ယခုရက်ပိုင်းအတွင်း ဘယ်ကိုမှ စာရေးသူမသွားဖြစ်ပါ။ သွားနေလာနေကျ ကောင်းစံဟိန်း လက်ဖက်ရည်ဆိုင်ကိုပင် မှန်မှန် မရောက်ဖြစ်။ အိမ်ထဲတွင်အောင်းပြီး စာရင်းသွင်းရန်ရှိသည့် စာအုပ်ပုံကိုရှင်းနေမိသည်။ စုခဲ့ဆောင်းခဲ့ရသည့် စာအုပ်များအနက် အသုံးတည့်မည့်စာ အုပ်အချို့ကို စာအုပ်စင်ပေါ်တင်ပြီး အချို့ကို စာကြည့်တိုက်များသို့လှူရန်၊ အချို့ကို သေတ္တာ ထဲတွင်ထည့်သိမ်းရန် ဆုံးဖြတ်ထားမိသည်။ စာအုပ်ပုံရှင်းရင်းဖွရင်းက စာအုပ်ကောင်း၊ စာအုပ်ဟောင်းလေးများ ပြန်တွေ့မိတော့ လက်ကမချချင်။ လှန်ကြည့်လိုက် ဖတ်ကြည့် လိုက်နှင့် စာအုပ်စာရင်းပြုစုခြင်းအလုပ်က ရှေ့မတိုးနိုင်အောင် ဖြစ်နေတော့သည်။ စာအုပ်ပုံကိုရှင်းရင်း စာအုပ်ပုံထဲမှ ခြစားထားသော စာ အုပ်လေးတစ်အုပ်ကို ပြန်ဖတ်မိသည်။ စာအုပ်အဖုံးကတော့ မရှိတော့ပါ။ အတွင်းမျက်နှာဖုံး ရေခံတစ်ဝက်တစ်ပျက် ကျန်ရှိနေ၍ စာရေးဆရာကြီး ဆရာဒဂုန်ဦးစန်းငွေ ရေး ထားသော 'စာဘူးတောင်း' အမည်ရှိ ဆောင်းပါးပေါင်းချုပ်စာအုပ်ဖြစ်သည်။ စာအုပ်ရိုက်ခဲ့သည့်နှစ်က ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်သဖြင့် ယနေ့ ကာလတွင် နှစ်ပေါင်းလေးဆယ်ကြာမြင့်ခဲ့ပြီဟု ပြောရသည်။ စာအုပ်ထဲမှ လက်ကျန်ဆောင်းပါးတစ်ပုဒ်အကြောင်းကို ဖော်ပြချင်ပါ သည်။ စာအုပ်အဖုံးကတော့ မရှိတော့ပါ။ အတွင်းမျက်နှာဖုံး ရေခံတစ်ဝက်တစ်ပျက် ကျန်ရှိနေ၍ စာရေးဆရာကြီး ဆရာဒဂုန် ဦးစန်းငွေ ရေးထားသော 'စာဘူးတောင်း' အမည်ရှိ ဆောင်းပါးပေါင်းချုပ်စာအုပ်ဖြစ်သည်။ စာအုပ်ရိုက်ခဲ့သည့်နှစ်က ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်သဖြင့် ယနေ့ကာလတွင် နှစ်ပေါင်းလေးဆယ်ကြာမြင့်ခဲ့ပြီဟု ပြောရသည်။ စာအုပ်ထဲမှ လက်ကျန်ဆောင်း ပါးတစ်ပုဒ်အကြောင်းကို ဖော်ပြချင်ပါသည်။
ပြစ်မှုကျူးလွန်သည့် ၀န်ကြီးသုံးပါးမှာ-
၁။ ပခန်းမင်းကြီး ဦးရန်ဝေး
၂။ ပန်းပဲဝန်ကြီး ဦးမှို
၃။ မကွေးမင်းကြီး ဦးကြာဥတို့ဖြစ်သည်။
ပခန်းမင်းကြီး၏ ရွှေခိုးမှု
ပခန်းမင်းကြီး၏ အမည်ရင်းမှာ ဦးရန်ဝေးဖြစ်သည်။ ပခန်းမြို့ကိုစားရသဖြင့် ပခန်းမင်းကြီးဟုခေါ်သည်။ ပခန်းမင်းကြီးတွင် ဆွေမျိုးများ များစားစားမရှိပါ။ရင်းအချာဆို၍ ညီမငယ်တစ်ဦးသာရှိသည်။ ညီမငယ်၏အမည်မှာ မနီဟုဆိုသည်။ မနီသည် ပခန်းသားတစ်ဦးနှင့်အိမ် ထောင်ကျပြီး ပခန်းမြို့တွင်နေသည်။ သားတစ်ဦးရပြီးနောက် ခင်ပွန်းဖြစ် သူမှာ သေဆုံး သွားခဲ့ သဖြင့် မုဆိုးမဘ၀ဖြင့် ဆင်းဆင်းရဲရဲ လုပ်ကိုင် စားသောက်နေရသည်။ မနီ၏ ပင်ပန်းဆင်းရဲမှုကို ကြည့်ပြီး မိတ်ဆွေများ က နေပြည်တော်၌ ၀န်ကြီးဘ၀နှင့် ကောင်းစားနေသော အစ်ကိုဖြစ်သူ ပခန်းမင်းကြီးထံ အကူအညီတောင်းကြည့် ပါလားဟု ၀ိုင်းဝန်းပြောဆိုကြသည်။ ညီမရင်းဖြစ်သူ မနီကိုမူ ပစ်ထားလိမ့်မည် မဟုတ်ဟု အများကယူဆကြသကဲ့ သို့ မနီကိုယ်တိုင်ကလည်း အစ်ကိုကြီးဖြစ်သူ ပခန်းမင်းကြီးထံ အကူအညီတောင်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ မနီ၏ပင်ပန်းဆင်းရဲမှုကိုကြည့်ပြီး မိတ်ဆွေများ က နေပြည်တော်၌၀န်ကြီးဘ၀နှင့် ကောင်းစားနေသော အစ်ကိုဖြစ်သူပခန်းမင်းကြီးထံ အကူအညီတောင်းကြည့်ပါလားဟု ၀ိုင်း ၀န်းပြောဆိုကြသည်။ ညီမရင်းဖြစ်သူ မနီကိုမူ ပစ်ထားလိမ့်မည်မဟုတ်ဟု အများက ယူဆကြသကဲ့ သို့ မနီကိုယ်တိုင်ကလည်း အစ်ကိုကြီးဖြစ်သူ ပခန်းမင်းကြီးထံ အကူအညီတောင်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ နှစ်ရက်ခန့်အကြာတွင် ပခန်းမင်းကြီးသည် ဘုရင့်ပန်းထိမ်တော်အိမ်သို့သွားပြီး အပ်နှံထားသောရွှေတုံးများကို ကြည့်ရှုကာ ရွှေတုံး တစ်တုံးကို ချိန်တွယ်ခိုင်းသည်။ ပန်းထိမ်ဝန်ကချိန်ကြည့်ပြီး ၄၅ ကျပ်သားရှိကြောင်း လျှောက်ထားသည်။ ပခန်းမင်းကြီးက ရွှေတုံးကိုယူ လိုက်ပြီး "ဒီရွှေတုံးကို ငါယူသွားတယ်လို့ ဘုရင်ကိုသံတော်ဦးတင်လိုက်"ဟုပြောပြီး ရွှေ ၄၅ ကျပ်သားကိုယူသွားရာ ပန်းထိမ်ဝန်သည် ဘုရင်နှင့် ပခန်းမင်း ကြီးပြဿ နာကို မည်ကဲ့သို့ရှင်းရမှန်းမသိအောင် ဖြစ်သွားသည်။ ပခန်းမင်းကြီးက အိမ်သို့ပြန်သွားခဲ့ပြီး ညီမဖြစ်သူ မနီကိုခေါ် ၍ ရွှေတုံးကိုပေးပြီး "ရော့.....အဲဒီရွှေတုံးဟာ ၄၅ကျပ်သားရှိတယ်။ ထုခွဲ ရောင်းချပြီး စားပေတော့။ ဒီကနေ့ပဲ ပခန်းကိုပြန်သွား။ ဒီရွှေဟာ ငါပိုင်တဲ့ရွှေမဟုတ်ဘူး။ ရှင်ဘုရင်ရဲ့ရွှေ။ အဲဒါကို ရှင်ဘုရင်မသိအောင်ယူ လာပြီး နင့်ကိုပေးတာ။ ငါ့မှာ ၀န်ကြီးဖြစ်နေပေ မယ့်လို့ ဥစ္စာပစ္စည်းပေါလိမ့်မယ်၊ ချမ်းသာလိမ့်မယ် မထင်နဲ့။ငါ့မှာက ရှင်ဘုရင်ပေးသမျှ လစာ တော်၊ ရိက္ခာတော်နဲ့ လောက်အောင် နေထိုင်စားသောက်ရတာ။ အဲဒါကို နင်သိထား"ဟု ပြောပြီး ရွှေတုံးကိုပေးကာ ပခန်းသို့ပြန်သွားစေခဲ့ သည်။ ဘုရင်ပေးမည့် အပြစ်ဒဏ်ကိုလဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန်လည်း ဆုံးဖြတ်လိုက်သည်။ ပန်းထိမ်ဝန်ဖြစ်သူ မှာတော့ ကြောက်လန့် တကြားနှင့် ယောအတွင်းဝန်ဦးလှိုင်ထံ အပြေးအလွှားသွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထားကာ အကူအညီတောင်း ခံရသည်။ ယောအတွင်းဝန်ကလည်း ပန်းထိမ်ဝန်ထံမှယူသွားသော ရွှေတုံးပြဿနာကို ချက်ချင်းပင် သွားရောက်၍ လျှောက်ထား သည်ဟုဆိုသည်။ မင်းတုန်းမင်းက စဉ်းစားပြီးပြောဆိုသည်မှာ "ဆရာကြီးသည် ဤကဲ့သို့သောအမှုမျိုး တစ်ခါမျှမလုပ်စဖူး။ အကြောင်းတစ်စုံတစ်ရာတော့ရှိနိုင်သည်။ မောင်လှိုင်ကိုယ်တိုင် သွား၍စုံစမ်းကြည့်ပါ"ဟု မိန့်တော်မူသည်။ ယောမင်းကြီးလည်း အမိန့်တော်အတိုင်း ပခန်းမင်းအိမ်သို့သွားခဲ့သည်။ "သြော်...မောင်လှိုင်ပါလား၊ အတွင်းတော်က ဘာကိစ္စများ အထူးပါ သလဲကွဲ့"ဟုမေးရာ...ယောမင်းကြီးက "မှန်လှပါ ပန်းထိမ်ဝန်ရဲ့စကားအရ ကျေးဇူးရှင်ဘုရားရဲ့ ရွှေတစ်တုံးကို အရှင်မင်းကြီး ယူသွားတဲ့ကိစ္စပါဘုရား"ဟု ပြောရာ... "အေး...မှန်ပါတယ်။ အဲဒီရွှေတုံးကို ငါယူခဲ့တာအမှန်ပါပဲ"ဟု ပြောပြီး အနီးတွင်ထိုင်နေသော မနီကိုလက်ညှိုးထိုးကာ... "သူက ငါ့နှမအငယ်ဆုံး မိနီတဲ့။ ပခန်းမှာနေတယ်။ သူ့ခင်ပွန်းကွယ်လွန်သွားတော့ ကလေးတစ်ယောက်နဲ့ အတိဒုက္ခရောက်နေလို့ အစ်ကိုဖြစ်တဲ့ငါ့ဆီကိုလာပြီး အကူအညီတောင်းသကွဲ့။ မောင်လှိုင်သိတဲ့အတိုင်းပဲ ငါ့မှာလဲ ရှင်ဘုရင်ကချီးမြှင့်တဲ့ လစာရိက္ခာနဲ့ အခြွေအရံ တွေကိုမျှတပြီး ဝေငှစားသောက်နေရတော့ ဘာမှအပိုမရှိဘူး။ ဒါကြောင့် ကြံမိကြံရာ ကိုယ့်ရှင်ဘုရင်ရဲ့ပစ္စည်းကိုယူပြီး ပေးလိုက်မိတာ အ မှန်ပါပဲ။ ငါလဲစဉ်းစားပါတယ် မောင်လှိုင်ရယ်။ တကယ်လို့ အပြစ်ပေးခံရရင်လဲ ကိုယ့်အရှင်ကပေးတဲ့အပြစ်ကို ခံရတာကောင်းပါတယ်။ ဒီရွှေ တုံးအတွက် သံသရာကြွေးခံရမယ်ဆိုရင်လဲ ကိုယ့်အရှင်ဆီမှာခံရတယ်လို့ အောက်မေ့ပါတယ်။ ကိုယ့်အရှင်ရဲ့ ဆုံးဖြတ်ချက်၊ အရှင်စေခိုင်း ရာ၊ အရှင့်ဝန် ကို ဆောင်ရွက် ရတာက ကောင်းသကွဲ့ မောင်လှိုင်ရဲ့"။ ပခန်းမင်းကြီး၏ ပြောဆိုချက်များကို သေချာစွာနားထောင်ပြီး ယောအတွင်းဝန်က ဘုရင်မင်းတရားကြီးထံ ပြန်လည်လျှောက် ထားခဲ့သည်။ ယောအတွင်းဝန်၏ လျှောက်ထားချက်ကို နားထောင်ပြီး မင်းတုန်းမင်း တရားကြီး ကျေနပ်စွာပြုံးတော်မူပြီး... "မောင်ရင်လှိုင် ဆရာကြီးယူသွားသော ရွှေတုံးတန်ဖိုးကို ငွေတစ်သောင်းနဲ့ တန်ဖိုးသင့်၊ ဗြဲတိုက်တော်က ငွေထုတ်ယူပြီး မနီထံကပြန် ပြီးရွေးယူလိုက်ပါ"ဟု မိန့်တော်မူခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်း မင်းတုန်းမင်းတရားကြီး၏ လက်အောက်၌ မင်းမှုထမ်းနေကြသော စာရေး၊စာချီ မှအစ မှူးကြီး မတ်ကြီး များထိ မင်းခယောက်ျားတို့၏ ဘ၀အခြေအနေမှန်ကို ဤဖြစ်ရပ်လေးက မီးမောင်းထိုးဖော်ပြနေသည်။ ဘုရင်ကချီးမြှင့်သော လစာရိက္ခာ တော်မှအပ တံစိုးလက်ဆောင် လာဘ်လာဘကင်းမဲ့သည့် ပခန်းမင်းကြီး၊ ယောမင်းကြီးတို့ကဲ့သို့ ပုဂ္ဂိုလ်များ ကုန်းဘောင်ခေတ်နှောင်းတွင် ရှိခဲ့ကြောင်း သိရသည်။
ပန်းပဲဝန်ကြီး၏ရိုက်နှက်မှု
ပန်းပဲဝန်ကြီး၏အမည်ရင်းမှာ ဦးမှိုဖြစ်သည်။ အင်းဝမြို့ဇာတိဖြစ်ပြီး မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူလည်းဖြစ်သည်။ ဘကြီးတော်၊ ရွှေဘိုမင်းတရားကြီး၊ ပုဂံမင်းနှင့် မင်းတုန်းမင်းတရား လက်ထက်ထိ မင်းလေးဆက်တိုင်တိုင် ပန်းပဲအတွင်း ၀န်၊ သေနတ်ဝန်ကြီး၊အဆောက် အအုံ လုပ်ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် အမှုတော်ထမ်းရသူဖြစ်သည်။ မန္တလေးနန်းတော်၊ ကျုံးနှင့်မြို့ရိုး၊ ပုဂံမင်း၏ကောင်းမှု ကု သိုလ်တော်ဘုရား၊ လောကမာရဇိန်၊ မြောက်မင်းစံကျောင်းတော်၊ သာသနာပိုင် တိုက်တော်ကြီးတို့ကို ကိုယ်တိုင်ကြီးကြပ်၍ တည်ဆောက် ခဲ့ရုံမက ရွှေတိဂုံစေတီတော်၏ ထီးတော်ကြီးကိုလည်း ပန်းပဲဝန်ကြီး ဦးမှိုပင် လုပ်ဆောင်ခဲ့သည်။ ဦးမှိုသည် စိတ်ထန်သူတစ်ဦးဖြစ်ပြီး မိမိအ လုပ်ကို ၀င်ရောက်စွက်ဖက်လျှင် အလွန်ပင်ဒေါသထွက် သူဖြစ်သည်။ တစ်နေ့သောအခါ တောင်ထားဝယ် သေနတ်ဗိုလ်မောင်တိုးသည် ပန်းပဲဝန်ကြီးအလုပ်ခွင်သို့ ရောက်လာပြီး တတ်ယောင်ကားနှင့်ပန်း ပဲဝန်ကြီးကို ၀င်ရောက်စွက်ဖက်ပြီး စွာကျယ်စွာကျယ် ပြောလေသည်။ (မောင်တိုးမှာ မင်းတုန်းမင်းကြီး၏ မိဖုရားဖြစ်သူ ခုနှစ်ရာမိဘုရား၏ မောင်အရင်းဖြစ်၍ သူ့အစ်မမျက်နှာဖြင့် မင်းတုန်းမင်းက တောင်ထားဝယ်သေနတ်ဗိုလ်ရာထူးကို ခန့်အပ်ထားခြင်းခံရသူဖြစ်သည်)။ ပန်းပဲ မင်းကြီးမှာ မောင်တိုးကို စကားတစ်ခွန်းမျှပြန်မပြောဘဲ အသာငြိမ်နေပြီး လူစည် ကားသော နေရာတစ်နေရာ၌ မောင်တိုးကို လည်ကုပ်မှနှိမ် ၍ ထုထောင်းရိုက်နှက်ခြင်း ပြုလေ သည်။ တောင်ထားဝယ်သေနတ် ဗိုလ် မောင်တိုးက မခံမရပ်နိုင်ဖြစ်ကာ အစ်မအရင်းဖြစ်သူ ခုနှစ်ရာမိဘုရားကိုတိုင်သည်။ မိဖုရားကတစ်ဆင့် ပန်းပဲဝန်ကြီး၏ ကာယကံမြောက်ထုထောင်းရိုက်နှက်မှုကို ဘုရင့်ရွှေနားတော်သို့ပေါက်အောင် လျှောက်တင်ပါတော့သည်။ ညီလာခံသဘင် ကျင်းပရာ၌ မင်းတုန်းမင်းတရားကြီးက ရိုက်နှက်ထုထောင်းမှုနှင့် ပတ်သက်၍ ပန်းပဲဝန်ကြီးကို အမေးတော်ရှိရာ ပန်းပဲဝန်ကြီးက အောက်ပါ အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်တင်တော်မူခဲ့သည်။ "တင်ပါသည်ဘုရား...တောင်ထား ၀ယ်သေနတ် ဗိုလ်ငတိုးသည် မိမိအားခန့်အပ်ထားသည့် ဗိုလ်နေရာ၌မနေဘဲ ၀န်ကြီး၏အလုပ်အ ဆောင်ရေးရာ၌ ၀င်ရောက်စွက်ဖက်၍ သြဇာအာဏာပြလာပါသည်။ ဤသို့ပြုမူခြင်းမှာ ငါ၏အစ်မက မင်းမိဖုရား၊ ရှင်ဘုရင်က ငါ့ယောက်ဖ တော်ဟူ၍ အစ်မနှင့်ယောက်ဖ အားကိုးဖြင့် ၀န်ကြီးများအပေါ် သြဇာအာဏာပေးခြင်းသာ ဖြစ်သောကြောင့် နောင်ကိုအရှင့်အရေးတော် ယုတ်လျော့မည်ကိုမြင်၍ သင်လည်းတစ်သက်လုံးမှတ်ရန်၊ အခြားအမှုထမ်းတို့လည်း ကြောက်ရွံ့သွားစေရန် မိဖုရား၏မောင်၊ ရှင်ဘုရင် ၏ ယောက်ဖတော် တောင်ထားဝယ်သေနတ်ဗိုလ်ငတိုး မိုက်တွင်းနက်လှသဖြင့် ကိုယ်တိုင်ရိုက်နှက်ထုထောင်း၍ စီရင်လိုက်ရခြင်းဖြစ်ပါသည် ဘုရား"ဟု လျှောက်တင်ရာ မင်းတရားကြီးက ပြုံး၍နေတော်မူသည်။ ခုနှစ်ရာမိဖုရားသည်လည်း မည်သို့မျှပြန်မပြောဝံ့တော့ဘဲ ခေါင်းငုံ့၍ သာနေပါတော့သည်။ ကုန်းဘောင်ခေတ်က ဤအဖြစ်အပျက်မှာ မိမိနှင့်ရင်းနှီးသူ အာဏာပိုင်များအားကိုးဖြင့် မဆိုင်သောအမှုကို ၀င်ရောက်စွက်ဖက်ခြင်းမ ပြုသင့်ကြောင်း သင်ခန်းစာပေးသကဲ့သို့ မင်းတုန်းမင်း တရားကြီး၏ အပြုံးသည်လည်း ဤကောင်မျိုး ဤကဲ့သို့ဆုံးမတာပဲ ကောင်းသည်ဟူ ၍ ကောင်းချီးပြုသောအပြုံးသာဖြစ်သည်ဟု ယူဆပါသည်။
မကွေးမင်းကြီး၏ သူပုန်ရိက္ခာပံ့ပိုးမှု
မန္တလေးနန်းတွင်း၌ဖြစ်ပွားခဲ့သည့် မြင်ကွန်း၊ မြင်းခုံတိုင် အရေးတော်ပုံ၌ ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။ ထို ဖြစ်ရပ်ကို ကနောင်မင်းသားကြီး၏သားတော် ပတိမ်းမင်းသားက မကျေမနပ်ဖြစ်ကာ ပုန်ကန်ခြားနားခဲ့ပြန်သည်။ ဤပုန်ကန်မှု ကြီး၌ ပတိမ်း မင်းသားကို မကွေးမင်းကြီးဦးကြာဥက နန်းတွင်းမှနေ၍ လျှို့ဝှက်စွာ ရိက္ခာပံ့ပိုး ကူညီမှုများ ပြုခဲ့ သည်ဟုဆိုပါသည်။ အရေးတော်ပုံကြီး ပြီးစီး သွားချိန်၌ "မကွေးမင်းကြီးက စားနပ်ရိက္ခာ ပံ့ပိုးကူညီခဲ့သည့်" အမှုကြီး ပေါ်ပေါက်လာပါတော့သည်။ မင်းတုန်းမင်းတရားကြီးက သူများပြောတိုင်း ယုံကြည်တော်မမူဘဲ အမှုမှန်ဖြစ်စေရန်အတွက် မကွေးမင်းကြီး အရှေ့တော်သို့ သွင်းစေ လျက် မှူးကြီးမတ်ရာ ဗိုလ်ပုံအလယ်တွင် ကိုယ်တော်တိုင်စစ်ဆေး၍ မကွေးမင်းကြီး ကိုယ်တိုင် လျှောက်လွှဲချက်ပေးစေ ခဲ့သည်။ ထိုအချိန်က မကွေးမင်းကြီးသည် လွှတ်တော်တရားသူကြီးတာဝန်ကို ထမ်းဆောင်နေသောအချိန် ဖြစ်သည်။ မင်းတရားကြီးက...
"အမတ်ကြီးသည် လွှတ်တော်တရားသူကြီးလည်းဖြစ်သည်။ အမတ်ကြီး၏အမှုကို အမတ်ကြီးကိုယ်တိုင် စီရင်ချက်ချပါ"ဟု မိန့်တော် မူရာ မကွေးမင်းကြီးက မတုံ့မဆိုင်းရဲရဲဝံ့ဝံ့ စီရင်ချက်ချလိုက်သည်မှာ..."သူပုန်ရန်သူအား စားနပ်ရိက္ခာထောက်ပံ့သောသူသည် မြို့ကိုကျော်သောအမှုဖြစ်၍ ထိုသူပိုင်ဆိုင်သမျှ သက်ရှိ၊ သက်မဲ့ ဥစ္စာပစ္စည်း အားလုံးကိုသိမ်းစေ၊ ရာထူးစည်းစိမ်ကို နုတ်သိမ်းစေ၊ တစ်ဆွေလုံး တစ်မျိုးလုံးကို မီးလောင်တိုက်သွင်းစေ၊ မိမိကိုလည်း သတ်စေ"ဟု စီရင် လိုက်ပါတော့သည်။မကွေးမင်းကြီး၏ စီရင်ချက်ကိုကြားလိုက်ရသော မင်းတုန်းမင်းတရားကြီးမှာ အံ့အားသင့်သွားခဲ့ရပြီး အောက်ပါအတိုင်း အမိန့်တော် ထုတ်ပြန်ပေးခဲ့ပါ သည်။ "မင်းကြီးသည် မင်းအဆက်ဆက်အမှုတော်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော ဂုဏ်ထူးရှိသည်။ မိမိ၏အပြစ်ကို မထိန်မချန် ဟုတ်မှန် သည့်အတိုင်း တင်လျှောက်သည်။ ရှေးထုံး ရှေးစံ စာတမ်း၊ စာပေ ရှိသည့်အတိုင်း စည်းစိမ်ရာထူးကိုမငဲ့ကွက်၊ အသက်နှင့် တကွ ဆုံးရှုံးစေ ရန် ရဲရဲဝံ့ဝံ့ မှန်ကန်ရာတရားလမ်းရှိသည့်အတိုင်း စီရင်ချက်ပေးကြောင်းလျှောက်တင်ဝံ့သည့် ဂုဏ်ထူးရှိပေသည်။ ထိုကဲ့သို့ ဖြောင့်မတ်သော မင်းကြီးကို ၎င်း၏စီရင်ချက်အတိုင်း မပြုမစီရင်ထိုက်။ မိမိအသက်ကို စိုးရိမ်စိတ်ကြောင့်သာ ဓားနီးရာကို နိုးရသောအရာဖြစ်ချေသည်ဖြစ်၍ မင်းကြီးအား သက်တော်ရှည်အမတ်ကြီးရာထူးကို ချီးမြှင့်တော်မူလိုက်သည်"ဟူ၍ မိန့်တော်မူပြီး ပတ္တမြားကျောက်စီတောင်ဝှေးကို ပေးသ နားတော်မူလေသည်။ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ။ ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်က ၀န်ကြီးနှစ်ပါး၊ လွှတ်တော်တရားသူကြီး တစ်ပါးတို့ ကျူးလွန်ခဲ့သည့်ပြစ်မှုကြီးများအပေါ် ဘုရင်ဖြစ်သူက ကောင်းမြတ်သောစိတ်နှလုံးဖြင့် စဉ်းစားဆင်ခြင်ဆုံးဖြတ်ခဲ့သည်။စီရင်ချက် များမှာ နှောင်းခေတ်လူတို့အတွက် နမူနာယူစရာ စံပြလုပ်ရပ်များပင်ဖြစ်ပါတော့သည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်