မြန်မာသမိုင်းအဖွဲ့ကထုတ်ဝေပြီးသောစာအုပ်များကို ဝေဖန်ခြင်း - ဒေါက်တာသန်းထွန်း





မြန်မာသမိုင်းအဖွဲ့ကို ၁၉၅၅ ဇန်နဝါရီမှာ နိုင်ငံအစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ အချိန်ပြည့် အမှုထမ်းရမယ့်ဥက္ကဋ္ဌဌနဲ့၊ အဖွဲ့ဝင်(၉)ဦးတွေရဲ့ နာမည်တွေက-



ကောင်း၊ ဦး၊ ပညာမင်းကြီး - ဥက္ကဋ္ဌဌ

ကျော်သက်၊ ဒေါက်တာ၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

ထင်အောင်၊ ဒေါက်တာ၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ် - အဖွဲ့ဝင်

ဘ၊ ဦး၊ ပညာမင်းကြီး - အဖွဲ့​ဝင်

ဘညွန့်၊ ဦး၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

ဘရှင်၊ ဗိုလ်မှူး၊ တပ်မတော် မော်ကွန်းတိုက်မှူး - အဖွဲ့ဝင်

မျိုးမင်း၊ ဦး၊ အင်္ဂ္လိပ်စာပါမောက္ခ - အဖွဲ့ဝင်

ယော၊ ဦး၊ ပြန်ကြားရေးဝန် - အဖွဲ့ဝင်

သန့်၊ ဦး၊ (နောင်အခါ အထွေထွေ အတွင်းရေးမှူး ကမ္ဘာ့ကုလသမဂ္ဂ) - အဖွဲ့ဝင်

သိန်းဟန်၊ ဦး၊ တက္ကသိုလ်စာကြည့်တိုက်မှူး - အဖွဲ့ဝင်

ဥက္ကဋ္ဌဌ(ဦးကောင်း) ၁၉ ဖေဖေါ်ဝါရီ ၁၉၅၇ မှာ ကွယ်လွန်သွားပြီး၊ တချို့တွေက အရွှေ့အပြောင်း လုပ်ကြလို့၊ ဖေဖေါ်ဝါ ရီ ၁၉၆ဝ မှာ မြန်မာသမိုင်းအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်တွေနဲ့ ပြန်ပြီး ဖွဲ့စည်းရပါတယ်။

ကျော်သက်၊ ဒေါက်တာ၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

ဖေမောင်တင်၊ အရှေ့တိုင်းပညာပါမောက္ခ - ဥက္ကဋ္ဌဌ

သာလှ၊ ဒေါက်တာ၊ ဘူမိဗေဒပါမောက္ခ - အဖွဲ့ဝင်

ဘညွန့်၊ ဦး၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

ဘသန်း၊ ဦး၊ တပ်မတော်မော်ကွန်းတိုက် - အဖွဲ့ဝင်

လု့စ်၊ ဂျီ၊ အိပ်ခ်ျ၊ သမိုင်းအထူးပါမောက္ခ - အဖွဲ့ဝင်

ဝန်၊ ဦး၊ မြန်မာစာပါမောက္ခ - အဖွဲ့ဝင်

သာလှ၊ ဒေါက်တာ၊ ဘူမိဗေဒပါမောက္ခ - အဖွဲ့ဝင်

သင်းကြည်၊ ဒေါ်၊ ပထဝီဝင်ပါမောက္ခ - အဖွဲ့ဝင်

အောင်သော်၊ ဦး၊ ရှေးဟောင်းသုတေသန၊ ညွှန်ကြားရေးမှူးချုပ် - အဖွဲ့ဝင်

မူလဖွဲ့​စည်းစဉ်က ပါခဲ့တဲ့ အဖွဲ့ဝင်တွေထဲက ဒေါက်တာကျော်သက်၊ ဒေါက်တာသာလှနဲ့​ နောက် ဦးဝန်သာ ကျန်တော့ တာနဲ့၊ ၂၁ စက်တင်ဘာ ၁၉၉၁ မှာ သမိုင်းအဖွဲ့ကို ပြန်ပြီး ဖွဲ့ရပြန်တယ်။

ခင်မမ၊ ဒေါ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ - အဖွဲ့ဝင်

ခင်စု၊ ဒေါ်၊ သမိုင်းဌာန - အဖွဲ့ဝင်

ခင်မောင်ညွန့်၊ ဒေါက်တာ၊ ရှေးဟောင်းသုတေသန၊ ညွှန်ကြားရေးမှူးချုပ် - အဖွဲ့ဝင်

စဝ်ထွန်းမှတ်ဝင်း၊ ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန (ထပ်ဖြည့်) - အဖွဲ့ဝင်

စိုင်းအောင်ထွန်း၊ ဗဟိုကောင်စီဝင် (ထပ်ဖြည့်) - ဒုတိယဥက္ကဋ္ဌဌ

တင်အုံး၊ ဦး၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

တင်စိန်၊ ဒေါ်၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

ထွန်းအောင်ချိန်၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

နီနီမြင့်၊ ဒေါ် (နောက်တိုး) - အဖွဲ့ဝင်

မောင်မောင်တင်၊ ဦး၊ သုတေသနရောင်းရင်း - အဖွဲ့ဝင်

ရီစိန်၊ မစ္စတာချန်၊ တရုတ်မှတ်တမ်းဆိုင်ရာ သုတေသနရောင်းရင်း - အဖွဲ့ဝင်

လှရှိန်၊ ဗိုလ်မှူး၊ ညွှန်ကြားရေးမှူး၊ တပ်မတော်မော်ကွန်းတိုက် - အဖွဲ့ဝင်

လှသိန်း၊ ဦး၊ သုတေသနရောင်းရင်း (ထပ်ဖြည့်) - အဖွဲ့ဝင်

ဝင်းမောင်၊ ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန - အဖွဲ့ဝင်

သန်းထွတ်၊ ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ယဉ်ကျေးမှုဌာန - အဖွဲ့ဝင်

သန်းထွန်း၊ ဒေါက်တာ၊ သမိုင်းပါမောက္ခ - အဖွဲ့ဝင်

သော်ကောင်း၊ ဦး၊ စာကြည့်တိုက်မှူး (ထပ်ဖြည့်) - အဖွဲ့ဝင်

သိန်းမြင့်၊ ဦး၊ သံအမတ် - အဖွဲ့ဝင်

အုံးကြည်၊ ဒေါ်၊ သမိုင်းပါမောက္ခ (ထပ်ဖြည့်) - အဖွဲ့ဝင်

အုံးခိုင်၊ ဒေါက်တာ၊ ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်များ သမိုင်းသုတေသန - အဖွဲ့ဝင်

အဖွဲ့ဝင် အများစုဟာ အငြိမ်းစား သမိုင်းပါမောက္ခတွေ ဖြစ်ပါတယ်။ သမိုင်းပါမောက္ခ ဖြစ်ခဲ့ဖူးတဲ့ ဦးတင်အုံးက သမိုင်း သင်ကြားရေးအဖွဲ့ အစည်းအဝေးတစ်ခုမှာ "ကမ္ဘာ့သမိုင်းနယ်ပယ်မှာ မြန်မာ့သမိုင်းဆိုတာက အစွန်းအထွက် အသေး လေးတစ်စက်လောက်ပဲ ရှိပါတယ်" လို့ လှောင်ပြောင်စကား ပြောဖူးပါတယ်။ ဒီလိုဆိုရင် မြန်မာသမိုင်းအဖွဲ့က ဘာမှ အရေးပါတာမျိုး၊ အဖိုးတန်တာမျိုး၊ ရေးသား ထုတ်ဝေခြင်း မရှိဘူး ဆိုပြီး၊ အဖြစ်ဆိုဖွယ် မရှိလို့ ယူဆရမလို စကားရိပ် ထွက်နေပါတယ်။

အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးက ၁ဝ အောက်တိုဘာ ၁၉၉၁ မှာ မြန်မာသမိုင်းအဖွဲ့ဝင်တွေကို တွေ့ဆုံ ပြီး "စိတ်ရင်းစေတနာမှန်မှန်ထားပြီး တွေ့ရှိတဲ့အတိုင်း မညှာမထောက် ပြောကြပါ၊ ဒါဟာ အဖိုးတန်ဆုံးပါပဲ" လို့ ပြော ခဲ့တယ်။ ပညာရေးဝန်ကြီးက စောစောက စကားကို ပဲ့တင်ထပ်တဲ့အတိုင်း "ကိစ္စတစ်ခုကို ဘာ့ကြောင့် ဘယ်လို ဖြစ်ရ သလဲလို့ အရင်းအမြစ်ကို ရအောင်ရှာပါ၊ တွေ့တဲ့အတိုင်းပြော" လို့ပြောပါတယ်။ လူအများ လက်ခံထားတဲ့ အယူအဆ တစ်ခုကို မှားနေမှန်း သိလာတဲ့အခါ ပြင်ပေးမယ်ဆိုရင် လူအများက ပြင်ဆင်ချက်ကို လက်မခံတဲ့အပြင် အပြင်းအထန် ကန့်ကွက်ကြမှာ စိုးရိမ်ရပါသေးတယ်။ လူအများနဲ့ပေါင်းပြီး လုပ်ရတဲ့အလုပ်မျိုးဆိုရင် တစ်ယောက် တစ်ယောက် ဟိုဟာပြင် ဒီဟာနှုတ် ဒီဟာတိုးနဲ့ နောက်ဆုံးရလဒ် မကောင်းတာ များပါတယ်။ ကျွန်တော် အခုလို ပြောတာက အလုပ်က အထူးပြုလေ့လာရေး(specialization)၊ အများနဲ့ညှိတယ်ဆိုတာက ပျမ်းမျှကြေး(generalization) ဖြစ် လေတော့ "သူမသာ ကိုယ်မနာ" ဖြစ်ပြီး ဆုံးဖြတ်ချက်ဟာ ပျော့သွားတတ်တာမို့ အခုလို ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလုပ်တဲ့အလုပ်က မြန်မာ ရှေးဟောင်းသမိုင်းကို အထူးပြုလေ့လာရေး လုပ်တဲ့အတွက်၊ ဒီလို ပြောရ တာ ဖြစ်ပါတယ်။ ဒီလို လေ့လာတဲ့အခါ-

(၁) ဘယ်သူမှ အရင်က မသိတာကို၊ သိလာတယ်။

(၂) အများတကာရဲ့အမှားကို၊ ပြင်နိုင်တယ်။

(၃) အများတကာ ပြောပြချက်တွေမှာ လိုတာကို၊ ဖြည့်နိုင်တယ်။

(၄) ပိုတာကို ဖြုတ်နိုင်တယ်။


ဒေါက်တာရီရီ၊ မြန်မာအင်္ဂ္လိပ်ပြက္ခဒိန်(အေဒီ ၁၇ဝ၁ မှ ၁၈၂ဝ)၊ ကျမ်းစဉ် (၁) မြန်မာနိုင်ငံသမိုင်းကော်မရှင် ၊ ၁၉၆၅။

သမိုင်းမှတ်တမ်းဆိုရင် ရက်စွဲပါမယ်။ ကျွန်တော်တို့က မြန်မာသမိုင်းသုတေသန လုပ်တဲ့အခါ ကမ္ဘာ့သမိုင်းနဲ့ယှဉ်တွဲ လေ့လာရမှာ ဖြစ်လို့ ခရစ် ခုနှစ် လ ရက်ကို သုံးချင်တယ်။ ဒါကြောင့် သမိုင်းမှတ်တမ်းမှာပါတဲ့ ရက်စွဲကို ခရစ် ရက်စွဲ ပြောင်းရတယ်။ ပြောင်းနိုင်ဖို့ အင်္ဂ္လိပ်မြန်မာ ပြက္ခဒိန်တွေကို ကျွန်တော် ခေါင်းဆောင်ပြီး ပြန်လုပ်ထားတယ်။ အများကြီး လက်ဝင်တဲ့လုပ်ငန်း ဖြစ်ပေမယ့် ပြီးအောင် (သုံးလို့ ရနိုင်လောက်အောင် လုပ်ပြီး ဖြစ်ပါတယ်။) မြန်မာ မှတ်တမ်းတွေကို ကျောက်တုံးမှာ ရေးထွင်းထားခဲ့တာ အများကြီး ရှိပါတယ်။ ပေပေါ် ပုရပိုက်ပေါ်မှာ ရေးတာတွေ လည်း ရှိပါတယ်။ ဒါတွေကို အလိုရှိသလို သုံးနိုင်ဖို့ ကူးယူကြပါတယ်။ အဲဒီအခါ ကူးသူကို လိုက်လို့ အကျိုးအပေါက် အမှားအယွင်းတွေလည်း ရှိတယ်။ တချို့ကလည်း နည်းနည်းပါးပါး ပြင်ချင်တယ်။ အဲဒီလိုပြင်တာကို မကြိုက်ပါ။ ကိုယ်တိုင်အသုံးပြုတဲ့အခါမှာသာ အမှား အမှန်ကို ဝေဖန်ပြောဆိုပါတယ်။ မူရင်းကို မပြင်ပါ။ မြန်မာတွေရဲ့ ပြက္ခဒိန်က တန်ခူးလဟာ လအမည် စာရင်းမှာ အမှတ်(၁) ဖြစ်ပေမယ့် တန်ခူးလဆန်း ၁ ရက်ဟာ တကယ် လိုက်နာကျင့်သုံးတဲ့ နှစ်ဆန်းတစ်ရက် မဟုတ်ပါ။ ဒီလို ကွဲပြားရတဲ့အကြောင်းကတော့ ကမ္ဘာသုံးပြက္ခဒိန်က သူရိယမာသ၊ မြန်မာသုံး ပြက္ခဒိန်က စန္ဒြမာသ ဖြစ်နေလို့ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ မြန်မာတွေ အသုံးပြုတဲ့ ဂဏန်းတွေမှာ ဝ၊ ၁၊ ၈ တွေကို အဖတ်မှားတတ်တယ်။ ဒီလိုပဲ ၂၊ ၅၊ ၇ ရေးတဲ့အခါမှာလည်း လွဲမှားနိုင်တယ်။ အဲဒီအခါ ရက်စွဲတွေ လွဲကုန်ပါတယ်။ မောင်ကုလား၊ မှန်နန်း၊ ကုန်းဘောင်ဆက်၊ သုသောဓိတ ပုံနှိပ်မူတွေမှာ အမှားလေးတွေ တွေ့ပါတယ်။ ပါမောက္ခ ဘလက်ဒန်၊ ဒူရွိုင်ဆယ်၊ ​ပါမောက္ခလု့စ်နဲ့ပါမောက္ခဖေမောင်တင်တို့က အစောဆုံးအချိန်က စပြီး တွေ့သမျှ တိုင်းရင်း မြန်မာကျောက်စာတွေကို စုတယ်။ ရောမအက္ခရာနဲ့ဖလှယ်တယ်။ အင်္ဂ္လိပ်ဘာသာပြန်တယ်။ ကျောက်စာပါရက်စွဲ တွေကို၊ ရန်ကုန်ကောလိပ် သင်္ခ࿿ျာဆရာကာရဲ့အကူအညီနဲ့၊ သက္ကရာဇ်ကို ခရစ်နှစ် ရက်စွဲ ပြောင်းရတယ်။ ဒီလို လုပ်တဲ့ အခါ အချိန်ကုန်သက်သာအောင်၊ အင်္ဂ္လိပ်-မြန်မာပြက္ခဒိန်ကို ပုဂံခေတ်(တစ်ဆယ်ရာစုနှစ်က စပြီး) ပြန်တွက်ထားရ တယ်။ A.M.B Irwin (အာဝင်) အင်းဇယားတွေအရ၊ ဘယ်သက္ကရာဇ်ဟာ ဘယ်ခရစ်နှစ်လဲလို့ ပထမရှာတယ်။ ပြီးမှ ရှေ့ပိုင်းက မြန်မာသက္ကရာဇ် ရက်စွဲတွေကို၊ ဂျူလီယန်ရက်စွဲ ရှာရတယ်။ ၁၇၅၂ စက်တင်ဘာ ၂ နောက်ပိုင်း၊ (၁၇၅၂ စက်တင်ဘာ ၁၄) ကစပြီး၊ ဂေါရိယံ ခရစ်နှစ်ရက်စွဲ ပြောင်းရတယ်။ ပြီးတော့ မြန်မာလတွေက လဆန်း ၁ ရက်ဟာ၊ ခရစ်နှစ်ရဲ့ဘယ်လက ဘယ်နေ့လဲဆိုတာ ရှာရတယ်။ အဲဒီအခါ မြန်မာဘက်က ဝါကြီး(နယုန် ရက် ၃ဝ)၊ ဝါငယ် (နယုန် ၂၉ ရက်)ကို တွက်ရသေးတယ်။ လထပ်တဲ့အခါ ပထမဝါဆို၊ ဒုတိယဝါဆိုကိုလည်း မမှားရအောင် တွက်ရသေးတယ်။ နယုန်လမှာ ဝါငယ်ဆိုရင် ၂၉ ရက်၊ ဝါကြီးဆိုရင် ရက် ၃ဝ၊ အဲဒါကိုလည်း ဂရုစိုက်ရပါသေးတယ်။ ဝါထပ်တယ်ဆိုတာ ကတော့ ဝါဆို ၁၊ ဝါဆို ၂ လုပ်ပေးရတာကို ဆိုလိုပါတယ်။ နည်းနည်းတော့ ရှုပ်သလို ရှိတယ်။ ဒါပေမဲ့ အာဝင်ရဲ့ဇယား တွေကို သုံးလိုက်ရင် မရှုပ်နိုင်တော့ပါ။ သိပ်အသုံးရလွယ်ပါတယ်။ ခရစ်ပြက္ခဒိန်ကို သုံးသင့်ပါတယ်လို့ ပါမောက္ခလု့စ်နဲ့ ဖေမောင်တင်တို့က ပြောခဲ့ဖူးတာကိုလည်း လေးစားလိုက်နာတဲ့သဘော ရှိကြပါတယ်။ ဒီလို လိုက်နာပါမှ ကမ္ဘာ့သမိုင်း နဲ့ယှဉ်တွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရီရီ (၁၄ မတ် ၁၉၂၄ - ၁၁ နိုဝင်ဘာ ၁၉၈၄)က မြန်မာနိုင်ငံသမိုင်းကော်မရှင် မှာ ၂ ဧပြီ ၁၉၅၉ က စပြီး သုတေသနအရာရှိ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်သမိုင်း ၁၇၅၂-၁၈၈၅ ကိုရေးဖို့ တာဝန်ကျပါတယ်။ ၁၇၅၂ က စရေးပါဆိုပေမယ့် ၁၇ဝဝ လောက်က ဖြိုပြီး မှတ်တမ်းမှတ်စုတွေကို မွှေနှောက် ရှာဖွေတာကို တွေ့ရပါတယ်။ ပြီးတော့ ၁၇ဝဝ-၁၈၂ဝ အင်္ဂ္လိပ်-မြန်မာပြက္ခဒိန်ကို ရအောင် ရှာပြီး လက်ကိုင်ပြုပါတယ်။ ကံအားလျော်စွာ အင်္ဂ္လိပ်ထက်အစ ရခိုင်က တရားရုံးတော်တွေမှာ အင်္ဂ္လိပ်တရားမကျင့်ထုံး၊ အင်္ဂ္လိပ်ရာဇဝတ်ကျင့်ထုံးတွေကို စပြီးသုံးတယ်။ ရက်စွဲအားလုံးကိုလည်း အင်္ဂ္လိပ်ပြက္ခဒိန်အတိုင်း သုံးစေတယ်။ အဲဒါအပြင် နောက်ထပ် တိုက်ဆိုင်မှုတစ်ခုက အစိုးရကျောင်းတွေမှာ ကျောင်းသားသစ် လက်ခံရင် ကျောင်းသားရဲ့ မွေးနေ့ကို အင်္ဂ္လိပ်ပြက္ခဒိန်အရ ပြောရတယ်။ ကျောင်းဝင်တဲ့ရက်ကိုလည်း အင်္ဂ္လိပ်ရက်ပဲ သုံးတယ်။ အဲဒါအပြင် တရားရုံးမှာ ရာဇဝတ်မှု တရားမမှုတွေရဲ့သက်ဆိုင်ရာ ရက်စွဲကိုလည်း အင်္ဂ္လိပ်ပြက္ခဒိန်အရ ပြောရတယ်။ အဲဒါနဲ့ လို အပ်လို့ ၁၉ဝ၅ ခုနှစ်ကပဲ ချန်ထွန်း၊ မြန်မာရက် အင်္ဂ္လိပ်ရက်တွေနဲ့ ညှိထားသည့် ရခိုင်ပြက္ခဒိန်ဆိုတာကို ၁၉ဝ၅ ခုက ပုံနှိပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂ္လိပ်မြန်မာပြက္ခဒိန်ကို ၁၇ဝဝ-၁၈၂ဝ ကို အရေးတကြီး လိုချင်နေပါတယ်။ အာဝင်ရဲ့ ပြက္ခဒိန်ဇယားတွေကို သုံးပြီး၊ ခရစ်နှစ် ၁၇ဝဝ-၁၈၂ဝ အင်္ဂ္လိပ်မြန်မာပြက္ခဒိန်ကို အလိုရှိတာ ဖြစ်တယ်။ အင်္ဂ္လိပ်​ ခေတ်ဦးပြက္ခဒိန် လိုချင်လို့ ကြိုးစားပြီး လုပ်တဲ့အခါ အင်္ဂ္လိပ်-မြန်မာပြက္ခဒိန်တစ်စောင် (၁၇ဝဝ-၁၈၂ဝ)ကို မြန်မာ သမိုင်းကော်မရှင် စာအုပ်(၁)အဖြစ်နဲ့ ၁၉၆၅ က ထွက်လာပါတယ်။ ကျွန်တော်က ပုဂံခေတ်အတွက် အင်္ဂ္လိပ်မြန်မာ ပြက္ခဒိန်လိုတဲ့အတွက် ခရစ်နှစ် ၁၁ ရာစုနှစ်၊ ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ်အတွက် ပြက္ခဒိန်လုပ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့အပြင် ခရစ်နှစ် ၁၄ ရာစုနှစ်၊ ၁၅ ရာစုနှစ်၊ ၁၆ ရာစုနှစ်၊ ၁၇ ရာစုနှစ်တွေကို လုပ်ပါတယ်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ပုံနှိပ်ထုတ်ဝေပေးတဲ့အတွက် သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်းကို ကျေးဇူးများစွာ တင်ပါတယ်။ အခုအခါ မြန်မာ သမိုင်းကို ၁၁ ရာစုနှစ်ကစပြီး တောက်လျှောက် အင်္ဂ္လိပ်ရက်တွေ သုံးပြီး ရေးလို့ရပါပြီ။ ဒီလို ဖြစ်အောင် ကျွန်တော်က လှုံ့ဆော်တယ်။ ကျွန်တော် ဂျပန်ခေတ်အတွင်း ဆရာဦးစိန်မောင်(ဦးဉာဏိဿရ)က နေကြတ်လကြတ် အာယုဗေဒထိ ဗေဒင်သင်ရိုးကုန်အောင် သင်ပေးတယ်။ ပြက္ခဒိန်၊ သင်္က࿿န်ြစာတွေ ပုံနှိပ်ထုတ်ဝေဖူးပါတယ်။ ဒါကြောင့် မြန်မာသမိုင်း ကော်မရှင်မှာ မြန်မာရက်စွဲကို မသုံးဘဲ ခရစ်ရက်စွဲကိုသာ သုံးဖို့ ကျွန်တော် တွက်ပေးပါတယ်။ ပုံနှိပ်ပါတယ်။ ​ဝယ်သူ မရှိလို့ ပုံနှိပ်ပြီးစာအုပ်တွေ အခုထိ ကျွန်တော့်အိမ်မှာ အပုံလိုက် ရှိနေပါသေးတယ်။


ဒေါက်တာ ရီရီ၊ မြန်မာနိုင်ငံရေး ၁၇၁၄-၅၂၊ မြန်မာသမိုင်းအဖွဲ့ ကုန်းဘောင်ခေတ်သုတေသန စာစဉ် ၁၊ အတွဲ ၁၊ ၁၉၇၅။

အင်္ဂ္လိပ်ဘာသာ၊ မြန်မာဘာသာတို့နဲ့ ကုန်းဘောင်ခေတ်သမိုင်းကို ရေးသား ပုံနှိပ်ပြီး ရှိသလို ပုံမနှိပ်ရသေးတဲ့ စာတမ်း စာစောင်နဲ့ကျမ်းတွေကို စုံအောင် ကိုးကားပြီး ဒီကျမ်းကို ပြုစုတယ်။ အဲဒီကျမ်းတချို့ကို ဖော်ပြရရင်

ဟံသာဝတီမင်းနေပြည်တော်သမိုင်း (ပထမတွဲ)

အလောင်းမင်းတရား အမိန့်တော်

ကုန်းဘောင်ခေတ် ကျောက်စာများ

အရှေ့ရုံး

ငါးဆူဒါယကာ အမှားတော်ပုံ

ဟံသာဝတီပါမင်းတရား အမှားတော်ပုံ

အစုအမှုထမ်းတို့အကြောင်း

မဟာရာဇဝင်ကျော် (မုံရွေးဆရာတော်)

အခုလို အကြောင်းအရာကို သုတေသန ပြုတဲ့အခါ မဏိပူရသမိုင်းတွေကိုလည်း ရှာဖွေပြီး ဖတ်ရပါသေးတယ်။ မှန်နန်း ရာဇဝင် ဆိုရင်၊ ရဟန်းပညာရှိ လူပညာရှိ တစ်ဆယ့်သုံးဦး ပါဝင်တဲ့ ကော်မတီက အချက်အလက်တွေ စုဆောင်းပြီး ရေးတာ ဖြစ်တယ်။ သူမသာ ကိုယ်မနာအောင် အလိမ္မာသုံးပြီး ရေးကြ၊ ပြောကြ၊ ဆုံးဖြတ်ကြမှာ ဖြစ်လို့ ကြားချပြီး ပျော့ညံ့တဲ့သဘောထား ဝင်သွားတတ်တယ်။

အဝ(အင်းဝ) နိုင်ငံတော် ပျက်စီးရတာဟ၊ ၁၁၁ ဩဂုတ် ၁၇၁၄ မှာ နန်းတက်တဲ့ သိရီပဝလ မဟာဓမ္မရာဇာဓိပတိ (၁၇၁၄-၁၇၃၃) ဘွဲ့ခံ လေးကျွန်းမာရ်အောင် လောကသရဖူဒါယကာ မှန်နန်းရှင်တနဂင်္နွေမင်းနဲ့၊ ၃ နိုဝင်ဘာ ၁၇၃၃ မှာ နန်းတက်တဲ့ တနဂင်္နွေမင်းကို ဆက်ခံသူ၊ သားတော် ကြာသပတေးမင်း (ဟံသာဝတီရောက်မင်း) (၁၇၃၃-၁၇၅၂)တို့မှာ တာဝန်အရှိဆုံးလို့ ပြောရင်တော့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တနဂင်္နွေမင်း နန်းတက်ချိန်ကစပြီး နိုင်ငံတော်အရပ်ရပ် မှာ သူပုန်သူကန် ထကြွလာတဲ့အတွက်၊ လက်နက်နိုင်ငံတော်ကြီး ပြိုကွဲနေပါပြီ။ အဲဒါတွေမှာ ထပ်ဆင့်ပြီး သဘာဝ ဘေးဒဏ်တွေ ဖြစ်တဲ့ မိုးခေါင်ခြင်း၊ ငလျင်ကြီး လှုပ်ခြင်း၊ ကပ်ရောဂါကြီးတွေ ဆိုက်ရောက်ခြင်း၊ အစာရေစာ မွတ်သိပ် ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း ဆိုတဲ့ ဘေးတွေက တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာပါတယ်။ အဝနိုင်ငံတော်ကြီး အစိတ်စိတ် ပြိုကွဲတယ်ဆိုတာ၊ သူတစ်လူ ငါတစ်မင်း ကိုယ့်နယ်မှာကိုယ် ဘုရင် ဖြစ်ကုန်ကြတာကို ဆိုလိုပါတယ်။ အဲဒီလို အခြေအနေကို မင်းလောင်းတွေ အများကြီး ပေါ်တဲ့ခေတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မင်းလောင်းတွေထဲမှာ ဘုန်းတော်ကြီးတွေလည်း ပါတယ်။ ဒီစာအုပ် စာမျက်နှာ ၂၈-၂၉ ကြားမှာ ဖော်ပြထားတဲ့ မြေပုံကို ကြည့်ရင် ခရစ်နှစ် တစ်ဆယ့်ငါးရာစုနှစ်ရဲ့ ဒုတိယနှစ်အစိတ်အတွင်းမှာ (မြို့တစ်မြို့စီ) ကိုယ်ပိုင်ခံတပ်တွေနဲ့ လုံခြုံအောင် ကိုယ့်ဘာသာ ဖန်တီးပြီး နေကြရပုံကို၊ တွေ့မြင်နိုင်ပါတယ်။ ကြာသပတေးမင်း(၁၇၃၃-၁၇၅၂)ကို အများဆုံး ဒုက္ခပေးနေသူတွေဟာ မွန်သူပုန်နဲ့ကသည်းကျူးကျော်သူတွေ ဖြစ်ပါတယ်။ (မွန်က မြန်မာနိုင်ငံအောက်ပိုင်း၊ ကသည်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်) ရှင်ဘုရင်က အုပ်ချုပ်ရေးမှာလည်း မထူးချွန်၊ စစ်ရေးစစ်ရာ မှာလည်း မကျွမ်းကျင်၊ ဒါပေမဲ့ အပျော်အပါး နှစ်သက်သူပီပီ ပွဲသဘင် မပြတ်ခံပြီး၊ မေ့မေ့လျော့လျော့ နေတတ်သူ ဖြစ် ပါတယ်။ နောက်ဆုံးမှာ အဝ ပျက်တယ်။ မင်းနဲ့မိဖုရား၊ သားတော်၊ သမီးတော်တွေကို ပဲခူးအနားက ချောင်းတစ် ချောင်းမှာ၊ ၁၃ အောက်တိုဘာ ၁၇၅၄ က ဖျောက်ဖျက်ပစ်တာကို ခံလိုက်ကြရပါတယ်။ အထောက်အထား ရှားပါးပေ မယ့် ရီရီ ပြုစုတဲ့စာတမ်းဟာ၊ အဆင်အခြင်နဲ့ ပြည့်စုံလို့ စိတ်ဝင်စားစရာ လေ့လာချက်တစ်ခု ဖြစ်ပါတယ်။


ကြန်၊ မြန်မာပဒေသရာဇ်စနစ်၏ဇာတ်သိမ်း၊ မြန်မာသမိုင်းအဖွဲ့၊ အင်္ဂ္လိပ်ခေတ် သုတေသနစာစဉ် အမှတ် ၂၊ ၁၉၈၁။

မြန်မာနိုင်ငံကို အင်္ဂ္လိပ်သိမ်းယူတာနဲ့ ပတ်သက်ပြီး တချို့အင်္ဂ္လိပ်က ထောက်ခံပေမယ့် ကန့်ကွက်တဲ့အင်္ဂ္လိပ်လည်း ရှိပါတယ်။ မြန်မာတွေကတော့ အရင်က အင်္ဂ္လိပ်ကျွန် ဖြစ်ပြီးသားလူနဲ့ အခု နောက်ထပ်ဖြစ်တဲ့ ကျွန်တွေအဖို့ကတော့ ဘယ်လိုမှ စိတ်ထဲမှာ ကျေနပ်တယ် မကျေနပ်တယ် ဆိုတာမျိုး မရှိ၊ ဘာထူးလို့လဲ၊ တို့က အစကပဲ ကြေးတော်မျိုး၊ ကျွန်တော်မျိုး မဟုတ်လား၊ ဘာထူးလို့လဲ ဆိုတဲ့ သဘောထားနဲ့ မသိသလို နေလိုက်ကြတယ်။ ပြီးတော့ အခုကို အပြောင်း အလဲမျိုးတွေ တွေ့ဖူးပြီးသားလို့လည်း ယူဆတယ်။ အခုလို ပြောင်းလဲဖို့အတွက် ဘာအမြတ်မှ ရမှာ မဟုတ်ဘူးလို့ တွက်ဆပြီးသား ဖြစ်ပါတယ်။ ဗြိတိသျှပါလီမန်ကတော့ သူတို့လုပ်ရတာ ခုခံစစ် ဖြစ်တယ်။ (ဗြိတိသျှ ကုန်သည်ကြီးတွေမှာ ကျရောက်မယ့် အန္တရာယ်ကို တားတယ်လို့ ဆိုလိုတယ်။) ဒီလိုယူဆရတဲ့ အခြေခံသဘောထား က မြန်မာဘုရင်တွေဟာ အင်္ဂ္လိပ်ဆန့်ကျင်ရေးစိတ်ဓာတ် အမြဲရှိနေလို့ ဖြစ်ပါတယ်။ တစ်ဖက်က တရုတ်သဘောထား ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ တရုတ်အနေနဲ့ မြန်မာကို သူတို့လက်အောက်ခံ ဖြစ်တယ်လို့ အမြဲ တွက်ဆပြီးသား ဖြစ်တယ်။ ဒီလိုဆိုရင် သီပေါမင်းကို ဘယ်သူပဲ ဆက်ခံ ဆက်ခံ အဲဒီနောက်မင်းက တရုတ်ကို အခွန် ဆက်သမြဲ ဆက်သရင် ကျေနပ်တယ်။ ဆယ်နှစ်တစ်ကြိမ် အခွန်ဆက်မယ်လို့ သဘောတူပြီး ဖြစ်တယ်။ အင်္ဂ္လိပ်က ဒီဆက်မြဲအခွန်ကို မဆက်ဘဲ ရပ်ပစ်လိုက်တယ်။ တိဗက်က မြန်မာတွေကို အင်္ဂ္လိပ် ကျွန်ပြုလိုက်ပြီဆိုတဲ့ သတင်း ကြားတဲ့အခါ ကိုလ်မင်မက်ကောလေး ခေါင်းဆောင်တဲ့ အင်္ဂ္လိပ်သံအဖွဲ့ကို တိဗက်ပြည်ထဲ ဝင်လာခွင့် မပေးပါ။ အိန္ဒိယအမျိုးသား ကွန်ကရက်ကို မိုဘိုင်းမှာ ၂၇-၃၁၊ ဒီဇင်ဘာ ၁၈၈၅ ခုနှစ်က ကျင်းပပြီး မြန်မာကို အင်္ဂ္လိပ် သိမ်းယူ တာကို ကန့်ကွက်တယ်။ ထိုင်လင်ကလည်း မြန်မာတွေ လွတ်လပ်ရေး ဆုံးရှုံးရတဲ့အတွက် ငါတို့လည်း အလားတူ ကံဆိုးနိုင်တယ်ဆိုပြီး ထိတ်လန့်သွားတယ်။ အဲဒါနဲ့ သူတို့နိုင်ငံအတွင်းမှာ သက်ဦးဆံပိုင်မင်း အုပ်ချုပ်ရေးက ဥပဒေမင်း အုပ်ချုပ်ရေးကို ပြောင်းဖို့ စီစဉ်ပါတယ်။ သီပေါမင်း နန်းကျတော့ မြန်မာတွေမှာ လက်နက်ကိုင်လူ ၁၅၃၄၅ လောက် ရှိပါတယ်။ တချို့က လက်နက်ချပေမယ့် အများစုက​ လက်နက်ကို ကိုင်ရက် တိမ်းရှောင်နေကြတယ်။ မင်းလောင်းပေါ်ရင် အဲဒီမင်းလောင်းဆီမှာ ဝင်ပြီး အမှုထမ်းတယ်။ အဲဒါကြောင့် အင်္ဂ္လိပ်အဖို့ မင်းကို လွယ်လွယ် ဖမ်းယူနိုင်ပေမယ့် တိုင်းပြည်ကို ပိုင်နိုင်ဖို့ အကြာကြီး လုပ်ယူရမယ်။

၁၈၈၆ - ၁၈၉၈ ခုနှစ်ထိ ရေးသွားတဲ့ဝက်မစွတ်ဝန်ထောက် ဦးလတ်ရဲ့နေ့စဉ်မှတ်တမ်းဟာ ဒီနေရာမှာ သိပ်ပြီး အဖိုး တန်ပါတယ်။ အဲဒီမှတ်တမ်းမှာ မြန်မာတွေဘက်က အထက်မြန်မာနိုင်ငံအတွက် နိုင်ငံရေးအမြင်ကို တင်ပြထားပါ တယ်။ ကျမ်းနာမည်ကို ပဒေသရာဇ် ကျဆုံးခြင်းလို့ နာမည်တပ်ထားမသင့်ပါ။ ဗြိတိသျှအုပ်ချုပ်ရေးအစ ကို ပြင်သင့် ပါတယ်။

၂၅ မေ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်စောမောင်က-

ခင်စု၊ ဒေါ်

ခင်မောင်ညွန့်၊ ဒေါက်တာ

တင်အုံး၊ ဦး

ထင်ကြီး၊ ဦး

ထင်ဖတ်၊ ဦး

ထွန်းအောင်ချိန်၊ ဦး

မောင်မောင်တင်၊ ဦး

သန်းထွတ်၊ ဦးနဲ့

အုံးခိုင်၊ ဒေါက်တာ တို့ကို ခေါ်တွေ့ပြီး မြန်မာတွေ လွတ်လပ်ရေး မရမီနဲ့ရပြီးအကြောင်းအရာတွေရဲ့ "ဖြစ်ရပ်မှန်"ကို ရေးကြစမ်းပါလို့ ပြောတယ်။ အဲဒါကြောင့် ၃၁၊ မေ၊ ၁၉၈၉ ခုနှစ်မှာ မြန်မာ့"ဖြစ်ရပ်မှန်"ကို ရေးဖို့ ကော်မတီတစ်ရပ်ကို မြန်မာသမိုင်း အဖွဲ့ဝင်တွေထဲက-

ခင်စု၊ ဒေါ်

ခင်မောင်ညွန့်၊ ဒေါက်တာ

တင်အုံး၊ ဦး

ထင်ကြီး၊ ဦး

ထင်ဖတ်၊ ဦး

ထွန်းအောင်ချိန်၊ ဦး

မောင်မောင်တင်၊ ဦး

လှရှိန်၊ ဗိုလ်မှူး

သန်းထွတ်၊ ဦးနဲ့

အုံးခိုင်၊ ဒေါက်တာ တို့ကို ကော်မတီငယ်တစ်ခု ဖွဲ့ပြီး တာဝန်ပေးအပ်လိုက်ပါတယ်။ သူတို့ကြီးကြပ်ပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့ ၁၉၄၇ ခုနှစ် နိုင်ငံဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ ပထမပိုင်းနဲ့ဒုတိယပိုင်း ထွက်လာပါတယ်။


ကျော်ဝင်း၊ မြဟန်နဲ့သိန်းလှိုင်၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ၁၉၄၇ ခုနှစ် နိုင်ငံဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ

ဗြိတိသျှလက်အောက်မှာ တောင်ပေါ်သားတွေ ဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်နဲ့ချင်းတွေ နေရာအရပ်ကို တိုင်းစွန် ပြည်နား လို့ခေါ်တယ်။ နေထိုင်ကြပုံကလည်း ရှေးလူတွေ တိုးတက်ဖွံ့ဖြိုးမှု နည်းသေးတယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေး မှာ မွန်၊ မြန်မာ၊ ရခိုင်နဲ့ခွဲပြီး သီးခြားထားခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အပြီး မြန်မာကို လွတ်လပ်ရေး ပေးတဲ့အခါ သူတို့ လည်း အလားတူ အခွင့်အ​ရေး ရလိုတယ်။ သီးခြားလူမျိုးအဖြစ် သူတို့ဘာသာ အုပ်ချုပ်တဲ့နိုင်ငံအဖြစ် ထူထောင်လို တယ်။ အမျိုးသားစိတ်ဓာတ်နဲ့ နိုးကြားရေးလည်း စောစောကပဲ စသင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သ​ဘောထားက​ တော့ ဒီလူတွေ သူတို့ လိုချင်တာ သူတို့ဘာသာ ဆုံးဖြတ်စေတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံက ခွဲထွက်လိုရင်လည်း ခွဲထွက်ပါစေလို့ ခွင့်ပေးရမှာပဲလို့ ဆိုလိုတယ်။ အရေးပါတဲ့အဖြစ်အပျက် အရေးပါတဲ့စာတန်းတွေကို သက္ကရာဇ်ဆိုပြီး ဖော်ပြထားတယ်။ ဒါကြောင့် ဒီကျမ်းကို သမိုင်းလို့ မခေါ်ဘဲ ရက်စဉ်မှတ်လို့ပဲ ခေါ်ရပါလိမ့်မယ်။ ကျမ်းရဲ့ရည်ရွယ် ချက်ကလည်း ဝါဒဖြန့်သက်သက်လို ဖြစ်နေတာ တွေ့ရပါတယ်။ သုတေသနအဖွဲ့အစည်းတစ်ခု အနေနဲ့ ဒီကျမ်းမျိုးကို ရှောင်နိုင်ရင် ကောင်းမလဲ။


ကျော်ဝင်း၊ မြဟန်နဲ့သိန်းလှိုင်၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ၁၉၄၇ ခုနှစ် နိုင်ငံ့ဖွဲစည်းပုံ စည်းမျဉ်းဥပဒေ၊ ၁၉၉​ဝ။

ကရင်တွေရဲ့ ၁၉၄၇ ခုနှစ်၊ နိုင်ငံဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေအပေါ် ထားရှိတဲ့သဘောကို အသေးစိတ် ဖော်ပြထားပါတယ် အရင်းခံထားပြီး ဆွေးနွေးချက်ကတော့ ဒုတိယကမ္ဘာစစ်တွင်း ကရင်-မြန်မာ ဆက်ဆံရေး ဖြစ်ပါတယ်။ ကရင်က မြန်မာတွေရဲ့အာမခံချက်ကို သံသယ ရှိနေတယ်။ ပြည်သူ့လွတ်တော်ရဲ့ဆောင်ရွက်ချက်ကို အသေးစိတ် ဖော်ပြထား တယ်။ ကျွန်တော့် ထင်မြင်ချက်ကို ပြောရရင် ဒီကျမ်းဟာ ရက်စဉ်မှတ်အဆင့်ပဲ ရှိတယ်။ နောင် ကျမ်းရေးမယ့်လူတွေ အတွက် အရင်းမူလထားပြီး အသုံးပြုစရာ တစ်ခုပဲ ဖြစ်ပါတယ်။


စံငြိမ်း၊ မြင့်ကြည်၊ မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂၊ ၁၉၉၁။

မြန်မာတွေ လွတ်လပ်ရေးရပြီး ဆယ်နှစ်ခရီးအကြောင်း ရေးထားတဲ့ကျမ်း ဖြစ်ပါတယ်။ သမိုင်းအဖွဲ့က မြန်မာလွတ် လပ်ရေးရပြီးစ အချိန်ကစပြီး ရေးဖို့ကောင်းပါရက်နဲ့ ဘာ့ကြောင့် ဒီအခန်းကို ချန်ထားရသလဲလို့ မေးချင်စရာ ဖြစ်နေ ပါတယ်။ ဟရု့ခ်ျတင်ကာက လွတ်လပ်ရေးရပြီးစ မြန်မာ ကျမ်းစဉ်ရေးတယ်။ ဒေါ်ရသီဝုဒ်မင်းက (ခေတ်)မြန်မာ တည်ဟန် ကိုရေးတယ်။ ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေအတွင်းဝန်(ချုပ်)က မြန်မာပြည်တော်သား ကို ရေး တယ်။ မြန်မာသမိုင်းအဖွဲ့က သီးခြားဟန်နဲ့ရေးပုံက အကြောင်းအရာတစ်ခုကို ခေါင်းမပါပဲ အမြီးပိုင်းသာ ရေးပုံမျိုး ဖြစ်နေပါတယ်။ သမိုင်းသုတေသန ဦးစီးအဖွဲ့ရဲ့အကြိုက်က ရောင်းကောင်းမယ့် ဈေးကွက်သာ ကြည့်ပြီး စာအုပ် ထုတ် တယ်လို့ ပြောစရာ ဖြစ်လာပါတယ်။ ဒါဆိုရင် တခြားစာအုပ်ကုမ္ပဏီနဲ့ ဘာခြားတော့မှာလဲ။

ဒီ ၁၉၅၈-၁၉၆၂ ခေတ်အတွက် စာအုပ်လေး ထုတ်ပါတယ်။ ပထမအုပ်က ၁၉၅၈ ခုနှစ်နောက်ပိုင်း အခြေအနေကို ရေး ဖို့ အရှည်ကြီး ဇာတ်ခင်းနေပါတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်မှာ ဖဆပလ ပျက်ပုံကို ပြောတဲ့အခါ တော်လှန်ရေးကောင်စီ အကြောင်း ထည့်ရတယ်ပေါ့၊ တစ်မျိုးပြောရရင် မြန်မာလွတ်လပ်ရေးတိုက်ပွဲနဲ့ပြည်ထောင်စု ပြိုကွဲတာကို အရင်းမူလ ထားတယ်။ စာအုပ်ရေးပုံကတော့ ပုံပြောဟန် အဖြစ်အပျက် တစ်ခုပြီးတစ်ခု ကွင်းဆက် ဆက်ပေးပုံမျိုး ဖြစ်ပါတယ်။ သမိုင်းနည်းနဲ့ စိတ်ပိုင်းပြီး ဝေဖန်ဆွေးနွေးခြင်း မရှိပါ။ အဲဒါ​ ဘာ့ကြောင့်လဲမေးရင် စာရေးသူများအကြိုက် ရေးရတာ မဟုတ်ဘဲ ဘယ်လိုရေးလို့ ပေါင်း​စပ်ပေးထားလို့ လွတ်လွတ်လပ်လပ် ရေးခွင့်မရှိဘူးဆိုတာ တွေ့ရပါတယ်။ အဲဒါ ကြောင့် ဒီကျမ်းဟာ တစ်ဖက်စီးနင်း ရေးတာလို့တော့ ပြောရပါတယ်။ အထောက်အထားတွေ သိပ်ပေါတဲ့အကြောင်း အရာမှန်တယ်။ ဒါပေမယ့် "ဟိုဟာပဲ ကောက်သုံး" လို့ ကြီးကြပ်တဲ့ကော်မတီက ညွှန်ကြားလျက် ရှိနေလို့ ဖြစ်ပါတယ်။ ပထမကျမ်းက လွတ်လပ်ရေးတိုက်ပွဲ ပြီးတော့ ဖဆပလညံ့ပုံကိုနဲ့ အဆုံးသတ်ထားပါတယ်။ စာရေးသူတွေက မြန်မာ တွေရဲ့ရန်သူဟာ ကွန်မြူနစ်တွေ ဖြစ်တယ်။ တခြားလူမျိုးစု သောင်းကျန်းသူတွေတော့ ရှိပါတယ်။


မြင့်ကြည်၊ အိမ်ဂျယ်လင်း၊ မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂ ဒုတိယတွဲ၊ ၁၉၉၁။

မြန်မာပုံပြင်ကို အိမ်စောင့်အစိုးရနဲ့ဖွင့်လိုက်ပါတယ်။ သောင်းကျန်းသူတွေကို နှိမ်နင်းတယ်။ ရှမ်းပြည်မှာ စော်ဘွား ရာထူးနဲ့အုပ်ချုပ်ရေးကို ဖျက်တယ်။ ဖဆပလ နှစ်ခြမ်းကွဲတယ်။ ၁၉၆ဝ ခုနှစ်ပြည့် ရွေးကောက်ပွဲနဲ့ နိဂုံးချုပ်ပါတယ်။ စည်းကမ်းဥပဒေတွေ ကောင်းပါရက်နဲ့ တိကျမှန်ကန်အောင် စောင့်ထိန်းခြင်း မရှိပါ။


ကျော်ဝင်း၊ မြဟန်နဲ့သိန်းလှိုင်၊ မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂ ခုနှစ် တတိယတွဲ၊ ၁၉၉၁။

ဒီစာအုပ်မှာ အရေးပါတဲ့အချက် သုံးချက်ကို အကျယ်တဝင့် ရှင်းထားတယ်။ အဲဒီအချက်တွေက (၁)ဗုဒ္ဓဝါဒကို နိုင်ငံ့ ယုံကြည်ပြဋ္ဌဌာန်းရေး၊ (၂)ချင်း၊ မွန်နဲ့ရခိုင်ကို နယ်သီးခြားအဖြစ် ဖော်ထုတ်ရန်နဲ့ (၃)ဖယ်ဒရေးရှင်းပြဿနာကို ပြည် ထောင်စုတစ်နိုင်ငံနဲ့ယှဉ်ပြီး ဘယ်လမ်းကို လိုက်မလဲ ရွေးချယ်ရန် ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေမှာ မြန်မာကလွဲရင် ကျန်ပြည်နယ်တွေက ခွဲထွက်ခွင့်ပေးထားတယ်။ ဒီစာအုပ် တစ်အုပ်လုံးကို ဖတ်ပြီး တဲ့အခါ ခွဲထွက်ခွင့် မပေးနဲ့လို့ ဆုံးဖြတ်ချက် ပေါ်လာပါတယ်။ ဒါဆိုရင် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအသစ် ရေးကြတော့​ ဟေ့လို့ ပြောသလို ဖြစ်သွားပါတယ်။


မြဟန်၊ သိန်းလှိုင်၊ မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂၊ စတုတ္ထတွဲ၊ ၁၉၉၁။

နောက်ဆုံးစာတွဲ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေက

(၁)ပြည်ထောင်စု တည်မြဲရေး

(၂)ကွန်မြူနစ်​ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အပြတ်နှိပ်ကွပ်ရေး

(၃)တပြေးညီဆိုတာမျိုးလည်း ရှောင်ရမယ်

(၄)ပြည်ထောင်စုအကြာအရှည် တည်ရမယ်။

အဲဒီမှာ ရှေ့တန်းရောက်လာတဲ့ပြဿနာက ပင်လုံကွန်ဖရင့်(၁၉၄၇-ခုနှစ်) ရဲ့ပဓာန ရည်မှန်းချက်မှာ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ရှမ်းတွေ တိုးတက်ရေးကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်ကို ပယ်ရှားသလို ဖြစ် နေတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့တပ်မတော်ဟာ အုပ်ချုပ်ရေးကို အရယူပြီး အထက်က ဖော်ပြထားတဲ့ အချက်(၄) ချက်ကို ငါတို့လုပ်မယ်လို့ ပြောသကဲ့သို့ ဖြစ်ပါတယ်။ စာအုပ်လေးတွဲစလုံး စုပေါင်းပြီး အာဏာသိမ်းတာကို ထောက်ခံ ပါတယ်။


-ဒေါက်တာသန်းထွန်းရေး ထွေထွေရာရာမြန်မာသမိုင်းစာအုပ်မှ ​ထုတ်နုတ်ချက် ဖြစ်ပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်