အဘိဓမ္မာပိဋကတ်ဟာ ဘုရားလက်ထက်ကတည်းက ရှိပြီးသားပါ
♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢
ဒါဆိုအဘိဓမ္မာကိုဘယ်သူတွေကြားဖူးသလဲ
?○?○?○?○?○?○?○?○?○?○?○?○?
✔ ခေမာထေရီဘိက္ခုနီ ကြားဖူးတယ်
⭐ ကုသလာဟံ ၀ိသုဒ္ဓီသု၊ ကထာဝတ္ထုဝိသာရဒ။ အဘိဓမ္မနယညူ စ၊ ၀သိပ္ပတ္တမှိ သာသနေ။ (ခု၊ ၄၊ ၂၂၈။)
✴ တပည့်တော်မ ခေမာသည် ၀ိသုဒ္ဓိတရားတို့၌ လိမ္မာ ကျွမ်းကျင်ပါသည်၊ ၁၀-ပါးသော ကထာဝတ္ထုတို့၌ (အကျိုးအပြစ်ကို သိသောအားဖြင့်) ရဲရင့်ပါသည်၊ အဘိဓမ္မာနည်း (ဖြစ်သော ဘူမန္တရ စသည်) တို့ကို နားလည် သဘောပေါက်ပါသည်၊ သို့ဖြစ်၍ ဘုရားရှင်သာသနာတော်၌ အစွမ်းထက်သူ အဖြစ်သို့ ရောက်ခဲ့ပါသည်။
🚩 မှတ်ချက်။ ။ အထက်ပါ ကထာဝတ္ထုဝိသာရဒါ-ဟူသော ခေမာထေရီအပဒါန်လာ စကားရပ်၌ {{ကထာဝတ္ထု}} ကို အဘိဓမ္မာ ၇-ကျမ်းမှ ၅-ခုမြောက် ကထာဝတ္ထုကျမ်းကို မယူရ၊ ကထာဝတ္ထု ၁၀-ပါး (ကထာ=စကား၊ ဝတ္ထု=တည်ရာ၊ စကားတည်ရာ၊ စကားဖြစ်ကြောင်း) ကိုသာ ယူရမည်၊ အနောက်တိုင်း သမိုင်းသုတေသီတို့ကားဤသို့ေ သာ
အနက်မျှကို မသိရှာကြ၍ ကထာဝတ္ထုဟု အသံကြားကာမျှဖြင့် အဘိဓမ္မာ ၇-ကျမ်းမှ
ကထာဝတ္ထုကျမ်းပဲဟု ယူ၍ ထိုအပဒါန်ပါဠိတော်ကိုပင် တတိယသံဂါယနာ နောက်ပိုင်းကျမှ
ရေးသားသောကျမ်းဖြစ်သည်ဟု မှားယွင်းစွာ စွပ်စွဲ ပြောဆိုကြသည်။
✔ အရှင်ဥပါလိမထေရ် ကြားဖူးတယ်
⭐ သုတ္တန္တံ အဘိဓမ္မဉ္စ၊ ၀ိနယဉ္စပိ ကေ၀လံ။ န၀င်္ဂံ ဗုဒ္ဓ၀စနံ၊ ဧသာ ဓမ္မသဘာ တ၀။ (ခု၊ ၃၊ ၄၈။)
✴ သုတ္တန်နှင့် အဘိဓမ္မာနှင့် ၀ိနယပိဋကတစ်ခုလုံးသည်လည်းကောင်း၊
အင်္ဂါ ၉-ပါးရှိသော ဗုဒ္ဓအဆုံးအမသည် လည်းကောင်း ဤအလုံးစုံသည် သင်၏ ဓမ္မသဘင်
ဖြစ်သည်။ ဤစကားကား ဗုဒ္ဓကိုယ်တော်တိုင်က ဥပါလိထေရ်အား မိန့်တော်မူသော
စကားဖြစ်သည်၊ ဤဂါထာ၌ ပိဋက ၃-ပုံကို တိုက်ရိုက် မြွက်ဆိုထားတွေ့ရမည်
ဖြစ်သည်။
✔ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် ကြားဖူးတယ်
⭐ ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ၊ တေ အညမညံ ပဥှိ ပုစ္ဆန္တိ၊ အညမညဿ ပဥှိ ပုဋ္ဌာ ၀ိဿဇ္ဇေန္တိ၊ နော စ သံသာဒေန္တိ၊ ဓမ္မီ စ နေသံ ကထာ ပ၀တ္တိနီ ဟောတိ၊ ဧ၀ရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလ၀နံ သောဘေယျ။ (မ၊ ၁၊ ၂၇၅။)
✴ ငါ့ရှင် သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်း ၂-ပါးသည် အဘိဓမ္မာနှင့် စပ်သော တရားစကားကို ပြောဟောနေကြကုန်၏၊ သူတို့သည် အချင်းချင်း ပြဿနာ မေးကြကုန်၏၊ ပြဿနာ ဖြေကြကုန်၏၊ မေးဖြေရာ၌ အချင်းချင်းကို မဆုတ်နစ်စေကြကုန်၊ သူတို့၏ တရားဆွေးနွေးခြင်းသည် (ကြောင်းကျိုးယုတ္တိ အပြည့်ရှိ၍) တရားနှင့်ညီစွာ အလျဉ်မပြတ် ဖြစ်၏ ငါ့ရှင် သာရိပုတ္တရာ ဤသို့သော ရဟန်းမျိုးဖြင့် ဂေါသိင်္ဂ အင်ကြင်းတောကြီးသည် သာယာတင့်တယ် ပေရာ၏။ (မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်၊ အရှင်မောဂ္ဂလာန်၏ လျှောက်ထားချက်၊ )
🚩မှတ်ချက်။ ။ဒီဆွေးနွေးပွဲမှာ အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါ အရှင်ရေ၀တ အရှင်အာနန္ဒာတို့လည်းပါတာကြောင့် အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါ အရှင်ရေ၀တ အရှင်အာနန္ဒာတို့လည်း ကြားဖူးတယ်။
✔ များစွာသောတရားနာရဟန်းတို့ ကြားဖူးတယ်
⭐ ပုန စပရံ ဘိက္ခဝေ ဘ၀ိဿန္တိ ဘိက္ခူ အနာဂတမဒ္ဓါနံ အဘာဝတိကာယာ အဘာဝိတသီလာ အဘာဝိတ- စိတ္တာ အဘာဝိတပညာ၊ တေ အဘာဝိတကာယာ သမာနာ အဘာဝိတသီလာ အဘာဝိတစိတ္တာ အဘာဝိတပညာ အဘိဓမ္မကထံ ဝေဒလ’ကထံ ကထေန္တာ ကဏှဓမ္မံ သြက္ကမမာနာ န ဗုဇ္ဈိဿန္တိ။ (အံ၊ ၂၊ ၉၄။)
✴ ရဟန်းတို့ တစ်ဖန်နောက်ထပ် ဆိုအံ့၊ အနာဂတ်ကာလ၌ ကိုယ်ကို တစ်နည်း (ကာယဂတာသတိ) ကိုလည်းမပွားစေ၊ သီလကိုလည်း မဖြည့်ကျင့်၊ သမာဓိနှင့် ပညာကိုလည်း မတိုးပွားစေဘဲ နေကြသော ရဟန်းတို့ ရှိကြလိမ့်မည်၊ ထိုရဟန်းတို့သည် ကာယဂတာသတိလည်း မရှိ၊ သီလ သမာဓိ ပညာ တိုးပွားအောင်လည်းအားမထုတ်ြ ကမူ၍
အဘိဓမ္မာ စပ်သော စကား ဝေဒလနှင့် စပ်သောစကားကို ပြောဆိုကြသည်ရှိသော်
မည်းနက်သော အကုသိုလ်သဘောသို့ သက်ရောက်ကြကာ အနက်အဓိပ္ပာယ် မသိဘဲ
ရှိကြလိမ့်မည်။ (အင်္ဂုတ္တရပဉ္စက နိပါတ် တတိယ အနာဂတဘယသုတ်။)
✔ အရှင်စိတ္တ ကြားဖူးတယ်
✔ များစွာသောမထေရ်ကြီးတို့ ကြားဖူးတယ်
⭐ တေန ခေါ ပန သမယေန သမ္ဗဟုလာ ထေရာ ဘိက္ခူ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ မဏ္ဍလမာဠေ သန္နိသိန္နာ သန္နိပတိတာ အဘိဓမ္မကထံ ကထေန္တိ၊ တတြ သုဒံ အာယသ္မာ စိတ္တော ဟတ္ထိသာရိပုတ္တော ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တာနံ အန္တရန္တရာ ကထံ သြပါတေတိ။ (အံ၊ ၂၊ ၃၄၄)
✴ ထိုအခါ များစွာသော မထေရ်တို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွာကြပြီး တန်ဆောင်းဝန်း၌ ထိုင်ကာ စည်းဝေးကြလျှက် အဘိဓမ္မာစကား ပြောဟောနေကြလေသည်၊ ထိုအစည်းအဝေး၌ ဟတ္ထိသာရိပုတ္တ ဟူ၍လည်းခေါ်ကြသော အရှင်စိတ္တသည် ထေရ်ကြီးများ အဘိဓမ္မာစကား ပြောဟောကြစဉ် အကြားအကြား၌ စကားဝင်ရောက် နှောက်ယှက်လေသည်။ (အင်္ဂုတ္တရပဉ္စကနိပါတ် ဟတ္ထိသာရိပုတ္တသုတ် ပါဠိတော်။)
✔✔✔ကုန်ကုန်ပြောရရင် ဝိနည်းသင်ဖူးသမျှရဟန်းအားလုံး ကြားဖူးတယ်
⭐ အနာပတ္တိ န ၀ိဝဏ္ဏေတုကာမော ဣင်္ဃ တွံ သုတ္တန္တေ ၀ါ ဂါထာယော ၀ါ အဘိဓမ္မံ ၀ါ ပရိယာပုဏဿု၊ ပစ္ဆာ ၀ိနယံ ပရိယာပုဏိဿသီတိ ဘဏတိ၊ ဥမ္မတ္တကဿ အာဒိကမ္မိကဿာတိ။ (၀ိ၊ ၂၊ ၁၈၉။)
✴ ၀ိနည်းကို ကဲ့ရဲ့လိုသော စိတ်မရှိဘဲ သင်သည် ရှေးဦးစွာ သုတ္တန်ပါဠိတော်များနှင့် ဂါထာများကို ဖြစ်စေ၊ အဘိဓမ္မာကို ဖြစ်စေ သင်နှင့်ပါ၊ နောက်အခါ ၀ိနည်းကို သင်ရပါလိမ့်မည်၊ ဤသို့ပြောလျှင် အာပတ်မသင့်၊ ရူးသွပ်၍ ပြောမိပြောရာ ပြောသော ရဟန်းနှင့် လက်ဦး လွန်ကျူး ပြောမိသော ရဟန်းအား အာပတ်မသင့်။ (၀ိလေခနသိက္ခာပုဒ်)။
⭐ ပဥှံ ပုစ္ဆေယျာတိ သုတ္တန္တေ သြကာသံ ကာရာပေတွာ ၀ိနယံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ၊ ၀ိနယေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္ထိယဿ၊ အဘိဓမ္မေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ ၀ိနယံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ။ (၀ိ၊ ၂၊ ၄၆၀။)
✴ ပဥှံ ပုစ္ဆေယျ= ဟူသည်ကား သုတ္တန်၌ အခွင့်တောင်းပြီး ၀ိနည်းကို ဖြစ်စေ အဘိဓမ္မာကိုဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ ၀ိနည်း၌ အခွင့်တောင်းပြီး သုတ္တန်ကိုဖြစ်စေ အဘိဓမ္မာကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ အဘိဓမ္မာ၌ ခွင့်တောင်းပြီး သုတ္တန်ကို ဖြစ်စေ ၀ိနည်းကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏။ (ဘိက္ခူနီပဥှာပုစ္ဆန သိက္ခာပုဒ်)
💡 ကဿ ဝစနံ - ဘယ်သူ့စကားလဲ
💎 ဘဂဝတော ဝစနံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ - ပူဇော်အထူးကိုခံထိုက်တဲ့၊ တရားအလုံးစုံကိုအကုန်သိတဲ့၊ ဘုန်တော်ခြောက်ဖုံကျေးဇူးဂု ဏ်နဲ့ပြည့်စုံတော်မူတဲ့ သဗ္ဗညုမြတ်စွာဘုရားရဲ့ စကားစစ်စစ်ပါ ..............
—
♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢
ဒါဆိုအဘိဓမ္မာကိုဘယ်သူတွေကြာ
?○?○?○?○?○?○?○?○?○?○?○?○?
✔ ခေမာထေရီဘိက္ခုနီ ကြားဖူးတယ်
⭐ ကုသလာဟံ ၀ိသုဒ္ဓီသု၊ ကထာဝတ္ထုဝိသာရဒ။ အဘိဓမ္မနယညူ စ၊ ၀သိပ္ပတ္တမှိ သာသနေ။ (ခု၊ ၄၊ ၂၂၈။)
✴ တပည့်တော်မ ခေမာသည် ၀ိသုဒ္ဓိတရားတို့၌ လိမ္မာ ကျွမ်းကျင်ပါသည်၊ ၁၀-ပါးသော ကထာဝတ္ထုတို့၌ (အကျိုးအပြစ်ကို သိသောအားဖြင့်) ရဲရင့်ပါသည်၊ အဘိဓမ္မာနည်း (ဖြစ်သော ဘူမန္တရ စသည်) တို့ကို နားလည် သဘောပေါက်ပါသည်၊ သို့ဖြစ်၍ ဘုရားရှင်သာသနာတော်၌ အစွမ်းထက်သူ အဖြစ်သို့ ရောက်ခဲ့ပါသည်။
🚩 မှတ်ချက်။ ။ အထက်ပါ ကထာဝတ္ထုဝိသာရဒါ-ဟူသော ခေမာထေရီအပဒါန်လာ စကားရပ်၌ {{ကထာဝတ္ထု}} ကို အဘိဓမ္မာ ၇-ကျမ်းမှ ၅-ခုမြောက် ကထာဝတ္ထုကျမ်းကို မယူရ၊ ကထာဝတ္ထု ၁၀-ပါး (ကထာ=စကား၊ ဝတ္ထု=တည်ရာ၊ စကားတည်ရာ၊ စကားဖြစ်ကြောင်း) ကိုသာ ယူရမည်၊ အနောက်တိုင်း သမိုင်းသုတေသီတို့ကားဤသို့ေ
✔ အရှင်ဥပါလိမထေရ် ကြားဖူးတယ်
⭐ သုတ္တန္တံ အဘိဓမ္မဉ္စ၊ ၀ိနယဉ္စပိ ကေ၀လံ။ န၀င်္ဂံ ဗုဒ္ဓ၀စနံ၊ ဧသာ ဓမ္မသဘာ တ၀။ (ခု၊ ၃၊ ၄၈။)
✴ သုတ္တန်နှင့် အဘိဓမ္မာနှင့် ၀ိနယပိဋကတစ်ခုလုံးသည်လည်းကေ
✔ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် ကြားဖူးတယ်
⭐ ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ၊ တေ အညမညံ ပဥှိ ပုစ္ဆန္တိ၊ အညမညဿ ပဥှိ ပုဋ္ဌာ ၀ိဿဇ္ဇေန္တိ၊ နော စ သံသာဒေန္တိ၊ ဓမ္မီ စ နေသံ ကထာ ပ၀တ္တိနီ ဟောတိ၊ ဧ၀ရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလ၀နံ သောဘေယျ။ (မ၊ ၁၊ ၂၇၅။)
✴ ငါ့ရှင် သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်း ၂-ပါးသည် အဘိဓမ္မာနှင့် စပ်သော တရားစကားကို ပြောဟောနေကြကုန်၏၊ သူတို့သည် အချင်းချင်း ပြဿနာ မေးကြကုန်၏၊ ပြဿနာ ဖြေကြကုန်၏၊ မေးဖြေရာ၌ အချင်းချင်းကို မဆုတ်နစ်စေကြကုန်၊ သူတို့၏ တရားဆွေးနွေးခြင်းသည် (ကြောင်းကျိုးယုတ္တိ အပြည့်ရှိ၍) တရားနှင့်ညီစွာ အလျဉ်မပြတ် ဖြစ်၏ ငါ့ရှင် သာရိပုတ္တရာ ဤသို့သော ရဟန်းမျိုးဖြင့် ဂေါသိင်္ဂ အင်ကြင်းတောကြီးသည် သာယာတင့်တယ် ပေရာ၏။ (မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်၊ အရှင်မောဂ္ဂလာန်၏ လျှောက်ထားချက်၊ )
🚩မှတ်ချက်။ ။ဒီဆွေးနွေးပွဲမှာ အရှင်မဟာကဿပ အရှင်အနုရုဒ္ဓါ အရှင်ရေ၀တ အရှင်အာနန္ဒာတို့လည်းပါတာကြေ
✔ များစွာသောတရားနာရဟန်းတို့ ကြားဖူးတယ်
⭐ ပုန စပရံ ဘိက္ခဝေ ဘ၀ိဿန္တိ ဘိက္ခူ အနာဂတမဒ္ဓါနံ အဘာဝတိကာယာ အဘာဝိတသီလာ အဘာဝိတ- စိတ္တာ အဘာဝိတပညာ၊ တေ အဘာဝိတကာယာ သမာနာ အဘာဝိတသီလာ အဘာဝိတစိတ္တာ အဘာဝိတပညာ အဘိဓမ္မကထံ ဝေဒလ’ကထံ ကထေန္တာ ကဏှဓမ္မံ သြက္ကမမာနာ န ဗုဇ္ဈိဿန္တိ။ (အံ၊ ၂၊ ၉၄။)
✴ ရဟန်းတို့ တစ်ဖန်နောက်ထပ် ဆိုအံ့၊ အနာဂတ်ကာလ၌ ကိုယ်ကို တစ်နည်း (ကာယဂတာသတိ) ကိုလည်းမပွားစေ၊ သီလကိုလည်း မဖြည့်ကျင့်၊ သမာဓိနှင့် ပညာကိုလည်း မတိုးပွားစေဘဲ နေကြသော ရဟန်းတို့ ရှိကြလိမ့်မည်၊ ထိုရဟန်းတို့သည် ကာယဂတာသတိလည်း မရှိ၊ သီလ သမာဓိ ပညာ တိုးပွားအောင်လည်းအားမထုတ်ြ
✔ အရှင်စိတ္တ ကြားဖူးတယ်
✔ များစွာသောမထေရ်ကြီးတို့ ကြားဖူးတယ်
⭐ တေန ခေါ ပန သမယေန သမ္ဗဟုလာ ထေရာ ဘိက္ခူ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ မဏ္ဍလမာဠေ သန္နိသိန္နာ သန္နိပတိတာ အဘိဓမ္မကထံ ကထေန္တိ၊ တတြ သုဒံ အာယသ္မာ စိတ္တော ဟတ္ထိသာရိပုတ္တော ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တာနံ အန္တရန္တရာ ကထံ သြပါတေတိ။ (အံ၊ ၂၊ ၃၄၄)
✴ ထိုအခါ များစွာသော မထေရ်တို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွာကြပြီး တန်ဆောင်းဝန်း၌ ထိုင်ကာ စည်းဝေးကြလျှက် အဘိဓမ္မာစကား ပြောဟောနေကြလေသည်၊ ထိုအစည်းအဝေး၌ ဟတ္ထိသာရိပုတ္တ ဟူ၍လည်းခေါ်ကြသော အရှင်စိတ္တသည် ထေရ်ကြီးများ အဘိဓမ္မာစကား ပြောဟောကြစဉ် အကြားအကြား၌ စကားဝင်ရောက် နှောက်ယှက်လေသည်။ (အင်္ဂုတ္တရပဉ္စကနိပါတ် ဟတ္ထိသာရိပုတ္တသုတ် ပါဠိတော်။)
✔✔✔ကုန်ကုန်ပြောရရင် ဝိနည်းသင်ဖူးသမျှရဟန်းအားလံ
⭐ အနာပတ္တိ န ၀ိဝဏ္ဏေတုကာမော ဣင်္ဃ တွံ သုတ္တန္တေ ၀ါ ဂါထာယော ၀ါ အဘိဓမ္မံ ၀ါ ပရိယာပုဏဿု၊ ပစ္ဆာ ၀ိနယံ ပရိယာပုဏိဿသီတိ ဘဏတိ၊ ဥမ္မတ္တကဿ အာဒိကမ္မိကဿာတိ။ (၀ိ၊ ၂၊ ၁၈၉။)
✴ ၀ိနည်းကို ကဲ့ရဲ့လိုသော စိတ်မရှိဘဲ သင်သည် ရှေးဦးစွာ သုတ္တန်ပါဠိတော်များနှင့် ဂါထာများကို ဖြစ်စေ၊ အဘိဓမ္မာကို ဖြစ်စေ သင်နှင့်ပါ၊ နောက်အခါ ၀ိနည်းကို သင်ရပါလိမ့်မည်၊ ဤသို့ပြောလျှင် အာပတ်မသင့်၊ ရူးသွပ်၍ ပြောမိပြောရာ ပြောသော ရဟန်းနှင့် လက်ဦး လွန်ကျူး ပြောမိသော ရဟန်းအား အာပတ်မသင့်။ (၀ိလေခနသိက္ခာပုဒ်)။
⭐ ပဥှံ ပုစ္ဆေယျာတိ သုတ္တန္တေ သြကာသံ ကာရာပေတွာ ၀ိနယံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ၊ ၀ိနယေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္ထိယဿ၊ အဘိဓမ္မေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ ၀ိနယံ ၀ါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ။ (၀ိ၊ ၂၊ ၄၆၀။)
✴ ပဥှံ ပုစ္ဆေယျ= ဟူသည်ကား သုတ္တန်၌ အခွင့်တောင်းပြီး ၀ိနည်းကို ဖြစ်စေ အဘိဓမ္မာကိုဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ ၀ိနည်း၌ အခွင့်တောင်းပြီး သုတ္တန်ကိုဖြစ်စေ အဘိဓမ္မာကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ အဘိဓမ္မာ၌ ခွင့်တောင်းပြီး သုတ္တန်ကို ဖြစ်စေ ၀ိနည်းကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏။ (ဘိက္ခူနီပဥှာပုစ္ဆန သိက္ခာပုဒ်)
💡 ကဿ ဝစနံ - ဘယ်သူ့စကားလဲ
💎 ဘဂဝတော ဝစနံ အရဟတော သမ္မာသမ္ဗုဒ္ဓဿ - ပူဇော်အထူးကိုခံထိုက်တဲ့၊ တရားအလုံးစုံကိုအကုန်သိတဲ့၊
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်