*****************
မနေ့ကတင်တဲ့ ပိုစ့်နဲ့ တစ်လတည်းမှာ ရေးထားတဲ့ ဆောင်းပါးတိုလေးပါ ဒီပိုစ့်ကို အရင်က ငယ်စဉ်မှာ ပျော်မှာလား ကြီးပြင်းချိန်မှာ ပျော်မှာလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ခြောက်ကြိမ် ဖြန့်ဝေပေးထားခဲ့ပြီးပါပြီ ဒီမှာ ခေါင်းစဉ်ပြောင်းထားပါတယ်
လောကမှာ ဘယ်အရာမှ အလကားမရပါဘူး ထိုက်တန်တဲ့ တန်ဖိုး တစ်ခုခုပေးဆပ်ရတာချည်း ပါပဲ
ဒီစကားစုကို အနက်ပြန်ကြည့်ရင် လောကမှာ ရှိရှိ သမျှ အရာအားလုံးဟာ သူ့တန်ဖိုးနှဲ့သူရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ်
ဒီလိုပါပဲ လူတွေ ပေးဆပ်နေရတဲ့ တန်ကြေးတွေ အကြောင်း မဆိုစလောက်လေး လေ့လာကြည့်ရ အောင်
ပထမဆုံး ကျွန်တော်တို့ ပျော်ရွှင်မှု ဆိုတာကို ကြည့် ကြမယ်နော်
ကျွန်တော်တို့ ကျောင်းစနေတဲ့ အရွယ်မှစလို့ အသက် (၂၀) ဝန်းကျင်လောက် အတွင်းမှာ စာကျက် စာအံ ဆိုတဲ့ အလုပ်ကို လုပ်ချင်တဲ့သူတွေ တော်တော် ရှားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်
ဘယ်လုပ်ချင်မလဲလေ ဒါတွေက ပျော်စရာကောင်း တဲ့ အလုပ်တွေမှ မဟုတ်တာဘဲ ဒီမှာ ဘာတွေ ထပ်လုပ်ကြသလဲ တစ်တန်း နှစ်တန်း လောက်ထိ ဘာမှ မသိသာသေးဘူး လေး ငါးတန်းရောက်လာ အသိလေး နဲနဲပိုလာပြီ ဆိုတာနဲ့ ကျောင်းမတက် ချင် တာတွေ အတန်းလစ်ချင်တာတွေ လုပ်တတ် လာတာမျိုး ရှိပါတယ် တချို့ကလဲ မတက်ချင်ဘဲ ကြောက်လို့ တက်နေတာတွေပေါ့လေ ပညာရေးကို စိတ်ဝင်စားမှု နည်းပါးတဲ့ အုပ်ထိန်းသူ တွေနဲ့ နေရ တဲ့ ကလေးတွေ ဆိုရင် ကျောင်းက ထွက်သွားတဲ့ အထိပါပဲ
ဒါဘာကြောင့် ဖြစ်သလဲ တကယ်က အပြင်မှာ နေရ
တာက အဲဒီ အချိန်မှာ ပျော်စရာကောင်းနေလို့ပါ သွားချင်ရာသွား နေချင်သလိုနေလို့ ရတယ်လေ စိတ်လွတ်ကိုယ်လွတ် နေလို့ရတဲ့ အချိန်တွေက ပိုများနေလို့ပါပဲ
ကျောင်းဆက်တက်နေကြတဲ့ ကလေးတွေကရော အသက်လေးနဲနဲရလာပြီ မြီးကောင်ပေါက် အရွယ် ဆိုတာနဲ့ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာကြ
မယ် မိဘတွေ မသိအောင် တိုမယ် လျိုမယ် အုပ်စု ဖွဲ့ သွားလာမယ် စတဲ့ ပျော်ရွှင်မယ်ထင်ရတာတွေ ကို ရှာလာကြတော့တာပါပဲ အချို့ ကျောင်းသား တွေဆို အရက်သောက် မူးယစ်ဆေးသုံး ဖဲရိုက် စတဲ့ မကောင်းတဲ့ဘက်တောင် ရောက်သွားပါလေ ရောလား
ဒီလိုနဲ့ ကျောင်းပြီးဘွဲ့ရ အလုပ်ရှာရင်း သဘာဝ စာသင်ကျောင်းကို ပြောင်းတက်ကြပြီ ဆိုတာနဲ့ ပြဿနာတွေ တန်းစီ တိုးတော့တာပါပဲ ကျွမ်းကျင်
ရာ နေရာတွေမှာ ဝင်တိုးကြရင်း ပျော်မယ်ထင်ရ တာတွေ အပေါ်မှာ ပိုမို အလေးထားလာကြပါတယ်
ဒီအချိန်မှာ စီးပွားရေးဆိုလဲ ဘာမှန်း သိကြသေး တာ မဟုတ်ဘူး တချို့များဆို အများအတွက် မဆို နဲ့ ကိုယ့်တစ်ကိုယ်စာ အတွက်တောင် ဘာမှ မလုပ်ရသေးတဲ့ အချိန်မှာ အရက်သမား ဖြစ်သွား တာ အိမ်ထောင်ကျသွားတာ စတာတွေ အမြောက် အမြားပါပဲ
ကြီးပြင်းလာတဲ့ အခါကျတော့ ကျွန်တော်တို့မှာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများစွာ လိုအပ်လာပါပြီ အဲဒါတွေကို ရဖို့ စဉ်းစားလာရပြီ လုပ်ကိုင်လာရပြီ ဆိုတာအပြင် မိသားစု အရေး လူမှုရေး စတဲ့ ရေးပေါင်းများစွာ အတွက်လည်း ပူပန်နေရပြီ ဆိုတာနဲ့ ကျွန်တော်တို့ဟာ ပျော်ရွှင်မှုနဲ့ တဖြည်းဖြည်းဝေးလာကြရော ဒီလို ဘာကြောင့် ဖြစ်လာရသလဲဆိုတာ အရင်းစစ်ကြည့်တော့
၁။ ငယ်ရွယ်စဉ်အချိန်မှာ အပျော်ကျူးခဲ့ကြလို့
၂။ ငယ်တုန်းမှာ အချိန်ကို တန်ဖိုးမထားခဲ့လို့
၃။ နုပျိုစဉ်မှာ စနစ်တကျ လုပ်ကိုင်တတ်တဲ့ အကျင့်ကို မမွေးမြူခဲ့လို့
၎။ ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ လိုအပ်တာ ဘာတွေလည်း ဆိုတာ သေသေချာချာ မသိခဲ့လို့
ဆိုတဲ့ အချက်(၄)ချက်ကို ကျွန်တော် မြင်ရတယ် ကျန်ကောင်း ကျန်နေဦးမလားပဲ လတ်တလော ကျွန်တော် ဒီလေးချက်ပဲ သတိထားမိသေးလို့ပါ
ဝမ်းကျောင်းတဲ့ အလုပ်တွေ လုပ်ရင်းက တချို့ဆို ပြောကြပါတယ် "မင်းတို့လို ပျော်နေဖို့ အချိန်မရပါ ဘူးတဲ့"
ဒါ ဘယ်လောက်ရင်နာဖို့ကောင်းတဲ့ စကားလဲ တွေးကြည့်ပါ အခြားသူတွေ ပျော်နေချိန်မှာ ပျော်ဖို့ အချိန် မရရှာတဲ့ လူတစ်ယောက်ရဲ့ ဒုက္ခကို ကိုယ်ချင်းစာကြည့်ရင် သိပါတယ် အနည်းနဲ့အများ ရင်ဆိုင်ဖြတ်သန်းကြဖူးမှာလည်း ဖြစ်လို့ ကိုယ်ချင်း စာတတ်ပါလိမ့်မယ် ထင်မြင်မိတာပါပဲ
ပျော်ရွှင်မှုအတွက် ပေးဆပ်ရတဲ့ တန်ကြေး ဆိုတာ ဒါတွေပါပဲ
ငယ်ရွယ်စဉ်မှာ ပျော်ရွှင်ချင်ရင် ကြီးလာတဲ့ အခါ ပေးဆပ်ရမယ်
ကြီးလာချိန်မှာ ပျော်ရွှင်လိုရင် ငယ်ငယ်ကတည်းက ပေးဆပ်နေရပါမယ်
ဒါဟာ လောကနိယာမပါပဲ သင်ကော ဘယ်အချိန် ပျော်မှာလဲ……
အရှင် အကုသိုလ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်