နတ်ပြည်၌ အနာဂါမ်နှင့် ရဟန္တာတို့ ဘာ့ကြောင့်မနေနိုင်တာလဲ၊ မနေနိုင်လျှင်ဘယ်သွားကြတာလဲ





ဤသို့ကာမဂုဏ်စခန်း၌ အစွမ်းကုန်ေ ပျာ်ဖွယ်ကောင်းသည့်အပြင် ပျော်မွေ့ဖွယ်ေ ကာင်းသလောက် လည်း ပျော်စံလေ့ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာ အဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာမနေနိုင်ကြတော့ဘဲ အနာဂါမ်ဖြစ်သူတိြု့ ဗဟ္မာ့ပြည် သို့ စုတေရွှေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန် စံကြလေတော့သည်။

နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားဘက်၌သာ အားထုတ်၍ ယောဂီလုပ်မည် ဟု မမျှော်လင့်လေနှင့်။

လူ့ပြည်ကအသေအလဲ အားခဲသွားသူနှင့် ဘုရားလက်ထက်တော်က ဘုရား တရားကို နာရသူလောက် သာ နတ်ပြည်၌ တရားသားတက်ဖွယ်ရှိသည်။ မလိုလဲလိုလဲတရားမြဲသူ ကား နန္ဒနဥယျာဉ် အပေါက်ဝတွင် တရားကလေး များ ပျောက်ကျရစ်လတ္တံ။

နတ်ပြည်၌ ကမ္မဋ္ဌာန်းအားထုတ်ဖို့ကို မဆိုထားဘိဥပုသ်မကျိုးရအောင် စောင့်ဖို့လွယ်ကူရဲ့လား။???
နတ်ပြည်၌ကမ္မဋ္ဌာန်းကိုမဆိုထားနှင့်၊ဥပုသ်မကျိုးအောင်ပင် စောင့်စည်းဖို့ရာ အပုံကြီး ခဲယဉ်း၏၊ နတ်သမီးတွေ ပွတ်သီးပွတ်သပ်ြ ပုချက်ကြောင့် သီလပျက်သည်ကသာ များလေ၏။စမ္ပေယျ နဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာဥပုသ်ကျိုးရပုံနှင့် ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့
လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ။ဘုရားအလောင်းတော်တို့သည် ပါရမီဖြည့်ခွင့် မရကြသော နတ်ပြည်၌ သက်တမ်းစေ့အောင်မနေရဘဲစုတေခြင်း တစ်မျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာလူ့ပြည်၌သာ ပါရမီ ဖြည့်တော်မူကြသည်။


ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"
၏ကိုယ်ကျင့်အဘိဓမ္မာ
မှ ထုတ်နုတ်တင်ပြသည်

3 comments:

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်