မဟာသတိပဋ္ဌာန် တရားတော်ကြီး

 
ပဌမပိုင်း
သတိပဋ္ဌာန်လေးပါးသရုပ်
ဒုတိယပိုင်း
တရားမဆုံးမီ ထသွားသောပေဿပုဂ္ဂိုလ်
တတိယပိုင်း
စွဲလမ်းမှုကင်းအောင် ဝိပဿနာရှုရပုံ
အသိÓဏ် ၄-မျိုး သရုပ်အဓိပ္ပါယ်
မဂ်ç ဖိုလ်မရနိုင်သောခေတ် မရှိပုံ
ခိပ္ပါဘိညရဟန္တာဖြစ်ခြင်းအကြောင်း
စတုတ္ထပိုင်း
ဝိပဿနာအခြေခံရှုနည်း ၂-မျိုး
အစွဲအလမ်းကင်းအောင် ဝိပဿနာရှုပုံ
ထင်ရှားသိလွယ်တဲ့ ရုပ်ကစပြီး ဝိပဿနာဝရှုရပုံ
၁-အစွန်းပယ် အလယ်သွား
၂-မဂ္ဂင်ရှစ်တန် လမ်းမှန်၏ သရုပ်
၃-အနုç အလတ်ç အရင့် မဂ္ဂင် ၃-မျိုး
၎-သစ္စာလေးတန် အမှန်လေးပါး
၅-ဒုက္ခသစ္စာ
၆-ဥပါဒါန်နှင့် ဥပါဒိနက္ခန္ဓာ
၇-သမုဒယသစ္စာ
၈-နိရောဓနှင့် မဂ္ဂသစ္စာ
၉-Óဏ် ၃-ပါးနှင့် ゞင်းတို့၏ ဖြစ်ရာကာလ
၁၀-သစ္စÓဏ်၏ ကိစ္စ ၄-ပါး
ကန်တော့ခန်း
ဂုဏ်တော် ၉-ပါး ဘုရားရှိခိုး
မာတိကာ
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁
၁၃၁၃-ခု တန်ခူးလဆုတ် ၁၄-ရက် ဥပုသ်နေ့ညတွင်
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား 
အသံလွှင့် ဟောကြားသည့်
မဟာသတိပဋ္ဌာန် တရားတော်ကြီး
(ပဌမပိုင်း)
 ယခုဟောမည့် တရားတော်က ]]မဟာသတိပဋ္ဌာန် တရားတော်ကြီး}} ဖြစ်ပါတယ်။ ဒီတရားတော်ကြီးဟာ ဗုဒ္ဓ
သာသနာတော်မှာ အရေးပါအရာအရောက်ဆုံး လိုရင်းတရားတော်ကြီးလို့ ဆိုယင်မလွဲပါဘူး၊ ဘာ့ကြောင့်လဲလို့ဆိုတော့ ဒီ
မဟာသတိပဋ္ဌာန်သုတ် ထဲမှာ ပုဗ္ဗဘာဂမဂ်-လို့ခေါ်တဲ့ ဝိပဿနာအလုပ် အားထုတ်ပုံတွေကိုလဲ အပြည့်အစုံအတိအကျ ဖော်ပြ
ထားပါတယ်၊ Óဏ်အထူးများ ဖြစ်ပေါ်လာပုံကိုလဲ တင်ရှားစွာ ပြထားပါတယ်၊ ပရိညေယျç ပဟာတဗ္ဗç သစ္ဆိကာတဗ္ဗç ဘာဝေ
တဗ္ဗဆိုတဲ့ အရိယသစ္စာလေးပါး ကိုလဲ ပေါ်ပေါ်လွင်လွင် ပြည့်ပြည့်စုံစုံကြီး ပြထားပါတယ်၊ ရဲရင့်ခိုင်မာတဲ့ ဝန်ခံချက်ကိုလဲ
နိဂုံးချုပ်အနေနဲ့ အားတက်လောက်အောင်ဘဲ ဖော်ပြထားပါတယ်။ ဘယ်လိုလဲလို့ ဆိုတော့-သတိပဋ္ဌာန် လေးပါးကို ပွါးများ
အားထုတ်ယင် အလတ်စား နေယျထဲက Óဏ်အလေးဆုံး ပုဂ္ဂိုလ်တောင်မှ(၇)နှစ်နဲ့ အနာဂါမ်ç ရဟန္တာ-ဖြစ်နိုင်ပါတယ်တဲ့၊
Óဏ်ထက်တဲ့ ပုဂ္ဂိုလ်မှာတော့ (၇) ရက်ထဲနဲ့ အနာဂါမ်ç ရဟန္တာ ဖြစ်နိုင်ပါတယ်တဲ့။ ဒီတော့ ဒီဝန်ခံတော်မူချက်ဖြင့်ပင်
သောတာပန် သကဒါဂါမ်လောက် ဖြစ်ဘို့ရာကတော့ ဒါထက်တောင် မြန်နိုင်သေးတယ် ဆိုတာဟာ ထင်ရှားနေတော့တာဘဲ၊
အများကြီးအားတက်စရာကောင်းပါတယ်။ ပြီးတော့အကျိုးအာနိသင်တွေကိုလဲ စကား ပလ္လင်ခံပြီး တရား ကျေညာတော်မူလိုက်
ကတဲကိုက ဖော်ပြသွားတော့တာဘဲ။ ကဲ-ယခု အဲဒီ တရား ကျေညာတော်မူချက်ကို နာရတော့မယ်၊ ရိုရိုသေသေ အာရုံ
စူးစိုက်ကြ။
 ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောက ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခ-ဒေါမနဿနံ
အတ္ထင်္ဂမာယ Óယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။
 ဘိက္ခဝေ၊ ရဟန်းတို့။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ၊ လေးပါးသော အကြင်သတိပဋ္ဌာန်တို့ ရှိကြပေ၏။ အယံ၊ ဤ
သတိပဋ္ဌာန်အကျင့်လမ်းသည်။ သတ္တာနံ ဝိသုဒ္ဓိယာ၊ သတ္တဝါတွေ စိတ်အညစ်အကြေး ကင်း၍သန့်ရှင်း စင်ကြယ်ဘို့ရာ။
ဧကောယနော မဂ္ဂေါ၊ တခုတည်းသောလမ်းç တကြောင်းတည်းသော လမ်းပေတည်း။
 ကိလေသာကင်းပြီး ရဟန္တာဖြစ်သွားတာကို စင်ကြယ်တယ်လို့ ဆိုလိုတယ်။ အဲဒီရဟန္တာဖြစ်ဘို့အကျင့်ဟာ ဟောဒီ
သတိပဋ္ဌာန် တလမ်းထဲသာ ရှိတယ်တဲ့။ ပြီးတော့-ဒီသတိပဋ္ဌာန် အကျင့်ဟာ အဲဒီရဟန္တာ အဖြစ်တိုင်အောင် မုချကိန်းသေ
ရောက်စေနိုင်တဲ့ မလွဲနိုင်သောလမ်းç တကြောင်းထဲလမ်းပါဘဲတဲ့။ ဒီတော့-စိတ်အညစ်အကြေးကင်းပြီး ရဟန္တာဖြစ်ချင်ကြယင်
ဒီသတိပဋ္ဌာန် အလုပ်ကိုဘဲ အားထုတ်ကြရမယ်။ ဒီနေရာမှာ တချို့က-]]ရဟန္တာတိုင်အောင်တော့လဲ မဖြစ်ချင်သေးပါဘူး၊
အပါယ်ဘေးက လွတ်ရုံ သောတာပန်လောက်ပဲ ဖြစ်ချင်ပါတယ်၊ ဒီလိုကော ဖြစ်နိုင်ပါမလား}}လို့ မေးချင်ကောင်း မေးချင်ကြ
ပေလိမ့်မယ်။ ဒါကတော့ စိုးရိမ်စရာ မရှိပါဘူး။ ]]ရဟန္တာ ဖြစ်တယ်}} ဆိုတာက သောတာပန်ç သကဒါဂါမ်ç အနာဂါမ် အစဉ်
အတိုင်းဖြစ်ပြီးတော့ နောက်ဆုံးကျမှ ဖြစ်တာဘဲ၊ ဒါကလဲ အားထုတ်မှု ပြည့်စုံမှ ဖြစ်တာပါ၊ သောတာပန်လောက်ပဲ ဖြစ်ချင်တဲ့
ပုဂ္ဂိုလ်ဟာ အပြည့်အစုံအားထုတ်ပါမှ သောတာပန်လောက်ပဲ ဖြစ်နိုင်ပါတယ်၊ ဒါထက်ပိုပြီးတော့ ဖြစ်ကိုမဖြစ်နိုင်ပါဘူး၊
ဒါကြောင-သောတာပန်လောက် ဖြစ်ချင်ယင်လဲ ဒီသတိပဋ္ဌာန်အလုပ်ကိုဘဲ အားထုတ်ရမယ်ဆိုတာကို မြဲမြဲကြီး မှတ်ထားကြရ
မယ်။
 အယံ၊ ဤသတိပဋ္ဌာန်အကျင့်လမ်းသည်။ သောကပရိဒေဝါနံ သမတိက္ကမာယ၊ စိုးရိမ်ပူဆွေးရခြင်းç ငိြုွေကးရခြင်းတို့
ကို လွန်မြောက်သွားဘို့ရာလဲ။ ဧကာယနော မဂ္ဂါ၊ တခုတည်းသောလမ်းç တကြောင်းတည်းသော လမ်းပေတည်း။
 လောကမှာ-မိဘ လင်မယား သားသ္မီးတွေ သေကြေပျက်စီးလို့ç တကွဲတပြားစီဖြစ်လို့ç စီးပွါးတွေ ပျက်စီးလို့၊ ဒီလို
ဘေးဆိုးတွေနဲ့ တွေ့တွေ့ပြီး စိုးရိမ် ပူဆွေး ငိြုွေကးနေကြရတာတွေဟာ အတော်ကို ဆိုးဝါးတာတွေဘဲ၊ အဲဒီ အဆိုးတွေကိုလဲ ဒီ
သတိပဋ္ဌာန်အကျင့်ဖြင့် ကျော်လွှားသွားနိုင်ပါတယ်တဲ့။ ဒီတော့-ဘယ်ခါမှ မစိုးရိမ် မပူဆွေး မငိြုွေကးရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့
ချည်း နေသွားချင်ကြယင် ဒီ သတိပဋ္ဌာန်အလုပ်ကိုဘဲ ပြည့်စုံအောင် အားထုတ်ကြရမယ်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၂
 အယံ၊ ဤသတိပဋ္ဌာန် အကျင့်လမ်းသည်။ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်း
ကွယ်ပျောက်သွားဘို့ရာလဲ။ ဧကာယနော မဂ္ဂေါ၊ တခုတည်းသောလမ်းç တကြောင်းတည်းသော လမ်းပေတည်း။
 ကိုယ်ထဲမှာ အနေဆိုးအခံခက်တဲ့ ကိုယ်ဆင်းရဲအမျိုးမျိုးစိတ်ထဲမှာ အနေဆိုးအခံခက်တဲ့ စိတ်ဆင်းရဲအမျိုးမျိုး၊ ဟောဒီ
ဆင်းရဲ ၂-မျိုးဟာ လောကမှာ ကြောက်စရာ အကောင်းဆုံးဘဲ။ အဲဒီ ဆင်းရဲဆိုးတွေကိုလဲ ဒီသတိပဋ္ဌာန် အကျင့်ဖြင့်ပင် လုံးဝ
ငြိမ်းစေနိုင်ပါတယ်တဲ့။ ဒီတော့-ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းပြီး အစဉ်ထာဝရ ချမ်းချမ်းသာသာနဲ့ချည်း နေချင်ကြယင် ဒီ
သတိပဋ္ဌာန် အလုပ်ကိုဘဲ ပြည့်စုံအောင် အားထုတ်ကြရမယ်။
 အယံ၊ ဤသတိပဋ္ဌာန်အကျင့်လမ်းသည်။ Óယဿ အဓိဂမာယ၊ အရိယမဂ်ကို ရဘို့ရာလဲ။ ဧကာယနော မဂ္ဂေါ၊ တခု
တည်းသော လမ်းç တကြောင်းတည်းသော လမ်းပေတည်း။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ နိဗ္ဗာန်ကို မျက်မှောက်ြုပဘို့ရာလဲ။
ဧကာယနော မဂ္ဂေါ၊ တခုတည်းသော လမ်းတကြောင်းတည်းသာ လမ်းပေတည်း။
 မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဗုဒ္ဓသာသနာတော်မှာ အထွတ်အမြတ်ဆုံး လိုရင်းတရားတွေဘဲ၊ အဒီ မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်
ဘို့ လမ်းဟာလဲ ဟောဒီ သတိပဋ္ဌာန် အကျင့်တလမ်းထဲသာ ရှိပါတယ်တဲ့။ ပြီတော့ ဒီသတိပဋ္ဌာန်လမ်းဟာ မဂ် ဖိုလ် နိဗ္ဗာန်ကို
မလွဲတမ်း ဧကန် အမှန် ရောက်စေနိုင်တဲ့ တကြောင်းတည်းသော ကိန်းသေ လမ်းပါတဲ့။ ဒီတော့-မဂ်ဖိုလ် နိဗ္ဗာန်ကို ယခုဘဝ
တွင်ဘဲ တကယ်ရောက်ချင်ကြယင် မလွဲနိုင်မမှားနိုင်တဲ့ ဒီသတိပဋ္ဌာန်လမ်းကိုသာ သွားကြရုံရှိတော့တာဘဲ။ ဒါကြောင့်
သွားချင်တဲ့သူတွေ သွားရအောင်လို့ ယခုဆရာတော်က သဲလွန်စပေးတဲ့အနေနဲ့ ဒီသတိပဋ္ဌာန်တရားကို ဟောကြားညွန်ပြနေ
တာလို့ မှတ်ကြစေလိုပါတယ်။
 ]]သတိပဋ္ဌာန်}} ဆိုတာက ဘာလဲ ]]သတိမပြတ်ဖြစ်မှုç စွဲမြဲတဲ့အမှတ် ရမှုပါဘဲ}} ဘာတွေကို အမှတ်ရရ ပါမလဲလို့ဆို
တော့-ထင်ရှား ဖြစ်ပေါ်လာတဲ့ ]]ကိုယ်အမူအရာ ရုပ်အပေါင်း}} ကိုလဲ ဖြစ်ခိုက် ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။
ပြီးတော့-ထင်ရှား ဖြစ်ပေါ်လာတဲ့ ]]ခံစားမှုဝေဒနာ}} တွေကိုလဲ ဖြစ်ခိုက် ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ပြီးတော့-
ထင်ရှားပေါ်လာတဲ့ ]]ကြံစည် စဉ်းစားမှု-စိတ်}} ဟူသမျှကိုလဲ ဖြစ်ခိုက် ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ပြီးတော့-
ထင်ရှားဖြစ်ပေါ်လာတဲ့ ]]သဘောတရား}}ဟူသမျှကိုလဲ ဖြစ်ခိုက် ဖြစ်ခိုက်မှာ မလွတ်တမ်း အမှတ်ရရမယ်။ ဒီလို မှတ်နိုင်အောင်
မပြတ်လဲ ကြောင့်ကြ စိုက်ပေးနေရယမ်။
 ဆိုလိုရင်းကတော့-ပေါ်လာတိုင်းသော ရုပ်နာမ်တွေကို မသိဘဲနဲ့ တချက်မှလွတ်မသွားရအောင် မပြတ်ကြောင့်ကြစိုက်
ပြီးတမှတ်ထဲ ရှုမှတ်နေရမယ်လို့ဆိုလိုပါတယ်။ ဒီလိုရှုမှတ်ပုံကို ကာယာနုပဿီç ဝေဒနာနုပဿီစသည်ဖြင့် ဟောထားပါတယ်။
ဥပမာ-သွားတဲ့အခါမှာဆိုယင် ခြေထောက်ြွကလာစ-မှ စပြီးတော့ နင်းချမှုဆုံးသွားသည်တိုင်အောင် တရွေ့ရွေ့ချင်း တောင့်
တင်း လှုပ်ရှားသွားတဲ့ရုပ်အပေါင်းကို စူးစိုက်ပြီး စေ့စေ့စပ်စပ် မပြတ်ရှုမှတ်သွားရမယ်၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒီလို
ချည်းမပြတ်မှတ်သွားရမယ်၊ တချက်မှ လွတ်မသွားစေရဘူး၊ ဘာကိုမှလဲ မစဉ်းစားရဘူး၊ စဉ်းစားမိယင် အဲဒီစဉ်းစားမိတဲ့
စိတ်ကိုလည်း မှတ်သိသွားရမယ်။ ပြီးတော့ - လက်ခြေများကို ကွေးရာဆန့်ရာမှာလဲ ကွေးစဆန့်စကထဲက စပြီးအဆုံးတိုင်
အောင် တရွေ့ရွေ့ချင်း တောင့်တင်း ရွေ့ရှားသွားတဲ့ ရုပ်အပေါင်းကို စူးစိုက်ပြီ စေ့စေ့စပ်စပ် မပြတ်ရှုမှတ်ရမယ်။ ကိုယ္အျုပ
အမူအရာတိုင်း ဒီနည်းချည်းဘဲ၊ တချက်ကလေး တကွက်ကလေးမှ မလွတ်စေရဘူး၊ အကုန်လုံး စေ့စေ့စပ်စပ် မပြတ် သိသိ
သွားအောင် ကြောင့်ကြစိုက်ပြီး ရှုမှတ်ရမယ်။
 ပြီးတော့-ညောင်းမှု-ပူမှု-နာကျင်မှု အစရှိတဲ့ ဒုက္ခဝေဒနာ ထင်ရှားလာပြန်ယင်လဲ အဲဒီဝေဒနာကိုဘဲ သေသေချာချာ
စူးစိုက်ပြီး ]]ညောင်းတယ်-ညောင်းတယ်}} စသည်ဖြင့် မပျောက်မချင်း မပြတ်ရှုမှတ်ရမယ်။ ပြီးတော့ ကြံစည်စဉ်းစားမှု
စိတ်ကူးများ ဖြစ်ပေါ်လာပြန်ယင်လဲ အဲဒီစိတ်ကိုဘဲ စူးစိုက်ပြီး ကြံတယ်ç စဉ်းစားတယ်စသည်ဖြင့် ရှုမှတ်ရမယ်။ ပြီးတော့
နှစ်သက်မှုç စိတ်ပျက်မှုç မြင်မှုç ကြားမှု အစရှိတဲ့ သဘောတရားတွေ ထင်ရှားဖြစ်ပေါ်လာပြန်ယင်လဲ အဲဒီ သဘောတရားကိုဘဲ
စူးစိုက်ပြီး ]]နှစ်သက်တယ် နှစ်သက်တယ်}} စသည်ဖြင့် ရှုမှတ်ရမယ်။
 ]]ယခုပြောခဲ့တဲ့အတိုင်း ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို မလွတ်အောင် ရှုမှတ်ရမယ်}} ဆိုပေမယ်လို့ အားထုတ်
ခါစ ပုဂ္ဂိုလ်မှာတော့ မမှတ်နိုင်ဘဲ မေ့မေ့သွားတာတွေကသာ များနေတတ်ပါတယ်။ ဒါပေမဲ့ မလျော့သောလုံ့လနဲ့ မပြတ်
ကြောင့်ကြစိုက်ပြီး ရိုရိုသေသေ ရှုမှတ်နေယင် လေးငါး ခြောက်ရက်လောက်ကြာတော့ သတိ သမာဓိအားဟာ ထူးထူးခြားခြား
ကြီးဘဲ ဖြစ်လာပါတယ်၊ မမှတ်နိုင်တာ မသိတာ မေ့သွားတာရယ်လို့ကို မရှိသလောက်ပဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမှာ
မှတ်တိုင်း မှတ်တိုင်း မှတ်စိတ်က မှတ်ရာအာရုံများမှာ ကပ်ခနဲ ကပ်ခနဲ ကျကျသွားသလို စူးစိုက်တည်ငြိမ်နေပါတယ်။ ဒီလို
စူးစိုက် တည်ကြည်တာက ဝိပဿနာခဏိက သမာဓိဘဲ။ ဒီသမာဓိအားကောင်းလာတော့ မှတ်မိတဲ့ အာရုံကို ပိုင်းပိုင်းခြားခြား
ပြတ်သား ရှင်းလင်းစွာ သိသိသွားပါတယ်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၃
 ဘယ်လိုလဲလို့ဆိုတော့ ရုပ်ကို မှတ်မိယင် အာရုံမြုပတတ် မသိတတ်တဲ့ သဘောတရားဘဲလို့ ထင်ရှား သိသိသွားပါ
တယ်၊ ဝေဒနာကိုမှတ်မိယင် အကောင်းအဆိုးကိုခံစားတဲ့ သဘောတရားဘဲလို့ ထင်ရှားသိသိသွားပါတယ်၊ စိတ်ကိုမှတ်မိယင်
အာရုံဆီရောက်ရောက်သွားတဲ့ သဘောတရားဘဲလို့ ထင်ရှား သိသိသွားပတယ်။ ။ပြီးတော့ ပေါ်လာတဲ့ အာရုံရောç မှတ်သိတဲ့
စိတ်ရောပေါ်ပြီးရင်း ပျောက်သွားရင်း၊ ပေါ်ပြီးရင်း ပျောက်သွားရင်းနဲ့ ခဏမစဲ ပျောက်ပျောက်သွားတာကိုလဲ ထင်ရှားသိသိ
သွားတယ်။ ဒါကြောင့် မမြဲဘူးç ဆင်းရဲချည်းဘဲç သဘောတရားမျှဘဲလို့လဲ ရှင်းရှင်းလင်းလင်း သဘောကျကျသွားပါတယ်။
ဒီလိုသိနေတဲ့အတွက် မှတ်သိရတဲ့အာရုံတွေကို နှစ်သက်စရာလို့လဲ မထင်တော့ဘူး၊ မုန်းစရာလို့လဲ မထင်တော့ဘူး၊ ဒါကြောင့်
အဘိဇ္ဈာဆိုတဲ့ နှစ်သက်မှုနဲ့ ဒေါမနဿဆိုတဲ့ နှလုံးမသာမှုဟာ ဖြစ်ခွင့်မရဘဲ ငြိမ်းနေပါတယ်။
 ယခုပြောခဲ့တဲ့အတိုင်း နှစ်သက်ဖွယ် မုန်းဖွယ် မထင်အောင်ç သို့မဟုတ် ... နှစ်သက်မှုç မုန်းမှုစသော ကိလေသာတွေ
ဖြစ်ခွင့်မရအောင် ထင်ရှားပေါ်လာတဲ့ ရုပ်အမူအရာ ဟူသမျှကို မပြတ်ရှုမှတ်ပြီး မမြဲç ဆင်းရဲç သဘောတရားမျှဘဲလို့ သိသိနေ
တာဟာ ကာယာနုပဿနာသတိပဋ္ဌာန်ဘဲ။ ပြီးတော့ ထင်ရှားပေါ်လာတဲ့ ဝေဒနာç စိတ်ç သဘောတရားတွေကို မပြတ်ရှုမှတ်ပြီး
မမြဲç ဆင်းရဲç သဘောတရားမျှဘဲလို့ သိသိ နေတာတွေဟာလဲ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်
တွေဘဲ။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်ဟာ ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်ဟူသမျှကိုရှုမှတ်ပြီး ဒီသတိပဋ္ဌာန်လေးပါးကို ပွါးနေရင်းပင်
မဂ်Óဏ် ဖိုလ်Óဏ် ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို တွေ့မြင်သွားပါတယ်။ ဒီလို တွေ့မြင်သွားသည် တိုင်အောင် အားထုတ်ရမယ်လို့
ဆိုတာကို-
 ]]ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟာရတိ၊ ဓမ္မေသု
ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ}}လို့ အကျဉ်းချုပ်အားဖြင့်
ဟောတော်မူပါတယ်။ ဒီ ပါဠိကို သိလွယ်တဲ့ နည်းနဲ့ မြန်မာပြန်ပြီး ပြပါဦးမယ်။
 ထင်ရှားပေါ်လာတဲ့ ရုပ်အမူအရာ ဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်၊ ရှုမြင်နိုင်အောင် မပြတ်ကြောင့်ကြ စိုက်ရ
မည်၊ မပြတ်မှတ်လျက် အမှန်အတိုင်း သိရမည်။ ဒီလိုသိလျှင် သိတိုင်း သိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။ ရုပ်အမူ
အရာတိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလိုမှတ်သိနေတာကို ကာယာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်သည်။
 ထင်ရှားပေါ်လာတဲ့ ခံစားမှု ဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်၊ ရှုမြင်နိုင်အောင် မပြတ်ကြောင့်ကြစိုက်ရမည်၊
မပြတ်မှတ်လျက် အမှန်အတိုင်းသိရမည်။ ဒီလိုသိလျှင် သိတိုင်း သိတိုင်း ကိလေသာငြိမ်းလေတော့သည်။ ခံစားမှုတိုင်းမှာ
ကိလေသာငြိမ်းအောင် ဒီလို မှတ်သိနေတာကို ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်သည်။
 ထင်ရှားပေါ်လာတဲ့ စိတ်ဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်၊ ရှုမြင်နိုင်အောင် မပြတ်ကြောင့်ကြစိုက်ရမည်၊ မပြတ်
မှတ်လျက် အမှန်အတိုင်းသိရမည်။ ဒီလိုသိလျှင် သိတိုင်း သိတိုင်း ကိလေသာငြိမ်းလေတော့သည်။ စိတ်အမူအရာတိုင်းမှာ
ကိလေသာ ငြိမ်းအောင် ဒီလို မှတ်သိနေတာကို စိတ္တာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်သည်။
 ထင်ရှားပေါ်လာတဲ့ သဘောတရားဟူသမျှကို အမှန်အတိုင်းရှုမြင်ရမည်၊ ရှုမြင်နိုင်အောင် မပြတ်ကြောင့်ကြစိုက်ရမည်၊
မပြတ်မှတ်လျက် အမှန်အတိုင်းသိရမည်။ ဒီလိုသိလျှင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။ သဘောတရား
တိုင်းမှာ ကိလေသာ ငြိမ်းအောင် ဒီလိုမှတ်သိနေတာကို ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဟုခေါ်သည်။
 အချိန်က ကျတော့မယ်၊ သို့ပေမယ့် အရေးကြီးတဲ့ စကားကလေးတပိုဒ်တော့ ပြောလိုက်ဦးမှဘဲ၊ မြတ်စွာဘုရား၏
တရားတော်ဟာ ဝန်ခံချက်ပေးပြီး ဟောတဲ့ သန္ဒိဋ္ဌိကတရားတော်ပါ။ စာဆိုလောက် သူပြော လူပြောလောက်နဲ့ ကျေနပ်ရတဲ့
တရားမျိုးမဟုတ်ပါဘူး။ တကယ်တမ်းကျင့်ကြည့်ယင် ကိုယ်တိုင်တွေ့နိုင်တဲ့ လက်တွေ့တရားတော်ပါ။ ဒီတော့-လက်တွေ့
တရားကို စာတွေ့လောက်နဲ့တော့ ဝေဘန် မနေကြရန်အထူး သတိပေးခဲ့ပါတယ်။ ဟုတ်-မဟုတ် တကယ် သိချင်ယင်တော့
နည်းယူပြီး တကယ်တမ်း အားထုတ်ကြစေလိုပါတယ်၊ တကယ်အားထုတ်ကြယင်တော့ ယခုပြောပြခဲ့တဲ့အတိုင်း သမာဓိÓဏ်
အထူးတွေ ဖြစ်လာတာကို ကိုယ်တိုင်ဘဲ တွေ့ကြရပါလိမ့်မည်။
 အချိန်ကကျနေပြီ၊ သတိပဋ္ဌာန်တရားတော် ပဌမပိုင်းကို ဒီမျှနဲ့အဆုံးသတ်ပါတော့မယ်။ နောက်သီတင်းနေ့မှာ ဒုတိယ
ပိုင်းကို ဆက်လက်၍ နာယူ မှတ်သားနိုင်ကြပါစေ...။
ပဌမပိုင်း ပြီး၏။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၎
၁၃၁၃-ခု၊ ကဆုန်လဆန်း (၈) ရက်နေ့ညတွင်
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား 
အသံလွှင့်ဟောကြားသည့်
မဟာသတိပဋ္ဌာန် တရားတော်ကြီး
(ဒုတိယပိုင်း)
 ဒီနေ့ဟောမယ့် တရားတော်ကတော့ အလျင်တပတ်က အဆက်သတိပဋ္ဌာန်တရားတော် ဒုတိယပိုင်းပါဘဲ၊ ဟိုတနေ့က
ပဌမပိုင်းမှာ အကျဉ်းဥဒ္ဒေသကိုဟောခဲ့တယ်၊ ဒီကနေ့တော့ အကျယ်နိဒ္ဒေသကို ဟောရမှာဘဲ၊ သို့ပေမဲ့ အကျယ်ဒေသနာတော်
မှာ ၂၁-ပိုင်း ရှိနေတော့ အဲဒီ ၂၁-ပိုင်းထဲက ဣရိယာပထပိုင်းလောက်ပဲ ဒီနေ့ဟောနိုင်မယ်။ ရှေးဦးစွာ သိထားစေချင်တာ
ကတော့ ]]သတိပဋ္ဌာန် တရားတော်မှာ အဖွဲ့အနွဲ့အသိုင်းအဝိုင်း ဆိုယင်ဘာမှ မပါဘူး}} ဆိုတာကို သိထားကြစေလိုပါတယ်၊
ပြီးတော့ မဂ် ဖိုလ် နိဗ္ဗာန်ပေါက် လုပ်ငန်းစဉ်ကိုချည်း လွယ်လွယ်ကလေးနဲ့ တိုက်ရိုက် ဟောထားတယ်-ဆိုတာကိုလဲ
သိထားကြစေလိုပါတယ်၊ ဒီလိုသိပြီးတော့ ဘုရားကိုယ်တော်တိုင် အကောင်းဆုံး ရွေးချယ်ပြီးပေးထားတဲ့ နိဗ္ဗာန်ပေါက်
ဘာဝနာလုပ်ငန်းတွေကို သိရတော့မယ်}} လို့ စိတ်အားထက်သန်စွာနဲ့ စူးစူးစိုက်စိုက် နာယူကြစေလိုပါတယ်။
 ဗုဒ္ဓသာသနာတော်မှာ နိဗ္ဗာန်ပေါက် ဘာဝနာ အလုပ်ဟာ အရေးအကြီးဆုံးဘဲ၊ ဒီဘာဝနာ အလုပ်ကို ကျကျနနသိပါမှ
အားထုတ်ပြီး နိဗ္ဗာန်ရောက်နိုင်တယ်၊ မသိယင်တော့ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လွဲသွားနိုင်တယ်။ ဒီနေရာမှာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လွဲစေ
တတ်တဲ့အေကြာင်း ၂-ပါးကိုလဲ သိထားကြစေလိုပါတယ်၊ ဘာများလဲလို့ ဆိုတော့ အမှတ် (၁)က ပါပမိတ္တတာ တဲ့၊ အမှတ်
(၂) က ကိရိယာပရိဟာနိ တဲ့။
 အမှတ် (၁) ပါပမိတ္တတာ ဆိုတာက စိတ်သဘောထား ညံ့ဖျင်းတဲ့ဆရာကို ယုံကြည်အားကိုး နေတာပါပဲ။ အရှင်
ဒေဝဒတ်ရဲ့စကားကို လိုက်နာမိလို့ အဇာတသတ်မင်း မဂ်ဖိုလ်လွဲသွားရတာဟာ ဒီပါပမိတ္တတကြောင့်ဘဲတဲ့။ ဒီတော့
မဂ္ဂန္တရာယ်ထိုက်အောင် ချောက်တွန်းတဲ့ ပုဂ္ဂိုလ်ဘဲဖြစ်ဖြစ် မဂ်ဖိုလ်ပေါက် တရားအလုပ်ကို တားမြစ်ကန့်ကွက်တဲ့ ပုဂ္ဂိုလ်ဘဲ
ဖြစ်ဖြစ်၊ ဒီလိုပုဂ္ဂိုလ်တွေရဲ့စကားကို နားယောင်နေယင် မဂ်ç ဖိုလ်နဲ့ လွဲသွားနိုင်တယ်-ဆိုတာကို ကြပ်ကြပ်ကြီး သတိထားကြ
ရမယ်။ 
 အမှတ် (၂) ကိရိယာပရိယာနိ-ဆိုတာကတော့ ဟောမှုç နာမှုç ကျင့်မှု ဆိုတဲ့ ဒီအလုပ်တာဝန် ၃-မျိုး ချွတ်ယွင်းတာ
ကိုဘဲ ဆိုလိုပါတယ်၊ ဒီ ၃-မျိုးထဲမှာ ဟောမှုကတော့ ]]တေတဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခပနုဒနံ}}လို့ ဆိုတဲ့အတိုင်း ဆရာရဲ့
တာဝန်ဖြစ်ပါတယ်၊ နာမှုနဲ့ ကျင့်မှုကတော့ ]]ယံ သော ဓမ္မံ ဣဓညာယ}}လို့ ဆိုတဲ့အတိုင်း တပည့်ရဲ့တာဝန်ဖြစ်ပါတယ်၊
ဒီတော့-ဆရာကလဲ နိဗ္ဗာန်ပေါက်တရားကို ကျနပြည့်စုံအောင် ဟောရမယ်၊ မဟောယင် ဆရာ့တာဝန် ချွတ်ယွင်းတဲ့အတွက်
တပည့်မှာ မဂ်ဖိုလ်နဲ့ လွဲသွားနိုင်ပါတယ်။ ပြီးတော့ တပည့်ကလဲ ပြည့်စုံအောင် နာယူရမယ်၊ ကျင့်လဲ ကျင့်ရမယ်၊ မနာဘူး
မကျင့်ဘူးဆိုယင် ]]ဘုရားလက်ထက်တုံးက တရားမဆုံးမီ ထသွားတဲ့ ပေဿ ဆိုတဲ့ လူလိုဘဲ}} တပည့်တာဝန် ချွတ်ယွင်းတဲ့
အတွက် မဂ် ဖိုလ်နဲ့ လွဲသွားနိုင်ပါတယ်၊ ဒါကြောင့်-ယခု ဒီသတိပဋ္ဌာန် တရားတော်ကို ဟောနေတာဟာ ဆရာ့တာဝန် မချွတ်
ယွင်းရအောင် ဟောနေတယ်လို့ မှတ်ကြစေလိုပါတယ်။ ပြီးတော့-နာယူတဲ့ ပုဂ္ဂိုလ်တွေကလဲ မိမိတို့တာဝန် မချွတ်ယွင်းရ
အောင် လေးစားစွာနဲ့ အပြည့်အစုံ နာယူကြစေလိုပါတယ်။ အပြည့်အစုံ အားလဲထုတ်ကြစေလိုပါတယ်။
 ကဲ-ယခု မြတ်စွာဘုရား ကိုယ်တော်တိုင် ပေးထားတဲ့ ဣရိယာပထပိုင်း ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို နာကြားရ
တော့မယ်၊ လေးလေးစားစား အာရုံ စူးစိုက်ကြ။
 ဂစ္ဆန္တော၊ သွားလျှင်လဲ။ ဂစ္ဆာမီတိ၊ သွားသည်ဟု။ ပဇာနာတိ၊ သိ၏။ သွားယင်လဲ သွားတယ်လို့ သိရမယ်တဲ့၊
ပြီးတော့ ဌိတော ဝါ၊ ရပ်လျှင်လဲ။ ဌိတောမှီတိ၊ ရပ်သည်ဟု။ ပဇာနာတိ၊ သိ။ ရပ်ယင်လဲ ရပ်တယ်လို့ သိရမယ်တဲ့။ နိသိန္နော
ဝါ၊ ထိုင်လျှင်လဲ။ နိသန္နောမှီတိ၊ ထိုင်သည်ဟု။ ပဇာနာတိ၊ သိ၏။ ထိုင်ယင်လဲ ထိုင်တယ်လို့ သိရမယ်တဲ့၊ သယာနော ဝါ၊
လှဲလျောင်းလျှင်လဲ။ သယာနောမှီတိ၊ လှဲလျောင်းသည်ဟု။ ပဇာနာတိ၊ သိ၏။ လှဲအိပ်ယင်လဲ အိပ်တယ်လို့ သိရမယ်တဲ့။
ပြီးတော့-ဝါပန၊ တနည်းသော်ကား။ ယထာ ယထာ၊ အကြင် အကြင် အခြင်းအရာ အားဖြင့်။ ကာယော၊ ရုပ်ကိုယ်သည်၊
ပဏိဟိတော၊ တည်သည်။ ဟောတိ ဖြစ်၏။ တထာ တထာ၊ ထိုထို အခြင်းအရာအားဖြင့်။ နံ၊ ထိုကိုယ်ကို။ ပဇာနာတိ၊ သိ၏။
ရုပ်ကိုယ်ဟာ ဘယ်လိုဘဲ တည်တည် အဲဒီ တည်နေတဲ့ အတိုင်းဘဲ ရုပ်ကိုယ်ကို သိရမယ်တဲ့။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၅
 ဒါဟာ ဘယ်ဆရာတော်ကြီးကမှပေးတဲ့ ကမ္မဋ္ဌာန်းမဟုတ်ပါဘူး၊ သမ္မာသမ္ဗုဒ္ဓ-ဘွဲ့တော်ရတဲ့ မြတ်စွာဘုရား
ကိုယ်တော်တိုင် ပေးထားတဲ့ သာမုက္ကံသိကဝိပဿနာ ကမ္မဋ္ဌာန်း အစစ်ပါဘဲ၊ သွားယင် သွားတယ်လို့ သိရမယ်-မှတ်ရမယ်
ဆိုတာဟာ လွယ်ကြရဲ့ မဟုတ်လား၊ လွယ်မှာပေါ့။ မြတ်စွာဘုရားကိုက အလွယ်ဆုံးနည်းနဲ့ ဟောထားတာဘဲ၊ လူကြီး လူငယ်
မရွေး၊ မိန်းမ ယောကျာ်း မရွေး၊ စာတတ်ç မတတ် မရွေး၊ သမ္မာဆန္ဒရှိသူတိုင်း အားထုတ်နိုင်အောင် အလွယ်ဆုံးနည်းနဲ့
ညွှန်ပြထားတာဘဲ၊ ဒါကြောင့်လဲဘဲ ဘုရားလက်ထက်က (၇)နှစ်သ္မီး (၇)နှစ်သားကလေးတွေ သောတာပန် ရဟန္တာဖြစ်ကြတာ
ပေါ့၊ ပြီးတော့ သာဝတ္ထိပြည်မှာရှိတဲ့ လူဦးရေ ၇-ပုံတွင် ၅-ပုံတွင် အရိယာဖြစ်နေကြတယ် ဆိုတာလဲ အားထုတ်တဲ့ နည်းက
လွယ်လို့ဘဲ၊ နည်းကိုက အကြာကြီး သင်ယူနေရမယ်ဆိုယင် ဒီလိုဘယ်မှာ ဖြစ်နိုင်မလဲ၊ ရုပ် စိတ်စေတသိက်တွေ့ရဲ့ ခွဲခြမ်း
ဝေဘန်ပုံတွေ ကလာပ်စည်းဖွဲ့ပုံတွေ ဝီထိကျပုံတွေ ပစ္စည်းဆက်ပုံတွေ ဒီလိုအဘိဓမ္မာနည်းတွေကို တတ်သိပြီးမှ အားတုတ်
ရမယ် ဆိုယင်တော့ စာတတ်သူ အလွန်နဲပါးတဲ့ ဟိုရှေးခေတ်တုန်းက လူတွေဟာ အားထုတ်နိုင်ဘို့ကို မရှိတော့ဘူး၊ အရှင်
စူဠပန်လို Óဏ်လေးတဲ့ပုဂ္ဂိုလ်ဆိုယင်တော့ သာပြီးခက်တော့ထာဘဲ၊ ဒါတွေကို ထောက်ဆကြည့်ယင် ဘုရားလက်ထက်က
ကမ္မဋ္ဌာန်း နည်းတွေဟာ ဒီ သတိပဋ္ဌာန် နည်းအတိုင်း လွယ်လွယ်ချည်းဘဲလို့ ထင်ရှားသိရပါတယ်။
 ဒီနေရာမှာ လွယ်တယ်ဆိုပေမဲ့ နည်းလောက်သာလွယ်ပါတယ်၊ သမာဓိÓဏ်ဖြစ်အောင် တကယ်ရှုရာကျတော့
မလွယ်ပါဘူး၊ အခက်ဆုံး အလုပ်ဖြစ်နေပါတယ်၊ မလျှော့တမ်း အားထုတ်မယ်ဆိုတဲ့ သမ္မပ္ပဓာန် လုံ့လနဲ့ သက်စွန့်ြုကိးပမ်း
တကယ်တမ်း အားထုတ်မှ ဖြစ်ပါတယ်။ ပေါ့ပေါ့ဆဆနဲ့တော့ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။
 ဒီနေရာ ]]သွားယင် သွားတယ်လို့ သိတယ်}} ဆိုတဲ့ မြတ်စွာဘုရား စကားတော်ကို ကိုယ်တွေ့ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်
တွေက အထင်သေးပြီး မေးစရာရှိပါတယ်၊ ဒါကြောင့် အဋ္ဌကထာဆရာက အဲဒီလိုအထင်သေးမယ့် ပုဂ္ဂိုလ်တွေရဲ့ဘက်ကနေပြီး
မေးခွန်းလဲ ထုတ်ပြတယ်၊ ပြီးတော့မှ အဲဒီအမေးကို ဖြေရှင်းပြီး ဘုရားစကားတော်ကို ထောက်ခံချက် ပေးထားပါတယ်၊
ဘယ်လိုလဲလို့ ဆိုတော့-သွားယင် သွားတယ်လို့ လူတိုင်းဘဲ သိနေကြတယ်မဟုတ်လား၊ လူတွင်မကသေးဘူး ခွေးတွေတောင်
ဒီလိုသိနေကြတယ် မဟုတ်လား၊ ဒီတော့ သွားယင် သွားတယ်လို့မှတ်နေတဲ့ ယောဂီရဲ့အသိဟာ ခွေးသိç လူသာမန် အသိနဲ့
အတူတူဘဲ မဟုတ်လား-လို့ မေးစရာရှိပါတယ်တဲ့၊ ဒါက အထင်အမြင်သေးမဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ မေးပုံဘဲ။ ကဲအဋ္ဌကထာ
ဆရာရဲ့ဖြေပုံကိုလဲ နားထောင်ကြဦး၊ သာမန် လူတွေရောç ခွေးတွေရော ]]သွားယင် သွားတယ်}}လို့ သိတာကတော့

မှန်ပါတယ်၊ ဒါပေမယ့်-အသိချင်းကတော့ မတူပါဘူး၊ ပြောင်းပြန်ကို ထူးခြားနေပါတယ်တဲ့၊ ထူးခြားပုံက ခွေးတွေရော
သာမန်လူတွေရော၊ ရုပ်နာမ်အမူအရာတွေကို နိစ္စç သုခç အတ္တ-အနေနဲ့ချည်း သိနေကြပါတယ်၊ သွားတာကို သိတယ်ဆိုပေ
မယ့်- သွားတိုင်းçလှမ်းတိုင်းç ရွေ့ရှားတိုင်း စေ့စေ့စပ်စပ် သိကြတာလဲ မဟုတ်ပါဘူး၊ တခါတရံလောက်သာ သိကြပါတယ်၊
တကယ်ဆိုတော့-ကိုယ်သွားနေတာကို မသိဘဲ တခြားကိုချည်း စဉ်းစားနေတာကသာ များပါတယ်၊ သိပြန်တော့လဲ
သွားချင်တဲ့စိတ်နဲ့ သွားတဲ့ရုပ်ကို ခွဲခြားပြီး မသိကြပါဘူး၊ သွားချင်တာလဲ ငါဘဲ၊ သွားတာလဲ ငါဘဲလို့ ငါတယောက်ထဲ
အနေနဲ့သာ ထင်နေကြပါတယ်၊ ခဏမစဲ ဖြစ်ပျက်နေတာကိုတော့ လုံးလုံးကို မသိကြပါဘူး၊ တသက်လုံးç တဘဝလုံး၊
တယောက်ထဲ အမြဲတည်ရှိနေတယ်လို့သာ ထင်နေကြပါတယ်၊ ဒီတော့-ဒီလိုအသိဟာ ငါကောင် သတ္တဝါကောင်လို့ထင်နေတဲ့
အယူမှားကို မပယ်ရှားနိုင်တဲ့အပြင် တိုးပြီးခိုင်မြဲအောင်တောင် အားပေးပါသေးတယ်၊ ဒါကြောင့် ရှုမှတ်ခြင်းမရှိဘဲနဲ့ အလိုလို
သိနေတဲ့ ဒီလိုအလေ့ပေါက် အသိမျိုးဟာ ကမ္မဋ္ဌာန်းလဲမဖြစ်ပါဘူး၊ သတိပဋ္ဌာန်ဘာဝနာလဲ မဖြစ်ပါဘူး၊ မြတ်စွာဘုရားကလဲ
ဒီလို အလေ့ပေါက် အသိကို မရည်ရွယ်ပါဘူးတဲ့။
 ဒါဖြင့် ဘယ်လို အသိကို ရည်ရွယ်ပါသလဲလို့ဆိုတော့ သွားတိုင်း လှမ်းတိုင်း သတိနဲ့ မပြတ်စူးစိုက်ပြီး စေ့စေ့စပ်စပ်
မှတ်သိနေတဲ့ ယောဂီရဲ့ အသိကိုသာ ရည်ရွယ်ပါတယ်တဲ့၊ အဲဒီ ယောဂီရဲ့ အသိကတော့ သွားချင်တဲ့ စိတ်ကိုလဲ ရုပ်နဲ့မရောဘဲ
အသီးအခြား ထင်ရှားသိသိသွားတယ်၊ ဒါကြောင့် ကော ဂစ္ဆတိ-ဘယ်သူသွားသလဲ-သွားတဲ့ အတ္တကောင် ရှိသလား ဆိုတဲ့
မေးခွန်းကို ပြေလည်အောင် အသိရှင်းနေပါတယ်။ သွားချင်တဲ့ စိတ်နဲ့ သွားမှု ရုပ် ဒီ-၂ မျိုးသာ ရှိတာဘဲ၊ ဒီပြင် သွားတတ်တဲ့
ငါကောင်ç သတ္တဝါကောင်ရယ်လို့ မရှိဘူး-ဆိုတာ ရှင်းနေတော့တာဘဲ။ ပြီးတော့ ကဿ ဂမနံ-ဘယ်သူ၏ သွားမှုလဲ၊ သွားမှု
ရဲ့ ပိုင်ရှင် အတ္တကောင်ရှိသလား ဆိုတဲ့ မေးခွန်းကိုလဲ ပြေလည်အောင်အသိ ရှင်းနေပါတယ်။ သွားချင်တာနဲ့ သွာတာမှတပါး
သွားအောင်လုပ်နေတဲ့ ငါကောင်-သတ္တဝါကောင် မရှိဘူးလို့ ရှင်းရှင်းကြီး သိနေပါတယ်။ ပြီးတော့ ကိံကာရဏ ဂစ္ဆတိ-ဘယ်
အကြောင်းကြောင့် သွားသလဲဆိုတဲ့ မေးခွန်းကိုလဲ ပြေလည်အောင် အသိရှင်းနေပါတယ်။ သွားချင်တဲ့ စိတ်အဆင့်ဆင့်ကြောင့်
တောင့်တင်း လှုပ်ရှားမှုရုပ်အဆင့်ဆင့်မျှ၊ တရွေ့ချင်းဖြစ်သွားတာကိုပင် ]]ငါသွားတယ် သူသွားတယ်}} ခေါ်နေရတာဘဲလို့
ရှင်းရှင်းကြီး သိနေပါတယ်။
 ယခုပြောခဲ့တဲ့အတိုင်း ကော ဂစ္ဆတိ။ ကဿ ဂမနံ၊ ကိံကာရဏ ဂစ္ဆတိ-ဆိုတဲ့ မေးခွန်းသုံးချက်ကို ပြေလည်အောင်
အသိရှင်းတာကို သမ္ပဇာနÓဏ်ဘဲလို့ အဋ္ဌကထာမှာ ဆိုထားပါတယ်။ ဒီလို သိတာဟာ ပဇာနာတိအရ အပြားအားဖြင့် သိတာ
ပါဘဲတဲ့။ ဒါဟာအပြားအားဖြင့် သိပုံကိုကျပ်ပြည့်တင်းပြည့် အစုံအလင်ဖွင့်ပြထားတဲ့ အဋ္ဌကထာအဆိုပါဘဲ၊ ဒီအဋ္ဌကထာ
ထက် ပိုပြီးတော့ ပြားစရာ မလိုတော့ပါဘူး။ ကဲ-သန္နဋ္ဌာန်ကျ ဆုံးဖြတ်နိုင်အောင် အဋ္ဌကထာ အဆိုကို နားထောင်ကြဦး။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၆
 ဧသ၊ သွားလျှင် သွားသည်ဟု သိသည်-ဆိုသော ဘုရားစကားတော်နှင့်အညီ ရှုမှတ်နေတဲ့ ဤယောဂီသည်။
ဧဝံပဇာနာတိ၊ ဤသို့ အပြားအားဖြင့်သိ၏။ (အပြားအားဖြင့်သိပုံကို သေသေချာချာ နားစိုက်ကြပါ) ဂစ္ဆာမီတိ စိတ္တံ၊ သွားမယ်
ကြံတဲ့စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ရှေးဦးစွာ ဖြစ်ပေါ်လာ၏။ တံ၊ ထိုစိတ်က။ ဝါယံ ဇနေတိ၊ တောင့်တင်းလှုပ်ရှားမှုကိုဖြစ်ပေါ်စေ၏။
(တောင့်တင်းတာက ဝါယောဓာတ်ရဲ့ ဝိက္ခမ္ဘန လက္ခဏာဘဲ၊ လှုပ်ရှားတာက သမုဒီရဏရသ-ဘဲ) စိတ္တကိရိယာ ဝါယော ဓာတု
ဝိပ္ဖါရေန၊ စိတ်ကြောင့်ဖြစ်တဲ့ တောင့်တင်းလှုပ်ရှားမှု၏ ပြန့်နှံ့ခြင်းကြောင့်။ သကလ ကာယဿ၊ တကိုယ်လုံး၏။ ပုရတော
အဘိနီဟာရော၊ ရှေ့ဘက်သို့ တဲ့တဲ့ဆောင်သွားခြင်းကို။ ဂမနန္တိ ဝုစ္စတိ၊ သွားတယ်ခေါ်ရတာဘဲဟုသိ၏။ (ယောဂီဟာ
ဒီအတိုင်း သိရမယ်တဲ့၊ ဒီလိုသိတာဟာ ပဇာနာတိအရ-အပြားအားဖြင့် သိတဲ့Óဏ်ပါဘဲတဲ့။)
 ဗမာလို ရှင်းရှင်းပြန်ရယင်-ယောဂီဟာ သွားမယ်ကြံတဲ့စိတ် ဖြစ်လာတာကိုလဲ သိရမယ်။ ပြီးတော့ အဲဒီစိတ်ကြောင့်
တောင့်တင်းလှုပ်ရှားမှုတွေ အနှံ့အပြား လှုပ်လှုပ်ရှားရှားဖြစ်လာတာကိုလဲ သိရမယ်။ ပြီးတော့ ဒီတောင့်တင်း လှုပ်ရှားမှုတွေ
အနှံ့အပြား တရွေ့တရွေ့ချင်းဖြစ်ပေါ်သွားလို့ ရှေ့ဘက်ကို တကိုယ်လုံး ရွေ့ရွေ့သွားတာကိုပင် ]]ငါသွားတယ်ç သူသွားတယ်}}လို့
ခေါ်ရတာဘဲ၊ သွားတတ်တဲ့ ငါကောင် သူကောင်ရယ်လို့တော့ မရှိဘူး ဆိုတာကိုလဲ သိရမယ်တဲ့။ ဒီလို သိတဲ့အသမ္မောဟ
သမ္ပဇဉ်Óဏ်ဟာ ကမ္မဋ္ဌာန်းလဲ ဖြစ်ပါတယ်။ အမှတ်ရပြီးသိတတ်တဲ့အတွက် သတိပဋ္ဌာန် ဘာဝနာလဲ ဖြစ်ပါတယ်။ ဒါကြောင့်
-ဒီလို အသိကိုသာ ရည်ရွယ်ပြီး မြတ်စွာဘုရားက ]]သွားယင်-သွားတယ်လို့ သိတယ်}}ဆိုတဲ့ စကားကို ဟောတော်မူတာပါတဲ့။
 ဒီတော့-ဒီနေရာမှာ ပါဠိတော်နှင့် အဋ္ဌကထာကို သေသေချာချာစပ်ပြီး ကြည့်ယင် ပါဠိတော်က ဂေါစရ သမ္ပဇဉ်အရ
အားထုတ်ပုံကို တိုက်ရိုက်ပြထားတာလို့ ထင်ရှားနေပါတယ်။ အဋ္ဌကထာကတော့-ပါဠိတော် နည်းအတိုင်း အားထုတ်နေတဲ့
ယောဂီမှာ သမာဓိÓဏ်ရင့်တော့ အသမ္မောဟသမ္ပဇဉ် ဖြစ်လာပုံကို ပြပြီး ပါဠိတော်ကို ထောက်ခံထားတာလို့ ထင်ရှားနေပါ
တယ်။ ဒါကြောင့်-ဆရာတော်တို့ကလဲ အဲဒီ အဋ္ဌကထာကိုဘဲ အားကိုြးုပပြီး ပါဠိတော်နည်းအတိုင်း ညွန်ပြနေပါတယ်။
ညွန်ပြတဲ့ အတိုင်းလဲ အားထုတ်ကြလို့ ဒီလို အသမ္မောဟ သမ္ပဇဉ် အသိမျိုးနဲ့ ကောင်းကောင်းကြီး ပြည့်စုံနေတဲ့ သူတွေဟာ
ဆရာတော်ရဲ့ တပည့်ထဲက စာတတ်ပုဂ္ဂိုလ်တွေရောç စာမတတ်တဲ့ ပုဂ္ဂိုလ်တွေရော၊ ရဟန်း ရှင်-လူထောင်ပေါင်းများစွာ ရှိနေ
ပြီ၊ ဒီတော့-သွားတယ် သွားတယ်လို့ မှတ်နေရုံနဲ့ ဒီလိုအသိမျိုး ဖြစ်နိုင်ပါ့မလားလို့တော့ ယုံမှား တွေဝေ မနေကြပါနဲ့၊ ယုံမှား
တွေဝေနေယင် ဝမ်းတွင်းကထဲက မျက်စိကန်းလာတဲ့ လူလို ဖြစ်နေပါလိမ့်မယ်၊ ဝမ်းတွင်း ကန်းဟာ သူကိုယ်တိုင်က
မမြင်တာနဲ့ ]]သူများ မြင်တယ်}} ဆိုတာကို မယုံသလိုပေါ့။ ပြီးတော့ ယခု ဒုလ္လဘတရားတွေနဲ့ ဝေဝေဆာဆာကြီး ရထားတဲ့
လူ့ဘဝဟာ အင်မတန်ကို ကံကောင်းလို့ ရထားတာပါ၊ ဒီလူ့ဘဝကြီးဟာလဲ အချည်းနှီး ဆုံးရှုံး သွားပါလိမ့်မယ်။ ဒါကြောင့်
ကိုယ့်ကိုယ်ကို တကယ်ချစ်ပြီး ကိုယ့်အကျိုးစီးပွါးကို တကယ်လိုလားကြယင်၊ ဒီသတိပဋ္ဌာန်တရားကို အားထုတ်ဖြစ်အောင်သာ
ြုကိးစားပြီး အားထုတ်ကြည့်ကြပါ၊ ဆရာတော်ရဲ့ ညွန်ပြချက်အတိုင်း နေရောညဥ့်ပါ မပြတ်မစဲ တကယ် အားထုတ်ကြယင်
တော့ လေး ငါး ခြောက်ရက်အတွင်းမှာ ယခုပြောခဲ့တဲ့ အသိÓဏ်မျိုးကို ကိုယ်တိုင်တွေ့ကြမယ် ဆိုတာကို ရဲရဲကြီး ဝန်ခံချက်
ပေးပြီး ဟောနေပါတယ်။ 
 ယခုပြောခဲ့တဲ့အတိုင်း သွားခိုက်မှာ အသိÓဏ်ရှင်းနေသလိုဘဲ၊ ရပ်ခိုက်ç ထိုင်ခိုက်ç လှဲအိပ်ခိုက်များမှာလဲ စိတ်နဲ့ရုပ်
အဆင့်ဆင့်မျှ ဖြစ်ပျက်နေတာကို ရှင်းလင်စွာ သိနေပါတယ်။ ဒီလို ဣရိယာပုထ် လေးပါးလုံးမှာ စိတ်နဲ့ရုပ် အဆင့်ဆင့်
ပေါ်လိုက်ç ပျောက်လိုက်နဲ့ ဖြစ်ပျက်နေတာကို ရှင်းလင်းစွာ သိနေတာဟာ သမုဒယဓမ္မာ နုပဿီ၊ ဝယဓမ္မာ နုပဿီ-အရ
ဖြစ်ပေါ်လာတဲ့ အသမ္မောဟ သမ္ပဇဉ်Óဏ် ပါဘဲ။
 မပြတ်မစဲ ဆက်လက်ပြီး ရှုမှတ်နေယင် ဒီÓဏ်ဟာ တဆင့်ထက်တဆင့် ရင့်သန်ပြီး မဂ်ဖိုလ်Óဏ် ပေါ်ပေါက်ခါ
နိဗ္ဗာန်ကို ရောက်စေနိုင်ပါတယ်။ ဒါကြောင့် တရားကျေညာချက်ထဲမှာ မြတ်စွာဘုရားက ]]Óယဿ အဓိဂမာယ နိဗ္ဗာနဿ
သစ္ဆိကိရိယာယ}}လို့ ဟောတော်မူတာဘဲ။
 ကဲ အချိန်က ကျနေပြီ၊ သတိပဋ္ဌာန်တရားတော် ဒုတိယပိုင်းကို ဒီမျှနဲ့ဘဲ အဆုံးသတ်တော့မယ်။ နောက်သီတင်း
နေ့မှာ တတိယပိုင်းကို ဆက်လက်၍ နာယူမှတ်နိုင်ကြပါစေ။
ဒုတိယပိုင်း ပြီး၏။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၇
၁၃၁၃-ခု ကဆုန်လပြည့် ဥပုသ်နေ့ညတွင်
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား
အသံလွှင့် ဟောကြားသည့်
မဟာသတိပဋ္ဌာန် တရားတော်ကြီး
(တတိယပိုင်း)
 ဒီနေ့ ဟောမယ့် တရားလဲ မဟာသတိပဋ္ဌာန် တရားတော်ပါဘဲ။ အလျင် သီတင်းနေ့က ဒုတိယပိုင်း၊ ဒီကနေ့တော့
တတိယပိုင်းပေါ့၊ ဒီကနေ့ အလှည့်ကျနေတဲ့ သမ္ပဇညပိုင်းမှာ ဟောထားပုံကတော့ -
အဘိက္ကန္တေ၊ ရှေ့သို့သွားလျှင်။ ပဋိက္ကန္တေ၊ နောက်သို့ပြန်လျှင်။ သမ္ပဇာနကာရီ၊ အသိÓဏ်ဖြင့်
ြုပသည်။ ဟောတိ၊ ဖြစ်၏-တဲ့။
 ယောဂီဟာ ရှေ့သွားယင်လဲ အသိနဲ့ြုပရမယ်၊ နောက်ပြန်ယင်လဲ အသိနဲ့ြုပရမယ်၊ မသိဘဲနဲ့တော့သွားခြင်းç ပြန်ခြင်း
ကိုမျုပရဘူးတဲ့။ ဒါကြောင့် ထိုင်နေရင်းဘဲ ဖြစ်ဖြစ်၊ ရပ်နေရင်းဘဲ ဖြစ်ဖြစ်၊ ရှေ့ဘက် နောက်ဘက်ကို ယိမ်းသွားတိုင်း
]]ယိမ်းတယ်ç ယိမ်းတယ်}} စသည်ဖြင့် စေ့စေ့စပ်စပ်ရှုမှတ်ပြီး မပြတ်သိစေရမယ်။ ပြီးတော့ ဘယ်ဘက်ဘေး ညာဘက်ဘေးကို
ယိမ်းသွားယင်လဲ နည်းတူဘဲ မှတ်သိစေရမယ်။ ဒီနေရာမှာ ဘေးဘက် ယိမ်းတာကတော့ သာမုက္ကံသိက ဒေသနာထဲမှာ
မပါဘူး မဟုတ်လား။ ဒီတော့ အဲဒီလို တိုက်ရိုက်မဟောတဲ့ ကိုယ်အမူအရာတွေကို မှတ်တာ သိတာဟာ ကာယာနုပဿနာ
ဖြစ်နိုင်ပါ့မလားလို့ ဒီလို ဝီစိကိစ္ဆာပွါးပြီး ယုံးမှားတော့ မနေကြပါနဲ့။ သာမုက္ကံသိက ဒေသနာတော်ဆိုတာ သိရုံလောက်ပဲ
နည်းပြထားတာပါ၊ အကုန်လုံးစုံအောင် ဟောထားတာ မဟုတ်ပါဘူး။ အကုန်လုံး ဟောနေယင် အလွန်ကျယ်ဝန်းသွားမှာပေါ့၊
အထူးသတြိုပစရာကတော့ ရှေ့ယိမ်းတာဘဲဖြစ်ဖြစ်၊ နောက်ယိမ်းတာဘဲ ဖြစ်ဖြစ်၊ ဘေးဘက်ယိမ်းတာဘဲ ဖြစ်ဖြစ်၊ ယိမ်းမှုဆို
ယင် ရုပ်တရားချည်းဘဲ၊ နိစ္စç သုခç အတ္တလို့ စွဲလန်းနိုင်တာချည်းဘဲ၊ စွဲလမ်းနိုင်တဲ့ ရုပ် နာမ်ဆိုယင် အဲဒီစွဲလမ်းမှုကင်းအောင်
ဝိပဿနာရှုရတာချည်းဘဲ၊ ဒါဟာ ဝိပဿနာရဲ့ မူသေစည်းဘဲ။ ဒါကြောင့် နိစ္စç သုခç အတ္တ-လို့ စွဲလန်းနိုင်တဲ့ ရုပ်တရား
နာမ်တရားမှန်ယင် တိုက်ရိုက် ဟောမထားပေမယ့် ဒေသနာမှာ နည်းပြထားတဲ့အတိုင်း ရှုသင့်တာချည်းဘဲ ဆိုတာကို မြဲမြဲကြီး
မှတ်ထားကြရမယ်။
 အသိÓဏ်ဖြင့်ြုပတယ်ဆိုရာမှာ သမ္ပဇဉ် ခေါ်တဲ့ အသိÓဏ်က (၄) မျိုး ရှိပါတယ်။ ဘာများလဲ ဆိုတော့ -
 အမှတ် (၁) သာတ္ထကသမ္ပဇဉ်၊ အမှတ် (၂) သပ္ပါယသမ္ပဇဉ် (၃) ဂေါစရသမ္ပဇဉ်၊ အမှတ်(၄) အသမ္မောဟသမ္ပဇဉ်တဲ့။
 ဒီ(၄)မျိုးထဲမှာ အမှတ်(၁) သာတ္ထကသမ္ပဇဉ် ဆိုတာက တစုံတခုကိုြုပတော့မယ်ဆိုယင် အကျိုးရှိမယ်ç မရှိဘူး
ဆိုတာကို ရှေးဦးစွာ ဆင်ခြင်ကြည့်ရမယ်၊ ဒီလို ဆင်ခြင်ပြီးတော့ အကျိုးရှိမှြုပလုပ်ရမယ်၊ အကျိုးမရှိယင်တော့ မလုပ်ရဘူး။
ဒီအထဲမှာ-အကျိုးရှိ မရှိ ဆင်ခြင်တာကို သာတ္ထကသမ္ပဇဉ် လို့ ခေါ်တယ်။
 အမှတ် (၂) သပ္ပါယသမ္ပဇဉ် ဆိုတာက အကျိုးရှိတဲ့ကိစ္စပေမယ့် ကိုယ့်ဂုဏ်အဆင့်နဲ့ သင့်တော်မယ်ç မတော်ဘူးဆို
တာကိုလဲ ဆင်ခြင်ကြည့်ရဦးမယ်၊ ဒီလိုဆင်ခြင်ပြီးတော့ သင့်တော်မှြုပလုပ်ရမယ်၊ မတော်ယင်တော့ မလုပ်ရဘူး။ ဒီအထဲမှာ
တော်-မတော် ဆင်ခြင်တာကို သပ္ပါယသမ္ပဇဉ် လို့ခေါ်တယ်။
 သာတ္ထကနဲ့ သပ္ပါယဆိုတဲ့ ဒီသမ္ပဇဉ် ၂-မျိုးကတော့ နေရာတကာမှာဘဲ အသုံးကျပါတယ်။ လောကရေးရာမှာလဲ
ကျေးဇူးများတာဘဲ၊ ဒီ သမ္ပဇဉ် ၂-မျိုးနဲ့ ပြည့်စုံယင် လောကမှာလဲ ကြီးပွါးချမ်းသာနိုင်တာဘဲ။ ဘာဝနာ အရာမှာလဲ အခြေခံ
အဖြစ်နဲ့ ကျေးဇူးများတာဘဲ၊ ဒါကြောင့် သမထဝိပဿနာရဲ့ အထောက်အပံ့ အခြံအရံဖြစ်တဲ့ ဒီသမ္ပဇဉ် ၂-မျိုးကိုတော့
ပါရိဟာရိက ပညာ လို့လဲ ခေါ်ထားပါတယ်၊ သို့ပေမယ့် ဘာဝနာÓဏ်တော့ မဟုတ်သေးပါဘူး။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၈
 အမှတ် (၃) ဂေါစရသမ္ပဇဉ် ဆိုတာကတော့ ယောဂီရဲ့ ကျက်စားရာဖြစ်တဲ့ ကမ္မဋ္ဌာန်းအာရုံမှာ သမာဓိÓဏ်မပြတ်
ဖြစ်နေတာကိုဘဲ ဆိုလိုပါတယ်၊ ဝိပဿနာ အရာမှာတော့ ကာယç ဝေဒနာç စိတ္တç ဓမ္မလို့ခေါ်တဲ့ ကိုယ်ç နှုတ်ç စိတ်အမူအရာ
တိုင်းကိုရှုမှတ်ပြီး မပြတ်သိနေတာကိုဘဲ ဂေါစရသမ္ပဇဉ် လို့ဆိုပါတယ်။ ဒီဂေါစရသမ္ပဇဉ်ဟာ ဝိပဿနာရဲ့ အလုပ်စခန်းပါဘဲ၊
အလွန်လဲ အရေးကြီးပါတယ်။ ဒီဂေါစရသမ္ပဇဉ်က ပြည့်စုံပါမှ သမမ္မောဟ သမ္ပဇဉ်ဆိုတာ ဖြစ်ပေါ်လာနိုင်တာဘဲ။ ဒါကြောင့်
- သတိပဋ္ဌာန် ပါဠိတော်မှာ ဒီဂေါစရသမ္ပဇဉ်ကိုဘဲ ပဓာနြုပပြီး ဟောထားပါတယ်၊ အဋ္ဌကထာမှာလဲ ပုဂ္ဂိုလ် ၄-မျိုးနဲ့ ခွဲထား
ပါတယ်။ ဘယ်လိုလဲ ဆိုတော့-
 ဆွမ်းခံအသွားမှာ ကမ္မဋ္ဌာန်းပါပြီး၊ အပြန်ကျတော့ ကမ္မဋ္ဌာန်းမပါတဲ့ ပုဂ္ဂိုလ်က ၁-ပါးတဲ့ ဒီနေရာမှာ ဆွမ်းခံသွား
တာ-ပြန်တာနဲ့ ပြထားတာကတော့ ရှည်ရှည်ဝေးဝေး သွားရလို့ သတိလွတ်တဲ့ အလုပ်ထဲမှာ ကမ္မဋ္ဌာန်းကို လေးစားမှုရှိမရှိ
သိနိုင်အောင် ပြထားတာပါဘဲ၊ သို့ပေမယ့် ယောဂီဆိုယင် ကိုယ့်နေမြဲနေရာ ကျောင်းမှာလဲ မပြတ်မစဲဘဲ အားထုတ်နေရပါ
တယ်။
 ပြီးတော့-အရေးကြီးတဲ့ ကိစ္စတခုကြောင့် အသွားတုန်းက ကမ္မဋ္ဌာန်းမပါဘဲနဲ့၊ အပြန်ကျမှ ကမ္မဋ္ဌာန်းပါတဲ့ ပုဂ္ဂိုလ် ၁ပါးတဲ့။

ဒီဒုတိယပုဂ္ဂိုလ်မျိုးကတော့ ယာဂုသောက်ရင်း ဆွမ်းစားရင်းပင် မဂ်ç ဖိုလ်ရောက်တတ်ပါသတဲ့။ ဟို-ရှေးခေတ်တုန်းက
သီဟိုဠ်ကျွန်းတွင် ဆွမ်းစားဇရပ်တွေမှာ ဒီလိုယာဂုသောက်ရင်း ဆွမ်းစားရင်းနဲ့ မဂ်ç ဖိုလ် ရောက်သွားတဲ့ ရဟန်းတော်တွေ
အလွန်များသတဲ့၊ မရိယာ မဖြစ်ဘူးတဲ့ နေရာကို မရှိသလောက်အောင် များတယ်ဆိုဘဲ။ ဒီတော့ ယခုနေ အခါမှာဘဲ စားရင်း
သောက်ရင်း မဂ်ç ဖိုလ် ရောက်တဲ့သူတွေ ရှိတယ် ဆိုတာ ယုံကြည်သင့်ပါတယ်။ 
 ပြီတော့ အသွားရော အပြန်ရော နေ့ရော ညရော ဘယ်အချိန်မှာ ကမ္မဋ္ဌာန်း မရှိတဲ့ ပုဂ္ဂိုလ်က ၁-ပါးတဲ့။ ဒီတတိယ
ပုဂ္ဂိုလ်ကိုတော့ ပမာဒဝိဟာရီလို့ ခေါ်ပါတယ်။ ]]အချင်းခပ်သိမ်း အမှတ်မရှိဘဲ မေ့မေ့လျော့လျော့နေတဲ့ ပုဂ္ဂိုလ်}}လို့ဆိုတာပေါ့။
ပြီးတာ့-သူ့ကို နိက္ခိတ္တဓုရပုဂ္ဂိုလ်လို့လဲ ခေါ်ထားပါတယ်။ ]]ငါတော့ ဒီဘဝ မဂ်ဖိုလ်မရနိုင်ပါဘူး၊ ရအောင်လဲအားမထုတ်တော့
ပါဘူး}} လို့ ဝန်ချထားတဲ့ ပုဂ္ဂိုလ်တဲ့။ ဒီလို ပုဂ္ဂိုလ်ကတော့ ... ကမ္မဋ္ဌာနံ နာမ အတ္ထီတိပိ သညံ အကတွာ-လို့ဆိုတဲ့အတိုင်း
]]ကမ္မဋ္ဌာန်းဆိုတာ ရှိတယ်}} လို့တောင် အသိအမှတ်မြုပဘဲ ပေါက်လွှတ်ပဲစားနေတဲ့ ပုဂ္ဂိုလ်တဲ့။ အတော်ညံ့တဲ့ ပုဂ္ဂိုလ်ပါဘဲ။
သို့ပေမယ့်-ဒါထက် ဆိုးတာကတော့ သူများအတွက်ပါ ဝန်ချထားတာဟာ အဆိုးဆုံးပါဘဲ။ ဘယ်လိုလဲဆိုတော့ ယခုခေတ်မှာ
မဂ်ဖိုလ် မရနိုင်တော့ဘူးလို့ ကန့်ကွက်နေတာတွေပေါ့။
 ဒီနေရာမှာ လေးလေးနက်နက် စဉ်းစားစရာကတော့- ]]ဆေးနည်း ရှိနေယင် ဆေးဖော်ပြီးစားတဲ့ သူမှာ ရောဂါပျောက်
နိုင်တာလို၊ ဘုရားစကားတော်တွေ ရှိနေသမျှ ကာလပတ်လုံး ပါရမီရှိတဲ့ သူတွေဟာ အားထုတ်ပြီး မဂ်ဖိုလ်ရောက်နိုင်တယ်}}
ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ပြီးတော့-ကျမ်းဂန်အရဆိုယင်လဲ ယခုခေတ်မှာ မဂ်ဖိုလ်မရနိုင်တော့ဘူးလို့ ဘယ်ကျမ်းဂန်က
မှ မဆိုတဲ့ပြင် သုတ်အဋ္ဌကထာကြီးတွေမှာ တေဝိဇ္ဇ ရဟန္တာအထိ ဖြစ်နိုင်သေးတယ်လို့တောင် ဆိုထားပါသေးတယ်၊
အောက်ထစ်ဆုံးပြထားတဲ့ ဝိနည်း အဋ္ဌကထာမှာတောင်မှ အနာဂါမ် အထိ ဖြစ်နိုင်သေးတယ်လို့ ဆိုထားပါတယ်။
 အခိုင်အမာဆုံး သာဓကစကားကတော့ ]]ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော
အရဟန္တေဟိ အဿ}} လို့ ဆိုတဲ့ ဘုရားမိန့်ခွန်းတော်ပါဘဲ။ ဒီမိန့်ခွန်းတော်မှာ - ]]ဝိပဿနာ ယောဂီနဲ့ အရိယာတွေကသာ
ကောင်းကောင်းနေသွားမယ်ဆိုယင် လောကမှာ ရဟန္တာတွေ မဆိတ်နိုင်ဘူး}} လို့ဆိုထားပါတယ်။ ဒီစကားထဲက သမ္မာ
ဝိဟရေယျုံ ဆိုတဲ့ပုဒ်ရဲ့အနက်အဓိပ္ပါယ်ကိုတော့ မှန်မှန်ကန်ကန်သိထားဘို့လိုပါတယ်။ ယောဂီပုဂ္ဂိုလ်နဲ့ အရိယာပုဂ္ဂိုလ်တွေ
ဟာ ဟောပြောတိုက်တွန်းမှုမရှိဘဲ ကုပ်ကုပ်ကလေးကျင့်နေရုံနဲ့ အစဉ်အဆက် သာသနာတည်သွားနိုင်ပါ့မလား၊ မတည်နိုင်ပါ
ဘူး။ အဆင့်ဆင့် ဟောပြောတိုက်တွန်းပေးမှ အရှည်တည်တံ့သွားနိုင်ပါတယ်။ ဒါကြောင့်-]]သမ္မာဝိဟရေယျုံ-ကောင်းကောင်း
နေတယ်}} ဆိုတာဟာ ကိုယ်သိထားတဲ့ တရားကို အားထုတ်နည်းနှင့်တကွ တဆင့် ပြောပြပြီးတော့ သူတပါးကိုလဲ မိမိလို
တရားရသွားအောင် တိုက်တွန်းပေးနိုင်ပါမှ၊ ကောင်းကောင်းနေတာ မည်တယ် လို့ အဋ္ဌကတာမှာ ပြထားပါတယ်။ ဒီ
နည်းအတိုင်းဆိုယင်-တရားသိပြီး ပုဂ္ဂိုလ် တယောက်က ၂-ယောက်၊ ၃-ယောက်၊ ၁၀-ယောက်။ တရာ-စသည်ပွါးပြီး
အဆက်ဆက် သာသနာတော် တည်သွားနိုင်ပါတယ်။ ဒီကောင်းကောင်းနေပုံထဲမှာ အားထုတ်နည်းနှင့်တကွဟောပြော တိုက်
တွန်းတာဟာ ပရိယတ်ဘဲ။ ဒါကြောင့်-ပရိယတ် မပါဘူးလို့လဲ မဆိုနိုင်ပါဘူး။ ဒီတော့-သမ္မာ ဝိဟရေယျုံ-ဆိုတဲ့အတိုင်း
ဟောပြောတိုက်တွန်းမှုဆိုတဲ့ ကောင်းကောင်းနေမှုဟာ ယခုခေတ်မှာ ထင်ရှားရှိနေတယ် မဟုတ်လား။ ရှိနေယင် ]]အသုညော
လောကောအရဟန္တေဟိ အဿ}} လို့ ဆိုတဲ့အတိုင်း ရဟန္တာအထိ မဂ်ရောက် ဖိုလ်ရောက် ပုဂ္ဂိုလ်တွေ မဆိတ်မသုဉ်းဘဲ ထင်ရှား
ရှိနေတယ်-ဆိုတာဟာ သေချာ နေတော့တာဘဲ။ ပြီးတော့-မလွဲနိုင်တဲ့ အကျိုးနဲ့ စဉ်းစားမယ် ဆိုယင်လဲ နည်းလမ်းမှန်အတိုင်း
အားထုတ်ယင် မဂ်ဖိုလ် မရောက်တောင် သီလçသမာဓိç ပညာဖြစ်ပြီး ပါရမီရင့်သွားနိုင်တာကတော့ ကိန်းသေနေတာဘဲ၊
ဒါကြောင့်-ကျမ်းဂန်နှင့်အညီ အားထုတ်တာကိုတော့ ဗုဒ္ဓဘာသာဝင်မှန်ယင် ဘယ်နည်းနဲ့မှ မတားမြစ်ထိုက်ပါဘူး။ တားမြစ်
ယင် ]]မဂ္ဂန္တရာယ်ြုပရာလဲရောက်တယ်၊ ဗုဒ္ဓသာသနာတော်ကို ပိတ်ပင်ဖျက်ဆီးရာလဲ ရောက်တယ်}} ဆိုတာကို လေးလေး
နက်နက်ကြီး စဉ်းစားကြစေလိုပါတယ်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၉
 ပြီးတော့-ဆွမ်းခံအသွားရော၊ အပြန်ရော၊ နေ့ရော၊ ညရော၊ နိုးနေခိုက်မှာဆိုယင် ဘယ်အချိန်မှ ကမ္မဋ္ဌာန်းမလွတ်တဲ့
ပုဂ္ဂိုလ်က ၁-ပါးတဲ့၊ ဒီစတုတ္ထပုဂ္ဂိုလ်ကတော့ အကောင်းဆုံး အမြတ်ဆုံးပါဘဲ၊ ဒီပုဂ္ဂိုလ်မျိုးကတော့ ]]ယခုဘဝတွင်ဘဲ
အရဟတ္တဖိုလ် ရောက်နိုင်တယ်၊ စောစောက မရောက်တောင် သေခါနီးကျတော့ ရောက်နိုင်တယ်၊ ဒီလို မရောက်သေးယင်လဲ
နောက်ဘဝမှာ နတ်အဖြစ်နဲ့ရောက်နိုင်တယ်။ ဒီလိုမှ မရောက်သေးယင်လဲ နောက်ဘုရားသာသနာကျတော့ ခိပ္ပါဘိည-စသော
ဂုဏ်ထူးတွေနဲ့ ထင်ထင်ရှားရှား ရဟန္တာကြီး ဖြစ်နိုင်တယ်}}လို့ အဋ္ဌကထာမှာ ဆိုထားပါတယ်။ ဒီတော့ တရားအားထုတ်တဲ့
သူမှာ ဘာမှအားငယ်စရာမရှိပါဘူး၊ မြှော်လင့်စရာတွေ အများကြီးရှိနေတာဘဲ။ ဒါကြောင့်-ဆရာတော်တို့က ဒီစတုတ္ထပုဂ္ဂိုလ်
ရဲ့ အချိုးအစားအတိုင်း မိနစ် စက္ကန့်မျှ မလစ်လပ်စေဘဲ မပြတ်ရှုမှတ်ရတဲ့ ဂေါစရသမ္ပဇဉ်လုပ်ငန်းကို ညွန်ပြနေတာဘဲ။
 အမှတ် (၄) အသမ္မောဟသမ္ပဇဉ် ဆိုတာကတော့ ရုပ်နာမ်အဖြစ်အပျက် အနိစ္စ-ဒုက္ခ-အနတ္တ အချက်တွေကို
ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ သိသွားတာကိုဘဲ ဆိုလိုပါတယ်၊ ဒီလို အသိÓဏ်ဟာလဲ ဂေါစရသမ္ပဇဉ် ပြည့်စုံတဲ့
အခါမှာ အလိုလိုပင် ဖြစ်ပေါ်လာပါတယ်၊ သူ့အတွက် တမင်သီးခြား အားမထုတ်ရတော့ပါဘူး။ ဖြစ်ပေါ်လာပုံ အစဉ်ကတော့
ယိမ်း သွားတိုင်း ]]ယိမ်းတယ်çယိမ်းတယ်}} စသည်ဖြင့် စူးစိုကပြီး ဂေါစရသမ္ပဇဉ်အရ မပြတ်မှတ်နေတဲ့ ယောဂီဟာ သမာဓိ
Óဏ်ရင့်လာတော့ ယိမ်းချင် သွားချင်တဲ့ စိတ်ကိုလဲ ဖြစ်တိုင်း ဖြစ်တိုင်း သိသိ သွားပါတယ်၊ တရွေ့ချင်း တောင့်တင်း
လှုပ်ရှားတဲ့ ရုပ်တွေကိုလဲ တပိုင်းစီ တပိုင်းစီ ပိုင်းခြားပြီး သိသိ သွားပါတယ်။ ဒီတော့-ယိမ်းတတ်ç သွားတတ်တဲ့ ငါကောင်
ဆိုတာ မရှိဘူး၊ စိတ်အဆင့်ဆင့်နဲ့ တောင့်တင်း လှုပ်ရှားမှု ရုပ်အဆင့်ဆင့်မျှ ရှိတာဘဲ}} လို့ ရှင်းရှင်းကြီး သိသွားပါတယ်၊
ဒီလို သိသွာတာဟာ အသမ္မောဟ သမ္ပဇဉ်ပါဘဲ။ ဒါကြောင့် ကိုယ်အမူအရာ ဟူသမျှကို စူစိုက်ပြီး မပြတ်မှတ်သိရတဲ့
ဂေါစရသမ္ပဇဉ် ဆိုတာက ယောဂီရဲ့ အလုပ်တာဝန်၊ ရုပ်နာမ် အဖြစ်အပျက် အနိစ္စ-ဒုက္ခ-အနတ္တ အချက်တွေကို ရှင်းရှင်းကြီး
သိသွားတဲ့ အသမ္မောဟ သမ္ပဇဉ် ဆိုတာက သမာဓိÓဏ် တရားရဲ့ အလုပ်တာဝန်လို့ ဒီလို ကိုယ့်တာဝန်ç သူ့တာဝန် ခွဲခြားပြီး
မှတ်ထားကြရမယ်၊ ဒီလို မှတ်ထားပြီး အားထုတ်တဲ့အခါကျတော့လဲ ဂေါစရသမ္ပဇဉ်ဆိုတဲ့ ကိုယ့်အလုပ် တာဝန်ကိုသာ
ကျြွေပန်အောင် မှတ်ရုံ ကလေးသာ မပြတ်မှတ်သိနေရမယ်၊ ဒီလို ကိုယ့်အလုပ် ကျြွေပန်ယင် သမာဓိÓဏ် တရားကလဲ
သူ့တာဝန်ကို သူဆောင်ပြီး အသမ္မောဟသမ္ပဇဉ် ဖြစ်လာပါလိမ့်မယ်။
 အချိန်ကနဲသွားပြီ၊ တိုတိုဘဲ ပြောရတော့မယ်။ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ၊ ဒီဒေသနာအရ တဲ့တဲ့
ကြည့်တာလဲ မှတ်ရမယ်၊ စောင်ငဲ့ကြည့်တာလဲ မှတ်ရမယ်၊ ဘယ်လိုဘဲ ကြည့်ကြည့် ]]ကြည့်ချင်တယ် ကြည့်တယ် မြင်တယ်}}
လို့ စေ့စေ့စပ်စပ် မှတ်ရမယ်။
 သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ၊ ဒီဒေသနာတော်အရ လက်ခြေကို ကွေးတိုင်းç ဆန့်တိုင်း ]]ကွေးချင်တယ်၊
ကွေးတယ်၊ ဆန့်ချင်တယ် ဆန်တယ်}} လို့ စေ့စေ့စပ်စပ် မှတ်ရမယ်။ ဒါကအကြောင်းရှိလို့ ကွေးတဲ့ ဆန့်တဲ့ အခါမှာ မှတ်ဘို့
ပြောတာပါ၊ တမင် ကွေးကြည့် ဆန့်ကြည့် မှတ်ဘို့ပြောတာတော့ မဟုတ်ပါဘူး။
 သင်္ဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ၊ ဒီဒေသနာတော်အရ သင်္ကန်း သပိတ် အဝတ် အိုးခွက်စသော အသုံး
အဆောင်များကို ကိုယ်တိုင်း ယူတိုင်း ]]ကိုင်ချင်တယ်ç ကိုင်တယ်}} စသည်ဖြင့် စေ့စေ့စပ်စပ် မှတ်ရမယ်။
 အသိတေ ပီတေ ခါယိတော သာယိတေ သမ္ပဇာနကာရီ၊ ဒီဒေသနာတော်အရ စားတိုင်း သောက်တိုင်း စေ့စေ့စပ်စပ်
မှတ်ရမယ်၊ ဒီနေရာမှာတော့- မှတ်စရာတွေက အလွန်များတာဘဲ။
 ဥစ္စာရ ပဿာဝကမ္မေ သမ္ပဇာနကာရီ ဒီဒေသနာတော်အရ ကျင်ကြီး ကျင်ငယ် စွန့်တဲ့အခါမှာလဲ ထင်ရှားတဲ့ ကိုယ်
အမူအရာတွေကို စေ့စေ့စပ်စပ် မှတ်ရမယ်။
 ဂတေ ဌိတေ နိသန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ၊ ဒီဒေသနာတော်အရ သွားလျှင်
ရပ်လျှင် ထိုင်လျှင် အိပ်လျှင် နိုးလျှင် ပြောဆိုလျှင် ဆိတ်ဆိတ်နေလျှင် အဲဒီ ကိုယ်အမူအရာတွေကိုလဲ အကုန်လုံး စေ့စေ့စပ်စပ်
မှတ်ရမယ်။
 အတိုချုပ်အားဖြင့် ဆိုယင် နှုတ်ခမ်းလှုပ်မှုç လျှာလှုပ်မှုç မျက်စိဖွင့်မှုç မှိတ်မှုç မျက်တောင်ခတ်မှု တိုင်အောင် ကိုယ်
အမူအရာ ဟူသမျှကို သေးသေး ကြီးကြီး အကုန်လုံး စေ့စေ့စပ်စပ် စူးစိုက်ပြီး မှတ်သိနေရမယ်လို့ ဆိုလိုပါတယ်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၀
 ဒီလို မပြတ်မှတ်နေယင် သမာဓိÓဏ်ရင့်လာတော့ြုပပြင်မယ်ကြံတဲ့ စိတ်ကလေးများကိုလဲ ထင်ရှားသိသိလာပါ
တယ်၊ အဲဒီလိုအခါမှာ စိတ်အဆင့်ဆင့်နဲ့ တောင့်တင်းလှုပ်ရှားမှု ရုပ်အဆင့်ဆင့်ချည်းသာ တခုပြီးတခု ပေါ်ပေါ်ပြီး
ပျောက်ပျောက်သွားတာကို မပြတ်သိနေပါတယ်။ ဒီတော့-]]အမူအရာ တစုံတခုကိုြုပတတ်တဲ့ ငါကောင်ရယ်လို့မရှိဘူး၊ ဒီစိတ်
အဆင့်ဆင့်နဲ့ ရုပ်ဆင့်ဆင့် ရှိတာဘဲ}} လို့ အလိုလိုပင် အသိÓဏ် ရှင်းသွားပါတယ်။ အဲဒါဟာ အသမ္မောဟသမ္ပဇဉ်ပါဘဲ။
 မှတ်သိမှု-ဂေါစရသမ္ပဇဉ်နဲ့ ရှင်းလင်းဆုံးဖြတ်မှု-အသမ္မောဟသမ္ပဇဉ်ဆိုတဲ့ ဒီÓဏ် ၂-မျိုးဟာ တဆင့်ထက် တဆင့်
ရင့်ပြီး နောက်ဆုံးကျတော့ ဒီလို မှတ်သိနေရင်းထဲကပင် ရုပ်နာမ်-သင်္ခါရအားလုံး ဆိတ်သုဉ်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မဂ်Óဏ်
ဖိုလ်Óဏ်ဖြင့် ဆိုက်ရောက်သွားပါတယ်၊ ဒီလိုဆိုက်ရောက်သွားအောင် အားထုတ်ကြဘို့ ယခုတစွန်းတစလောက်ကို
ညွှန်းပြရတာဘဲ။
 ကဲ ဒီကနေ့တရားကို ဒီတွင်ဘဲ အဆုံးသတ်တော့မယ်။ နောက်သီတင်းနေ့မှာ ဝိပဿနာ Óဏ်စဉ်များနှင့်တကွ
အပြည့်အစုံဟောမည် စတုတ္ထပိုင်း တရားတော်ကို ဆက်လက်၍ နာယူနိုင်ကြပါစေ။
တတိယပိုင်း ပြီး၏။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၁
၁၃၁၃-ခု၊ ကဆုန်လပြည့်ကျော် ၈-ရက်နေ့ညတွင်
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား
အသံလွှင့် ဟောကြားသည့်
မဟာသတိပဋ္ဌာန်တရားတော်ကြီး
(စတုတ္ထပိုင်း)
 ဒီကနေ့တော့ မဟာသတိပဋ္ဌာန် တရားတော်ကို နိဂုံးချုပ်အနေနဲ့ ဟောရတော့မယ်။ အလျင်နေ့များက ၃-ပတ်ဆက်
ပြီး ဟောလာခဲ့တာဟာ ကာယာနုဿနာမှာတော့ တော်တော်စုံသွားပါပြီ၊ ဒီကနေ့တော့ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊
ဓမ္မာနုပဿနာများနှင့်တကွ ဝိပဿနာÓဏ် အဆင့်ဆင့် တက်သွားပုံကို တော်တော်စုံလင်အောင် နာကြရပါလိမ့်မယ်။
သို့ပေမယ့် .... သုတနဲ့ ကိုယ်တွေ့ မရှိယင်တော့ ခပ်ခက်ခက် ဖြစ်နေမှာဘဲ။
 ဝိပဿနာရှုနည်းက သမထယာနိကနည်းç ဝိပဿနာယာနိကနည်းလို့ အခြေခံအားဖြင့် ၂-မျိုးရှိတယ်။ သမထယာ
နိကနည်း ဆိုတာက ဥပစာရç အပ္ပနာဈာန်များကိုရအောင် အားထုပ်ပြီးတော့ အဲဒီဈာန်ကစပြီး ဝိပဿနာရှုတဲ့ နည်းပါဘဲ။
ဝိပဿနာယာနိကနည်း ဆိုတာကတော့ ဥပစာရ သမာဓိç အပ္ပနာသမာဓိ ဆိုတဲ့ ဒီသမာဓိ ၂-ပါးလုံးကို မထူထောင်တော့ဘဲ
ဝိပဿနာ သက်သက်ရှုတဲ့နည်းပါဘဲ။ ဒီနည်းမှာ ]]ဥပစာရ သမာဓိလဲ မပါဘူး၊ အပ္ပနာသမာဓိလဲ မပါဘူး}}ဆိုတာ ထင်ရှား
အောင်လို့ သုဒ္ဓဆိုတဲ့ ပုဒ်နဲ့တွဲပြီး သုဒ္ဓဝိပဿနာယာနိကနည်းလို့လဲ ခေါ်ပါတယ်။ ပြီးတော့-ဝုတ္တပ္ပကာရံ သမထံ
အနုပ္ပါဒေတွာဝ လို့လဲ အဋ္ဌကထာမှာ ဆိုထားပါတယ်။ သမာဓိ ၂-မျိုးကို မဖြစ်စေဘဲနဲ့ ရှုတယ်လို့ ဆိုလိုပါတယ်။ သို့ပေမယ့်
ရုပ်နာမ်တွေကို စူးစိုက်ပြီးရှုနေရင်းပင် ဝိပဿနာ ခဏိကသမာဓိက ထက်သန်စွာ ဖြစ်လာပါတယ်။ သူကလဲ ဥပစာရသမာဓိ
လိုဘဲ အင်အားရှိတဲ့အတွက် နီဝရဏတရားတွေကို ကောင်းကောင်းကြီး ငြိမ်းစေနိုင်ပါတယ်။ ဒါကြောင့် များစွာသော
အဋ္ဌကထာတွေမှာ ဒီ ဝိပဿနာခဏိက သမာဓိကိုလဲ ဥပစာရသမာဓိထဲမှာ ထဲ့ပြီး မိန့်ဆိုထားပါတယ်။ အခုလိုပြောနေရတာ
ကတော့ ]]သမာဓိကို သီးခြား မထူထောင်ပေမယ့် စိတ္တဝိသုဒ္ဓိ ဖြစ်နိုင်တယ်}} ဆိုတာကို နားလည်စေချင်လို့ပါဘဲ။
 ဝိပဿနာဆိုတာ ]]ပဉ္စုပါဒါနက္ခန္ဓေ ဝိပဿတိ}}လို့ဆိုတဲ့အတိုင်း ]]နိစ္စ သုခ အတ္တ}}လို့ စွဲလမ်းနိုင်တဲ့ ရုပ်နာမ် ခန္တာ
တွေကို အဲဒီလို အစွဲအလမ်းတွေ ကင်းသွားအောင် ရှုရတာဘဲ။ ဒီရုပ်နာမ်ခန္ဓာတွေ ဆိုတာကလဲ လူတိုင်းလူတိုင်းရဲ့ သန္တာန်မှာ
ဒွါရခြောက်ပါးက အထင်အရှားဘဲ ဖြစ်ပေါ်နေပါတယ်။ ဘယ်လိုလဲဆိုတော့-မြင်ခိုက်မှာ မျက်စိနဲ့ အဆင်း ဆိုတဲ့ ရုပ်ခန္ဓာလဲ
ထင်ရှားပေါ်နေပါတယ်။ မြင်မှု ဆိုတဲ့ နာမ်ခန္ဓာ တွေလဲ ထင်ရှားပေါ်နေပါတယ်။ ကြားခိုက် နံခိုက် စားခိုက် တွေ့ထိခိုက်
ကွေးခိုက်ဆန့်ခိုက် လှုပ်ရှားခိုက် ကြံစည်စဉ်းစားခိုက်တွေမှာလဲ နည်းတူပင် ထင်ရှားပေါ်နေပါတယ်။ သို့ပေမယ့်- ]]သတိမမူဂူမမြင်}}
ဆိုတာလိုဘဲ ရှုမှတ်ခြင်းမရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေကတော့ ဒီလိုထင်ရှားပေါ်နေတဲ့ ရုပ်နာမ်တွေကို ရှေးနောက် ရုပ်နာမ်
တွေနဲ့ တပေါင်းထဲ တခုထဲ ထင်ပြီး မြဲနေတဲ့ ငါကောင် သတ္တဝါကောင်လို့လဲ စွဲလမ်းနေကြတာဘဲ၊ ချမ်းသာကောင်းစားနေတဲ့
ငါကောင်ç သတ္တဝါကောင်လို့လဲ စွဲလမ်းနေကြတာဘဲ။
 မြင်ခိုက်ကြားခိုက်စသည်မှာ စူးစိုက်ပြီး ]]မြင်တယ် ကြားတယ်}} စသည်ဖြင့် မပြတ်ရှုမှတ်နေယင်တော့ ထင်ရှားပေါ်
လာတဲ့ အဲဒီရုပ်နာမ်ခန္ဓာတွေကို တကန့်စီ တကန့်စီ ပိုင်းဖြတ်ပြီး အနိစ္စç ဒုက္ခç အနတ္တဘဲလို့ အမှန်အတိုင်း သိသိသွားနိုင်ပါ
တယ်။ ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်ခန္တာတွေကို ပေါ်ခိုက်
ပေါ်ခိုက်မှာဘဲ စူးစိုက်ပြီး ရှုမှတ်ရပါတယ်။ သို့ပေမယ့်မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ပေါ်လာသမျှကို အကုန်လုံး
ရှုမှတ်နိုင်တာကတော့ သမာဓိÓဏ် ရင့်သန်တဲ့ အခါကျမှဘဲ ပြည့်စုံပါတယ်။ အားထုတ်ခါစမှာတော့ အကုန်လုံး လိုက်ပြီး
မရှုနိုင်သေးပါဘူး။ အဲဒီလို အကုန်လုံး လိုက်ပြီး ရှုနေယင် အားထုတ်စ ပုဂ္ဂိုလ်မှာ သမာဓိÓဏ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်
အဋ္ဌကထာမှာ ]]ထင်ရှားသိလွယ်တဲ့ ရုပ်ကစပြီး ရှုရမယ်}} လို့ဆိုထားပါတယ်။ ပြီးတော့-ရုပ် ၂၈မျိုးထဲမှာလဲ အကြမ်းဆုံးဖြစ်
တဲ့ မဟာဘုတ်ရုပ်ကြီးတွေကစပြီး ရှုရမယ်လို့ ဆိုထားပါတယ်။ ဒီမဟာဘုတ် ၄-ပါးထဲက ပထဝီç တေဇောç ဝါယောဆိုတဲ့
ဓာတ်၃-ပါးဟာ တွေ့ထိပြီး သိရတဲ့ ဖောဋ္ဌဗ္ဗရုပ်ချည်းဘဲ။ ဒီတော့ ကိုယ်ထဲမှာ ထင်ရှားတွေ့ထိတာကို စူးစိုက်ပြီး ]]ထိတယ်
ထိတယ်}} စသည်ဖြင့် ရှုမှတ်နေယင် ခက်မာ ကြမ်းနုဆိုတဲ့ ပထဝီဓာတ် ကိုဘဲ ဖြစ်ဖြစ်၊ ပူနွေးအေးတဲ့ တေဇောဓာတ် ကိုဘဲ
ဖြစ်ဖြစ် တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ် ကိုဘဲဖြစ်ဖြစ်၊ ဟောဒီ ဓာတ် ၃-ပါးထဲက တပါးပါးကို သိတာကတော့
ကိန်းသေနေတာဘဲ၊ အာပေါဓာတ် ဆိုတာကတော့ တွေ့ထိရတဲ့ ရုပ်မဟုတ်ပါဘူး။ ဒါမေမဲ့တွေထိရာမှာ စိုက်ပြီး မှတ်နေယင်
ယိုစီးမှုç စိုထိုင်းမှုç ဖွဲ့စေးမှု ဆိုတဲ့ အာပေါရဲ့ လက္ခဏာç ရသç ပစ္စုပဋ္ဌာန် တွေကိုလဲ ထင်ရှားသိနိုင်တာဘဲ။ ဒါကြောင့် ကိုယ်
အမူအရာ အတွေ့အထိများကို စူးစိုက်ပြီး မှတ်တိုင်း မှတ်တိုင်း ဓာတ်လေးပါးထဲက တပါးပါးကို လက္ခဏာ ရသ စသည်နှင့်
မှန်ကန်စွာ သိသိသွားတယ်ဆိုတာကို နားလည်ထားကြရမည်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၂
 ဒီဓာတ်လေးပါးထဲက ဝါယောဓာတ် သိပုံတခုကိုတော့ ပြလိုက်ရဦးမယ်။ ]]သွားတယ်ç ရပ်တယ်}} စသည်ဖြင့် မှတ်တဲ့
အခါမှာ ထောက်ကန် တောင့်တင်းမှုကို သိသိသွားတာက ဝါယောဓာတ်ကို ဝိတ္ထမ္ဘနလက္ခဏနဲ့ သိတာဘဲ၊ တရွေ့ချင်း ရွေ့ရှားမှု
ကို သိသိသွားတာက သမုဒီရဏရသနဲ့ သိတာဘဲ။ ဆွဲဆောင်နေသလိုç တွန်းပို့ နေသလို သိသိသွားတာက အဘိနီဟာရ
ပစ္စုပဋ္ဌာန်နဲ့ သိတာဘဲ။ ပထဝီç အာပေါ တေဇော-တို့ကို သိရာမှာလဲ ဒီနည်းအတိုင်းပါဘဲ။ အချုပ်အားဖြင့်ဆိုတော့ ဘယ်
တရားဘဲဖြစ်ဖြစ်၊ ထင်ရှားပေါ်လာတုန်းသာ စူးစိုက်ပြီး မှတ်၊ ဒီလို မှတ်ယင်၊ အဲဒီတရားကို သူ့လက္ခဏာç ရသç ပစ္စုပဋ္ဌာန်နဲ့
သိသွားတာချည်းဘဲလို့ ကိန်းသေ မှတ်ထားကြရမယ်။ ဒီလို သိတာဟာ ]]လက္ခဏ ရသ စသည်နဲ့ သိမ်းဆည်းရမယ်}}လို့
ဆိုထားတဲ့ ဝိသုဒ္ဓိမဂ်နဲ့လဲ ညီနေပါတယ်။ ဒီလို ညီနေတာကလဲ တခြားကြောင့် မဟုတ်ပါဘူး၊ ဝိသုဒ္ဓိမဂ်ကိုက ဒီ သတိပဋ္ဌာန်
ပါဠိတော်နည်းကို ယူပြီးရေးထားလို့ပါဘဲ။
 ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော်ထဲမှာ ဝိပဿနာရှုပုံတွေကို အပြည့်အစုံဘဲ ဟောထားတယ်လို့ တထစ်ချ ဆုံးဖြတ်ပြီး
ဣရိယာပထပိုင်းç သမ္ပဇညပိုင်းများမှာ ပြခဲ့တဲ့အတိုင်း ဖြစ်ပေါ်ဆဲ ကိုယ်အမူအရာတွေကို ဖြစ်ခိုက် ဖြစ်ခိုက်မှာဘဲ မလစ်လပ်
ရအောင်မပြတ် စူးစိုက်ပြီး ရှုမှတ်နေရမယ်။ ဒီလိုမှတ်နေဆဲမှာ ညောင်းမှုç ပူမှုç နာကျင်မှုစသော ဒုက္ခဝေဒနာတမျိုးမျိုး ပေါ်လာ
ပြန်ယင် အဲဒီဝေဒနာကိုဘဲ စူးစိုက်ပြီး မှတ်ရဦးမယ်။ သုခဝေဒနာç ဥပေက္ခာဝေဒနာ ထင်ရှားယင်လဲ နည်းတူဘဲ မှတ်ရမယ်။
ထင်ရှားပေါ်လာတဲ့ ဝေဒနာကို ဒီလိုမှတ်သိနေတာက ဝေဒနာနုပဿနာဘဲ။ ဒီနေရာမှာလဲ ကလေးအသိç သာမာန် လူကြီးအသိ
များနဲ့ ယောဂီရဲ့ အသိထူးခြားပုံကို အဋ္ဌကထာမှာ ရှင်းပြပါသေးတယ်။ သို့ပေမယ့် အချိန်ကမလုံလောက်လို့ ဆရာတော်က
တော့ တိုတိုရှင်းရတော့မှာဘဲ။ ယောဂီရဲ့အသိ ဘယ်လောက် ထူးခြားမြင့်မြတ်တယ် ဆိုတာကို သေသေချာချာ သိချင်ကြယင်
ကျကျနနသာ အားထုတ်ကြည့်ကြပါ၊ လေး ငါး ခြောက်ရက်လောက် အားထုတ်မိယင်ကို မမေ့နိုင်အောင် အသိရှင်းသွားပါလိမ့်
မယ်။
 ပြီးတော့-ကိုယ်အမူအရာတွေကို မှတ်နေဆဲမှာ ဟိုရောက် ဒီရောက်နဲ့ စိတ်ကူးတွေ ဖြစ်လာတာကိုလဲ တွေ့ရလိမ့်မယ်။
အဲဒီစိတ်တွေကိုလဲ မလွတ်စေနဲ့၊ ပေါ်လာတိုင်း ပေါ်လာတိုင်း ]]သွားတယ်ç ကြံတယ်ç သိတယ်}} စသည်ဖြင့် မှတ်လိုက်ရမယ်၊
အဲဒါက စိတ္တာနုပဿနာဘဲ။ ဒီ စိတ္တာနုပဿနာကို ]]သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ}} စသည်ဖြင့် ဟောထားပါ
တယ်။ အဋ္ဌကထာမှာလဲ စိတ်တိုင်း စိတ်တိုင်းကို ဖြစ်ခိုက် ဖြစ်ခိုက်မှာဘဲ မှတ်ရမယ်လို့ သေသေချာချာဘဲ ပြဆိုထားပါတယ်။
 ပြီးတော့-ကာမစ္ဆန္ဒ ခေါ်တဲ့ လိုချင် နှစ်သက်မှု၊ ဗျာပါဒခေါ်တဲ့ စိတ်ပျက်မှု၊ ထိနမိဒ္ဓခေါ်တဲ့ ထိုင်းမှိုင်း ပျင်းရိမှု ဥဒ္ဓစ္စ
ခေါ်တဲ့ စိတ်ပျံ့လွင့်မှု၊ ကုက္ကုစ္စ ခေါ်တဲ့ နောင်တ ပူပန်မှု၊ ဝိစိကိစ္ဆာခေါ်တဲ့ ယုံမှား ဝေဘန်မှု၊ ဒီ နီဝရဏတရားဆိုးတွေ
ဖြစ်ပေါ်လာယင်လဲ လိုချင်တယ် နှစ်သက်တယ် စိတ်ပျက်တယ် စသည်ဖြင့် မပျောက်မချင်း မှတ်ရမယ်၊ အားထုတ်ခါစတော့
အတန်ကြာအောင်လဲ မှတ်ရတတ်တယ်။ သို့ပေမယ့်-သတိ သမာဓိÓဏ် ရင့်သန်လာတဲ့အခါကျတော့ ]]လူကြီးက ဟဲ့လို့
မာန်လိုက်တာနဲ့ ငြိမ်သွားတဲ့ကလေးလိုဘဲ}} တချက်ထဲ မှတ်လိုက်ရုံနဲ့ နီဝရဏတွေ ပျောက်ပျောက်သွားတာကို တွေ့ရပါလိမ့်
မယ်။ ဒီလို နီဝရဏ တရားတွေကို ပေါ်လာတိုင်း ပေါ်လာတိုင်း ရှုမှတ်ထာက ဓမ္မာနုပဿနာရဲ့ တစိတ်တဒေသဘဲ။
 ဟော-အချိန်က နဲသွားပြီ၊ ခန္ဓာ အာယတန ဗောဇ္ဈင် သစ္စာတွေကိုတော့ ဟောချိန် မရှိတော့ဘူး။ Óဏ်ဖြစ်ပုံကိုလဲ
အတိုချုပ် ဟောရတော့မှာဘဲ။ ယခုပြောခဲ့တဲ့အတိုင်း ရုပ်နာမ်အမူအရာတွေကို မပြတ် မှတ်နေတဲ့ ယောဂီမှာ ခဏိကသမာဓိ
အားရှိလာတော့ မှတ်စိတ်က မှတ်ရာအာရုံမှာချည်း တန်းကနဲ စိုက်ကနဲ ကျကျသွားနေတော့တာဘဲ။ ဒါကြောင့် ပျံ့လွင့်မှု
မရှိတော့ဘဲ မှတ်စိတ်ချည်း စင်ကြယ်နေတာကို တွေ့ရပါတယ်။ အဲဒါဟာ စိတ္တဝိသုဒ္ဓိပါဘဲ။
 အဲဒီအခါမှာ ]]တဒါရမ္မဏ အရူပဓမ္မာ သယမေဝပါကဋာ}} လို့ဆိုတဲ့ အတိုင်းဘဲ မှတ်စိတ်ကလဲ သူ့အလိုလိုပင်
ထင်ရှားနေတော့တာဘဲ။ ဒါကြောင့်-မှတ်ရတဲ့ရုပ်နဲ့ မှတ်စိတ်-နာမ်ဆိုတဲ့ ဒီ၂-ခု ၂-ခုထဲသာ မှတ်တိုင်း မှတ်တိုင်း အတွဲလိုက်
အတွဲလိုက် ဖြစ်နေတာကို ထင်ရှားတွေ့ရတယ်။ ဒီတော့-]]ဒီရုပ်နာမ် ၂-ခု အပြင်၊ ငါကောင်ç သတ္တဝါကောင်ရယ်လို့ မရှိဘူး}}
ဆိုတာကို နှစ်နှစ်ြုခိက်ြုခိက်ပဲ သဘောကျသွားပါတယ်။ အဲဒါဟာ နာမရူပ ပရိစ္ဆေဒÓဏ်နဲ့ ဒိဋ္ဌိဝိသုဒ္ဓိ ပါဘဲ။
 ပြီးတော့-ကွေးချင်မှု စသော စိတ်အကြောင်း ရှိမှကွေးမှု စသော ရုပ်အကျိုး ဖြစ်နိုင်တာကိုလဲ ထင်ရှားတွေ့ရတယ်၊
မြင်စရာ အဆင်းစသော အာရုံလဲရှိမှ မျက်စိစသောတည်ရာလဲရှိမှ မြင်မှုစသော စိတ်နာမ်အကျိုး ဖြစ်နိုင်တာကိုလဲ ထင်ရှား
တွေ့ရတယ်။ ဒါကြောင့် ယောဂီဟာ မှတ်သိနေရင်းပင် ]]အကြောင်းနဲ့ အကျိုးမျှ ရှိတာဘဲ၊ ကွေးအောင်ç ဆန့်အောင်ç
မြင်အောင်ç ကြားအောင်ြုပလုပ်ပေးတဲ့ ငါကောင်ရယ်လို့ မရှိဘူး}} ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောကျသွားပါတယ်။
ဒါကတော့-ပစ္စယပရိဟÓဏ်နဲ့ ကင်္ခါ ဝီတရဏဝိသုဒ္ဓိဘဲ။ ဒီဝိသုဒ္ဓိလောက်တော့ တကယ်အားထုတ်ယင် ၂-ရက်၊ ၃-ရက်
လောက်နဲ့ ရောက်နိုင်ပါတယ်။
 ပြီတော့-မှတ်တိုင်း မှတ်တိုင်း ပေါ်လာသမျှအာရုံဟာ မကြာခင်ဘဲ ပျောက်ပျောက်သွားတာကို တွေ့ရတယ်။ မခံသာ
တဲ့ ဝေဒနာတွေကိုလဲ များစွာတွေ့ရတတ်တယ်၊ ဒါကြောင့်-]]ပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းဘဲ}}လို့လဲ
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၃
ဆင်ခြင်မိတယ်၊ ]]ပေါ်မှု ပျောက်မှုက နှိပ်စက်နေလို့ ဆင်းရဲချည်းဘဲ၊ မခံသာလို့လဲ ဆင်းရဲချည်းဘဲ}} လို့လဲ ဆင်ခြင်မိတယ်။
]]သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ သဘောချည်းဘဲ}} လို့လဲ ဆင်ခြင်မိတယ်။ ဒါကတော့ သမ္မသနÓဏ်ဘဲ။
 ပြီးတော့-မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့အာရုံဟာ ပေါ်လာပြီးယင်ချက်ချင်းဘဲ ပျောက်ပျောက်သွားတာကို ထင်ရှား
တွေ့ရတယ်။ ဒါကြောင့် တနေရာက ရုပ်နာမ်ဟာ တခြားတနေရာသို့ မရောက်ဘဲ၊ သူ့နေရာမှာဘဲ ပျောက်သွားတာကို
ရှင်းလင်းစွာ မျက်မှောက်တွေ့ရပါတယ်။ အဲဒါဟာ ဥဒယဗ္ဗယÓဏ်ပါဘဲ။ ဒီÓဏ်ကိုလဲ တင်းတင်းရင်းရင်း အားထုတ်ယင်
လေးငါးရက်လောက်နဲ့ ရောက်နိုင်တာဘဲ။
 ဒီÓဏ်ဖြစ်ခါစမှာ အလင်းရောင်တွေç ပီတိအရသာတွေ ပဿဒ္ဓိအရသာတွေç စိတ်ချမ်းသာတွေ ဒီလိုအရသာထူးတွေ
ကိုလဲတွေ့ရပါတယ်။ ဒါကြောင့်-ဘယ်တော့ကမှ မတွေ့ဘူးတဲ့ အရသာထူးတွေကိုခံစားပြီး အလွန်လဲ ဝမ်းသာနေမိတတ်ပါ
တယ်။ အဲဒါတွေကတော့ ဥပက္ကိလောသတွေဘဲ၊ ဒါတွေကိုတော့ မှတ်မှတ်ပြီး ပယ်ရတယ်။ ဒီဥပက္ကိလေသအရာမှာ ပြောပြစရာ
တွေကတော့ အလွန်များတာဘဲ။ သိပဿနာရှုနည်းကျမ်း ဒုတိယတွဲမှာဘဲ ကြည့်ကြပါလေတော့။
 ပြီးတော့ မှတ်တိုင်း မှတ်တိုင်းမှတ်ရတဲ့ အာရုံရောမှတ်စိတ်ရော ရိပ်ကနဲ့ ပျောက်ပျောက်သွားတာကိုချည်း တွေ့နေရပါ
တယ်။ ပုံသဏ္ဌာန်အထည်ဒြဗ်မရှိဘဲ တရိပ်ရိပ်နဲ့ လျင်မြန်စွာ ပျောက်ပျောက်သွားတာကိုချည်း တွေ့နေရပါတယ်၊ အဲဒါကတော့
ဘင်္ဂÓဏ်ဘဲ။ တချို့က ပုံသဏ္ဌာန် အထည်ဒြဗ်အာရုံဝတ္ထုကြီးတွေ ဖရိုဖရြဲုပိကွဲကြေမွပြီး ပျက်စီးသွားတာကို မြင်ယင်
ဘင်္ဂÓဏ်ဘဲလို့ ထင်မှတ်နေတတ်တယ်။ အဲဒီလို ပုံသဏ္ဌာန် အထည်ဒြဗ်ပျက်ကို မြင်တာကတော့ သမ္မသနÓဏ်ပိုင်းမှာ
တွေ့တာမျိုးဘဲ။ ဘင်္ဂÓဏ်မှာတော့ ပုံသဏ္ဌာန်အထည်ဒြဗ်ကိုမထင်တော့ပါဘူး။ ဒါကြောင့် အထည်ဒြဗ် ပုံသဏ္ဌာန်မထင်ဘဲ
အာရုံရော မှတ်စိတ်ရော၊ တစုံလုံး တစုံလုံး ရိပ်ကနဲ ရိပ်ကနဲ ပျောက်ပျောက်သွားတာကိုချည်း မပြတ်သိနေမှ ဘင်္ဂÓဏ်လို့
သေသေချာချာ မှတ်ထားကြ။ ဝိပဿနာဟာ ဒီဘင်္ဂÓဏ်အထိ အချိုးတကျဖြစ်ဘို့ အရေးကြီးပါတယ်။ ဒီÓဏ်အထိ အချိုးကျ
လာယင် ဘယç အာဒီနဝ နိဗ္ဗိန္ဒç မုဉ္စိတုကမျတာç ပဋိသင်္ခါç သင်္ခါရုပေက္ခာ စသော အထက် ဝိပဿနာÓဏ်တွေဟာ
အစဉ်အတိုင်း ဖြစ်သွားနိုင်ပါတယ်။ ဒါကတော့ အချိန်နဲလို့ ချုံးပြီး အလွယ်တကူပြောတာပါ။ အမှန်မှာတော့-မဂ်Óဏ်
မရောက်သေးမချင်း အရှုပ်အထွေးကလေးတွေကတော့ ရှိနေသေးတာဘဲ။ ဒါကြောင့် အားပေြးုပပြင်မည့် ဆရာရှိနေဘို့ဟာ
လိုနေသေးတာပါဘဲ။
 သို့ပေမယ့်-ရှုမှတ်မှု တခုထဲကိုသာ အားကိုးပြီးတော့-ထင်ပေါ်သမျှ ရုပ်နာမ်တွေကို မဆုတ်မနစ် တမှတ်ထဲ မှတ်
သွားယင် ယခုပြောခဲ့တဲ့ Óဏ်တွေဟာ အစဉ်အတိုင်း ဖြစ်ပြီးတော့ နောက်ဆုံးမှာ ထူးခြားတဲ့ ဝုဋ္ဌာနဂါမိနီဝိပဿနာ Óဏ်နဲ့
အနုလောမ Óဏ်ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ဒါတွေကတော့ မဂ်Óဏ်ဆီကို တဟုန်တည်း တိုးတက်သွားတဲ့ Óဏ်ထူး
တွေပေါ့။ ဒီလို တိုးတက်လာရာက အနုလောမÓဏ်လဲ ဆုံးသွားရော၊ ဂေါတြဘူÓဏ်ç မဂ်Óဏ်များ ဖြစ်ပေါ်ပြီး သင်္ခါရဒုက္ခ
လုံးဝချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံထဲသို့လဲြုဖတ်ကနဲဆို ပြေးဝင်သွားပါရော။ အဲဒီလို အငြိမ်းဓာတ်ထဲသို့ ကျရောက်ပြေးဝင်သွား
တာဟာ ]]ဓမ္မစက္ခုံ ဥဒပါဒိ ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ}} ဆိုတဲ့ ပါဠိတော်များ၊ ]]အပ္ပဝတ္တ-မနုပ္ပတ္တော နိဗ္ဗါနံ
သစ္ဆိကရောတီတိ ဝုစ္စတိ}} ဆိုတဲ့ မိလိန္ဒပဥှာတိုနဲ့အညီ နိဗ္ဗာန်ကို မျက်မှောက်ြုပသွားတာပါဘဲ။ ဒီလိုနိဗ္ဗာန်ကို မျက်မှောက်
ြုပသွားနိုင်ဘို့ရာ မြတ်စွာဘုရားက မဟာသတိပဋ္ဌာန် တရားတော်ကို ဟောတော်မူခဲ့ပါတယ်။ နိဗ္ဗာန်သွားချင်ယင် သွားရအောင်
လို့ လမ်းစလောက်တော့ ညွန်ပြပြီးပါပြီ။ အပြည့်အစုံ သိချင်ကြယင်တော့ ဝိပဿနာရှုနည်းကျမ်းကိုဘဲ စေ့စေ့စပ်စပ် ကြည့်
ကြပါလေ။ တရားတော်ကိုတော့ ဒီမျှနဲ့ဘဲ အဆုံးသတ်တော့မယ်။
မဟာသတိပဋ္ဌာန်ဒေသနာတော်ကို လေးလေးစားစား အားထား ယုံကြည်နိုင်ကြပါစေ။
အားထား ယုံကြည်၍ သတိပဋ္ဌာန် ၄-ပါးကို ပွါးများအားထုတ်နိုင်ကြပါစေ။
ပြည့်ပြည့်စုံစုံ အားထုတ်နိုင်ကြ၍ မဂ်ဖိုလ် နိဗ္ဗာန်ကို အမြန်ဆိုက်ရောက်ကြပါစေ။
မဟာသတိပဋ္ဌာန် တရားတော်ကြီး ပြီးပြီ။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၄
မဟာစည်ဆရာတော်ဘုရား
ဟောကြားတော်မူသော
ဓမ္မစကြာ တရားတော်ကြီး ဆောင်ပုဒ်များ
၁-အစွန်းပယ်၊ အလယ်သွား
၁။ ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါ ရှောင်ရမည်။
၂။ မသုံးဆောင်ဘဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလဲ ရှောင်ရမည်။
၃။ အစွန်း ၂-သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်သည်။
၎။ လမ်းမှန်ကို လျှောက်၊ Óဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။
၂-မဂ္ဂင်ရှစ်တန် လမ်းမှန်၏သရုပ်
မှန်စွာ မြင်သိç ကြံမိ မှန်ကန်၊ (ပညာက္ခန္ဓာ ၂-ပါး)
မှန်စွာပြော-ြုပç ရှာမှုလမ်းမှန်၊ (သီလက္ခန္ဓာ ၃-ပါး)
မှန်စွာကြောင့်ကြç မှတ်ရမှန်ကန်၊ စူးစိုက်ကပ်၊ ရှစ်ရပ် မဂ်လမ်းမှန်။ = (သမာဓိက္ခန္ဓာ ၃-ပါး)
၃-အနုç အလတ်ç အရင့် မဂ္ဂင် ၃-မျိုး
၁။ မူလç ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။ (မူလမဂ္ဂင်၊ ပုဗ္ဗဘာဂ ဝိပဿနာ မဂ္ဂင်၊ အရိယမဂ္ဂင်)
၂။ ဖြစ်ပွါးစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
၎-သစ္စာလေးတန် အမှန်လေးပါး
၁။ ဒုက္ခသစ္စာ၊ ဆင်းရဲအစစ်အမှန်။
၂။ သမုဒယသစ္စာ၊ ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်။
၃။ နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ အစစ်အမှန်။
၎။ မဂ္ဂသစ္စာ၊ ဆင်းရဲငြိမ်းရာ ဆိုက်ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန်။
၅-ဒုက္ခသစ္စာ
၁။ ဖြစ် အို သေရေး၊ စိုးရိမ်ဆွေး၊ ငိြုွေကး-ကိုယ်နာကျင်။
၂။ နှလုံးမသာ၊ စိတ်ပြင်းစွာ၊ ပူတာ ဆင်းရဲပင်။
၃။ မုန်းသူနှင့်တွဲ၊ ချစ်သူကွဲ၊ ဆင်းရဲအမှန်ပင်။
၎။ မရတာ လို၊ ဒုက္ခဆို၊ တိုတိုပြောရလျှင်။
၅။ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ သစ္စာ ဒုက္ခပင်။
၆-ဥပါဒါန်နှင့် ဥပါဒါနက္ခန္ဓာ
၁။ ထင်လွဲç သာယာ၊ စွဲလမ်းတာ၊ ၂-ဖြာ ဥပါဒါန်။
၂။ ငါç ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။
၃။ ရုပ်ç ဝေç သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၅
၇-သမုသယသစ္စာ
၁။ ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာ နှစ်သက်မှု။
၂။ ဘဝတဏှာ၊ တည်မြဲသာ၊ ထင်ကာ နှစ်သက်မှု။
၃။ ဝိဘဝမှာ၊ ပြတ်စဲသာ၊ ထင်ကာ နှစ်သက်မှု။
၎။ ဆင်းရဲပွါးရန်၊ အကြောင်းမှန်၊ သုံးတန်တဏှာစု။

၈-နိရောဓနှင့်မဂ္ဂသစ္စာ
၁။ တဏှာချုပ်က၊ နိရောဓ၊ ဒုက္ခအငြိမ်းမှန်။
၂။ ငြိမ်းရာကိုပင်၊ ဆိုက်ရောက်မြင်၊ မဂ္ဂင် အကျင့်မှန်။
၉-Óဏ် ၃-ပါးနှင့် ゞင်းတို့၏ဖြစ်ရာကာလ
၁။ ရှေးနောက်ကာလ၊ မဂ်ခဏမှာ၊ လေးသစ္စာ၊ သိတာသစ္စÓဏ်။
(သစ္စÓဏ်သည် မဂ်၏ ရှေးကာလမှာရော နောက်ကာလမှာရော မဂ်ခဏမှာရော
ကာလသုံးပါးလုံး၌ ဖြစ်သည်ဟု ဆိုလို၏)
၂။ သိသင့်ç ပယ်သင့်၊ ဆိုက်ç ပွါးသင့်၊ သိနှင့် ကိစ္စÓဏ်။
(ကိစ္စÓဏ်သည် မဂ်၏ ရှေးအဘို့ကပင် သိနှင့်သည် ဖြစ်နှင့်သည်ဟု ဆိုလို၏။)
၃။ ကိစ္စပြီးလျှင်၊ ပြီးကြောင်းမြင်၊ ခေါ်တွင် ကတÓဏ်။
(မဂ်ကိစ္စ ပြီးသောအခါ၌ ပြီးကြောင်း ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာÓဏ်ကတÓဏ်
ဖြစ်သည်ဟု ဆိုလို၏။)


၁၀-သစ္စÓဏ်၏ ကိစ္စ ၄-ပါး
၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရသည်၊ ဤသို့ သိတာကို ပရိညာပဋိဝေဓ ခေါ်သည်။
၂။ သမုဒယ သစ္စာကို ပယ်ရသည်၊ ဤသို့ ပယ်တာကိုပင် ပဟာနပဋိဝေဓ ခေါ်သည်။
၃။ နိရောဓသစ္စာကို မျက်မှောက်ြုပရသည်၊ ဤသို့ မျက်မှောက်ြုပတာကို သစ္ဆိကိရိယာပဋိဝေဓ
ခေါ်သည်။
၎။ မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွါးစေရသည်။ ဤသို့ ဖြစ်ပွါးစေတာကိုပင် ဘာဝနာပဋိဝေဓ
ခေါ်သည်။
၅။ လေးသစ္စာမှ၊ နိရောဓ၊ မဂ်က သိမြင်လျှင်။
၆။ ပဋိဝေဓ၊ လေးကိစ္စ၊ ပြီးကြ အားလုံးပင်။

မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၆
ကန်တော့ခန်း
 ဩကာသç ဩကာသç ဩကာသ၊ ကာယကံç ဝစီကံç မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍
အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေး ကင်းကြောင်း ကောင်းမှု မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာç တရားရတနာç
သံဃာရတနာတည်းဟူသော ရတနာမြတ်သုံးပါး (ဆရာသမား) တို့ကို အရိုအသေလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့
ကန်တော့ပါ၏ အရှင်ဘုရား။
[ဆုပေးမည့်ပုဂ္ဂိုလ်ရှိလျှင် ဤတွင်ရပ်ပါ]
ဆုပေးမည့်ပုဂ္ဂိုလ်မရှိလျှင်
အောက်ပါဆုတောင်းကိုဆက်တောင်းပါ
 ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်(၄)ပါးç ကပ်(၃) ပါးç ရပ်ပြစ်(၈) ပါးç ရန်သူမျိုး(၅)
မျိုးç ဝိပတ္တိတရား(၄) ပါးç ဗျသနတရား(၅) ပါးç အနာမျိုး(၉၆) ပါးç မိစ္ဆာဒိဋ္ဌိ(၆၂) ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်း
သည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏။ (အရှင်ဘုရား)။
 အစိေႏၱယ် အစိေႏၱယ်၊ အပၸေမယ် အပၸေမယ်၊ မႀကံဆ မနှိုင်းယှဉ် နိုင်ကောင်းသော ဂုဏ်တော်ပေါင်း အနန္တနှင့် လုံးဝ
ဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၁။ (က) အရဟံ-လွန်ကဲ ထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိÓဏဒဿနဂုဏ်တို့နှင့် ပြည့်စုံ
တော်မူသောကြောင့် လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသော မြတ်စွာဘုရား။
၁။ (ခ) အရဟံ-ဝါသနာနှင့်တကွ တထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစက်ကြယ်တော်မူပေသော
မြတ်စွာဘုရား။
၁။ (ဂ) အရ-ဟံ၊ လောဘ ဒေါသ မောဟ အစရှိသော ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား။
၁။ (ဃ) အရ-ဟံ သံသရာစက်၏ ထောက် အကန့် တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။
၁။ (င) အ-ရဟံ မျက်မှောက် မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူသော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ- သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတပါးအထံနည်းမခံဘဲ ကိုယ်တိုင်Óဏ်အဟုန် အစွမ်း
ဖြင့် စူးစမ်း ရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာမည်သော Óဏ်ထူး ၃-ပါးç Óဏ်ထူး ၈-ပါး၊ စရဏ မည်သော အခြေခံအကျင့်တရား
၁၅-ပါးတို့နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၎။ (က) သုဂတော-သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာြွမက်ဆိုတော် မူတတ်ပေသော
မြတ်စွာဘုရား။
၎။ (ခ) သုဂတော-မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် ကောင်းစွာ သွားခြင်းç ကောင်းစွာဖြစ်ခြင်း ရှိတော်မူပေသော
မြတ်စွာဘုရား။
၅။  လောကဝိဒူ-လောက၏ အကြောင်းအရာအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
၆။ (က) နုတ္တရော-အမြင့်အမြတ်ဆုံးဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိÓဏဒဿနဂုဏ်တို့နှင့်
ပြည့်စုံတော် မူသောကြောင့် လောကဓာတ်အလုံး၌ အမြင့်အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရား။
၆။ (ခ) ပုရိသဒမ္မသာရထိ-ယဉ်ကျေး လိမ္မာ ပညာ အသိမရှိကြသေး မပြည့်ဝသေး၍ ဆုံးမပေးထိုက်သော ပုဂ္ဂိုလ်တို့အား
ယဉ်ကျေးလိမ္မာ ပညာ ပြည့်ဝအချိုးကျအောင် ဆုံးမ သွန်သင်တော်မူတတ်ပေသော မြတ်စွာဘုရား။
မဟာသတိပဋ္ဌာန်တရားတော်ကြီး ၁၇
၆။ (ဂ) အနုတ္တရော ပုရိသဒမ္မသာရထိ-ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်
ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၇။ သတ္တာ ဒေဝမနုဿာနံ-ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြ ဆုံးမတော် မူတတ်၍ လူနတ်တို့၏ ဆရာမြတ်အစစ်
ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ-တရားအလုံးစုံကို အကုန် သိတော်မူပေသော မြတ်စွာဘုရား။
၉။ ဘဂဝါ-ဘုန်းတော်အနန္တ ကံတော်အနန္တ Óဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့ဖြင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေ
သော မြတ်စွာဘုရား။
 အရဟံအစရှိသော ကိုးပါးသောဂုဏ်တော် ဆယ်ပါးသောဂုဏ်တော် အနန္တဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့နှင့်
ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး
ပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ မြတ်စွာဘုရား။

ဝိပဿနာအလုပ်ပေး တရားတော်ကြီး



နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မြတ်စွာဘုရား၏ သာသနာတော်၌ တွြေု့ကံ့နေရတဲ့အခါမှာ အရေးအကြီးဆုံး လုပ်ငန်းက မိမိတို့ သန္တာန်မှာ သီလç သမာဓိç ပညာဆိုတဲ့ ဒီအကျင့်နှစ်ခု ပြည့်စုံအောင် အားထုတ်ဖို့ဟာ အရေးကြီးဆုံးပဲ၊ သီလလဲ ပြည့်စုံရမယ်၊ သမာဓိလဲ ပြည့်စုံရမယ်၊ ပညာလဲ ပြည့်စုံရမယ်။

သီလဆိုတာ ဘာလဲဆိုလို့ရှိရင် လူများမှာ အောက်ထစ်ဆုံးအားဖြင့် ငါးပါးသီလ (အာဇီဝဋ္ဌမကသီလ) ပြည့်စုံရမယ်။
ရဟန်းများ မှာတော့  ပါတိမောက်သီလ  ပြည့်စုံရမယ်၊  ဒီသီလပြည့်စုံတယ်ဆိုရင်  လူ့ဘဝç နတ်ဘဝç ကောင်းရာဘဝတွေ
ရောက်ပြီးတော့ ကောင်းစားချမ်းသာသွားနိုင်တယ်။ ဒါပေမယ့် ဒီလောကီ သီလလောက်နဲ့တော့ အပါယ်ဘေးက လုံးဝလွတ်ပြီ
လို့ စိတ်မချရသေးဘူး၊ ဒါကြောင့် လောကုတ္တရာသီလနဲ့လဲ ပြည့်စုံအောင်အားထုတ်ရမယ်၊ လောကုတ္တရာသီလဆိုတာ မဂ် သီလ-ဖိုလ်သီလ၊ ဒီမဂ်သီလ ဖိုလ်သီလနဲ့ ပြည့်စုံသွားရင်တော့ အပါယ်လေးပါးကို ဘယ်တော့မှ မကျတော့ဘူး၊ လူ့ဘဝç နတ်ဘဝç ဆိုတဲ့ ဘဝကောင်းတွေမှာချည်းဖြစ်ပြီး အစဉ်ထာဝရ ကောင်းစားချမ်းသာသွားတော့တာပဲ။ ဒါကြောင့် မိမိတို့သန္တာန် မှာ အဲဒီ မဂ်သီလç ဖိုလ်သီလတွေနဲ့ ပြည့်စုံအောင် အားထုတ်ကြရမယ်။ တကယ်တမ်း အားထုတ်ရင် ပြည့်စုံလဲ ပြည့်စုံနိုင်ပါ တယ်။ ဒီလို အခါကောင်းကြီးထဲမှာ အားမထုတ်မိဘဲ အဲဒီ မဂ်ဖိုလ်သီလထူးတွေနဲ့ လွဲသွားရမယ်ဆိုရင် အများကြီးပဲ ဝမ်းနည်း စရာ ကောင်းတယ်၊ အကုသိုလ် ကံတွေက အခွင့်ရတိုင်း အကျိုးပေးပြီး အပါယ်လေးပါးကို ပစ်ချလိမ့်ဦးမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတွေကို ရောက်ရောက်ပြီးတော့ အနှစ်သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာ ဆင်းရဲဒုက္ခတွေနဲ့ တွြေု့ကံခံစားသွားရ လိမ့်ဦးမယ်၊ ဒါကြောင့် ယခုလို ဘုရားသာသနာတော်ကြီးနဲ့ တွြေု့ကံနေရတဲ့အခါဟာ အဲဒီလောကုတ္တရာ မဂ်ဖိုလ် သီလနဲ့ ပြည့်စုံအောင် အားထုတ်ဖို့အချိန်ပဲ။

ပြီးတော့  ဒီမဂ်-ဖိုလ်သီလဆိုတာကလဲ  သူ့ချည်း  သက်သက်အားထုတ်လို့  ဖြစ်တာမဟုတ်ဘူး၊ သမာဓိကိုလဲ အားထုတ်ရသေးတယ်၊ သမာဓိဆိုတာက ဘာလဲဆိုလို့ရှိရင် စိတ်တည်ကြည်မှု၊ စိတ်ငြိမ်သက်မှုပါပဲ၊ ပကတိစိတ်တွေက သွားချင်တိုင်းသွားနေတယ်၊ ထိန်းထားလို့ကို မရနိုင်ဘူး၊ သူ့ဟာသူ သွားချင်ရာသွားç ရောက်ချင်ရာရောက်ç စိတ်ကူးချင်ရာ ကူးနေတယ်။ အဲဒီလို စိတ်ကလေးတွေ သွားချင်တိုင်းမသွားနိုင်အောင် သမာဓိ အာရုံတစ်ခုခုကို စူးစိုက်ပြီး အဖန်ဖန် နှလုံး သွင်းနေရမယ်။ ဒီလို နှလုံးသွင်းဖန်များတော့ ကိုယ်နှလုံးသွင်းတဲ့ အာရုံထဲမှာသာ ငြိမ်ဝပ်ရပ်တည်နေပြီး နေတယ်။ အဲဒါဟာ သမာဓိပဲ။

ဒီသမာဓိကလဲ လောကီနဲ့ လောကုတ္တရာ ၂-မျိုးရှိတ ယ်။ ဒီ ၂-မျိုးထဲမှာ သမထဘာဝနာကို အားထုတ်ရင် ရူပဈာန်၊ အရူပဈာန်ဆိုတဲ့ လောကီဈာန် သမာဓိတွေကို ရသွားနိုင်တယ်။ ဒီဈာန်သမာဓိတွေနဲ့ အင်မတန် အသက်တမ်းရှည်တဲ့ ဗြဟ္မာ့ဘုံ တွေကို ရောက်သွားနိုင်တယ်။ အဲဒီမှာ ရောက်ပြီးတော့ တစ်ကမ္ဘာç နှစ်ကမ္ဘာç လေးကမ္ဘာç ရှစ်ကမ္ဘာ စသည်ဖြင့် ကမ္ဘာပေါင်း
ရှစ်သောင်းလေးထောင်တိုင်အောင် အသက်ရှည်ပြီး တည်နေနိုင်တယ်။ ဒါပေမယ့် အသက်တမ်း ကုန်တဲ့အခါ ကျတော့ အဲဒီ ဗြဟ္မာဘဝက သေရပြန်တာပဲ။ သေပြီးတော့ လူ့ပြည်ç နတ်ပြည်ကို ပြန်ရောက်လာတယ်။ ဒီလိုရောက်လာတဲ့ အခါမှာလဲ ကောင်းကောင်းမွန်မွန်ချည်း  နေသွားမယ်  ဆိုရင်တော့  ဘဝကောင်းတွေချည်း ဖြစ်သွားဖို့ပါပဲ။ ဒါပေမယ့် ကိလေသာက မကင်းသေးတော့ မကောင်းမှုကိုလဲ သြူုပမိဦးမှာပဲ၊ ဒီတော့ အဲဒီမကောင်းမှုက အကျိုးပေးပြီး အပါယ်လေးပါးသို့လဲ ကျရောက် သွားနိုင်သေးတာပဲ။ ဒါကြောင့် ဒီလောကီ သမာဓိလောက်နဲ့ စိတ်မချရသေးဘူး၊ လောကုတ္တရာသမာဓိနဲ့လဲ ပြည့်စုံအောင် အားထုတ်ရဦးမယ်။ လောကုတ္တရာ သမာဓိဆိုတာ မဂ်သမာဓိç ဖိုလ်သမာဓိပဲ၊ ဒီသမာဓိကလဲ ပညာပါ ပြည့်စုံမှ သူကလဲ ပြည့်စုံတယ်၊ ဒါကြောင့် ပညာကိုလဲ ပြည့်စုံအောင် အားထုတ်ရသေးတယ်၊ ဒီပညာကလဲ လောကီနဲ့ လောကုတ္တရာ ၂-မျိုး
ရှိတာပဲ၊ ယခုကာလမှာ လက်မှုပညာç နှုတ်မှုပညာအစရှိတဲ့ လောကရေးရာ အသိအလိမ္မာပညာတွေကိုလဲ လောကီပညာလို့ပဲ
ခေါ်နေရတယ်။

ဒါပေမယ့် ဒီပညာမျိုးတွေကတော့ ဘာဝနာနဲ့လဲ  မဆိုင်ဘူး။ ကုသိုလ်တရားရယ်လို့လဲ မုချကိန်းသေမဟုတ်ဘူး၊ ဘာကြောင့်လဲ ဆိုရင်တော့ ယခုသတ္တဝါတွေ အမြောက်အမြား သေကြေပျက်စီးအောင် လုပ်နေကြတာဟာ ဒီပညာတွေနဲ့ လုပ်နေကြတာပဲ၊ လောဘ ဒေါသ အကုသိုလ်တွေနဲ့ လုပ်နေကြတာပဲ၊ ပညာအစစ် ဆိုတာကတော့ အကုသိုလ်ရယ်လို့ မရှိဘူး၊ ကုသိုလ်ချည်းပဲ။

ဒါကြောင့် လောကီပညာအစစ်ဆိုတာကတော့ သတ္တဝါအများ ကောင်းစားချမ်းသာရေးကို ကြံစည် သိမြင်တာရယ်၊ တရား ကျမ်းဂန်အရာမှာ သဘာဝကျကျ သိမြင်တာရယ်၊ ဝိပဿနာ ပညာရယ်၊ ဒီသုတမယ၊ စိန္တာမယ၊ ဘာဝနာမယ အသိÓဏ် ပညာတွေဟာ လောကီပညာ အစစ်တွေပဲ၊ ဒ်ီလောကီပညာတွေနဲ့ ပြည့်စုံရင်လဲ ကုသိုလ်တွေဖြစ်ပွားပြီး ကောင်းစား ချမ်းသာသွားနိုင်တယ်၊ ဒါပေမယ့် ဒီလောကီပညာလောက်နဲ့လဲ အပါယ်လေးပါးကတော့ လုံးဝလွတ်ပြီလို့ မဆိုနိုင်သေးဘူး၊
ဒါကြောင့် အပါယ်ဘေးက လုံးဝလွတ်မြောက်ချင်ရင် လောကုတ္တရာ ပညာနဲ့လဲ ပြည့်စုံအေင် အားထုတ်ရဦးမယ်။

လောကုတ္တရာ ပညာဆိုတာ မဂ်Óဏ်-ဖိုလ်Óဏ်ပဲ၊ ဒီ မဂ်Óဏ်၊ ဖိုလ်Óဏ်ကိုရအောင် ဘာကိုအားထုတ်ရမလဲ
ဆိုလို့ရှိရင် သီလç သမာဓိç ပညာဆိုတဲ့ ဒီအကျင့် ၃-မျိုးထဲမှာ ပညာ အကျင့်ဆိုတဲ့ ဝိပဿနာ ဘာဝနာကို အားထုတ်ရမယ်၊
ဒီပညာဘာဝနာက ပြည့်စုံသွားရင်တော့ သီလရောç သမာဓိရောç ပညာရော အကုန်လုံး တစ်ပါးတည်း ပြည့်စုံသွားတော့တာပဲ။

ဒီပညာဘာဝနာက ဘယ်လိုအားထုတ်ရတာလဲဆိုလို့ရှိရင်  မိမိသန္တာန်မှာ ထင်ရှားရှိတဲ့ ရုပ်တရားç နာမ်တရားတွေကို အမှန်အတိုင်း သိအောင်ခွဲစိတ်ပြီးရှုရတာပါပဲ။

ယခုခေတ် လောကဓာတ်ပညာတွေနဲ့ ဓာတ်ခွဲတယ်ဆိုတာကတော့ ဓာတ်အိုး ဓာတ်ခွက်တွေ၊ ဓာတ်မှန်တွေ ဒီလိုç ကိရိယာတန်ဆာပလာတွေအမျိုးမျိုးနဲ့ ရုပ်ဓာတ်တွေကို ခွဲစိတ်ပြီး ကြည့်ကြတယ်။ ဒါပေမယ့် နာမ်တရားကိုတော့ သူတို့နည်းနဲ့ မခွဲနိုင်ကြပါဘူး။ ဟော ..... ငါတို့မြတ်စွာဘုရားရဲ့  ဓာတ်ခွဲနည်းကတော့ ဘယ်လိုကိရိယာ တန်ဆာပလာမှ အကူအညီ မလိုဘူး၊ ရှုမှတ်တဲ့စိတ်ကလေးတခုတည်းနဲ့ ရုပ်တရားတွေကိုလဲ ခွဲစိတ်ကြည့်နိုင်တယ်။ နာမ်တရားတွေကိုလဲ ခွဲစိတ်ကြည့်နိုင် တယ်။ ဘယ်လိုလဲဆိုတော့ မိမိတို့ သန္တာန်မှာ ဖြစ်ပျက်နေတဲ့ ရုပ်ç နာမ်တရားတွေကို သူဖြစ်ပျက်နေတဲ့အတိုင်း ဖြစ်ခိုက်ç ဖြစ်ခိုက်မှာလိုက်ပြီး  ရှုနေရုံပါပဲ။  ဒီလိုမပြတ်ရှုနေရင် သမာဓိÓဏ် အားပြည့်လာတဲ့အခါမှာ ခဏမစဲဖြစ်ပျက်နေတဲ့ ရုပ်ç နာမ်တွေကို ကိုယ်တိုင်မျက်မှောက် တွေ့နိုင်တယ်။

ကိုယ်ထဲမှာ  ထင်ရှားနေတာက  ရုပ်တရားနဲ့  နာမ်တရားနှစ်ပါးပဲရှိတယ်၊  ရုပ်တရားက  တစ်မျိုးç  နာမ်တရားက တစ်မျိုး၊ ရုပ်တရားဆိုတာ ဘာလဲဆိုလို့ရှိရင် ကိုယ်အကောင်အထည်ကြီးအလိုက် ယခု ထင်ရှားတွေ့ နေရတာဟာ ရုပ်တရား တွေပါပဲ။ သူတို့ကို အမည်အသီးသီးနဲ့ ခွဲပြောမယ်ဆိုရင် ပထဝီဓာတ်၊ အာပေါဓာတ်ç တေဇောဓာတ်ç ဝါယောဓာတ်ç စက္ခု ဓာတ်၊ ရူပဓာတ် စသည်ဖြင့် ၂၈-ပါးတောင် ရှိတယ်။ ဒါပေမယ့်လိုရင်း အတိုချုပ် ဆိုရင်တော့ တစ်ကိုယ်လုံးç တစ်ကောင်လုံး အထည်ဝတ္ထုကြီးအနေနဲ့ ထင်ရှားတွေ့နေရတာတွေဟာ ရုပ်တွေပါပဲ၊ ဥပမာ ဆန်မှုန့်အသေးအမွှားကလေးတွေကို ရေနဲ့ရောစပ် ပြီး နယ်လိုက်တော့ အတုံးအခဲကြီး ဖြစ်လာတာလိုပါပဲ။ ဒီရုပ်ကိုယ်ကြီး ဆိုတာဟာလဲ ရုပ်အသေးအမွှား ကလေးတွေ အများကြီး စုပေါင်းပြီး ဖြစ်နေတဲ့ ရုပ်တုံးç ရုပ်ခဲကြီးç ရုပ်အစုအဝေးကြီးပါပဲ။ ဒီရုပ်တရားဆိုတာက အအေးနဲ့ တွေ့ရင်လဲ တစ်မျိုးတစ်မည်ပြောင်းလဲ ဖောက်ပြန်တတ်တယ်။ အပူနဲ့တွေ့ရင်လဲ တစ်မျိုးတစ်မည်ပြောင်းလဲ ဖောက်ပြန်တတ်တယ်၊ ဆန့်ကျင်ဘက်နဲ့ တွေ့တိုင်း တွေ့တိုင်း သူက ဒီလို တစ်မျိုးတစ်မည် ပြောင်းလဲဖောက်ပြန်ပြီး သွားတတ်တဲ့ အတွက်ကြောင့် သူ့ကို ပါဠိလို ]ရူပ}လို့ အမည် ပေးထားတယ်။ မြန်မာလိုကတော့ ]ရုပ်}လို့ခေါ်တယ်၊ သူ့ရဲ့သဘော သတ္တိကတော့ ရုပ်ဆိုတာ အာရုံကို မသိတတ်တဲ့ တရားပါပဲ၊ အဘိဓမ္မာပါဠိတော်မှာ နာမ်တရားနဲ့ ရုပ်တရားကို ]သာရမ္မဏာ ဓမ္မာ၊ အနာရမ္မဏာ ဓမ္မာ} လို့ ခွဲခြားပြီးတော့ ဟောထားတယ်။

သာရမ္မဏာ ဓမ္မာ အာရုံရှိတဲ့ နာမ်တရား၊ အာရြုံပတတ်တဲ့ နာမ်တရား၊ အာရုံကို သိတတ်တဲ့ နာမ်တရားက တစ်မျိုး
တဲ့။




အနာရမ္မဏာ ဓမ္မာ အာရုံမရှိတဲ့ရုပ်တရား၊ အာရုံမြုပတတ်တဲ့ ရုပ်တရား၊ အာရုံကို မသိတတ်တဲ့ ရုပ်တရားက တစ်မျိုး
တဲ့၊ ဒီလိုခွဲခြားထားတယ်။

ဒီအဘိဓမ္မာဒေသနာမှာ ရုပ်ဆိုတာ  အာရုံကိုမသိတတ်တဲ့  တရားပဲလို့  တိုက်ရိုက်ပြထားတယ်၊  ယောဂီပုဂ္ဂိုလ်ရဲ့ အသိÓဏ်ထဲမှာလဲ ရုပ်တရားတွေဟာ အာရုံကို မသိတတ်တဲ့အနေနဲ့ပဲ ထင်ရှားပါတယ်၊ တုံးတိုင်များ၊ အုတ်ခဲ၊ ကျောက်ခဲ များ၊ မြေကြီးခဲများ၊ သစ်ပင်တောတောင်များ အဲဒါတွေလဲ ရုပ်တရားတွေပဲ။ အဲဒီရုပ်တွေဟာ ဘာမှအာရုံကို မသိတတ်ဘူး၊
ဒါလိုပဲ ကိုယ်ထဲက ရုပ်တွေလဲဘာမှ မသိတတ်ဘူး၊ ပြီးတော့ လူအသေကောင်မှာရှိတဲ့ ရုပ်တွေဟာ ဘာမှမသိတတ်ဘူး၊
ဒါလိုပဲ လူအရှင်မှာရှိနေတဲ့ ရုပ်တွေလဲ ဘာမှမသိတတ်ဘူး၊ အတူတူပါပဲ။ ဒါပေမယ့် လောကလူတွေရဲ့ အထင်ကတော့ ]]ရုပ် တွေဟာ အသက်ရှင်နေတုန်းတော့ သိတတ်တယ်၊ သေသွားမှ မသိတာပဲ}}လို့ ဒီလိုထင်နေကြတယ်၊ ဒါပေမယ့် ဒီလိုထင်တဲ့ အတိုင်း မဟုတ်ပါဘူး၊ အမှန်မှာတော့ လူအသေကောင်မှာပဲ ဖြစ်ဖြစ်၊ လူအရှင်မှာပဲဖြစ်ဖြစ် ရုပ်ဆိုရင် ဘာမှမသိတတ်တာ ချည်းပဲ၊ သူ့သက်သက်နဲ့ဆိုရင် လှုပ်လဲမလှုပ်တတ်ဘူး၊ ရုပ်ဆိုတာ အသေသဘောချည်းပဲ။

ဒါဖြင့် ယခု သိသိနေတာကတော့ ဘာတုံးဆိုလို့ရှိရင် ရုပ်ကိုမှီပြီး ဖြစ်နေတဲ့ နာမ်တရားကလေးပဲ၊ နာမ်တရားဆိုတာ အသိတရားပါပဲ၊ အာရုံဆီကို ရောက်ရောက်ပြီး သိတတ်လို့ သူ့ကို ပါဠိလို ]]နာမ}}လို့ အမည်ပေးထားတယ်၊ မြန်မာလိုကတော့ သူ့ကိုနာမ်လို့ခေါ်တယ်၊ အများအားဖြင့်တော့ အဲဒီနာမ်တရားကို စိတ်လို့ပဲခေါ်နေကြပါတယ်။ အဲဒီအသိတရား၊ နာမ်တရား၊ စိတ်တရားကလေးဟာ ရုပ်ကိုမှီပြီးတော့ ဖြစ်နေတယ်၊ ဘယ်လိုလဲဆိုရင် မျက်စိရုပ်ကို မှီပြီးတော့ မြင်သိမှု ဖြစ်နေတယ်၊ နား
ရုပ်ကို မှီပြီးတော့ ကြားသိမှု ဖြစ်နေတယ်၊ နှာခေါင်းရုပ်ကို မှီပြီးတော့ နံသိမှုဖြစ်နေတယ်၊ လျှာရုပ်ကိုမှီပြီးတော့ အရသာ သိမှု
ဖြစ်တယ်၊ ကိုယ်ရုပ်ကို မှီပြီးတော့ အတွေ့၊ အထိ၊ အသိကလေးတွေ ဖြစ်နေတယ်၊ အကောင်း၊ အဆိုး၊ အတွေ့၊ အထိတွေ
တစ်ကိုယ်လုံးမှာ အများကြီးပါပဲ၊ မြင်တယ် ကြားတယ်ဆိုတာတွေကတော့ သူ့နေရာနဲ့သူ တစ်နေရာ၊ တစ်ကွက်ကလေး အတွင်းသာရှိတယ်၊ သူတို့ရဲ့ ဖြစ်ရာဌာနက သိပ်မကျယ်ဘူး၊ ဒီတွေ့ç ထိတယ်ဆိုတာကတော့ သူ့ဖြစ်ရာဌာနက သိပ်ကျယ်ဝန်း တာ၊ တစ်ကိုယ်လုံး အတွင်းရော၊ အပြင်ရောနှံ့လို့ အများကြီးပဲ၊ ကိုယ်ရုပ်ဆိုတာက အသွေးအသားစိုနေတဲ့ နေရာတိုင်းမှာ ပျံ့နှံ့ပြီး တည်ရှိနေတယ်၊ အဲဒီအသွေး အသားစိုနေတဲ့ နေရာတိုင်း နေရာတိုင်းကတွေ့၊ ထိပြီး သိနိုင်တယ်၊ ဒီတွေ့ç ထိသိတာလဲ နာမ်တရားပဲ၊ ပြီးတော့ နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးကြံစည်သိမှုတွေ အမျိုးမျိုး ဖြစ်နေတယ်၊ ဒါတွေဟာ အကုန်လုံး နာမ်တရားချည်းပဲ၊ သိတာဆိုရင် နာမ်တရားချည်းပဲ၊ ရုပ်မဟုတ်ဘူး၊ ရုပ်ဆိုတာကတော့ ဘာမှ မသိတတ်ဘူး။

ဒါပေမယ့် ပကတိလူတွေ ထင်မှတ်နေတာကတော့ မြင်တယ်ဆိုရင် မျက်စိကပဲ မြင်သွားတယ်၊ မြင်တာနဲ့ မျက်စိဟာ အတူတူပဲလို့ ဒီလိုထင်နေကြတယ်၊ ပြီးတော့ ]]မြင်တာဟာ ငါပဲ၊ ငါကပဲ မြင်သွားတယ်၊ မျက်စိရော မြင်တာရော ငါ တစ်ယောက်တည်းပဲ}}လို့ ဒီလိုလဲ ထင်နေကြတယ်၊ အမှန်ကတော့ ဒီလိုမဟုတ်ဘူး၊ မျက်စိကတခြား၊ မြင်သိတာကလေးက တခြားပဲ၊ ငါကောင်ရယ်လို့ မရှိဘူး၊ မျက်စိရုပ်ကိုမှီပြီး မြင်သိသွားတာ ကလေးပဲရှိတယ်။

ဥပမာ-ယခု ကျောင်းပေါ် လူထိုင်နေရာမှာ ကျောင်းကတခြား၊ လူကတခြားပဲ၊ ကျောင်းဟာလူမဟုတ်ဘူး၊ လူကလဲ ကျောင်းမဟုတ်ဘူး၊ တခြားစီကွဲနေတယ်၊ ဒါလိုပဲ မြင်တဲ့အခါမှာလဲ မျက်စိကတခြား၊ မြင်တာကတခြားပဲ၊ မျက်စိကလဲမြင်တာ မဟုတ်ဘူး၊ မြင်သိတာကလဲ မျက်စိမဟုတ်ဘူး၊ တခြားစီပဲကွဲနေတယ်။

တစ်နည်း-ဥပမာကတော့ အခန်းထဲမှာ ရှိနေတဲ့ လူက ပြတင်းပေါက်ကို ဖွင့်ပြီးကြည့်လိုက်ရင် အခန်းအပြင်ဘက်က အရာဝတ္ထုတွေကို အများကြီးပဲ မြင်သွားတယ်၊ ဒီလိုမြင်တာဟာ ဘယ်သူက မြင်တာလဲ၊ ပြတင်းပေါက်ကမြင်တာလား၊ လူက မြင်တာလား ဆိုလို့ရှိရင် ပြတင်းပေါက်ကတော့ ဘယ်မြင်တတ်မလဲ၊ လူကမြင်သွားတာပါပဲ၊ ဒါပေမယ့်လို့ ပြတင်းပေါက် မရှိရင် လူက အဲဒီအပြင်ကဟာတွေကို မြင်နိုင်ပါ့မလား၊ ဒီလိုလဲ မမြင်နိုင်ဘူး၊ ပြတင်းပေါက်ရှိမှ ပြတင်းပေါက်ကနေပြီး ကြည့်မှ အဲဒါတွေကို မြင်နိုင်တယ်၊ အပေါက်မရှိတဲ့ နံရံပိတ်ကာထားခဲ့တဲ့ နေရာကနေပြီး ကြည့်လို့တော့ အပြင်ကဟာတွေကို မမြင်နိုင်ဘူး၊ အဲဒီလိုပါပဲ၊  မြင်တာဟာ  မျက်စိနဲ့  တခြားစီပါပဲ၊  မျက်စိကမြင်တာမဟုတ်ပါဘူး၊ မြင်တာကလဲ  မျက်စိ မဟုတ်ပါဘူး၊ သို့ပေမယ့် မျက်စိရှိမှပဲ မြင်သိမှုက ဖြစ်နိုင်တယ်၊ မျက်စိရုပ်ကို မှိပြီးတော့မှ မြင်သိကလေးက ဖြစ်တယ်။

အဲဒီတော့ မြင်တိုင်းမြင်တိုင်း၊  မြင်ခိုက်ခဏမှာ  ထင်ရှားတာက  မျက်စိရုပ်ရယ်၊  မြင်ရတဲ့အဆင်းရယ်၊  မြင်သိတဲ့ နာမ်ကလေးရယ် ဒီ ၃-ခုပဲရှိတယ်၊ ဒီ ၃-ခုထဲမှာ အဆင်းရုပ်ဆိုတာကတော့ တစ်ရံတစ်ခါမှာ ကိုယ်တွင်းသန္တာန်က ထင်ရှား တယ်၊ တစ်ရံတစ်ခါမှာ အပြင်ပသန္တာန်က ထင်ရှားတယ်၊ အဲဒီမြင်ရတဲ့ အဆင်းရုပ်ရယ်၊ မျက်စိရုပ်ရယ်၊ သူတို့နှစ်ခုကတော့ ဘာကိုမှ မသိတတ်ဘူး၊  သူများရဲ့ အသိခံရုံလောက်ပဲ၊ မြင်တယ်ဆိုတဲ့ နာမ်ကတော့ မြင်ရတဲ့ အဆင်းကို သိတတ်တယ်၊ မြင်ရတာကို ဘယ်လိုဟာလဲလို့  သူကသိသိသွားတယ်၊ ဒါကြောင့် မြင်ဆဲ ခဏမှာ ထင်ရှားတာက မသိတတ်တဲ့ ရုပ်နဲ့ သိတတ်တဲ့နာမ်၊ ဒီရုပ်ç နာမ်နှစ်ပါးပဲ ထင်ရှားတယ်၊ ဒီရုပ်ç နာမ်နှစ်ပါးတွဲပြီး ထင်ရှားဖြစ်သွားတာကို မြင်တယ်လို့ ခေါ်နေရ တာပဲ။

ဝိပဿနာÓဏ်အမြင် မရှိသေးတဲ့ ပကတိလူတွေကတော့ ဒီလိုမြင်သွားတာကိုပဲ ငါကောင်၊ သတ္တဝါကောင်၊ အသက်ကောင်လို့ ထင်နေကြတယ်၊ မြင်တာဟာ ငါပဲ၊ ငါကပဲ မြင်သွားတယ်၊ ငါကပဲ သိသွားတယ်လို့ ဒီလိုထင်နေကြတယ်၊ အဲဒီလို ထင်နေတာကို သက္ကာယဒိဋ္ဌိ ခေါ်တာပဲ၊ သက္ကာယဒိဋ္ဌိဆိုတဲ့ ပါဠိအမည်ထဲမှာ သက္ကာယက တစ်ပုဒ် ဒိဋ္ဌိကတစ်ပုဒ်၊ သက္ကာယဆိုတဲ့ပုဒ်က ထင်ရှားရှိတဲ့ ရုပ်နာမ်ကို ဆိုလိုတယ်၊ ဒိဋ္ဌိဆိုတဲ့ပုဒ်က အထင်မှား၊ အမြင်မှားတာလို့ ဆိုလိုတယ်၊
ဒါကြောင့် သက္ကာယဒိဋ္ဌိဆိုတာ အဟုတ်တကယ် ထင်ရှားရှိတဲ့ ရုပ်၊ နာမ်အစုအပေါ်မှာ အထင်အမြင်မှားတာလို့ ဆိုလိုတယ်၊
အထင်အမြင်မှားပုံကို ထပ်ပြီးတော့ ရှင်းပြဦးမယ်၊ မြင်ခိုက်မှာ အဟုတ်တကယ် ထင်ရှားရှိတာက မျက်စိရုပ်ရယ်၊ မြင်ရတဲ့ အဆင်းရုပ်ရယ်၊ မြင်သိတဲ့ စိတ်နာမ်ကလေးရယ်၊ ဒီရုပ်နာမ် နှစ်မျိုးပဲရှိတယ်၊ ဒီရုပ်နာမ်နှစ်မျိုးတည်း အဟုတ်ရှိ၊ တကယ်
ရှိနေတာ အမှန်ပဲ၊ ဒီလိုအဟုတ်ရှိç တကယ်ရှိနေတဲ့ ရုပ်နာမ်အစုဝေးကို လူတွေက ဘာထင်နေကြတုန်းဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ငါကောင်လို့ ထင်နေကြတယ်၊ မြင်တာလဲငါပဲ၊ မြင်ရတာလဲငါပဲ၊ ငါ့ကိုယ်ကို ငါမြင်သွားတာပဲလို့ ဒီလိုထင်နေကြတယ်၊ အဲဒီလို ထင်တာဟာ ငါကောင်မဟုတ်တဲ့ မြင်မှုရုပ်နာမ်တရားရဲ့ အပေါ်မှာ ငါကောင်အနေနဲ့ အထင်အမြင်မှားသွားတာပဲ၊
ဒါကြောင့် ဒီလိုတကယ်ပဲ ထင်မှတ်စွဲလမ်းနေရင် အဲဒါကို သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။

ဒီသက္ကာယဒိဋ္ဌိ မကင်းသေးသမျှ ကာလပတ်လုံး အပါယ်လေးပါးက မလွတ်မြောက်သေးဘူး၊ ကုသိုလ်က အကျိုး ပေးနေလို့ လူ့ပြည်နတ်ပြည်မှာ ဖြစ်နေရပေမယ့်လို့ စိတ်မချရသေးဘူး၊ မကောင်းမှု အကုသိုလ်တွေက အခွင့်ရလို့ အကျိုး ပေးတဲ့အခါမှာ အပါယ်လေးပါးလဲ ကျကျသွားတတ်သေးတာပဲ၊ ဒါကြောင့် ဒီသက္ကာယဒိဋ္ဌိလုံးလုံး ကင်းသွားအောင် အားထုတ်
ရမယ်ဆိုတာကို မြတ်စွာဘုရားက ]]သက္ကာယဒိဋ္ဌိ-ပဟာနာယသတောဘိက္ခု  ပရိဗ္ဗဇေ}}လို့ ဒီလို အရေးတကြီး မိန့်မှာထားခဲ့
တယ်။

ဆိုလိုတာကတော့ သံသရာထဲမှာ ကျင်လည်နေတဲ့ သူဟာ မအိုချင် မနာချင် မသေချင်ပေမယ်လို့ မနေရဘူး၊ တစ်နေ့ကျတော့ အိုရတယ်၊ မကျန်းမာ နာဖျားရတယ်၊ သေရတယ်၊ သေပြီးပြန်တော့လည်း တစ်ဖန်ဘဝအသစ် မဖြစ်ချင် ပေမယ်လို့ မနေရဘူး၊ ဖြစ်ရပြန်တာပဲ၊ ဖြစ်ပြန်တော့လည်း ကိုယ်ဖြစ်ချင်ရာမှာချည်း ဖြစ်ရတာလည်း မဟုတ်ဘူး၊ သက္ကာယ
ဒိဋ္ဌိ မကင်းသေးတဲ့ ပုဂ္ဂိုလ်မှာဆိုရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်ဘဝဆိုးတွေမှာ မဖြစ်ပရစေနဲ့လို့ ဒီလို တောင့်တလို့လည်း ရတာမဟုတ်ဘူး၊ ကံအားလျော်စွာ သူဖြစ်ချင်ရာ ဖြစ်သွားတာပဲ၊ ဒါကြောင့် သံသရာဆိုတာ သေသေ ချာချာသိရင် သိပ်ကြောက်စရာကောင်းတယ်၊ အဲဒီ ကြောက်စရာကောင်းတဲ့ သံသရာဘေးကြီးကို သိမြင်ပြီးတော့ သံသရာက လွတ်မြောက်အောင် နိဗ္ဗာန်ရောက်အောင် အားထုတ်ရမယ်တဲ့၊ သံသရာကြီးတစ်ခုလုံးက မလွတ်မြောက်သေးတောင် အပါယ် သံသရာက လွတ်မြောက်သွားအောင် အားထုတ်ရမယ်တဲ့၊ အပါယ်လေးပါးကို ကျစေနိုင်တဲ့ သက္ကာယဒိဋ္ဌိကို အြွကင်းမဲ့ ပယ်နိုင်အောင် အားထုတ်ရမယ်တဲ့၊ သက္ကာယဒိဋ္ဌိကို အြွကင်းမဲ့ပယ်နိုင်တဲ့ အရိယမဂ်ç ဖိုလ်တရားတွေç လောကုတ္တရာ သီလç သမာဓိç ပညာတွေနဲ့ ပြည့်စုံအောင် အားထုတ်ရမယ်တဲ့၊ ဘယ်လိုအားထုတ်ရမှာလဲဆိုတော့ ....... (သတော-အမှတ်ရလျက်၊ ပရိဗ္ဗဇေ-ကိလေသာနယ်အတွင်းမှ ထွက်သွားရမယ်တဲ့) သက္ကာယဒိဋ္ဌိအစွဲအလမ်းက ကင်းသည့်တိုင် အောင်မြင်မှုç ကြားမှု အစရှိတဲ့ ရုပ်နာမ်တွေကို အမှတ်ရမှု သတိနဲ့ ရှုမှတ်သွားရမယ်တဲ့။

ဒါကြောင့် ဘုန်းကြီးတို့က  ဝိပဿနာအလုပ်ကို အားထုတ်ကြဖို့ တိုက်တွန်းဟောပြောနေကြရတာ၊ ယခု ယောဂီ တွေလည်း ဒီ ဝိပဿနာအလုပ်ကို အားထုတ်မယ်လို့ ရောက်လာကြတယ်၊ တော်တော်ကြာရင် အပြည့်အစုံ အားထုတ်ပြီး အရိယာမဂ်ç ဖိုလ်ကို ဆိုက်ရောက်သွားကြလိမ့်မယ်၊ ဒီတော့ သက္ကာယဒိဋ္ဌိကင်းပြီး အပါယ်လေးပါးက လွတ်မြောက်သွားကြ တော့မှာပဲ။

အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ၊ မြင်တိုင်းç မြင်တိုင်း မြင်တယ်ç မြင်တယ်လို့ ရှုမှတ်ရမယ်၊ (ရှုတယ်ç မှတ်တယ်ဆိုတာ သေသေချာချာသိအောင်လို့ အသိÓဏ်နဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ) ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါ တစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ် ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့ သိç သိသွားတယ်၊ ဘယ်ဟာပဲ မှတ်မိ သည်ဖြစ်စေ  တစ်ခုခုမှတ်မိလို့  တစ်ခုခုသိလာရင်  ပြီးတာပဲ၊  တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်ြးုပပြီး
]]ပုဂ္ဂိုလ် သတ္တဝါç ငါကောင်}}လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊
ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘဝသစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့
သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ၊ ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ
မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။

ကြားခိုက်စသည်မှာလည်း အတူတူပဲ၊ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာပဲ၊ နားကလည်းရုပ်၊ ကြားတာကလည်းရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်းç ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။

နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။

လျှာက အရသာကို စားသိတိုင်း သိတယ်ç သိတယ်လို့ မှတ်ရမယ်။

ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်းç နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည်ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊
ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုးç အတွေ့အထိတွေကို ကာယဝိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိçသိသွားတယ်၊
ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်
နှစ်ပါးပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်းç ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိ ကို မှတ်ပုံပဲ။

ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ်ç ပူတယ်ç နာတယ်ç ကျင်တယ်ç ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ၊ အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ်ç ပူတယ်၊ နာရင်လည်း နာတယ်ç နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။

လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက်ç ဆန့်လိုက်ç လှုပ်ရှာြးုပပြင်လိုက်လို့ရှိရင်လည်း လက်ထဲç ခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာပဲ၊ ကွေးချင်ç ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ်ç ဆန့်ရုပ်ç လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယÓဏ်ဖြစ်အောင်လို့ စောစောကြုကိတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှားြုပပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်း လုပ်နေတာပဲ၊ ကွေးမယ်ç ဆန့်မယ်ç လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့်ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာပဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ပဲတွေ့သွားပါလိမ့်မယ်။

ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ်ç ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စç စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယဝိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွား တယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်၊ အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲç ငါကွေးတာနဲ့ ငါဆန့်တာပဲç ငါ့လက်ပဲç ငါ့ခြေပဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ်ç ဆန့်တယ်ç လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။

ပြီးတော့   စိတ်ကူးကြံစည်တဲ့အခါမှာလည်း   နှလုံးရုပ်ကို   မှီပြီးတော့   စိတ်ကူးစဉ်းစားမှု   ကြံသိမှုကလေးတွေ
ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က
ရုပ်တရား၊  စိတ်ကူးစဉ်းစားကြံသိနေတာက  နာမ်တရားç  ဒီရုပ်နာမ်  နှစ်ပါးပဲရှိတယ်၊  ဒီရုပ်နာမ်ကလေးတွေကိုလည်း
သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း စိတ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။

ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်၊ စိတ်ကလေးဟာ ဘယ်မှမသွားတော့ပဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရလိမ့်မယ်၊ အဲဒီအခါမှာ အသိÓဏ် ကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။

ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော်တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း
မှတ်တိုင်း မမြဲတာချည်းပဲတွေ့ရတယ်။

အသစ်အသစ် ပေါ်လာလိုက်ç ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက်ç ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက်ç အဲဒါကိုရှုမှတ်လိုက်ç သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည်ç ပျောက်ချည် တရားချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်း ]]ပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲ}}လို့
ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။

ပြီးတော့ ]]ဖြစ်ချည် ပျက်ချည် ဆင်းရဲချည်းပဲ}}လို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ]]ဒုက္ခာနုပဿနာ}}ပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက်ç ပူလိုက်ç နာကျင် ကိုက်ခဲလိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊  အဲဒါတွေကို  ရှုရတော့  တစ်ကိုယ်လုံးဟာ  ဆင်းရဲ  အစုအဝေးကြီးလိုဖြစ်ပြီးတော့  ထင်လာမယ်၊  ဒါလဲ
ဒုက္ခာနုပဿနာပဲ။

ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် ]]အစိုးမရတဲ့တရား ငါကောင် သတ္တဝါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ}}လို့လဲ သဘောကျလာ မယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။

ဒီအနိစ္စç ဒုက္ခç အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့အခါကျတော့ မဂ်Óဏ်ç ဖိုလ်Óဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊
ဒီလိုနိဗ္ဗာန်ကို  တွေ့ပြီးတော့  တစ်မဂ်တစ်ဖိုလ်  ရသွားတယ်ဆိုရင်  အပါယ်လေးပါးက  လုံးဝလွတ်မြောက်သွားတော့တာပဲ၊
အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ်ကြရမယ်။

အားထုတ်တော့ကာ မြင်တိုင်းç ကြားတိုင်းç တွေ့တိုင်းç သိတိုင်း ဒွါရ ၆ပါးက ပေါ်လာသမျှကို အကုန်လုံးလိုက်ပြီး မှတ်ရတယ်ဆိုတာခုနက ပြောခဲ့ပြီ၊ ဒါပေမယ့် အားထုတ်ကာစမှာတော့ အကုန်လုံးကိုလိုက်ပြီး မမှတ်နိုင်သေးဘူး၊ အားထုတ် ခါစမှာ သတိç သမာဓိÓဏ်တွေက ဘာမှအားရှိတာ  မဟုတ်သေးဘူး။ မြင်တာ ကြားတာတွေကတော့ သိပ်မြန်နေတာ၊ မြင်တုန်းပဲ ကြားနေသလို၊ ကြားတုန်းပဲ မြင်နေသလိုç တစ်ြုပိင်နက်လိုလို ထင်နေရတယ်၊ မြင်တာရယ်၊ ကြားတာရယ် စိတ်ကူး စဉ်းစားတာရယ်ç ဒီသုံးလေးခုကတော့ တစ်ြုပိင်နက် ဖြစ်နေသလိုလိုပဲ ထင်ရတယ်၊ ဘယ်ဟာက အရင်ကျတယ်၊ နောက်ကျ တယ်လို့  မပိုင်းခြားနိုင်ဘူး။ သူတို့က  အလွန်ကို  မြန်နေတာ၊  အမှန်မှာတော့  မြင်တုန်းလဲမကြားနိုင်ဘူး၊ ကြားတုန်းလဲ မမြင်နိုင်ဘူး၊  တစ်ခုချင်းသာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် အားထုတ်စယောဂီမှာ သတိç သမာဓိÓဏ်က အားမရှိသေးတော့ ဖြစ်စဉ်အတိုင်း တစ်ခုချင်း အသီးသီး ပိုင်းခြားပြီး မှတ်ရမယ်ဆိုရင် ဘယ်မှတ်နိုင်မတုံး၊ မဖြစ်သေးဘူး၊ အခုမှ လေ့ကျင့်ခါစ
ရှိသေးတာပဲ၊ ဒါကြောင့် အားထုတ်ခါစမှာ များများကြီး မှတ်မိဖို့ မလိုသေးဘူး။  နည်းနည်းကစပြီး မှတ်ရမယ်၊ ပြီးတော့
မြင်တယ်ç ကြားတယ်ဆိုတာတွေကလည်း နှလုံးသွင်းမှ မြင်တာç ကြားတာပါ၊ နှလုံးမသွင်းဘဲ နေမယ်ဆိုရင်လဲ မမြင်ဘဲ
မကြားဘဲလဲ ပြီးသွားနိုင်ပါတယ်၊ နံတယ်ဆိုတာကလဲ တစ်ခါတစ်ရံမှ ရှိတာပဲ၊ စားတယ် ဆိုတာကလဲ စားတဲ့အခါကျမှ
ရှိတာပဲ၊ အဲဒါတွေကိုတော့ ရှိတဲ့အခါကျမှသာ မှတ်ရမယ်၊ အမြဲတမ်းရှိနေတာကတော့ အတွေ့အထိတွေပဲ၊ သူတို့ကတော့
အမြဲတမ်းရှိနေတယ်၊ ထိုင်နေလို့ရှိရင် ကိုယ်ထဲမှာ တောင့်တင်းပြီး တွေ့ထိနေတာက ထင်ရှားရှိနေတယ်၊ အဲဒါတွေကို မှတ်ရ
လိမ့်မယ်၊ ဘယ်လို မှတ်ရမှာလဲဆိုရင် ကိုယ်ထဲမှာ စူးစိုက်ပြီး ထိုင်တယ်ç ထိုင်တယ်ç ထိုင်တယ်လို့ပဲ မပြတ်မှတ်ရမယ်။

ထိုင်တယ်ဆိုတာ အမှန်မှာတော့ ထိုင်ချင်တဲ့စိတ် အဆင့်ဆင့်ကြောင့် တောင့်တင်းတဲ့ ထိုင်ရုပ်တွေ အဆင့်ဆင့် ဖြစ်နေတာပါပဲ၊ ဘောလုံးထဲမှာ လေတွေကတောင့်ခံထားလို့ အလုံးကြီးလိုက် တည်နေတာလိုပဲ ကိုယ်ထဲမှာတောင့်တင်းတဲ့
ရုပ်တွေက အဆက်မပြတ်ဖြစ်နေလို့ ဒီကိုယ်ကြီးတောင့်နေနိုင်တာ၊ ဒီကိုယ်ကြီးကို ထူထောင်တဲ့ရုပ်တွေဟာ နည်းတဲ့ အင်အားတွေ မဟုတ်ဘူး။ အားမရှိတဲ့ လူမမာကို ထူမကြည့်ရင် သိနိုင်ပါတယ်၊ အင်မတန်လေးတဲ့ ကိုယ်ကြီးပဲ၊ ဒါလောက် လေးတဲ့ ကိုယ်ကြီးကို လဲကျမသွားအောင် ထူထောင်ထားတာဟာ နည်းတဲ့ အင်အားတွေ မဟုတ်ဘူး၊  အဲဒါကို ပကတိ လူတွေကတော့ အကြောတွေက ဆွဲထားလို့ပဲလို့ ထင်ချင်လည်း ထင်ကြမယ်၊ ဟုတ်ပါတယ်၊ အဲဒီ အကြောတွေကိုကရုပ်တွေပဲ၊ အကြောပဲဖြစ်ဖြစ်၊ အသွေးအသား အရိုးပဲဖြစ်ဖြစ် ရုပ်တွေချည်းပဲ၊ အခုပြောနေတဲ့ တောင့်တင်းရုပ် ထိုင်ရုပ်ဆိုတာက အဲဒီ အကြောရုပ် အသွေးအသားရုပ်တွေထဲမှာ ဖြစ်ရတာပဲ၊ ဘောလုံးထဲမှာ လေတွေပြည့်နေသလိုပါပဲ၊ ဒီတောင့်တင်းတဲ့ရုပ်တွေက တစ်ကိုယ်လုံးမှာ အနှံ့အပြား အဆင့်ဆင့် ဖြစ်နေတယ်၊ ဒါတွေဟာ ဝါယောဓာတ်ပဲ၊ ဝါယောဓာတ်တွေက တောင့်တင်းပြီး မပြတ်ဖြစ်နေလို့ ကိုယ်ကြီးတစ်ခုလုံး အခုလိုထောင်မတ်ပြီး နေနိုင်တာ၊ အိပ်ငိုက်တဲ့အခါများမှာ ထိုင်ရင်းကပေမယ့် လဲကျ သွားတတ်တယ် မဟုတ်လား၊ အဲဒါဟာ တောင့်တင်းတဲ့ရုပ် အသစ်တွေ အခုလို မဖြစ်ရလို့ပဲ၊ အိပ်ငိုက်စိတ်က ဘဝင်စိတ်တဲ့၊ အဲဒီ ဘဝင်စိတ်ဆိုတာကတော့ တောင့်တင်းတဲ့ ထိုင်ရုပ်ကို မဖြစ်စေနိုင်ဘူး၊ ဒါကြောင့် အိပ်ငိုက်ရင်လဲကျသွားတာပဲ၊ နိုးနေတဲ့ အခါမှာတော့ သန်စွမ်းတဲ့ စိတ်တွေက မပြတ်ဖြစ်နေတယ်၊ အဲဒီစိတ်တွေကြောင့် တောင့်တင်းတဲ့ ဝါယောဓာတ်ရုပ်တွေကလဲ အဆင့်အဆင့် မပြတ်ဖြစ်နေတယ်၊ အဲဒါတွေကို သိအောင်ဟာ ထိုင်နေတဲ့ကိုယ်ထဲ စိတ်နဲ့စိုက်ပြီးတော့ ထိုင်တယ်၊ ထိုင်တယ်၊ ထိုင်တယ်လို့ မှတ်နေရမယ်၊ တောင့်တင်းတာတွေချည်းရှာပြီး မှတ်ဖို့ပြောတာ မဟုတ်ဘူးနော်၊ တစ်ကိုယ်လုံးကိုပဲ သိမ်းကျုံးပြီး မှတ်ရမယ်၊ အောက်ပိုင်းကခွေလို့ အထက်ပိုင်းက ထောင်လို့ ဒီလိုထောင်နေတဲ့ ကိုယ်ကြီးတစ်ခုလုံးကို စိတ်နဲ့စိုက်ပြီးတော့ ထိုင်တယ်ç ထိုင်တယ်ç ထိုင်တယ်လို့ မှတ်နေရမယ်။

ဒါပေမဲ့ ထိုင်တာတစ်ခုတည်းမှတ်နေရင် သူက လွယ်လွန်းအားကြီးနေတယ်၊ လွယ်လွန်းတော့ ကြောင့်ကြမစိုက်ရလို့
ဝီရိယက အားမရှိဘူး၊ သမာဓိကအားများနေတယ်၊ ဒါကြောင့်ထိုင်တယ်၊ ထိုင်တယ်လို့ ချည်းမှတ်နေတာ ကြာလာတော့ ပျင်းလာတတ်တယ်၊ အဲဒါက သမာဓိလွန်လို့ ထိနမိဒ္ဓ ဖြစ်တာတဲ့၊ ထိနမိဒ္ဓဆိုတာက ထိုင်းမှိုင်းပျင်းရိတာပဲ၊ ဒါကြောင့် ဝီရိယ အားများလာအောင်လဲ လုပ်ရသေးတယ်၊ ဘယ့်နှယ်လုပ်မလဲဆိုတော့ကာ မှတ်စရာ အာရုံကို တိုးပေးဖို့ပါပဲ၊ ထိုင်တယ်လို့ မှတ်ပြီးရင် တစ်နေရာက ထိနေတာကလေးကို စူးစိုက်ပြီးတော့ ထိတယ်လို့ မှတ်ရမယ်၊ ခြေထောက်ကပဲဖြစ်ဖြစ် လက်ကပဲ ဖြစ်ဖြစ်ç တင်ပါးကပဲ ဖြစ်ဖြစ် တစ်နေရာကပေါ့လေ၊ ထင်ထင်ရှားရှား ထိနေတာကလေးကို မှတ်ဖို့ပါပဲ။

ဟော ... ထိုင်တယ်လို့ ကိုယ်ထဲမှာမှတ်လိုက်၊ ပြီးတော့ ထိတယ်လို့ အဲဒီအထိကလေးကို သွားမှတ်လိုက်၊ ပြီးတော့ တစ်ခါထိုင်တယ်လို့ ကိုယ်ထဲပြန်မှတ်လိုက်ပြီးတော့ ထိတယ်လို့ အဲဒီ အထိကလေးကိုမှတ်၊ အဲဒါလေး ၂ခုကိုပဲ အသွားအပြန် မှတ်နေရမယ် ထိုင်တယ်ç ထိတယ်ç ထိုင်တယ်ç ထိတယ်ç ထိုင်တယ်ç ထိတယ်လို့ မှတ်နေရမယ်။

မှတ်ဆိုတာ ရှုတာပဲ၊ သိရမယ့်အာရုံကလေးဆီကို စူးစိုက်ပြီး နှလုံးသွင်းတာပါပဲ၊ အဲဒါကို ရှုတယ်လို့ ခေါ်တယ်၊
မှတ်တယ်လို့လဲ ခေါ်တယ်၊ ရှုတာç မှတ်တာç နှလုံးသွင်းတာ ဒီသုံးခုဟာ အခေါ်လောက်သာ ကွဲပါတယ်၊ အနက်အဓိပ္ပါယ်

ကတော့ အတူတူပါပဲ၊ ဘာမှမထူးပါဘူး၊ ဒါကြောင့် ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်လို့ အဲဒါကလေး ၂-ခုကို အသွားအပြန်မှတ်နေရမယ်၊ ရှေးက အာနာပါနကို တော်တော်များများ လေ့လာခဲ့တဲ့ ပုဂ္ဂိုလ်များမှာ ဖောင်းတာ ပိန်တာကို မှတ်ရတာထက် ဟောဒီထိုင်တာနဲ့ ထိတာကလေးကစပြီး မှတ်ရင် ပိုပြီး ကောင်းလွယ်တတ်တယ်၊ သို့ပေမယ့် အစကဘာမှ တရားအားမထုတ်ဖူးသေးတဲ့ ပုဂ္ဂိုလ်မှာတော့ ထိုင်တာထိတာက စပြီးမှတ်ရင် သိပ်မလွယ်လှဘူး၊ ခပ်ခက်ခက် ဖြစ်နေတတ် တယ်၊ ဒါကြောင့် သူ့ထက်ပိုလွယ်တာက စပြီး အားထုတ်ရမယ်။

အဲဒါကဘာတုံးဆိုရင် အသက်ရှူတိုင်း ရှိုက်တိုင်း ဝမ်းဗိုက်က ဖောင်းပိန်နေတဲ့ရုပ်ပါပဲ၊ အဲဒါကစပြီး ရှုမှတ်ရမယ်၊ သူကပိုပြီး လွယ်လဲလွယ်တယ်၊ ထင်လဲထင်ရှားတယ်၊ အားထုတ်ခါစမှာတော့ ကြမ်းကြမ်းနဲ့ ထင်ထင်ရှားရှားကပဲ စပြီးမှတ်ရင် သာပြီးကောင်းတယ်၊  စာသင်ရတာလိုပါပဲ၊ စာသင်တာဟာ လွယ်လွယ်ကစပြီးသင်မှ တတ်လွယ်တယ်၊ ခက်တာကစပြီး သင်ရင် တော်တော်နဲ့ မတတ်နိုင်ဘူး၊ ဒါလိုပဲ၊ တရားကလဲ လွယ်လွယ်ကစပြီး အားထုတ်မှ သမာဓိÓဏ်ဖြစ်လွယ်တာ။

ဝိပဿနာရဲ့ သဘောကိုက ထင်ရှားရာစပြီး ရှုရမယ်တဲ့၊ နာမ်နဲ့ ရုပ်နှစ်ပါးထဲမှာ နာမ်ဆိုတာက သိမ်မွေ့တယ်၊ သိပ်မထင်ရှားဘူး၊ ရုပ်ကတော့ကြမ်းတယ်၊ ထင်ရှားတယ်၊ ဒါကြောင့် ဝိပဿနာသက်သက်က စပြီးရှုတဲ့ ဝိပဿနာယာနိက ပုဂ္ဂိုလ်မှာ ရုပ်ကစပြီးတော့ ရှုရတယ်၊ ရုပ်ထဲမှာလဲ ဥပါဒါရုပ်ဆိုတာက သိမ်မွေ့လို့ သိပ်မထင်ရှားဘူး၊ မဟာဘုတ်ရုပ်တွေ ကတော့ ကြမ်းလို့ ထင်ရှားတယ်၊ ဒါကြောင့် အဲဒီ မဟာဘုတ်ကြမ်းတွေက စပြီး ရှုရမယ်တဲ့၊ ပထဝီ၊ အာပေါ၊ တေဇော၊
ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါးကစပြီး ရှုရမယ်တဲ့၊ အခုဖောင်းတယ်ç ပိန်တယ်လို့ မှတ်ရာမှာ ထင်ရှားတွေ့ရတာဟာ ဝါယော
ဓာတ်ပဲ၊ ဝမ်းဗိုက်ထဲက တောင့်တင်းတာကို တွေ့ရတယ်၊ လှုပ်ရှားတာကို တွေ့ရတယ်၊ ဒီတောင့်တင်းလှုပ်ရှားတဲ့ ဝါယော
ဓာတ်ကို  စပြီးတွေ့ရတာပဲ၊  သတိပဋ္ဌာန်ပါဠိတော်မှာ  သွားရင်လဲ  သွားတယ်လို့သိရမယ်၊  ရပ်ရင်ç  ထိုင်ရင်ç  အိပ်ရင်လဲ
ရပ်တယ်ç  ထိုင်တယ်ç  အိပ်တယ်လို့  သိရမယ်၊  ကိုယ်အမူအရာကိုြုပပြင်တိုင်း  အဲဒြီုပပြင်မှုကို  သိရမယ်  စသည်ဖြင့်
ဟောထားတယ်၊ အဲဒီမှာ အဋ္ဌကထာက ဝါယောဓာတ်ကိုချည်း ခေါင်းတပ်ပြီးသိဖို့ ပြထားတယ်၊ အပြည့်အစုံဆိုရင်တော့ ကိုယ်အမူအရာတိုင်းမှာ ဓာတ် ၄-ပါးလုံး ထင်ရှားနေတာချည်းပဲ၊ အဲဒါတွေကိုသိဖို့ပါပဲ၊ ဒါကြောင့် ထိုင်နေတဲ့အခါကာလမှာ အသက်ရှူတိုင်း ဖောင်းတာနဲ့ ပိန်တာ ဒါကလေး ၂ -ခုက ထင်ရှားနေတယ်၊ ဒါကလေး ၂-ခုကစပြီး မှတ်ရမယ်။

ဟော အခုဒီကစပြီး မှတ်ပုံချည်း ပြောသွားတော့မယ်နော်၊ ခုနက လျှောက်ပြောနေတာကတော့ သုတမယÓဏ် ဖြစ်ရအောင်လို့ တရားဟောတဲ့အနေနဲ့ ဝိပဿနာရှုရပုံ အကြောင်းအရာတွေကို အကျယ်ဟောနေတာ၊ ယခုဒီကစပြီးတော့ မှတ်ပုံချည်းများများ ပြောသွားတော့မယ်၊ သေသေချာချာ စူးစိုက်နားထောင်ကြရမယ်။

ဖောင်းတာ ပိန်တာကလေးတွေ မှတ်ရအောင်၊ ရှေးဦးစွာ ဗိုက်မှာ စိတ်နဲ့ စိုက်ထားရမယ်၊ အသက်ရှူသွင်း လိုက်တဲ့ အခါ ဖောင်းတက်လာတာကို တွေ့လိမ့်မယ်၊ အသက်ရှူထုတ်လိုက်တဲ့ အခါကျတော့ ပိန်ကျသွားတာကို တွေ့လိမ့်မယ်၊ ဖောင်းတက်တာကလေးကို ဖောင်းတယ်လို့ မှတ်ရမယ်၊ ပိန်ကျသွားတာကလေးကို ပိန်တယ်လို့ မှတ်ရမယ်၊ စိတ်နဲ့စိုက်ပြီး ကြည့်ရုံနဲ့ မထင်ရှားသေးရင် ဗိုက်မှာ လက်နဲ့ထိထား၊ အသက်ရှူတာကိုတော့ မပြင်နဲ့၊ နှေးအောင်လဲ အသက်အောင့်မထားနဲ့၊ မြန်အောင်လဲ အားမထုတ်နဲ့၊ ပြင်းပြင်းကြီးလဲ မရှူနဲ့၊ အသက်ရှူကို ပြင်လိုက်ရင် မောသွားလိမ့်မယ်၊ ဒါကြောင့် ပကတိ
ရှူမြဲတိုင်း  မှန်မှန်ကလေးသာ  ရှူရမယ်၊  အသက်ရှူမှားသွားရင်  မှန်မှန်ကလေးပြန်ထား၊  ဒီလိုမှန်မှန်ကလေး  ရှူနေရင်း
ဖောင်းတက်လာတာလဲ ဖောင်းတယ်လို့မှတ်၊ ပိန်ကျသွားတာကို ပိန်တယ်လို့မှတ်။

ဖောင်းတယ် ပိန်တယ် ဒီလိုအဆိုလေးတွေကတော့ စိတ်ထဲတွင် ဆိုရမှာနော်။ ပါးစပ်ကတော့ ဆိုနေဖို့ မလိုပါဘူး၊ စိတ်ထဲတွင်ပဲ ဖောင်းတယ် ပိန်တယ်လို့ ဒီလို စိတ်ဆိုကလေးနဲ့ ဖောင်းတိုင်း ပိန်တိုင်းလိုက်ပြီး မှတ်နေရမယ်၊ ဝိပဿနာ ဆိုတာ အဆိုတွေç အမည်တွေက လိုရင်းမဟုတ်ဘူး၊ သိဖို့ကသာပြီး လိုတယ်၊ ဒါကြောင့် ဆိုရုံကလေးနဲ့တော့ မပြီးသေးဘူး၊ ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ ဖောင်းစကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာတာ ကလေးကို မျက်စိနဲ့ မြင်တာ သေသေချာချာ  သိသွားစေရမယ်၊  ပိန်တာကို  မှတ်တဲ့အခါမှာလဲ  ပိန်ကျသွားတာကလေးကို  ပိန်စက  ပိန်ဆုံးတိုင်အောင် မျက်စိနဲ့ မြင်သလို ထင်ထင်ရှားရှား သိသွားစေရမယ်၊ ဖောင်းတယ်လို့ မှတ်ရင် ဖောင်းတာနဲ့ အသိနဲ့ ကပ်သွားစေရမယ်၊ ခဲနဲ့ပစ်လိုက်တော့ ဖတ်ကနဲ ထိမှန်သွားတာလို ဟိုကပေါ်လာတဲ့ မှတ်စရာအာရုံနဲ့ ဒီကရှုမှတ်လိုက်တဲ့ စိတ်ဟာ တစ်ခါတည်း အံကျ ကိုက်ကိုက်သွားအောင်လို့ ဂရုစိုက်ပြီး မှတ်ရမယ်၊ ပိန်တယ်လို့ မှတ်တော့လဲ အတူတူပဲ၊ ပိန်တာနဲ့ မှတ်တာဟာ အံကျကိုက်သွားစေရမယ်။

ဘာမှ  အထူးမှတ်စရာမရှိရင် ဒီဖောင်းတာပိန်တာကလေး ၂ခုပဲ မှတ်ရမယ်၊ ဖောင်းတယ်ပိန်တယ်၊ ဖောင်းတယ်ç ပိန်တယ်၊  ဖောင်းတယ်ç  ပိန်တယ်လို့  မပြတ်မှတ်နေရမယ်၊  ဒီလိုမှတ်နေရင်း  စိတ်ကတခြားသို့  ထွက်ထွက်သွားတာလဲ
ရှိလိမ့်ဦးမယ်၊  သမာဓိအား  မကောင်းသေးရင်  စိတ်ဆိုတာက  ထားရာမှာနေတာ  မဟုတ်ဘူး၊ ဖောင်းတာ  ပိန်တာချည်း မှတ်နေပါဆိုပေမယ့် သူက နေမှာမဟုတ်ဘူး၊ တခြားကိုလည်း ထွက်ထွက်သွားလိမ့်ဦးမယ်၊ အဲဒီလို ထွက်သွားတဲ့ စိတ်ကလေး ကိုလည်း လိုက်ပြီးမှတ်ရမယ်၊ အဲဒီ စိတ်ကလေးကို သွားတယ်ç သွားတယ်လို့မှတ်။

ဒီလိုတစ်ချက် နှစ်ချက်လောက် မှတ်လိုက်ရင် သူကမသွားပြန်ဘူး၊ ဒီတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပဲ၊ စိတ်ကလေးက တစ်နေရာရာရောက်ရောက်သွားရင် ရောက်တယ်ç ရောက်တယ်လို့ မှတ်၊ ပြီးရင် ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပဲ။ စိတ်ကူးထဲမှာ လူတစ်ယောက်ယောက်နဲ့တွေ့ရင်လည်း တွေ့တယ် တွေ့တယ်လို့ မှတ်၊ ပြီးရင် ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်၊ လူတစ်ယောက်ယောက်နဲ့ တွေ့လို့ စကားပြောနေမှ သတိရတဲ့အခါလဲ
ရှိတယ်၊ အဲဒီလို စကားပြောနေတဲ့ စိတ်ကူးကိုလဲ ပြောတယ် ပြောတယ်လို့ မှတ်ရတာပဲ၊ လိုရင်းကတော့ ဘာပဲဖြစ်ဖြစ်
စိတ်ကူးကြံစည်မှုတွေ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်မှတ်ဖို့ပါပဲ၊ မှတ်ပုံကတော့ စိတ်ကူးရင် စိတ်ကူးတယ်လို့မှတ်၊ စဉ်းစားရင်
စဉ်းစားတယ်၊ ကြံရင် ကြံတယ်၊ သိရင် သိတယ်၊ နှလုံးသွင်းရင် နှလုံးသွင်းတယ်လို့မှတ်၊ စိတ်ထဲမှာ ပျော်တယ်ထင်ရင်လဲ ပျော်တယ်ç ပျော်တယ်လို့မှတ်၊ ပျင်းရင်လဲ ပျင်းတယ်ç ပျင်းတယ်လို့မှတ်၊ ဝမ်းသာရင်လဲ ဝမ်းသာတယ် ဝမ်းသာတယ်လို့မှတ်၊ စိတ်ပျက်ရင်လဲ စိတ်ပျက်တယ် စိတ်ပျက်တယ်လို့မှတ်၊ ဒီလိုစိတ်ကူးကလေးတွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီး သိနေတာက ဘာတုန်းလို့ဆိုရင် စိတ္တာနုပဿနာ ခေါ်တယ်။

ဒီလိုစိတ်ကလေးကို ဖြစ်တိုင်းဖြစ်တိုင်း မရှုနိုင်ç မသိနိုင်ကြတဲ့အတွက် ဒီစိတ်ကလေးကိုပဲ ပုဂ္ဂိုလ် သတ္တဝါကောင်လို့ ထင်နေကြတာ၊ စိတ်ကူးနေတာဟာ ငါပဲ၊ ငါစဉ်းစားနေတယ်၊ ငါကြံနေတယ်၊ ငါသိနေတယ်လို့ ထင်နေကြတယ်၊ ကလေး သူငယ်အဖြစ်က ယခုထက်ထိ တစ်ဘဝလုံး အသက်ရှင်ပြီး သိနေတဲ့ ငါကောင်လေးဟာ တကယ့်ကို ရှိနေတယ်လို့ ထင်နေကြ တယ်၊ အမှန်မှာတော့ ငါကောင်ကလေးဆိုတာ ရှိတာကိုမဟုတ်ဘူး၊ တစ်ခုချင်း တစ်ခုချင်း ဆင့်ကာ ဆင့်ကာ မပြတ်ဖြစ်နေတဲ့
ဒီစိတ်ကလေးသာ  ရှိတာပဲ၊ အဲဒီ တခုချင်း တစ်ခုချင်း ခဏမစဲ ဖြစ်ပျက်နေတဲ့ စိတ်ကလေးကို ကိုယ်တိုင်မျက်မှောက်
သိအောင်လို့ ရှုမှတ်ရတာပဲ၊ ဒီစိတ်ကလေးရဲ့ ဖြစ်ပုံကို ဓမ္မပဒမှာ မြတ်စွာဘုရားက ဒီလိုဟောထားတယ်။

ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဒူရင်္ဂမံ-ဝေးသောအာရုံသို့လဲ သွားတတ်သည်တဲ့၊ စိတ်ဆိုတာ ဝေးတဲ့အာရုံဆီကိုလဲ သွားတတ်တယ်၊ လူက ကမ္မဋ္ဌာန်းကျောင်းထဲမှာ ရှိနေပေမယ့် စိတ်ကတော့ အရပ်ထဲလျှောက်ပြီးြုမိ့ထဲ လျှောက်သွားနေတတ်တယ်၊ တခြာြးုမိ့ရွာ နိုင်ငံတွေလဲ လျှောက်သွားတာပဲ စိတ်ထဲမှာ သိဘူးတာတွေဆိုရင်  ဘယ်လောက်ဘဲဝေးဝေး စိတ်ကူးလိုက်ရင် သူကတော့ြုဖတ်ခနဲ  ရောက်ရောက်သွားတာဘဲ။ ဒီလိုဝေးတဲ့  အာရုံတွေဆီလဲ  ရောက်ရောက်သွားတဲ့  စိတ်ကလေးကို  သိအောင်ရှုရ မှတ်ရမယ်တဲ့။

ဒူရင်္ဂမံ-ဝေးသောအာရုံသို့လဲ  သွားတတ်သော၊  ဧကစရံ-တစ်စိတ်ချင်းသာ ဖြစ်လေ့ရှိသော ဒီစိတ်ကလေးတွေဟာ တစ်ခုပြီးမှ တစ်ခု တစ်စိတ်ချင်းဖြစ်နေတာ၊ ဒါကိုမသိသေးတဲ့ ပကတိ လူတွေကတော့ တစ်သက်လုံး၊ တစ်ဘဝလုံး တစ်စိတ်တည်းပဲလို့ ထင်နေကြတယ်၊ အသစ်အသစ် ဖြစ်နေတယ်လို့ မသိကြဘူး၊ မြင်လိုက် ကြားလိုက် စဉ်းစားလိုက်နဲ့ ဟိုအရင်တုန်းက သိနေတာတွေလဲ ဒီစိတ်ပဲ၊ ယခုသိနေတာလဲ ဒီစိတ်ပဲ၊ အားလုံး ဒီစိတ်ထဲကပဲ သိနေတယ်လို့ ထင်နေကြ တယ်၊ ပြီးတော့ မြင်နေတုန်းလဲ ကြားတယ်ç နံတယ်ç ထိတယ်ç သိတယ်၊ ကြားနေတုန်းလဲ မြင်တယ်ç နံတယ်ç ထိတယ်ç သိတယ် စသည်ဖြင့် စိတ်လေးငါးခြောက်ခုဟာ တစ်ြုပိင်နက်ထဲဖြစ်ပြီး တစ်ြုပိင်နက်ထဲသိနိုင်တယ်လို့ ဒီလိုလဲ တစ်ချို့က ထင်နေကြတယ်၊ အမှန်ကတော့ ဒီလိုမဟုတ်ဘူး၊ စိတ်ဆိုတာ တစ်ခုပြီးမှတစ်ခု တစ်စိတ်ချင်း အသစ်အသစ် ဖြစ်နေတာပဲ၊ အဲဒါကို တော်တော်ကြာရင် ကိုယ်တိုင်ပဲ တွေ့သွားပါလိမ့်မယ်၊ စိတ်ကူးကြံစည်တာကလေးများ သိပ်ထင်ရှားတာ၊ ကြံတယ် ကြံတယ်လို့မှတ်လိုက်ရင် မရှိပြန်ဘူး၊ စဉ်းစားတယ် စဉ်းစားတယ်လို့ မှတ်လိုက်ရင် မရှိပြန်ဘူး။ ဒီစိတ်ကလေးကို ပေါ်တိုင်း ပေါ်တိုင်းမှတ်၊ မှတ်တိုင်းမှတ်တိုင်း ပျောက်ပျောက်သွားတာကလေးတွေဟာ ပုတီးလုံးကလေးတွေ စီနေသလိုပဲ ရှေ့စိတ်နဲ့ နောက်စိတ်ဟာ ဘာမှမစပ်ဘူး၊ အဲဒါကလေးတွေကို ကိုယ်တိုင်ပဲသိလာပါလိမ့်မယ်၊ ဒီလိုစိတ်ကလေးတွေ တစ်ခုချင်း ဖြစ်နေတာကိုလဲ သိရမယ်။

ဒူရင်္ဂမံ-ဝေးသောအာရုံသို့လဲ သွားတတ်သော၊ ဧကစရံ-တစ်စိတ်ချင်းသာ ဖြစ်လေ့ရှိသော၊ အသရီရံ-ကိုယ်အကောင် အထည်လဲ မရှိသော။

စိတ်ဆိုတာ ကိုယ်အကောင်အထည်လဲ မရှိဘူး၊ ဒါကြောင့် ရုပ်လောက်မထင်ရှားဘူး၊ ရုပ်ဆိုတာကတော့ အထည်
ဝတ္ထုကြီးတွေနဲ့မို့ ထင်ရှားနေတယ်၊ လက်ရယ်ç ခြေရယ်ç ခေါင်းရယ် ကိုယ်ရယ် ဒီလို အထည်ဝတ္ထုကြီးတွေနဲ့ အထင်ကရကြီး
ဟာကိုး၊ ဒါကြောင့် ကိုယ့်ကိုယ်ထဲက ရုပ်တွေလဲ ထင်ရှားတာပဲ၊ အပြင်ဘက်က ရုပ်တွေလဲ ထင်ရှားတာပဲ၊ ရုပ်ဆိုတာ
ဘယ်ဟာလဲလို့ မေးရင် ဒါပါပဲလို့ ကိုင်ပြီးတော့တောင် ပြနိုင်ပါသေးတယ်၊ နာမ်ဆိုတာက ဘယ်ဟာတုန်းလို့ မေးရင်တော့ သူက အထည်ဝတ္ထုမရှိလို့ အပြောရအပြရခက်တယ်၊ ဒါကြောင့် လောကဓာတ်ဆရာတွေဟာ ဒီနာမ်ကို မခွဲခြားနိုင်ဘဲ ဖြစ်နေကြတာ၊ ဒါပေမယ့် အာရုံကိုသိနေတာဟာ နာမ်တရားပါပဲလို့ ဒီလိုပြောရင် နားတော့လည်နိုင်ပါတယ်။ သေသေချာချာ ခွဲခြမ်းပြီး  သိဖို့ကတော့  သူ့ကို  ဖြစ်တိုင်းဖြစ်တိုင်း  လိုက်ပြီးမှတ်ရတယ်၊  ဒီလိုမှတ်နေရင်  ဒီစိတ်နာမ်ကလေးကို  လက်နဲ့

ကိုင်ကြည့်ရသလိုပဲ၊ အထင်အရှားသိနိုင်ပါတယ်၊ အမှတ်ကောင်းလာတော့ ဒီစိတ်ကလေးတွေ အာရုံဆီကို ရောက်ရောက် သွားလိုက်တာဟာ   ခုန်ခုန်ချနေသလိုပဲ၊  သိပ်ထင်ရှားတာ၊  ဒီလိုအထည်ဒြပ်မရှိဘဲနဲ့ အာရုံဆီ  ရောက်ရောက်သွားတဲ့ စိတ်ကလေးကို သိအောင်မှတ်ရမယ်တဲ့၊ ဒါကြောင့်-

အသရီရံ-ကိုယ်အကောင်အထည်လဲ  မရှိသော၊  ဂုဟာသယ-ံ နှလုံးရုပ်၊  ကိုယ်ရုပ်တည်းဟူသော  လိုဏ်ခေါင်း၌ ကိန်းအောင်းနေသော၊ စိတ္တံ-အာရုံကိုကြံတယ်၊ သိတတ်သောစိတ်ကို၊ ယေ-အကြင်ယောဂီတို့သည် သံယမေဿန္တိ-စောင့်စည်း နိုင်ကုန်လတ္တံ့၊ တေ-ထိုစိတ်ကိုစောင့်စည်းနိုင်သော ယောဂီတို့သည်၊ မာရဗန္ဓနာ-ကိလေသာ ဟူသော သူသတ်သမား မာရ်တရား၏ အနှောင်အဖွဲ့မှ၊ မောက္ခန္တိ-လွတ်မြောက်ကြပေကုန် လတ္တံ့။

အဲ-အမျိုးမျိုး အထွေထွေ အာရုံတွေကို ကြံသိနေတဲ့ စိတ်ကလေး၊ အဲဒါကလေးက ဒီကိုယ်ထဲက ဖြစ်ပေါ်နေလို့
ဒီကိုယ်ထဲမှာ အောင်းနေတယ်လို့ ဆိုထားတယ်၊ အဲဒီစိတ်ကလေးကို ဖြစ်တိုင်းဖြစ်တိုင်း မှတ်သိရမယ်တဲ့၊ ဒီလိုမှတ်သိပြီးတော့
ဒီစိတ်ကလေးကို စောင့်စည်းနိုင်မယ်ဆိုရင် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်သွားမယ်တဲ့၊ ဒါကြောင့် ဒီစိတ်ကလေးကို ဖြစ်တိုင်း ဖြစ်တိုင်း မှတ်ရမယ်၊ ဒီစိတ်ကလေးကတော့ မှတ်လိုက်ရင် ပျောက်လွယ်ပါတယ်၊ ကြံတယ်ကြံတယ်လို့ တစ်ချက် နှစ်ချက်လောက်  မှတ်လိုက်ရင်  သူကမရှိတော့ဘူး၊ ပျောက်သွားတာပဲ၊  အဲဒီတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပဲ။

အဲဒီလိုမှတ်နေရင်း တံတွေးမျိုတာ ထွေးတာတွေကိုလဲ မှတ်သွားရတာပဲ၊ တံတွေးမျိုချင်ရင် မျိုတယ်လို့မှတ်၊ တံတွေး
စုတာကို စုတ်တယ်လို့မှတ်၊ မျိုတော့မျိုတယ်လို့မှတ်၊ မျိုချင်တယ်၊ စုတယ်၊ မျိုတယ် ဒီလိုအစဉ်အတိုင်း မှတ်သွားရုံပါပဲ၊
ဒါကဘာဖြစ်လို့ မှတ်ရတာလဲဆိုလို့ရှိရင် တံတွေး ]]မျိုရာမှာလဲ ငါကောင် သတ္တဝါကောင်လို့ ထင်နေတယ်၊ မျိုချင်တာလဲ ငါပဲ
မျိုတာလဲ  ငါပဲလို့  ဒီလိုစွဲလန်းနေကြတယ်၊  အမှန်မှာတော့  မျိုချင်တာက  နာမ်တရားပဲ၊  ငါမဟုတ်ဘူး၊ မျိုတာကလည်း
ရုပ်တရားပဲ၊ ငါမဟုတ်ဘူး၊ ဒီရုပ်နာမ်နှစ်ပါးသာ ရှိတယ်ဆိုတာကို ကိုယ်တိုင်တွေ့ပြီး သိအောင်မှတ်ရတာပဲ၊ ပြီးတော့ တံတွေး ထွေးတဲ့အခါမှာလဲ ထွေးချင်ရင်ထွေးချင်တယ်လို့မှတ်၊ ခေါင်းငုံ့ရင်ငုံ့တယ်လို့မှတ်၊ ဖြည်းဖြည်းချင်း ငုံ့သွားç ကြည့်သေးရင် ကြည့်တယ်ç  မြင်တယ်မှတ်၊  ထွေးတော့ ထွေးတယ်လို့မှတ်၊ ပြီးရင် ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပဲ။

ထိုင်နေတာကြတော့ ကိုယ်ထဲမှာ ညောင်းတာပူတာတွေက ပေါ်လာလိမ့်မယ်၊ အဲဒါတွေကိုလဲ လိုက်ပြီးမှတ်ရတယ်၊ ညောင်းရင် ညောင်းတာကလေးကို သေသေချာချာ သိအောင် စိတ်နဲ့ စိုက်ပြီး ညောင်းတယ် ညောင်းတယ်လို့ မှတ်နေရမယ်၊ ပူရင်လဲ ပူတယ်မှတ်၊ နာရင်လဲ နာတယ်မှတ်၊ ကျဉ်ရင်လဲ ကျဉ်တယ်မှတ်၊ မောရင်လဲ မောတယ်မှတ်ရုံပါပဲ၊ ဒီညောင်းတာ၊ ပူတာ၊ နာတာ၊ ကျဉ်တာ၊ ကိုက်ခဲတာ၊ မောပန်းတာ၊ အနေအထိုင်ခက်တာတွေဟာ ဒုက္ခဝေဒနာချည်းပဲ၊ ဒါကြောင့် ဒါတွေကို မှတ်နေရတာက ဝေဒနာနုပဿနာ တဲ့။

ဒီဝေဒနာနုပဿနာဖြင့် ဝေဒနာကလေးတွေက ဖြစ်တိုင်း ဖြစ်တိုင်း မရှုနိုင် မသိနိုင်ကြတဲ့အတွက် ညောင်းတာ၊ ပူတာ၊ နာကျဉ်ကိုက်ခဲတာ ကလေးတွေကိုလဲ ငါလို့ထင်နေကြတယ်၊ ]]ငါညောင်းနေတယ်၊ ငါပူနေတယ်၊ ငါနာနေတယ်}}လို့ ငါကောင် သတ္တဝါကောင်အနေနဲ့  ထင်နေကြတယ်၊  ]]အလျင်ကတော့  ငါကောင်းနေတာပဲ၊  အခုမှ အနေအထိုင် ခက်လာတယ်လို့}} ငါတစ်ယောက်တည်း အနေနဲ့ ထင်နေကြတယ်၊ အမှန်မှာတော့ ဒီလိုမဟုတ်ဘူး၊ ကိုယ်ထဲမှာ မကောင်းတဲ့ အတွေ့တွေနဲ့ တွေ့တွေ့ပြီးတော့ မကောင်းတဲ့ ခံစားမှုကလေးတွေ တစ်ခုပြီးတစ်ခု အသစ်အသစ် ဖြစ်နေတာပဲ၊ ဓာတ်မီးပွင့်များမှာ ဓာတ်အား ကလေးတွေ အသစ်အသစ် လာတိုင်းလာတိုင်း မပြတ်လင်းနေသလိုပါပဲ၊ ကိုယ်ထဲမှာ မကောင်းတဲ့ အတွေ့ကလေးတွေနဲ့ အသစ်အသစ် တွေ့တိုင်းတွေ့တိုင်း မကောင်းတဲ့ ခံစားမှုကလေးတွေ ဆင့်ကာဆင့်ကာ မပြတ်ဖြစ်နေတာပဲ။

အဲဒါကလေးတွေကို သေသေချာချာ သိအောင် ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်၊ ပူရင်လဲ ပူတယ်ç ပူတယ်၊ နာရင်လဲ နာတယ်ç နာတယ်လို့ စိုက်ပြီးမှတ်နေရမယ်၊ မှတ်ခါစမှာတော့ ညောင်းတာ ပူတာကလေးတွေက တိုးတိုးပြီးတော့ ညောင်းလာတတ်တယ်၊ အဲဒီတော့ ပြင်ချင်တဲ့စိတ်ကလေးက ပေါ်လာလိမ့်မယ်၊ အဲဒီစိတ်ကလေးကို ပြင်ချင်တယ် ပြင်ချင်တယ်လို့ မှတ်လိုက်ရမယ်၊ ပြီးတော့ ညောင်းတာ ပူတာကိုပဲ ပြန်မှတ်နေရဦးမယ်၊ ဒီလို သည်းခံပြီး ပေမှတ်နေရင် ညောင်းတာ ပူတာတွေက သူ့အလိုလို ပျောက်သွားတတ်ပါတယ်၊ ပျောက်သွားရင် ဖောင်းတာပိန်တာကို ပြန်မှတ်သွားရုံပါပဲ။

သည်းခံရင် နိဗ္ဗာန်ရောက်တယ်တဲ့၊ သည်းခံရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ ဒီပြင်နေရာမှာထက် ဟောဒီတရား အားထုတ်ရာမှာ  ပိုပြီးအသုံးကျတယ်၊  တရားအားထုတ်ရင်  သည်းခံမှပဲ၊  ညောင်းတာ  ပူတာကို  သည်းမခံဘဲ ခဏခဏ ရွှေ့လိုက် ပြင်လိုက် လုပ်နေရင်တော့ သမာဓိ မဖြစ်နိုင်ဘူး၊ သမာဓိမဖြစ်ရင် Óဏ်မဖြစ်ဘူး၊ Óဏ်မဖြစ်တော့ မဂ်ç ဖိုလ်ç နိဗ္ဗာန်ကို  မရောက်ဘူးပေါ့၊ ဒါကြောင့်  သည်းခံပြီး  မှတ်နေရတယ်၊  တရားအားထုတ်ရာမှာ  သည်းခံရတယ်ဆိုတာကလဲ ကိုယ်ထဲက ဒုက္ခဝေဒနာတွေကို သည်းခံရတာပဲ များပါတယ်၊ တခြားသော ပုဂ္ဂိုလ်က လာပြီးတော့ ပြောဆိုလို့ နှိပ်စက်လို့

စသည်ဖြင့် သည်းခံရတာကတော့ နည်းပါတယ်၊ သိပ်မရှိဘူး၊ ကိုယ်ထဲက ညောင်းလိုက် ပူလိုက် နာကျင်ကိုက်ခဲလိုက်နဲ့
ဒီလိုဟာတွေကို သည်းခံနေရတာပါပဲ၊ ဒီလိုသည်းခံနေရင်ကို ခန္တိသံဝရတရား ဖြစ်နေတာ၊ ဒါကြောင့် ညောင်းတာ ပူတာ နာကျင်တာဟာ အခံခက်တာတွေ ဖြစ်လာလို့ရှိရင် ရုတ်တရက်အမှတ်ကို ဖျက်ပြီးတော့ မရွေ့လိုက် မပြင်လိုက်နဲ့ဦး၊ ပေပြီး မှတ်နေရဦးမယ်၊ ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ် စသည်ဖြင့် သည်းခံပြီး မှတ်နေရဦးမယ်၊ ဒီလိုသည်းခံပြီး မှတ်နေရင် တော်ရုံတန်ရုံ ဝေဒနာကတော့ ပျောက်သွားပါလိမ့်မယ်၊ သမာဓိÓဏ်အား ကောင်းတဲ့အခါများမှာတော့ အင်မတန် ကြီးကျယ်တဲ့ ဝေဒနာတွေတောင် ပျောက်ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်၊ ဒီလိုပျောက်သွားတဲ့အခါမှာ ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပဲ။

အတော်ကြာအောင် ပေမှတ်နေလို့လဲ မပျောက်နိုင်ဘူး၊ မနေသာလှဘူး ဆိုရင်တော့ ပြင်ရတာပေါ့၊ ဘယ်တတ်နိုင် မလဲ၊ အားမတန်ရင် မာန်လျှော့ရမယ် ဆိုတာလိုပဲ၊ ကိုယ်မှာ သမာဓိÓဏ်အားက မကောင်းသေးဘူး ပေပြီးမှတ်နေပေမယ့်လို့ ဝေဒနာတွေက မပျောက်သေးဘူး၊  အဲဒီတော့ ပြင်ချင်တဲ့စိတ်ကလေးတွေက ခဏခဏ ပေါ်လာလိမ့်မယ်၊ အဲဒီစိတ်ကလေး တွေက စပြီးတော့ ပြင်ချင်တယ် ပြင်ချင်တယ်လို့ မှတ်ရမယ်၊ လက်ြွကလို့ရှိရင်ြွကတယ်ြွကတယ်လို့မှတ်၊ ရွှေ့လို့ရှိရင် ရွှေ့တယ် ရွှေ့တယ်လို့မှတ်၊ ဖြည်းဖြည်းကလေးပဲ ရွှေ့ရမယ်နော်၊ အဲဒီ ဖြည်းဖြည်းချင်း ရွှေ့သွားတာကလေးကို လိုက်ပြီးတော့
]ြွကတယ်ြွကတယ်၊ ရွှေ့တယ် ရွှေ့တယ်၊ ထိတယ် ထိတယ်}လို့ ဒီလိုအစဉ်အတိုင်း မှတ်သွားရမယ်၊ ကိုယ်ကို ယိမ်းလို့ရှိရင်
]ယိမ်းတယ် ယိမ်းတယ်} မှတ်၊ ခြေထောက်ြွကလာရင် ]ြွကတယ်ြွကတယ်} မှတ်၊ ရွှေ့ရင် ]ရွှေ့တယ် ရွှေ့တယ်} မှတ်၊ ချရင်
]ချတယ် ချတယ်} မှတ်၊ အြုပအပြင်မရှိဘဲ ငြိမ်နေပြန်ပြီ ဆိုရင်တော့ ]ဖောင်းတယ် ပိန်တယ်ç ဖောင်းတယ် ပိန်တယ်}လို့
ပြန်မှတ်နေရမယ်၊ ကြားထဲမှာ ရပ်နားမနေရဘူး၊ ရှေ့အမှတ်နဲ့ နောက်အမှတ် စပ်နေစေရမယ်၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊
ရှေ့Óဏ်နဲ့ နောက်Óဏ် တစ်စပ်တည်းသွားမှ သတိ သမာဓိÓဏ်တွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်မြင့်ရင့်ရင့်ပြီး လာတာ၊
ဒီလို ရင့်ရင့်ပြီး အားပြည့်တဲ့အခါကျတော့မှ မဂ်Óဏ်ကို ဆိုက်ရောက်သွားတာပဲ။

တရားအားထုတ်တယ်ဆိုတာဟာ ]မီးပွတ်တဲ့ယောကျာ်းလို အားထုတ်ရမယ်} တဲ့၊ ရှေးခေတ်တုန်းက မီးခြစ်မရှိလို့ သစ်သားချင်းပွတ်ပြီး မီးမွှေးရသတဲ့၊ အဲဒီ မီးပွတ်တဲ့သူဟာ မီးမပွင့်မချင်း သစ်သားချင်း မရပ်မနား ပွတ်နေရတယ်၊ ပူလာ လေလေ အားစိုက်ပြီး ပွတ်ရလေလေပဲ၊ ဒီလို အဆက်မပြတ် ပွတ်လို့ ပူလွန်းမက ပူလာတော့ မီးပွင့်လာရတယ်၊ အဲဒီတော့မှပဲ နားရတယ်၊ အဲဒါလိုပဲ ရှေ့အမှတ်နဲ့ နောက်အမှတ်၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ မပြတ်စပ်နေအောင်ဟာ တစ်မှတ်ထဲ မှတ်နေရတယ်၊ ဒီကညောင်းတာ ပူတာတွေကို မှတ်လို့ပြီးသွားရင် ရပ်မနေနဲ့၊ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်} လို့ တစ်စပ်တည်းပဲ ဆက်မှတ်ရမယ်။

ဒီလိုမှတ်နေရင်း  တစ်နေရာရာက  ယားလာပြန်ရင်  အဲဒါကိုပဲ  မှတ်ရမှာပဲ၊  ယားတဲ့နေရာကိုစိုက်ပြီး  ]ယားတယ်
ယားတယ်}လို့ မပြတ်မှတ်နေရမယ်၊ သူလဲ အခံခက်တဲ့ ဒုက္ခဝေဒနာပဲ၊ အယားဖျောက်ချင်တဲ့ စိတ်ကလေးပေါ်လာရင် အဲဒီ
စိတ်ကို ]ဖျောက်ချင်တယ် ဖျောက်ချင်တယ်} လို့မှတ်၊ မဖျောက်ရသေးဘူး၊ ပြီးတော့လဲ ]ယားတယ် ယားတယ်}လို့ပဲ ပြန်မှတ် နေရဦးမယ်၊ ဒီလိုပေမှတ်နေရင် ယားတာကတော့ ပျောက်သွားတာပဲ များပါတယ်၊ ပျောက်သွားရင် ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံပါပဲ၊ မပျောက်လှတဲ့ အခါကျတော့လဲ ဖျောက်ရတာပေါ့၊ ဒါပေမယ့် ဖျောက်ချင်တဲ့ စိတ်ကလေးကစပြီး မှတ်သွားရမယ်၊ ]ဖျောက်ချင်တယ် ဖျောက်ချင်တယ်} မှတ်၊ လက်ြွကလာရင် ]ြွကတယ်ြွကတယ်} မှတ်၊ ရွှေ့ရင် ]ရွှေ့တယ် ရွှေ့တယ်} မှတ်၊ ယားတဲ့နေရာကို ထိလိုက်တော့ ]ထိတယ်} လို့မှတ်၊ အယားပျောက်တော့ ဆွဲတိုင်းတွန်းတိုင်း ]ဖျောက်တယ် ဖျောက်တယ်၊  ကုတ်တယ်၊ ကုတ်တယ်} မှတ်၊ လက်ပြန်ချတော့ ]ချတယ် ချတယ်} မှတ်၊ တစ်နေရာရာမှာ လက်က ထိသွားတော့ ]ထိတယ်} မှတ်၊ ပြီးတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ်၊ ပိန်တယ် ပြန်မှတ်သွားရုံပဲ၊ ကိုယ်အမူအရာတွေြုပပြင်တိုင်းြုပပြင်တိုင်း  ဒီနည်းချည်းပဲ၊  ဘာကလေးတစ်ခုမှ လွတ်မသွားစေရဘူး၊ြုပပြင်တိုင်းြုပပြင်တိုင်းြုပပြင်ချင်တဲ့ စိတ်ကလေးကစပြီး စေ့စေ့စပ်စပ် မှတ်သွားရတယ်။

ဒီလို ဂရုစိုက်ပြီး မပြတ်မှတ်နေတော့ ကိုယ်ထဲက အခံခက်တဲ့ ဝေဒနာတွေဟာ သူ့အလိုလိုပဲ ပေါ်လာတယ်၊ ပကတိ ပုဂ္ဂိုလ်တွေမှာတော့ နည်းနည်းကလေး ညောင်းလာတယ်၊ ပူလာတယ်ဆိုရင် အမှတ်တမဲ့ ပြင်လိုက်တော့တာပဲ၊ ကိုယ်ထဲမှာ မခံသာတဲ့ ဆင်းရဲမျိုးစေ့က ပေါ်လာခါစရှိသေး၊ အမှတ်အသိမရှိဘဲနဲ့ ရွေ့လိုက်ပြင်လိုက်တော့တာပဲ၊ ဒါကြောင့် ဆင်းရဲဒုက္ခ တွေဟာ ထင်ထင်ရှားရှားကို မဖြစ်လိုက်ရဘူး၊  အဲဒါဟာ ဆင်းရဲဒုက္ခတွေကို ဣရိယာပုတ်က ဖုံးကွယ်သွားတာတဲ့၊ ဒီလို
ဣရိယာပုတ် အသစ်အသစ်က ဒုက္ခလက္ခဏာကို ဖုံးကွယ်ဖုံးကွယ်သွားလို့ လူတွေက ကိုယ်ထဲမှာ ဆင်းရဲတွေရှိမှန်း မသိဘဲ ဖြစ်နေကြတာ၊ ]]တစ်နေ့လုံး တစ်ညလုံးလဲ နေထိုင်ကောင်းနေတာပဲ၊ ကောင်းတာတွေက များနေတယ်}} လို့ ထင်နေကြတယ်၊ ရောဂါဝေဒနာဆိုးကြီးတွေ ဖြစ်လာမှပဲ ဆင်းရဲရှိမှန်း ထင်ရှားသိရတော့တယ်၊ အမှန်ကတော့ ဒီလိုမဟုတ်ဘူး၊ မြုပပြင်ဘဲနဲ့ ငြိမ်ငြိမ်ကလေး  ထိုင်ကြည့်စမ်းပါလား၊  ဘယ်လောက်ကြာအောင် နေနိုင်မလဲလို့၊  ငါးမိနစ်၊  ဆယ်မိနစ်လောက်ကြာရင်ကို တယ်နေရာ မကျချင်ဘူး၊ တစ်မျိုးဖြစ်လာပြီး၊ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်ကြာတော့ မနေနိုင်ပါဘူး၊ ပြင်ရတော့တာ ပါပဲ၊ ခေါင်းကလေးမော့လိုက်၊ ငုံ့လိုက်၊ လက်ကလေးရွှေ့လိုက်၊ ခြေကလေးရွှေ့လိုက်၊ ရှေ့ယိမ်းလိုက်၊ နောက်ယိမ်းလိုက်နဲ့
ဒီလို ခဏခဏြုပပြင်ပေးနေကြရတာပဲ၊ တစ်နေ့လုံးဆိုတော့ ပြင်လိုက်ရတာတွေ မနည်းဘူး၊ ဒါတွေကို သတိမြုပမိတော့

ဘာတစ်ခုမှလဲ ထင်ထင်ရှားရှား  မသိလိုက်ဘူး၊ ဒီလိုချည်းဖြစ်နေကြတာ၊  ယောဂီပုဂ္ဂိုလ်ကတော့  ကိုယ်ထဲမှာ စူးစိုက်ပြီး မပြတ်ရှုမှတ်နေတာကိုး၊ ဒါကြောင့် ကိုယ်ထဲက တရားတွေဟာ သူ့ သဘာဝအတိုင်း ထင်ရှားပေါ်လာတယ်၊ မပေါ်မချင်း သူကစောင့်ပြီး  ရှုနေတော့  အကုန်လုံး  ထင်ရှားပေါ်ကုန်တာပေါ့၊  မခံသာတဲ့၊  ဒုက္ခဝေဒနာကလေး  ဖြစ်ပေါ်လာပေမယ့် ယောဂီက  ပေမှတ်နေတာပဲ၊  တော်ရုံတန်ရုံနဲ့တော့  သူကမပြင်သေးပါဘူး၊ ပြင်ချင်တဲ့စိတ်ပေါ်လာပြန်ရင်လဲ  ပြင်ချင်တယ် ပြင်ချင်တယ်လို့ မှတ်ပြီးတော့ ဝေဒနာကိုလဲ မှတ်မြဲပြန်မှတ်နေတယ်၊ အင်မတန်ကို မနေသာလှမှ ပြင်တော့တာပဲ၊ ပြင်ပြန် တော့လဲ ပြင်ချင်တဲ့ စိတ်ကစပြီး စေ့စေ့စပ်စပ်မှတ်သွားတယ်၊ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဣရိယာပုတ်က မဖုံးကွယ်နိုင်တော့ဘူး၊ တစ်ခါတစ်ခါများ ဝေဒနာတွေက ဟိုက ရိုးရိုးရွရွ၊ ဒီကရိုးရိုးရွရွ၊ ဟိုကနာလိုက်၊ ဒီကကျဉ်လိုက်၊
ယားလိုက်၊ အောင့်လိုက်နဲ့ တစ်ကိုယ်လုံး တစ်ကောင်လုံးဟာ ယူစရာ ရစရာမရှိအောင် ဆင်းရဲအစုအဝေးကြီးလိုတောင် ဖြစ်ပြီး
ထင်လာတတ်သေးတယ်၊ အဲဒါဟာ ဣရိယာပုတ်က မဖုံးနိုင်လို့ ဒုက္ခ လက္ခဏာတွေ ထင်ရှားလာတာတဲ့။

ထိုင်ရာကထဦးမယ်လို့ကြံရင် အဲဒီစိတ်ကို ထချင်တယ် ထချင်တယ်လို့ မှတ်ရမယ်၊ လက်တွေ၊ ခြေတွေပြင်တော့
ြွကတယ်၊ ရွှေ့တယ်၊ ထိတယ်၊ ဆန့်တယ်၊ ထောက်တယ် စသည်ဖြင့် အစဉ်အတိုင်း မှတ်ပြီးြုပပြင်ရမယ်၊ ကိုယ်ကြီးက ရှေ့ကိုယိမ်းလာတော့ ယိမ်းတယ် ယိမ်းတယ်မှတ်၊ ထလိုက်တဲ့ အခါမှာ ကိုယ်ကြီးက ပေါ့ပေါ့ပြီးြွကြွကတက်လာတာရှိတယ်၊ အဲဒါကို စူးစိုက်ပြီးတော့ ထတယ် ထတယ်လို့ မှတ်ရမယ်၊ ဖြည်းဖြည်းကလေး ထရမယ်နော်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ အားအင်ရှိပေမယ့်လို့ အားမရှိတဲ့ လူမမာလို ကျင့်ရမယ်တဲ့၊ ပကတိကျန်းမာတဲ့ အင်အားရှိတဲ့ ပုဂ္ဂိုလ်များမှာတေ့ ထတယ်ç သွားတယ်  ဆိုတာဟာ  လွယ်လွယ်ကလေးပေါ့၊ြုဗန်ြးုဗန်းဆို  မြန်ကမြန်ပါဘိနဲ့၊ အင်အားမရှိတဲ့  လူမမာများကျတော့ ဖြည်းဖြည်းကလေး ရွရွကလေးပဲ၊ သိပ်သိမ်မွေ့တာ၊ ခါးနာနေတဲ့ လူများမှာ ထတယ်ဆိုရင် ရွရွကလေး ညင်ညင်သာသာ ကလေးပဲ၊ ခါးထဲက နာသွားမှာစိုးလို့ သူ့ကိုယ်ကို သာသာကလေးအားယူပြီး ဖြည်းဖြည်းချင်းကလေး ထလာတယ်၊ ယခု တရားအားထုတ်ရာမှလဲ  အားမရှိတဲ့  အဲဒီလူမမာများလို  ကျင့်ရမယ်တဲ့၊  ဘာမဆို ဖြည်းဖြည်းချင်းပဲြုပပြင်ရမယ်၊  ဒီလို ဖြည်းဖြည်းလုပ်မှလဲ  သတိç  သမာဓိÓဏ်က  ကောင်းကောင်း  မိတာ၊  တစ်သက်လုံး  တစ်ဘဝလုံးက အမှုမဲ့အမှတ်မဲ့နဲ့ နေလာခဲ့တယ်၊ ကိုယ်ထဲမှာ အမှတ်သတိစိတ်ကို ယခုမှပဲစပြီး ထားကာစရှိသေးတယ်၊ လေ့ကျင့်သားက မရသေးဘူး၊ အသိÓဏ်က လေ့ကျင့်ကာစရှိသေးတော့ ဘာမှ အားမကောင်းသေးဘူး၊ ရုပ်တွေ၊ နာမ်တွေက အဖြစ်မြန်ပါဘိနဲ့၊ မြန်မြန်ကြီး လုပ်နေရင်  လေ့ကျင့်ခါစ  အသိÓဏ်ကလေးနဲ့  ဘယ်မီနိုင်လိမ့်မတုံး၊ ဒါကြောင့် ဖြည်းဖြည်းကပဲစပြီး လေ့ကျင့်ရတယ်၊ ထယင် ထတယ်လို့ မှတ်ပြီး လူမမာများကို ဖြည်းဖြည်းကလေး ထရမယ်၊ လူမမာနဲ့ကို တူစေရမယ်၊ ဒါမှ သတိ သမာဓိÓဏ်ကဖြစ်မှာ။

ဒါတွင်မကသေးဘူး၊ မျက်စိက မြင်ပေမယ့် မမြင်တဲ့ လူလို ကျင့်ရမယ်တဲ့၊ မျက်စိမြင်တဲ့လူတွေဟာ စောင့်စည်းမှု ကလဲ  မရှိဘူးဆိုရင် ဟိုကြည့်လိုက်  ဒီကြည့်လိုက်နဲ့  သိပ်ဣနြေ္ဒမရလှဘူး၊ ဟိုလူလာလဲ  ကြည့်လိုက်၊  ဒီလူလာလဲ ကြည့်လိုက်နဲ့ သိပ်မငြိမ်သက်ဘူး၊ ဟော-မျက်စိမမြင်တဲ့ လူကတော့ သိပ်ဣနြေ္ဒရတာပဲ၊ သူ့ခေါင်းကြီးကစိုက်လို့ ဘယ်မှ မကြည့်ဘူး၊ သူ့ကိုကြည့်လို့လဲ မြင်မှာက မဟုတ်တော့ ရှေ့လဲမကြည့်ဘူး၊ နောက်လဲမကြည့်ဘူး၊ အနားလာ စကားပြောတဲ့ လူလဲ မကြည့်ဘူး၊ သူဟာ သိပ်ဣနြေ္ဒရနေတာ၊ တရားအားထုတ်တဲ့ ယောဂီလဲ အဲဒီမျက်စိမမြင်တဲ့ လူလို ဣနြေ္ဒရနေအောင် ကျင့်ရမှာ၊ ဘယ်မှမကြည့်ရဘူး၊ ကိုယ့်အမှတ်ကိုသာ ဂရုစိုက်ပြီး မှတ်နေရမှာ၊ ထိုင်ပြီး မှတ်နေတယ်ဆိုရင် ဖောင်းတာ ပိန်တာကိုသာ ဂရိုစိုက်ပြီး မှတ်နေရမယ်၊ အနီးအပါးမှာ တစ်စုံတစ်ခု အထူးအဆန်းကို တွေ့ပေမယ်လို့ ဂရုစိုက်ပြီး ကြည့်မနေရဘူး၊ မြင်တယ် မြင်တယ်လို့မှတ်ပြီးတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့သာ ပြန်မှတ်နေရမယ်၊ ဘာကိုမှ ဂရုမစိုက်ရဘူး၊ ကိုယ့်အမှတ်သာ ဂရုစိုက်ပြီး မှတ်နေရမယ်၊ ဒီလိုငြိမ်းပြီး ဣနြေ္ဒရရနဲ့ မှတ်နေလို့ရှိရင် အဲဒီယောဂီကို အကြောင်းမသိတဲ့လူတွေက မျက်စိမမြင်ဘူးလို့လဲ အထင်မှားသွားနိုင်တယ်၊ ဒီလိုမျက်စိမမြင်ဘူးလို့ သူများက အထင်မှား လောက်အောင်ကို ကိုယ့်အမှတ်ကို ရိုသေရမှာ။

အမှတ်ကိုရိုသေရာမှာတော့ အချို့ယောဂီကလေးတွေက သိပ်အချိုးကျတာပဲ၊ မျက်နှာက ဘယ်လိုမှလှည့်မကြည့်ဘူး၊ ငြိမ်လို့ သိပ်ဣနြေ္ဒရတာပဲ၊ လမ်းလျှောက်နေတဲ့အခါများ မှတ်သွားနေလိုက်တာ ဖြည်းဖြည်းချင်းကလေး သိပ်အချိုးကျတာပဲ၊
ရွရွကလေး သိမ်သိမ်မွေ့မွေ့ကလေးပဲ၊ ယောဂီတိုင်း ယောဂီတိုင်း အဲဒီလိုချည်း ရိုရိုသေသေမှတ်သွားရမှာ။

ပြီးတော့ နားကကြားပေမယ့် မကြားတဲ့လူလို ကျင့်ရမယ်တဲ့၊ စောင့်စည်းမှုမရှိတဲ့ လူများမှာ နားကကြားတယ်ဆိုရင် အဲဒိအသံကြားရာဆီကို လှည့်ကြည့်လိုက်၊ ပြန်ပြီးပြောလိုက်နဲ့ သိပ်ဣနြေ္ဒမရဘူး၊ နားမကြားတဲ့လူများကျတော့ ဘယ်လူက ဘာပြောနေနေ သူကမကြားတော့ ဘာမှဂရုမစိုက်ဘူး၊  ပြန်ပြောခြင်းလဲမရှိဘူး၊ သိပ်ဣနြေ္ဒရနေတာပဲ၊ တရားအားထုတ်တဲ့ ယောဂီလဲ  အဲဒီနားမကြားတဲ့လူကို  ဣနြေ္ဒရနေအောင်  ကျင့်ရမှာ၊  ဘယ်သူက ဘာပြောပြော၊ အရေးမကြီးတာတွေကို
ဂရုမစိုက်ရဘူး၊ ပြန်ပြောမနေရဘူး၊ နားလဲထောင်မနေရဘူး၊  အလိုလို ကြားလာရင်လဲ ကြားတယ် ကြားတယ် မှတ်ပြီးတော့ ဖောင်းတယ် ပိန်တယ်လို့သာ ပြန်မှတ်နေရမယ်၊ ဒီလို အသံကြားရာဆီ လှည့်လဲမကြည့်၊ စကားလဲ ပြန်မပြောဘဲ ကိုယ့်အမှတ် ကိုသာ ဂရုစိုက်ပြီးမှတ်နေရင် အဲဒီယောဂီကို အကြောင်းမသိတဲ့ လူတွေက နားမကြားဘူးလို့လဲ အထင်မှားသွားနိုင်သေးတယ်၊
ဒီလို နားမကြားဘူးလို့ သူများက အထင်မှားလောက်အောင်ကို ကိုယ့်အမှတ်ကို ဂရုစိုက်ပြီး မှတ်သွားရမှာ။

တရားအားထုတ်တဲ့အခါမှာ ရှုမှတ်မှုကလေး တစ်ခုတည်းပဲ ကိုယ့်အလုပ်ရှိတယ်၊ ဒီပြင်က ကြားတာတွေ၊ မြင်တာတွေ ဆိုတာကိုတော့ ကိုယ့်အလုပ်မဟုတ်ဘူး၊ ဒါကြောင့် ဘယ်လိုထူးထူးဆန်းဆန်းကို ကြားရပေမယ့် မကြားရသလိုပဲ အမှတ်ကိုသာ ဂရုစိုက်ပြီး မှတ်နေရမယ်၊ မြင်ပေမယ်လို့ မမြင်သလိုပဲ၊ အမှတ်ကိုသာ ဂရုစိုက်ပြီး မှတ်နေရမယ်၊ ကိုယ် အမူအရာတွေြုပပြင်တဲ့အခါမှာလဲ မကျန်းမာတဲ့ ပုဂ္ဂိုလ်၊ အားအင်မရှိတဲ့  ပုဂ္ဂိုလ်များလိုပဲ ဖြည်းဖြည်းကလေး ရွရွကလေးြုပပြင်ရမယ်၊ လက်ရွှေ့လိုက်၊ ခြေရွှေ့လိုက်၊ ကွေးလိုက်၊ ဆန့်လိုက်၊ ခေါင်းငုံ့လိုက်၊ မော့လိုက်နဲ့ အဲဒါတွေအားလုံး ငြိမ်ငြိမ်သက်သက်ကလေး သိမ်သိမ်မွေ့မွေ့ကလေးပဲြုပပြင်ရမယ်။

ဒါကြောင့် အခုလိုထိုင်ရာက ထချင်တဲ့အခါမှာ ထတယ် ထတယ်လို့ မှတ်ပြီး ဖြည်းဖြည်းချင်းကလေး ထရမယ်၊ ခါးဆန့်ပြီး ရပ်မိတဲ့အခါကျတော့ ]ရပ်တယ် ရပ်တယ်} လို့မှတ်၊ ဟိုဟိုဒီဒီ လျှောက်ကြည့်မိရင် ]ကြည့်တယ် မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်} မှတ်၊ သွားတဲ့အခါကျတော့ ခြေလှမ်းကိုမှတ်ရုံပဲ၊ ညာဘက်ကလှမ်းတဲ့အခါ ]ညာလှမ်းတယ်မှတ်}၊ ဘယ်ဘက်က လှမ်းတဲ့အခါ ]ဘယ်လှမ်းတယ်} မှတ်၊ ခြေထောက်ြွကသည်ကစပြီးတော့ ခြေထောက်ချသည်အထိ ရွေ့ရွေ့ပြီး သွားတာကလေးကို အစဉ်အတိုင်း သိသွားရမယ်၊ ]ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်} ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ အဲဒီလို တစ်လှမ်းတစ်လှမ်း တစ်ခါတစ်ခါ မှတ်သွားရုံပဲ၊ အဲဒါက မြန်မြန်သွားတဲ့အခါ မှတ်ပုံတဲ့၊ ခပ်မြန်မြန်သွားရတဲ့အခါ ခပ်ဝေးဝေးသွားတဲ့အခါများမှာ တစ်လှမ်းတစ်လှမ်း တစ်ခါ တစ်ခါပဲ မှတ်သွားရင် တော်လောက်ပါပြီ၊ ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ ဒီလို တစ်ချက်တစ်ချက်မှတ်သွားရင် တော်ပါပြီ။

ဖြည်းဖြည်းသွားနေတဲ့အခါ  စင်္ကြံလျှောက်နေတဲ့အခါများမှာတော့  ခြေတစ်လှမ်းမှာ  ၃-ပိုင်းရှိတယ်၊  ခြေထောက်
ြွကတက်တာက တစ်ပိုင်း၊ လှမ်းလိုက်တာကတစ်ပိုင်း၊ နင်းချလိုက်တာက တစ်ပိုင်း၊ အဲဒီ ၃-ပိုင်းထဲမှာြွကတာကလေးနဲ့
ချတာကလေး ဒီ၂-ပိုင်းကစပြီး မှတ်ရမယ်၊ ခြေထောက်ြွကတက်လာတာကလေးကို ]ြွကတယ်}လို့ မှတ်ရမယ်၊ြွကတက်
လာတာ ကလေးကို သေသေချာချာ သိရမယ်၊ ပြီးတော့ နင်းချလိုက်တာကလေးကို ]ချတယ်}လို့ မှတ်ရမယ်၊ လေးလေးပြီး ကျသွားတာ ကလေးကို သေသေချာချာ သိရမယ်၊ အဲဒီ ၂-ပိုင်းကို စပြီး မှတ်ရမယ်၊ ]ြွကတယ် ချတယ်} ဟော-ခြေတစ်လှမ်း ပြီးသွားရော၊ အဲဒီတစ်ဘက်က ]ြွကတယ်} လို့ မှတ်နေတုန်း ဟိုတစ်ဘက်ကိုြွကလာတတ်တယ်၊ အဲဒီလိုြွကမလာစေရဘူး၊
ြွကလာလို့ရှိရင်လဲြွကစကနေပြီး သေသေချာချာမိအောင် စူးစိုက်ပြီး မှတ်ရမယ်၊ ]ြွကတယ်ချတယ်၊ြွကတယ်၊ ချတယ်} ဒီလို ခြေတစ်လှမ်း တစ်လှမ်းမှာ ၂ -ချက် ၂-ချက် မှတ်ပြီးသွားရမယ်။

အဲဒီ ၂-ချက်မှတ်ကလဲ ၂-ရက်လောက်နေတော့ လွယ်လာပါလိမ့်မယ်၊ ဒီလိုလွယ်တဲ့ အခါကျတော့ ၃-ချက် မှတ်ရမယ်၊ ]ြွကတယ်၊ လှမ်းတယ်၊ ချတယ်}၊ ]ြွကတယ်၊ လှမ်းတယ်၊ ချတယ်} ဒီလို ၃-ချက်မှတ်မှတ် သွားရမယ်၊ အခု မှတ်ကာစမှာတော့ ၁-ချက်မှတ် ၂-ချက်မှတ်ဆိုရင် တော်ပါပြီ၊ မြန်မြန်သွားတဲ့အခါမှာ ]ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်}
ဒီလို တစ်ချက်တစ်ချက်မှတ်သွား၊ ဖြည်းဖြည်းသွားတဲ့အခါမှာ ]ြွကတယ် ချတယ်}၊ ဒီလို ၂ -ချက် ၂-ချက်မှတ်သွား။

ဒီလိုသွားနေရာက ထိုင်ချင်တဲ့စိတ်ပေါ်လာရင် ]ထိုင်ချင်တယ်၊ ထိုင်ချင်တယ်} မှတ်၊ လှမ်းကြည့်မိရင် ]ကြည့်တယ် မြင်တယ် ကြည့်တယ် မြင်တယ်} မှတ်၊ ထိုင်မယ့်နေရာကို သွားရင်ြွကတယ် ချတယ်ြွကတယ် ချတယ်မှတ်သွား၊ ထိုင်မယ့် နေရာရောက်လို့ ရပ်တော့ ]ရပ်တယ် ရပ်တယ်} မှတ်၊ လှည့်ရင် ]လှည့်တယ် လှည့်တယ်} မှတ်၊ ထိုင်ချင်တဲ့စိတ် ပေါ်လာပြန်ရင်
]ထိုင်ချင်တယ် ထိုင်ချင်တယ်} မှတ်၊ ထိုင်ချလိုက်တော့ ကိုယ်ကြီးကလေးလေးပြီး ကျသွားတာရှိတယ်၊ အဲဒါကို စူးစိုက်ပြီးတော့
]ထိုင်တယ် ထိုင်တယ်} လို့ မှတ်ရမယ်၊ ထိုင်မိတဲ့အခါကျတော့ လက်ခြေပြင်တာတွေကရှိသေးတယ်၊ အဲဒါတွေလဲ ရွှေ့ရင်
]ရွှေ့တယ်။ ကွေးရင် }ကွေးတယ်}၊ ဆန့်ရင် ဆန့်တယ်} အကုန်လုံး မှတ်သွားရမယ်၊ ဘာမှအြုပအပြင်မရှိဘဲနဲ့ ငြိမ်နေပြီဆိုတော့
]ဖောင်းတယ်၊ ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်} အဲဒါကို မှတ်နေရုံပဲ။

အဲဒီလိုမှတ်နေရာက ညောင်းတာ ပူတာတွေ ပေါ်လာရင် အဲဒါတွေကို လိုက်မှတ်ရုံပဲ၊ ဒီအထဲက လှဲအိပ်ချင်လို့ရှိရင်
]အိပ်ချင်တယ်၊ အိပ်ချင်တယ်} မှတ်၊ လှဲအိပ်ခါနီးကျတော့ လက်ကလေး ခြေကလေး ပြင်တာလဲ ရှိသေးတယ်၊ အဲဒါတွေလဲ
အကုန်လုံး မှတ်ရမယ်၊ လက်ကြွိုကရင် ]ြွကတယ်ြွကတယ်} မှတ်၊ ရွှေ့ရင် ]ရွှေ့တယ် ရွှေ့တယ်} မှတ်၊ ထောက်ရင်
]ထောက်တယ်} မှတ်၊ ကိုယ်ကြီးက ယိမ်းလာရင် ]ယိမ်းတယ် ယိမ်းတယ်} မှတ်၊ ခြေထောက်ဆန့်ရင် ]ဆန့်တယ် ဆန့်တယ်}
မှတ်၊ ယိမ်းပြီး လှဲအိပ်လိုက်တဲ့အခါကျတော့ ]အိပ်တယ် အိပ်တယ်} လို့ မှတ်ပြီး ဖြည်းဖြည်းချင်းကလေး လှဲအိပ်သွားရမယ်။

ဒီလို အိပ်တာကလေးကလဲ အရေးကြီးတယ်၊ ဒီအတွင်းမှာလဲ တရားထူးက ဖြစ်နိုင်တာပဲ၊ သမာဓိÓဏ် အားရှိနေတဲ့ အခါဆိုရင် ဘယ်အချိန်မဆို တရားထူးက ဖြစ်နိုင်တာချည်းပဲ၊ တစ်ကွေးတစ်ဆန့်အတွင်းလဲ ဖြစ်နိုင်တာပဲ၊ ရှေးတုန်းက
]အရှင်အာနန္ဒာ ရဟန္တာဖြစ်သွားတယ်} ဆိုတာဟာ ဒီ လှဲအိပ်နေတုန်း ဖြစ်သွားတာပဲ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် ၃ လလွန်လို့ ၄ လထဲ ရောက်တဲ့အခါမှာ ပထမ သင်္ဂါယနာတင်ပွဲကြီး
စပြီးတော့ ကျင်းပတယ်၊ သင်္ဂါယနာတင်ဆိုတာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော် ဝိနည်းတော်တွေကို အကုန်ဆုံး

စုပြီးတော့ ဆုံးဖြတ်ကြ၊ အတည်ြုပကြ၊ ရွက်ဆိုကြတာပါပဲ။ အဲဒီတုန်းက သင်္ဂါယနာတင်ဖို့ သံဃာတော်ငါးရာ ရွေးထားတယ်။ အဲဒီ သံဃာ ငါးရာထဲမှာ အရှင်အာနန္ဒာမှ တစ်ပါး ၄၉၉-ပါးက အားလုံး ရဟန္တာတွေချည်းပဲ၊ အရှင်အာနန္ဒာတစ်ပါးတည်းပဲ သောတာပန်ရှိတယ်၊ ဒါကြောင့် အရှင်အာနန္ဒာလဲ သင်္ဂါယနာ အစည်းအဝေး မကျင်းပခင် အလျင်တစ်ရက်မှာ ဝါခေါင် လပြည့်ကျော် ၄-ရက်နေ့ ညမှာပေါ့လေ။ တစ်ညတည်းနှင့် ရဟန္တာဖြစ်အောင်လို့ အပြင်းအထန် အားထုတ်နေတယ်။ တစ်ညလုံး စင်္ကြံလျှောက်ပြီး ]ကာယဂတာသတိ} ခေါ်တဲ့ ]ကာယာနုပဿနာ သတိပဋ္ဌာန်}ကို ပွားများအားထုတ်နေတယ်။
]ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်၊ြွကတယ်၊ လှမ်းတယ်၊ ချတယ်} အခု အမှတ်မျိုးပါပဲ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း သွားချင်တဲ့ စိတ်နာမ်တရားနဲ့ သွားတဲ့ရုပ်တရားတွေ တစ်ပိုင်းစီ တစ်ပိုင်းစီ ဖြစ်ပျက်နေတာကို ရှုမှတ်ပြီး နေလိုက်တာ နံနက်လင်းခါနီး ရောက်နေပြီ။ ဒါပေမယ့် ရဟန္တာတော့ မဖြစ်သေးဘူးတဲ့။

ဒီတော့ အရှင်အာနန္ဒာ စဉ်းစားတယ်၊ ငါအားထုတ်တာကတော့ အစွမ်းကုန်နေပြီ၊ မြတ်စွာဘုရားကလဲ အမိန့်ရှိခဲ့ တာပဲ။ အာနန္ဒာ-သင့်မှာ ပါရမီကုသိုလ်တွေကတော့ ပြည့်စုံနေပြီ။ တရားကိုသာ အားထုတ်ရစ်ပေရော့။ မကြာခင်ပဲ ရဟန္တာ ဖြစ်သွားပါလိမ့်မယ်တဲ့။ ဘုရားကလဲ ဒီလိုမှာသွားတာပဲ။ ငါအားထုတ်တာလဲ အရေးတော့ကုန်နေပါပြီ။ ဒီ သာသနာတော်မှာ ပြင်းပြင်းထန်ထန် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ငါလဲတစ်ယောက်အပါအဝင်ပါပဲ။ ဒါထက်တိုး၍ တရားအားထုတ် စရာတော့ မရှိပါဘူး၊ ဘာကြောင့် တရားက မတိုးတက်ဘဲ ရှိနေပါလိမ့်မတုန်းလို့ အရှင်အာနန္ဒာက စဉ်းစားနေတယ်။

ဒီလိုစဉ်းစားနေရင်း သူသတိရလာတယ်။ ဪသာ် ငါကတစ်ညလုံး စင်္ကြံသွားပြီး အပြင်းအထန် အားထုတ်နေတယ်၊
ဒါကြောင့် ဝီရိယလွန်ပြီး သမာဓိက အားနည်းနေတာပဲလို့ သတိပေါ်လာသတဲ့။ ဟုတ်တယ်၊ ဝီရိယလွန်ရင် ဥဒ္ဓစ္စဖြစ်တယ်။ စင်္ကြံသွားပြီး အပြင်အထန် အားထုတ်နေတော့ ကြောင့်ကြစိုက်ရတာများပြီး ပျံ့လွင့်မှုလည်း ဝင်ဝင်လာတာပေါ့။ ဒါ့ကြောင့် သမာဓိနဲ့ညီမျှသွားအောင် ဝိရိယကို နည်းနည်းလျှော့ပေးဦးမှပဲ၊ အခန်းထဲဝင်ပြီး ခဏလောက်လှဲအိပ်ရင်း အားထုတ်ဦးမှပဲလို့ စိတ်ကူးပြီး အရှင်အာနန္ဒာက အခန်းထဲဝင်သွား ခုတင်ပေါ်မှာထိုင်၊ ထိုင်ရာ လှဲအိပ်လိုက်တာပဲ၊ ဒီလို လှဲအိပ်လိုက်တဲ့ အခါမှာ
]အိပ်တယ် အိပ်တယ်} လို့ ဒီလိုအမှတ်မျိုးမှာပဲ ရဟန္တာဖြစ်သွားတယ်တဲ့။

အရှင်အာနန္ဒာ ဒီလိုရဟန္တာဖြစ်သွားတာကို ဣရိယာပုတ်လေးပါးက လွတ်ပြီး ရဟန္တာဖြစ်သွားတယ်လို့ အဋ္ဌာကထာ မှာ ထူးဆန်းတဲ့အနေနဲ့ မှတ်တမ်းတင်ထားတယ်။ ဘယ်လိုလဲဆိုတော့ အရှင်အာနန္ဒာမှာ အဲဒီအချိန်တုန်းက ခြေထောက်လဲ မြေပြင်  ကြမ်းပြင်ပေါ်မှာ  တည်လျက်  မဟုတ်တော့ဘူး၊ ဒါကြောင့်  ရပ်နေတယ်လို့လဲ  မဆိုနိုင်ပါဘူးတဲ့။ ကိုယ်ကလဲ လှဲချလိုက်တာ စောင်းစောင်းကြီး ခေါင်းအုံး နားတောင် ရောက်နေပြီ။ ဒါကြောင့် ထိုင်နေတယ်လို့လဲ မဆိုနိုင်ဘူးတဲ့။ ခေါင်းအုံးပေါ် မထိသေးလို့ လှဲအိပ်နေတယ်လို့ မဆိုနိုင်ဘူးတဲ့၊ ဒီလို ဣရိယာပုတ် ၄-ပါးက လွတ်ပြီးတော့ ရဟန္တာဖြစ်သွား တာတဲ့။ အရှင်အာနန္ဒာက သောတာပန်ကိုး၊ သောတာပန်အဖြစ်ကနေပြီး ဝိပဿနာရှုပြန်တော့ သကဒါဂါမိမဂ်ç ဖိုလ်ရောက်၊ အဲဒီကနေပြီး ဝိပဿနာ ရှုပြန်တော့ အနာဂါမိမဂ်ဖိုလ်ရောက်၊ အဲဒီကနေပြီး ဝိပဿနာ ရှုပြန်တော့ အရဟတ္တမဂ်ç ဖိုလ်ရောက်၊
ဝိပဿနာနှင့်တကွ အထက်မဂ်ç ဖိုလ် ၃-ဆင့်တက်ပြီး ရဟန္တာဖြစ်သွားတာ တစ်ခဏလေး၊ ဘာမှမကြာဘူး၊ တရားဆိုတာ ဖြစ်ချင်ရင် မကြာဘူး၊ ဘယ်အချိန်မဆို  ဖြစ်နိုင်တယ်။ ယခု အရှင်အာနန္ဒာရဲ့ ရဟန္တာဖြစ်ပုံကိုသာ ကြည့်ပေတော့။ ဘာမှ မကြာဘူး၊ လှဲအိပ်ခိုက်ကလေး အတွင်းဖြစ်သွားတာ၊ တစ်ခဏကလေးပဲ။ ဒါကြောင့် ဘယ်အချိန်မဆိုြုကိးစားပြီး မှတ်နေ
ရမယ်၊ ဒါကလေးကတော့ အရေးမကြီးပါဘူးဆိုပြီးတော့ အမှတ်ကို လျှော့မထားရဘူး၊ ဒါကြောင့် ယခုပြောနေတဲ့ လှဲအိပ်ခိုက် မှာလဲ ရိုရိုသေသေပဲ မှတ်သွားရမယ်။ လှဲအိပ်ချင်ရင်လှဲချင်တယ်၊ အိပ်ချင်တယ်၊ လက်ြွကရင် ]ြွကတယ်ြွကတယ်} မှတ်၊ ဆန့်ရင် ဆန့်တယ် ဆန့်တယ်၊ ထိရင် ]ထိတယ်} ထောက်ရင် ]ထောက်တယ်} မှတ်၊ ကိုယ်ကြီးယိမ်းပြီး လှဲချလိုက်တော့
]အိပ်တယ် အိပ်တယ်} မှတ်ပြီး ဖြည်းဖြည်းချင်းကလေး လှဲချသွားရမယ်။ ခေါင်းအုံးနဲ့ အိပ်ရာနဲ့ ထိတာတွေက ဟိုနားဒီနားက
အများကြီးပဲ ရှိတယ်။ အဲဒါတွေကိုလဲ ]ထိတယ် ထိတယ်}လို့ တစ်ကွက်ချင်း တစ်ကွက်ချင်း စူးစိုက်ပြီး မှတ်သွားရမယ်။
အိပ်မိတဲ့အခါကျတော့ လက်ခြေ ပြင်တာတွေလဲ ရှိသေးတယ်။ အဲဒါတွေကိုလဲ အကုန်လုံး စေ့စေ့စပ်စပ် မှတ်ရမယ်။ြွကရင်
]ြွကတယ်ြွကတယ်} ဆန့်ရင် ]ဆန့်တယ်} ကွေးရင် ]ကွေးတယ်} ရွှေ့ရင် ]ရွှေ့တယ် ရွှေ့တယ်} အကုန်လုံး မှတ်သွားပေါ့လေ၊ ဟိုဘက်  ဒီဘက် စောင်းရင် ]စောင်းတယ်၊ စောင်းတယ်} လှည့်ရင် ]လှည့်တယ်} မှတ်၊ ဘာမှ အြုပအပြင်မရှိဘဲ  ငြိမ်နေပြီ ဆိုရင်တော့ ]ဖောင်းတယ်၊ ပိန်တယ်၊ ဖောင်းတယ်၊ ပိန်တယ်} ဒါပဲ မှတ်နေရမယ်၊ စောင်းလျက်ဖြစ်ဖြစ်၊ ပက်လက်ဖြစ်ဖြစ်၊ လှဲအိပ်နေတုန်းမှာ ငြိမ်နေရင် မှတ်စရာ အထူးမရှိဘူး၊ အဲဒီတော့ ဖောင်းတယ် ပိန်တယ် ဒါလေး ၂-ခုကို မှတ်နေရုံပဲ။

အဲဒီလို အိပ်နေရင်လဲ စိတ်ဆိုတာကတော့ တခြားထွက်သွားတာရှိလိမ့်မယ်၊ အဲဒီ ထွက်သွားတဲ့ စိတ်တွေကိုလဲ လိုက်မှတ်ရမယ်၊ သွားရင် ]သွားတယ်} မှတ်၊ ရောက်ရင် ]ရောက်တယ်} မှတ်၊ ကြံရင် ]ကြံတယ်} စဉ်းစားရင် ]စဉ်းစားတယ်} စသည်ဖြင့် စိတ်ကူးစဉ်းစားကြံစည်တိုင်း အကုန်လုံးပဲ လိုက်မှတ်ရမယ်။ ထိုင်နေတုန်းက အတိုင်းပါပဲ၊ စိတ်ဆိုတာကတော့
၁-ချက်၊ ၂-ချက်လောက် မှတ်လိုက်ရင် ပျောက်သွားတာပဲ။ အဲဒီတော့ ]ဖောင်းတယ်၊ ပိန်တယ်} ပြန်မှတ်သွားရုံပါပဲ၊ တံတွေးမျိုတာç ထွေးတာတွေလဲ မှတ်ရမှာပဲ၊ ပြီးတော့ ညောင်းတာ၊ ပူတာ၊ နာကျဉ် ကိုက်ခဲတာ ယားတာတွေလဲ ရှိလိမ့်မယ်၊ အဲဒီ ဒုက္ခဝေဒနာတွေလဲ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်မှတ်ရမယ်၊ ကွေးတာ ဆန့်တာ လှုပ်ရှာြးုပပြင်တာတွေလဲ ရှိလိမ့်မယ်၊ အဲဒီကိုယ်အမူအရာတွေလဲြုပပြင်တိုင်းြုပပြင်တိုင်း အကုန်မှတ်ရမှာချည်းပဲ၊ နောက်အမှတ်နိုင်လာတဲ့ အခါကျတော့ မျက်စိ

ဖွင့်တာ မှိတ်တာ၊ မျက်တောင်ခတ်တာတွေတောင် မှတ်ရဦးမှာ။ ဘာမှ အြုပအပြင် မရှိဘဲ ငြိမ်နေပြီဆိုတော့ ]ဖောင်းတယ်၊
ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်} ဒီလို ပြန်မှတ်သွားရုံပဲ။

ညဥ့်နက်လို့ အိပ်ချိန်ကျနေပေမယ့်လို့ အမှတ်ကိုတော့ လွှတ်ပြီးမအိပ်ရဘူး၊ တရားကို တစ်ကယ်တန်း အားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ မအိပ်တော့ဘူးအနေနဲ့ စွန့်စွန့်စားစား အားထုတ်ရတယ်။

]]ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿံတု၊ သရီရေ ဥပသုဿတု မံသလောဟိတံ၊ ယံ တံ ပုရိသထာမေန ပုရိသ ဝီရိယေန ပုရိသပရက္ကမေန ဝတ္တဗ္ဗံ၊ န တံ အပါပုဏိတွာ ဝီရိယဿ သဏ္ဌာမံ ဘဝိဿတိ ဆိုတဲ့ ဟောဒီပါဋ္ဌိအရ စတုရင်္ဂဝိရိယ အင်္ဂါ ၄-ပါးရှိတဲ့ ဝီရိယနဲ့ ဆောက်တည်ပြီးတော့ အားထုတ်ရတယ်၊ တရားအားထုတ်တယ်ဆိုတာ တစ်ကယ် တမ်း ပြင်းပြင်းထန်ထန် အားထုတ်တော့ ကိုယ်ထဲက အသွေးအသားတွေဆိုတာ လျော့ပါးပြီးတော့ ပိန်ချုံးသွားနိုင်တယ်၊ ခြောက်သွေ့ သွားနိုင်တယ်၊ ဒီလို အသွေးအသားတွေ ခြောက်သွေ့သွားတော့ ဘာကျန်မလဲဆိုရင် အရေမျှကျန်မယ်၊ အကြောမျှ ကျန်မယ်၊ အရိုးမျှကျန်မယ်၊ ဒီလို အသွေးအသားတွေ ခန်းခြောက်ပြီးတော့ အရေမျှ အကြောမျှ အရိုးမျှ ကျန်ချင်ကျန်ပါစေ၊ မလျှော့ဘူး၊ အားထုတ်မယ်လို့ ဒီလို ဝီရိယကို တင်းထားရမယ်၊ ဒီလို ဝီရိယကို အင်္ဂါ ၄-ပါးရှိတဲ့ စတုရင်္ဂဝီရိယလို့ခေါ်တယ်၊ အရေမျှကျန်တာက အင်္ဂါ ၁-ခု၊ အကြောမျှကျန်တာက အင်္ဂါ ၁-ခု အရိုးမျှကျန်တာက အင်္ဂါ ၁-ခု၊ ဒီကျန်တဲ့အင်္ဂါ သုံးခု အသားç အသွေးç ခြောက်ခန်းသွားတာက အင်္ဂါ ၁-ခု၊ ပေါင်း အင်္ဂါ ၄ ခုရှိတယ်၊ ဒီလို အသားတွေ ခြောက်ခန်းပြီး အရေမျှ အကြောမျှ ကျန်ချင်လဲကျန်ပါစေ၊ လုံ့လဝီရိယဖြင့် အားထုတ်လို့ရနိုင်တဲ့မဂ်တရား ဖိုလ်တရားတွေ ဆိုတာရှိတယ်၊ အဲဒီ မဂ်တရား ဖိုလ်တရားကို မရောက်မချင်း ]]ငါဒီအလုပ်ကိုတော့ ရပ်ဆိုင်းမထားဘူး၊ မပြတ်မစဲအားထုတ်သွားမယ်}}လို့ ဒီလို
ဝီရိယကို တင်းတင်းရင်းရင်းထားပြီး အားထုတ်ရမယ်တဲ့။

အဲဒီလိုအားထုတ်သွားရင်  မဂ်တရား  ဖိုလ်တရားဆိုတာ  ရောက်လဲရောက်ပါတယ်၊  မကြာပါဘူး၊ ဝီရိယသာ တင်းတင်းရင်းရင်းထားပြီးမှတ်၊ မကြာခင်ပဲရောက်သွားမယ်၊ ဒါကြောင့် ညာဥ့်နက်လို့ အိပ်ချင်ပေမယ့်လို့ အမှတ်တော့ မလွတ်ရဘူး၊ တစ်မှတ်တည်းသာ  မပြတ်မှတ်နေရမယ်၊  မှတ်ရင်းမှတ်ရင်းပဲ  အိပ်ပျော်သွားစေရမယ်၊  အမှတ်ကနိုင်ရင်လဲ အိပ်မပျော်ဘဲ  နေမှာပဲ၊ အိပ်ချင်တာက နိုင်သွားရင်လဲ အိပ်ပျော်သွားမှာပဲ၊ အိပ်ချင်ရင် ]]အိပ်ချင်တယ်၊ အိပ်ချင်တယ်}}မှတ်၊ မျက်စိမှေးလာရင် ]]မှေးတယ်}}၊ လေးလာရင် ]]လေးတယ်}}၊ မျက်စိဖန်ရင် ]]ဖန်တယ်}} မှတ်၊ ဒီလိုမှတ်လိုက်တာနဲ့ မျက်စိက ပြန်ပြီးတော့ ကြည်သွားတတ်တယ်၊  အဲဒီတော့လဲ  ]]ကြည်တယ်၊  ကြည်တယ်}}  မှတ်ပြီးတော့  ]]ဖောင်းတယ်၊  ပိန်တယ်}} ပြန်မှတ်သွားရုံပဲ၊  ဘယ်လိုပဲပေမှတ်နေနေ အဟုတ်အိပ်ချင်လာပြီဆိုတော့  အိပ်ပျော်သွားတာပဲ၊  အိပ်ပျော်သွားဖို့ရာကတော့ မခက်ပါဘူး၊ လွယ်ပါတယ်၊  လှဲအိပ်ပြီးမှတ်နေရင်  တစ်ဖြည်းဖြည်းနဲ့  မှေးမှေးပြီး  အိပ်ပျော်သွားတတ်တယ်၊  ဒါကြောင့် အားထုတ်စပုဂ္ဂိုလ်မှာ လှဲအိပ်နေတာက မများစေရဘူး၊ ထိုင်တာနဲ့ စင်္ကြံလျှောက်တာက များစေရမယ်။

သို့ပေမယ့် ညဥ့်နက်လို့ အိပ်ချိန်ကျတဲ့အခါမှာတော့ လှဲအိပ်နေရင်း ]]ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်}} မှတ်နေရတော့တာပါပဲ၊ ဒီလိုမှတ်နေရင်း သူ့အလိုလို အိပ်ပျော်သွားပါလိမ့်မယ်၊ အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာမှမသိလို့ မမှတ်ရတော့ဘူး၊ ဒါကြောင့်  အိပ်ပျော်နေတဲ့အချိန်ကတော့  ယောဂီပုဂ္ဂိုလ်မှာ  နားရတဲ့အချိန်ပဲ၊  တစ်နာရီအိပ်ပျော်နေရင် တစ်နာရီနားရတာပဲ၊ ၂ နာရီç ၃ နာရီç ၄ နာရီ အိပ်ပျော်နေရင်လဲ အဲဒီအချိန်ဟာ နားရတာပဲ၊ သို့ပေမယ့် တကယ်တမ်း တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ၃ နာရီç ၄ နာရီထက်တော့ပိုပြီး အိပ်ပျော်မနေစေရဘူး၊ အများဆုံး ၄ နာရီပေါ့၊ ၄ နာရီဆိုရင် တကယ်တမ်း အားထုတ်တဲ့ ယောဂီတွေအတွက် ကောင်းကောင်းလုံလောက်နေပါပြီ။

အဲဒီအိပ်ပျော်ရာက နိုးလာရင် နိုးကတည်းကစပြီး မှတ်ရမယ်၊ မဂ်ရောက်ç ဖိုလ်ရောက် တကယ်တမ်းအားထုတ်တဲ့ ယောဂီဆိုတာ အိပ်ပျော်နေတဲ့ အချိန်လောက်ပဲနားရတယ်၊ ဒီပြင်နိုးနေတဲ့ အချိန်တွေမှာတော့ မနေမနား မပြတ်မစဲ တစ်မှတ်တည်း မှတ်နေရတယ်၊ ဒါကြောင့် မှတ်နိုင်လို့ရှိရင် နိုးလာတဲ့စိတ်ကလေးကိုလဲ ]]နိုးတယ် နိုးတယ်}}လို့ မှတ်ရမယ်၊ အဲဒါကို မသိနိုင် မမှတ်နိုင်သေးရင်တော့ ဖောင်းတာ ပိန်တာကစပြီး မှတ်ရမယ်၊ ]]ဖောင်းတယ် ပိန်တယ်}} မှတ်သွားရုံပဲ။

စဉ်းစားနေတာကစပြီး သိရင်လဲ ]]စဉ်းစားတယ် စဉ်းစားတယ်}} မှတ်ပြီးရင် ]]ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်}} ဆက်မှတ်သွားရုံပဲ၊ အသံကြားတာကစပြီး သိရင်လဲ ]]ကြားတယ် ကြားတယ်}} မှတ်၊ ပြီးရင် ]]ဖောင်းတယ်ပိန်တယ်}} ဆက်မှတ်သွားရုံပဲ၊ အိပ်ရာကနိုးလာတော့ ဟိုဘက်ဒီဘက် စောင်းတာပြင်တာတွေ ရှိလိမ့်မယ်၊ အဲဒါတွေလဲ ]]စောင်းတယ်ç လှည့်တယ်ç ရွှေ့တယ်ç ကွေးတယ်ç ဆန့်တယ်}} စသည်ဖြင့် အစဉ်အတိုင်း မှတ်သွားရမယ်၊ြုပပြင်ချင်တဲ့ စိတ်ဦးကလေးက စပြီး သိရင်လဲ ]]ပြင်ချင်တယ် ပြင်တယ်၊ စောင်းချင်တယ် စောင်းတယ်၊ လှဲချင်တယ် လှဲတယ်၊ ကွေးချင်တယ် ကွေးတယ်}} စသည်ဖြင့် အစဉ်အတိုင်း မှတ်သွားရုံပဲ၊ ညောင်းတာ ပူတာတွေလဲ စပြီးပေါ်လာတတ်တယ်၊ အဲဒီတော့ ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ်၊ စောင်းချင်တယ် စောင်းတယ်၊ လှဲချင်တယ် လှဲတယ်၊ ကွေးချင်တယ် ကွေးတယ်}} စသည်ဖြင့် အစဉ်အတိုင်းမှတ်သွားရုံပါပဲ၊ အြုပအပြင်မရှိပဲ ငြိမ်နေပြန်ပြီဆိုတော့ ]]ဖောင်းတယ် ပိန်တယ် ဖောင်းတယ် ပိန်တယ်}} ပြန်မှတ် သွားရုံပဲ၊ ပြီးတော့ ဘယ်အချိန်ရှိပါလိမ့်မတုန်းလို့ စဉ်းစားရင် ဒါမျိုးကိုလဲ ]]စဉ်းစားတယ်}} လို့ မှတ်လိုက်ရသေးတာပဲ၊

အိပ်ရာကထဦးမှပဲလို့ကြံရင် ]]ထချင်တယ် ထချင်တယ်}} မှတ်၊ လက်ခြေပြင်တာလေးတွေလဲ ရှိလိမ့်မယ်၊ အဲဒါတွေလဲ အကုန်လုံးမှတ်သွားရမယ်၊ ခေါင်းထောင်ပြီး ထလာတော့ ]]ထတယ် ထတယ်}} မှတ်၊ ထိုင်မိတဲ့အခါကျတော့ ]]ထိုင်တယ် ထိုင်တယ်}} မှတ်၊ လက်ခြေတွေပြင်တာရှိသေးရင် အဲဒါတွေကိုပဲအကုန်မှတ်၊ ဘာမှအြုပအပြင်မရှိဘဲ ငြိမ်ငြိမ်ကလေး ထိုင်နေပြီ ဆိုတော့ ]]ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်}} ဒါကို မပြတ်မှတ်နေရုံပဲ။

ယခု ပြောလာခဲ့တာတွေဟာ ဣရိယာပုတ် ၄ ပါးလုံး အပြောင်းအလဲနှင့်တကွ မှတ်ရမည့်ဥစ္စာတွေချည်းပဲ၊ ဒါပေမယ့် မှတ်ခါစပုဂ္ဂိုလ်ကတော့ ယခုပြောခဲ့တာတွေကို အကုန်လုံး မမှတ်နိုင်သေးပါဘူး၊  နောက်သမာဓိÓဏ် အားကောင်းလာတဲ့ အခါကျမှ ဒါတွေကို စေ့စပ်အောင်မှတ်နိုင်မှာ၊ အဲဒီအခါကျတော့ အများကြီးပဲ မှတ်နိုင်ပါတယ်၊ အခုပြောတာလောက် မကသေးပါဘူး၊ အခုပြောနေတာက ခေါင်းစဉ်လောက်ရှိသေးတာပဲ၊ သတိ သမာဓိဆိုတာက သူ့ဟာသူဆောင်သွားတယ်၊ အသိတွေကလဲ သူ့ဟာသူပဲ မြန်မြန်သွားတာ၊ အဲဒီအခါကျတော့ သိစရာတွေကို အကုန်လုံးပဲ သူ့ဟာသူ သိသွားပါလိမ့်မယ်၊ အခုပြောနေတာလောက် သိရုံနဲ့တော့ တရားက မပြည့်စုံသေးဘူး၊ ဖြစ်မှဖြစ်ပါ့မလားလို့တော့ အားငယ်မနေနဲ့၊ တရားက သူ့ဟာသူဆောင်ပြီး သိစရာတွေကို အကုန်လုံး လျှောက်သိသွားပါလိမ့်မယ်။

ပြီးတော့ မျက်နှာသစ်တဲ့အခါ ရေချိုးတဲ့အခါတွေမှာလဲ မှတ်ရမယ်၊ ဒါတွေကတော့ မြန်မြန်လုပ်ရတဲ့ဟာတွေမို့ မှတ်နိုင်သမျှ မှတ်သွားရုံပါပဲ၊ ရေခွက်ဆီလက်လှမ်းတာ ကိုင်တာ ခပ်တာလောင်းတာ အေးတာ ပွတ်တာတိုက်တာတွေ မှတ်နိုင် သမျှ မှတ်သွားရုံပါပဲ၊ အဝတ်အစား ပြင်ဝတ်တာတွေလည်း ရှိတယ်၊ အိပ်ရာ နေရာပြင်တာတွေ တံခါးပိတ်တာ ဖွင့်တာတွေ ကလည်း ရှိတယ်၊ အဲဒါတွေကတော့ စေ့စေ့စပ်စပ် အကုန်လုံးမှတ်သွားရမယ်။

ထမင်းစားတဲ့အခါမှာ ထမင်းစားပွဲကြည့်တာကစပြီးတော့ ]]ကြည့်တယ်၊ မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်}} မှတ်ရမယ်၊ ထမင်းပွဲဆီ လက်လှမ်းရင် ]]လှမ်းတယ် လှမ်းတယ်}} မှတ်၊ ထမင်းနဲ့ လက်နဲ့ထိတော့ ]]ထိတယ် ထိတယ်}} မှတ်၊ ထမင်းစုရင် ]]စုတယ် စုတယ်}} မှတ်၊ ထမင်းလုတ်ပြင်တော့ လက်ကလေးတွေ ကလှုပ်ပြီး ပြင်တိုင်း ပြင်တိုင်း ]]ပြင်တယ် ပြင်တယ်}} မှတ်၊ ထမင်းလုတ်ကို ဆုပ်ကိုင်လိုက်တော့ ]]ကိုင်တယ် ကိုင်တယ်}} မှတ်၊ ထမင်းလုတ်ကို မြှောက်ပြီးယူလာတော့
]]ယူတယ် ယူတယ်}} မှတ်၊ ခေါင်းငုံ့လိုက်တာလဲ ရှိတယ်၊ ]]ငုံ့တယ်}} မှတ်၊ ပါးစပ်ထဲ ထမင်းလုတ်ကို ခွံလိုက်တော့ ]]ခွံ့တယ်}}
မှတ်၊ လက်ကို ပြန်ချတော့ ]]ချတယ်}} မှတ်၊ ပန်းကန်ပြားနဲ့ထိတော့ ]]ထိတယ်}} မှတ်၊ ခေါင်းပြန်ထောင်တော့ ]]ထောင်တယ်}}
မှတ်၊ ဝါးတဲ့အခါကျတော့ အချက်တိုင်း အချက်တိုင်း ]]ဝါးတယ် ဝါးတယ်}} မှတ်၊ ဝါးနေတုန်း အရသာကိုတော့ ]]သိတယ်
သိတယ်}} မှတ်၊ သဘောကျသွားရင်လဲ ]]သဘောကျတယ်}} မှတ်၊ ကောင်းတယ်ထင်ရင်လဲ ]]ကောင်းတယ် ကောင်းတယ်}} မှတ်၊ မျိုချလိုက်တော့ ]]မျိုတယ်}}လို့ မှတ်လိုက်ရော၊ အဲဒါတွေဟာ ထမင်းတစ်လုတ်စားတုန်း မှတ်ပုံပဲ၊ နောက်ထမင်းလုတ် တွေမှာလဲ ဒီနည်းအတိုင်းပဲ မှတ်သွားရမယ်၊ ဟင်းရည်သောက်တော့လဲကြည့်တာç မြင်တာç လက်လှမ်းတာç ဇွန်းကိုကိုင်တာç ကော်တာç ခပ်တာç ယူလာတာç သောက်တာç မျိုချတာ ဒီလိုဟာတွေအကုန်လုံးပဲ မှတ်သွားရမယ်၊ ဒီထမင်းစားရာမှာလဲ အမှတ်ရ ခက်တယ်၊ မှတ်စရာတွေက သိပ်များတာပဲ၊ မှတ်ခါစပုဂ္ဂိုလ်တွေမှာတော့ မေ့သွားတာတွေ မမှတ်နိုင်တာတွေက များနေတာပဲ၊ သို့ပေမယ့် အကုန်လုံး မှတ်မယ်လို့ ဒီလိုစိတ်ကတော့ တင်းထားရမယ်၊ သူ့ဟာသူ မမှတ်နိုင်လို့ ခုန်ကျော် သွားတာတော့ ဘယ်တတ်နိုင်မလဲ၊ မှတ်ခါစရှိသေးတာကို မေ့သွားတာလဲ ရှိဦးမှာပေါ့၊ နောက်ကျင့်သားရလာတဲ့အခါကျတော့ အကုန်လုံး စေ့စပ်အောင် မှတ်နိုင်ပါလိမ့်မယ်။

ဟော အခုပြောခဲ့တာဟာ မှတ်ပုံတွေ အတော်စုံသွားပြီ၊ ဒါပေမယ့် အကျယ်ကြီးလျှောက်ပြောနေတော့ လိုရင်းရှုမှတ် စရာတွေကို ကောင်းကောင်းမှတ်မိမှာ မဟုတ်သေးဘူး၊ ဒါကြောင့် အကျဉ်းချုပ် ထပ်ပြီးပြောဦးမယ်။

အကျဉ်းချုပ်ဆိုတာက ရှုမှတ်စရာက နည်းနည်းပဲရှိပါတယ်၊ လမ်းလျှောက်နေတဲ့အခါဆိုရင် ခြေလှမ်းကိုသာ မှတ်နေ
ရုံပဲ၊ ]]ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် ဘယ်လှမ်းတယ်}} အဲဒါကလေးနှစ်ခု မှတ်နေရုံပဲ၊ မြန်မြန် သွားတဲ့ အခါမှာ ]]ညာလှမ်းတယ် ဘယ်လှမ်းတယ်}} လို့ ခြေတစ်လှမ်း တစ်လှမ်း တစ်ခါ တစ်ခါ မှတ်သွားရင် တော်ပါပြီ၊ ဖြည်းဖြည်း သွားတဲ့ အခါမှာ ]]ြွကတယ်ç ချတယ်၊ြွကတယ်ç ချတယ်}} ဒီလို ခြေတစ်လှမ်း တစ်လှမ်း နှစ်ချက်နှစ်ချက် မှတ်သွားရုံပဲ၊ ငြိမ်ပြီးထိုင်နေတဲ့အခါမှာဆိုရင် ]]ဖောင်းတယ်ç ပိန်တယ်၊ ဖောင်းတယ်ç ပိန်တယ်}} ဒါကလေး နှစ်ခု မှတ်နေရမယ်၊ လှဲအိပ် နေတဲ့အခါမှာလဲ ဘာမှအထူးမှတ်စရာ  မရှိဘူးလို့ဆိုရင် ]]ဖောင်းတယ်ç ပိန်တယ်၊ ဖောင်းတယ်ç ပိန်တယ်၊ ဖောင်းတယ်ç ပိန်တယ်}} ဒါမှ မှတ်နေရမယ်၊ ယခု ပြောတဲ့အတိုင်းဆိုတော့ မှတ်စရာက နည်းနည်းပါပဲ၊ မများပါဘူး။

ဒီလို ]]ဖောင်းတယ် ပိန်တယ်}} မှတ်နေရင်း စိတ်ကူးတွေက တခြားထွက်သွားရင်တော့ အဲဒီစိတ်တွေကို လိုက်မှတ်
ရမယ်၊ သူတို့ကိုတော့ ခွင့်လွှတ်ထားလို့ မဖြစ်ဘူး၊ စိတ်ကူးရင် ]]စိတ်ကူးတယ်}} မှတ်၊ စဉ်းစားရင် ]]စဉ်းစားတယ်}} သွားရင်
]]သွားတယ်}} ရောက်ရင် ]]ရောက်တယ်}} ဖြစ်တိုင်း ဖြစ်တိုင်း မှတ်ပြီးရင် ဖောင်းတာ ပိန်တာကို ပြန်မှတ်၊ တံထွေးမျိုးရင်
ထွေးရင်လဲ ဒါတွေကို လိုက်မှတ်၊ ပြီးရင် ဖောင်းတာ ပိန်တာပြန်မှတ်၊ ညောင်းတာ ပူတာ နာကျင်ကိုက်ခဲတာ ယားတာတွေ
ရှိရင် အဲဒါတွေကိုလဲ လိုက်မှတ်၊ ပြီးရင် ဖောင်းတာ ပိန်တာကို ပြန်မှတ်၊ အဲဒီအထဲက ကွေးလိုက်ဆန့်လိုက် လှုပ်ရှားလိုက်

ခေါင်းငုံ့လိုက် မော့လိုက် ယိမ်းလိုက် ထိုင်လိုက် ဒီလိုအြုပအပြင် ရှိရင် ရှိပြန်ရင် အဲဒါတွေကိုလိုက်မှတ်၊ ပြီးရင် ဖောင်းတယ် ပိန်တယ် ပြန်မှတ်သွားရမယ်။

ဒီနည်းအတိုင်း မှတ်နေရင် တဖြည်းဖြည်းနဲ့ မှတ်နိုင်တာတွေကများလာလိမ့်မယ်၊ မှတ်ခါစမှာတော့ စိတ်တွေက ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ မမှတ်နိုင်တာတွေက များနေတတ်တယ်၊ ဒါပေမယ့် စိတ်တော့မပျက်ရဘူး၊  ဘယ်သူဖြစ်ဖြစ် အစမှာတော့ ဒီလိုချည်း အမှတ်ရခက်ကြတာပဲ၊ နောက်တော့ ကျင့်သားရလာတဲ့အခါကျတော့ စိတ်တွေက ပြေးကို မပြေးနိုင် တော့ဘူး၊ ပြေးတိုင်း ပြေးတိုင်း မှတ်မိပြီးသိç သိနေတယ်၊ ဒါကြောင့် ကြာတော့ လုံးလုံးကို မပြေးတော့ဘူး၊ မှတ်စရာ အာရုံ ထဲမှာသာ စိတ်ကလေးဟာ ကပ်ကပ်ပြီး တည်နေတော့တာပဲ၊ ဟိုက ဖောင်းလိုက်တာနဲ့ ဒီက ]]ဖောင်းတယ်}}လို့ မှတ်လိုက် တာနဲ့ဟာ ကိုက်ကိုက်ပြီးကျနေတယ်၊ ဟိုက ပိန်လိုက်တာနဲ့ ဒီက ]]ပိန်တယ်}}လို့ မှတ်လိုက်တာနဲ့ ကိုက်ကိုက်ပြီး ကျနေတာပဲ၊ မှတ်တိုင်း မှတ်တိုင်း မှတ်စရာအာရုံနဲ့ အသိဟာ တွဲလျက် တွဲလျက်ချည်းပဲ ဖြစ်နေတယ်၊ မှတ်စရာရုပ်နဲ့ မှတ်သိတဲ့နာမ်
ဒီရုပ်နာမ် ၂-ခုဟာ အတွဲလိုက် အတွဲလိုက် တစ်စုံ တစ်စုံ ဖြစ်နေတယ်၊ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ ဘယ်ရှိလိမ့်မတုန်း၊ ဒီရုပ်
ကလေးနဲ့ ဒီစိတ်ကလေး ၂-ခုတည်းပဲ တွဲတွဲပြီး ဖြစ်နေတာ၊ ဒါကလေးတွေကို တော်တော်ကြာရင် ကိုယ်တိုင်ပဲ တွေ့သွားပါ လိမ့်မယ်။

ဖောင်းတယ် ပိန်တယ်လို့ မှတ်ရင်းမှတ်ရင်းနဲ့ ရုပ်နဲ့နာမ် ၂-ခု တခြားစီကွဲလာတယ်၊ ဖောင်းတက်လာတဲ့ရုပ်နဲ့ ဖောင်းတယ်လို့ သိတဲ့စိတ်ကလေးတွေ၊ ပိန်ကျသွားတဲ့ရုပ်နဲ့ ပိန်တယ်လို့သိတဲ့ စိတ်ကလေး၊ြွကလိုက်တာနဲ့ြွကတယ်လို့ သိတဲ့စိတ်ကလေး လှမ်းလိုက်တာနဲ့ လှမ်းတယ်လို့သိတဲ့စိတ်ကလေး၊ ချလိုက်တာနဲ့ ချတယ်လို့လဲ သိတဲ့စိတ်ကလေး၊ ဒီရုပ်နဲ့ နာမ် ၂-ခု၊ ၂-ခုဟာ တွဲခနဲ တွဲခနဲ တစ်စုံ တစ်စုံ ကိုက်ကိုက်ကျနေတာကို ကိုယ်တိုင်ပဲ ပိုင်းခြားပြီး သိလာတယ်၊ အဲဒီတော့ မှတ်တိုင်း မှတ်တိုင်း မှတ်စရာ သိစရာ ရုပ်တရားကတစ်မျိုး မှတ်သိနေတဲ့ နာမ်တရားကတစ်မျိုး ဒီရုပ်နဲ့ နာမ် ဒါကလေး ၂- ခု ရှိတာပဲလို့ ကိုယ်ပိုင်Óဏ်နဲ့ရှင်းပြီး သိလာလိမ့်မယ်၊ အဲဒါဟာ နာမ်ရုပ်ကိုပိုင်းခြားသိတဲ့ ]]နာမရူပ ပရိစ္ဆေဒ္ဒÓဏ်}} သူဟာ
ဝိပဿနာÓဏ်တွေရဲ့ အစပဲ၊ သူက အချိုးကျဖို့အရေးကြီးတယ်။

အဲဒီက နောက်ဆက်မှတ်နေရင် အတော်ကြာတော့ သမာဓိÓဏ်က သူ့ထက်အားကောင်းလာတယ်၊ အဲဒီအခါ ကျတော့ မှတ်နေရင်း ပေါ်ပေါ်ပြီး တစ်ခဏချင်း ပျောက်ပျောက်သွားတာတွေ ကိုယ်တိုင်တွေ့ရမယ်၊ ပကတိလူတွေကတော့
ရုပ်ရော  နာမ်ရောဟာ  တစ်သက်လုံး၊  တစ်ဘဝလုံး မြဲတည်နေတယ်လို့  ထင်နေကြတယ်၊  ငယ်ငယ်ကလေးဘဝတုန်း
ရုပ်ကလည်း ယခုထက်ထိလူကြီးရုပ် ဖြစ်လာတယ် ထင်နေကြတယ်၊ ငယ်ငယ်ကလေးဘဝတုန်းက စိတ်ကပဲ ယခုထက်ထိ လူကြီးစိတ်ဖြစ်လာတယ်လို့ ထင်နေကြတယ်၊ ရုပ်ရော စိတ်ရောဟာ ငါတစ်ယောက်တည်းလို့ ထင်နေကြတယ်၊ အမှန်ကတော့
ဒီလိုမဟုတ်ဘူး၊ မြဲတည်နေတဲ့ တရားရယ်လို့မရှိဘူး၊ အခုဖြစ်အခုပဲ ပျက်နေတာချည်းပဲ၊ မျက်စိတစ်မှိတ်ခန့်တောင် မကြာဘူး၊ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် ဒီလောက်အဖြစ်အပျက် မြန်နေတဲ့တရားတွေချည်းပဲ၊ အဲဒါတွေကို တော်တော်ကြာတော့ မှတ်ရင်း မှတ်ရင်းပင် ကိုယ်တိုင်တွေ့သွားမှာ၊ ဖောင်းတာ ပိန်တာမှစပြီး မှတ်ရင်းမှတ်ရင်းပင် ရိပ်ခနဲ ရိပ်ခနဲ ပျောက်ပျောက်သွားတာ တွေကို ကိုယ်တိုင်တွေ့ရမယ်၊ ဒီလို မှတ်နေရင်းနဲ့ တရိပ်ရိပ်နဲ့ ပျောက်ပျောက်သွားတာတွေကို တွေ့ရတော့ ]]မမြဲတဲ့ တရားတွေ ချည်းဘဲဆိုတာ သဘောကျလာမယ်၊ အဲဒီလို မမြဲတာတွေချည်းဘဲလို့ သဘောကျတာဟာ ]]အနိစ္စာ၊ နုပဿနာÓဏ်}} တဲ့။

နောက်ပြီးတော့ ပေါ်ချည်ပျောက်ချည်နဲ့ ဆင်းရဲချည်းပဲလို့လဲ ဝင်လာမယ်၊ အဲဒါက ]]ဒုက္ခာနုပဿနာÓဏ်}}ပဲ၊ ပြီးတော့ ကိုယ်ထဲမှာ အခံခက်တာတွေကလည်း အမြောက်အများ တွေ့ရတော့ ]]ဆင်းရဲအစုအဝေးကြီး}} လို့လဲ ထင်လာမယ်၊ အဲဒါလဲ ]]ဒုက္ခာနုပဿနာ}} ပဲ။

နောက်ပြီးတော့ မှတ်ရတဲ့ ရုပ်နာမ်တွေက ကိုယ့်အလိုအတိုင်း ဘာမှမဖြစ်ဘူး၊ သူ့သဘောအတိုင်း  ဖြစ်ပျက်နေတဲ့ တရားတွေချည်းပဲ၊ အဲဒါတွေကိုချည်း တွေ့နေရတော့ အစိုးမရတဲ့တရားတွေပဲ၊ ပုဂ္ဂိုလ်သတ္တဝါကောင် ငါကောင်မဟုတ်တဲ့ သဘောတရားတွေပဲလို့ ဒီလိုပဲမှတ်နေရင်း သဘောကျသွားမယ်၊ အဲဒါကတော့ ]]အနတ္တာနုပဿနာ}}ပဲ။

အဲဒီ အနိစ္စ ဒုက္ခ အနတ္တ အသိÓဏ်တွေ ကောင်းကောင်းကြီး ပြည့်စုံတဲ့အခါမှာ ဒီလိုရှုမှတ်နေရင်းထဲကပဲ ရုပ်နာမ် သင်္ခါရတွေ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုရောက်သွားမှာပဲ၊ ရှေးတုန်းက ဘုရားရဟန္တာ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်သွားကြတယ်ဆိုတာကလဲ
ဒီဝိပဿနာလမ်းကချည်းသွားရတာပဲ၊ ဝိပဿနာမပါပဲနဲ့ နိဗ္ဗာန်ကို မသွားနိုင်ဘူး၊ တရားနာနေရင်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်သွား တယ် ဆိုတာတွေလဲ နည်းနည်းတော့ရှုမှတ်သွားသေးတာပဲ၊ ဒါကြောင့် ဝိပဿနာဆိုတာ အားလုံးသော ဘုရားရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်သွားတဲ့ လမ်းမကြီးတဲ့၊ ဝိပဿနာဆိုရင် သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးတော့ မုချပါဝင်နေတယ်၊
ဒါကြောင့် သတိပဋ္ဌာန် ဆိုတာလဲ အားလုံးသော ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သွားတဲ့ နိဗ္ဗာန်လမ်းမကြီးပဲ။

ယခု တရားအားထုတ်မယ့် ယောဂီပုဂ္ဂိုလ်တွေဟာ အဲဒီဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သွားထားတဲ့ နိဗ္ဗာန် လမ်းမကြီးပေါ်မှာ ရောက်လာကြတယ်လို့ မှတ်ရမယ်၊ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားကို ရပါလို၏လို့ ဆုတောင်းပြီး

ြုပထားတဲ့ ကုသိုလ်ပါရမီတွေရှိနေလို့ မဂ်ç ဖိုလ်ç နိဗ္ဗာန်ကို ယခု ဘဝမှာပဲရထိုက်တဲ့ ပါရမီကံ ပြည့်စုံနေလို့ ဘုရားရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ သွားထားတဲ့ သတိပဋ္ဌာန် ဝိပဿနာလမ်းမကြီးပေါ်မှာ ငါတို့ယခု ရောက်နေကြရတယ်လို့ အောက်မေ့ ကြရမယ်၊ ဝမ်းမြောက်ဝမ်းသာလဲ ရှိကြရမယ်၊ ဒီလမ်းမကြီးက အစဉ်အတိုင်း လျှောက်သွားလို့ရှိရင် ရှေးက ဘုရားရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ တွေ့သိထားတဲ့ သမာဓိÓဏ် အထူးတွေကို ကိုယ်တိုင် တွေ့ရတော့မှာပဲ၊ ဘယ်တော့ကမှ မတွေ့ဖူးသေးတဲ့ စိတ်တည်ကြည်မှု သမာဓိတွေကိုလည်း တွေ့ရမယ်၊ အဲဒီသမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ တရားအရသာထူးတွေ ဝမ်းမြောက်
ဝမ်းသာစရာတွေ အကောင်းတွေကိုလဲ အများကြီးပဲ တွေ့ရသွားမယ်။

ပြီးတော့ရုပ်တရား နာမ်တရားတွေ အနိစ္စ ဒုက္ခ အနတ္တ တွေကိုလဲ ကိုယ်ပိုင်Óဏ်နဲ့ပဲ တွေ့ပြီး သိသွားမယ်၊ အဲဒါဟာ အသိÓဏ်တွေ ပြည့်စုံတဲ့အခါမှာ ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တွေ တွေ့ထားတဲ့ မဂ်တရားç ဖိုလ်တရားç နိဗ္ဗာန်တရားတွေ ဆိုတာကို မျက်မှောက်တွေ့ပြီး သိသွားမယ်၊ အဲဒါဟာ မကြာတော့ဘူး၊ ယခုအားထုတ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ တွေ့သွား မယ်၊ တစ်လအတွင်း၊ အရက် ၂၀ အတွင်းမှာလဲ တွေ့သွားနိုင်တယ်၊ ၁၅ ရက်အတွင်း တွေ့သွားနိုင်တယ်၊ ပါရမီ အင်မတန် ထူးတဲ့ တစ်ဦးတလေမှာ ဆိုရင်တော့ ၇ ရက် အတွင်းမှာတောင် တွေ့သွားနိုင်ပါသေးတယ်။

ဒါကြောင့် ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တွေ တွေ့သိထားတဲ့ မဂ်တရားç ဖိုလ်တရားç နိဗ္ဗာန်တရားတွေကို ယခု ၁၅
ရက်၊ အရက် ၂၀ အတွင်း၊ တစ်လအတွင်းမှာပဲ ဧကန်ရောက်ရတော့မယ်လို့ ယုံကြည်စိတ်ချထားရမယ်၊ အဲဒီ မဂ်ç ဖိုလ်ç နိဗ္ဗာန်တရားတွေကို ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက်ပြီးတော့ အပါယ်ကျစေနိုင်တဲ့ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာတွေကင်းလို့ အပါယ်သံသရာကြီးက လွတ်မြောက်သွားရပေတော့မယ်၊ တစ်သံသရာလုံးလျှောက်ပြီး တွေ့သွားရမယ် အပါယ်ဆင်းရဲတွေမှ
ယခုအားထုတ်နေတဲ့ ရက်ပိုင်းကလေးအတွင်း မကြာမီအတွင်းမှာပဲ ဧကန်မုချ လွတ်မြောက်သွားရပေတော့မယ်လို့ ယုံကြည်
စိတ်ချပြီးတော့ြုကိးစားအားထုတ်ကြရမယ်။

အပြည့်အစုံြုကိးစားအားထုတ်နိုင်ကြတဲ့ ဘုရားရဟန္တာ အရိယာအရှင်မြတ်တို့ မျက်မှောက်တွေ့သိအပ်သော နိဗ္ဗာန် တရားကို မဂ်Óဏ်ç ဖိုလ်Óဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ြုပနိုင်ကြပါစေကုန်သတည်း။

ဝိပဿနာအလုပ်ပေး တရားတော်ကြီးပြီး၏။