*******************************
မေး။ ။ အဘိဓမ္မာဘုရားဟော ဟုတ်မဟုတ်သိချင်ပါတယ် တကယ်လို့သာ ဘုရားဟောဆိုရင် ဘယ်လို့ အချက်တွေကြောင့်သိနိုင်ပါသလဲ
မေး။ ။ နောက်တစ်ခါ သမ္မာဒိဌိဟာ သိပ္ပံပညာရဲ့ ခြေလှမ်း ကို လိုက်နိုင်ပါရဲ့လား
ဖြေ။ ။ ဤမျှနက်နဲ ခက်ခဲသော ရုပ်နာမ်တရားများကို အသေးစိပ် ဟောကြားထားသော
အဘိဓမ္မာတရားကို ဘုရားမဟောလျှင် အဘယ်သူဟောသည်ဟု ယူဆမိပါ သနည်း? ။
မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို တာဝတိံသာ နတ်ပြည်၌ အကျယ်တဝင့်
ဟောကြားတော်မူပြီး။ အရှင် သာရိပုတ္တရာအား အကျဉ်းအားဖြင့် ဟောကြားတော် မူလေ
သည်။ အရှင်သာရိပုတ္တရာ သည်လည်း လင်းနို့သားဖြစ်ခဲ့ဖူး သော ရဟန်းငါးရာတို့အား
မကျဉ်းမကျယ် လက်ဆင့် ကမ်း ၍ ဟော ကြားတော်မူခဲ့လေသည်။ ဤသို့လျှင်
ဗုဒ္ဓဘုရားရှင် မှ အစပြုကာ ဆရာအစဉ် အဆက် အားဖြင့် လက်ဆင့်ကမ်း သယ်ဆောင်
လာခဲ့သည်မှာ ယနေ့ ထက်တိုင် အောင်ဖြစ် လေ သည်။ ။
ရုပ်နာမ်တရား တို့ကို ပိုင်းခြား၍ ဟောထားခြင်း၊ ပရမတ္ထ သဘာဝ တရားများကို
ဖြစ်စဉ်အတိုင်း အကြွင်း မရှိ ပြည့်စုံ စွာ ဆက်စပ် ဟောထားခြင်းတို့ကို
ထောက်ဆ၍ သဗ္ဗညုတ ဘုရားရှင်မှတစ်ပါး အခြား တစ်စုံတစ်ဦး သောသူသည်
ဟောကြားနိုင်စွမ်း ရှိမည်မဟုတ်ပါ
ဖြေ။ ။ သမ္မာဒိဋ္ဌိသည်=ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ နာမရူပ ပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊
ဟေတုပစ္စယပရိဂ္ဂဟသမ္မာဒိဋ္ဌိ၊ ဝိပဿနာ ဥာဏဒဿနသမ္မာဒိဋ္ဌိ၊ လောကုတ္တရမဂ္ဂဖလ
သမ္မာဒိဋ္ဌိ-အားဖြင့် ငါးမျိုး ခွဲခြားနိုင်ပါသည်။ လောကုတ္တရ မဂ္ဂဖလသမ္မာဒိဋ္ဌိ
သည်ပင်လျှင် သိပ္ပံပညာ၏ ခြေလှမ်းကို ကျော်လွန်သွားပြီး ဖြစ်သည်၊ သို့သော်
၎င်းသမ္မာဒိဋ္ဌိ တရား တို့ကိုကောင်းစွာ သဘောမပေါက်ပဲ၊ မည့်သည့် သိပ္ပံပညာ
ကိုမျှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါ။ လက်ရှိ သိပ္ပံ ပညာရှင်များ
လေ့လာနေသော သိပ္ပံသည်ကား နာမရူပ ပရိဂ္ဂဟသမ္မာဒိဋ္ဌိ- မှ-(ရူပ) ဟုဆိုအပ်သော
ရုပ်တစ်စိပ် တစ်ဒေသကို သာလျှင် လက်တွေ့ အားဖြင့် လေ့လာနေကြ ခြင်းသာ
ဖြစ်သေး၍၊ မေးခွန်းရှင် ဆိုလိုသော သမ္မာဒိဋ္ဌိ ကို သာလျှင် ကောင်းစွာသိရှိ
ထားမည်ဆိုပါက၊ သိပ္ပံပညာ၏ ခြေလှမ်းကို လိုက်နိုင်ရုံမကပဲ၊ ဘုရားရဟန္တာ အရိယာ
သူတော်ကောင်းတို့သာလျှင် အာရုံပြုကျက်စားရာဖြစ်သော နိဗ္ဗာန်တိုင်အောင်
လျှောက်လှမ်းနိုင် မည်ဖြစ်သည်။
အဘိဓမ္မာအကြောင်း အကျဉ်းချုံးပြောပြပါမယ်။ သိသင့် သိထိုက်သော
တရားအလုံးစုံကို ဆရာမကူ သယမ္ဗူဉာဏ် နှင့် သိမြင်တော်မူသော
ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တမ
မြောက်ဝါကို တာဝတိံသာမှာ ကပ်ဆိုတော်မူပြီး မယ်တော် ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို အမှူးထား၍ နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို မရပ် မနား တစ်ဆက်တည်း ဟောကြားတော်မူခဲ့ပါတယ်။ နေ့စဉ် နံနက် ဆွမ်းခံချိန်ရောက်ရင် ဗုဒ္ဓမြတ်စွာသည် နိမ္မိတရုပ်ပွား တော် တစ်ဆူကို မိမိ၏ကိုယ်စား ဘယ်ရွေ့ဘယ်မျှ တရား ဆက် ဟောရန် အဓိဋ္ဌာန်တော်မူခဲ့ပြီး မြောက်ကျွန်း ဥတ္တရ ကုရုသို့ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီနောက် အနောတတ်အိုင်နားမှာ ဆွမ်းဘုဉ်းတော်မူပြီး စန္ဒကူးတော၌ နေသန့်တော်မူပါတယ်။
မြောက်ဝါကို တာဝတိံသာမှာ ကပ်ဆိုတော်မူပြီး မယ်တော် ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို အမှူးထား၍ နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို မရပ် မနား တစ်ဆက်တည်း ဟောကြားတော်မူခဲ့ပါတယ်။ နေ့စဉ် နံနက် ဆွမ်းခံချိန်ရောက်ရင် ဗုဒ္ဓမြတ်စွာသည် နိမ္မိတရုပ်ပွား တော် တစ်ဆူကို မိမိ၏ကိုယ်စား ဘယ်ရွေ့ဘယ်မျှ တရား ဆက် ဟောရန် အဓိဋ္ဌာန်တော်မူခဲ့ပြီး မြောက်ကျွန်း ဥတ္တရ ကုရုသို့ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီနောက် အနောတတ်အိုင်နားမှာ ဆွမ်းဘုဉ်းတော်မူပြီး စန္ဒကူးတော၌ နေသန့်တော်မူပါတယ်။
အဲဒီအချိန်မှာ အရှင်သာရိပုတ္တရာက ဘုရားထံမှောက် လာရောက်ပြီး
ဝတ်ကြီးဝတ်ငယ်ပြုတော်မူ ခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာအား
အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချူပ် (သင်္ခေပနယ) ဟောကြားတော် မူပါတယ်။
ဒါကြောင့် မြတ်ဗုဒ္ဓသည် အဘိဓမ္မာဒေသနာကို လူ့ပြည်နှင့် နတ်ပြည်
တစ်ပြိုင်နက်တည်း ဟောကြားတော်မူ ခဲ့ခြင်းဖြစ်ပါတယ်။ ပညာအရာမှာ ဧတဒဂ်ရထားတဲ့
အရှင် သာရိပုတ္တရာမထေရ်ဟာ ဘုရားရှင်ထံမှ နည်းရတော်မူလျှင် အဘိဓမ္မာအကျယ်ကို
နည်းပေါင်းအရာအထောင်တို့ဖြင့် ဖြန့်
လျှက်သိမြင်တော်မူခဲ့ပါတယ်။အရှင်သာရိပုတ္တရာမထေရ်မှ အဘိဓမ္မာတရားတော်ကို
မကျဉ်းမကျယ် အလယ်အလတ် နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ) ဖြင့် တပည့်ရဟန်း ငါးရာ
တို့အား တစ်ဖန်ဟောကြားတော်မူခဲ့ပါတယ်။
တာဝတိံသာမှာ အဘိဓမ္မာဒေသနာတော်ကို မြတ်ဗုဒ္ဓဟော ကြားလို့
ပြီးဆုံးတဲ့အချိန်မှာပဲ လူ့ပြည်မှာလည်း အဘိဓမ္မာ တရားတော်ကို
အရှင်သာရိပုတ္တရာ ဟောကြားခြင်း ပြီးဆုံး သို့ ရောက်ပါတယ်။လူ့လောက၌ ယနေ့တိုင်
သင်ကြားပို့ ချနေတဲ့ အဘိဓမ္မာပိဋကဟာ အရှင်သာရိပုတ္တရာ ဟော ကြားပို့ချခဲ့တဲ့
ပိဋ္ဋကဖြစ်ပါတယ်။
အဘိဓမ္မာတရားတော် သည် ပရမတ္ထသဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ
ပြည့်စုံစွာ ဟောကြားတော် မူခဲ့ တဲ့ ပရမတ္ထဒေသနာတော် ဖြစ်ပါတယ်။ဓမ္မက္ခန္ဒာ အရေ
အတွက်အားဖြင့် သုတ္တန်ပိဋကမှာ ၂၁၀၀၀၊ ဝိနည်းပိဋိကမှာ ၂၁၀၀၀ နှင့်
အဘိဓမ္မာပိဋိကမှာ ၄၂၀၀၀ ရှိပါတယ်။ ဒါကြောင့် အဘိဓမ္မာသည် ဓမ္မာခန္ဒာအရေအတွက်
အားဖြင့် လည်းကောင်း၊ ဟောကြားသော နည်းအရေအတွက် အားဖြင့်လည်းကောင်း၊
ထူခြားဆန်းကြယ်မှု၌ လည်းကောင်း သာလွန်ပါတယ်။
အဘိ = သာလွန်သော၊ ထူးဆန်းသောဓမ္မာ = သင်ယူထိုက် သော ပါဠိတော် (ဝါ) သတ္တဝါတို့ ဆင်းရဲခပ်သိမ်း ငြိမ်း အောင် မြတ်ဗုဒ္ဓမှ ကောင်းစွာဟောကြားအပ်သောတရား။
အဘိ = သာလွန်သော၊ ထူးဆန်းသောဓမ္မာ = သင်ယူထိုက် သော ပါဠိတော် (ဝါ) သတ္တဝါတို့ ဆင်းရဲခပ်သိမ်း ငြိမ်း အောင် မြတ်ဗုဒ္ဓမှ ကောင်းစွာဟောကြားအပ်သောတရား။
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာပိဋိကမှ ပဋ္ဌာန်းတရားတော်ကို
ဆင်ခြင်သုံးသပ်တော်မူတဲ့အခါ ရောင်ခြည်တော် ခြောက် သွယ် ကွန့်မြူးလာပါတယ်။
တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားလို့ ပြီးဆုံးတဲ့အခါမှာ နတ်
ဗြဟ္မာပေါင်း ကုဋေရှစ်သောင်းတို့ သစ္စာလေးပါး သိမြင်ပြီး
ကျွတ်တမ်းဝင်ကြကုန်တယ်လို့ ဆိုထားပါတယ်။
အဘိဓမ္မာတရားတော်ဟာ ပညတ်လောကကို ဖောက်ထွင်း ၍ ပရမတ်လောကကို စိတ် စေတသိက်
ရုပ် နိဗ္ဗာန်တည်း ဟူသော အခြေခံ သဘာဝတရားများဖြင့် ဖွင့်ဆိုရှင်းလင်း
ထားတဲ့အတွက် ရုပ်၊ နာမ်အစုတို့၌ ငါဟူသော မာနစွဲ၊ ငါ့ဥစ္စာ ဟူသော တဏှာစွဲ၊
အတ္တကောင်ရှိသည်ဟူသော ဒိဋ္ဌိစွဲတို့ကို
ဖြိုခွဲနိုင်ပါတယ်။ပရမတ်သဘောတရားများကား စိတ် စေတသိက် ၅၂-ပါး၊ နိပ္ဖန်န္နရုပ်
၁၈-ပါး နှင့် နိဗ္ဗာန် ၁-ပါးတို့ ဖြစ်ပါတယ်။
ပရမတ်အမြင်ဟူသည်မှာ သတ္တဝါအပေါင်းတို့ဟာ ခန္ဓာငါးပါး တို့၏ အပေါင်းအစု (ဝါ)
ရုပ်နာမ်နှစ်ပါးတို့၏ အပေါင်းအစု ဖြစ် တယ်လို့ ထိုးထွင်းသိတဲ့
အမြင်မျိုးဖြစ်ပါတယ်။ ပရမတ် အမြင်ကို မြင်သိခြင်းကြောင့် အလွန့်အလွန်
အကျိုးထူးပါ တယ်။ အကြောင်းက သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန်
အထောက်အကူဖြစ်သောကြောင့်ပါ။ ပညတ်အားဖြင့် ထင်းရှားရှိသော
ရုပ်နာမ်အစုအပေါင်း၌ အတ္တ(ဝါ) ငါ(ဝါ) ဝိညာဉ်ကောင် အမှန်မရှိပါဘဲလျက်
အတ္တရှိတယ်လို့ (ဝါ) ငါရှိတယ်လို့ အမြင်မှားတာကို သက္ကာယဒိဋ္ဌိလို့ ခေါ်ပါ
တယ်။သက္ကယဒိဋ္ဌိဟာ မိစ္ဆာဒိဋ္ဌိဟူသော ဝါဒမှားအမျိုးမျိုးတို့ ၏
အရင်းအမြစ်ဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဟာ အကုသိုလ်ကို အများဆုံး
တိုးပွားစေသည့်တရားဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိ ဓာတ်ခံရှိသူတစ်ယောက်က ကြံစည်၊
ပြောဆို၊ ပြုလုပ် သမျှသော မနောကံ၊ ဝဇီကံ၊ ကာယကံဟူသမျှတို့ဟာလည်း
မှားယွင်းချွတ်ချော်သောကံများသာ ဖြစ်သောကြောင့် မကောင်းကျိုးကိုသာ
ဖြစ်ပွားစေပါတယ်။
ဒါကြောင့် မြတ်ဗုဒ္ဓ က မိစ္ဆာဒိဋ္ဌိထက် ကြီးလေးသော အပြစ် သည် မရှိ လို့
ဟောကြားတော်မူခဲ့ပါတယ်။ ဝိပဿနာ တရား ကို ရှုမှတ်ပွားများနေသူမှာ ရုပ်နှင့်
နာမ်တို့ကို ပိုင်းခြား ၍ သိမြင်လာတဲ့အခါ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာပါ
တယ်။ အဘိဓမ္မာကို လေ့လာသောသူမှာလည်း ရုပ်တရား၊ နာမ်တရားတို့ကို လက္ခဏ၊ ရသ၊
ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့နှင့် တကွ ပိုင်းခြား၍ သိမြင်ရင် သုတမယဉာဏ်ဖြင့်
နာမ်ရုပ်တို့ ကို ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိနိုင်ပါတယ်။အဲဒီ
နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ်အစုကို အတ္တဟု စွဲလမ်း သော
အတ္တဒိဋ္ဌိကိုလည်းကောင်း၊ ရုပ်နာမ်အစုကို ငါ၊သူတစ်ပါး၊ ယောက်ျား၊ မိန်းမ
စသည်ဖြင့် စွဲလမ်းယူသော သက္ကယဒိဋ္ဌိကိုလည်းကောင်း ကာလအပိုင်းအခြားဖြင့် ပယ်ခွာ
ထားနိုင်ပါတယ်။
ဝိပဿနာရှုမှတ်၍ သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက် ရင် သက္ကာယဒိဋ္ဌိကို
အပြီးအပြတ် ပယ်သတ်နိုင်ပါတယ်။ အဘိဓမ္မာကို ဆည်းပူးလေ့လာခြင်းမပြုသဖြင့်
ရုပ်နာမ် တရား တို့၌ အသိဉာဏ်ကင်းနေသောသူကို အန္ဓပုထုဇဉ်လို့ ခေါ်ပါတယ်။
ရုပ်နာမ်တရားတို့၌ ဉာဏ်ပညာ မျက်စိကင်း နေသူဟု အဓိပ္ပာယ်ရပါတယ်။အဘိဓမ္မာကို
ဆည်းပူး လေ့ လာ သဖြင့် ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်နိုင်သေ ဉာဏ် ပညာ
မျက်စိရှိလာသူကို ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။ သို့ဖြစ်ပါ၍ အဘိဓမ္မာကို
ဆည်းပူးလေ့လာသူတစ်ဦးသည် -
(၁) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာ သဖြင့်
အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ်အဖြစ် များရန်
နှလုံးသွင်းနိုင်လာပါတယ်။
(၂) စိတ်ကို ခြယ်လှယ်နေကြတဲ့ စေတသိက်များ၏ သဘောကို သိနားလည်လာတဲ့အခါ လောဘ၊
ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ်စေတသိက်များ အား နည်းလာအောင်
ကျင့်ကြံနိုင်လာပါတယ်။ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ စသော ကုသိုလ်စေတသိက်များ
အားကောင်းလာ ရန်လည်း အားထုတ်နိုင်လာပါတယ်။
(၃) ရုပ်၊နာမ်တို့ကို ပိုင်းခြား၍သိသောသူသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့ကို ကာလအပိုင်းအခြားဖြင့် ပယ်ခွာထားနိုင် ပါတယ်။
(၄) ရုပ်၊နာမ်တရားတို့၌ ဉာဏ်ပညာမျက်စိကန်းနေသော အန္ဓပုထုဇဉ်အဖြစ်မှ
ရုပ်နာမ်တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ်အဆင့်သို့ တက်လှမ်းနိုင်ပါတယ်။
(၅) ရုပ်၊ နာမ်တရားတို့ကား အကြောင်းမဲ့ဖြစ်ပေါ်လာ ကြသောတရားများမဟုတ်၊
ဆိုင်ရာအကြောင်းတရားများ ကြောင့် ဖြစ်ပေါ်လာကြသော တရားများတည်းဟု သိမြင် လာ
သည့် ပစ္စယပရိဂ္ဂဟဉာဏ် ကိုလည်း ရရှိလာနိုင်ပါ တယ်။ဤဉာဏ်ကို ရရှိသောအခါ
ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော
အဟေတုကဒိဋ္ဌိ(အကြောင်းမဲ့ဝါဒ)ကိုလည်းကောင်း၊ ထာဝရဘုရားစသော တန်ခိုးရှင်တို့က
ဖန်ဆင်းသဖြင့် ဖြစ်ပေါ်လာသည်ဟူသော ဣဿရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းရှင်
ဝါဒ)ကိုလည်းကောင်း ပယ်စွန့်နိုင်ပါတယ်။ ယုံမှားမှုအားလုံး ကိုလည်း
ကျော်လွှားနိုင်ပါတယ်။ဒါကြောင့် အဘိဓမ္မာ ဒေသနာ ကို ကျကျနနလေ့လာပါက
အကြောင်းအကျိုး အပြည့်အစုံနှင့်တကွ ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သော
ယထာဘူတဉာဏ်ကို ရရှိနိုင်ပါတယ်။ ထိုဉာဏ်ဖြင့် အယူ လွဲမှု မိစ္ဆာဒိဋ္ဌိနှင့်
ယုံမှားသံသယဖြစ်မှု ဝိစိကိစ္ဆာတို့ကို အတော်အသင့်ကြာရှည်စွာ
ပယ်ရှားထားနိုင်သော ထိုဉာဏ် ပိုင်ရှင်သည် သောတာပန် နှင့် အလားတူ သဖြင့်
စူဠသောတာပန်အဆင့်သို့ ရောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ စူဠသောတာပန်ဖြစ်လျှင်
နောက်ဘဝ၌ မုချ အပ္ပါယ်မလားတော့ပါဘူး။
ဤအဆင့်သို့ရောက်ပြီးသောသူသည် ဆက်လက်၍ ဝိပဿနာ တရားကို အားထုတ်ပါက မဂ်ဉာဏ်၊
ဖိုလ်ဉာဏ် သို့ မကြာခင် ဧကန်မုချ ရောက်နိုင်ပါတယ်။ အဘိဓမ္မာ၏
အကျိုးကျေးဇူးဟာ ကြီးမားလှပါပေတယ်။ ဤအကြောင်းတို့ကြောင့် အဘိဓမ္မာဟာ
အဖိုးအတန်ဆုံး ဘဝပညာဖြစ်သည်ဟု သတ်မှတ်နိုင်ပါတယ်။
အဘိဓမ္မာ တရားတော်ကို တနေရာတည်း၌ တစ်ဆက် တည်း ဟောကြား သော တရားရှည်ကြီး
တစ်ပုဒ်ဖြစ်သော် လည်း ဟောပုံဟောနည်းအမျိုးမျိုးကို သုံး၍ ဟောကြား ထားသဖြင့်
ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း ခွဲခြားထား ပါတယ်။
(၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ)(၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)(၅) ကထာဝတ္ထု (၆) ယမိုက် (ယမက)(၇) ပဋ္ဌာန်း (ပဋ္ဌာန) ဟူ၍ ဖြစ်ပါတယ်။
(၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ)(၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)(၅) ကထာဝတ္ထု (၆) ယမိုက် (ယမက)(၇) ပဋ္ဌာန်း (ပဋ္ဌာန) ဟူ၍ ဖြစ်ပါတယ်။
အဘိဓမ္မာတရားတော်ကား သဗ္ဗုညုတဉာဏ်တော်၏ ကျက်စားကွန့်မြူးရာ
တရားတော်မြတ်ဖြစ်သည့်အတွက် အလွန်ကျယ်ဝန်း နက်နဲပါတယ်။ သဘောအဓိပ္ပါယ်တို့ကို
သိနားလည်ရန် အလွန်လည်း ခက်ခဲပါတယ်။ ထို့ကြောင့် အဘိဓမ္မာကျမ်းများကို
စေ့စေ့ငင နက်နက်ရှိုင်းရှိုင်း နား လည်သဘောပေါက်အောင် လေ့လာသင်ကြားမည်ဆိုရင်
အလွန်ပဲ ခဲယဉ်းပါလိမ့်မယ်။ထိုသို့ ကျယ်ဝန်းလှတဲ့ အဘိဓမ္မာပိဋက၏ အနှစ်သာရကို
ထုတ်နှုတ်၍ အဘိဓမ္မာ၏ သဘောသရုပ်ကို ရဟန်း ရှင် လူအပေါင်းတို့ အလွယ်တကူ
လေ့လာဆည်းပူးနိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဉ္စိပူရအရပ်မှာ
သီတင်းသုံးတော်မူခဲ့ဖူးသော အရှင် အနုရုဒ္ဓါမထေရ်က သီဟိုဠ်ကျွန်းဝယ်
သီတင်းသုံးခိုက် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော အဘိဓ္မာအဖွင့်ကျမ်း တစ်စောင်ကို
ပြုစုတော်မူခဲ့ပါတယ်။ထိုကျမ်းငယ်သည် လက်သန်းသဖွယ် သေးငယ်သောကြောင့် လက်သန်း
အဌကထာကျမ်းအဖြစ် ကမ္ဘာကျော်သွားပါတယ်။ အဲဒီကျမ်းကို ဘာသာအမျိုးမျိုးသို့
ပြန်ဆိုခဲ့ရာ မြန်မာနိုင်ငံ မှာလည်း အဘိဓမ္မာသင်္ဂြိုဟ် ကျမ်းအဖြစ်
ထင်းရှားကျော် ကြားလျက် ရှိပါတယ်။
အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မ + အတ္ထ + သံ + ဂဟ= အဘိဓမ္မာဒေသနာတော်၏ + အနက်အဓိပ္ပါယ် အကျယ်များကို + အကျဉ်းချုံး၍ + ယူရာဖြစ်သောကျမ်း။
သင်္ဂဟ ကို သက္ကတဘာသာဖြင့် သံဂြဟ ဟု ရေး၏။ မြန်မာတို့က သင်္ဂြိုဟ် ဟု
ဝေါဟာရပြုလိုက်ပါတယ်။ အကျဉ်းချုံး၍ အနှစ်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရပါတယ်။
ယနေ့ မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန် စသည့်တို့၌
လူအပေါင်းတို့ ဆည်းပူးလေ့လာ နေကြသော အဘိဓမ္မာတရားတော်မှာ ဤသင်္ဂြိုဟ်ကျမ်းက
အကျဉ်းချုပ် အနှစ်ထုတ်ပြထားသည့် တရားတော်ဖြစ်ပါ တယ်။ ဆရာကောင်းထံမှာ
နည်းနာခံယူခွင့်ရရင် ဤသင်္ဂြိုဟ် ကျမ်းကို လွယ်လင့်တကူ
သင်ယူဆည်းပူးနိုင်ပါတယ်။ ဆည်းပူးနိုင်ကြပါစေလို့လည်း တိုက်တွန်း
ဆုတောင်းပါ တယ်။
မှတ်ချက် ။ ။ သမိုင်းမဟုတ်ပါ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်