***********************
လောကီကုသိုလ်+အကုသိုလ်တို့၏ အကျိုးဝိပါက်တရားများ ကို ဖော်ပြ, ခွဲခြားပြပါမယ်။
ဗုဒ္ဓ၏၀ါဒသည် အကြောင်းကို အခြေခံကာ အကျိုးဖြစ်တယ် ဆိုတဲ့ ကမ္မ၀ါဒဖြစ်ပါတယ်။
ကုသိုလ်+အကုသိုလ်များဆိုတာ ပြုလုပ်တဲ့(ကမ္မ=ကံ)အကြောင်းတရားများ ဖြစ်ပြီး၊
၎င်းတို့ ကြောင့် ခံစားရတဲ့ တရားများကို အကျိုးဝိပါက် (ကမ္မဖလ)
လို့ခေါ်ပါတယ်။
လောကီ လူ, နတ်, ဗြဟ္မာတို့သန္တာန်မှာ ကိုယ်လုပ်တဲ့ ကံ-အကြောင်းဟာ
အကျိုးခံစားရစမြဲပါ။ တချို့ နဲနဲပါးပါးပဲ ကုသိုလ်ကံအားကြီးလို့
အကုသိုလ်ကံအကျိုး မပေးနိုင်တာ တွေ, အကုသိုလ်ကံက အင်မတန် အားကြီးလို့ ကိုယ့်
ကုသိုလ်ကံ က အားမပေးနိုင်တာတွေတော့ ရှိပါတယ်။ အဲဒါကို
“အဟောသိကမ္မ=အကျိုးမပေးတဲ့ ကံလို့” ခေါ်ပါ တယ်။
ထင်ရှားတဲ့ ဥပမာကြည့်မယ်ဆိုရင် --
အဇာတသတ်မင်းကို နာလည်း ခံစားကြည့်နိုင်ပါတယ်။ အကြောင်းပြုလုပ်တဲ့ (ကမ္မ)နှင့် အကျိုး(ကမ္မဖလ) စကား စပ်လေးကို ပြောပြတာပါ။
ဒီတော့ လောကီဝိပါက်စိတ်က ဘယ်လောက်ရှိလဲဆိုတော့ . . .
အဟိတ်လို့ ခေါ်တဲ့ “လောဘ, ဒေါသ, မောဟ၊ အလောဘ, အဒေါသ, အမောဟ” ဟိတ် (သို့)
မူလတရား များကို အခြေခံကာ ဖြစ်တာ မဟုတ်တဲ့ (သို့မဟုတ်) ၄င်း
မူလတရားများနှင့် တကွမဖြစ်တဲ့ အဟိတ်စိတ် (၁၈) ပါးထဲမှာ
အဟိတ်အကုသလ၀ိပါက်စိတ် -၇-ပါး
(Resultant rootless-unwholesome consciousness)
အဟိတ်ကုသလ၀ိပါက်စိတ် -၈-ပါး
(Resultant rootless-wholesome consciousness)
(အဟိတ်စိတ်ထဲမှာ ၀ိပါက်စိတ် (၁၅)ပါး။
---------------------
ကာဝစရသောဘန ၀ိပါက်စိတ် -၈-ပါး
(Sense-sphere resultant consciousness)
(အပေါ်မှာ ပြခဲ့တဲ့ မဟာကုသိုလ်စိတ် -၈-ပါးရဲ့ ၀ိပါက်“အကျိုးတရား”ပါ)
---------------------
ရူပါဝစရ ၀ိပါက်စိတ် -၅-ပါး
(အပေါ်မှာပြခဲ့တဲ့ ရူပကုသိုလ်စိတ် -၅-ပါးရဲ့ ၀ိပါက် “အကျိုး”တရားပါ။)
(Fine-material-sphere resultant consciousness)
---------------------
အရူပါဝစရ ၀ိပါက်စိတ် -၄-ပါး
(အပေါ်မှာ ပြခဲ့တဲ့ အရူပကုသိုလ်စိတ် -၄-ပါးရဲ့ ၀ိပါက် “အကျိုး” တရားပါ။)
(Immaterial-sphere resultant consciousness)
ပေါင်း-- - -လောကီဘုံသားတို့အတွက် အကျိုး ၀ိပါက်စိတ် -၃၂-ပါး ရှိပါတယ်။
အထက်ဝိပါက် (အကျိုး) တရားများနှင့် ပတ်သက်၍ အဓိပ္ပါယ်နဲနဲ ပြောပြရရင်…
အဟိတ်အကုသိုလ်ဝိပါက်… မူရင်းပါဠိက (အဟေတုက-အကုသလ-၀ိပါက) အဟေတုကဆိုတာ- အထက်မှာ ပြော ခဲ့တဲ့ ဟိတ် -၆-ပါး ဒီ အဟိတ်စိတ်မှာ မရှိတာ။
အကုသလ-ဆိုတာ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် ကံ။
ဝိပါက-ဆိုတာ- -အကျိုးတရား။ ၄င်း ပါဠိစကားလုံး ၃-လုံး ပေါင်းလိုက်တော့ ဟိတ်တရားမရှိ/မယှဉ်တဲ့ အကုသိုလ်ဝိပါက်။
အဟိတ်အကုသိုလ်ဝိပါက် (၇)ပါး အသေးစိပ်ခွဲကြည့်မယ်ဆိုရင်..
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ စက္ခုဝိညာဏ်စိတ် (မြင်သိစိတ်)-၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သောတ၀ိညာဏ်စိတ် (ကြားသိစိတ်)-၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ ဃာန၀ိညာဏ်စိတ် (နံသိစိတ်)-၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ ဇိဝှါဝိညာဏ်စိတ် -(အရသာသိစိတ်) ၁-ပါး
ဒုက္ခဝေဒနာနှင့်တကွဖြစ်တဲ့ ကာယ၀ိညာဏ်စိတ် (တွေ့ထိသိစိတ်)-၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သမ္ပဋိစ္ဆိုင်းစိတ် (ခံယူတတ်တဲ့စိတ်)-၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သန္တီရဏစိတ် (ဆုံးဖြတ်တတ်တဲ့)-၁-ပါး ပေါင်း (၇)ပါး။
ဤအဟိတ်အကုသလ၀ိပါက်စိတ် (၇)ပါးသည် ငရဲ၊ တိရစ္တာန်၊ ပြိတ္တာ၊ အသူရကာယ်တို့မှာ
ဖြစ်တဲ့ သတ္တ၀ါများ ခံစားရတဲ့ အကျိုးတရားများ ဖြစ်ပါတယ်။ ၄င်း အထက်ပါ
(၇)ပါးထဲမှ “ဒုက္ခဝေဒနာနှင့် တကွဖြစ်တဲ့ ကာယ၀ိညာဏ် (တွေ့ထိ)စိတ်ဆိုတာလေးကို
စဉ်းစားကြည့်လိုက်ပါ။ ထင်ရှားတာနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ငရဲဘုံသားများသည်
သူတို့ရဲ့ ကိုယ်မှာ အမြဲတမ်း ပူလောင် ခံစားနေရပါတယ်။ အကုသိုလ်
အကြောင်းကံကြောင့် ဤမကောင်းတဲ့ “အဟိတ်အကုသလ၀ိပါက် (၇)ပါးနှင့် နေပြီး
ခံစားနေရတာ ပါ။ အထက်ပါ အပါယ် (၄)ဘုံက သတ္တ၀ါတိုင်း ဤအကျိုး (၇)ပါး လုံး
ရရှိတယ်လို့တော့ မမှတ်သားပါနဲ့။
ဘာဖြစ်လို့လည်းဆိုတော့. . .
တချို့ မွေးကတည်းက မျက်စိကန်းနေတဲ့ တိရစ္တာန်လေး တွေ မြင်ဘူးမှာပါ။
သူတို့မှာ မြင်စိတ် မဖြစ်နိုင်၊ မရနိုင်ပါဘူး။ အဲဒီလို
ချွင်းချက်ရှိတယ်ဆိုတာကိုလည်း ဗုဒ္ဓအဘိဓမ္မာမှာ ပြထားပါတယ်။ ဒါပေမယ့်
ဒီနေရာမှာ အကျဉ်းမျှပဲ ပြဆိုပါ မယ်။ ဒါက အကုသိုလ်အကြောင်းကံကြောင့် အကျိုး
ခံစား ရပုံကို သိသာရုံမျှ ရှင်းပြတာပါ။
နောက် အဟိတ်ဝိပါက်က . . . အဟိတ်ကုသလ၀ိပါက်စိတ် (၈)ပါး. . . (ဟိတ်နှင့်မယှဉ်တဲ့ ကုသိုလ်ဝိပါက်စိတ်)
အဟိတ်ကုသိုလ်ဝိပါက်စိတ် ပထမ (၄)ပါးက အပေါ် အဟိတ်အကုသိုလ် -၄-ပါးနဲ့ အတူတူပါပဲ။
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ စက္ခုဝိညာဏ် (မြင်သိစိတ်) -၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သောတ၀ိညာဏ် (ကြားသိစိတ်) -၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ ဃာန၀ိညာဏ် (အနံ့သိစိတ်) -၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ ဇိဝှါဝိညာဏ် (အရာသာသိစိတ်) -၁-ပါး
သုခဝေဒနာနှင့်တကွဖြစ်တဲ့ ကာယ၀ိညာဏ် (တွေ့ထိသိစိတ်) -၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သမ္ပဋိစ္ဆိုင်း (ခံယူတတ်တဲ့စိတ် ) -၁-ပါး
သောမနဿဝေဒနာနှင့်တကွဖြစ်တဲ့ သန္တီရဏစိတ် (ဆုံးဖြတ်တဲ့စိတ်) -၁-ပါး
ဥပေက္ခဝေဒနာနှင့်တကွဖြစ်တဲ့ သန္တီရဏစိတ် (ဆုံးဖြတ်တဲ့စိတ်) -၁-ပါး။ ပေါင်း အဟိတ်ကုသလ၀ိပါက်စိတ် (၈)ပါးဖြစ်ပါတယ်။
မိမိတို့တစ်တွေ မြင်သိစိတ်တွေ၊ ကြားသိစိတ်တွေ၊ နံသိစိတ် တွေ၊
အရသာသိစိတ်တွေ၊ တွေ့ထိစိတ်တွေ စသည်ဖြစ်နေ တာ သည် ဤအဟိတ်ကုသလ၀ိပါက်စိတ်
(၈)ပါးထဲမှ မိမိ တို့ မြင်, ကြားသိသည့်အလျောက် ဖြစ်နေကြတာ ဖြစ်ပါ တယ်။
မှတ်သားစရာ။ ။ အပေါ် အဟိတ်အကုသလ၀ိပါက်မှာက သန္တီရဏ (ဆုံးဖြတ်တတ်တဲ့စိတ်
-၁-ပါးသာ ဖြစ်ပြီး၊ ဒီ အဟိတ်ကုသလ၀ိပါက်မှာကျတော့ ဘာဖြစ်လို့
-၂-ပါးဖြစ်နေတာလဲ?ဆိုတော့ အပါယ်လေးဘုံးသားတို့မှာ ကောင်း+မကောင်း
ရွေးချယ်ခြင်း မရှိတဲ့အတွက် အဟိတ်အကုသိုလ်ဝိပါက်စိတ်ထဲမှာ သန္တီရဏ
(ဆုံးဖြတ်တဲ့) စိတ် တစ်ပါးတည်းသာ ဖြစ်ပြီး၊ လူ့ဘုံသား, နတ်ဘုံသား,
ရူပဘုံသားတို့မှာကား ကောင်း+ မကောင်း ဆုံးဖြတ်တဲ့ စိတ်ရှိသဖြင့်
(ဥပေက္ခာဝေဒနာ+သောမနဿဝေဒနာ) ၂-ပါးအနေအားဖြင့် သန္တီရဏ (ဆုံးဖြတ်တတ်တဲ့) စိတ်
-၂-ပါး ဖြစ်နေခြင်းပါ။
စိတ်-၁-ပါးရဲ့ ဖြစ်ပုံ (ဥပမာ မြင်စိတ်တခု ဘယ်လိုဖြစ် လာသလ?)ဆိုတာကို
စိတ်သရုပ် အားလုံး တင်ပြပြီးသွား တဲ့အခါ တင်ပြပေးပါမယ်။
အခုဒီဝိပါက်တွေထဲမှာပါတဲ့ “သမ္ပဋိစ္ဆိုင်း=ခံယူတာ” “သန္တီရဏ=ဆုံးဖြတ်တာ” စသည်
ဆိုတာ ဘယ်လိုဆိုတာ အဲဒီအပိုင်းကျတော့ နားလည်လာပါ လိမ့်မယ်။ စိတ်တစ်ပါး
(ဥပမာ=မြင်သိစိတ်တစ်ပါး)ဖြစ်ဖို့ အကြောင်းအင်္ဂါတွေက (၁၇)ပါး ရှိပါတယ်။ ယင်း
(၁၇) ပါးပြည့်စုံသွားပြီ ဆိုတာနဲ့ “မြင်စိတ် တစ်ပါး”ဖြစ်တယ်လို့
ဆိုလိုတာပါ။
မိမိတို့တစ်တွေက စိတ်ဖြစ်စဉ်က မြန်လွန်းတော့ ယင်းကဲ့သို့ အင်္ဂါ (၁၇)ပါး
ဖြစ်သွားတယ်ဆိုတာ မသိလိုက်ပါဘူး။ မိမိတို့စိတ်အစဉ်လေး ဖြစ်နေပုံက…
ဥပမာ-ဖယောင်တိုင် မီးလေး လင်းနေသလိုပါ။ မီးတောက်လေးသည် အရင်
အလင်းပျောက်ပြီး နောက်ထပ် အလင်းက ဆက်ဖြစ်နေ တာပါ။ ဒါပေမယ့်
မိမိတို့တစ်တွေထင်တာက ဒီမီးပဲ လင်းနေ တယ်ထင်နေကြတာပါ။ ဒီလိုဒီလို
စိတ်ဖြစ်ပုံကို ပြောပြပါ မယ်။ အဟိတ်ဝိပါက်စိတ် -၁၅-ပါး ခွဲပြပုံနဲ့ပဲ
ရပ်လိုက်ပါ ဦးမည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်