စောမွန်လှ အုတ်ဂူ



မောသျှမ်းဘုရင်ကြီး စဝ်ဖှလုံမိန်းမဝ်း စဝ်တုန်ဟိုတွင် သားသမီး နှစ်ယောက်ရှိလေရာ သားတော် စဝ်ကော်လျန်း နှင့် သမီးတော် စဝ်မွန်လ တို့ဖြစ်သည်။ စဝ်တုန်ဟိုသည် ကူးသန်းရောင်းဝယ်ရေး သွားလာလွယ်ကူစေရန်အတွက် ၎င်းမောနိုင်ငံတော်နှင့် အရိမဒ္ဒနပူရ ပုဂံနိုင်ငံတော်ချစ်ကြည်ရေးအတွက်၎င်း သမီးတော်အား အနော်ရထာမင်းနှင့် နှစ်ပြည်ထောင်ရွှေလမ်းငွေလမ်းခင်းခဲ့လေသည်။ နောက်ပိုင်းတွင် မိဖုရားအချင်းချင်း မနာလြို ဖစ်၍ မိဖုရားမွန်းလထံတွင် စုန်းရှိကြောင်း ပြောဆိုကြ၍ မိုင်းမောဝ်သို့ ပြန်ခဲ့လေသည်။ မိုင်းမောဝ် မိမိကိုယ်ပိုင် ဆင်မြင်းအခြွေအရံများနှင့် ပြန်ခဲ့လေသည်။ အပြန်လမ်းတွင် စဝ်မွန်းလ သည် မန္တလေးမြို့အနီးတွင် ရွှေစာရံ ဟုအမည်ရသော စေတီတစ်ဆူအား တည်ထားကိုးကွယ်ခဲ့သည်။ အနော်ရထာထံမှ အပြန်ခရီးတွင် မောင်တော် စဝ်ကော်လျန်း လာကြိုရာ စဝ်မွန်းလသည် မိမိတည်သော စေတီရှိသည့် သီပေါမြို့တွင်ကွယ်လွန်ရှာလေသည်။ သူမ၏ အုပ်ဂူသည်လည်း သီပေါမြို့တွင် တည်ရှိလေသည်။

1 comment:

  1. Link ကလေး copy မရဘူးဗျာ ကူညီပါဦး

    ReplyDelete

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်