ထိုင်းနိုင်ငံ
သီရိသူရိယ၀ံသရာမ
၁၄ ရာစု ၁၃၃၅ ခုနှစ် သီရိသူရိယရာမဘုရင် ထီးနန်းစိုးစံစဉ် ကာလတွင် ထိုင်းနိုင်ငံသည် ဘက်စုံတိုးတက်မှု ရှိလာသည်။ ဘုရင်မင်းကြီးသည် တိုင်းပြည်တိုးတက်ရေးကို အားကြိုး မာန်တက် ဆောင်ရွက်သည်။ ထိုဘုရင်၏ ခေတ်သည် ထိုင်း နိုင်ငံ၌ ဗုဒ္ဓဘာသာအတွက် ထူးခြားမှုရှိသော ခေတ်ဟု ဆို ရပေလိမ့်မည်။ သီရိလင်္ကာ၊ မြန်မာ၊ လော၊ ကမ္ဗောဒီးယား
နိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံသည်လည်း ထေရ၀ါဒ ဗုဒ္ဓ ဘာသာနိုင်ငံပင် ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းသည် ရှေးယခင် အတိတ်ကပင် ဗုဒ္ဓ ဘာသာနှင့် ဆက်သွယ်မှု ရှိလာခဲ့သည်။ ၄ ရာစု၊ ၅ ရာစုနှစ် များ၌ မြန်မာနှင့် မာလာယုတို့သည် ဗုဒ္ဓဘာသာကို အကြောင်းပြုလျက် အိန္ဒိယအရှေ့ဘက်ပိုင်းနှင့် ဆက်သွယ် မှု ရှိလာခဲ့ကြသည်။ ထိုအချိန်၌ ထိုင်းနိုင်ငံလည်း ထို သာသနာ ပြုများနှင့် အဆက်အသွယ် ရှိလာခဲ့ပုံရသည်။ ထိုင်းနိုင်ငံ၏ ရှေးဟောင်း အပျက်အစီးများသည် ဗုဒ္ဓ ဘာ သာ နှင့် ဆက်စပ်မှုရှိခဲ့သည်။ ဤ၌ ၄ ရာစုနှစ် ကမ္ပည်း ကျောက်စာကိုလည်းကောင်း၊ ပရာတမ်၌ ၇ နှင့် ၈ ရာစု
ကမ္ပည်းကျောက်စာများကိုလည်းကောင်း၊ တူးဖော်ရရှိခဲ့ သည်။ မာဂု၌ တူးဖော်ရရှိသော ကျောက်စာမှာမူ နောက်ပိုင်း ခေတ်ကဟု ယူဆကြသည်။ ယင်းကျောက်စာ၌ ပါဠိနှင့် သက္ကတ ရောနှောနေသည်ကို တွေ့ရသည်။
၁၃ ရာစုနှစ် ၀န်းကျင်လောက်တွင် အရေးပါ အရာရောက် သော ကျောက်စာတစ်ခု တူးဖော်ရရှိသည်။ ထိုကျောက်စာ အရ ထိုအချိန်ကာလ၌ ထိုင်းအင်ပါယာသည် တောင်ပိုင်း၌ ပင်လယ်သမုဒ္ဒရာမှ လိနိုအထိလည်းကောင်း၊ အနောက် ဘက်တွင် ပဲခူးအထိလည်းကောင်း ကျယ်ပြန့်သည်ဟု သိရ သည်။ ယင်းကျောက်စာအရ ဆုခေါဒအီ နန်းတွင်းသူ နန်း တွင်းသားများနှင့် ပြည်သူလူထုသည် ဗုဒ္ဓဘာသာ ကိုးကွယ် ဆည်းကပ်ကြကြောင်းကိုလည်း သိရှိရသည်။ ပြည်သူလူထု သည် ၀ါဆိုပွဲများနှင့် ကထိန်ပွဲများတွင် ပါဝင်ဆင်နွှဲကြသည်။ ဆုခေါဒအီ နေပြည်တော်၌ ဗုဒ္ဓ၀ိဟာရများကိုလည်းကောင်း၊
ဗုဒ္ဓရုပ်ပွားတော်များကိုလည်းကောင်း၊ ဗုဒ္ဓဓာတ်တော်များ ကို လည်းကောင်း အများအပြား တွေ့ရှိရသည်။
ထိုင်းလူမျိုးတို့ ၏ မူလဒေသမှာ ယူနန်ဟု ယူဆကြသည်။ အခြားတိုင်းပြည် နိုင်ငံများကဲ့သို့ပင် ထိုင်းလူမျိုးတို့လည်း အိန္ဒိယနှင့် အဆက် အသွယ်ရှိကြသည်။ ဆကျူအိုင်နှင့် ယူနန်လမ်းမမှအာသံကို ဖြတ်လျက် ဘီစီ ၂ ရာစုနှစ်လောက်က တရုတ်ကုန်ပစ္စည်း များကို အထူးအားဖြင့် တရုတ်ပိုးထည်ကို အိန္ဒိယသို့ ပို့လေ့ ရှိကြသည်။ အိန္ဒိယလူမျိုးများလည်း ယင်းတရုတ်လမ်းမကြီး ပေါ်ရှိ ချင်းတွင်း၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်၊ ပင်လယ်နီကမ်း ခြေများ၌ မိမိတို့၏ ကိုလိုနီများကို တည်ထောင်ကြသည်။ ယင်းကိုလိုနီများအနက် တစ်ခုသောဒေသကို ဂန္ဓာရဟု အမည် မှည့်ထားသည်။ ယင်းအမည်နာမသည် ၁၃ ရာစုနှစ် အထိ တည်ရှိနေခဲ့သည်။
ယင်းချိုင့်ဝှမ်း နယ်မြေများ၌ ပြည်နယ်ငယ်ကလေးပေါင်း
များစွာတည်ရှိနေသည်။ မဏိပူရနှင့် အာသံကို လွန်သွား သောအခါ တရုတ် `တာ' အမည်ရှိ ဟိန္ဒူပြည်နယ်တစ်ခု တည်ထောင်ထားကြသည်။ ယင်းပြည်နယ်၏ ၇၅ ကော သလောက်ဝေးသော အရှေ့ဘက် ချင်းတွင်းမြစ်အလွန်၌ အခြား ဟိန္ဒူပြည်နယ် တစ်နယ်ရှိသည်။ ယခုခေတ်
တရုတ် ပြည်နယ် ယူနန်၌ `တာလိ' အမည်ရှိ ပြည်နယ်တစ်နယ် ရှိသည်။ ဒေသခံလူများ၏ အစဉ်အဆက် ယူဆလာခဲ့သော အယူအဆအရ ယင်းပြည်နယ်ကို အသောကမင်းတရားကြီး ၏ သားတော် တည်ထောင်သည်ဟု အဆိုရှိသည်။ ယင်း ပြည်နယ်သည် ထိုင်းလူမျိုးတို့၏ ပြည်နယ်ဖြစ်၏ဟု အယူ အဆ ရှိကြသည်။
ယေဘုယျအားဖြင့် ယင်းနယ်မြေဒေသ၌ နေထိုင်သူများအား သျှမ်းလူမျိုးဟု ခေါ်ကြသည်။ သို့ရာတွင် သျှမ်းလူမျိုးတို့ သည် မိမိတို့အား ထိုင်းဟု ခေါ်ဝေါ်ခြင်းကို ပို၍ နှစ်သက်လို လားကြသည်။ ယင်းကိုထောက်လျက် တောင်ပိုင်း တရုတ် ပြည် နယ်နှင့် အဆက်အစပ်ရှိသော လူမျိုးများကို ယင်း အမည်နာမနှင့် ခေါ်ပေါ်ကြောင်း သိရှိရသည်။
သျှမ်းလူမျိုးတို့သည် ကမ္ဗောဇ၏ အုပ်ချုပ်မှုကို တွန်းလှန်
ဖြိုဖျက်ပစ်လိုက်သည့်အခါကျမှ ထိုင်းအမည်နာမကို ရယူ ကြခြင်းဖြစ်သည်။ သူတို့နေထိုင်သည့် အရပ်ဒေသ၏ အမည် မှာ `သျှမ်း' ဟူသော စကားလုံးသည် `သျှာမ' ဟူ သော သက္ကတ ဘာသာစကားလုံး၏ အနက်အဓိပ္ပာယ်မှာ အဖြူဖြစ်သည်။ ယင်းအမည်နာမကို ၁၀၅၂ ခုနှစ်တွင် စမ္ပာ၌ တူးဖော်ရရှိသော ကျောက်စာ၌ တွေ့ရသည်။
အပိုင်း 50 ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်