိုင်း အသိတဉ္ဖန ပေါက္ခ၀တီမြို့သားတွေလို့ ဆိုထားတာမှာ ဒီလူနှစ်ယောက်က အခုခေတ်ဆို ရန်ကုန်သားတွေပေါ့ နောက် ပေါက္ခ၀တီမြို့ ဥက္ကလာပ ဇနပုဒ်လို့ ဆိုထားချေပြန်တော့ ရန်ကုန် ဆိုတဲ့နေရာမှာ ရွာသိမ် ရွာငယ်သာ ရှိရမယ်ပေါ့

နောက် ဆက်စပ်တွေးစရာက ဒီလူနှစ်ယောက်ယူလာတဲ့ ဆံတော်တွေကို ကိုးကွယ်ဖို့ အတွက် ဥက္ကလာပမင်း ဆိုတဲ့ ဘုရင်ကရော ရူးကြောင်မူးကြောင်နဲ့ ချက်ချင်း လက်ခံလိုက် တာပဲလား ဒီမတိုင်ခင် အရင်ကရော ဒီလူတွေ ဘာကိုကိုးကွယ်ပြီး နေကြတာလဲ ဘာမှ မရှိဘူး လို့တော့ မပြောနဲ့ ရီလီဂျင်းစတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀ ကျော်ကတည်းက စပြီး ရှိနေပြီ

နောက်တစ်ချက်က ရွှေတိဂုံ အရှေ့မုဒ်က အလယ်ပစ္စယံမှာ ဓမ္မစေတီမင်း(ပဲခူးမင်း) စိုက်ထူတားတဲ့ ကျောက်စာရှိတယ် အဲမှာ ရေးထားတာက ကုန်သည်ညီနောင် ဆိုတာ သုဝဏ္ဏဘူမိ ရာမညတိုင်းသား ပေါက္ခရ၀တီ ဇာတိ လို့ရေးထားတယ် ဒါကိုကြည့်ရင် ရာမညတိုင်း ဆိုရာမှာ အခု ရန်ကုန်လဲ ပါနေပြန်တယ် အောက်မြန်မာပြည်တစ်ခုလုံးဟာ သုဝဏ္ဏဘူမိ ရာမညတိုင်း လို့ခေါ်ဆိုတာပဲ ဖြစ်နိုင်တယ် သုဝဏ္ဏဘူမိမြို့လို့ ဖော်ပြထားခြင်းမရှိလေတာရယ် ဥက္ကလာပ မင်းပိုင်နက်ဖြစ်နေတာရယ် ကြည့်ရင် အခု သထုံနေရာ ကို သုဝဏ္ဏဘူမိမြို့လို့ ပြောမယ်ဆိုရင် ဒီသထုံမှာ ဘုရင်မရှိဘူးလား သထုံကလူတွေက အဲ
ချိန်က မွန်တွေ ဆိုတာသေချာရဲ့လား

'ကလျှာဏီမွန်ကျောက်စာတွင်၊ သုဓမ္မပုရဟု ပါဌ်စီရကား သုဓမ္ဓမြို့ကို တံခွန်လွှား၍ ကာလ လျှားသဖြင့် သထုံခေါ်ဝေါ်သတည်း' လို့ရေးထားတော့ သာသာနာစရောက်တဲ့ အချိန်မှာ ဘာမြို့မှန်းမသိဘူး နောက် ကျောက်စာအရ သုဓမ္မမြို့လို့ ဆိုချေတော့ ကောင်းတဲ့တရားတွေရှိတဲ့မြို့လို့ လွယ်လွယ် အနက်ပေး လိုက်ပါမယ် ဒီမြို့ ကိုလဲ သုဝဏ္ဏဘူမိလို့ ဆို ကြတယ် ဒီတော့ .........

အပိုင်း (၂) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်