*************************
ဒီမေးခွန်းကို ဖြေဖို့ ဆိုတာကတော့ အတော် ရှုပ်ထွေးတယ် ပြောရမှာပါပဲ ရှင်းရှင်းပြောရရင် တစ်ခွန်းတည်းပေါ့ မြန်မာဘုရင်တွေ စစ်နိုင်ခဲ့လို့ ဒါပါပဲ
ကျွန်တော်ကိုယ်တိုင်လည်း ယောဒေသတွေကို ရောက် ခဲ့ ဖူးပါတဲ့ မေ့မရတဲ့ ယောသူ ယောသား အသိတွေ လည်း ရှိပါတယ်
ရာဇဝင် သမိုင်းတွေလာ အချက်အလက်တွေနဲ့ ပြောရင် ပိုရှုပ်ပါတယ် ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင် ဘာသာဗေဒစနစ်နဲ့ သေသေချာချာ သုတေသန ပြုနေတဲ့ တိုင်အောင် ရှေးဆရာတွေဖြစ်တဲ့ ဦးရည်စိန် ဦးဖိုးလတ်တို့ရဲ့ မှတ်ချက် တွေကို ကျေနပ်မှု မရှိသေးပါဘူး
ဒေသိယစကား ဖြစ်တယ် ဆိုတဲ့ မှတ်ချက်ပါ ဘာကြောင့် ဒီအုပ်စု တွေက ဒေသိယစကားထဲ ဝင်ကုန်တာလဲ ဆိုတာ ကို အရင်း စစ်ကြည့်တော့ အဲဒီ ဆရာ့ဆရာတွေ လုပ်ပုံက ခပ်တည်တည်နဲ့ မြန်မာကို မိန်း အဖြစ် ယူပစ်လိုက်တာပါ ဒါကို ကျွန်တော် မကျေနပ်တာပါ
ဘာကြောင့် မြန်မာကို မိန်း အဖြစ် ယူရတာလဲ
တကယ်လို့များ ရခိုင် ယော ထားဝယ် ဓနု အင်း သား စတာတွေထဲက ယူရင် ဘာဖြစ်သွားမလဲ
တမျိုးတဖုံ ပြောင်းလဲ သွားစေတာပါပဲ
အဓိက ဘာသာစကားကို အနည်းဆုံး ဖြစ်တဲ့ အုပ်စုကို ယူလိုက်တာ တွေ့ရပါတယ် အုပ်စုတူရာ အများစု သုံးတဲ့ အင်းသား ဓနု တောင်ရိုး ထားဝယ် ရခိုင် ယော စတာတွေက အများစု တူတဲ့ စကားအသုံး ရှေးစကားတွေနဲ့ လည်း ခုထိ သုံးဆဲပါပဲ မြန်မာကို မိန်းယူပြီး အခါ ကျန်တာတွေ အကုန် ဒေသိယျ ဆို လုပ်ထည့်တာ ကတော့ သိပ်မဟန်ပေဘူးပေါ့
ကျွန်တော် မှားချင် မှားနိုင်ပါတယ် ဒါပေမယ့် ကျွန်တော် လွတ်လွတ်လပ်လပ် ဆင်ခြင်သုံးသပ်ကြည့်တာပါ ဒါပေမယ့်လည်း ခုချိန်ထိတော့ သုတေသန ပြုဆဲမို့ အကျယ်တဝင့်တော့ တိတိပပ ချေဖျက်နိုင် စွမ်း ကျွန်တော့် မှာ မရှိသေးတာ ဝန်ခံပါတယ် ဖြစ်လာမှာပါ ယုံကြည်ပါ တယ် အမြင်သစ်နဲ့ ဖောက် ထွက် တွေးခေါ်ခြင်း အနုပညာ ကို ခေတ်လူသား တွေ လက်ခံနေကြပြီပဲ နားလည်ပေးနိုင် ကြမယ်လို့ ယုံထားပါတယ်
ယောအကြောင်းနဲ့ ပက်သက်လို့ ကျွန်တော် ငယ်ငယ် ခုနှစ်တန်းပေါ့ အဲတုန်းက ဆရာ မြသန်း တင့် ရေးတဲ့ ပုံတောင်ပုံညာသွား တောလား ဆိုတဲ့ စာအုပ်လေး ဝယ်ဖတ်ဖူးတယ် ယောအကြောင်း ရယ် လို့ ကတော့ ဖတ်ပြီးမှ သိတာ ပါ အခု ဒီ စာအုပ်လေး လိုချင်လို့ ပြန်ရှာတော့ ဘယ်သူ့ကို လက်ဆောင်ပေးမိတယ် မသိတော့ဘူး ရှာ မတွေ့တော့ပါဘူး စိတ်ထဲတော့ မှတ်မိနေပါ တယ်
ယောနယ်ဟာ မကွေးတိုင်းထဲမှာ ပါတယ် ပခုက္ကူ မြို့ အနောက်ဘက် ချင်းတောင်တန်းကြီးနဲ့ ယှဉ်ပြီး သွယ်တန်း နေတဲ့ ပုံတောင် ပုံညာ နောက်က ချင်းတောင် တန်းကြီး နဲ့ပုံတောင်ပုံညာ တောင်တန်း အကြား တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ မြေပြန့် လွင်ပြင်ဒေသ ဟာ ယော နယ် ဖြစ်ပါတယ်။
မြောက်ဘက်ပိုင်းမှာ ပါဝင် တဲ့ ဂန့်ဂေါမြို့နဲ့ ထီးလင်း မြို့ ဝန်းကျင်ကို မြောက် ယောလို့ ခေါ်ပြီး တောင် ဘက် ပိုင်းဖြစ် တဲ့ ကျောက် ထု၊ ယောမြို့ ဟောင်း ရွာ၊ ဆောနဲ့ လောင်း ရှည် တို့ ရှိတဲ့ ဘက်ကို တောင် ယော လို့ ခေါ်ပါတယ်။
သူတို့ စကားတွေမှာ ဗမာ စကားလုံး ပါဝင်နှုန်းများ ပေမယ့် လည်း စကားပြောပုံ လေယူလေသိမ်းက ထားဝယ်လေသံနဲ့ တူနေပြီး ထားဝယ် စကားနဲ့ တူ နေတဲ့ စကားတွေလည်း ပါ နေတာဆိုတော့ ယော စကား ရယ်လို့ သီးသန့် ခွဲထွက် လျက်ရှိပါတယ်။
ကျွန်တော် မှတ်သားရသလောက် ထားဝယ်စကားနဲ့ ဆင်တူ တဲ့ ယောစကား လုံးများထဲက တချို့ကို ရွေးထုတ်ပြရရင် ……။
– ရေဒွမ်း (ရေတွင်း)– ရဲစား (ရည်းစား)– စားန (မစားနဲ့)– သွားန (မသွားနဲ့)– နမ်းန (မနင်းနဲ့)– ထမှန်း (ထမင်း)– ဟန်းန၊ မှန်းန (ဟင်းနဲ့ ထမင်းနဲ့) – သယ်လူ (ဒီလူ)– စာသန်တယ် (စာသင်တယ်) စတဲ့ စကားလုံးမျိုး တွေ ဖြစ်ပါ တယ်။
ထူးခြားတဲ့ စကား တစ်ခုက ကျွန်တော်တို့ ထားဝယ် စကား မှာ ကလိထိုး တာကို “စစ်ကလစ် ” ထိုး တယ် ဆိုပြီး ပြော ကြတာ ကို သတိထားမိမှာပါ။ ဒီတော့ ကလိထိုးတဲ့ နေရာ ဖြစ်တဲ့ ချိုင်း ကြားနဲ့ စစ်ကလစ် ဆိုတဲ့စကား ဆက်စပ်မှုက ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းနေ ပါတယ်။
ယော စကားမှာ ချိုင်းမွေးကို စစ်ကလစ်မွေး ဆိုပြီး ခေါ် တယ် ထားဝယ်လဲ ဒီစကားပဲ သုံးတယ် “စစ်ကလစ်” ဆိုတဲ့ စကားဟာ လူ့ခန္ဓာကိုယ် က ချိုင်းကြား ဝန်းကျင်နေ ရာကို ရည်ညွှန်းတယ်ဆို တာ ထင်ရှားပါတယ်။
နောက်တစ်ခုက ” ဗိုင်းတာမ” ဆိုတဲ့ အသုံးနှုန်းပါ။ ဒီအသုံး နှုန်းဟာ ထားဝယ် ဒေသက မိန်းကလေး တစ်ယောက် အတွက် မခံ ချင်စရာ အကောင်းဆုံး ဆဲဆိုမှုတစ်ခုအဖြစ် သိ ထားပေမယ့်လည်း တခြား ဒေသ ကတော့ အဲဒီ စကား လုံးဟာ ဆဲဆိုတဲ့ စကား လုံး အဖြစ်နဲ့တောင် သိပ်ပြီး မသိ ကြပါဘူး။
ဒါပေမယ့် ယောဒေသက မိန်းကလေးတွေ အနေနဲ့ တော့ ဗိုင်းတာမ ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုခံရရင် အသည်းခိုက် အောင် နာတတ်ကြတယ်
ဒါတွေဟာ ယောနဲ့ ထားဝယ်တို့ စကားအသုံးနှုန်း တွေ တူ နေတာကို သက်သေပြနေတာ ဖြစ်ပါတယ်။
ယောနဲ့ ထားဝယ်တို့မှာ ဘာဖြစ်လို့ တချို့စကား တွေ တူနေ ရသလဲဆိုတာကို စိတ်ဝင်စားမိတော့ အဲဒီ အကြောင်းနဲ့ ပက်သက်ပြီး ပညာရှင်များ သုတေသန ပြုထားတဲ့ စာတမ်း များမှာတော့ ပညာရှင်များရဲ့ အဆိုရ တိဘက်တိုဘားမင်း မြန်မာ အုပ်စုဝင်များ ဖြစ်ကြတဲ့ ထားဝယ်၊ ယော၊ ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ရဘိန်း ၊ ဓနုစတဲ့ တိုင်းရင်း သားများ ဖြစ်လာမယ့် လူမျိုးစု များဟာ လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများ စွာကတည်းက မြန်မာနိုင်ငံ အတွင်းကို အရှေ့မြောက်ဘက် နဲ့ အနောက်မြောက် ဘက်တို့မှ ဝင်လာခဲ့ကြတယ်လို့ ဆိုပါ တယ်။
မြန်မာနိုင်ငံ အတွင်းရောက်ပြီး နောက်ပိုင်း အဲဒီ မြန်မာ အုပ်စု ဝင် တိုင်းရင်းသားများဟာ တောင်တန်း ဒေသ များ၊ ရခိုင်ဒေသ၊ ရှမ်းပြည်ကုန်းပြင် မြင့် ဒေသ၊ အင်းလေးဒေသနဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသများဆီကို ခွဲဖြာပြီး ပြောင်း ရွှေ့ သွားကြတယ် လို့ ပညာရှင် များက ကောက်ချက်ချပါ တယ်။
ဒါကြောင့် ထားဝယ်၊ ယော၊ ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ရဘိန်း၊ ဓနု စတဲ့တိုင်းရင်းသားများရဲ့ တချို့စကား တွေ တူနေကြတာ ဖြစ်တယ်လို့ သက် ဆိုင်ရာ ပညာရှင်များက ယူဆထား ကြပါတယ်။
ဒီအဆိုကိုလည်း အခုနောက်ထပ် တွေ့ရှိထားတဲ့ သမိုင်း ဆိုင်ရာ သုတေသန အထောက်အထားများ အရ ပြောရရင် ချော်နေတယ် ပြောရမယ့် သဘော ရှိပါတယ် သူတို့ရေးချိန် က အထောက်အထားအရ မှန်ကောင်း မှန်မှာပါ ခုချိန်မှာ မတူတော့ပါဘူး
ပြန်စီစစ်ဖို့ လိုတယ်လို့လည်း မြင်ပါတယ် မျှမျှတတ ပေါ့ဗျာ မြန်မာဘုရင် စစ်နိုင်လို့ မြန်မာနိုင်ငံ ဖြစ် တယ် ရှမ်း မင်းတွေ နိုင်ရင် ရှမ်းနိုင်ငံ ဖြစ်နေမှာ မွန်မင်းနိုင်ရင်လည်း ထို့အတူပဲ ပေါ့
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်