**************************
၂၀၁၅ခုနှစ် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ လောက် လိုတဲ့အချိန်တုန်းက နိုင်ငံရေးပါတီတွေ အပြိုင် အဆိုင် စည်းရုံးရေးတွေ လုပ်နေတာကို တွေ့ရပါ တယ်။
နိုင်ငံသမိုင်း အသစ်ရေးထိုးဖို့၊ ပြည်သူ အတွက် အလုပ် အကျွေးပြုနိုင်ဖို့ ကြိုးစား နေကြတာကို တွေ့ ရလို့ ဝမ်းသာ မိပါတယ်။
ဒီလိုအချိန်မှာ ” သမိုင်းကို မအ အောင် သင်တယ်” ဆိုတဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း စကားကို သတိရ ပါတယ်။ မြန်မာနိုင်ငံသမိုင်းကို ပြန်တွေး မိရင် ခေါင်းဆောင်ကောင်း ရတဲ့အခါ အင်မတန်မှ တိုးတက်ကြီးပွား ခဲ့သလို ခေါင်း ဆောင် ညံ့ဖျင်းတဲ့ အခါ တိုင်းပြည် ပျက်ခဲ့ရတာတွေ ကို လေ့လာ ရပါ တယ်။
တိုက်ပွဲတွေအတွက် တိုင်းပြည်မှာရှိတဲ့ မြေပေါ် မြေအောက် သယံဇာတတွေလည်း သူနဲ့ငါ အပြိုင် ရောင်းချခဲ့တာလည်း အားလုံး သိပါ တယ်။ ပညာရေး၊ ကျန်းမာရေးစတဲ့တိုင်းပြည် ထူထောင် ရေးမှာ အသုံးချခဲ့ရင် အာရှမှာအတော် ကြီးကျယ် မှာပါ။
ဒါ့အပြင် စစ်တိုက်နေရတော့ စစ်သားပဲ အရေးပါခဲ့ ပြီး ပညာရှင်နဲ့ ပြည်သူဆိုတာ အသုံးမဝင်တဲ့ အနေ အထား ရောက်ခဲ့ပါ တယ်။ ရှေးမြန်မာ မှတ်တမ်း တွေ ဖြစ်တဲ့ အမှားတော်ပုံကျမ်းတွေကို ကိုယ်တိုင် တွေ့ကြုံ နေခဲ့ရပါ တယ်။
သမိုင်းတစ်ခုကို ဖော် ထုတ် တဲ့အခါ အစွဲတွေကင်း ဖို့ လိုပါတယ်။ မြန်မာ သမိုင်းကို လေ့လာတဲ့အခါ မှန်တာတွေရှိ သလို မှားတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် သမိုင်း တစ်လျှောက် အားကြီးသူသာ ရှင်သန်တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အားကြီးသူ တွေ ရေးသား မှတ်တမ်းတင် ခဲ့တာတွေကိုသာ နောက်လူတွေ အနေနဲ့ သိရပါတယ်။
ဆရာကြီး ဒေါက်တာသန်းထွန်းက ကျောက်စာ တွေ မြန်မာ နိုင်ငံမှာ အများ ကြီးတွေ့ရပါတယ်။ ဒါပေမယ့် အများ အားဖြင့် အလှူမှတ်တမ်းတွေ ဖြစ် တယ်။ ပြည်သူအကြောင်း ဖော်ပြထားတာ အရမ်း နည်းတယ် လို့ ဆိုပါတယ်။
ဒီလိုပါပဲ ဒေသသမိုင်း၊ လူမျိုး စုငယ်တွေ သမိုင်းကို လေ့လာ တဲ့အခါ အင်မတန် မျက်နှာငယ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအရ ဖျက်ဆီးခံရ တာတွေ၊ ဖော်ပြခွင့်မရ တာတွေ၊ ဝါးမြိုခံ လိုက်ရ တာတွေ အများကြီးရှိတယ်။
ဒီလိုပဲ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေက အသိ ပညာ အားနည်းပြီး ထိန်းသိမ်းစောင့်ရှောက် လိုစိတ် နည်းပါး ပြီး ပျက်စီး ပျောက်ကွယ် သွားတာ လည်း ရှိပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာဆို
ဒီ ထားဝယ်နဲ့ တနင်္သာရီမြို့ဟောင်းတွေကို ဗမာ ကလည်း သူပိုင်တယ်လို့ ဆိုတယ်။ မွန်ကလည်း သူပိုင်တယ် ဆိုတယ်။ ရခိုင်ကလည်း အားကျမခံ ငါတို့ဆီက ထွက်ပြေးတဲ့ လူတွေလို့ ဆိုတယ်။ ရှမ်း ကလည်း ငါတို့ ပိုင်တယ်တဲ့။ ယိုးဒယား ကလည်း ငါတို့မြေလို့ အမြဲ ပြောတယ်။
တနင်္သာရီက သူငယ်ချင်းကတော့ ” ငါတို့မြေလို့ ထင်တာ မဟုတ်ဘူးပဲ” လို့ ရွဲ့ဘူးပါတယ်။ ဘာသာ စကား လေ့လာတဲ့ ပညာ ရှင်တွေကလည်း ထားဝယ်နဲ့ တနင်္သာရီ ကို ဗမာလိုတစ်မျိုး၊ ယိုးဒယားလို တစ်မျိုး၊ ရှမ်းလို တစ်မျိုး၊ မွန်လို တစ်မျိုး၊ မလေးလို တစ်မျိုး၊ ကရင်လို တစ်မျိုး ဘာသာ ပြန်ကြလေရဲ့။
ထားဝယ်နဲ့ တနင်္သာရီ စကားတွေထဲမှာ ဘယ် စကားလုံးက ငါ တို့ စကားလုံးမို့ ဒီမြေက ငါတို့မြေ ဆိုတာ တွေလည်း မနည်းပါဘူး။
ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ စကား လုံး (အထူးသဖြင့် နာမ်တွေ) ကိုသာ လေ့လာတဲ့ အခါ မပြည့်စုံပါဘူး တဲ့။ စကားလုံးတွေ တည် ဆောက်ထားတဲ့ သဒ္ဒါကိုလည်း လေ့လာပြီးမှ ပြော တာ ပိုမှန်ပါ တယ်။
ထားဝယ်ဘက်ကို ကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက လူတွေ ရှိနေပါပြီ။ ဘယ်သူ တွေ ဆိုတာ ဆက်လက် ငြင်းခုန်နေ ရအုံး မှာပါ။
ထားဝယ်သမိုင်းတွေအရ အစောဆုံးမြို့ တွေ ရှိပါ တယ်။ သာသနာသက္ကရာဇ် ၁၇ ခုနှစ်မှာ နရုတိမင်း က အောင်သာ ၀တီမြို့ (ယခု ကလိန်အောင်မြို့) ကို တည်တယ်။
ကလိန်ဆိုတဲ့အရာကို အောင်တယ်လို့ ထင်တယ်။ ကလိန် ဆိုတာ ကာလိန်နဲ့ တူတယ်။ အိန္ဒိယ တောင်ပိုင်းသားတချို့ရဲ့ အမည်ဖြစ် တယ်။ သာသနာသက္ကရာဇ် ၂၃၈ခုမှာ ကနက်သီရိ (နတ်ဆိပ်)ကို တည်တယ်။ နဂါးမင်း၊ ဓမ္မသေနမင်းနဲ့ ကောရမ္ဘမင်း တို့ ပေါင်းတည်တယ်။ ထားဝယ် မြစ် ၀ မှာ တည်တယ်။ နတ်ဆိပ် ဆိုတဲ့ နာမည်က ဘယ်လောက်လှလဲဗျာ။ ကောဇာ သက္ကရာဇ်အစမှာ အောင်သာဝရမြို့ကို ရန္တပိုမင်း၊ ကောဇာသက္ကရာဇ် ၉၄ခုမှာ ဘုမ္မိဒေ၀နာဂရဲမြို့၊ ကောဇာသက္ကရာဇ် ၁၁၃ခုမှာ သာဂရမြို့ကို သမန္တမင်း ဆိုတာတွေကို အစောဆုံးတွေ့ရတယ်။ ဒီမြို့တည်နှစ်တွေနဲ့ ပတ် သက်ပြီး ဆွေးနွေးစရာ အများကြီး ရှိပါတယ်။
ထားဝယ်ဒေသမှာ တွေ့ရှိရတဲ့ ရှေးယဉ်ကျေးမှု အထောက်အထားတွေအရ ကျောက်ချော လက်နက်တွေ၊ ပုတီးစေ့ တွေ၊ လက်ရေးစင်းပါ အုတ်တွေ၊ ဒင်္ဂါး တွေ၊ အရိုးအိုးတွေ၊ မြေထည်ပစ္စည်း တွေ စတဲ့ အထောက်အထားတွေက လွန်ခဲ့ တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က စတယ်။ ဒီလို အထောက်အထားတွေနဲ့ မှတ်တမ်းတွေအရ ပြောရ ရင်ထားဝယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက် က တည်းက မြို့ပြတည်ထောင် နေတယ်လို့ တွေ့ ရတယ်။ ဆက်ပြီး ငြင်းခုံကြမယ်ဗျာ။
တနင်္သာရီမြို့ဟောင်း ဆိုရင်လည်း ကောဇာ သက္ကရာဇ် (၆၃၅)ခု (ခရစ်နှစ် ၁၂၇၃ခု)မှာ ဧကဒယ် ရာဇာကတည် တယ်လို့ဆိုတယ်။
ကောဇာသက္ကရာဇ် ၅၅၈ခု(ခရစ်နှစ် ၁၁၉၆ခု)ထိုး ဓမ္မရာဇိက ကျောက်စာမှာ တနင်္သာရီလို့ ဖော်ပြ ထားပါတယ်။ ဒီတော့ ဘယ်တနင်္သာရီကို ပြောလဲ လို့ မေးစရာဖြစ်လာတယ်။
ဆရာကြီး ဦးပညာရေးတဲ့ ကရင် ရာဇဝင်ကို ဖတ် ကြည့်တော့ ပြည့်စင်ပန်း တွေနဲ့ မြတ်စွာဘုရား ထားဝယ်ရောက် တုန်း လှူဖူးလို့ ၇ ကြိမ် မင်းဖြစ်ဖို့ ဗျာဒိတ်ရတဲ့ အကြောင်းလည်း တွေ့ရ တယ်။
ဒီတော့ ကျွန်တော်တွေမိတာက ထားဝယ်နဲ့ တနင်္သာရီ ကို ဗမာ၊ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ယိုးဒယား စတာတွေက သိနေတော့ ဒီလူတွေ ထင်ရှားကျော် ကြားနေချိန်နဲ့ မတိုင်မီကတည်းက ထင်ရှားပြီးသား ဖြစ်နိုင်တယ်။ အရေး ပါပြီးသား ဖြစ်နိုင်တယ်။
နောက်လာမည့် နှစ်ပေါင်း ၂၀၀၀ ဖြစ်တဲ့ သက္ကရာဇ် ၄၀၀၀ လောက်မှာ ထင်ရှားတဲ့ ရှေးဟောင်း သုတေသန ပညာရှင်ကြီး တစ်ယောက် မြန်မာနိုင်ငံ ဆိုတဲ့ အမည်ကို အဓိပ္ပာယ် ဖော်တဲ့ အခါ ဘယ်လို အဓိပ္ပာယ်ဖော်မလဲ သိချင်ပါ တယ်။ ပြီးတော့ ထားဝယ်ကို လေ့လာတဲ့အခါ ဘယ်လို ပြောမလဲ သိချင်မိပါ တယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်