************************
ဘုရင် သီရိဝိဇယနာဂ လက်ထက်၌ သီရိဝိဇယနိုင်ငံသည် အလွန်ပင် အင်အားတောင့်တင်းနေသည်။ ကူးသန်းရောင်း ၀ယ်ရေး၊ ရေကြောင်း သွားလာရေး အင်အားလည်း တိုး တက် ကြီးမားနေသည်။ သီရိဝိဇယအား ထိုခေတ်က ရေ တပ် အင်အား အကြီးမားဆုံးနိုင်ငံအဖြစ် ထင်မှတ်ယူဆ ထားကြသည်။ ၈ ရာစုနောက်ပိုင်းမစ၍ ၁၀ ရာစု အလယ် ပိုင်း အထိ သီရိဝိဇယ၏ တိုးတက်မှုမှာ နေ့လယ်မွန်းတည့် ချိန် ဖြစ်နေသည်။ တရုတ်နှင့် အာရဗ်စာရေးဆရာများသည် သိလိန္ဒြဘုရင်များကို ချီးမွမ်းထောမနာပြုကြသည်။ အာရဗ် ကုန်သည် ဆုလေမန် (ခရစ် ၈၅၁)သည် ဂျာဗက (ဂျာဗား) နှင့် ပတ်သက်၍ ဤသို့ရေးသားထားသည်။
"ကလာဗာရသည် ဂျာဗက (ဂျာဗား)နိုင်ငံ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။ ဂျာဗကသည် အိန္ဒိယနိုင်ငံ၏ တောင် ဘက်၌ရှိသည်။ ကလာဗာရနှင့် ဂျာဗကဒေသ နှစ်ခုလုံး၏ ဘုရင်မှာ တစ်ဦးတည်း ဖြစ်သည်"
အီဗန်ရိုစတာသည် ခရစ်နှစ် ၉၀၃ ခု ၀န်းကျင်တစ်ဝိုက်၌
ဤသို့ရေးထားသည်။ "ဂျာဗား၏ ဘုရင်အား မဟာရာဇာ (ရှာဟံရှာဟ)ဟု ခေါ်သည်။ ထိုဘုရင်အား အိန္ဒိယနိုင်ငံ၏ ဘုရင်များထဲက အကြီးမားဆုံး ဘုရင်အဖြစ် မသတ်မှတ် ခြင်းမှာ ကျွန်းသူကျွန်းသား ဖြစ်သောကြောင့်တည်း။ အမှန် က ထိုဘုရင်ကဲ့သို့ ကြွယ်ဝချမ်းသာသော၊ အားအစွမ်းနှင့် ပြည့်စုံသော တခြားဘုရင် မရှိပေ။ မည်သည့်ဘုရင်မှ သူ့လောက် ၀င်ငွေမများပေ"
အာရဗ်ကုန်သည်များသည် ဆုမတြာအား ဂျာဗားအမည်ဖြင့် လည်းကောင်း၊ `ဂျာဗားအငယ်' အမည်ဖြင့်လည်းကောင်း အသိများကြသည်။ ထို့ကြောင့် ဆုမတြာ သို့မဟုတ် သီရိဝိဇယအကြောင်း ရေးကြသောအခါ ဂျာဗက သို့မဟုတ် ဂျာဗားဟူသော အမည်ဖြင့် ရေးလေ့ရှိကြသည်။ ဆုလေမန် (၈၅၁) ရေးသောစာတွင် မိမိ၏ အာဘော်ကိုပါ ဖြည့်စွက် လျက် အဗူဂျိတ်ဟဆန် (၉၁၆)ကဤသို့ရေးသားထားသည်။
"ဂျာဗက (ဂျာဗာ)မှ တရုတ်အထိ ပင်လယ်ခရီး တစ်လကြာ မျှ သွားရသည်။ လေကြောင်းသင့်ပါလျှင် ထိုထက်ပင် မြန် နိုင်သည်။ ဤမြို့ (ဂျာဗား)၌ အုပ်ချုပ်သော ဘုရင်၏ ဘွဲ့ အမည်မှာ မဟာရာဇာဖြစ်သည်။ နယ်မြေအကျယ် အ၀န်း မှာ "ဖရဆက်" ၉၀၀ လောက် ရှိသည်။ (ဖရဆက်သည် ပေ ၁၈,၀၀၀ ခန့် ရှိသည်) ဘုရင်သည် တခြားကျွန်းများကို လည်း ပိုင်သေးသည်။ ယင်းကျွန်းများမှာ "ဖရဆက်" တစ် ထောင် သို့မဟုတ် ထို့ထက်ပင် ရှည်လျားသည်။ ထို ဘုရင် အုပ်ချုပ်သော ကျွန်းများအနက် ကျွန်းတစ်ကျွန်း၏ အမည် မှာ ရှရီဗုဇ (သီရိဝိဇယ) ဖြစ်သည်။ ယင်း၏ နယ်မြေ အကျယ် အ၀န်းမှာ "ဖရဆက်" ၄၀၀ ခန့် ရှိသည်။ "ဖရဆက်" ၈၀၀ ခန့် နယ်မြေအကျယ်အ၀န်းရှိသော ရာမီ ကျွန်းလည်း ထိုဘုရင်၏ ပိုင်နက်ဖြစ်သည်။ အာရဗ်နှင့် တရုတ်လမ်းကြောင်း၏
ထက်ဝက်လောက်၌ တည်ရှိသော ကလာ (ကရာ)အမည်ရှိ ပင်လယ်ကမ်းခြေဒေသလည်း ထိုဘုရင် ပိုင်နက်ပင်ဖြစ်သည်။ ကလာ၏ နယ်မြေအကျယ် အ၀န်းသည် "ဖရဆက်" ၈၀ ခန့် ရှိသည်။
ကလာ (ကရာ)မြို့သည် ပရုတ်၊ စန္ဒကူး၊ ဆင်စွယ်၊ ဆိုးဆေး စသော
ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ဖောက်ကားသော အချက်အချာ
ဗဟိုဌာနဖြစ်သည်။ ယင်းသင်္ဘောဆိပ်နှင့်ဥဖ် (အာရပ်) သင်္ဘောဆိပ်သည် ရေကြောင်းအသွားအလာ အမြဲရှိသည်။ ယင်းဒေသသည် တစ်ဖက်စွန်းမှ အခြား တစ်ဖက်စွန်းအထိ လူနေအိမ်ခြေ ထူထပ်စွာ ရှိသည်"
အလ်ဗေရုနီ (ခရစ် ၁၀၃၀) ကလည်း ဤသို့ရေးထားသည်။
"ဤပင်လယ်ထဲတွင် အိန္ဒိယထက် တရုတ်နှင့် ပိုနီးသော ကျွန်းပေါင်း များစွာရှိသည်။ ယင်းကျွန်းများကို ဟိန္ဒူလူမျိုး တို့က သုဝဏ္ဏဒီပဟု ခေါ်ကြသည်။ ထို့ကြောင့် ဂျဗက (ဂျာဗား)ကျွန်းးကို သုဝဏ္ဏဘူမိဟု ခေါ်သည်။ ယင်းဒေသမှ အနည်းငယ်မျှသော မြေကြီးကို ကျင်လျှင် ရွှေအများ ကြီး ထွက်သည်"
နာမည်ကျော် တရုတ်ခရီးသည် ရွှင်ကျန်ကလည်း သီရိ ၀ိဇယနှင့် ပတ်သက်၍ အရေးပါ အရာရောက်သော အချက် အလက်များကို ရေးသားထားသည်။ ရွှင်ကျန်အဆိုအရ ၇ ရာစုအဆုံး၌ သီရိဝိဇယသည် ဗုဒ္ဓဘာသာ စာပေသင်ကြား ပို့ချရာ အချက်အချာ ဗဟိုဌာနကြီးတစ်ခု ဖြစ်သည်။ ထိုအ ချိန်၌ သီရိဝိဇယတွင် တစ်ထောင်ထက်မကသော ဗုဒ္ဓဘာ သာ ရဟန်းတော်များ နေထိုင်သီတင်းသုံးကြသည်။ ယင်း ရဟန်းတော်များသည် မဇ္ဈိမဒေသရှိ ရဟန်းတော်များကဲ့သို့ ပင် ဘာသာရပ်အမျိုးမျိုးကို သင်ကြားအားထုတ်ကြသည်။
တရုတ်ခရီးသည်က
"တောင်ပိုင်းပင်လယ်ရှိ ကျွန်းများတွင် ဗုဒ္ဓဘာသာသည် ပြန့်ပွားနေပြီ။ ယင်းကျွန်းများမှာ အရေအတွက် တစ်ဆယ် ထက်မက ရှိသည်" ဟု ရေးသားထားသည်။ ယင်းကျွန်းများ ၏ အမည်စာရင်းကိုပင် တရုတ်ခရီးသည်က ရေးပြထားပြီး အခိုင်အမာ ပြောဆိုထားသည်။ ယင်းကျွန်းများသည်လည်း ကောင်း၊ အခြားကျွန်းများသည်လည်းကောင်း ဗုဒ္ဓဘာသာ ကို ကိုးကွယ်ဆည်းကပ်ကြသည်။ များသောအားဖြင့် ဟိနယာန (ထေရ၀ါဒ) ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မလယကျွန်း၌သာလျှင် မဟာယန ဗုဒ္ဓဘာသာဝင် အနည်း ငယ်ရှိသည်။
တရုတ်ခရီးသည် ရွှင်ကျန်၏ ဖော်ပြပါရှိချက်များအရ ရွှင်ကျန်သည် သီရိဝိဇယနာဂ၏ ဘုရင်လက်ထက်၌ သီရိဝိဇယသို့ ရောက်ရှိသွားသည်ဟု သိရှိရသည်။ သီရိ ၀ိဇယနာဂဘုရင်သည် ၇ ရာစု (၆၈၄) နောက်ပိုင်း၌ ထီးနန်း စိုးစံသော ဘုရင်ဖြစ်သည်။ ထိုအချိန်၌ သီရိဝိဇယ ဗုဒ္ဓနိုင်ငံ တော်၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားပြီး နောက်ပိုင်းကျမှ မဟာယာန ဗုဒ္ဓဘာသာ ပြန့်ပွားလာခြင်း ဖြစ်ပေလိမ့် မည်။ သီရိဝိဇယနာဂဘုရင်လက်ထက်၌လည်းကောင်း
သို့မဟုတ် နောက်ပိုင်းနှစ်များ မကြာမီအတွင်း၌လည်းကောင်း၊
သီရိဝိဇယနိုင်ငံသည် ဗုဒ္ဓနိုင်ငံတော်အဆင့် ရောက်ရှိသွား ဟန်တူသည်။ သီရိဝိဇယနာဂ လက်ထက်မှစ၍ ၁၁ ရာစု အထိ သီရိဝိဇယသည် အင်ဒိုနေးရှား၏ ဗုဒ္ဓဘာသာ အချက် အချာ ဗဟိုဌာနဖြစ်ခဲ့သည် ယင်းအချိန်ကာလ အတော အတွင်း ၌ ဓမ္မပါလနှင့် ဒီပင်္ကရသီရဉာဏ ထိုဒေသသို့ ရောက်ရှိလာခြင်းသည် အထက်ပါ အယူအဆကို ထောက်ခံ အားပေးလျက် ရှိသည်။ ကျောက်စာများအရ သိလိန္ဒြမင်း ဆက်များထဲက ဘုရင်တစ်ပါး၏ ရာဇဂုရုဆရာတော်မှာ
ဂေါရ (ဗင်္ဂေါ)မှ ရဟန်းတော်တစ်ပါးဖြစ်ကြောင်း သိရှိရ သည်။ ဗင်္ဂါပြည်နယ်မှ ပါလမင်းဆက်ဘုရင်များနှင့် အိန္ဒိယတောင်ပိုင်းမှ စောလဘုရင်များသည် သီရိဝိဇယ၌ သြဇာလွှမ်းမိုးမှု
ရှိသည်ဆိုသည်မှာမူ အငြင်းပွားဖွယ်မရှိပေ။
သီရိဝိဇယနိုင်ငံ သိလိန္ဒြဘုရင်များ ထူးထူးခြားခြား ဗုဒ္ဓဘာ သာ သက်ဝင်ယုံကြည်ကြောင်းမှာ သိသာထင်ရှားပြီ။ ထို ဘုရင်များသည် နောက်ပိုင်း၌ မဟာယာနနှင့် တန္တြယာန ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သွားကြသည်။ ထိုအချိန်၌ ဇမ္ဗူဒိပ်ကျွန်း မဂဓတိုင်း၌လည်း ယင်းဗုဒ္ဓဘာသာ ဂိုဏ်းဂဏများ ခေတ် စား နေသည်။ ၇ ရာစု စောစောပိုင်းကပင် စတင်၍ နာလန္ဒာ မဟာဝိဟာရ (တက္ကသိုလ်)သည် ကမ္ဘာကျော် ဖြစ်လာခဲ့ သည်။ နာလန္ဒာ တက္ကသိုလ်အပေါ်တွင် သိလိန္ဒြဘုရင်များ မည်မျှစိတ်ပါဝင်စားမှု ရှိသည်ဆိုသည်ကို သူတို့ရေးထိုး ထား သော ကြေးပုရပိုက်အရ သိသာထင်ရှားသည်။
ယင်းကြေးပုရပိုက်၌ သုဝဏ္ဏဒီပဘုရင် သီရိဗာလပုတြဒေဝ
ဆောက်လုပ်လှူဒါန်းထားသော နာလန္ဒာကျောင်းအတွက်
ဘုရင်ဒေ၀ပါလထံမှ ရရှိသော ရာဇဂြိုဟ်ခရိုင်မှ နန္ဒိဗနက၊ ၀ါဏိပါဋက၊ နဋိပါမက၊ ဟရိတဂါမလနှင့် ဟယာခရိုင်မှ ပါလာမက ရွာတို့အကြောင်း ရေးသားပါရှိသည်။ ထိုနည်း အတိုင်းပင် သိလိန္ဒြဘုရင်တို့သည် စေလဘုရင်၏ ခွင့်ပြု ချက်အရ နာဂပဇဋ္ဋန၌လည်း ကျောင်းဆောက်လုပ် လှူဒါန်း ကြသည်။ ယင်းကျောင်း၏ အသုံးစရိတ်အတွက် စေလ ဘုရင် က ရွာတစ်ရွာ လှူဒါန်းသည်။ ဆုမတြာ၌ တန္ဒြယာန ဗုဒ္ဓဘာသာ
ပြန့်ပွားထွန်းကားရေးအတွက် ဗင်္ဂေါပြည်နယ်၏ အကူအညီ အထောက်အပံ့များစွာ ရရှိပုံပေါ်သည်။
ဂျာဗာ၏ ဗိုရိုဗုဒု၊ ကလဆန်၊ မေဒုကဲ့သို့သော ဗုဒ္ဓဘာသာ
အဆောက်အအုံများကို ကြည့်ခြင်းအားဖြင့် သိလိန္ဒြဘုရင် များ၏ စည်းစိမ်ဓနကို ခန့်မှန်းကြည့်နိုင်သည်။ ယင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းမှာသီရိဝိဇယနိုင်ငံက ဂျာဗာကို အနိုင်တိုက်ယူပြီးသည့်နောက်မှ အစပြုခြင်းဖြစ်ပြီး နောက်ပိုင်း ရာစုနှစ်များအထိ ဆက်လက်လုပ်ကိုင် ဆောင် ရွက် ရပေလိမ့်မည်။
သိလိန္ဒြဘုရင်များ၏ အံ့သြဖွယ်အကောင်းဆုံး အဆောက် အအုံမှာ
ဗိုရိုဗုဒု မဟာစေတီကြီးဖြစ်သည်ဟု ယူဆရသည်။ ယင်းအဆောက်အအုံ ထိုအချိန်က ဆောက်လုပ်သည် ဆို သည့် မှတ်တမ်းမှတ်ရာကိုမူ မတွေ့ရှိရပေ။ သိလိန္ဒြဘုရင် တို့၏ ရှေးဟောင်းဗိသုကာပညာနှင့် ပတ်သက်သော ကျောက်စာမှာမူ ပရမ္ဗနံချိုင့်ဝှမ်းရှိ ကျဏ္ဏီတလဆန် (ကလဆန် နတ်ဘုရားကျောင်း)
ကျောက်စာဖြစ်သည်။
၇၇၈ ခုနှစ် ရေးထိုးသော ထိုကျောက်စာ၌ သိလိန္ဒြဘုရင် သည်
ယင်းနတ်ဘုရားကျောင်းကို တာရာနတ်ဒေ၀ီအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ရေးသားဖော်ပြထား သည်။ ယင်းကျောက်စာ၌ ကလဆန်ရွာအကြောင်း ရေးသား ပါရှိသည်။ ထို့ကြောင့် နတ်ဘုရားကျောင်းအမည်မှာ ကျဏ္ဏီကလဆန် (ကျဏ္ဏီနတ်ဘုရားကျောင်း)ဟု အမည် တွင်နေခြင်း ဖြစ်သည်။ ရာစုပေါင်းများစွာကစ္က ပစ်ထားသ ဖြင့် ဘုရားကျောင်း အစိတ်အပိုင်း အနည်းအကျဉ်းမျှသာ ကျန်တော့သည်။ သို့သော်လည်း ကျန်သမျှ အစိတ်အပိုင်း ကိုကြည့်၍ အိန္ဒိယ ရှေးဟောင်းဗိသုကာပညာ၏ ပုံစံဖြစ် သည်ဟု ဆိုကြသည်။
ဘုရားကျောင်းသည် လေးထေင့်အောက်ခြေ အမြင့်ပေါ်၌
တည်ရှိနေသည်။ ယင်းအောက်ခြေ ကုန်းမြင့်သည် အပြင် ဘက် ၁၂ ပေ ထွက်နေသည်။ ဘုရားကျောင်း၏ အဓိက အစိတ်အပိုင်းသည် စကွဲယားပုံသဏ္ဌာန် ဖြစ်သည်။ တံခါးမ ကြီး၏ အပေါ်၌ မော်ကွန်းထိုးထားသော တိုင်ကြီးရှိသည်။ ယင်းမော်ကွန်းတိုင်ကြီးမှ ကြာငါးပွင့် တွဲလွဲကျနေသည်။ တံခါးမကြီးတွင် လှပသော ရုပ်တုများ ထွင်းထုထားသည်။ တံခါးအပေါ်ပိုင်း အနီးကပ်ဆုံးရုပ်တုမှာ ပန်းကိုင်ထားသော နတ်သမီးရုပ်တု ဖြစ်သည်။ တံခါး၏ ဘေးနှစ်ဖက် နံရံအပေါ် ပိုင်း၌ လှပသော ရုပ်တုများ တန်းစီရှိနေသည်။ အမိုး စတင် မိုးထားသော နေရာ၌ ဗုဒ္ဓရုပ်ပွားတော်များကို စီတန်းထုလုပ် ထားသည်။
နောက်ဘက်နံရံမှ ပလ္လင်တစ်ခုမှာ ယခုထက်တိုင် ရှိနေသေး သည်။ ယင်းပလ္လင်ပေါ်၌လည်း ဘုရားကျောင်း၏ ပဓာနဖြစ် သော တာရာဒေ၀ီ စံပယ်နေသည်။ ------------
အပိုင်း(၄၇)ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်