ပျူဟာဗမာရဲ့အမည်ကွဲတစ်ခုသာဖြစ်ပြီး ပြူနဲ့ဗမာ အတူတူ ဆိုတာ အထောက်အထား
တွေနဲ့ ထင်ရှားနေပြီ ဖြစ်ပေမယ့် ဗမာ့သမိုင်းကို သေးသိမ်စေချင်သူတွေက ပျူဟာ
ဗမာနဲ့မတူပါလို့ ဝါဒဖြန့်သလိုကိုရေး လာကြတာတွေ့ရပါတယ်။
သူတို့ရေးတဲ့အမှားတွေကို အမှန်နဲ့ယှဉ်ပြပါမယ်။
၁။ မြန်မာစာမှာ "အ အာ အိ အီ အု အူ အေ အဲ အော အော် အံ အား" သရ
၁၂လုံးရှိပြီး ပျူမှာ ၈ လုံးပဲရှိတယ်ရှိတယ်လို့ရေးတာ မှားပါတယ်။
ပျူဟာဗမာနဲ့အတူတူပဲမို့ မြန်မာစာလိုပဲ သရ ၁၂ လုံးရှိကြောင်း ဦးသာမြတ်ရဲ့
ပျူဖတ်စာ စာအုပ်မှာ ဖေါ်ပြထားပါတယ်။
၂။ ပျူစာမှာ အသတ်မပါပဲ မြန်မာစာမှာ အသတ်ပါတယ်ဆိုတာတော့ စာမတတ်လို့
ပြောတယ်လို့ပဲ ယူဆရတော့မှာပါ။
ပဌ်ဆင့်စာလုံးတွေမှာ နှစ်လုံးဆင့်ထားရင် ရှေ့စာလုံးကို အသတ်ပြုထားတာပါ။
သာဓက- အတ္တ၊ စတုတ္ထ၊ မေတ္တာ၊ သင်္ခါ၊
ခေတ်အလိုက်စာရေးဟန်အရ အသတ်တင်မထားပေမယ့် အသတ်သံနဲ့ ဖတ်ရတာမျိုး
လည်းရှိပါသေးတယ်။
ပျူစာခေါ်ရှေးဟောင်းမြန်မာစာမှာ အသတ်ပါကြောင်း ဟန်လင်းမြို့ဟောင်းကရတဲ့
စာ၊ ခင်ဘရွှေပေချပ် တို့နဲ့ပုံမှာ ပြထားပါတယ်။
(၃) မြစ်သားကျောက်စာ ပါဠိနဲ့ပျူမှာ ဗထချိုက် (ဗ) ပုံစံမတူ လို့ပြောတာ ပျူအက္ခရာက
တခြားအက္ခရာတွေနဲ့ မတူလို့ ပြောချင်ပုံရပါတယ်။
ပျူခေတ်မှာ အက္ခရာတစ်လုံးထဲကိုပဲ ဟန်ကွဲအမျိုးမျိုးနဲ့ရေးပါတယ်။
ဦးသာမြတ်ရဲ့ပျူဖတ်စာ စာအုပ်မှာ (ဗ) ဟန်ကွဲ ၅မျိုးဖေါ်ပြထားပြီး အသစ်တွေ့ရှိ
ကျောက်စာများအရ အခြားဟန်ကွဲတွေလည်းရှိပါသေးတယ်။
မြစ်သားကျောက်စာ ပါဠိခြမ်းက (ဗ) ဟာ ပျူခေါ်ရှေးမြန်မာ (ဗ) သာဖြစ်ပါတယ်။
(၄) နောက်တခုကတော့ တကယ့်ကို ရယ်စရာပါ။ (း) ဝစ္စပေါက် ကိုပြဿနာရှာထားတာ။
ရာဇကုမာ ပျူခြမ်းမှာ (း) ပါပြီး ပုဂံခေတ်ကျောက်စာတွေမှာ (း) မပါလို့တဲ့။
ဒါဟာ ခေတ်အလိုက်စာရေးဟန်နဲ့ပဲ ဆိုင်ပါတယ်။
ပုဂံဟာ ထေရဝါဒ ဗုဒ္ဓဘာသာ သိပ်အားကောင်းတာရယ်၊ ကျောက်စာတွေကလည်း ဘုရား ကျောင်း ကန် အလှူနဲ့ပါတ်သက်တဲ့ကျောက်စာတွေမို့ ပါဠိစာရေးဟန်
လွှမ်းမိုးတာကြောင့် (း) ကို မထည့်တာပါ။
(း) ပါမပါ တစ်ခုတည်းကိုကြည့်ပြီး ပျူစာဟာ မြန်မာမစာ မဟုတ်ပါလို့ ပြောလို့မရပါဘူး။
(း) ပါခြင်းမပါခြင်းဟာ ခေတ်အလိုက်ရေးဟန် ကွဲပြားချင်းသာ ဖြစ်ပါတယ်။
(း) မပါလို့ စာမတူလို့ပြောကြကြေးဆို လောဗူရီနဲ့ ပရပထုံကရတဲ့ ကျောက်ပြားအကျိုး
ပေါ်က ရတဲ့စာမှာ (း) မပါပါဘူး။
ယနေ့ခေတ် မွန်စာမှာ (း) ပါပါတယ်။
ဒါကြောင့် လောဗူရီနဲ့ ပရပထုံက ရတဲ့ကျောက်ပြား အကျိုးအပဲ့ပေါ်က စာကို (း) မပါလို့
မွန်စာ မဟုတ်ဘူးလို့ ပြောကြမှာလားလို့ မေးလိုက်ချင်ပါတယ်။
ပျူစာကို ဘယ်သူမှ မဖတ်တတ်ဆိုတာ မဟုတ်ပါဘူး။
ပျူစာဆိုတာ ရှေးဟောင်းမြန်မာ ဝေါဟာရ ပေါရာဏ စကားတွေဖြစ်လို့
ရှေးပေါရာဏစာကားတွေ ပါဠိသက်စကားတွေကို လေ့လာရင် ရှေးအက္ခရာရေးပုံ
စာရေးဟန်တွေကို လေ့လာရင် လေ့လာသူ ဘယ်သူမဆိုဖတ်တတ်ကြောင်းပါ။
ရွှေစည်းခုံ ဘုရားကျောက်စာက ရှေးဟောင်းမွန်စာ မွန်ဝေါဟာရ အချို့ကို ယနေ့တိုင်
ဘယ်မွန်မှ မဖတ်တတ် အဓိပ္ပါယ် မဖေါ်တတ်သေးပါဘူး။
မဖတ်တတ်တိုင်း မွန်စာမဟုတ် လို့ပြောမှာလား။
ပျူစာနဲ့ပတ်သက်တာတွေကို အောက်မှာပုံနှင့်တကွ ဖေါ်ပြထားပြီး ဦးသာမြတ်ရဲ့ပျူဖတ်စာကို ကိုးကားပါတယ်။
ခင်ဘရွှေပေချပ် မင်ကူးက မဲပြီးဖတ်မရလို့ ပုံနှိပ်စာလုံးနဲ့ဖလှယ်ရေးသားထားတာကိုသာ
ပုံမှာဖေါ်ပြထားတယ်။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်