*************-**********
တစ်နေ့က ကျွန်တော့မိတ်ဆွေ ကိုသာဝ ရေးတင် လာတာ ညီလေး နိုင်လင်း မေးတဲ့ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းက ဟာတွေ တကယ် အမှန်ပဲ
လား ဆိုတဲ့ မေးခွန်းလေး ဖတ်မိတော့ ကျွန်တော်
လေ့လာကြည့်ထားတဲ့ အထဲ ထူးထူးခြားခြား အမှတ်ရနေတဲ့ ကွဲလွဲချက်တွေထဲက အချက် တစ်ခု
ကို ရေးချင်စိတ် ပေါ်လာတယ်
ဒါနဲ့ အခုပိုစ့်ကို ရေးဖြစ်တယ်ပေါ့ အကြောင်းအရာ
ကတော့ ရာဇဓိရာဇ်နဲ့ အင်းဝဘုရင် မင်းခေါင်တို့ရဲ့
အကြောင်းများစွာထဲက တစ်ခုပါ
ဒီဘုရင် နှစ်ပါးက ခေတ်ပြိုင်ဘုရင်တွေပေါ့ အဲဒီမှာ
ဒီဘုရင်နှစ်ပါးက ထူးထူးခြားခြား ရန်သူအသွင် လည်းဖြစ် မိတ်ဆွေအသွင်လည်း ဖြစ်နေပါတယ်
ဒီဘုရင်နှစ်ပါးမှာ ရာဇဓိရာဇ် က မင်းခေါင်ထက် ၅ နှစ်ကြီးတယ် ဝေးလံတဲ့ နေရာနှစ်ခုက ဘုရင်နှစ်ပါး
ဟာ ရန်သူပုံစံနဲ့ စတွေ့ကြပါတယ်
ရာဇဓိရာဇ်ရဲ့ သူ့ဦးရီးတော်ဖြစ်တဲ့ မြောင်းမြစား လောက်ဖျားက ဟံသာဝတီမှာ အင်အားနည်း နေချိန် ဖြစ်တယ် လာသိမ်းလို့ရပြီ ပေါ့လေ ပြောလို့ သွားတိုက်တယ် ပေါ့ဗျာ အဲမှာ ရန်သူပုံစံနဲ့ စဆုံ ကြတာပါပဲ
လောက်ဖျားက လိမ်လိုက်တာ နားယောင်မိတော့ မင်းကြီးစွာက သားတော်မင်းဆွေ (ဘုရင်မင်းခေါင်)
ကို တိုင်းပြည် အုပ်ချုပ်စေပြီး ပဲခူးဟံသာဝတီကို သွားတိုက်တယ် အဲဒါက နှစ်လေးဆယ် စစ်ပွဲရဲ့ အစပေါ့ နှစ်လေးဆယ် စစ်ပွဲဆိုပေမယ့် မနားတမ်း
တိုက်နေတာမျိုးလည်း မဟုတ်ပြန်ဘူး ကောက်စိုက်
ချိန်စိုက် တိုက်ချိန်တိုက် ရပ်လိုက် တိုက်လိုက် လုပ်
နေကြတာ အချင်းချင်းကလဲ စစ်နားချိန်ဆို မိတ်ဆွေလိုပဲတဲ့ စစ်ပွဲဆိုတာက ဒါမျိုးလည်း ရှိလေ သလား စဉ်းစားစရာပါ ဒါပေမယ့် ရှိနိုင်တယ် ထား
ပါ ဖြစ်နိုင်လို့ပါ
နောက်တစ်ခုက စစ်ဖြစ်နေတဲ့ မင်းနှစ်ပါးက တစ်ဦး နဲ့ တစ်ဦး ရန်သူလိုမမြင်ဘဲ မိတ်ဆွေလို ဖြစ်နေကြ ပြန်တယ် အာဂလူထူးတွေလို့ ဆိုရမှာပါ
ရာဇဓိရာဇ်က မင်းကြီးစွာကို ဘကြီးတော် လို့ ခေါ်
တယ် တလေးတစားလည်း ရှိတယ် မင်းကြီးစွာ ၁၄၀၀ ပြည့်နှစ်မှာ နတ်ရွာစံတဲ့အခါ သားတော် မင်းခေါင် နန်းတက်တယ် အင်းဝမှာ မင်းခေါင်ဘုရင် က နှစ်ပါးရှိတယ် အခုမင်းခေါင်ကို ပထမမင်းခေါင် လို့ ခေါ်ပါတယ်
မင်းခေါင်နန်းတက်လာတော့လည်း စစ်ပွဲက ဆက် တိုက်နေတာပါပဲ
၁၃၆၈ ခုမှာ မင်းကြီးစွာနဲ့ ရာဇဓိရာဇ်ရဲ့ အဖေ ဗညားဦး တို့ မဟာမိတ် အကြီးအကျယ် ပြုခဲ့ဖူး တယ် ဒီမင်းတွေ လက်ထက်မှ ပျက်သွားတာ
ပထမမင်းခေါင်နဲ့ ရာဇဓိရာဇ်ရဲ့ စစ်ပွဲကတော့ မပြီး ပြတ်နိုင်ဘူး မင်းခေါင်ရဲ့သား မင်းရဲကျော်စွာ အပါ
အဝင် အကျအဆုံးများခဲ့တယ် ဒါပေမယ့် မင်းခေါင်
နဲ့ ရာဇဓိရာဇ်ကြား အမုန်းပွားခဲ့တာမျိုး မရှိပြန်ဘူး
ဒီလိုစစ်ပွဲမျိုးကတော့ ကမ္ဘာမှာ ရှာမှရှားတဲ့ စစ်ပွဲပါပဲ
ရာဇဓိရာဇ်ဟာ စစ်ပွဲကာလမှာ နာမကျန်းဖြစ်ပြီး သေသွားတယ် ရာဇဓိရာဇ်သေတော့ သူ့ပြိုင်ဘက် ဖြစ်တဲ့ မင်းခေါင်က ဝမ်းနည်းကြေကွဲရှာပါတယ်
ဒီအကြောင်းကို အမတ်ကြီး ဗညားဒလ ပြုစုတဲ့ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းမှာ ပြဆိုတာက စကားပြောဟန်ပဲရေးသွားမယ်နော် လုံးစေ့ပတ်စေ့ ပြန်ရိုက်နေရမှာစိုးလို့ပါ ဖော်ပြချက်က
ရာဇဓိရာဇ်သေတာကြားတော့ မင်းခေါင်ဘုရင်က ရှေးဟောင်းအဖြစ်တွေကို အော့မေ့ပြီး ငိုသတဲ့ ဒါကို မင်းခေါင်ရဲ့ မိဖုရားခေါင်ကြီး မြင်တော့ ဘာကြောင့် ငိုသလဲ မေးတယ် ဆိုပဲ အဲသလိုပုံစံ ရေးထားတယ်
ဒီ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းကို ဖတ်နေရင်း ကျွန်တော် မင်းခေါင် ဘယ်လိုခံစားရလည်း ဆိုတာ ကို အသေး စိတ် သိချင်လာမိတယ် ဒီတော့ စာအုပ်
ပြန်ရှာ ဦးကုလား မဟာရာဇဝင်တော်ကြီးကိုလှန်
ဖတ်ကြည့်တော့ တိန် သေရောဟ ဆို ဖြစ်သွားတာ
မဟာရာဇဝင်ကြီး ဒုတိယအုပ် စာပိုဒ်ရေ ၅၆ မှာ ပြ
ထားတာက
ရာဇဓိရာဇ်ဘုရင်က မင်းခေါင်ဘုရင် သေတယ်လို့
ကြားတော့ ညီတော်မင်းခေါင်က ငါနဲ့ရန်ဘက် ဖြစ်ကြ တယ် ငါ့ညီတော် အနိစ္စတရားသို့ လိုက်ရပြီ
ငါသာကြွင်းသေးသည်
စသည်ပေါ့ဗျာ အဲသလို ရေးထားတော့ ဘာလဲဟ
ဆို မဖြစ်နေတော့မလား ရူးကြောင်ကြောင် သမိုင်း
ကြီး ဖြစ်နေတော့တာကိုး
ရာဇဓိရာဇ်နဲ့ ပထမမင်းခေါင် ဘယ်သူအရင် မသာ
ပေါ်သလဲ ဟဲဟဲ ဒါလေး အရင် ဖြေရှင်းသင့်ကြ တယ် မြင်တယ်
တော်ပြီနော် ဒီလောက်ဆို အခြားဟာတွေ မပြော
ချင်တော့ဘူး မိန်းကျတဲ့ တစ်ခု ထုတ်ပြပေးသွား တာပါ
သမိုင်း သမိုင်းနဲ့ ပေါက်တတ်ကရတွေ ရေးခဲ့ကြ တယ် စိတ်ပျက်ဖွယ်ပါ တကား……
အရှင် အကုသိုလ်
ဆဲရေးသူတို့၏ အသံကိုးကား ကြားရန်မလိုပြီ
ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ်မြို့ကို ကျော်ဖြတ်ပြီး လျှင် ကောသမ္ဘီမြို့ဟောင်းဆီ ရောက်သည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုး အုတ်ဘောင်များသာ ရှိတော့သည်။
ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်ပါ။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။
သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညို လေးမြတ်သမျှ မာဂဏ္ဍီ အတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ ကြားလည်း ခါး၊ မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ် ရှင်းပစ်ချင်သလို ဗုဒ္ဓ အရှင်ကိုလည်း ကောသမ္ဘီ အ၀န်းအ၀ိုင်းမှ လွင့်ထွက်သွား စေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်း တစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေး သူများ ပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ ကျမ်းဂန်လာကား အကွက်ကျကျ ဆဲနည်း ဆယ်မျိုး ရှိသည်ဟု ပြပါသည်။
သာမန် ရဟန်းတစ်ပါးထက် အရိယာအဖြစ် ပိုလွန်သော အာနန္ဒာ မထေရ်သည်ပင် တုန်လှုပ် ခြောက်ခြား သွားသည်။ အမှန်တကယ်ပင် ခြေလှမ်း မှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ ကြား တွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်း ကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျော မလုံစရာ ကောင်းလိုက်ပါသလဲ။
ဗုဒ္ဓအရှင် ကြုံတွေ့ နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူ ဆဲရေးမှုကြီး ဖြစ်သည်။ ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံး သာမက (၇)ရက်တိုင်တိုင် ဖြစ်သည်။ ပထမဆုံး ရင်ဆိုင် တွေ့ရသော နံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာ မထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ပြောခဲ့တဲ့ စကားတွေက
အာနန္ဒာ “မြတ်စွာဘုရား ကောသမ္ဘီသား တွေဟာ တပည်တော် တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”
ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”
ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”
ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”
ဗုဒ္ဓ “အာနန္ဒာ ဒီလို မလုပ်ကောင်း ပေဘူး၊ အဓိကရုဏ်း ပြဿနာ ဖြစ်ပွားတဲ့ နေရာမှာ အဓိကရုဏ်း ငြိမ်းအေးမှ သာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့် ပေရဲ့။”
ဗုဒ္ဓအရှင်၏ ရဲရဲတောက်သော စကားတော် ကိုလည်း ဆက်မိန့်ကြားပါတယ်။
“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင် ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ် ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ် လေးမျက်နှာက တိုက်ခိုက် ပစ်လွှတ်လိုက်တဲ့ မြားတွေကို ကြံ့ကြံ့ခံနိုင် သလိုမျိုး မိုက်မဲ ညံဖျင်းသူတို့ ဆိုဆဲတဲ့ စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”
ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက် အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွား သည်။ ဗုဒ္ဓ အရှင်မြတ်နှင့် ဗုဒ္ဓ အရှင်မြတ်၏ တရားဓမ္မကို အတွင်းသား အပြင်သား ခွဲခြားမသိသော မိုက်မဲစွာ ဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ် မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။
အသောက မင်းတရား၏ ကျောက်စာတော် သည်လည်း ယနေ့ အင်တာနက် စီးဆင်းမှုကို ရုတ်ရုတ် သည်းသည်း ငြင်းခုန် ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသော ဘာသာရေး ဘလော့ဂါများ အတွက် လေးစား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။
“မိမိ ဘာသာတရား ကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှုတ်ချ မပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရား ကိုလည်း လေးစားထိုက် ပေရဲ့။ အခြားသူ တို့ရဲ့ ဘာသာတရား ကို လေးစားခြင်းဟာ မိမိ ဘာသာတရားကို လင်းပ ထွန်းကားစေနိုင် သပ။ မိမိ ဘာသာတရားကို ထွန်းပ။ အခြား ဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိ ဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြှုပ်ရာ ရောက် သလို အခြား ဘာသာတရား ကိုလည်း နာကျင်စေတတ် ပေရဲ့။”
“ငါ့ ဘာသာတရား ကိုသာ ငါထွန်းပ စေမည်” ဆိုတဲ့ အတွေး သက်သက်နဲ့ မိမိ ဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြား ဘာသာတရားကို နှိမ့်ချ ပုတ်ခတ်ခြင်းဟာ မိမိ ဘာသာတရား ကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံး နားထောင်ကြစေ။ အခြား ဘာသာ တရားတို့ရဲ့ သွန်သင်ချက် ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။” (ကျောက်စာတော် အမှတ် ၁၂)
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။
အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ။
ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။
ငါ့ဆွေငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏။
ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း။
သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။
ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ။
(ဇော်ဂျီ)
ပျော်ဖို့အချိန်လေး ရွေးပေးပါ
*****************
မနေ့ကတင်တဲ့ ပိုစ့်နဲ့ တစ်လတည်းမှာ ရေးထားတဲ့ ဆောင်းပါးတိုလေးပါ ဒီပိုစ့်ကို အရင်က ငယ်စဉ်မှာ ပျော်မှာလား ကြီးပြင်းချိန်မှာ ပျော်မှာလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ခြောက်ကြိမ် ဖြန့်ဝေပေးထားခဲ့ပြီးပါပြီ ဒီမှာ ခေါင်းစဉ်ပြောင်းထားပါတယ်
လောကမှာ ဘယ်အရာမှ အလကားမရပါဘူး ထိုက်တန်တဲ့ တန်ဖိုး တစ်ခုခုပေးဆပ်ရတာချည်း ပါပဲ
ဒီစကားစုကို အနက်ပြန်ကြည့်ရင် လောကမှာ ရှိရှိ သမျှ အရာအားလုံးဟာ သူ့တန်ဖိုးနှဲ့သူရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ်
ဒီလိုပါပဲ လူတွေ ပေးဆပ်နေရတဲ့ တန်ကြေးတွေ အကြောင်း မဆိုစလောက်လေး လေ့လာကြည့်ရ အောင်
ပထမဆုံး ကျွန်တော်တို့ ပျော်ရွှင်မှု ဆိုတာကို ကြည့် ကြမယ်နော်
ကျွန်တော်တို့ ကျောင်းစနေတဲ့ အရွယ်မှစလို့ အသက် (၂၀) ဝန်းကျင်လောက် အတွင်းမှာ စာကျက် စာအံ ဆိုတဲ့ အလုပ်ကို လုပ်ချင်တဲ့သူတွေ တော်တော် ရှားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်
ဘယ်လုပ်ချင်မလဲလေ ဒါတွေက ပျော်စရာကောင်း တဲ့ အလုပ်တွေမှ မဟုတ်တာဘဲ ဒီမှာ ဘာတွေ ထပ်လုပ်ကြသလဲ တစ်တန်း နှစ်တန်း လောက်ထိ ဘာမှ မသိသာသေးဘူး လေး ငါးတန်းရောက်လာ အသိလေး နဲနဲပိုလာပြီ ဆိုတာနဲ့ ကျောင်းမတက် ချင် တာတွေ အတန်းလစ်ချင်တာတွေ လုပ်တတ် လာတာမျိုး ရှိပါတယ် တချို့ကလဲ မတက်ချင်ဘဲ ကြောက်လို့ တက်နေတာတွေပေါ့လေ ပညာရေးကို စိတ်ဝင်စားမှု နည်းပါးတဲ့ အုပ်ထိန်းသူ တွေနဲ့ နေရ တဲ့ ကလေးတွေ ဆိုရင် ကျောင်းက ထွက်သွားတဲ့ အထိပါပဲ
ဒါဘာကြောင့် ဖြစ်သလဲ တကယ်က အပြင်မှာ နေရ
တာက အဲဒီ အချိန်မှာ ပျော်စရာကောင်းနေလို့ပါ သွားချင်ရာသွား နေချင်သလိုနေလို့ ရတယ်လေ စိတ်လွတ်ကိုယ်လွတ် နေလို့ရတဲ့ အချိန်တွေက ပိုများနေလို့ပါပဲ
ကျောင်းဆက်တက်နေကြတဲ့ ကလေးတွေကရော အသက်လေးနဲနဲရလာပြီ မြီးကောင်ပေါက် အရွယ် ဆိုတာနဲ့ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာကြ
မယ် မိဘတွေ မသိအောင် တိုမယ် လျိုမယ် အုပ်စု ဖွဲ့ သွားလာမယ် စတဲ့ ပျော်ရွှင်မယ်ထင်ရတာတွေ ကို ရှာလာကြတော့တာပါပဲ အချို့ ကျောင်းသား တွေဆို အရက်သောက် မူးယစ်ဆေးသုံး ဖဲရိုက် စတဲ့ မကောင်းတဲ့ဘက်တောင် ရောက်သွားပါလေ ရောလား
ဒီလိုနဲ့ ကျောင်းပြီးဘွဲ့ရ အလုပ်ရှာရင်း သဘာဝ စာသင်ကျောင်းကို ပြောင်းတက်ကြပြီ ဆိုတာနဲ့ ပြဿနာတွေ တန်းစီ တိုးတော့တာပါပဲ ကျွမ်းကျင်
ရာ နေရာတွေမှာ ဝင်တိုးကြရင်း ပျော်မယ်ထင်ရ တာတွေ အပေါ်မှာ ပိုမို အလေးထားလာကြပါတယ်
ဒီအချိန်မှာ စီးပွားရေးဆိုလဲ ဘာမှန်း သိကြသေး တာ မဟုတ်ဘူး တချို့များဆို အများအတွက် မဆို နဲ့ ကိုယ့်တစ်ကိုယ်စာ အတွက်တောင် ဘာမှ မလုပ်ရသေးတဲ့ အချိန်မှာ အရက်သမား ဖြစ်သွား တာ အိမ်ထောင်ကျသွားတာ စတာတွေ အမြောက် အမြားပါပဲ
ကြီးပြင်းလာတဲ့ အခါကျတော့ ကျွန်တော်တို့မှာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများစွာ လိုအပ်လာပါပြီ အဲဒါတွေကို ရဖို့ စဉ်းစားလာရပြီ လုပ်ကိုင်လာရပြီ ဆိုတာအပြင် မိသားစု အရေး လူမှုရေး စတဲ့ ရေးပေါင်းများစွာ အတွက်လည်း ပူပန်နေရပြီ ဆိုတာနဲ့ ကျွန်တော်တို့ဟာ ပျော်ရွှင်မှုနဲ့ တဖြည်းဖြည်းဝေးလာကြရော ဒီလို ဘာကြောင့် ဖြစ်လာရသလဲဆိုတာ အရင်းစစ်ကြည့်တော့
၁။ ငယ်ရွယ်စဉ်အချိန်မှာ အပျော်ကျူးခဲ့ကြလို့
၂။ ငယ်တုန်းမှာ အချိန်ကို တန်ဖိုးမထားခဲ့လို့
၃။ နုပျိုစဉ်မှာ စနစ်တကျ လုပ်ကိုင်တတ်တဲ့ အကျင့်ကို မမွေးမြူခဲ့လို့
၎။ ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ လိုအပ်တာ ဘာတွေလည်း ဆိုတာ သေသေချာချာ မသိခဲ့လို့
ဆိုတဲ့ အချက်(၄)ချက်ကို ကျွန်တော် မြင်ရတယ် ကျန်ကောင်း ကျန်နေဦးမလားပဲ လတ်တလော ကျွန်တော် ဒီလေးချက်ပဲ သတိထားမိသေးလို့ပါ
ဝမ်းကျောင်းတဲ့ အလုပ်တွေ လုပ်ရင်းက တချို့ဆို ပြောကြပါတယ် "မင်းတို့လို ပျော်နေဖို့ အချိန်မရပါ ဘူးတဲ့"
ဒါ ဘယ်လောက်ရင်နာဖို့ကောင်းတဲ့ စကားလဲ တွေးကြည့်ပါ အခြားသူတွေ ပျော်နေချိန်မှာ ပျော်ဖို့ အချိန် မရရှာတဲ့ လူတစ်ယောက်ရဲ့ ဒုက္ခကို ကိုယ်ချင်းစာကြည့်ရင် သိပါတယ် အနည်းနဲ့အများ ရင်ဆိုင်ဖြတ်သန်းကြဖူးမှာလည်း ဖြစ်လို့ ကိုယ်ချင်း စာတတ်ပါလိမ့်မယ် ထင်မြင်မိတာပါပဲ
ပျော်ရွှင်မှုအတွက် ပေးဆပ်ရတဲ့ တန်ကြေး ဆိုတာ ဒါတွေပါပဲ
ငယ်ရွယ်စဉ်မှာ ပျော်ရွှင်ချင်ရင် ကြီးလာတဲ့ အခါ ပေးဆပ်ရမယ်
ကြီးလာချိန်မှာ ပျော်ရွှင်လိုရင် ငယ်ငယ်ကတည်းက ပေးဆပ်နေရပါမယ်
ဒါဟာ လောကနိယာမပါပဲ သင်ကော ဘယ်အချိန် ပျော်မှာလဲ……
အရှင် အကုသိုလ်
နုပျိုရှင်သန်နေရခြင်း၏ အဓိပ္ပါယ်
*******************
ဒီပိုစ့်ကို ကျွန်တော် လေးနှစ်အတွင်း ၁၁ ကြိမ် ဖြန့်
ဝေတင်ပေးခဲ့ဖူးပါတယ် ဖတ်ဖူးသူလည်း ရှိကြပါ လိမ့်မယ် အရင်က တင်ခဲ့တာ အိုချိန် နာချိန် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ ဒီတစ်ခါ ခေါင်းစဉ်ပြောင်းထားပါတယ်
မဖောက်မပြန် ပြောင်းလဲခြင်း မရှိတဲ့ လောကရဲ့ သစ္စာတရားတစ်ခုကတော့ လူရယ်လို့ ဖြစ်လာရင်
အိုရမယ် နာရမယ် သေရမယ် ဆိုတာ ဘယ်သူမှ မငြင်းဝံ့တဲ့ အမှန်တရား စစ်စစ် တစ်ခုပါပဲ
ဟောဒီလောကီမှာ များစွာသော လူတွေကို ကြည့် လိုက်ရင် သူတို့ကိုယ် သူတို့ ဘယ်တော့မှ မသေ တော့မယ့် တန်ခိုးရှင်တွေလို့ပဲ ထင်နေကြသလား
တော့ မသိပါဘူး ရသမျှ အချိန်တွေ ဖြုန်းပစ်လိုက်
ကြတာများ အချိန်လောက်ငှတယ် ဆိုတာတောင် မရှိသလောက်ပါပဲ ဒီလူတွေကို မြင်မိတိုင်း တွေး စဉ်းစားမိတာ တစ်ခုက ဒီလူတွေမှာ ဘဝ အနာဂါတ်ပျောက်သွားတာလား ဒါမှမဟုတ် ကိုယ့် ဘဝရှေ့ရေးကို အလေးပေး တန်ဖိုးမထားတာလား ဆိုတာကိုပါ
လူဆိုတာ အိုမယ် နာမယ် သေမယ် ဒီသုံးခုမှာ တွေးကြည့်ပါ ဘာသာရေးမပါ အလွတ်တွေးတယ် ပေါ့ဗျာ သေသွားရင် ဘာမှ မသိတော့လို့ ပြဿနာ
က မရှိတော့ဘူး ဒါတောင် ခေတ်ကာလ စမ်းချောင်းအရ ဆိုရင် ကျန်နေသူတွေမှာ ပကာသနတွေ များစွာ လိုပါသေးတယ် အရပ် ကောင်းလို့ အလောင်းလှတယ် ဆိုတာ အရပ်ရပ် နေပြည်တော် ကြားလို့သင့်တော်တဲ့ အရာမျိုးမှ မဟုတ်ပဲလေ
အိုတဲ့ အချိန်မှာလည်း အိုပေမယ့်လို့ အလုပ်တွေ လုပ်နေနိုင်သေးတယ် ဆိုရင် တော်သေးတယ်လို့
ဆိုနိုင်ပေမယ့်လို့ ဘာမှ မလုပ်နိုင်တဲ့ အချိန်မျိုး ဆို
ရင်ရော ဘယ်လို ရှင်သန်နေထိုင်သွားကြမှာလဲ
ငယ်ငယ်ရွယ်ရွယ်မှာ ကြုံရမယ့် ဒုက္ခ နဲ့ အိုမင်းရင့် ရော်နေတဲ့ အဘိုးကြီး အဘွားကြီး ဖြစ်ချိန်မှ ကြုံရ မယ့် ဒုက္ခ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုမှ နှိုင်းလို့ရ
တာမျိုး မဟုတ်ပါဘူး ဒါတွေက အကျယ်ချဲ့ ပြောနေစရာတောင် မလိုတဲ့ လူတိုင်းသိပြီးသား ကိစ္စပါပဲ
နာနေတဲ့ အချိန် မှာ လူက ဘာမှ လုပ်နိုင်စွမ်း မရှိ
တော့ဘူး ဒီအချိန်မှာမှ ဆေးကုသစရိတ် လိုလို့ ဆို
ပြီး ဟိုပြေး ဒီပြေး ပြေးလွှားနေရတဲ့ အဖြစ်မျိုး အိမ် မှာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ပြီး သောက
ရောက်နေရတာမျိုး စတဲ့ အမျိုးမျိုးသော ဒုက္ခတွေ ကို ခံစားရမှာပါပဲ ဒါလဲ လူတိုင်းလိုလို သိပြီးသားပါ
ဒါတွေကို သိထားပြီး ဖြစ်ရက်နဲ့တောင် နေနိုင်လိုက်
ကြတာများဗျာ
အိုပြီးရင် နာမယ် အိုချိန် နာချိန် မရောက်ခင် စောစောစီးစီး အိုချိန် နာချိန်အတွက် စီမံကိန်း တစ် ခုတော့ လိုတာပေါ့ လိုတယ်လို့ မထင်ဘူးလား
စာဖတ်သူ သင်ကော ဘာတွေ ဆောင်ရွက် ထားပြီး
ပြီလဲ
ဒီအကြောင်း ပြောရင်လူတိုင်းနီးပါးက ဒါဟာ အရေးကြီးတဲ့ အကြောင်း သဘောတူ လက်ခံ ခေါင်းညိတ်ပြကြတာပါပဲ တစ်ယောက်မှ ကန့်ကွက် တာမျိုး မရှိကြပါဘူး ဒါပေမယ့် ပြဿနာက တကယ့် လက်တွေ့ အကောင်အထည်ဖော်သူ ဆိုလို့ အင်မတန်နည်းတာကလား
လူတော်တော်များများဟာ ပါးစပ်က ကောင်းပြီ ကောင်းရဲ့ ပြောကြပြီး လက်တွေ့ စီမံချက် လုပ်ဖို့ ကျတော့ အချိန်မရဘူး ဘာဘူးနဲ့ ဖင့်လေးနေကြ တယ် ဆင်ခြေတွေ အမျိုးမျိုးပေးနေကြတယ်
ဒီလို ဆင်ခြေပေးလိုက်ခါမှ ညံ့တဲ့အပြင် ဖျင်းတာပါ
ပိုသွားကြောင်း ပြသရာ ရောက်ပါတယ် ထပ်ပြော
ရင် လိမ်တာပါ လူသိကုန်ရော
ကျွန်တော်ကတော့ နုပျိုငယ်ရွယ်တုန်း ရှင်သန်နေရ တဲ့ အဓိကအချက်က အိုမင်းရင့်ရော်ချိန်မှာ ဘယ် လို ဖြစ်စေချင်သလဲ ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်တယ်လို့ ယူဆပါတယ်
ကျွန်တော်မြင်သိထားတာ တစ်ခုကတော့ အိုချိန် နာချိန် အတွက် ကြိုတင် ပြင်ဆင်မထားဘူး ဆိုရင်
လာမယ့် နှစ်အနည်းငယ် အတွင်းမှာ အိုဆင်းရဲ နာဆင်းရဲ ဆိုတာကို ကောင်းကောင်းကြီး ခံစားရ မှာပါပဲ
ကျွန်တော်တို့ဟာ ငယ်ရွယ်နုပျိုစဉ်မှာ ဆင်းရဲ လို့ အကြောင်းမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဟာ လုပ်နိုင်စွမ်းတွေ များပြားနေသေး လို့ပါ
အိုဆင်းရဲ နာဆင်းရဲကို မကြောက်ဘူး ဆိုရင် ဘာ ဖြစ်ဖြစ် နေနိုင်ပါတယ် ဒီလို မကြောက်ဘူး ဆိုတဲ့ လူတွေဟာလည်း တကယ့် သတ္တိရှင်တွေပါပဲ
ကြောက်တတ်တဲ့ လူတွေကိုတော့ မေးခွန်း အနည်း ငယ် မေးကြည့်ချင်ပါတယ် ကျွန်တော်ကို ဖြေပေးဖို့
မဟုတ်ပါဘူး ကိုယ့်ဟာကိုယ် ဖြေပါ လုပ်ပါ
ကျွန်တော်က သင့်ကိုယ်စား မေးပေးရုံပါပဲ
၁။ သင့်ရဲ့ အိုချိန် နာချိန်အတွက် ဘာတွေ ဆောင် ရွက်ထားပြီးပြီလဲ
၂။ သင့်ရဲ့ အိုချိန် နာချိန် အတွက် စီမံကိန်းက ဘာ တွေလဲ
၃။ သင့်ရဲ့ အိုနာချိန် စီမံချက်အတိုင်း ဆောင်ရွက် သွားဖို့ သတ္တိရှိရဲ့လား
ကိုယ့်စီမံကိန်းကို ကိုယ့်ဘဝ ဖြစ်လိုတဲ့ ဆန္ဒနဲ့ ညှိ နှိုင်းဆွဲရမှာမို့ ကျွန်တော် မပြောပေးတော့ဘူးနော်
ဒီမှာ သတ္တိရှိရဲ့လား လို့ သုံးသွားပေးတာက စိတ်စွမ်းအား တနည်း စည်းကမ်းလိုက်နာမှု တနည်း သမာဓိ ကောင်းဖို့ လိုအပ်ပါတယ်
ကန်ထဲကို ကျောက်ခဲ တစ်ရက် တစ်လုံး ပစ်ချမယ်
လို့ သင်စီမံချက်ဆွဲထားရင် အဲအတိုင်းပဲ နေ့တိုင်း လုပ်သွားရမှာပါ ငါဒီနေ့ ပိုရတယ် ဆိုပြီး နှစ်လုံး သုံး လုံး ထည့်လို့ မရပါဘူး မေ့သွားလို့ ဆိုပြီးနောက်နေ့ မှ နှစ်လုံး ထည့်ခွင့် မရှိပါဘူး အဲဒါ ကိုယ်ချမှတ်တဲ့ စည်းကမ်း ကိုယ်တိုင် ဖောက်ဖျက်တာ ဖြစ်သလို
ကိုယ့်ကိုယ်ကို သစ္စာဖောက်တာမို့ စိတ်စွမ်းအားကို
ကျဆင်းစေပါတယ် ဒါက အပြောလွယ်သလောက် စလုပ်သူများအတွက် ကျင့်သား မရသေးသရွေ့ မထုံသေးသရွေ့ ထိန်းချုပ်ဖို့ ပင်ပန်းခက်ခဲသလို ဖြစ်နေပါလိမ့်မယ် သင် ရအောင် ထိန်းချုပ်ပါ လုပ်ပါ သင့် စိတ်တန်ခိုး သမာဓိအား တက်သလို သင့်ကိုယ်သင် ယုံကြည်မှု ပိုလာပါမယ် နောက် အခြားသူတွေက သင့်ကို ယုံကြည်လာပါမယ် ဒါ ပြောရင် Will Power ပေါ့လေ စိတ်စွမ်းအား ကောင်းမှ သတ္တိက ရှိလာတာပါ ဒါကြောင့် အဲသလို သုံးသွားပေးတယ် ဝိပဿနာ သမထ တစ်ခုခု ကျင့်နေသူတွေက ထိန်းချုပ်တတ်နေလောက်ပါပြီ
သဘောက ဆင်တူပါပဲ လုပ်ကြည့်ပါလို့ တိုက်တွန်း
ပါရစေ သင့်အကျိုးကို လိုလားခြင်း အားဖြင့်ပေါ့
အရှင် အကုသိုလ်