ဇေတ၀န်မှသည် ရှင်မအောင်သာ မြို့တနင်္သာရီသို့


**********************************************************




ဟိုမှာ တွေ့ရတာက ဇေတဝန်ဆိုတာဘဲ ဟု ညွှန်ပြ၍ ကြည့်လိုက်သည်။

တနင်္သာရီမြစ်ကမ်းပေါ်ဝယ် စိမ်းညှို့မှိုင်းဝေသည့်သစ်ပင်တွေ ဖုံးနေသော မမြင့်လွန်း မနိမ့်လွန်းသော တောင်ကုန်းပေါ်ဝယ် စေတီတစ်ဆူကို ဖူးတွေ့ ရသည်။ ထိုစေတီမှာ ဇေတဝန်စေတီ ဟုသိရသည်။


ထိုစေတီ တည်သည့်နှစ်ကို မြိတ်ခရိုင်ဝန်ဟောင်း အင်ဒရူးက ခရစ် သက္ကရာဇ်-၁၂၀၈ ခုနှစ်မှာ တည်ကြောင်း မှတ်သားခဲ့သည်။

သမိုင်းပညာရှိ သမားတော်ကြီးဦးကြီးစိန် ပြုစုသော ၁၂၉၁-ခုနှစ်ထုတ် တနင်္သာရီတိုင်း မြိတ်ရာဇဝင်တွင်မူ သက္ကရာဇ်-၁၇၅ ခုနှစ်မှာ ယခု တောင်ကုန်းထိပ်ပေါ်ဝယ် မဏိစည်သူမင်းသည် စေတီတစ်ဆူနှင့်စောင်း
တန်းတစ်သွယ် တည်ထားတော်မူခဲ့ဖူးကြောင်း။

အင်းဝနေပြည်တော် ပဌမမြို့တည် နန်းတည် အင်းဝဘုရင်မင်းမြတ် လက်ထက်တော်တွင် ဆင်တုတ်မြို့ (ယခု သန္နုပ်ရွာ)မှ သြွူကယ်တစ်ဦးက အင်းဝမြို့ ဇေတဝန်ကျောင်းတိုက်မှ ဆရာတော်ကို ပင့်လာခဲ့ကြောင်း။
ထိုဆရာတော်အား မဏိစည်သူမင်း တည်ခဲ့သည့်စေတီနှင့် တန်ဆောင်း ကို ပြန်လည်ပြုပြင်ရန် အင်းဝဘုရင်က ပန်ကြားလျှောက်ထားကြောင်း။

စေတီနှင့်တန်ဆောင်းကို ပြုပြင်သောဇေတဝန်ဆရာတော်ကို အစွဲပြု ၍ ဇေတဝန်တောင်၊ ဇေတဝန်စေတီဟု အမှတ်သညာပြုခဲ့ကြကြောင်း။

သက္ကရာဇ်-၆၄၄ ခုနှစ်မှစ၍ ယခုခေတ်တိုင် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တိုင်း ဇေတဝန်ဘုရားပွဲတော် ကျင်းပကြောင်း ဆိုထားသည်။

ဇေတဝန်တောင်သည် မြိတ်မြို့မှ ၁၀ မိုင်ဝေးသည်။ တနင်္သာရီမြို့သည် မြိတ်မြို့မှ ၄၅ မိုင်ဝေးသည်။ မြစ်ကမ်းနှစ်ဘက်၏နှစ်သက်ကြည်နူး စိတ်ရွှင်မြူးစရာ ရှုခင်းသာတွေကား ကဗျာသီရုံး စာစီကုံး၍ပင် ဆုံးအံ့
မထင်တော့ပေ။

မြိတ်မှထွက်ခွာလာခဲ့ရာ ပြင်းငယ်ရွာ၊ ဇေတဝန်တောင်၊ မင်းသန်းရွာ၊ အနောက်သာရဖုံရွာ၊ အရှေ့သာရဖုံရွာ၊ ပဝရွာ၊ မော်တုန်းရွာများကို အစဉ် အတိုင်း ဖြတ်ကျော်လာခဲ့ပြီးမှ မြို့ဟောင်းရွှေပြည် တနင်္သာရီသို့ ရောက်ပါ
လေသည်။


တကူရွာ ဆိုသည်မှာ တနင်္သာရီမြို့မှ  မော်တော်ဖြင့်  တော်တော်ကြာကြာ ကလေး  သွားရသော  ရွာဖြစ်သည်။ တကူရွာနှင့် သာရဘွင် ရွာများသို့ တွင်   ထူးဆန်းအံ့ဩဘွယ် ကောင်းသော ကျောက်တောင်ဂူလိုဏ်တွေ ရှိပါတယ်


တနင်္သာရီ ရာဇဝင်တွင်  ထင်ရှားသော  အခန်းတစ်ခုအဖြစ်  သိသင့် သိထိုက်သော မအောင်သာကျောက်တိုင်ရှိရာ သွားပါသည်။

ရှင်မအောင်သာကျောက်တိုင် တည်ရာသည် စတုရန်းတစ်မိုင်ရှိသော မြို့ရိုးဟောင်း၏ အထဲတွင် ရှိသည်ဟု ဆိုကြပါသည်။ ကျောက်တိုင်မှာ ရှစ်ပေ နီးပါးမြင့်သည်။ အုတ်ခုံခံထားသည်။ နတ်ကွန်းသဖွယ် အမိုးရှိသော
အဆောက်အဦ ကလေးဖြစ်၍ ကုန်းမို့ယောင်ယောင်လေးထက်မှာ ရှိနေသော ဤအဆောက်အဦငယ်တွင်းသို့ ဖိနပ် ချွတ်ပြီး ဝင်ရပါသည်။

ကျောက်တိုင်ပုံသဏ္ဌာန် ရိုးရိုးကျောက်တိုင်ပုံမျိုးနှင့်မတူဘဲ ထူးခြားသည်။ အကုသိုလ် စိတ်ထင် တစ်ပေခွဲ ပတ်လည် ရှိမည်ဟု မှန်းဆမိ၏။ အင်္ဂတေကို သွန်းထားသော ကျောက်တိုင် မဟုတ်ဘဲ ပကတိ သဘာဝ ရင့်လှသည့်
ကျောက်သားကို ထွင်းထားသော ကျောက်အစစ် ကျောက်တိုင်ဖြစ် ၏။ မြေပြင် အထက်မှာ ရှစ်ပေနီးပါးပေါ်ထွက်နေသည့် နည်းတူ မြေအောက် မှာ ရှစ်ပေနီးပါး နစ်မြှုပ်နေသောကျောက်တိုင်ကြီး ဖြစ်ကြောင်း ဆိုသည်။

ဤတွင် ရှင်မအောင်သာနှင့် ရှင်မအောင်ဖြူကို တစ်ဦးတည်းအမှတ်ထားပြီး မှားနေသူများ ရှိကြသည်။ရှင်မအောင်ဖြူကို ဖျာလိပ်နတ်ဟု ဆိုစမှတ် ပြုကြ၏။ ရှင်မအောင်ဖြူကား မြင်းခြံခရိုင် ပြောင်းပြာရွာသူမိန်းမ ချောတစ်ယောက် ဖြစ်၏။ သူ့ရာဇဝင်ပုံပြင်က အတန်ငယ်ရှည်လျား၍ မဖေါ်ပြတော့ပြီ။

ဤဆောင်းပါးမှ ရှင်မအောင်သာအကြောင်းကို သာလျှင် မှတ်သားကြောင်း အနည်းငယ် ဖေါ်ပြပါမည်။

တနင်္သာရီတိုင်းသည် ရှေးယခင်က ယောနကတိုင်းဟုခေါ်တွင်ကြောင်း ရာဇဝင်က ဆို၏။ မြို့တော်မှာအောင်သာဝရမြို့မည်၏။ သက္ကရာဇ် ၆၃၅ ခုနှစ် ဧကဒယ်ရာဇာမင်းလက်ထက်တွင် အောင်သာဝရမြို့ဟောင်းမှပြောင်းရွှေ့ ပြီး ခရင်းသေ မည်သော အရပ်တွင် မြို့သစ်တည်သည်။  ထိုမြို့မှာ ထရင်းသေမြို့ ဟုခေါ်ရာမှ တနင်္သာရီမြို့ ဟူ၍ အခေါ်ပြောင်းလွဲလာပြီး တနင်္သာရီမြို့ကို အစွဲပြုကာ ယောနကတိုင်းကိုလည်း တနင်္သာရီတိုင်းဟူ၍ ခေါ်တွင် လာ ခဲ့သည်။

တနင်္သာရီမြို့ကိုတည်သောအခါမြို့တည်သည်နှင့်တစ်ပြိုင်နက် ရေလွှမ်းလာပြီး မြို့ပျက်ရသည်။ ဤသို့ အကြိမ်ကြိမ်ဖြစ်သောအခါ ဗေဒင်ပညာရှိ သမား ဟူးရား တို့နှင့် တွက်ကြည့်သည်တွင် မြို့တည်မှုမှာ အောင်မြင်၍သာယာ ဝပြောလာစေရန် အောင်သာ အမည်ရှိသော မိန်းမတစ်ယောက်ကို စတေးမှ မြို့တည်နိုင်မည်ဖြစ်ကြောင်းဟောပြောကြသည်။

ဤအချိန်မှာ အောင်သာဟူသော အမည်ရှိသူ မိန်းမမှာ တစ်ယောက်တည်း သာရှိသည်။ကိုယ်ဝန်အရင့်အမာကို လွယ်ဆောင်ထားသူ လည်း ဖြစ်နေ သည်။

ထို့ကြောင့် မအောင်သာကို မြို့စတေးခံရန် ခေါ်သည့်အခါ မည်ကဲ့သို့မှ မထူးရန် မလာရန် ကြိုတင်မှာကြားသည်။ မအောင်သာ၏ ခင်ပွန်းနှင့်ဆွေမျိုး မိဘများကိုလည်း မအောင်သာ မထူးနိုင်ရန်၊ အိမ်ထဲမှမထွက်နိုင်ရန် အထူး ထိန်းချုပ် ကြပ်မတ်ထားရန် မှာကြားသည်။

မအောင်သာသည် လေးလံရင့်မာသောကိုယ်ဝန်ကို လွယ်ရင်း ဆွေမျိုးမိဘ လင်ယောကျာ်း၏စောင့်ရှောက်ထိန်းချုပ်ထားသည့်အလယ်မှာ ငြိမ် သက်စွာနေကာ တံခါးပိတ်ထားသည့် အိမ်၏ရှေ့ လမ်းမပေါ်မှ  ပေါ်ထွက် လာမည့်ခေါ်သံကို  နားစိုက်နေခဲ့သည်။  မြို့စတေးရန်  အခါပေး
ထားသော အချိန်သို့ ရောက်လာခဲ့၏။

သမီး.   မအောင်သာရေ.  }}

အိမ်ရှေ့မှ မြို့ဝန်မင်း၏အသံ ပေါ်လာသည်တွင် မအောင်သာသည် တားဆီး ထိန်းချုပ်ထားသူများကို တွန်းဖယ်ရုန်းကန်ခါ  စတေးခံရမည့် တွင်းဆီသို့  လျင်မြန်သော အဟုန်ဖြင့် ပြေးလေတော့သည်။ လေးလံသောကိုယ်ဝန် အရင့်အမာနှင့် မအောင်သာကို မည်သူမှ နိုင်နင်းအောင် မထိန်းချုပ် မတား ဆီးနိုင်တော့ဟု ဆိုသည်။ အဟုန်ပြင်းစွာ ပြေးလာသော မအောင်သာ သည် ကြောက်ရွံ့တွန့်ဆုတ်ခြင်း မရှိဘဲ တွင်းထဲသို့ လျင်မြန်စွာ ခုန်ချလိုက်
သည်တွင် ကျောက်တိုင်ကို အသင့်ပြင်ထားသော တာဝန်ရှိသူများက တွင်းထဲ သို့ ကျောက်တိုင်ကို ထိုးချလိုက်သည်။

လေးလံသော ကျောက်တိုင်ကြီးက မအောင်သာကိုယ်ပေါ်သို့ ကျသွား သည်နှင့် တစ်ပြိုင်နက် မအောင် သာ၏ နီရဲသောသွေးတွေက ကျောက်တိုင် ထိပ်ရောက်အောင်ပန်းတက်လာသဖြင့် မြေပေါ်မှာ ပေါ်ထွက်နေသော
 ကျောက်တိုင်ဝယ် မအောင်သာ၏သွေးများ စွန်းပေသွားသည်။ ထိုသွေးစွန်းသောနေရာသည် ကျောက်တိုင်ပေါ် မှာ အထင်အရှား ရှိနေခဲ့သည်။

 တနင်္သာရီမြို့ တစ်စုံတစ်ခု ဖြစ်တော့မည်ဆိုလျှင် ကျောက်တိုင်ပေါ် ရှိ သွေးစွန်း ကွက်သည် အရောင် ရဲရဲနီလာသည်ဟု ဆိုသည်။

တနင်္သာရီမြို့မှ လူများသည် ရှင်မအောင်သာကို ရိုသေလေးစားသည်။ ကြည်ညိုသည်။ ယုံကြည်သည်။ ပန်း၊ ဖယောင်းတိုင်မီး၊ အမွှေးနံ့သာကို ပူဇော်ပြီး ရှိခိုးကန်တော့ကြသည်။ ကျောက်တိုင်ထိပ်တွင် ရှားထည်အဖြူ အနီများ ပတ်ထားသည်။

နတ်ကွန်းအပေါ်မှာ အရိပ်အာဝါသရအောင် အုပ်မိုးနေသော ကုက္ကိုပင်ကြီး များကား နှစ်ပရိစ္ဆေဒမည်မျှ ကြာညောင်းခဲ့ပြီကို မမှန်းဆနိုင်အောင်ပင် အိုမင်းကြီးမားလှချေသည်။ ကျောက်တိုင်၏ ဟိုတစ်ဘက်တွင် ကား ဘောလုံး ကစားရန် လုပ်ထားသော ကွင်းပြင်။ ကွင်းပြင်၏တစ်ဘက်တွင်ကား မှုန်ပြာ ရီမှိုင်း တံတိုင်းသဖွယ် တောင်စွယ် တောတန်းတွေက ကာသန်းထားသည်။


ရှင်မအောင်သာ ကျောက်တိုင်တွင် ကမ္ပည်းစာ ရေးထားသောေ ကြးပြားကြီး တစ်ချပ်ကို သံချိတ်ဖြင့် မြဲမြံ စွာချိတ်ထားသည်။  သေချာစွာ ရေးမှတ်လာခဲ့၏။ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။


မအောင်သာ ကျောက်တိုင်ကမ္ပည်းမြန်မာပြည် ဘုရင်ခံမင်းကြီး ဆာချားလ်စ် အလက်စန္ဒြားအင်းနစ်သခင်ဘုရားသည် တနင်္သာရီမြို့တော်သို့၁၉၃၀-ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ြွကချီတော်မူပြီးလျှင် ဤကျောက်တိုင်တော်ကို ရှုစားတော်မူခြင်း အထိမ်းအမှတ် ဖြစ်ပါသည်။

Sir Charles Alezendra Annis,
K.C.S.I., C.I.E.I.C.S.
Governor of Burma visited this pillar on the 15th March 1930



ရှင်မအောင်သာ ကျောက်တိုင်မှ အထက်ပါကြေးပြားကမ္ပည်းစာကို ဖတ်လိုက် ရ သည်တွင် နယ်ချဲ့မျက်နှာ ဖြူတို့၏ ကွက်ကျော်မြင်သော၊ အရှည် ကို တွေးသော၊ သူ တို့ဘုန်း လက်ရုံးအာဏာကို ဝါဒဖြန့်သောအချက်သည် စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာပါသည်။

သူတို့ကိုယ်သူတို့ သခင်ဘုရားဟု သုံးထားသောစကား လုံးကပင် မည်မျှ မောက်မာပါသနည်း။

၁၉၃၀ ခုနှစ်၊ အချိန်လောက်ကား ဗမာတစ်ပြည်လုံးတွင် ဝံသာနုစိတ်ဓာတ် အရှိန်အဟုန် ကောင်းနေဆဲ ကာလ။ သခင်အစည်းအရုံးတွေ အင်အား
တောင့်တင်းနေသည့်ကာလ။

ဗမာပြည်သူပြည်သားတွေ မျိုးချစ်စိတ် ဇာတိမာန်စိတ်၊ ထက်သန်နေသည့် ကာလဖြစ်ရာ နောင်တစ်ခေတ်ဝယ် ဗမာ့မြေပေါ်မှ သူတို့ခွာသွားရသည် တိုင် အောင် ဗမာလူမျိုးတွေကို ကျွန်အဖြစ် သွတ်သွင်းခါ သူတို့က သခင် အဖြစ် အုပ်စိုးခဲ့ကြောင်း အထိမ်းအမှတ် ဖြစ်ခဲ့သော ဤကြေးကမ္ပည်း ကို ရေးသည်။

ထိုကမ္ပည်းကို မည်သူမှ မဖြုတ်ရဲ၊ မဖျောက်ရဲအောင် ရှင်မအောင်သာ
ကျောက်တိုင် မှာ ချိတ်သည်။ သူတို့ သခင်အဖြစ် ဘုန်းတန်ခိုးဖြင့် စိုးမိုး ခဲ့ကြောင်း ရှင်မအောင်သာ ကျောက်တိုင်အား ခုတုံးလုပ် အရေခြုံ အသုံးချ သွားခြင်းဖြစ်သည်။

သူရောက်လာကြောင်းအထိမ်းအမှတ် စေတနာရိုးရိုးဖြင့်ကမ္ပည်းချိတ်လိုပါလျှင် ကျောက် တိုင်မှာ မချိတ်ဘဲ အခြား တစ်နေရာမှာသာလျှင် လွတ်လွတ် ကင်းကင်း ချိတ်သင့်ပါသည်။

ရှင်မအောင်သာ ကျောက် တိုင်မှာ ထိတွေ့တွယ်ကပ်ရေးသားချိတ်ဆွဲရမည့် မှတ်တမ်းသည်.ရှင်မအောင်သာ၏ အတ္ထုပ္ပတ္တိ သာလျှင် ဖြစ်သင့်ဖြစ် ထိုက်ကြောင်း ယူဆမိပါသည်။

 ယခုအချိန် တိုင်အောင် လေးဆယ့်နှစ်နှစ်ကျော်ခဲ့ပြီဖြစ်သော ဤကြေးပြား ကား နောင်နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိ နေဦးမည်နည်း။

ရှင်မအောင်သာကျောက်တိုင်မှာ ရှင်မအောင်သာအတ္ထုပ္ပတ္တိမရှိဘဲ နယ်ချဲ့ မျက်နှာဖြူ၏သခင်အဖြစ် အုပ်စိုးခဲ့ကြောင်း သွယ်ဝိုက်သောနည်းဖြင့် မှတ်တမ်းတင်ထားသော ကမ္ပည်းစာကြီး တွယ်ကပ်နေသည်မှာ လုံးဝ မသင့်လျော်ချေ။

ရှင်မအောင်သာကျောက်တိုင်တည်ရာမှ ထွက်ခွာလာ ခဲ့သော် ကျောက် တုံးကျောက်ချပ် များဖြင့် လှပသာယာသောရေဆိပ် သို့ ရောက်လာ သည်။
]]ဘုရင်ခံလာစဉ်က ကရဝိတ်ဖောင်ဆိုက်တာ ဒီရေဆိပ်လို့ ဆိုပါသည် အဲဒီ အချိန်က ဘုရင်ခံက တနင်္သာရီမြို့မှာ ရှိတဲ့ ဗမာလူမျိုးစစ်စစ်ကသာ သူ့ကို ကြိုရမယ် ဆိုလို့ ကျွန်မတို့အဘိုးက ကြိုရတယ်။ အဘိုးက ဗမာပီပီ ဆံပင်
အရှည်ထားပြီး ရောင်ထုံးထားတယ်.  }}လို့ လိုက်လံပြသသော လူစုထဲမှ အမျိုးသမီးတစ်ယောက်က ပြောသံကို ကြားလိုက်ရသောအခါရင်ထဲ မှာ နင့်သွားသည်။ မျက်သွားသည်။ ပြောသူအမျိုးသမီးစိတ်မှာ မည်သို့ရှိမည်ကို မသိတတ်နိုင်သော်လည်း အကုသိုလ် စိတ်မှာကား နာကြည်းမိသည်။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း၊ ကိုယ့်ဘုရင်နှင့်သခင်ပီပီ နေလာခဲ့သော ဗမာများကား စည်းရုံးညီညွှတ်မှု ပျက်ပြယ်သောဒဏ်ဖြင့် နယ်ချဲ့ မျက်နှာဖြူ လက်အောက်မှာ ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် မျိုးချစ်စိတ် ဇာတိ
မာန်ကား ထက်သန်ခိုင်မြဲလျက် ရှိကြောင်းကို နယ်ချဲ့က ကောင်းကောင်း သိသည်။ ထို့ကြောင့် ဗမာလူမျိုးစစ်စစ်ကသာ ကြိုဆိုရမည် ဆိုသော အဓိပ္ပါယ်မှာ.

]]ငါက သခင်ပီပီလာသည်ကို နင်က ကျွန်ပီပီ ကျိုးနွံရိုသေစွာ ခရီးဦးကြိုရမည်}} ဟုဆိုလိုခြင်း ဖြစ်၏။
 နှိမ်ခြင်း ချိုးခြင်း ဖြစ်သည်။


တိုင်းတစ်ပါးသား   လူမျိုးခြားလက်အောက်မှာ   ကျွန်သဘောက်ဖြစ်ရခြင်း ကား   မည်မျှနာကြည်းဖွယ်ကောင်းပါသနည်း။

ဖက်ဆစ်ဂျပန်က ပူပူလောင်လောင် နှိပ်စက်သွားသည်။ နယ်ချဲ့မျက်နှာဖြူ က ရေအိုးအောက်က ကရွက်ခွေလို အေးအေးလေးဖြင့် တဖြည်းဖြည်း ဆွေးအောင် နှိပ်စက်သွားသည်။ ကျွန်ဘဝဖြစ်ပြီဆိုမှဖြင့် မည်သူ့ကျွန်ဖြစ်ရသည်မှ မကောင်းနိုင်ချေ။

နောက်တစ်နေ့တွင် ဝင်္ကဘာတောင်သို့သွားသည်။ တနင်္သာရီမြို့ရိုးဟောင်းကို ပတ်သွားရသည်။ တနင်္သာ ရီမြစ်သည် ရှေးဟောင်း တနင်္သာရီမြို့တော်၏ သဘာဝကျုံးကြီး ဖြစ်၏။ ဝင်္ကဘာတောင်ခြေရောက်သောအခါ မြို့ရိုး ပတ် လာရာမှ ဖဲ့ထွက်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့ရ သည်။ တောင်ပေါ် တွင် ရှေးဟောင်းဘုရားစေတီကိုးဆူ ရှိ၏။

ဝင်္ကဘာတောင်သွားရာ လမ်းတစ်လျှောက် မြို့ရိုးဟောင်းကြီးကား အုတ် ရိုးတွေ မပေါ်တော့ဘဲ မြေသားတက်ခါ တောင်တန်းငယ် သဖွယ် ဖြစ်နေ သည်။ ကွမ်းသီးပင်တောကြီး ဖြစ်နေ၏။ ဝင်္ကဘာတောင်ကို တည်းခို
သော အိမ်ရှင်က လိုက်ပို့ကြသည်။

ရာဇဝင်တွင် နတ်တွေ၊ နဂါးတွေ၊ သိကြားတွေ၊ ဘီလူးတွေ၊ ငှက်တွေ ပါဝင် သည်ဖြစ်၍ ယခုခေတ်လူတွေအနေဖြင့် ဒဏ္ဍာရီ သဖွယ် ဖြစ်နေသည်။

တနင်္သာရီတွင် ဓားသွေးချောင်းဟူ၍ ရှိသည်။ ဓားသွေးချောင်း ရှိရာ သို့ ရောက်ရန်မှာ ပဲ့ချိတ်တပ်လှေဖြင့် တောင်စောင်းတစ်နေရာ သို့ သွားရ သည်။ တောင်စောင်းမှာ လှေကပ်ပြီး တောင်ကမ္ဘားယံ လမ်းအတိုင်းသွား
ရသည်မှာ စိတ်ထဲတွင်

]]တောင်တောရယ်သာ မာလာကငုံဖူး၊ တပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး}}

ဟူသော ဒွေးချိုးကလေးကို သတိရလာစေတော့ သည်။

တောင်ကမ္ဘားယံမှ အောက်သို့ အတန်ငယ် ဆင်းလိုက်သော အခါ ကျောက် ချပ်၊ ကျောက်ဆောင်၊ ကျောက်ဖျာတွေဖြင့် လှပသော ရေတံခွန်  ကျောက်ရေ အိုင်တို့ကို ရောက်သည်။ ရေတံခွန်ဘေး၊ ကျောက်ရေအိုင်ဘေးရှိ ကျောက်သားများတွင် ဓားသွေးထားသကဲ့သို့သော အရာများတွေ့ရသည်။

ရှေးအခါ မြန်မာဘုရင်များ ထပ်ချီလာစဉ်အခါက ဤရေတံခွန်၊ ဤချောင်း ငယ် မှာ ဓားတွေ သံလျက်တွေ သွေးသွားခဲ့ဖူး၍ ဓားသွေးချောင်း အမည် တွင်ခြင်း ဖြစ်ကြောင်း ပြောကြသည်။ ဓားသွေးသည် မသွေးသည်
ကို ဘေးဖယ်၍ စိတ်ကြည်နူးစရာ လှပသာယာသည်ကတော့ အမှန် ပင်ဖြစ်သည်။

နောက်နဂါးကပ်တောင်သို့ သွားကြသေးသည်။ နဂါးကပ်တောင်ကလည်း ရာဇဝင်ရှိသည်။ နဂါးမင်းက မိတ်ဆွေလူမင်းအတွက် မြို့နန်းတည်ပေးနေစဉ် လူမင်းသည် သူ၏မိဖုရားစိတ်ကြောင့် မိတ်ဆွေနဂါးမင်း အား ခက်ရင်းဖြင့် ထိုးလိုက်သည်။ နဂါးမင်းသည် ပြင်းထန်သော ဝေဒနာဖြင့် ထွက်လာခဲ့ပြီး ဤ
တောင်သို့ ကပ်ခါ ခိုလှုံနေရာမှ သေဆုံးသွားသည်ဟုဆိုသည်။

နဂါးကပ်တောင်ကား တနင်္သာရီမြို့နှင့်မျက်နှာချင်းဆိုင် မြစ် တစ်ဖက် ကမ်း တွင် ရှိသည်။ တောင်ခြေကို လှေကပ်ပြီးတက်ရသည်။ တောင်ထိပ်အရောက် အုတ်လှေခါးထစ်တွေကို ရေတွက်ရာမှာ မှန်အောင် မည်သူမှ မရေတွက်နိုင် ဟုဆိုသည်။ ရေတွက်ကြသည်။ ၂၁၂ ဟူ၍၄င်း၊ ၂၁၃ ဟူ၍၄င်း ၂၁၄ ဟူ၍ ၄င်း အမျိုးမျိုး အဖြေထွက်လာခဲ့ကြ၏။

နဂါးကပ်တောင်ထိပ်မှာ ဘုရားစေတီနှင့်ဆင်းတုတော်များ ရှိသည်။ တောင် ထိပ်ပေါ်မှကြည့်လျှင် မြင်ရသော ရှုမျှော်ခင်းကား ကြည်နူးစရာ သာယာ လှသည်။ နဂါးကပ်တောင်မှ ပဲ့ချိတ်တပ်စက်လှေဖြင့်ပင်း ကိုးနဝင်း
တောင် သို့ လာခဲ့ကြပြန်သည်။ တောင်ထိပ်တွင် အသစ် တည်သော စေတီ ငယ် တစ်ဆူနှင့်ရှေးဟောင်းစေတီပျက်တစ်ဆူ ရှိ၏။ တောင်၏တစ်ဖက် ကမ္ဘားစောက်နက်နက်အောက် မြစ်ရေပြင် တစ်နေရာကို ညွှန်ပြပြီးပြောသည်။

]]ဟောဒီ နေရာဟာ ဘုရားစိုက်ဆိပ်လို့ခေါ်တယ်။ စေတီတော်ဋ္ဌာပနာဘို့ ဘုရားပင့်လာတော့ ဆင်းတုတော်ကို တောင်ထိပ်ရောက်အောင် ချည်မျှင် ခုနစ်ပင်နဲ့ ရစ်ပတ်ဆွဲတင် ပင့်ရမယ်ဆိုတာ လူတွေက အစိုးရိမ်လွန်ပြီး
ချည်မျှင်ခုနစ်မျှင် ပြတ်သွားမှာ စိုးလို့ အုန်းဆံကြိုးတွေ အများကြီးနဲ့ ချည်ဆွဲ တာကိုး။ အဲဒီတော့ ဘုရားဆင်းတုတော် လှေပေါ်က ရေထဲကျသွားလိုက်တာ ဘယ်လိုမှ ရှာလို့မရတော့ဘူး။ ဒါကြောင့် ဘုရားစိုက်ဆိပ်လို့နာမည်
တွင် သွားတာ.  }}

ဤအဖြစ်ကား လွန်လေပြီးသော နှစ်ပေါင်းများစွာက ဖြစ်ခဲ့ခြင်းပင်။ မည်သို့ ဆိုစေ သူ့နေရာသူ့ဌာနနှင့်သူ့အတ္ထုပ္ပတ္တိလေးတွေ ကိုယ်စီနှင့်  မှတ်လောက် သားလောက်ရှိပါသည်

 စကားပြောနေရာမှ ဂမုန်းတောင်အကြောင်း ရောက်သွားသည်။
တနင်္သာရီမြစ် တစ်ဖက်ကမ်းတွင် တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံသော ဂမုန်းမျိုး စုံပေါက်ရာတောင် ရှိကြောင်း။

မိမိလိုသော တစ်မျိုးထဲကိုသာ ယူပါမည် ဟူသောအဓိဋ္ဌာန်ဖြင့်သွားလျှင် ဂမုန်းပင် တွေ့သည် မတွေ့သည် အပထား၍ ဘေးမသီ ရန်မခဘဲ ပြန် လာနိုင်သည်။ မတော် လောဘစိတ်ဖြင့် သွားလျှင်ကား တောထဲ တောင်ထဲ
တွင် အနည်းဆုံး သုံးရက်လောက် မျက်စိလည်နေတတ်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေထူးဆန်းသောအကြောင်းအရာနှင့်ပတ်သက်သောနေရာကိုသွားလိုသော ဆန္ဒရှိလျက် အကြောင်းမတိုက်ဆိုင်၊ သွားခွင့်မကြုံ၍ မရောက်ခဲ့ပါ။

တနင်္သာရီနှင့်ကိုးမိုင်ကွာတွင် ညောင်ပင်ကွင်း၊ ၄င်းမှ ရှေ့ဆက်သော် သပေါ့လိပ်၊ ၄င်းမှရှေ့ဆက်သော် ကွီနိုင်တော ဟူ၍ ရှိသည်။

တနင်္သာရီမြို့နှင့်ပတ်သက်၍ မူကွဲများ ရှိလေသည်။ အထက်က တနင်္သာရီမြို့ တည်ပုံကို ဖေါ်ပြခဲ့သည်မှာ ရာဇဝင် သုတေသီ အချို့၏ မှတ်တမ်း ဖြစ်ပါသည်။ မြိတ်မြို့၊ တောကျောင်း၊ ကျောက်စာ၊ ဒုတိယမျက်နှာ တွင် ဖေါ်ပြထား သည် မှာကား-

]]မြန်မာသက္ကရာဇ် ၇၃၅-ခုနှစ်၊ မြန်မာနိုင်ငံ ပထမအင်းဝခေတ်တွင် ခမာ မင်းဆက်ဖြစ်သော ဗာသိကရာဇမင်းသည် တနင်္သာရီမြို့သစ် ကို တည်ဆောက်လေသည်။ ခရင်းသေမြို့ဟောင်းအမည်ကို ဖျက်၍ ဆာရီမြို့သစ်
အမည်ဖြင့် တည်ခြင်းဖြစ်သည်။ ထိုမြို့သစ်ကို ထိုနှစ်ကဆုန်လဆန်း ၅ ရက် နေ့၊ ဗုဒ္ဓဟူးနေ့၊ ပြိဿမေထုန်စန်းလဂ်ပေါ်ချိန် တွင် တည်ဆောက် ခဲ့ခြင်း ဖြစ်၏။ မြို့တိုင်မြေဝင် သုံးတောင်။ မြေပေါ်အရပ် ဆယ့်ရှစ်တောင်။ မြို့လုံးပတ် ရှစ်ဆယ့်တစ်ကြိုး။ မြို့ရံ ၃၂ မြို့။ မြို့တံခါးရှစ်ပေါက်။ မလွယ် တံခါးနှစ်ပေါက် ပါသည်။

မြို့နယ်အပိုင်းအခြားမှာ တောင်ဘက်သို့ ငဝန်ကြိုးဝိုင်း ခမောင်းသွယ်ချောင်း အထိ။ အနောက်မြောက်ဘက်သို့ မတိလေးကျွန်းဝဲတံခါး အထိ။ အနောက်ဘက်သို့ ကဆိုင်းလှ။ ငှက်သိုက်ကျွန်းအထိ။ အရှေ့ဘက်သို့ ယိုးဒယားပြည် သာလင်မြို့အထိ နယ်ခြားသတ်မှတ်ထားခဲ့သည်။

၁၇ ရာစုနှစ်ကမူ တနင်္သာရီမြို့သည် အရှေ့တိုင်းနိုင်ငံနှင့် အနောက်တို င်းနိုင်ငံများ ကုန်ကူးသန်းရောင်းဝယ်သွားလာရာမှာ အချက်အချာများ ကျခဲ့ သည့်ရွှေမြို့တော် ဖြစ်ခဲ့သည်။ ထိုစဉ်အခါက မြိတ်မြို့သည် တနင်္သာ
ရီမြို့၏ လက်အောက်ခံ အရံမြို့ငယ် တစ်ခုအဖြစ်သာလျှင် ရပ်တည်ခဲ့၏။ (ဆင်တုတ်မြို့၊ ယခု တန္ဒုပ်ရွာ)သည် တနင်္သာရီမြို့၏ဆိပ်ကမ်းဖြစ်ခဲ့၏။

မည်သို့ပင် ဖြစ်စေ ဖြစ်လျှင် ပျက်ရမည်။ အမြဲမရှိသော သင်္ခါရသဘောကို
သက်ရှိရော သက်မဲ့ပါ မည်သူမျှ မလွန်နိုင်ကြချေ။ လွန်လေပြီးသော တစ်ချိန် တစ်ခါက သာယာဝေစည်။ ရွှေပြည်တော်ကြီး ဖြစ်ခဲ့သော တနင်္သာရီမြို့ကား ယခုအချိန်တွင် မြို့ပိုင်ရုံးစိုက်သောမြို့ငယ်ကလေးအဖြစ်သို့ ရွေ့လျော ခဲ့လေပြီ။

******************************************

မနက်ဖြန် ဆာဒေါ် အရှင် အကုသိုလ် တနင်္သာရီမြို့ အေဲကြာင်း သမိုင်းတင်ပေး
မယ် ဆိုလို့ ဆာဒေါ် မတင်ဘဲ ဖယ်ထားတဲ့ ဒီအပိုင်းကို တောင်းပြီး အရင်တင် လိုက်တာ ဟီး ဟီး တော်ချက်


တနင်္သာရီ၊ နဒီမြစ်ရေ
ရစ်ခွေစီးသွင်၊ ရေရှင်ရှင်နှင့်
လွမ်းဘွယ်ဆောင်သား၊ ရီမှောင်ပြာမှိုင်း
ညှို့ညှို့ဆိုင်းသည်၊ မြို့တိုင်းဌာနီ တနင်္သာရီ
အော်.    ရော်ရီမျှော်ငေး၊ ရှေးဖြစ်တွေးသော် ဆွေးဘွယ်ပုံပြင်၊ စိတ်မှာထင်ရ
ရှင်မအောင်သာ၊ မအောင်သာရယ် ပြည်ရွာအရေး၊ အသက်ပေး၍ စတေးခံရှာ၊ ဤမြေချာတွင် ပူဆာညှိုးနွမ်း၊ ဘဝင်ကျွမ်းမျှ လွမ်းစရာ့ကျောက်တိုင်၊ မမေ့နိုင်အောင် မြဲခိုင်စိုက်ထူထားခဲ့သည် ရှေးဖျားလွန်လေ
အတီတေက၊ ရွှေမြေအောင်ချာ သာယာဝေစည်၊ တနင်္သာရီဟု မသီရန်ဘေး၊ ကွာလှမ်းဝေးသည် ချမ်းအေးသာစွ၊ ပြည်ဌာနကို
ရှင်မအောင်သာ၊ စောင့်ရှောက်လာခဲ့ သာယာကြည်နူး၊ ပျော်မြူးရန်စုံ
ရဂုံနယ်သိုင်း၊ ရှစ်ခွင်တိုင်းလျှင်
ရှုတိုင်းညွှတ်ပြို၊ မြစ်ရေညိုနှင့်
စိမ်းစိုဟေမဝါ၊ တောင်သေလာသို့
ရံကာပတ်ဝိုင်း၊ ညှို့ညှို့မှိုင်းသည်
မြို့တိုင်းဌာနီ၊ တနင်္သာရီကို
မသီရန်ဘေး၊ ယခင်ရှေးသို့
ချမ်းအေးသာယာ၊ ဖြစ်စိမ့်ငှာလျှင်
စိတ်မှာဆန္ဒ၊ ပြုလိုက်ရသည်
ရှင်မအောင်သာ၊ စောင့်ရှောက်ပါ။

မှီငြမ်း
********
၁၉၇၂-ခုနှစ်၊ ဇွန်လ၊ အမှတ်(၃၁၈)ထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၃၁ မှ ၃၉ ထိ)၌လာ သော ဆောင်းပါး


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်