ခေါင်းလောင်းစာသမိုင်း - History of Bell Letters

ပုဂံယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိလာကြသူ ပြည်တွင်းပြည်ပ ခရီးသည်အများစု သည် ညောင်ဦးမြို့ ရှိ ရွှေစည်းခုံစေ တီတော်ကြီးကို ဝင်ရောက်ဖူးမြော်လေ့ရှိကြပြီး စေတီတော်ရင်ပြင်တွင် လှည့်လည်ကြည့်ရှုကြစဉ် အရှေ့ဘက်စောင်းတန်းအနီးရှိ အုတ်တိုက်အတွင်း ချိတ်ဆွဲထားသော ခေါင်းလောင်းကြီးတစ်လုံးကို သတိမူမိကြ မည်ဖြစ်ပေသည်။ ယင်းခေါင်းလောင်းကြီးသည် သမိုင်းဝင် ဘုရင့်နောင်ခေါင်းလောင်းတော်ကြီးဖြစ်ကာ ခေါင်းလောင်း ကမ္ပည်းစာများအဖြစ် ဘုရင့်နောင်မင်းကြီး ၏ ဆောင်ရွက် ချက်များကို ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာဖြင့် ရေးထိုးထားသည်။ ခေါင်းလောင်းပေါ်မှ ကမ္ဗည်းစာများသည် ခိုင်မာသော မှတ်တမ်း များဖြစ်ပြီး တိကျမှန်ကန်သော နေ့ရက်များကို ဖော်ပြထားသဖြင့် ရာဇဝင်ကျမ်းများထဲမှ ကွဲလွဲနေမှုများ ကို ပြင်ဆင်နိုင်ရန် အထောက်အကူဖြစ်ခဲ့သည်။
မြန်မာလူမျိုးများသည် ခေါင်းလောင်းများသွန်းလောင်းခြင်း၊ ခေါင်းလောင်းများပေါ်တွင် ကမ္ပည်းစာများ ရေးသားခြင်း အလေ့အထ ကို မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာကိုးကွယ်မှုရောက်ရှိချိန်ကတည်းက ကျင့်သုံးခဲ့ကြသည်။ ခရစ်နှစ် တစ်ရာစုနောက်ပိုင်းမှစတင်၍ ပျူမြို့ဟောင်း သရေခေတ္တရာတွင် ခေါင်းလောင်းများချိတ်ဆွဲတီးခတ် သည့် အလေ့အထရှိခဲ့ကြောင်း ဆရာကြီးဦးစိန်မောင်ဦး က ရေးသားခဲ့သည်။ ပျူခေတ်အထောက်အထား ကြေးခေါင်းလောင်းတစ်လုံးကို ၁၉၆၆-၁၉၆၇ ခုနှစ်တွင် သရေခေ တရ္တာမြို့ဟောင်းအတွင်းရှိ စေတီအနီး တူးဖော်မှု ကုန်းအမှတ်(၈)မှ ရရှိခဲ့သည်။ အမြင့် ၁၁ လက်မရှိသည့် ထိုခေါင်းလောင်းပေါ်တွင်ပျူဒင်္ဂါးများပေါ်၌ တွေ့ရှိရလေ့ရှိသည့် သီရိဝစ္ဆ အပြောက်အမွမ်းများ ပါရှိပြီး စာများရေး သားထားခြင်း မရှိပါချေ။ ကွင်းဆင်းမှတ် တမ်းများအရ ကွမ်းခြံကုန်းမြို့နယ် လက်ခိုက်ကျေးရွာရှိ မြန်မာ သက္ကရာဇ် ၈ဝဝ ပြည့်နှစ် ထိုးခေါင်းလောင်းသည် မြန်မာနိုင်ငံ၏ အစောဆုံးခေါင်း လောင်းဖြစ်ြပီး ဒုတိယအစောဆုံးခေါင်းလောင်း မှာ မော် လမြိုင်မြို့ မြသိန်းတန်စေတီရှိ မြန်မာသက္ကရာဇ် ၈၉၉ ခုနှစ် ထိုး ခေါင်းလောင်းဖြစ်ကြောင်း သိရှိရပေသည်။ ဘုရင့်နောင် ခေါင်းလောင်းမှာ တတိယအစောဆုံးဖြစ်ပေသည်။ ပုဂံ သဗ္ဗညုတစေတီတော်ရှိ ခေါင်းလောင်းတော်ချိတ် ဆွဲသည့် ထောက်တိုင်ကြီးနှစ်ခုကိုထောက်၍ ပုဂံခေတ်တွင် ခေါင်းလောင်းများ သွန်းလုပ်ခဲ့ဖွယ်ရှိနိုင်ကြောင်း ယူဆကြသော်လည်း ပုဂံခေတ် လက်ရာ ခေါင်းလောင်းများကို မတွေ့ရှိကြရသေးပါချေ။
မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိရသော ကမ္ပည်းစာများရေးထိုးထားသည့် ခေါင်းလောင်းသည် ရခိုင်ပြည်နယ် ဝေသာ လီပြည်နယ် ဝေသာလီမြို့ဟောင်းအနီး ပြိုင်းထောင်ကျေးရွာမှ ၁၉၀၈ ခုနှစ်တွင် တွေ့ရှိခဲ့သည့် အမြင့် ၁၁ ဒသမ ၈ စင်တီမီတာ၊ ခေါင်းလောင်းအောက်ခြေအဝ ၁ဝ ဒသမ ၅ စင်တီမီတာနှင့် အထူ ၁ စင်တီမီတာရှိသော ကြေးခေါင်းလောင်း ဖြစ် သည်။ ယင်းခေါင်းလောင်းကို ဂုဏ်ထူးဆောင်ကျောက်စာဝန် ဦးစံရွှေဘုက တွေ့ရှိခဲ့ သည်။ ခေါင်းလောင်း ပတ်လည်တွင် ရေးထိုး ထားသည့် ကမ္ပည်းစာကြောင်းနှစ်ကြောင်းကို အေဒီခုနစ်ရာစုတွင် ရေးထိုးခဲ့ကြောင်း အိန္ဒိယနိုင်ငံကမ္ဗည်း ကျောက်စာဌာနမှ ပညာရှင် ခရစ်ခ်ျနားရှပ်စ်ထရီက မှတ်ချက်ပြုခဲ့သည်။ အလားတူ ကမ္ပည်းစာတန်းရေးထိုးထားသည့် ခေါင်းလောင်းတစ်လုံးကို ၁၉၆၆ ခုနှစ်တွင် ရခိုင်ပြည်နယ် ဝေသာလီမြို့ဟောင်း အနောက်တောင်ဘက် အပြင်မြို့ရိုး အနီး ဓာတ်တော်စေတီမှ ထပ်မံရရှိခဲ့ သည်။ ခေါင်းလောင်းပါစာသားများကို အေဒီခြောက်ရာစု အက္ခရာအရေးအသားများဟု အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေ သန ဌာနက ခန့်မှန်းခဲ့သည်။
ကုန်းဘောင်ခေတ်လက်ရာ ကမ္ဗည်းစာပါ ခေါင်းလောင်းများကို အများဆုံးတွေ့ရှိနိုင်ကြပြီး ယင်းခေါင်းလောင်းများတွင် အလှူဒါနမှတ်တမ်းများကို ရေးထိုးလေ့ရှိခဲ့သည်။ မြေလှူ၊ ကျောင်းလှူ၊ ကျွန်လှူစသည်ဖြင့် အလှူမှတ်တမ်းများနှင့်အတူ ဆုတောင်းစာများ၊ ကျိန်စာများကိုလည်း ထည့်သွင်းရေးထိုး ခဲ့ကြသည်။ သို့သော် ပုဂံ ရွှေစည်းခုံစေတီတော်တွင် ချိတ်ဆွဲထားသည့် ဘုရင့်နောင်မင်းကြီး (ခရစ်နှစ် ၁၅၅၁-၁၅၈၁) လှူဒါန်းခဲ့သော ကြေးခေါင်းလောင်းတော်ကြီးတွင်မူ အလှူဒါနတစ်ခုတည်းကို ဦးမတည်ဘဲ မင်းကြီးဆောင်ရွက်ချက်များကို ရက်စွဲများနှင့်တကွ ရေးထိုးခဲ့သဖြင့် သမိုင်းတန်ဖိုးမြင့်မားသည့် ခေါင်းလောင်း တစ်လုံး ဖြစ်လာခဲ့ပေသည်။
ဘုရင့်နောင်ခေါင်းလောင်း၏ တစ်ဖက်တစ်ချက်တွင် မြန်မာဘာသာနှင့် မွန်ဘာသာ ကမ္ဗည်းစာများရေးထိုးထားပြီး ခေါင်းလောင်း၏ လည်ပင်းအထက်၊ ပေါက်ကိုင်းအောက် ဖောင်းရစ်မျက်နှာ ပြင်တွင် ပါဠိကမ္ပည်းစာ ငါးကြောင်း ရေးထိုးထား သည်။ ခေါင်းလောင်း ကြီးသည် အမြင့် ၃ ပေ ၈ လက်မ၊ လုံးပတ် ၃ ပေ ၆ လက်မ၊ အောက် ခြေလုံးပတ် ၁ဝ ပေ ၃ လက်မ၊ အထူ ၆ လက်မ၊ အချင်း ၁ ပေ ၇ လက်မ၊ ပေါင်းကိုင်း အမြင့် ၁ ပေ ၇ လက်မ၊ ပေါင်းကိုင်းလုံးပတ် ၁ ပေ ၄ လက်မ၊ လည်ပင်းလုံးပတ် ၄ ပေ ၁ လက်မရှိပြီး ပိဿာချိန် ၂၁ဝဝဝ အလေးချိန်ရှိသည်ဟု ဆိုသည်။
ဘုရင့်နောင်ခေါင်းလောင်းတော်ကြီးကို ခရစ်နှစ် ၁၅၅၇ ခုနှစ်တွင် တင်လှူခဲ့ပြီး ခေါင်းလောင်းစာများသည် မင်းတရားကြီး လက်ထက် စစ်ရေးနိုင်ငံရေးဆောင်ရွက်ချက်များ၊ နိုင်ငံတော်အရပ်ရပ်ကို အောင်နိုင်မှုများ၊ ယဉ်ကျေးမှုဆိုင်ရာ ထုံးတမ်းများ၊ ဘာသာတရားကိုချီးမြှောက်သည့် ကုသိုလ်ကောင်းမှုများကို ထင်ဟပ်ဖော်ပြထား သဖြင့် ခေါင်းလောင်းတော်ကြီးအား အမျိုးသားအဆင့် ကာကွယ်စောင့်ရောက်မှုပြုထားသည်။ ဘုရင့်နောင်ခေါင်းလောင်းစာတွင် သက္ကရာဇ် ၉၁၉ ခု နတ်တော် လပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွေနေ့၌ သီရီပရဝ မဟာဓမ္မရာဇာဓိရာဇဘွဲ့ခံ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီးသည် ကြေးခွက် ၂ဝဝဝ ဖြင့် ခေါင်းလောင်းတော်ကြီးတစ်လုံး သွန်းလုပ်ကာ ပုဂံဘုရင် အနော်ရထာနှင့် ကျန်စစ် သားမင်းတို့၏ ကောင်းမှု တော်ဖြစ်သည့် ပုဂံ ရွှေစည်းခုံစေတီရင်ပြင်တွင် ချိတ်ဆွဲပူဇော်လှူဒါန်းခဲ့ကြောင်းရေးထိုးထားသည်။
ယင်းကျောက်စာကို သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက ဘုရင့် နောင်သည် ရှင်ဘုရင်မဖြစ် ဘဲ ရှောင်တိမ်းပြေးပုန်းနေရသကဲ့သို့ ဖြစ်ခဲ့ရပြီးမှ မည်သို့ ရှင်ဘုရင်ဖြစ်လာသည်ဆိုသည်ကို အကောင်းဆုံးပြောနိုင်သော ကျောက် စာချပ်ဟု ဆိုခဲ့သည်။ ဘုရင့်နောင်ခေါင်းလောင်းတော်တွင် ရေးထိုးထားသည့် မွန်ကမ္ပည်းစာ ၃၅ ကြောင်းကို ဦးချစ်သိန်း က မြန်မာပြန်ဆို၍ ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မွန်ကျောက်စာပေါင်းချုပ်စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့ သည်။ ကျောက်စာ တွင် ရေးထိးုထားသော ကမ္ဗည်းစာများအရ တိကျသော ရက်စွဲမှတ်တမ်းများကို တွေ့ရှိကြရသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သက္ကရာဇ် ၉၁၂ ခု တပို့တွဲလဆန်း ၅ ရက် (ခရစ်နှစ် ၁၅၅၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်) တနင်္ဂနွေနေ့ တွင် ကေတု မတီကို အောင်ခဲ့ကာ သက္ကရာဇ် ၉၁၃ ခုနှစ် တော်သလင်း လကွယ်နေ့ (ခရစ်နှစ် ၁၅၅၁ ခုနှစ် သြဂုတ်လ ၃ဝ ရက်) စနေနေ့တွင် သရေခေတ္တရာကို အောင်နိုင်ခဲ့ကြောင်း ရေးထိုးထားသည်။
သက္ကရာဇ် ၉၁၃ ခုနှစ် တန်ခူးလဆုတ် ၃ ရက် (ခရစ်နှစ် ၁၅၅၂ ခုနှစ် မတ်လ ၁၂ ရက်) စနေနေ့တွင် ရေကြောင်း၊ ကြည်းကြောင်းဖြင့် ဟံသာဝတီသို့ချီခဲ့ပြီး ဟံသာ ဝတီကို အောင်နိုင်ခဲ့ကာ သက္ကရာဇ် ၉၁၅ ခုနှစ် တပို့တွဲလဆန်း ၁ဝ ရက် (ခရစ်နှစ် ၁၅၅၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်) သောကြာနေ့တွင် တင့်တယ်သောပွဲသဘင် မင်္ဂလာဖြင့် ဘိသိက်မင်္ဂလာခံခဲ့သည်။ ထို့အတူပင် သက္ကရာဇ် ၉၁၆ ခုနှစ် တပေါင်း လဆန်း ၂ ရက် (ခရစ်နှစ် ၁၅၅၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်) အင်္ဂါနေ့တွင် အဝကို အောင်နိုင်ခဲ့ကာ သက္ကရာဇ် ၉၁၈ ခုနှစ် နတ်တော်လဆန်း ၈ ရက် (ခရစ်နှစ် ၁၅၅၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်) တနင်္လာနေ့တွင် ဘုရင့်နောင်မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးသည် အမတ်စစ်သူကြီးအပေါင်းနှင့်တကွ အဝသို့ ရေကြောင်း မှချီခဲ့ရာ ပြာသိုလဆုတ် ၉ ရက် (ခရစ်နှစ် ၁၅၅၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်) ကြာသပတေးနေ့တွင် အဝရွှေနန်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဖန် သက္ကရာဇ် ၉၁၈ ခုနှစ် တပို့တွဲလဆုတ် ၁၁ ရက် (ခရစ်နှစ် ၁၅၅၇ ခနု စှ်ဇနန် ဝါရလီ ၂၅ ရက)် တနလာင်္နေ့တွင် မိုးမိတ်၊ သီပေါပတ္တမြားတွင်းကို အောင်တော်မူခဲ့သည်။ နောင်နှစ်ပတ်အကြာ တပေါင်းလဆန်း ၁၁ ရက် (ဖေဖော်ဝါရီလ ၈ ရက)် တနလာင်္ နေ့တွင် မိုးမိတ်၏အနောက်မြောက်ထောင့်၌ ရတနာစေတီတော်ကို အုတ်မြစ်ချတည် ထားတော် မူခဲ့ပြီး တပေါင်းလဆန်း ၁၃ ရက်(ဖေဖော်ဝါရီလ ၁ဝ ရက်)တွင် သရီရဓာတ်တော်များကို စေတီတော်တွင် ဌာပနာပြုခဲ့ သည်။
တပေါင်း လဆုတ် ၅ ရက် (ဖေဖော်ဝါရီလ ၁၇ ရက်) ဗုဒ္ဓဟူးနေ့တွင် မိုးမိတ်မှ ချီတော်မူခဲ့ပြီး သုံးရက်အကြာ တပေါင်းလဆုတ် ၈ ရက် (ဖေဖော်ဝါရီလ ၂ဝ ရက်) စနေနေ့တွင် ဓိကျည်း(ထီးချိုင့်)သို့ ရောက်ရှိခဲ့သည်။ နောက်ရှစ်ရက်အကြာ တန်ခူးလဆန်း ၁ ရက်(ခရစ်နှစ် ၁၅၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ဓိကျည်းမြစ်ကို တံတား ထိုး၍ ဆက်လက်ချီလာခဲ့ရာ တန်ခူးလဆန်း ၇ ရက်(ခရစ်နှစ် ၁၅၅၇ ခုနှစ် မတ်လ ၆ ရက်) စနေနေ့တွင် မိုးညှင်းကို အောင်ခဲ့သည်။ တန်ခူးလဆုတ် ၁၂ ရက် (မတ်လ ၂၅ ရက်)ကြာသပတေးနေ့တွင် မိုးကောင်းကို အလိုပြည့်တော်မူခဲ့သည်။
သက္ကရာဇ် ၉၁၉ ခု ကဆုန်လဆန်း ၅ ရက်(ခရစ်နှစ် ၁၅၅၇ ခုနှစ် ဧပြီလ ၂ ရက်) သောကြာနေ့တွင် မိုးကောင်းစော်ဘွားကို စော်ဘွားအရာ၌ ထားတော်မူခဲ့ပြီး ရှမ်းပြည်တွင် ကျင့်သုံးသည့် သူကောင်းတစ်ယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမများကို သတ်၍ ထည့်သောအကျင့်ကို တားမြစ်တော်မူခဲ့သည်။ ဘုရင့်နောင်မင်းတရား သည် မိုးကောင်းမြို့မှ ကဆုန်လဆန်း ၁၂ ရက်(ဧပြီလ ၉ ရက်) သောကြာနေ့တွင် ပြန်လာတော်မူခဲ့ပြီး သက္ကရာဇ် ၉၁၉ ခု နတ်တော်လပြည့်ကျော် ၁၁ ရက်(ခရစ်နှစ် ၁၅၅၇ ခုနှစ်မေလ ၂၃ ရက်) တနင်္ဂနွေနေ့၌ ပုဂံရွှေစည်းခုံစေတီတော်ကြီးသို့ ကြေးခွက် ၂၁ဝဝ သွန်းသော ခေါင်းလောင်းတော်ကြီးကို လှူဒါန်းခဲ့သည်။
ခေါင်းလောင်းတော်ကြီးပေါ်တွင် ရေးထိုးထားသည့် ကမ္ပည်းစာအပြည့်အစုံကို ဦးချစ်သိန်းပြုစုသည့် မွန်ကျောက်စာပေါင်း ချုပ်(၁၉၆၅)တွင် ဖတ်ရှုနိုင်ပေသည်။ ဘုရင့်နောင်မင်းကြီး လှူဒါန်းခဲ့သည့် ဤခေါင်းလောင်းစာ အထောက်အထားများအရ ဘုရင့်နောင်မင်းတရားသည် တပင်ရွှေထီး နတ်ရွာစံခဲ့သည့် ၁၅၅ဝ ပြည့်နှစ် မေလ ၁ ရက် နောက်ပိုင်းမှစ၍ ၁၅၅၁ ခုနှစ်တွင် တောင်ငူ(ကေတုမတီ)နှင့် ပြည်(သရေ ခေတ္တရာ)၊ ၁၅၅၂ ခုနှစ်တွင် ပဲခူး(ဟံသာဝတီ)၊ ၁၅၅၅ ခုနှစ်တွင် အင်းဝ(အဝ)၊ ၁၅၅၇ ခုနှစ် မိုးမိတ်၊ သီပေါင်၊ မိုးညှင်း၊ မိုးကောင်းတို့ကို သိမ်းယူကာ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့ပေ သည်။ ခေါင်းလောင်းပေါ်တွင် မွန်ဘာသာဖြင့် ရေးထိုးထားသည့် ပထမစာကြောင်းတွင် ဘုရင့်နောင်မင်းတရား ၏ ဘွဲ့အမည်ကို သီရိပရဝ မဟာဓမ္မရာဇဓိရာဇ်ဟု ရေးထိုးထားသည။် ထို့အတူ စာကြောင်း ၈ တွင် မင်းတရားကြီး၏ မိဖုရားနှစ်ပါးသည် ၁၅၅၄ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် သောကြာနေ့တွင် ဘိသက်မင်္ဂလာခံယူတော်မူ၍ ကမ္ဘောဇသာဒီနန်း၌ စံမြန်း ခဲ့ကြောင်း ခေါင်းလောင်းတော်တွင် ရေးထိုးထားသည်။
ဘုရင့်နောင်မင်းကြီးသည် မိမိရောက်ရှိခဲ့သည့် အရပ်ဒေသတိုင်းတွင် ကုသိုလ် ဟောင်းများကိုပြုပြင်၍ ကုသိုလ်သစ် များစွာကို ပြုလုပ်ခဲ့ရုံသာမက ဘုရားပစ္စည်း၊ တရားပစည္စ်း၊ သဃာံပစည္စ်းများကိုမစားသုးံရန်တားမြစခ် သဲ့ ည။် မင်းတရားကြီး၏ ကုသိုလ်တော်များကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ ရွှေစေတီ၊ ရွှေဘုရား၊ ရွှေဇရပ်ရွှေ ကျောင်းများဖြင့် ထွန်းပြောင်လျက် များစွာသောနေရာဒေသများတွင် နှစ်ပါးသော သံဃာဓူရ(ဂ္ထဓူရနှင့် ဝိပဿနာဓူရ)နှင့် ပြည့်စုံသော ဘုရားရှင်၏ သာသနာတော် ရောင်ဝါ ထွန်းပတင့်တယ်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ဘုရင့်နောင်မင်းကြီး သည် ခေါင်းလောင်းတော် ကြီးအား သွန်းလုပ်လှူဒါန်းသည့် ကုသိုလ်ကြောင့် ဘုရားဆုကို ပန်ခဲ့ကာ နောင်အနာဂတ်တွင် ပေါ်ထွက်လာမည့် မင်းဧကရာဇ်များ သည်လည်း သာသနာကို ချီးပင့်ကြပါစေကြောင်းနှင့် ပျက်စီးခဲ့သည့် ကုသိုလ်တော်များအား ပြုပြင်နိုင်ကြပါစေကြောင်း ကမ္ပည်းတင်ပန်ကြားခဲ့သည်။ ဘုရင့်နောင်မင်းကြီးသည် မြန်မာတိုင်းခွင်၌ သာသနာထွန်းလင်းစေရန် ဆောင် ရွက်တော် မူပြီးနောက် သီဟိုဠ်ကျွန်းတွင် သာသနာတော်ပွင့်လင်းစေရန် အကြံဖြစ် ခဲ့သည်။ ထို့ကြောင့် သံဃာတော်မျာအား ပိဋကတ် တစ်စုံနှင့်အတူ များစွာသော ပူဇော်သက္ကာယပစ္စည်းများနှင့်တကွ ကုသိုလ်ဟောင်းများ ပြင်ဆင်ရန် မျက်ပါး၊ သားမွေး၊ ပန်းရန်၊ ပန်းချီ ပညာသည်များကို ခေါ်ဆောင်စေကာ သီဟိုဠ်ကျွန်းသို့ စေလွှတ် ခဲ့သည်။
ဟံသာဝတီမှ အဝသို့ ချီခဲ့ရာတွင် ဘုရင်နှင့် မိဖုရားခေါင်ကြီးတို့သည် ရတနာဖြင့် ပြီးသော ရွှေဝေါပြာသာဒ်တော်ကို စီးခဲ့ကြ သည်။ ခေါင်းလောင်းတော်ကြီး၏ စာ ကြောင်း (၁၉)မှ (၂၁)အတွင်း ''ဦးပြာသာဒ် ပဲ့ပြာသာဒ်ဖြင့် ဆင်တော်မူထသော အရောင်အဝါဖြင့် ပြည့်စုံသော ရေဖောင်တော် အလျား ၃၃ လံ နှစ်တောင် ဦးပဲ့ ပြာသာဒ၊် အလယ်ြပာသာဒ်ြကီးတင်လျက် အရောင်အ၀ါတင့်တယ်စွာ ထွန်းပသော အတုမရှိ သော စူဠာမဏိရွှေလှေ။ အလျား ၂၇ လံ နှစ်တောင် တင့်တယ်သော ဦးပဲ့ ပြာသာဒ်၊ ပြာသာဒ်ကြီး အလယ်တင်လျက် ရတနာ၏ အရောင်အ၀ါ ကျက်သရေဖြင့် တင့်တယ်သော ရွှေလောင်း ပဋိဗိမာန်လှေ၊ ရွှေစဏတပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေ၊ မင်း၏ဗိမာန်အလယ်အထက်ဝယ်၊ အမတ်စစ်သူကြီး အများအပေါင်း နှင့်တကွ ချီတော်မူလတ်သတည်း''ဟု ရေးထိုးထားသည်။ ရွှေစည်ခုံစေတီတော်ရင်ပြင်တွင် ချိတ်ဆွဲထားသည့် ဘုရင့်နောင်မင်းကြီးခေါင်းလောင်းတော်သည် သက်တမ်း ၄၅၉ နှစ်ရှိနေပြီဖြစ်သည့် မြန်မာတို့၏ယဉ်ကျေးမှု အမွေအနှစ် ဒြပ်ပစ္စည်း တစ်ရပ် ဖြစ်သည်သာမက သမိုင်းမော်ကွန်းကို ထင်ဟပ်နေ သည့် မော်ကွန်း တစ်ခုလည်းဖြစ်ပေ သည်။ ခေါင်းလောင်းတော်ကြီး သည် တန်ဖိုးမြင့်မား သာရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်တစ်ခုဖြစ်သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)သို့ ခေါင်းလောင်းတွင်ရေးထိုးထားသည့် ကမ္ပည်းစာကို က္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းတွင် တင် သွင်းနိုင်ရန် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်အဆိုပြုတင်သွင်းခဲ့သည်။ အဆိုပြုလွှာ တင်ပြချက်အပြည့် အစုံကို လည်း ပေးပို့ခဲ့ပြီးဖြစ်ေ ကြာင်းသိရှိရပေသည်။
မြန်မာနိုင်ငံနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ဒြပ်ရှိဒြပ်မဲ့ ပစ္စည်းများသည် ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြသဖြင့် နိုင်ငံအနှံ့တွင် ယနေ့တိုင် တည်ရှိနေကြသည်။ယင်းတို့ အနက် မ္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားဝင်းအတွင်း စိုက်ထူထားသော ပိဋကတ် ကျောက်စာချပ် ၇၂၉ ချပ်နှင့် ပုဂံယဉ်ကျေးမှုနယ်မြေရှိ မြစေတီကျောက်စာတို့သည် မကြာသေးမီနှစ်များအတွင်းက ယူနက်စကို မကြာသေးမီနှစ်များအတွင်းက ယူနက်စကို မှတ်တမ်းအမွေအနှစ် စာရင်းဝင်ခဲ့ကြ သည်။ ထို့အတူပင် ပုဂံယဉ်ကျေးမှု နယ်မြေ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ရင်ပြင်ရှိ ဘုရင့်နောင်ခေါင်းလောင်းစာသည် မင်းတုန်းမင်းကြီး ကုသိုလ်တော် ပိဋကတ်ကျောက်စာချပ်များ၊ ကျန်စစ်သားမင်းကြီးကုသိုလ်တော် မြစေတီကျောက်စာနှင့် ဂျာမနီနိုင်ငံရှိ အလောင်း မင်းတရား ရွှေပေလွှာများကဲ့သို့ ယူနက်စကို မှတ်တမ်း အမွေအနှစ်(Memory of the World)စာရင်း ဝင် ဖြစ်လာတော့ မည်ဟု မျှော်လင့်မိပါသည်။ ။

ကိုးကား
မွန်ကျောက်စာပေါင်းချုပ်(ဦးချစ်သိန်း)
လက်ရွေးစင်ရှေးဟောင်းခေါင်းလောင်းစာများ(ဦးစိန်မောင်ဦး)
နှစ်ဆယ့်တစ်ရာစု မြန်မာ့အလားအလာ(ဒေါက်တာသန်းထွန်း)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်