********************
သံယုတ္တနိကာယ် ကလျာဏမိတ္တ သုတ်မှာ အရှင်အာနန္ဒာက“ ကြီးပွားချမ်းသာဖို့၊ အသိ
ပညာ အတတ်ပညာရဖို့၊ တရားထူး တရားမြတ် ရရှိဖို့တို့မှာ မိတ်ကောင်း ဆွေကောင်း
များဟာ ထက်ဝက် (ငါးဆယ် ရာခိုင်နှုန်း)လောက် အရေး ပါတယ်” လို့ထင်မိ ပါကြောင်း
လျှောက်ထား တဲ့အခါ မြတ်စွာ ဘုရားရှင်က “ အာနန္ဒာ ဒီလို မပြောနဲ့၊ အာနန္ဒာ
ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆင့် တားမြစ် ပြီးတော့မှ
“အာနန္ဒာ .. ငါဘုရား တည်းဟူသော ကလျာဏ မိတ္တ ကိုမရခဲ့ရင် ပါရမီတွေ ဘယ်လောက်ပဲ
ရင့် သန် ပြည့်စုံပါစေ သာဝကတွေ အို နာ သေ လွတ်ရာ နိဗ္ဗာန်ကို
မရောက်နိုင်ဘူး၊အခု ငါ ဘုရားဆိုတဲ့ ကလျာဏမိတ္တကို အကြောင်းပြုပြီး မဂ်ဖိုလ်
နိဗ္ဗာန်ကိုရပြီး အိုနာသေဘေး လွတ်သူ တွေ လွတ်ကြ၊ ကုသိုလ်တရားတွေ တိုးပွား သူ
တိုးပွားကြ ဖြစ်တယ်မဟုတ်လား၊ ဒါကြောင့် ကလျာဏမိတ္တ (ပုဂ္ဂိုလ်ဥပနိဿယ) ဟာ
ကောင်းကျိုးချမ်းသာရဖို့အတွက် ရာနှုန်းပြည့် အရေးပါတယ်”လို့
မိန့်ကြားတော်မူပါတယ်။
ဒီလောက်ဆိုရင် ပုဂ္ဂိုလ်ရဲ့ ဥပနိဿယသတ္တိကို ခန့်မှန်းသိလောက်ပါပြီ။
အစားအစာဘောဇဉ်နဲ့ ပတ်သက်လို့ ကတော့ “တရားရှာ ကိုယ်မှာတွေ့ ” ဆိုတဲ့
မြန်မာစကားပုံကို ကြောင်းကျိုးဆက် အပြန် အလှန် နှလုံးသွင်းကြည့်လိုက်ရင်ပဲ
ဘယ် လောက်ထိ ဥပနိဿယသတ္တိ ကြီးမားတယ် ဆိုတာ သဘောပေါက်လို့ ရပါတယ်။ တရား
ရှာစရာ၊ တရားတွေ့စရာဆိုတာ ခန္ဓာ ကိုယ် တည်ရှိနေမှဖြစ်နိုင်တာပါ၊ ခန္ဓာကိုယ်
ဆိုတာ ကလည်း “သဗ္ဗေသတ္တာ အာဟာရဌိတိကာ” ဆိုတဲ့အတိုင်း အစာအာဟာရရှိမှ ရပ်တည်နေ
နိုင်တာပါ၊ ဒါကို အပြန်အလှန်စဉ်းစားလိုက်ရင် အာဟာရဘောဇဉ်ရဲ့အရေးပါမှုကို
သဘော ပေါက်လောက်ပါပြီ။
ရာသီဥတုရဲ့ ဥပနိဿယဖြစ်မှုကလဲ သိပ်ပြီး ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး
ဥတု မမျှတမှုကို အကြောင်းပြုပြီး အလုပ်အကိုင် ပျက်ကြရတာ၊ အနာရောဂါထူပြောရတာ
စတဲ့ ကာယိကဒုက္ခပေါင်းစုံ ကြုံရသလို၊ ရာသီဥတု သာယာမျှတမှုကြောင့်
ရွှင်လန်းတက်ကြွတဲ့ ကာယိကသုခနဲ့ပြည့်စုံပြီး “စိတ်ထားကောင်း” ရှိသူတို့က
လောကကောင်းမှု၊ ဓမ္မကောင်းမှုတွေ မျိုးစုံအောင် ပြုလုပ်ကြသလို “ စိတ်ထားဆိုး”
ရှိ သူများအနေနဲ့လဲ မကောင်းမှုမျိုးစုံကို ပိုပြီး ထိထိ ရောက်ရောက်ကြီး
ပြုနိုင်ကြတာဟာ အလွန် သိသာ ထင်ရှားပါတယ်။
“သေနာသန”ဆိုတဲ့ နေထိုင်ရာအရပ်ဒေသ ကျောင်းကန် အရိပ်နေရာများဟာလဲ ကုသိုလ်
အကုသိုလ် ဖြစ်ရေးအတွက် အားကြီးတဲ့ အကြောင်း တရား ဥပနိဿယသတ္တိရှိပါတယ်၊
မင်္ဂလာတရားတော်မှာလာတဲ့
“ပတိရူပ ဒေသဝါသ= ကုသိုလ်၊ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ” ဆိုတဲ့မင်္ဂလာ ဟာ ဒီ သေနာသနဥပနိဿယသဘောကိုပြောတာပါ။ ရှင်ရဟန်းတို့ရဲ့ ရပ်တည်နိုင်မှုအတွက် အခြေခံ အမှီလေးပါးဖြစ်တဲ့ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးထဲက“ကျောင်း”ဆိုတာရယ်၊ လူတို့အတွက်အခြေခံ“အရေး”လေးမျိုးဖြစ်တဲ့ “စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး”ထဲက “နေရေး”ဆိုတာရယ်တို့ဟာလဲ သေနာသန ဥပနိဿယရဲ့ အရေးပါမှုကို ဖော်ပြနေတာပါ ပဲ။ ကောင်းမှု ကောင်းကျိုးတို့အတွက် နေရာ ရဲ့အရေးပါမှုနဲ့ ကျေးဇူးတရားကို အလေးအနက် ထားရာမှာ မြတ်စွာဘုရားရှင်ရဲ့သတ္တဌာန စံနေ တော် မူပုံကို အာရုံပြုကြည့်ရင် အလွန်အတုယူ အားကျစရာကောင်းလောက်အောင် ထင်ရှားပါ တယ်။
“ပတိရူပ ဒေသဝါသ= ကုသိုလ်၊ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ” ဆိုတဲ့မင်္ဂလာ ဟာ ဒီ သေနာသနဥပနိဿယသဘောကိုပြောတာပါ။ ရှင်ရဟန်းတို့ရဲ့ ရပ်တည်နိုင်မှုအတွက် အခြေခံ အမှီလေးပါးဖြစ်တဲ့ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးထဲက“ကျောင်း”ဆိုတာရယ်၊ လူတို့အတွက်အခြေခံ“အရေး”လေးမျိုးဖြစ်တဲ့ “စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး”ထဲက “နေရေး”ဆိုတာရယ်တို့ဟာလဲ သေနာသန ဥပနိဿယရဲ့ အရေးပါမှုကို ဖော်ပြနေတာပါ ပဲ။ ကောင်းမှု ကောင်းကျိုးတို့အတွက် နေရာ ရဲ့အရေးပါမှုနဲ့ ကျေးဇူးတရားကို အလေးအနက် ထားရာမှာ မြတ်စွာဘုရားရှင်ရဲ့သတ္တဌာန စံနေ တော် မူပုံကို အာရုံပြုကြည့်ရင် အလွန်အတုယူ အားကျစရာကောင်းလောက်အောင် ထင်ရှားပါ တယ်။
မြတ်စွာဘုရားရှင် ကဆုန်လပြည့်နေ့မှာ ဘုရား ဖြစ်တော်မူပြီးနောက်
ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှာ ဥဒါန်း ကျူးရင့်တော်မူပြီး ဘုရား အဖြစ်
ရောက်ခဲ့တဲ့ အပရာဇိတပလ္လင်တော်မှာပဲ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူကာ ...
“ငါသည် ဒီအပရာဇိတပလ္လင်ကို ရရှိဖို့ရန် ပါရမီ ဆယ်ပါးတို့ကို မြောက်များစွာ
သူမတူ ဖြည့်ကျင့် ဆည်းပူးရင်း လေးအသင်္ချေ ကမ္ဘာတစ်သိန်း ကာလ ကြာအောင်
ကျင်လည်ခဲ့ရပြီ။ ဒီ အပရာဇိတပလ္လင်ကိုရဖို့အတွက် ဦးခေါင်း၊ မျက် လုံး၊
နှလုံးသားတို့ကို ထုတ်လှူခဲ့ရပေါင်းလဲ များ လှပြီ။ ဇနီးမယားသမီးသား တို့ကို
လှူခဲ့ရပေါင်း လဲများလှပြီ၊ ဒီပလ္လင်ဟာ ငါဘုရားရှင်ရဲ့ မာရ် ငါးပါးကို
ပယ်ရှင်းအောင်မြင်တဲ့ နေရာပလ္လင်လဲ ဖြစ်ပေတယ်။ ဒီအပရာဇိတပလ္လင်မှာ
ထိုင်နေပြီး ငါ့ရဲ့ဘုရားဖြစ်ရန် ကြံစည်တောင့်တ လိုလား အပ်သမျှတို့
ပြည့်စုံခဲ့ပြီး။ ဒီလောက် ကျေးဇူး အထူးများလှတဲ့ ပလ္လင်တော်ပေါ်က ငါမထသေး
..” လို့ ကြံအောက်မေ့ပြီး ကုဋေအသိန်းမက များ ပြားလှတဲ့ အရဟတ္တဖိုလ်
စတုတ္ထဈာန်သမာပတ် ကိုဝင်စားရင်း ပလ္လင်တော်ပေါ်မှာ ခုနှစ်ရက်ကြာ
သီတင်းသုံးနေတော်မူပါတယ်။
အဲဒီနောက် ခုနှစ်ရက်တိတိလဲ “ဒီအပရာဇိတပလ္လင်တော်မှာ သဗ္ဗညုတရွှေ
ဥာဏ်တော်ကြီးကို ရအပ်ခဲ့လေပြီတကား”လို့ စဉ်းစားဆင်ခြင် နှလုံးသွင်း ရင်း
အပရာဇိတ ပလ္လင်တော်နဲ့ မဟာဗောဓိပင်ကို မမှိတ်သော မျက်လုံး “အနိမိသ” နဲ့
ကြည့်ရှုတော် မူနေပါ တယ်၊ ဒါဟာ နေရာရဲ့ပကတူပနိဿယ ကျေးဇူး ကို ဘုရားရှင်တို့
အလေးဂရုပြုတော်မူခဲ့တဲ့ သာဓကတွေပါ။
ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာ “ဥပသေဝိတ ပကတ” တရားများအဖြစ်နဲ့ “သုခံ၊ ဒုက္ခံ၊
ပုဂ္ဂလော၊ ဘောဇနံ၊ ဥတု၊ သေနာသနံ” ဆိုပြီး ခြောက်ခု လောက်ကိုသာ ဥပလက္ခဏ
“နမူနာ” အဖြစ်နဲ့ ထုတ်ပြခဲ့ပေမယ့် မိမိအတွက် ကောင်း မှု၊
မကောင်းမှုတစ်ခုခုဖြစ် စေဖို့ တွန်းအားအနေ နဲ့ဖြစ်ဖြစ်၊
ဆွဲအားအနေနဲ့ပဲဖြစ်ဖြစ်၊ လူဖျင်းလူညံ့ များအတွက် ဆင်ခြင်အနေနဲ့ပဲဖြစ်ဖြစ်
အထောက်အကူပြု ပေးနိုင်တဲ့အရာတိုင်း ဖြစ်ရပ် ကိစ္စတိုင်းဟာ “ ဥပသေဝိတ ပကတ ”
တရား ချည်း ဖြစ်ပါတယ်။
(၁) အမှုကိစ္စပြုခါနီး
(၂) အမှုကိစ္စပြုလုပ်ပြီးစ
(၃) ခရီးသွားခါနီး
(၄) ခရီးကပြန်ရောက်စ
(၅) ဆွမ်းဘောဇဉ်ပြည့်ဝ အောင်မရမှု
(၆) ဆွမ်းဘောဇဉ်ဝလင်ပြည့်အင့်မှု
(၇) ရောဂါအနည်းငယ်ရရှိမှု
(၈)ရောဂါပျောက်ကင်းစ“နာလန်ထ”ဆိုတဲ့
(၂) အမှုကိစ္စပြုလုပ်ပြီးစ
(၃) ခရီးသွားခါနီး
(၄) ခရီးကပြန်ရောက်စ
(၅) ဆွမ်းဘောဇဉ်ပြည့်ဝ အောင်မရမှု
(၆) ဆွမ်းဘောဇဉ်ဝလင်ပြည့်အင့်မှု
(၇) ရောဂါအနည်းငယ်ရရှိမှု
(၈)ရောဂါပျောက်ကင်းစ“နာလန်ထ”ဆိုတဲ့
အကြောင်းရှစ်ပါးတို့ဟာ ပျင်းရိသူအတွက် အလုပ်မလုပ်ဖို့ “ဆင်ခြင်”
များဖြစ်သလို ကြိုးစား အားထုတ်လိုသူအတွက် “တွန်းအား” များဖြစ်တဲ့ အတွက်
“ဥပသေဝိတ ပကတ”များဖြစ်ပါတယ်၊ အလုပ်ပျက်ဖို့ငှာ ဖြစ်ဖို့အတွက် အားကြီးတဲ့
အကြောင်းတရားများပဲ ဖြစ်လို့ပါ။
ဒီလောက်ဆိုရင် ပကတူပနိဿယပစ္စည်းကို သဘောပေါက်လောက်ပြီ ဖြစ်သလို ဘယ် လောက်ထိ
အရာကျယ်ဝန်းတယ် ဆိုတာလဲ ခန့် မှန်းလို့ရလောက်ပါပြီ။ အထူးပြောလိုတာက
တော့ “ဥပသေဝိတ ပကတ” တရားများထဲက ပုဂ္ဂိုလ်၊ ဘောဇဉ်၊ ဥတု၊ နေရာဆိုတဲ့ တရားများ ဟာမိမိအပေါ်ကျေးဇူး ကြီးမား သလို သုံးဆောင် မှီဝဲဆည်းကပ်သူများကလဲ ကျေးဇူးကိုသိပြီး ကျေးဇူးဆပ်ကြဖို့နဲ့ ကျေးဇူးမကန်းမိကြဖို့ ပါပဲ
တော့ “ဥပသေဝိတ ပကတ” တရားများထဲက ပုဂ္ဂိုလ်၊ ဘောဇဉ်၊ ဥတု၊ နေရာဆိုတဲ့ တရားများ ဟာမိမိအပေါ်ကျေးဇူး ကြီးမား သလို သုံးဆောင် မှီဝဲဆည်းကပ်သူများကလဲ ကျေးဇူးကိုသိပြီး ကျေးဇူးဆပ်ကြဖို့နဲ့ ကျေးဇူးမကန်းမိကြဖို့ ပါပဲ
ဒီတရားတွေထဲမှာ “ပုဂ္ဂိုလ်”ဖြစ်တဲ့ မိဘဘိုးဘွား တို့၊ ဆရာသမား
မိတ်ဆွေသင်္ဂဟများတို့နဲ့ ရတနာသုံးပါးတို့ ပေါ်မှာတော့ ကျေးဇူးသိပြီး ကျေးဇူး
ဆပ်ခဲ့ရင် ရနိုင်တဲ့ကောင်းကျိုးချမ်းသာ တွေရော သာဓကတွေအများကြီးရှိသလို
ကျေးဇူးပေးဆပ်ရမယ့် တာဝန်များနဲ့ ပတ်သက် လို့လဲ သင်္ဂါလောဝါဒ သုတ်စသည်တို့မှာ
ဘုရား ရှင်ကိုယ်တော်တိုင် ဟောကြားထားခဲ့လို့ သိသူ များကြပါတယ်။
“ဘောဇဉ်”နဲ့ ပတ်သက်လို့လဲ ရှင်ရဟန်းတို့မှာ တော့
ဘုဉ်းပေးသုံးဆောင်ခါနီးတိုင်း “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ် မာန်ကြွ ၊
လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး” ဆိုပြီး ဘောဇဉ်အပေါ် သစ္စာ
မဖောက်ဘူး ဆိုတာကိုလဲ ဆင်ခြင်ပြီး ကတိပြုရ တယ်။
ပြီးတော့ “လေးဖြာဓာတ်ဆောင်၊ ဤကိုယ် ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်
မျှတမ်း၊ မမောပန်းငြား”ဆိုပြီး ဘောဇဉ်ရဲ့ ကျးဇူး တရား ကိုလဲ
အောက်မေ့ဆင်ခြင်ရတယ်။
ပြီးတော့မှ “ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊
ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေ အောင်၊
ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲ ပါ သတည်း”ဆိုပြီး ဘောဇဉ်ရဲ့ကျေးဇူးကို
ဘယ်လို ပေးဆပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို သစ္စာပြုဆင်ခြင် စားသုံးကြရ ပါတယ်။
လူလဲ လူအလျှောက် အလားတူ ကျေးဇူးသိ သစ္စာ စောင့်ကြရမှာပါ။
“သေနာသန”လို့ခေါ်တဲ့ “နေရာ” နဲ့ ပတ်သက် လို့ ရှင်ရဟန်းတို့မှာလဲ
နေရာရဲ့ကျေးဇူးကို ဆင်ခြင်ပြီး နေရာမှာနေထိုင် သုံးစွဲခြင်းနဲ့ တန် အောင်
ကျင့်ကြံပေးဆပ်ရမယ့် တာဝန်တွေ ဘုရားရှင်က ညွှန်ကြားပညတ်ခဲ့သလို လိုက်လဲ
လိုက်နာကြရပါတယ်။ လူတိုင်းအတွက်လဲပဲ နေရာကိုကျေးဇူးသိပြီး ကျေးဇူးဆပ်ရေးနဲ့
ပတ် သက်လို့ ဆရာဇော်ဂျီရဲ့ “ သင်ဖွားရာမြေ၊ သင်တို့ မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်း သင့်၏၊ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီး
ပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊ ပြောလျှက်ဝင်းလျှက် ကျန်စေသတည်း” ဆိုတဲ့
ကဗျာဟာ နေရာကို ကျေးဇူးဆပ်ဖို့အတွက် အလေးအနက် လမ်းညွှန် တိုက်တွန်းထားတာပါ။
မြန်မာစကားပုံတွေထဲက “အရိပ်နေနေ အခက် ချိုးချိုး မလုပ်ပါနဲ့”တို့၊
“သားရေပေါ်အိပ် သားရေ နားစား မလုပ်ရ”တို့ ဆိုတဲ့ သတိပေး တားမြစ် ချက် များဟာ
နေရာကို ကျေးဇူးမကန်းကြဖို့ သတိပေး နေတာပဲဖြစ်ပါတယ်။
ဒီ “ဥပသေဝိတ ပကတ” တရားတွေထဲမှာ လောကစည်း၊ ဓမ္မစည်းများအရ ကျေးဇူးကန်းသူ မှာ
အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ မထင်ရပေ မယ့်၊ သဘာဝစည်းအရ ကျေးဇူးကန်းရင်
ကျေး အစွပ်ဆုံးလို့ ဆိုရလောက်အောင် လက်ငင်း လက်တွေ့ ဒုက္ခပေးတတ်တဲ့တရားကတော့
“ဥတု” လို့ခေါ်တဲ့ ရာသီဥတု အပေါ် ကျေးဇူး ကန်း သစ္စာဖောက် ကြခြင်းပါပဲ။
လူတော်တော်များများက ရာသီဥတုအပေါ် ကျေးဇူးသိရမယ်၊ သစ္စာစောင့်သိရမယ်ဆိုတာကို
နားတောင်လည်မည့်ပုံမရ ကြပါဘူး၊ ဒါပေမယ့် ဒီနေ့ကမ္ဘာကြီးမှာ
ရေခဲတွေပုံမှန်ထက်ပိုပြီး အရည်ပျော်ကြလို့တို့၊ ပင်လယ်ရေတွေ ပူနွေး
ညစ်နွမ်းလို့တို့ ကြောင့် ရေနေသတ္တဝါတွေ သေ ကြေပျက်စီးကြရတာ၊ နေရာရှား
အစာရှားဖြစ် ကြရတာတွေ၊ မိုးခေါင်ရေရှားဒဏ်ကြောင့် ကုန်း နေ သတ္တဝါတွေ
အစာငတ်ရေငတ်ဘေးနဲ့ တွေ့ ကြုံခံစား နေရတာ တို့ကစပြီး လှိုင်းဘေး၊ လေ ဘေး၊
မုန်တိုင်းဘေးစတဲ့ သဘာဝဘေးဆိုး ကြီး တွေ၊ ကမ္ဘာကြီးပူနွေးပြီး ကမောက်ကမ
အမျိုးမျိုး တွေ တွေ့ကြုံခံစား နေကြရတာ အားလုံးတို့ဟာ
“ရာသီဥတုကိုသစ္စာဖောက်တဲ့အတွက် ရာသီ ဥတုက ဒဏ်ခတ်နေတာ ကျေးဇူးကန်းလို့ ကျေး
စွပ်ကြတာတွေ ဖြစ်ပါတယ်။
“ ဥတုရာသီ တောကိုမှီ”ဆိုတဲ့ သတိပေးဆိုင်း ဘုတ်ကြီးတွေဟာ ကမ္ဘာနဲ့အဝှမ်း
နိုင်ငံတိုင်းမှာ လိုလို ရှိနေမယ် ထင်ပါတယ်။ ရာသီဥတုဟာ မှီခိုစရာ
သစ်ပင်တောတောင် ပြည့်ပြည့်စုံစုံရှိတဲ့ အခါမှာ အိုးနဲ့အိမ်နဲ့ အတည်တကျ
နေထိုင်ကြ သူတွေ လိုပဲ စည်းနဲ့ ကမ်းနဲ့ စနစ်တကျ ရှိတတ် ပါတယ်။ မှီခိုစရာ
သစ်ပင်တောတောင်များ ပြုန်း တီးလာတဲ့အခါမှာတော့ အိုးခြေမဲ့၊ အိမ်ခြေမဲ့
ကလေကချေ၊ ကလေကဝ၊ အုတ်ကြားမြက် ပေါက်၊ ခြေသလုံးအိမ်ပါဆိုတဲ့ စရိုက်မျိုးနဲ့
ပရမ်း ပတာစည်းမဲ့ကမ်းမဲ့ ထင်တိုင်း ကြဲတတ်ကြတာ ပါ။ မကြာသေးလှတဲ့
အချိန်ကအာရှဒေသ မှာ ပရမ်းပတာဖြစ်အောင် ထင်တိုင်းကြဲပြီး သောင်း
ကျန်းသွားကြတဲ့ ဆူနာမီတို့၊ နာဂစ်တို့ဆိုတာ တွေဟာ သစ်ပင်တောတောင်
အုပ်ထိန်းမှု ကင်းမဲ့မှုကို အခြေခံခဲ့ကြတာ လို့ ပညာရှင်များ ကမှတ်ချက်ချတာ
ကြားလိုက်ရပါတယ်။ ရာသီ ဥတုက တောကိုမှီသလိုပဲ ရေမြေတောတောင်၊
သစ်ပင်ပန်းမန်၊ ကောက်ပဲသီးနှံနဲ့ သက်ရှိအား လုံးတို့ကလဲ ဥတုရာသီအပေါ်
မှီနေရတာ ဖြစ်လို့ ကိုယ့်ရဲ့တည်မှီရာကို မဖြိုဖျက်မိကြဘဲ ကောင်း
မွန်သည်ထက်ကောင်းမွန်အောင် ကိုယ်စီအသိနဲ့
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြင့် ကျေးဇူးရှင်ဖြစ်တဲ့ ရာသီဥတု
ဥပနိဿယပစ္စည်း တရားကိုလည်း သစ္စာစောင့်သိကျေးဇူးပေးဆပ် ဖို့လိုအပ်ကြောင်း
စပ်မိတုန်း အကြံပေး တိုက် တွန်း လိုက်ရတာပါ။
ဒီလောက်ဆို ဥပနိဿယပစ္စည်းနဲ့ပတ်သက်လို့ တော်လောက်ပါပြီ။ သဘာဝ ပကတူပနိဿယ
တရားတို့ သစ္စာ မဲ့ခြင်း၊ ကျေးဇူးကန်းခြင်းဘေးမှ ကင်းဝေးကြပါစေ။ လူတို့သစ္စာ
စောင့်သိပြီး ကျေးဇူးဆပ်နိုင်ကြပါစေ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်