ပုဂံကျောက်စာပါ အခေါ်များ

ကျောက်စာများထဲမှ ပုဂံခေတ်ဆိုင်ရာ အပင် ၊ အသီး စာရင်း ။


ပျဉ်မ = ဣပ်မှူယ် ။
ဥသျှစ် = ဥိရေစ် ။
အုန်း = ဥိ ။
အောက်မဲညို = အောင်မညိစ် ။
ကြက်သွန်ဖြူ = ကသွန် ။
ကုလားပဲ = ကုလာပါယ် ။
ကင်ပွန်း = ကမ်ပေါန် ။
ကန်ချုပ် = ကန်ချောင် ။
ကျောက်ဖရုံ = က္လေည်ဖူရုံ ။

ကျိတ် = က္လိတ် ။
ကြာ = ကြ ။
ဝါး = ကြာလိုစ် ။
ကြက်ရုန်း = ကြက်ကြူန် ။
ကြဇု = ကြအ်က္လူ ။
ကြံ = ကြမ် ။
ကွမ်း = ကွမ် ။
ခပေါင်း = ခပေါင် ။
ခရမ်း = ခရမ် ။
ခရား = ခီရှာ ။
ချင်း = ခေင် ။
ငရုတ်ကောင်း = ငြုတ် ။
ငှက်ပျော = ငှာက်ပျောဝ် ။
စပါး = စပါ ။
စံကား = စာမ်ကာ ။
စမုန်နက် = စိမုနက် ။
စမုန်ကြီး = စိမုကြီး ။
ဆိတ်ဖလူး = ဆဖူဟ် ။
ဆပ်သွား = ဆပ်သွာ ။
မညှိုးလုံး = ညှိဝ်ပါန် ။
သလဲ = တလေည် ။
တည် = တီ ။
စန္ဒကူး = တန်စိကူ ။
ထန်း = ထန် ။
ထန်းလျက် = ထာန်ရျက် ။
နှမ်း = နှမ် ။
ဗန့် ဘွေး = ပါန်ပူယ် ။
ပဲကြီး = ပါယ်ကြီ ။
ပဲလွန်း = ပါယ်လွန်း ။
ပုန်းညက် = ပုန်ညက် ။
ပေ = ပိယ် ။
နွယ်ချို = ပျာနောယ် ။
ပြောင်း = ပ္လောင် ။
ဖာလာ = ဖလာ ။
ပိတ်ချင်း = ဖိတ်ချင် ။
သင်္ဘောသီး = ဘိတ်တိကယ် ။
စပျစ် = မထုန်သရာ ။
မန်ကျည်း = မင်က္လည် ။
ပိန္နဲ = မုန် ။
မုန့် ညင်း = မုန်ညင် ။
မုယောစပါး = မူယဝ် ။
မုရိုး = မူရိဝ် ။
ရေသူကြီး = ယသက္လည် ။
ယင်းမာ = ရင်မာ ။
ရဲယို = ရာယ်ရိယ် ။
လူး = လူ ။
ကံ့ ကော် = သာနိဝ်ခူယ် ။
သပြေ = သိပြိယ် ။
သခွား = သိခွာ ။
သဒွတ် = သိအ်တွောတ် ။
သဖန်း = သိဖန် ။
သဒွေး = သိတူယ် ။
သရက် = သိရျက် ။
သစ်ဆိမ့် = သေစ်ဆိ ။
ရှိန်းခို = ဟိန်ကိစ် ။

တို့ အပြင် အသံကော အခေါ်အဝေါ် စကားလုံးပါတူသည့် 

ကြိမ် ။
ဆန် ။
ဆပ် ။
ရှောက် ။
သန်ပေါင် ။
သံပုရာ ။
တို့ သည် ပုဂံခေတ် ကျောက်စာ များထဲမှ တွေ့ ရလေ့ ရှိသော လူတို့ စားသောက်နိုင် သော အပင်အသီးများ စာရင်းကို တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြပေး ထားပါသည် ။

ပုဂံခေတ် ကျောက်စာများ တွင် နေ့ ခုနှစ် နေ့ အား ရေးထိုးထားပုံ ။ မြန်မာ-မွန်-ပါဠိ-သက္ကတ ။


တနင်္ဂနွေ နေ့  = တန်နှင်ကနုယ် ။ တငဲ / တ္ဂဲ (ဂ=င) (မွန်) ။

တနင်္လာနေ့  = တန်နှင်လာ ။ တငဲ (မွန်) ။

အင်္ဂါ နေ့  = အင်ကာ ။

ဗုဒ္ဓဟူး နေ့  = ပုတ္တဟူ ။

ကြာသာပတေး နေ့  =္ကကြဿပတိယ် ။ ဗြိဟ သ္မတိ (သက္ကတ) ။

သောကြာ နေ့  = သုက္ကြာ ။ သုက္က (ပါဠိ) ။ ဂုကြ (သက္ကတ)။

စနေ နေ့  = စနိယ် ။ သနိ (ပါဠိ) ။ ဇနိ (သက္ကတ) ။

ပုဂံခေတ်ဆိုင်ရာ ကျောက်စာများထဲ မှ တွေ့ နိုင်သော အသက်မွေးဝမ်းကြောင်း ကိုလိုက် ၍ သတ်မှတ်သော စကားလုံး များ ။


(က) ။ မွေးမြူရေး နှင့် လယ်ယာလုပ်ငန်းဆိုင်ရာ။

လယ်သမား = လယ်သယ်/ လယ်သူ ။
လယ်ခင်းစောင့် = လယ်ဥယင်စောင့် ။
ကောက်စိုက်သူ/ သမ = စပါစိုက် ။
ဥယျာဉ်မှူး = ဥယင်သည် ။
ကျွဲနွားမွေးသူ = နွာထိန် ။
ကြက်မွေးသူ = က္လွထိန် ။
ဆိတ်မွေးသူ = ဆိတ်ထိန် ။
ဆင်ထိမ်းသူ = ဆင်ထိန်/ ဝမ်ပယ်ထိန် ။
နွားကျောင်းသူ = နွာက္လောင်စွံ ။



အစားအသောက် ဆိုင်ရာ ။

ထမင်းချက်သူ = ထမင်သည် ။
ဟင်းချက်သူ = ဟင်သည် ။
အိမ်ထောင်တွင် ချက်ပြုတ်သူ = ဣမ်ထမင်ချက် ။
အသားရောင်းသူ = အမယ်သည် / မည်သည် ။
သတ္တဝါများကိုမွေးမြူသူ = သာထိန် ။
သတ္တဝါ အရိုင်းများကို ဖမ်းယူသူ / မုဆိုး = မုဆိုဝ် ။
တံငါ = ပိုက်သည် / ကွန်သည် ။
နို့ ရောင်းသူ = နွားနိုဝ်သည် ။
ပျားဖွပ်သမား = ယနအ်ပျာသည် ။
ကွမ်းယာနှင့် ဆိုင်သော အလုပ်သမား = ကွံသည် / ကွံတ်သည် / ကွံသိတည်သည် / ကွံမွန်တောင်သည် ။
ကွမ်းယာ = ကွံယာ ။

လက်မှုလုပ်ငန်းဆိုင်ရာ ။

လက်သမား (ဆောက်လုပ်သူ) = လက်သ္မာ ။
လက်သမား (သစ်ချောသူ) = တစည်သည် ။
အုတ်၊အင်္ဂတေ ကိုင်သူ = ပုရန် ။
သစ်သားပန်းထွင်းသူ = ပန်ပွတ် ။
မျက်နှာကျက် အလှဆင်သူ = တင်ကျတ်သည် ။
အုတ်ဖုတ်သူ = အုတ်သည် ။
သံပစ္စည်း ပုံသွင်းသူ ။ ပန်ဖယ် ။
ပန်းပုထုသူ = အထုသည် / ပုရ္လာ(လ=ဟ)သည် ။
ဘုရားထီးလုပ်သူ = ထိသည် ။
ပန်းထိမ် သမား = ပန်ထိမ် ။
အိုးလုပ်သူ = အိုးထိန်သည် / ကရသည် / လင်ပါန်သည် ။
ဝါခတ်သူ /ချည်ငင်သူ = ခြည်သည် / ခြည်ဝယ်သည် ။
ရက်ကန်းယက်သူ = ပုခြည်သည် / ယန်သည် ။

သဘင် လုပ်ငန်းဆိုင်ရာ ။

ဗုံတီးသူ = စည်သည် ။
သီဆို / ကခုန်သူ = ပန်တျာ ။
သီဆိုသူ = သိခြင်သည် ။
ကခုန်သူ = ကခြိယ်သည် ။
လေမှုတ်တူရိယာ တီးမှုတ်သူ = ခရာသည် / ညှင်သည် / နရည်စြာသည် ။
ကြိုးခတ်တူရိယာ တီးခတ်သူ = စောင်သည် / သရောသည် ။
သားရေတူရိယာ တစ်မျိုး တီးခတ်သူ = ပသာသည် ။
ကြေးတီးဝိုင်းတီးခတ်သူ = ခွက်ခွင်သည် ။ နောင်သည် ။

အထွေထွေ ။

ဆံထုံးထုံးပေးသူ = ဥဖွယ်သည် ။
ကကြိုး/ တန်ဆာ ပြုလုပ်သူ = ကသည် ။
ခဝါသည် = ကုဟာသည် ။
ဆားချက်သမား = ဆာသည် ။
ဆီကြိတ်သမား = ဆည်ဆုမ်သည် ။
ထင်းခွေသမား = ထင်သည် ။
ုသံချပ်ကာ လုပ်သူ = နဂါကြည်သည် ။
ငပိလုပ်သူ = ပိသည် ။
ဘဏ္ဍာထိမ်း = ဖတ္တာသည် ။
ဆတ္တာသည် = မုဆိပ်ရိပ် ။
မြောင်းတူးသမား = မ္လောင် မ္လိတ်သည် ။
ရေထမ်သမား = ရိယ်သည် ။
ဝမ်းဆွဲသည် = လက်သည် ။
ခြေသည်းလက်သည်း လှီးဖြတ်သူ = လက်သည်ထိုင် ။
လှည်းမောင်းသမား = လှည်သည် ။
လှေသမား = လှဝ်ကာသည် ။
သော့လုပ်သမား = သံကောက်သည် ။
ဝေါထမ်း = သင်ရျင်သည် ။
ကျီတောင်စောင့် = စီစောင် / ကီစောင် / ကီသည် ။
စာတတ်သည့် သူဆင်းရဲတို့  အသက်မွေးသော အလုပ် (စာရေးခြင်း) = စာရိယ် / စာဓီ ။
ကဗျာဆရာ = ရကန်သည် ။
ပွဲစား = အလယ်သည် ။

၉ ၊ ၈ ၊ ၂၀၁၃ ။

Photo Copied

အာနန္ဒာ ဘုရား ရှိ နံရံဆေးရေး ပန်းချီကား ။

ပုဂံခေတ် ဆိုင်ရာ ကျောက်စာများမှ အဆွေ / အမျိုး တို့  အပေါ် အခေါ် အဝေါ် စကားလုံး များ ။( မြန်မာ / မွန် )

ပုဂံခေတ် လူမှုအဖွဲ့  အစည်း တွင် ထိုအခါ ၊ ထိုကာလ ကပင် အမိ ၊ အဖ နှင့် သားသမီး တစ်အုပ်တို့  သည် အရေး အပါဆုံး သောအဖွဲ့ အစည်း ပင်ဖြစ်သည် ။


ဆွေမျိုးစု = ဣမ်ထောင် (အိမ်ထောင်) ။
သွေးသားဆွေမျိုး = အဆုယ်အမ္လုင် / အဆုတ်အဝါ /ဆုတိမ္လိုင်/ပေါက်ပေါ (အဆွေ အမျိုး) ။
အဘေး၊အဘိုး = အာဗေပ်အဖိုင်
ဖခင် = ခမည် ။ ခမိဟ် (မွန်)
မိဘ = အာမိအာဖ ။
မိသားတစ်စု = လင်မိယာသစုမ် ။
ဇနီးမောင်နှံ = မောင်နှံ/ မျောက်သာ/ခင်ပွန် ။ ပွံင် (မွန်)
ထိမ်းမြားခြင်းကြောင့် ဆက်သွယ်သော အမျိုးများ = ယောက္ခမ/ ယောက်ဖ/မတ်/သမက်/ခြုယ်မ/ နှောင်အမိ ။
အမိ၏အစ်ကို = အရိ/ ဥရိ (ဦးကြီး) ။
အမိ၏အစ်မ = အတဝ်/မိကြီး(ကြီးတော်) ။
အမိ၏ညီမ = မိထုမ် (ဒေါ်လေး) ။
အဖ၏အစ်ကို = ဖကြီ (ဘကြီး) ။
အဖ၏ညီ = ဖထုယ် (ဘထွေး) ။
ချစ်လှစွာသော ဇနီး = ပယ်မယား/ မယာဖ္လိုင် ။
ဇနီးငယ် = မိယာငယ် ။
သား/သမီး = သာ / သ္မီ ။
မွေးကင်းစ = နိုဝ်စိုဝ် (နို့ စို့ ) ။
မွေးစားသား = နိုဝ်ခိုဝ်(နို့ တိုက်မွေးသော) ။
မိန်းကလေးအထက် အစ်မ = အစ်မ ။
မိန်းကလေးအထက် အစ်ကို = အစ်ကိုင် ။
မိန်းကလေးအောက် ညီမ = ငီမ ။
မိန်းကလေးအောက် မောင် = မောင် ။
ယောကျာင်္လေး အထက်အစ်ကို = နောင် ။
ယောကျာင်္းလေး အထက် အစ်မ = အစ်မ ။
ယောကျာင်္လေး အောက် ညီ = ငီ / နှောင်ငဲ ။
ယောကျာင်္းလေး အောက်ညီမ = နှမ ။
မုဆိုးမ = ကမယ်/ က္မယ် ။ က္မဲာ (မွန်) ။
မုဆိုးဖို (တခုလတ် ယောကျာင်္း) = ဖုတ် ။ ဖုတ် (မွန်) ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်