ကျမ်းဟောင်းများပုံနှိပ်ထုတ်ဝေရေး -ဒေါက်တာသန်းထွန်း

မြန်မာနိုင်ငံမှာ ကျမ်းဟောင်းတွေဟာ ပေ၊ ပုရပိုက်နဲ့ အများအပြား ရှိတယ်။ ဒါတွေကို တည်းဖြတ်မယ့်လူ ရှာပြီး၊ ပုံနှိပ် ထုတ်ဝေသင့်တယ်လို့ အကြံရသူတွေက၊ မစ္စတာဖာနီဗယ်နဲ့ဦးဖေမောင်တင်တို့ ဖြစ်ပါတယ်။ သူတို့က ဆရာလင်း၊ ဆရာ ပွား စတဲ့ မြန်မာပညာရှိတွေနဲ့ပေါင်းပြီး တည်းဖြတ်၊ ပုံနှိပ်၊ ထုတ်ဝေမယ့် ထုတ်ဝေရေးအတွက် မြန်မာနိုင်ငံ သုတေသန အသင်းကို တာဝန်ပေးမယ်ဆိုတဲ့ လက်တွေ့ သဘောကို တင်ပြလာပါတယ်။ ကျမ်းတွေကို တည်းဖြတ်ဖို့ တာဝန်ကိုလည်း ဆရာဦးဖေမောင်တင်က သူ့မိတ်ဆွေ အသိုင်းအဝိုင်းကို အားကိုးပါတယ်။ အဲဒီလူတွေက နောင်ထင်ရှားတဲ့ ဦးလူဖေဝင်း၊ ဦးဧမောင်၊ ဦးတိုးအောင်၊ ဦးချမ်းမြ၊ ဦးဝန် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ယခုအခါ အဲဒီပုဂ္ဂိုလ်တွေရဲ့ အသက်အရွယ်ကို မှန်းဆရင် ၉ဝ ကျော် ၁ဝဝ ဝန်းကျင် ရှိမယ်။ ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်တွေ ကောလိပ်ရောက်စဆိုရင် အရင်အနှစ် ၈ဝ(၁၉၂ဝ) လောက် နိုးကြားမှု ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီအကြောင်းတွေကို မြန်မာနိုင်ငံ သုတေသနအသင်း နှစ်လည်အစီရင်ခံစာ တွေမှာ ဖတ်ရတယ်။ တွင်းသင်းရာဇဝင်ကို မောင်ညွန့်က တည်းဖြတ်ပြီးပြီ။ ဒုတိယကမ္ဘာစစ် ဥရောပမှာ ဖြစ်နေပြီမို့ ပုံနှိပ် ဖို့ အခက်အခဲ ရှိတယ်လို့ သိရတယ်။ စာမူလည်း ဘယ်သူ့လက်ထဲမှာ ရှိတယ်ဆိုတာကို စုံစမ်းလို့မရ။ မောင်ညွန့်ဆိုတာ လည်း ဘယ်သူ၊ ဘယ်မှာ ရှိတယ်ဆိုတာလည်း မေးမရဖြစ်လို့၊ အမျိုးသား စာကြည့်တိုက်မှာ သွားရှာတယ်။ ပေက ကူးယူ တယ်။ တည်းဖြတ်တယ်။ ခုထိ ပုံနှိပ်ဖို့ မအောင်မြင်ပါ။ အခုလူတွေက အရင် ၁၉၃ဝ လောက်က လူတွေလောက် မစွမ်း ဆောင်နိုင်ဘူးလို့ ပြောရမလို ဖြစ်နေတယ်။ အဲဒီခေတ်က လူတွေ အောင်မြင်ပုံ၊ အလုပ်တွင်ကျယ်ပုံကို သိရအောင် သူတို့ တည်းဖြတ်ပုံနှိပ်တဲ့ စာအုပ်စာရင်း တချို့ကို ဖော်ပြလိုက်ပါတယ်။ အခုလူတွေ ဒါမျိုး ဆက်လုပ်နိုင်အောင် ဂရုပြုကြိုးစား ကြစေချင်တယ်။ မြန်မာစာကော်မရှင်၊ မြန်မာသမိုင်းကော်မရှင် ဆိုတဲ့ အဖွဲ့အစည်းတွေကလည်း စိတ်ပါဝင်စား ဆောင် ရွက်စေချင်ပါတယ်။

ကျမ်းဟောင်း တည်းဖြတ် ပုံနှိပ်ပြီးစာရင်းကို ကြည့်ပြီး၊ ​အတော်များများကို လုပ်ခဲ့ကြတယ်ဆိုတာ သိနိုင်တယ်။ တို့လည်း ဆက်လုပ်တယ်၊ ထပ်လုပ်ဖို့ လိုတာပေါ့၊ သိပ်ကို လိုတယ်၊ ဆက်လုပ်ကြပါ။
၁ဝ ဇွန် ၂ဝဝ၄။
ခေတ်ဆန်းဂျာနယ်၊ ၁၆-၃၁ ဇူလိုင်၊ ၂ဝ​ဝ၄၊ ၁၉-၂၁။

ကျမ်းဟောင်း တည်းဖြတ်ပုံနှိပ်ပြီးစာရင်း

စဉ်
ကျမ်း
ကျမ်းပြု
တည်းဖြတ်သူ
ဩဝါဒထူးပျို့
စိန္တကျော်သူ
ဦးဖိုးစိန် (၁၉၂၁)
ဒေဝကုမ္ဘာန်ပြဇာတ်
ဦးကြင်ဥ
ဦးတင်နှင့်ဦးဖေမောင်တင်
(စတုတ္ထအကြိမ်) (၁၉၃၄)
ဥမ္မာဒန္တီပျို့
မဟာမင်းလှ​မင်းခေါင်
ဦးတင်နှင့်ဦးဘိုးဖြူ (၁၉၃၁)
ကန်တော်မင်းကျောင်းမေတ္တာစာ
မင်းကျောင်းဆရာတော်
ဦးဘိုးဖြူနှင့်ဆရာပွား
(ဒုတိယအကြိမ်) (၁၉၃၃)
မဟာရာဇဝင်ကြီး (ပထမအုပ်)
ဦးကုလား
ဦးပွား (၁၉၂၆)
ပဒေသာသီချင်းများ
ဦးကြင်ဥ
ဦးဖေမောင်တင်
(တတိယအကြိမ်) (၁၉၃၄)
ပါပဟိန်ပြဇာတ်
ဦးကြင်ဥ
ဆရာလင်း
(စတုတ္ထအကြိမ်) (၁၉၃၉)
ရေစကြိုခုံတော်ဖြတ်ထုံး
ရေစကြိုခုံတော်
ဆရာပွား (၁၉၂၇)
ဥတိန္နပျို့
ရှင်အာဒိစ္စရံသီ (မုံရွေးဆရာတော်)
ဆရာပွား (၁၉၂၇)
၁ဝ
ပဉ္စပါပီရကန်
ဦးရွှေနီ
ဆရာရိပ် (၁၉၂၈)
၁၁
အထူးကောက်နုတ်ချက်ဇာတ်ဝတ္ထု
-
ဆရာပွား (၁၉၂၈)
၁၂
သုတသောမပျို့
ဆီမီးခုံရွာစား
ဆရာလင်း (၁၉၂၈)
၁၃
ရွှေပြည်စိုးဝတ္ထု
ဦးလတ်
ဆရာဝ (၁၉၃၂)
၁၄
ရာဇဝင်ကျော်
ရှင်သီလဝံသ
ဦးဖေမောင်တင်
၁၅
ဦးပုညမေတ္တာစာ
ဦးပုည
ဆရာရိပ် (တတိယအကြိမ်) (၁၉၃၂)
၁၆
စိန္တကျော်သူဆိုရတုများ၊ ဘိုးတော် ရှင်ဧချင်းနှင့်မင်္ဂလာလူးတား
စိန္တကျော်သူ
ဆရာပွား၊ ဆရာညွန့်
(ဒုတိယအကြိမ်) (၁၉၂၉)
၁၇
သာသနာလျှောက်နှင့်ဆွမ်းတော် ကြီးစာတမ်း
ဦးပုည
ဆရာရိပ်
၁၈
စပယ်ပင်ဝတ္ထု
ဦးလတ်
ဆရာဝ (၁၉၃၁)
၁၉
လောကသာရပျို့
မင်းကျောင်းဆရာတော်
ဆရာညွန့် (၁၉၃၁)
၂ဝ
မဟာသီလဝပျို့
ရှင်အာဒိစ္စရံသီ (မုံရွေးဆရာတော်)
ဆရာလင်းနှင့်ဦး​ဘမောင် (၁၉၃၁)
၂၁
မဟာရာဇဝင်ကြီး(ဒုတိယအုပ်)
ဦးကုလား
ဆရာပွား (၁၉၃၂)
၂၂
ကျည်းကန်ရှင်ကြီး မေတ္တာစာ
ကျည်းကန်ရှင်ကြီး
ဆရာပွား (၁၉၃၂)
၂၃
မင်္ဂလသုတ်ပျို့
ရှင်အာဒိစ္စရံသီ (မုံရွေးဆရာတော်)
ဆရာပွား (၁၉၃၂)
၂၄
ကျပင်းတရားစာ (ပထမအုပ်)
ကျပင်းဆရာတော်
ဦးဖိုးစိန် (၁၉၃၂)
၂၅
ကျပင်းတရားစာ (ဒုတိယအုပ်)
ကျပင်းဆရာတော်
ဦးဖိုးစိန် (၁၉၃၂)
၂၆
မဟာသုတကာရီမဃဒေဝလင်္ကာ သစ်(ပထမအုပ်)
ဦးမာဂ (မန်လည်ဆရာတော်)
ဆရာညွန့် (၁၉၃၂)
၂၇
မဟာသုတကာရီမဃဒေဝလင်္ကာ သစ်(ဒုတိယအုပ်)
ဦးမာဂ (မန်လည်ဆရာတော်)
ဆရာညွန့် (၁၉၃၂)
၂၈
ရှင်ဥက္ကံသမာလာမေတ္တာစာ
ရှင်ဥက္ကံသမာလာ
ပုဂံဦးတင် (၁၉၃၃)
၂၉
ရာဇောဝါဒကျမ်း (ပထမပိုင်း)
ရှင်အာဒိစ္စရံသီ (မုံရွေးဆရာတော်)
ဦးဖိုးစိန် (၁၉၃၃)
၃ဝ
မွေနွန်းရကန်
ရွှေတောင်နန္ဒသူ
ဦးဧမောင် (၁၉၃၃)
၃၁
တရုတ်သံရောက်မော်ကွန်း
နဝဒေး (ဒုတိယ)
ဦးညွန့် (၁၉၅၂)
၃၂
ရာမရကန် (ပထမအုပ်)
ဦးတိုး
ဦးလူဖေ​ဝင်း (၁၉၃၃)
၃၃
ရာမရကန် (ဒုတိယအုပ်)
ဦးတိုး
ဦးလူဖေဝင်း (၁၉၃၃)
၃၄
ရဲ​တင်းမော်ကွန်း
နဝဒေး (ဒုတိယ)
ဦးခင်အောင် (၁၉၃၄)
၃၅
ရတနာကြေးမုံဝတ္ထု
ရွှေတောင်သီဟသူ
ဦးစိန်တင် (၁၉၃၄)
၃၆
အာသံနိုင်မော်ကွန်း
နဝဒေး (ဒုတိယ)
ဦးစိန်ဝင်း (၁၉၃၅)
၃၇
မဟာပညာကျော်လျှောက်ထုံး
မဟာပညာကျော်
ဆရာလင်း (၁၉၃၅)
၃၈
ကင်းဝန်မင်းကြီးသမိုင်း
မောင်မောင်တင်
-          (၁၉၃၆)
၃၉
အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား
ဦးအောင်ကြီး
ဆရာပွား (၁၉၃၄)
၄ဝ
မာတောဝါဒဆုံးမစာ
ရွှေကျောင်းဆရာတော်
ဦးဖိုးစိန် (၁၉၃၅)
၄၁
ဂါမဏိစိန္ဒပျို့
ဆီမီးခုံရွာစားဦးရွှန်း
ဦးဝန် (၁၉၃၆)
၄၂
ဟန်လင်းမြို့သမိုင်းလင်္ကာ
စည်သူကျော်ထင်
-ဒုတိယနှိပ်ခြင်း (၁၉၃၉)
၄၃
နတ်သျှင်နောင်ဆိုရတု
နတ်သျှင်နောင်
ဦချမ်းမြ (၁၉၄ဝ)
၄၄
ပြည်ဖွဲ့မြို့ဖွဲ့လင်္ကာညွန့်ပေါင်း
မိုင်းခိုင်းမြို့စားဦးရန်
ဦးဖိုးစိန် (၁၉၃၉)
၄၅
စတုဓမ္မသာရကိုးခဏ်းပျို့
ရှင်မဟာရဋ္ဌသာရ
ဦးတိုးအောင် (၁၉၄ဝ)
၄၆
ဆယ့်နှစ်ရာသီဘွဲ့လူးတား
ဦးယာ
ဦးချမ်းမြ (၁၉၄၁)


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်