ဂန္တ၀င်စာပေ၏ အနာဂတ်

ဂန္ထဝင်စာပေဟူသည် ကျယ်ပြန့် သောစာပေမျိုးရင်းတစ်ခုဖြစ်ပါသည်။ကျယ်ပြန်မှုမှာ စာပေတွင် သုတစာပေနှင့်ရသစာပေ ဟူသော ကဏ္ဍကြီး နှစ်ရပ်ဖြင့်ခွဲခြားသော်  ထိုနှစ်ရပ်လုံးပင်ပါဝင်နေပါသည်။
တဖန်အရေးအသားပုံစံ အားဖြင့်ခွဲခြားသော်လင်္ကာနှင့်စကားပြေ ဟူသောပုံစံနှစ်ရပ်လုံးပါဝင် ပြန်သည်။ ထိုမျှသာမက လက်ရှိကမ္ဘာ့စာပေ များ၌ပိုင်းခြားသကဲ့သို့    ဝတ္ထုစာပေများရှိသည့်နည်းတူ ဝတ္ထုမဟုတ်သော စာပေဟူ၍ပိုင်းခြားသကဲ့သို့  ဝတ္ထုနှင့်ဝတ္ထုမဟုတ်သောစာပေ တို့ လည်းဂန္ထဝင်စာပေများ ရှိသည်။
တဖန် အချိန်ကာလဖြင့်သတ်မှတ်ပါမူဂန္ထဝင်သည် ရှေးကျသော၊အများလက်ခံသော၊တည်တံ့ခိုင်မြဲသော၊အခါသိမ်းအမှန်တရားတို့ နှင့်နီး စပ်သော၊ကောင်းမွန်  ပြောင်မြောက်သော  ဂုဏ်ရည် များရှိသဖြင့်အချိန်ကာလနှစ်ပရိစ္ဆေဒတို့ ကိုဖြတ်ကျော်၍ရပ်တည်သောသဘောကို လည်းဆောင်ပါ သည်။
သို့ သော်ဂန္ထဝင်မြောက်မမြောက်ကိုတိုင်းတာရန်အတွက်ပုံသေနည်းမရှိသလို စတုတ် တိုက်ချရန်လည်းမဖြစ်နိုင်ပါ။တစ်စုံတစ်ရာသော အခွင့်အာဏာဖြင့် သတ်မှတ်၍ တည်တံ့စေခြင်းငှာလည်း လုပ်ဆောင်၍ မရပါ။ဂန္ထဝင်ဟူ၍သတ်မှတ်ကြသည့်အဓိကအချက်မှာစာဖတ်သူ အများစုတို့ ဧ။် သဘောမျှခြင်းနှင့်လက်သင့်ခံခြင်းဟူသော အကြောင်းနှစ်ရပ်သာဖြစ်သည်ဟုဆိုရပေမည်။
● ဂန္ထဝင်အသုံးအနှုန်း
၂၀၀၈ခုနှစ်တွင်မြန်မာစာအဖွဲ့ ကဒုတိယအကြိမ်တည်းဖြတ်ပုံနှိပ်ထုတ်ဝေသော”မြန်မာအ ဘိဓါန်”၌ ဂန္ထဝင်၏အဓိပ္ပါယ်ကို ခေတ်အဆက်ဆက် မှတ်တမ်းတင်ခံရသော စာပေဟူ၍ သာမန် အနက်ဖွင့်ထားသော်လည်းမြန်မာ့ကျမ်းများတွင် ဂန္တန္တရ၊ဂန္တဗ္ဗ ဟူသောမူရင်းအဓိပ္ပါယ်နွယ်သည့်အသုံးအနှုန်းများစွာရှိပါသည်။အမှန်အားဖြင့် ”ဂန္တဝင်” ဟူသောဝေါဟာရသည်ပါဠိသက်ပါဠိပျက်သာဖြစ်ပါသည်။ပါဠိ”ဂန္တ+ဝံသ” မှဆင်းသက်ကြောင်း၊’ဂန္တ’ သည်ကျမ်းဂန်ဟုအနက်ရ၍ ၊’ဝံသ’သည်အစဉ်ဟုအဓိပ္ပါယ်ရကြောင်းရှင်းလင်းပြိးဂန္တဝင်ကို စာပေသမိုင်း၊ကျမ်းဂန်သမိုင်း၊ သမိုင်းဝင်စာပေဟူ၍ ဖွင့်ဆိုကြသည်ကို တွေ့ ရသည်။
ယင်းအသုံးအနှုန်းနှင့်ဆက်စပ်နှီးနှောသောအသုံးအနှုန်းတို့ ၌”ဂန္ထာရမ္ဘမျိုးသုံးပါး”ဟူသောကျမ်းစာရေးမှုပြုစုရာ၌စတင်အားထုတ်မှုသုံးပါးတွင်(၁)ပဏာမပုဗ္ဗကဂန္ထာရမ္ဘ-   ရတနာသုံးပါးကို ရှိခိုးခြင်းအစထား၍အားထားမှု (၂) အာသီသပုဗ္ဗကဂန္ထာရမ္ဘ-      မိမိလိုရာကိုတောင့်တမှုတွင်ရှေ့ သွားရှိသောအားထုတ်မှု (၃) ဝတ္ထုပုဗ္ဗကဂန္ထာရမ္ဘ-   ဖြစ်ရပုံဝတ္ထုကြောင်းနိဒါန်းကိုရှေးဦးပြု၍  အားထုတ်မှုဟူ၍ ခွဲခြားဖော်ပြထားသည်။
ဂန္ထဝင်သည‘ဝင်ကိုးဝင်’ဟူသောကျမ်းစုတွင်မပါရှိချေ။ဝင်ကိုးဝင်တွင်ဗုဒ္ဒဝင်၊မဟာဝင်၊ရာဇဝင်၊အနာ ဂတဝင်၊ဓါဌာဓါတုဝင်၊ဒီပဝင်၊ထူပဝင်၊ဗောဓိဝင်၊သာသနာဝင်   တို့ ကိုသာတွေ့ ရသည်။    ပါဠိသက် ဝေါဟာရအဘိဓါန်တွင် ဆရာဒဂုန်ဦိးထွန်းမြင့်က ဂန္ထ-ကျမ်းဂန်ဟူ၍အနက်ပေးထားသည်။အကိုးအကားပြရာတွင်- ” လောကသာရ၊ကျမ်းဂန္ထ၌၊ဓမ္မရသာ၊လင်္ကာဖြင့်”[လောကသာရပျို့ ဆုံးမစာ ၄၇။(ပါ၊ဂန္ထ)]ဟူ၍ဖော်ပြထားသည်။
● ဂန္ထဝင်=စာပေသမိုင်း၊ကျမ်းဂန်သမိုင်း
”သူဧ။်…..အဘိဓါန်ပေါ်ထွက်သောအခါ  အင်္ဂလိပ်ဂန္ထဝင်တွင်ကျော်ထင်အံ့အဲခဲ့၍  သူအမည်သည် လည်းစာပေသမိုင်း၌ လှိုင်းဂယက် ရိုက်ခဲ့ပေသတည်း” လူရည်ချွန်၊ဒုတိယတွဲ၊စာမျက်နှာ-၁ ကိုညွှန်းပြီးလျှင်(ပါဠိ၊ဂန္ထဝံသ။ကျမ်းဂန်၊ဝံသ၊အစဉ်)ဟူ၍အနက်တို့ ကိုဖွင့်ဆိုထားပါသည်။
တဖန်ပါဠိသက်ဝေါဟာရဧ။်အခြားခေါင်းတည်ပုဒ်တစ်ခုတွင်-ဂန္ထာရမ္ဘ=ကျမ်းဦးပမာဏ၊ကျမ်းဦိးအစချီစကား။”အန္တရာယ်ကင်းခြင်း၊အသက်ရှည်ခြင်း အစရှိသော အကျိုးဧ။်ပြီးခြင်းငှာ လည်းကောင်း၊ သူတော်ကောင်းတို့ အားပီတိသောမနó ပွားစိမ့်သောငှာလည်းကောင်း၊ဂန္ထာရမ္ဘသုံးပါးတို့ တွင်ဗုဒ္ဒါနုó တိစသည်တို့ ။[တောင်ငူဆိုရတုအဖြေ ၂၃။(ပါ၊ဂန္ထရမ္ဘ၊ဂန္ထ-ကျမ်းဂန်၊အာရမ္ဘ-အားထုတ်ခြင်း။)
တဖန်အခြားခေါင်းတည်ပုဒ်တစ်ခု၌- ဂန္ထန္တရ=ပါဠိတော်အဋ္ဌကထာဋီကာ အနုမဓုလက်သန်းဂဏ္ဍိတို့ မှတစ်ပါး  ပိဋကတ်နှင့်ဆိုင်သော ကျမ်းဂန်များဟူ၍ဖေါ်ပြထားသည်။
အထက်ပါအဆိုအမိန့် တို့ ကိုကိုးကား၍ ဆင်ခြင်ကြံဆပါက”ဂန္ထဝင်” သည်အနက်အားဖြင့်ကျမ်းဂန်အစဉ်အဆက်ကိုပြသောကျမ်းဟုအဓိပ္ပါယ်ရ၍၊ စံထားအပ်သောအနှစ်သာရများပါရျိသည့်ကျမ်းဟုဆင့်ပွားအနက်ဖြင့်ဆိုလိုရာရောက်သည်။ထို့ ပြင်ခိုင်မြဲတည်တံ့၍၊အကျိုးတစ်စုံတစ်ရာသက်ရောက်မှုရျိသောစာပေဟူသောသဘောအဓိပ္ပါယ်ရပေသည်။
ဂန္ထဝင်ကိုအနောက်တိုင်းစာပေဝေါဟာရဖြင့် Classic ဟူ၍ သုံးနှုန်းကာ  Classic ကိုဂန္ထဝင်စာပေ၊ဂန္ထဝင်မြောက်ဟူ၍ပြန်ဆိုကြသည်။Classic သည်  Classicus   ဟူသော   လက် တင်ဝေါဟာရမှဆင်းသက်ကြောင်း၊ရှေးခေတ်ရောမနိုင်ငံတွင်ငွေကြေးဥစ္စာအလိုက်လူတန်းစားခွဲ
ခြားရာ၌အချမ်းသာဆုံး၊ထိပ်တန်းလူတန်းစားကိုထိုဝေါဟာရဖြင့်ခေါ်ဝေါ်သုံးနှုန်း၍တဖန်ထိပ်တန်းစာပေရေးသူ၊ထိပ်တန်းစာဆို၊ထိပ်တန်းစာပေ၊စာကြီးပေကြီးဟူသောအဓိပ္ပါယ်ဖြင့်ထိုဝေါဟာရကို သုံးစွဲခဲ့ကြကြောင်းပညာရျင်တို့ ကရှင်းလင်းဖွင့်ဆိုကြ သည်။
ကမ္ဘာ့စာပေသမိုင်းတွင်ဂန္ထဝင်စာပေနှင့်စပ်လျဉ်း၍အမေရိကန်စာရေးဆရာမော်တီမာဂျေ၊အက်ဒလာ(Dr. Mortimar J. Adler)ဧ။်”Great Ideas from the Great Books”(စိတ်ကူးစိတ် သန်းကြီးများ၊စာကြီးပေကြီး)အမည်ရှိစာအုပ်တွင်-”ဂန္ထဝင်စာပေခေါ်စာကြိးပေကြီးတို့ မည်သည်အမြင်ကျယ်စေရန်၊သဘောပေါက်စေရန်၊ဥာဏ်အမြင်ရှိစေရန်အတွက်လူတို့ ဧ။်အကောင်းဆုံးစိတ်ကူးစိတ်သန်းဖြင့်ရေးသားထားသည့်အချက်များပါဝင်သည်။ထိုစာများသည်တစ်အုပ်ချင်း၊တစ်ပိုဒ်ချင်းအားဖြင့်လူတို့ ရင်ဆိုင် နေရမြဲပြသနာများကိုဖေါ်ပြပေးနိုင်ကြသည်။ထိုပြသ၁နာများဆိုသည်မှာမည်သည့်အခါမျှအပြီးအပြတ်ဖြေရှင်းနိုင်သောကိစ္စများမဟုတ်တတ်ကြသဖြင့်ထိုစာအုပ်များကဥာဏ်ပညာဖြင့်ဆင်ခြင်မှုအစဉ်အလာကိုဖြစ်စေသည်။ကားလ်ဗင်ဒိုင်းရင်းဆိုသူက’ စာမည်ကြီိးပေကြီးမည်သည်မှာ  နောက်တစ်ကြိမ်ပြန်ရေးသားရန်မလိုသောစာပေမျိုးဖြစ်ကြောင်းပြောပြဖူးသည်။အစဉ်သဖြင့်ရှားပါး၍ပြည့်ဝသောလက်ရာမွန်များဖြစ်သည်။လှပ၍ရှင်းလင်းသောလက်ရာများဖြစ်၍အနုအယဉ်နှင့်လွတ်လပ်သောအတွေးအမြင်ပညာကိုဆောင်သည် ဝိဇ္ဇာပညာရပ်များလည်းပါဝင်သည်။ ထိုကြောင့်  သိပ္ပံအကြောင်းအရာ ဖြစ်စေ၊ကဗျာဖြစ်စေ၊ ဘာသာရေးအတွေးအခေါ်ဖြစ်စေ  ၊နိုင်ငံရေးဖြစ်စေ ၊သချာင်္ဖြစ်စေ၊ စာကြီးပေကြီးခေါ်ဂန္ထဝင်စာရင်းဝင်ဖြစ်နိုင် သည်။ စာကြီးပေကြီိးတို့  မူကားဖြစ်ထွန်းရာ ကာလ ဒေသ ကို ကျော်လွန် ပါသည်။ ထို့ ကြောင့်  ကမ္ဘာ့ဂန္ထဝင်စာပေစာရင်းဝင်ခဲ့ရသည်။ သို့ သော်ဂန္ထဝင်စာပေ ဖြစ်စေရန်အချိန်ကညလကဖန်တီးခြင်းမဟုတ်၊စတင်ရေးသားစဉ်ကပင်ဖြစ်ခဲ့ပြီးသည်။  ခေတ်အဆက်ဆက် ဖတ်ရှုနိုင်ကြခြင်းက စာကြီးပေကြီးဂန္ထဝင်စာပေဂုဏ်ပုဒ်ကိုသက်သေထူရာ ရောက်သည်” ဟူ၍ဖေါ်ပြထားသည်။
ထို့ ပြင်အမေရိကန်စာရေးဆရာမတ်တွိန်း(Mark Twain)ကလည်း”ဂန္ထဝင်စာပေမည်သည် မှာလူတိုင်းကဖတ်ဖူးချင်သောစာအုပ်မျိုးဖြစ်ပြီး၊မည်သူမျှယူ၍မဖတ်ချင်သောစာအုပ်မျိုး”ဟုတကြိမ်ကဆိုခဲ့ ဖူးပါသည်။ ဖတ်ဖူးလိုသည်မှာ ပွင့်လင်းသော ပညာကို ရရှိရန်အတွက် ဆန္ဒပေါ်ပေါက်ခြင်းဖြစ်သည်။သို့ သော်စဉ်းစားတွေးခေါ်ရသည်မှာလည်းကိုယ်စိတ်ပင်ပန်းစရာအကြောင်းရှိသောကြောင့်ဖြစ်သည်။
ဂန္ထဝင်စာပေတို့ ကိုဖတ်ရသည်မှာမလွယ်လှပေ။တစ်ကြိမ်ဖတ်ရုံဖြင့်ရှင်းလင်းစွာသဘောမပေါက်တတ်အကြိမ်ကြိမ်ဖတ်မှသာနှံ့ စပ် ကျွှမ်းကျင်နိုင်သည်။ ဥာဏ်မမီစရာ ကိစ္စမျိုးဖြစ်သော ကြောင့်အကြိမ်ကြိမ်ဖတ်သင့်ပေသည်။အကြိမ်ကြိမ်ဖတ်မှလည်းအကျိုးရှိမည်။လောကတွင်ကောင်းမွန်သော အရာအားလုံးတို့ နည်းတူပင်ရတောင့် ရခဲသဘောရှိသည်။ စာဖတ်သူ အားစဉ်းစားခြင်း၊စူးစမ်းခြင်း၊ဆွေးနွေးခြင်းတို့ ကိုပြုစေနိုင်သည်။ ထိုသို့  ဖတ်ရင်းဖြင့် မိမိတို့ ၌ဝေဖန်  ပိုင်းခြားတတ် သောစိတ်ကိုဖွံ့ ဖြိုးစေပြီးလျှင်လက်ခံပြီိးသားအယူလွဲ၊အကောက်လွဲကိစ္စတို့ ရှိပါက စောကြောစရာဖြစ်စေနိုင်သည်” ဟုဆိုထားသည်။
ဂျေ၊အေ၊ကပ်ဒွန်(J.A.Cuddon)ဧ။် A Dictionary of Literary Terms (စာပေဝေါဟာရများ အဘိဓါန်)တွင်Classicနှင့်(ဂန္ထဝင်)ဧ။်အနက်ကိုဖွင့်ဆိုရာ၌-
(က)ပထမအဆင့်သို့ မဟုတ်အာဏာပိုင်(Authority)ဖြစ်သည်။
(ခ)စာပေနှင့်စပ်ဆိုင်သည်၊သို့ မဟုတ်ရောမနှင့်ဂရိခေတ်အနုပညာများနှင့်စပ်ဆိုင်သည်၊
(ဂ)ပထမတန်းစားစာရေးသူ၊သို့ မဟုတ်ပထမတန်းစားစာပေလက်ရာဖြစ်ပြီးယေဘုယျအားဖြင့်     ကောင်းမွန် သာလွန်ခြင်း(Excellence)ကိုအသိအမှတ်ပြုခံရသည်ဟူ၍ဖေါ်ပြထားပါသည်။
ယင်းနောက်ဆက်လက်ဖွင့်ဆိုရာတွင်မူလ A Scriptor Classicus သည်အထက်တန်းလွှာတို့ အတွက်ရေးသားပြုစုခဲ့ခြင်းဖြစ်၍ Scriptor Proletarius မှာအောက်တန်းလွှာတို့ အတွက်ရေး သားပြုစုခဲ့ခြင်းဖြစ်သည်။တစ်စတစ်ဖြင့်အဓိပ္ပါယ်ပြောင်းလဲလာရာရောမလူမျိုးတို့ အတွက် Classic ဟူသောအသုံးအနှုန်းသည်ပထမတန်းစာရေးသူဟူ၍ဆိုလိုသဘောပေါက်လာခဲ့ကြသည်။အလယ်ခေတ်ဥရောပတိုက်၌မူ စာအရည်အသွေး၊ အကောင်းအဆိုးမှာ ပဓါနမဟုတ်ဘဲ စာသင်ခန်းထဲတွင်လေ့ လာဖတ်ရှုခံရသောစာရေးဆရာကိုဆိုလိုသည်။ အလယ်ခေတ်နောက်ပိုင်း  ရီနေဆန်းခေတ် (ခရစ်နှစ် ၁၃၅၀ခန့် မှ ၁၆၀၀ပြည့်လွန်ခန့်အထိ)တွင်ဂရိနှင့်လက်တင်ဘာသာမှ ကျမ်းကြီးကျမ်းခိုင် များကိုသာထိုစာရင်းတွင် သွင်း၍ အလေးထားခဲ့ကြသည်။
ထို့ ကြောင့်ဂန္ထဝင်စာပေသည်ခေတ်ကာလအသုံးအနှုန်းများတွင်-
(၁)ပထမတန်းစားသို့ မဟုတ်ထူးခြားထင်ရှားသည်၊
(၂)ရှေးကျသည်၊
(၃)ထုံးမီစမျှ(Typical)ဖြစ်သည်ဟူသောအသုံးအနှုန်းတို့ ဖြင့် သုံးနှုန်းသောသဘောကိုဆောင်ရာရောက် သည်ဟုဆို လိုပါသည်။
ဂန္ထဝင်မြောက်သော(Classical)ဟူသည့်နာမဝိသေသနအသုံးနှုန်းမျာကမ္ဘာ့ဂန္ထဝင်တွင် ဂရိနှင့်ရောမခေတ်တို့ နှင့်ဆိုင်သော တစုံတရာကိုညွှန်းလေတိုင်း”အကောင်းဆုံး”ဟူသောအနက်အဓိပ္ပါယ်ဆောင်သလိုစံပြုနည်းမှီးဖွယ်ဖြစ်သည်ဟုလည်း ဆိုလိုရိပ်ပါဝင်သည်။ထို့ ပြင်  ယင်းစာပေလက်ရာသည် စီစဉ်တကျ ဖြစ်သည်။ ပေါင်းစည်းညီညွတ်သည်။အတိုင်းအရှည်ရှိသည်။ရှေ့နောက်မျှတသည်။ထိန်းသိမ်းစောင့်စည်းသည်ဟူသော အရည်အချင်းဖြင့်ပြည့်စုံသည်ဟုလည်းဆိုထားသည်။
ထို့ ပြင်ပြင်သစ်အက်ဆေးဆရာမွန်တိန်း(Montaigne)(၁၅၃၃-၁၅၉၂)ကလည်း”ဂန္ထဝင်ဆိုတာဘာ လဲ”(What is Classic)အမည်ရှိစာတမ်းတစ်ခုတွင်-”ဂန္ထဝင်လက်ရာတစ်ခုသည်သုံးရိုးစွဲရိုးအဓိပ္ပါယ်ဖွင့်ဆိုချက်အားဖြင့်ချီးမွမ်းခြင်းဖြင့်လေးစားဂုဏ်ပြုခံရသော စာရေးဆရာကြီးဖြစ်ပြီး  သီးခြားဟန်ပန်ဖြင့် တစ်ဘာသာ  ရေးသားသူဖြစ်       သည်။ထိုအဓိပ္ပါယ်ဖြင့်ပင်Classic(ဂန္ထဝင်)ဟူသောအသုံးအနှုန်းသည်ထိုက်တန်၍ထင်ရှားသောစာရေးဆရာကို ဆိုလိုသည်”ဟူ၍ဖေါ်ပြထားသည်။
အထက်တွင်ဖေါ်ပြပါ ဖွင့်ဆိုချက်များနှင့် သုံးနှုန်းဖေါ်ပြချက်များကို ထောက်၍ဂန္ထဝင်စာပေဟူ သည်မှာအောက်ပါ အဓိပ္ပါယ်အရိပ်အဆင်နှင့် သဘောသဘာဝတို့ ကိုဆောင်သည် ဟုကောက်ယူလိုပါသည်။ယင်းတို့ မှာ-

(၁)ရှေးကျသောအရေးအသားဖြစ်သည်၊
(၂)ခိုင်မာအသားကျစံထားလောက်သောအရေးအသား လက်ရာဖြစ်သည်၊
(၃)စကားပြေ၊လင်္ကာနှစ်မျိုးအကျုံးဝင်သည်၊
(၄)စာပေ ရသပေါ်လွင်သောအရေးအသားဖြစ်သည်၊
(၅)လူရေးလူမှုနှင့်အသိအလိမ္မာဥာဏ်ပညာကိုစေ့ဆော်ပွားများစေသောသဘောရှိသည်၊
(၆)လူ့ စရိုက်သဘာဝကိုပေါ်လွင်အောင်ဖွဲ့ ဆိုထားသောလက်ရာဖြစ်သည်၊
(၇)အချိန်ကာလတစ်ခုခုနှင့်ယှဉ်၍တည်တံ့ခိုင်ခံ့သောစာပေလက်ရာဖြစ်သည်၊
(၈)အတွေ့ အကြုံ၊အတွေးအခေါ်တို့ ဖြင့်ရင်းနှီးဆည်းပူး၍ရေးသားထားသောစာပေဖြစ်        သည်၊
(၉)လောကတွင်အခါခပ်သိမ်းမှန်ကန်တတ်သောအချက်များပါဝင်နေတတ်သည်၊
(၁၀)ဂန္ထဝင်စာပေ၌ကျဉ်းမြောင်းသောနယ်နိမိတ်ဘောင်မရှိတစုံတရာသောအခွင့်အာဏာဖြင့်ဆုံးဖြတ်သတ်မှတ်ရခြင်းမရှိ၊အချိန်ကာလရင့်ညောင်းသည့်တိုင်အလိုအလျောက်    ဖတ်ရှုလက်ခံလေ့လာကြရသောစာပေမျိုးတွင်အကျုံးဝင်သည်၊
(၁၁)တခါတရံတခုကောင်းအရည်အသွေးကိုအစွဲပြု၍ ပြောစမှတ်ြပုရသော လက်ရာဖြစ်သည်။

● မြန်မာ့ဂန္ထဝင်စာပေနောက်ခံသမိုင်း
မြန်မာစာပေသည်သက်တမ်းအားဖြင့်ရှည်လျားသည်။ လင်္ကာစကားပြေ နှစ်ထွေထွန်းကားခဲ့သော အစဉ်အလာရှိသည်။ ဂီတအနုပညာ စ သည်တို့နှင့်လည်း ပေါင်းကူးယှက်နွယ်နေပါသည်။ ဗုဒ္ဓသာသနာသည် မြန်မာစာပေဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့ နေထိုင်ရာဒေသများတွင် အခြေစိုက်မိနေပြီဖြစ်သည်။ (၁၁) ရာစု အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် ပိဋကတ်စာပေများ ပုဂံသို့ ရောက်လာပြီးနောက်တွင်ကား  ဗုဒ္ဓသာသနာ သည်ပို၍စည်ပင်ဖွံဖြိုးလာခဲ့သည်။ ထိုကာလနှင့် မရှေးမဟောင်းမှာ ပင် မြန်မာစာပေ စတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ပုဂံခေတ် ကျန်စစ်မင်းကြီး နတ်ပြည်စံပြီးနောက် သက္ကရာဇ် ၄၇၅ (ခရစ်နှစ် ၁၁၁၃ ခုနှစ်) ခန့်တွင်ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် ယခုထိတွေ့ သမျှ သက္ကရာဇ်အခိုင်အမာပါသော အစောဆုံးမြန်မာစာပေဖြစ်သည်ဟု ပညာရှင်တို့ကဆိုကြသည်။ မြန်မာစာပေါ်ပေါက်ပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာကို အထူးသက်ဝင်ယုံကြည်ကြသော ပုဂံသားတို့သည် မြန်မာစာပေကို  အပတ်တကုတ်လေ့လာကြပြီး ဗုဒ္ဓစာပေလာ ဇာတ်နိပါတ် စသည့်အကြောင်းအရာများကိုလည်း ဘုရားနံရံများတွင် ပန်းချီပုံ များနှင့်အတူ မှင်ဖြင့် အက္ခရာတင်ကြသည်။ သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကိုအကြောင်းပြု၍ ကျောက်စာ၊ မှင်စာများ ပေါ်ပေါက်လာရ သည်။ ယင်းတို့သည် နောက်ပိုင်းတွင်ပေါ်ပေါက်လာမည့်ဂန္ထဝင်စာပေတို့ ၏ရှေ့ပြေးသဖွယ်ဖြစ်ပါသည်။
ယင်းသို့ ကျောက်စာ၊ မှင်စာများကိုရေးသားရာမှတဖန် ကြွယ်ဝစုံလင်လှသော ဗုဒ္ဓစာပေလာအကြောင်းအရာများကို စကားပြေဖြင့်လည်း ကောင်း၊  ကဗျာဖြင့်လည်းကောင်း ရေးဖွဲ့ရာမှ မြန်မာစာအရေးအဖွဲ့ အမျိုးမျိုးပေါ်ထွန်းလာသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဆရာဇော်ဂျီ က “မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏လမ်းကြောင်းကို အရာထင်အောင်ပြုနေကြဆဲတွင် လမ်းမကြီးသဖွယ်ဖြစ်သော ဗုဒ္ဓစာ ပေကိုရရှိလာ၍ မိမိတို့၏လမ်းကြောင်းကို ထိုစာဖြင့် ချက်ချင်းဆောက်လုပ်ခဲ့သည်ကိုတွေ့ရသည်” ဟု သုံးသပ်ခဲ့သည်။
မြန်မာစာပေသမိုင်းတွင် ဂန္ထဝင်အဖြစ် သတ်မှတ်အပ်သောစာပေများပေါ်ပေါက်စေရန် အားပြုသောအကြောင်းများကိုလေ့လာကြည့်လျှင် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေ၊ မြန်မာ့ပဒေသရာဇ်စနစ်နှင့် မြန်မာစာပေလမ်းခင်းပေးသော ပါဠိစာပေ၊ မွန်စာပေအဖွဲ့များဟူသော အကြောင်း သုံးရပ်သည် အခြေခံကျသောအကြောင်းရင်းများဖြစ်ကြောင်း လေ့လာတွေ့ ရှိခဲ့သည်။
ပုဂံခေတ်နောက်ပိုင်း၌ ဇာတ်နိပါတ်တို့ကို ပါဠိမှ မြန်မာသို့အနက်ပြန်ကြသည်။ အင်းဝခေတ်တွင် ရဟန်း၊ ရှင်၊ လူတို့သည် ပိဋ္ဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်၍လေ့လာကြပြီးလျှင် ဇာတ်နိပါတ်တို့ကို ကဗျာဖြင့်လည်းကောင်း၊ စကားပြေဖြင့်လည်းကောင်း တစ တစ ဘာသာ ပြန်၍ မြန်မာစာပေ၏အဆောက်အအုံကို ဖွံ့ ဖြိုးအောင်ပြုခဲ့ကြသည်။ တောင်တွင်းဆရာတော်  ရှင်မဟာသီလဝံသ (ခရစ် ၁၄၅၃-၁၅၁၈) သည် ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့တို့သည် ပါဠိတော်ကိုမှီး၍ဖွဲ့ ဆိုခဲ့သည်။ ရှင်မဟာရဋ္ဌသာရ (ခရစ် ၁၄၆၈-၁၅၄၀) သည် ဘူရိဒတ်လင်္ကာကြိးကို၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့ စသည်တို့ကိုစီရင်ခဲ့သည်။ ရှင်အဂ္ဂသမာဓိ (ခရစ် ၁၄၇၉-၁၅၅၇) သည်လည်း သုဝဏ္ဏသာမဇာတ်တော်ကြီး၊ နေမိဇာတ်တော်ကြီးတို့ကိုအခြေပြု၍ သုဝဏ္ဏသျှံသူဌေးခန်းပျို့၊ မြားပစ်ခန်းပျို့၊ သစ္စာ ခန်းပျို့၊နေမိမဂ္ဃဇိုးခန်းပျို့၊ငရဲခန်းပျို့၊ဘုံခန်းပျို့တို့ ကိုစီရင်ခဲ့သည်။ ထိုစာပေတို့  မှအတွေးအခေါ်အသိအမြင်များသည် မြန်မာ့စိတ်သဏ္ဍာန်တွင် သက်ဝင်ခိုင်မြဲခဲ့လေသည်။
မြန်မာ့စကားပြေသည်ညောင်ရမ်းခေတ်(ခရစ်၁၅၉၇-၁၇၅၁)မှစ၍တိုးတက်ထွန်းကား လာခဲ့သည်။ခရစ်နှစ်၁၆၀၆-၁၆၂၉တွင်မင်းပြုသော မဟာဓမ္မရာဇာလက်ထက်တွင် “ဝရာဘိသင်္ဃာနာထဆရာတော်” သည် မဏိကုဏ္ဍလကျမ်းတစောင်တည်း၌ပင် ၅၅၀ ဝတ္ထုဇာတ်တော်များ အားလုံး လိုပင် ပါဝင်အောင်စီစဉ်ဖွဲ့ ဆိုထားသည်။ ဘိုးတော်မင်းတရား (ဗဒုံမင်း) လက်ထက်တွင် ပထမမောင်းထောင်ဆရာတော် (မြန်မာ ၁၁၁၇-၁၁၉၀) သည် ဇာတ်အဌကထာနိသျှကို စီရင်ခဲ့သည်။ ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၁-၁၈၈၅) အတွင်း၌ ဘုရားဟော ဇာတ်တော် အမျိုးမျိုးကို စာဆိုတော်အသီးသီးတို့ မြန်မာပြန်ဆိုကြရာ မင်းဘူးဆရာတော် ဦးသြဘာသသည် ၁၇၈၂ ခုနှစ်မှစတင်ရေးသားခဲ့သော ဇာတ် တော်ကြီးဆယ်ဘွဲ့သည် အထင်ရှားဆုံးဖြစ်သည်။ ဆရာတော်သည် ဇာတ်တော်ကြီးရှစ်ဘွဲ့ကို အပြီးတိုင်ပြန်ဆိုနိုင်၍ ဘူရိဒတ်ဇာတ်တော်ကြီး ကို ရှင်နန္ဒမေဓာက ဆက်လက်ရေးသားသည်။ ထို့နောက် နှစ် ၄၀ အကြာ မြန်မာသက္ကရာဇ် ၁၁၈၈ ခုနှစ်တွင် သုဝဏ္ဏသာမဇာတ်တော်ကြီးကို ဦးပညာတိက္ခအရှင်က စီရင်ရေးသားခဲ့သည်။ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၈၅၂ တွင် အရှင်မေဓာဘိဝံသဆရာတော်သည် ငါးရာ့ ငါးဆယ်နိပါတ်တော်မူရင်းတို့ကို မြန်မာပြန်ဆိုခဲ့သည်။ ထိုကျမ်းစုတို့သည် မြန်မာဂန္ထဝင်အစုအဝေးများပင်ဖြစ်ပေသည်။
ပါဠိစာပေခေတ်စားလာချိန်တွင် ပါဠိသဒ္ဒါကို လိုက်စားလာကြသူများမှာ မနည်းလှချေ။ ခရစ် ၁၁၅၄ ခုနှစ်၌ ဆရာတော်အရှင်အဂ္ဂဝံသရေးသားပြုစုခဲ့သော “သဒ္ဒနီတိ” ကျမ်းသည် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ) အထိ ကျော်ကြားခဲ့သည်။ ပုဂံခေတ်၌ အမျိုးသမီးတို့သည်ပင်လျှင် ပါဠိသဒ္ဒါကို ကောင်းစွာတတ်ကျွမ်းကြောင်းဆိုရိုးရှိသည်။
၁၂ ရာစုသီဟိုဠ်ကျွန်းသား သံဃရက္ခိတမဟာထေရ်သည် ကဗျာဖွဲ့ ဆိုနည်းကိုပြသော “သုဗောဓာလင်္ကာကျမ်း” နှင့် စကားပြေဖွဲ့ နည်းကိုပြ ဆိုရာဖြစ်သော ဝုတ္တောဒယကျမ်းတို့ကို စီရင်ခဲ့သည်။ သုဗောဓာလင်္ကာရကျမ်းနှင့် ထိုကျမ်းဆိုင်ရာ အဌကထာဋ္ဋီကာကျမ်းတို့၏ အစဉ်ကို လိုက်၍ ခရစ်နှစ် ၁၈၇၂ တွင် စက္ကိန္ဒာဘိသီရိဆရာတော်သည်  ကာဗျသာရတ္ထသင်္ဂဟကျမ်းကိုလည်းကောင်း၊ ၁၈၈၀ ယောအတွင်းဝန် ဦး ဘိုးလှိုင်သည် အလင်္ကာနိသျှကိုလည်းကောင်း စီရင်ခဲ့သည်။
မြန်မာတို့၏တရားစီရင်ရေးတွင် မနုကျယ်ဓမ္မသတ်ဟူ၍ရှိရာ၊ ယင်းကို မနုရှင်ရသေ့ကစီရင်ခဲ့သော မနုဓမ္မသတ်ကျမ်းပင်ဖြစ်သည်။ ယင်းကို မှီး၍ဒလမြို့ဇာတိ သာရိပုတ္တရဟန်းတော်သည် ၁၃ ရာစုအလယ်လောက်တွင် မနုဓမ္မသတ်ကို အလောင်းစည်သူမင်းအား အပ်နှင်းခဲ့ရာ လွန်စွာနှစ်သက်တော်မူသောကြောင့် ဆရာတော်အား ဓမ္မဝိလာသဟူသောဘွဲ့ကို ဆက်ကပ်တော်မူလေသည်။ ထိုအချိန်မှစ၍ ယင်းဓမ္မ သတ်ကို ဓမ္မဝိလာသဓမ္မသတ်ဟူ၍ ခေါ်တွင်ခဲ့သည်။ နှောင်းခေတ်တွင် ဝါရီရူဓမ္မသတ်မှစ၍ ကင်းဝန်မင်းကြီး စုဆောင်းတည်းဖြတ်ပြုစုသော ၃၆စောင်တွဲဓမ္မသတ်များအထိ အစောင် စောင်ပေါ် ထွက်လာ ခဲ့သည်။
အိန္ဒိယဗေဒကျမ်းများ၏ သြဇာအရနီတိသျှတ္တရကျမ်းမှ ထုတ်နုတ်၍ မြန်မာဘာသာဖြင့်စာဏကျနီတိကျမ်းဟူ၍လည်းပေါ်ပေါက်ခဲ့သည်။ဗေဒသတ္တကျမ်းစာရင်းဝင်လောကနီတိကျမ်း၊ရာဇနီ တိကျမ်း၊ ဓမ္မနီတိကျမ်း၊ဟိတောပဒေသကျမ်း၊အမရကောသကျမ်းတို့ ကိုလည်းမြန်မာစာ ပေတွင်တွေ့ ရှိရသည်။
သိင်္ဂါရ ရသဆိုင်ရာအဖွဲ့ အနွဲ့ တို့ တွင်အိန္ဒိယနိုင်ငံဗေဒခေတ်ကာမသျှတ္တရကျမ်း ကိုမှီး၍မြန်မာစာဆိုအများဖွဲ့ နွဲ့ ခဲ့ကြသည်။ ယင်းကျမ်းများအပြင်ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ဆေးကျမ်း၊ဓါတ်ကျမ်းစသည်တို့သည် မြန်မာစာပေထဲသို့ တွင်ကျယ်ခဲ့ကြလေသည်။ သူရိယသိဒ္ဓန္တကျမ်း၊ ယဃုဂြဟကျမ်း စသည်တို့သည် နက္ခတ်ကျမ်းများဖြစ်သည်။ ဒြဗျဂုဏကျမ်းကားဆေးကျမ်းဖြစ်သည်။ တန္တရသျှတ္တရကျမ်းကား ဂါထာမန္တ ရားတို့ နှင့်ဆိုင်သည်။ ယင်းကျမ်းတို့ သည်မြန်မာစာပေတွင်အရေးပါအရာရောက်ခဲ့လေသည်။ ဂဏန်းသင်္ချာနှင့်စပ်လျဉ်းသောလိလာဝတီကျမ်းကို ယောအတွင်းဝန်ဦးဘိုးလှိုင်က ဘာသာပြန်ဆိုခဲ့သည်။
ထို့ နောက်မြန်မာနိုင်ငံသည်ဗြိတိသျှလက်အောက်သို့ တစတစကျရောက်ခဲ့သောနှစ်ပေါင်း ၁၂၃ နှစ်အတွင်းမြန်မာစာပေ လက်ရာများသည် အင်္ဂလိပ်စာပေ၏ အရိပ်အာဝါသ အောက်တွင်ကြီးပြင်းခဲ့ရသည်။
ခေတ်သစ်မြန်မာဂန္ထဝင်တို့ ၌ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ မှအစပြု၍ဇာတိမာန်ကိုလှုံ့ ဆော်သောမြန်မာရာဇဝင်ဝတ္ထုများရှိခဲ့သည်။ကာလပေါ်ဝတ္ထုအဖွဲ့ များပေါ်ပေါက်လာသည်နှင့်တပြိုင်နက်ဇာတိမာန်ကို သရုပ်ဖေါ်သောစာပေများ ပေါ်ထွက်လာသည်။
လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးကာလ၌ ဒဂုန်ခင်ခင်လေး၏ ‘ရွှေစွန်ညို’၊  မဟာဆွေ၏ဒို့ မေမေ၊သူပုန်ကြီး၊သူပုန်အိမ်၊ ရွှေစကြာ၏ နာခံတော်၊ စစ်ကိုင်းဦးဘိုးသင်း၏ ရာဇဝင်ဝတ္ထုများ၊သတင်းစာဆရာဦးသိမ်းမောင်၏ မင်းရဲကျော်စွာ၊ဘုရင့်နောင်။မဟာဗန္ဓုလ၊အလောင်းဘုရား စသည့်သမိုင်းစာပေများ၊ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ၊မောင်ထင်၏ငဘ၊သိန်းဖေမြင့်၏သပိတ်မှောက်ကျောင်းသားစသည့်စာပေလက်ရာများသည်လွတ်လပ်ရေးကြိုးပမ်းကာလ၌ဝံသာ နုစိတ်ဓါတ်ကိုတက်ကြွစေခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ်၌ပေါ်ထွက်လာသောတက္ကသိုလ်ဘုန်းနိုင်၏သူ့ ကျွန်မခံပြီ၊နတ်နွယ်၏မြန်မာပြည်မြောက်ပိုင်း၊ဘုန်းကြွယ်၏ပြောက်ကျားတပ်သား၊ရဲဘော်မြ၏ ပြည်သူ့ ရဲခေါင်ပြောက်ကျား၊ သိန်းဖေမြင့်၏ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့်၊ ဌေးမောင်၏တိုက်ပွဲခေါ်သံ။စောဦး၏တမိုးသောက်သော်၊သာဓု၏ တပ်ထဲကမြတ်ကိုကို၊ ကျော်အောင်၏ အရေးကြီိးပြီသွေးစည်းကြစို့ ၊တပ်ကြပ်ကြီးမောင်ထူး၏စခန်းရန်အောင်မြေ၊ဗန်းမောင်တင်အောင်၏သူပုန်ကြီး၊ငသြ၊မောင်နေဝင်း၏ မြေကျွန့် သား၊ရေရိုင်းမြေရိုင်း၊ဆင်ဖြူကျွန်းအောင်သိန်း၏ ဂဠုန်ဆရာစံ၊မင်းကျော်၏ပုဂံသား၊နန္ဒ၏သံနှင့်သွေး၊မိုးယံသို့ ချီ၊ဒေါင်းလံချီချီသွေးနီနီ၊ငါ့ဓါးငါ့သွေးငါ့ဧရာဝတီ၊မြသန်းတင့်၏ လိုက်ခဲ့တော့မြနန္ဒာ၊မောင်မောင်ဖြူ၏ မရဏမောင်းလောအောင်စည်လော၊စိန်စိန်၏ရိုးမတောင်ကြီးကိုသာဖြိုလိုက်ချင်တော့၊စသည့်ဂန္ထဝင်စာပေလက်ရာများပင်ဖြစ်သည်။တနည်းဆိုရသော်ဂန္ထဝင်စာပေတို့ သည်လူ့ သမိုင်း၌စာပေအရေးအသားပေါ်ပေါက်ချိန်မှစ၍ လူ့ လောကကိုလေ့ လာခြင်း၊လူ့ ပတ်ဝန်းကျင်ကိုလေ့လာခြင်း၊သဘာဝပတ်ဝန်းကျင်ကိုလေ့လာခြင်း၊လူ့ စိတ်လူ့ မနောကိုလေ့လာခြင်းတို့ ကိုပြုလုပ်ခဲ့သောမှတ်တမ်းများပင်ဖြစ်ပါသည်။လူ့ ဥာဏ်စေစားကွန့် မြူးချက်များဖြစ်သလိုရသအသွင်၊သုတအသွင် တို့ ဖြင့်လည်းတွေ့ မြင်နိုင်ပေသည်။ပိုမိုကွဲပြားစွာဆိုရ လျှင်ကျမ်း၊ဝတ္ထု၊သုတ်စဉ်၊ပြဇာတ၊်ကဗျာဗန္ဓအဖွဲ၊့ သမိုင်းမှတ်တမ်း၊အတ္ထုပ္ပတ္တိစသည်တို့   လည်းဖြစ် ပါသည်။

● ရှေးခေတ်မြန်မာ့ဂန္တဝင်စာပေ
ရှေးခေတ်ဆိုသည်မှာ မြန်မာတစ်နိုင်ငံ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ခရစ် ၁၈၈၅ (သက္ကရာဇ် ၁၂၄၇) ခုနှစ် မတိုင်မီ ကိုယ့်ထီးကိုယ့်နန်းဖြင့် နေခဲ့သော ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အဆုံးထိ ကာလကို သတ်မှတ်ပါသည်။

မြန်မာစာပေသမိုင်းတွင် ဂန္တ၀င်အဖြစ် သတ်မှတ်အပ်သော စာပေများပေါ်ပေါက်စေရန် အားပြုခဲ့သော အကြောင်းအရပ်သုံးခုမှာ (က) ဗုဒ္ဓသာသနာနှင့်ဗုဒ္ဓစာပေ၊ (ခ) မြန်မာ့ပဒေသရာဇ်စနစ်နှင့် (ဂ) မြန်မာ့စာပေကို ဖွံ့ဖြိုးစေရန် လမ်းခင်းပေးခဲ့သော ပါဠိစာပေ၊ မွန်စာပေအဖွဲ့ များပင်ဖြစ်ပေသည်။

ဗုဒ္ဓသာသာနသည် မြန်မာစာပေဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့နေထိုင်ရာဒေသများတွင် အခြေစိုက်မိနေပြီဖြစ် ကြောင်း၊ ၁၁ရာစာ အနော်ရထာမင်းလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓသာသာနာနှင့် ပိဋကတ်စာပေများ ပုဂံသို့ရောက်လာ ပြီးသည့်နောက်တွင် ကား ဗုဒ္ဓသာသနာသည် ပို၍စည်ပင်ဖွံ့ဖြိုးလာခဲ့ကြောင်း ၁၈၇၃ ခုနှစ်က ဦးတင့်လွင်ပြုစုခဲ့သော “ပါဠိမြန်မာနိဿယ ကျမ်းများ” စာအုပ် စာမျက်နှာ ၂၇၂ – ၂၇၉ ၌ ဖော်ပြထားပါသည။်

ထိုကာလနှင့် မရှေးမနှောင်းမှာပင် မြန်မာစာ စတင်ပေါ်ပေါက်သည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ် ကျန်စစ်မင်းကြီးနတ်ပြည်စံပြီး နောက် ခရစ် ၁၁၁၃ (သက္ကရာဇ် ၄၇၅) ခုနှစ်ခန့်တွင် ရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာသည် ယခုထိတွေ့ရသမျှ သက္ကရာဇ်အခိုင်အမာ ပါသော အစောဆုံး မြန်မာစာဖြစ်သည်ဟူ၍ ဗိုလ်မှူးဘရှင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The Lokahteik Pan (လောကထိပ်ပန်) စာအုပ်၌ ရေးသားထားသည်။

မှန်ပေသည်။ မြန်မာစာပေပေါ်ပေါက်လာပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာကို အထူးသက်ဝင်ယုံကြည်ကြသော ပုဂံသားတို့သည် မြန်မာစာပေကိုအသုံးပြုကာ မိမိတို့၏ ကုသိုလ်ကောင်းမှုများအကြောင်းကို ကျောက်ထက်အက္ခရာ တင်ကြသည်။ ဗုဒ္ဓသာသနာနှင့်အတူ ပါလာသော ဗုဒ္ဓစာပေကို လေ့လာ၍ ဗုဒ္ဓစာပေလာ ဇာတ်နိပါတ်တော်စသည့်အကြောင်းအရာများကိုလည်း ဘုရားနံရံများတွင် သရုပ်ဖော်ပန်းချီ ပုံများနှင့်အတူ မင်ဖြင့် အက္ခရာတင်ကြသည်။ သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ကျောက်စာမင်စာများပေါ်ပေါက်လာ ရပါသည်။ ယင်းတို့သည် နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် မြန်မာ့ဂန္တ၀င်စာပေတို့၏ ရှေးပြေးများပင် ဖြစ်ပါသည်။

ယင်းသို့ ဗုဒ္ဓစာပေကို အခြေခံ၍ မြန်မာစာပေအရေးအဖွဲ့ အမျိုးမျိုးပေါ်ထွန်းလာရပါသည်ဟူ၍ ဆရာဇော်ဂျီက သူ၏ ရသစာပေ အဖွင့်နှင့် နိဒါန်းစာအုပ် စာမျက်နှာ ၅ ၌-

“မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏ လမ်းကြောင်းကို အရာထင်အောင် ပြုနေကြဆဲတွင် လမ်းမကြီးတစ်ခုသဖွယ် ဖြစ်သော ဗုဒ္ဓစာပေကို ရလာ၍ မိမိတို့၏ လမ်းကြောင်းကို ထိုစာဖြင့် ချက်ချင်းဆောက်လုပ်ခဲံသည်ကို တွေ့ရသည်။ တနည်းအားဖြင့်ဆိုသော် မြန်မာစာပေတွင် မြန်မာစာဆိုတို့၏ ကိုယ်ပိုင်သက်သက်ဖြစ်သော လမ်းကြောင်းရာသည် မထင်ရှားခဲ့။ ဗုဒ္ဓစာပေဖြင့် ဆောက်လုပ်သော လမ်းရာအဖြစ်ဖြင့်သာ ထင်ရှားခဲ့သည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် မြန်မာစာဆိုတို့သည် ရှေးခေတ်ဟိန္ဒူစာပေ၊ ဂရိစာဆိုတို့ကဲ့သို့ မိမိတို့လမ်းရာကို မိမိဘာသာတသီးတခြားမခင်းခဲ့။ အခြားတစ်ပါးသော စာပေကို မှီ၍ ခင်းခဲ့သည်ဟု ဆိုနိုင်ပါသည်။” ဟူ၍ မိန့်ဆိုခဲ့သည်။

မြန်မာ့ပဒေသရာဇ်စနစ်သည် ကုန်းဘောင်ခေတ်ကုန်ဆုံးချိန်အထိ အသက်ဝင်ခဲ့သောစနစ်ဖြစ်သည်။ ထိုစနစ်နှင့် ပတ်သက်၍-

“ထိုခေတ်ထိုအခါက မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်တို့သည် ကမ္ဘာပေါ်ရှိ အခြားအခြားသော နိုင်ငံများရှိ စနစ်တို့နှင့် ယေဘုယျအားဖြင့် တူတန်သည်ဟု ဆိုရာသည်။ ထိုစနစ်အရ နိုင်ငံအုပ်ချုပ်သူသည် သက်ဦးဆံပိုင်မင်းဖြစ်သည်။ ထိုမင်းကို လောကသမုတိတန်ဟူ၍ ယုံကြည်ယူဆကြသည်။ ထိုမင်း၏ စကားသည် မိုးကြိုးသွားဖြစ်သည်။ ထိုမင်း၏ ပတ်ဝန်းကျင်တွင် မင်းညီမင်းသား တို့နှင့် တကွ အမှူးအမတ်တို့ရှိသည်။ မင်း၏အမိန့်ကို ထိုသူတို့ခံယူ၍ အမိန့်အတိုင်း အုပ်ချုပ်ကြရသည်။ မင်း၊ မင်းညီမင်းသား မှူးမတ်တစ်စု၌ သာ အာဏာရှိသည်။ ဓနရှိသည်။ စည်ကားသော နေပြည်တော်သားများဖြစ်ကြသည့် များလှစွာသော တိုင်းသူပြည်သားများသည်ကား ကျေးတော်မျိုးကျွန်တော်မျိုးများ ဖြစ်ကြသည်” ဟူ၍ ဆရာဇော်ဂျီရသစာပေအဖွင့်နှင့် နိဒါန်းစာအုပ်၌ပင် ရေးသားထားသည်။

မြန်မာစာပေပေါ်ပေါက်လာပြီး အလှူမှတ်တမ်းများကို ကျောက်ထက်အက္ခရာတင်စဉ်ကာလကတည်းကပင် မင်းမှူးမတ်တို့၏ ဂုဏ်ကို ဖော်ထုတ်ချီးကျူးသည့် အရေးအဖွဲ့များတွေ့ရသည်။ နောက်ပိုင်းတွင် အလင်္ကာတန်ဆာဖြင့် ဝေေ၀ဆာဆာ ချီးကျူးရေးဖွဲ့သော အဖွဲ့များအထိ ကျယ်ပြန့်လာပါသည်။ ပဒေသရာဇ်စနစ်အရ မင်းမှူးမတ်တို့၏ ထီးနန်းပတ်ဝန်းကျင်သည် နိုင်ငံတွင် အရေးပါဆုံး ပုဂ္ဂိုလ်တို့၏ ပတ်ဝန်းကျင်အကြောင်းကို စာဖွဲ့ကြသည်မှာ သဘာဝကျပါသည်။ သို့ဖြင့် ထီးနန်းဝန်းကျင်အကြောင်းသည်လည်း ဗုဒ္ဓစာပေလာအကြောင်းအရာများနည်းတူ မြန်မာစာဆိုတို့၏ စာဖွဲ့ခံအကြောင်းအရာများဖြစ်လာရသည်။ ဤအချက်တို့ကို ထောက်လျှင် မြန်မာ့ပဒေသရာဇ်စနစ်သည် မြန်မာ့ဂန္တ၀င်စာပေပေါ်ပေါက်လာစေရန် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ထင်ရှားပါသည်။

တဖန် မြန်မာစာပေအရေးအသားမပေါ်ပေါက်သေးမီကာလတွင် ပုဂံ၌ ပါဠိ၊ သက္ကတ၊ ပျူ၊ မွန် ဘာသာတို့သည် စာပေအရေးအသားရှိနေပြီဖြစ်သော ဘာသာစကားများဖြစ်ပါသည်။ ထိုကာလတွင် ထိုဘာသာစကားများကို မြန်မာတို့အသုံးပြုနေ သော ရွှေစာပေ၊ အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ကျောက်စာ၊ အရိုးအိုးစာ၊ စသည့်အထောက်အထားများတွင် တွေ့ရှိရသည်။ ရာဇကုမာရ် ကျောက်စာကိုပင်လျှင် ပါဠိ၊ ပျူ၊ မွန်၊ မြန်မာဟူသော ဘာသာစကားလေးမျိုးဖြင့် ရေးထိုးထားသည်။ ထိုဘာသာစကားတို့မှ စကားလုံးများကို မွေးစားသုံးနှုန်းခြင်း၊ ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကားဖွံ့ဖြိုးကြွယ်ဝလာရသည့်အတွက် ထိုဘာသ စကားတို့က မြန်မာဘာသာစကားကို များစွာ ကျေးဇူးပြုကြောင်း ထင်ရှားပါသည်။ အထူးသဖြင့် ပါဠိဘာသာနှင့် မွန်ဘာသာတို့သည် မြန်မာစာပေါ်ပေါက်ပြီးချိန်အထိ အသုံးတွင် ကျယ်နေဆဲဖြစ်သည်။

ပုဂံသားတို့သည် သဒ္ဒနီတိသဒ္ဒါကျမ်းကြီး စသည့် ပါဠိစာပေတို့ကို အဆင့်မြင့်မြင့် ရေးသားပြုစုနိုင်ခြင်းသည် ချီးကျူးဖွယ်ဖြစ်ကြောင်း ပညာရှင်တို့ မိန့်ဆိုကြပါသည်။ ထိုမှတဆင့်တက်၍ ပါဠိတချက်၊ မြန်မာစာတချက် ပြန်ဆိုသော နိဿယကျမ်းပေါ်ပေါက်လာခြံသည်။ ထင်ရှားသော သာဓကတစ်ခုမှာ ပုဂံဝက်ကြီးအင်းတက်နွှဲကျောင်း ကျောက်စာ၌ တောင်တွင်း မင်းသီရိဇေယျသူရ မောင်နှမတို့သည် ကျောင်းတော်လာလစ်အံ့သော အမျိုးသားတို့ကို သင်စိမ့်သောငှာ ဗေဒင်နှင့်တကွ ပိဋကတ်သုံးပုံရေးတော်မူကြောင်း ဖော်ပြေထားရာ၊ ကျောက်စာအထောက်အထားအရ ကျမ်းပေါင်း ၃၀၀ကျော် ကို ပေထက်အက္ခရာတင်၍ လှူခဲ့ကြောင်း၊ လှူခဲ့သော ကျမ်းစာရင်းတွင် နိဿယ ကျမ်းပေါင်း ၂၃ ကျမ်း အပါအ၀င် သက္ကတမြန်မာနိဿယ ဆေးကျမ်း၊ ဗေဒင်ကျမ်း စသော လောကီစာပေများလည်း ပါဝင်ကြောင်း သိရသည်။

ပါဠိစာပေနည်းတူ မွန်စာပေများသည် မြန်မာစာပေမပေါ်ပေါက်မီကပင် ပေါ်ပေါက်နေပြီဖြစ်ပါသည်။ ပုဂံရှိ ဂူဘုရားအတွင်းနံရံများ၌ ဇာတက၊ ဗုဒ္ဓ၀င်၊ မဟာဝင်၊ ၀ိမာန၀တ္ထု စသည့် ဗုဒ္ဓစာပေအကြောင်းအရာတို့ကို ပန်းချီပုံများနှင့်အတူ မွန်ဘာသာဖြင့် ရေးထိုးထားသော မင်စာများဖြစ်သည်။ ကျန်စစ်မင်းကြီးလက်ထက်တွင် မွန်ဘာသာဖြင့် ကျောက်စာအမြောက်အမြား ရေးထိုးရာ ရွှေစည်းခုံမွန်ကျောက်စာ၊ နန်းတော်မွန်ကျောက်စာ၊ မြကန်မွန်ကျောက်စာ၊ ရွှေဆံတော်မွန်ကျောက်စာ စသည်တို့သည် ထင်ရှားပါသည်။

သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ပုဂံခေတ်တွင် အလှူမှတ်တမ်းတင်ကျောက်စာများ၊ ဗုဒ္ဓစာပေ မင်စာများ စတင်ရေးထိုးကြရာမှ နောက်ပိုင်းခေတ်များတွင် ဗုဒ္ဓစာပေဆိုင်ရာ စကားပြေများ ကဗျာများ ပေါ်ထွန်းလာခဲ့သည်။

ကျောက်စာများသည် ယေဘုယျအားဖြင့် အလှူမှတ်တမ်းများဖြစ်သည့်အတွက် အလှူရှင်အကြောင်း၊ အလှူအကြောင်း၊ အလှူခံ ပုဂ္ဂိုလ်အကြောင်း စသည့်အချက်အလက်များ ပါဝင်ပါသည်။ သို့သော် အလှူနှင့်ဆက်နွှယ်၍ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဂုဏ်အရည်အသွေးကို ဖော်ထုတ်ရေးခြင်း၊ ဆုတောင်းခြင်း၊ ကျိန်စာဆိုခြင်းတို့ ပြုရာတွင် ရေးသားသူ၏ စေတနာထင်ဟပ်ကာ ခံစားမှုပါလာသည့်အလျောက် အရေး အဖွဲ့တွင် ရသရောယှက်ကာ နှစ်သက်ဖွယ် ဖြစ်လာရပါသည်။ ဤသို့ဖြင့် ကျောက်စာများတွင် ဂန္တ၀င်စာပေ၏ ရှေ့ပြေးဟု ရသအရေးအဖွဲ့ ကောင်းများကို တွေ့ရှိရသည်။

မင်စာအရေးအဖွဲ့တို့သည်လည်း ဗုဒ္ဓစာပေကို အခြေခံကာ ပေါ်ထွန်းလာမည့် ဂန္တ၀င်စာပေတို့၏ ရှေ့ပြေးသဖွယ်ဖြစ်ပါသည်။ ရာဇကုမာရ်ကျောက်စာနှင့် မရှေးမနှောင်း ရေးထိုးသည်ဟု ယူဆရသော လောကထိပ်ပန်မင်စာတွင် ဇာတ်တော်ကြီးဆယ်ဘွဲ့ ပန်းချီပုံညွှန်းစာ များကို တွေ့နိုင်ပါသည်။

ထို့အတူ ၀ိနည်းဓိုရ်ဘုရားမင်စာတွင် ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓ၀င်၊ ၀ိမာန စသည်တို့ကို မြန်မာဘာသာဖြင့် ရေးထိုးထားပါသည်။ အလားတူ ပုဂံဘုရားများတွင် ဗုဒ္ဓ၀င်အစရှိသည့် ဗုဒ္ဓစာပေတို့ကို ရေးထိုးထားသည့် မင်စာများအမြောက်အမြား ရှိပါသည်။ ဤသို့ဖြင့် ကျောက်စာမင်စာတို့နှင့်တကွ စဥ့်ကွင်းစာများ၊ နံရံပန်းချီများ၊ ပန်းပုရုပ်များတွင် ငါးရာ့ငါးဆယ်ဇာတ်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓ၀င်၊ ပေတ၀တ္ထု၊ ၀ိမာန၀တ္ထု၊ ဇင်းမယ်ပဏ္ဏာသ၀တ္ထုစသည့် ဗုဒ္ဓစာပေတို့ကို ပုဂံခေတ်ကတည်းက မြန်မာတို့ လေ့လာကျွမ်းဝင်နေကြပြီ ဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုအလေ့အလာအတွေ့အကြုံတို့ကို အကြောင်းပြု၍ ပေါ်ထွန်းလာသည့် ဂန္တ၀င်စာပေတို့တွင် ၀တ္ထု၊ ပျို့နှင့် အဖွင့်အဖြေ ကျမ်း၊ ရတု၊ တောလား၊ ပြဇာတ်၊ ရကန်၊ သာချင်း၊ တရားစာ၊ ဟောစာ စသည့် အခြားစာပေအဖွဲ့များကိုလည်း အတန်အတင့် တွေ့ရပါသည်။

အင်းဝခေတ်တွင် ရှင်မဟာသီလ၀ံသရေးဖွဲ့သော ပါရာယန၀တ္ထု (ခရစ် ၁၅၀၁) ကို ပထမဆုံး ဗုဒ္ဓစာပေ ဟူ၍ ပညာရှင်တို့ သတ်မှတ်ကြသည်။ သံသရာတဘက်ကမ်းသို့ ရောက်ရာခရီးလမ်းဟု အဓိပ္ပါယ်ရသော “ပါရာယန” သတ္တန်ကို အစွဲပြုကာ ထိုအမည်ပေးခြင်း ဖြစ်ပြီး ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်စသည့် စံပြုနည်းယူစရာ အရိယာသူမြတ်နှစ်ဦးအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

ညောင်ရမ်းခေတ်တွင် ဗုဒ္ဓစာပေ၀တ္ထုများဆက်လက်ပေါ်ထွန်းလာရာ ၀ရာဘိသင်္ဃနာထဆရာတော်၏ “မဏိကုဏ္ဏလ၀တ္ထု” (ခရစ် ၁၆၁၈) သည် အသိတိနိပါတ်မဟာသုတသောမဇာတ်ကို တန်ဆာဆင်ချဲ့ထွင်ရေးဖွဲ့သော ၀တ္ထုဖြစ်သည်။ ထိုနည်းတူစွာ တော်ဖီလာ ဆရာတော် ၏ ယသ၀ဍ္ဎန၀တ္ထု (ခရစ် ၁၆၁၉) မှာ ဓမ္မပဒအပ္ပမာဒ၀တ်ကုမ္ဘဃောသက၀တ္ထု၌ ကုမ္ဘဃောသကသူဋ္ဌေးသားကို အကြောင်းပြု၍ ဘုရားရှင်ဟောကြားသော စည်းစိမ်ချမ်းသာအခြံအရံတိုးတက်ကြီးပွားကြောင်း ယသ၀ဍ္ဎနတရား (၇)ပါးကို မူတည်၍ ၀တ္ထုသာဓကများစွာဖြင့် ခံ့ခံ့ညားညားရေးဖွဲ့ထားသော ၀တ္ထုဖြစ်သည်။

ထို့အတူ ညောင်ရမ်းခေတ်တွင် ပေါ်ထွန်းခဲ့သော သဒ္ဓမ္မာလင်္ကာရဆရာတော်၏ ရတနာကရ၀တ္ထု (ခရစ် ၁၆၈၀) တောင်တွင်းကြီး ဆရာတော်၏ ဟိတသိဒ္ဓိက၀တ္ထု (ခရစ် ၁၇၃၁) မဟာဓမ္မသင်္ကြံ ၏ သာမဏေကျော်လေးပါးဝတ္ထုတို့သည် ဂန္တ၀င်တန်းဝင် ဗုဒ္ဓစာပေ၀တ္ထုများပင် ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်တွင်လည်း ဗုဒ္ဓစာပေ၀တ္ထုများ ပိုမိုကျယ်ပြန့်စွာ ပေါ်ထွက်လာခဲ့သည်။ ဒီပဲယင်းဆရာတော်၏ သဒ္ဓမ္မာဘိလင်္ကာရ၏ တထာဂတဥဒါနဒီပနီ (ခရစ် ၁၇၉၈) (ဒုတိယမဲထီးဆရာတော်၏ မာလာလင်္ကာရ၀တ္ထု (ခရစ် ၁၇၉၈)၊ ပထမငါးခုန်ဆရာတော်၏ မဟာဗုဒ္ဓ၀င် ၀တ္ထုတော်ကြီး (ခရစ် ၁၇၈၈ ခန့်) ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီ (ခရစ် ၁၈၅၈ ခန့်)၊ ဒုတိယဘုရားဖြူဆရာတော်၏ ၀ံသမေဒပကာသနီ (ခရစ် ၁၈၇၅) တို့သည် ထင်ရှားပါသည်။
]
ကုန်းဘောင်ခေတ်၏ ထူးခြားချက်မှာ ငါးရာ့ငါးဆယ်နှင့်ဇာတ်ကြီးဆယ်ဘွဲ့ဝတ္ထုများသည် မြန်မာဘာသာဖြင့် အပြည့်အစုံပေါ်ထွက် လာခြင်းပင်ဖြစ်သည်။ ဘိုးတော်မင်းတရားလက်ထက် (ခရစ် ၁၇၈၁ -၁၈၉၂) တွင် ညောင်ကန်ဆရာတော်သည် ဇာတက အဋ္ဌကထာပါဌ်ကို အတိအကျ  မြန်မာပြန်လျက် “ငါးရာ့ငါးဆယ်ဝတ္ထု” ကို ရေးသားခဲ့သည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့ဝတ္ထုများတွင် သုဝဏ္ဏသာမနှင့် ဘူရိဒတ်မှလွဲ ၍ ကျန်ဇာတ်တော်ဝတ္ထု ရှစ်စောင်ကို မင်းဘူးဆရာတော် ဦးသြဘာသက မြန်မာမှုပြုခဲ့သည်။ ကျန်ဇာတ်တော်ဘူရိဒတ်ဇာတ်တော်ကြီးကို ရှင်နန္ဒမေဓာကလည်းကောင်း၊ ရှင်ပညာတိက္ခက သုဝဏ္ဏသာမဇာတ်တော်ကြီးဝတ္ထုကိုလည်းကောင်း ပြုစုခဲ့ပြီးသည့်နောက်တွင် ဇာတ်တော်ကြီး ဆယ်ဘွဲ့စလုံး ပြည့်စုံသွားခဲ့သည်။

ကုန်းဘောင်ခေတ်တွင် အခြားထင်ရှားခဲ့သော ဗုဒ္ဓစာပေ၀တ္ထုများမှာ မဟာဓမ္မသင်္ကြံ၏ ဓမ္မောပဒေသ၀တ္ထု (ခရစ် ၁၈၂၉)၊ မုန်တိုင်ပင် ဆရာတော်၏ စကားပြောဖွယ်ကျမ်း (ခရစ် ၁၈၃၁)၊ မုံရွေးဇေတ၀န်ဆရာတော်၏ ရာဇောဝါဒကျမ်း (ခရစ် ၁၈၃၃)၊ ကျပင်းဆရာတော်၏ ကျပင်းတရားစာ၊ တတိယညောင်ကန်ဆရာတော်၏ သံဝေဂ၀တ္ထုဒီပနီ (၁၈၆၀) ဦးပုည တရားစာဝတ္ထုများ (၁၈၁၂ -၁၈၆၇) တို့ ဖြစ်ကြသည်။
ကုန်းဘောင်ခေတ်တွင် ဒန့်တိုင်ဆရာတော် ရှင်ဂုဏလင်္ကာရပါဠိမှ မြန်မာပြန်သော “မိလိန္ဒပညာကျမ်း (ခရစ် ၁၇၆၅) သည် ထင်ရှားသော ကျမ်းတစ်ကျမ်းဖြစ်သည်။ မိလိန္ဒပဥှာပါဠိတော်သည် ဥဒ္ဒကနိကာယ်၊ သုတ္တန်ပိဋကတ်အ၀င်အပါဖြစ်ပြီး ကမ္ဘာသိထင်ရှားသော ကျမ်းတစ်ကျမ်းဖြစ်သည်။ ထိုကျမ်းတွင် မိလိန္ဒမင်း မေးလျှောက်သည့် ဗုဒ္ဓ၀ါဒဆိုင်ရာ ပြဿနာအမျိုးမျိုးကို ရှင်နာဂသေနမထေရ်က ဖြေဆိုပုံများ ပါဝင်သည်။ အလားတူ ထင်ရှားသော အမေးအဖြေကျမ်းမှာ မုံရွာရှင်သီရိမာလာမေးလျှောက်သည့် ပြဿနာများကို မုံရွေးဇေတ၀န် ဆရာတော် အရှင်အရိယာဝံသအာဒိစ္စရံသီ ဖြေဆိုသော သမန္တစက္ခုဒီပနီကျမ်း (ခရစ် ၁၈၁၁) ဖြစ်သည်။ မဟာဓမ္မသင်္ကြံ၏ သာသနာလင်္ကာရစာတမ်း၊ ယောမင်းကြီးဦးဘိုးလှိုင်၏ ၀ိမုတ္တိရသကျမ်း (၁၈၇၁) ကာယာနုပဿနာကျမ်း (၁၈၇၅)၊ လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏကျမ်း နှင့် ပကိဏ္ဏာက၀ိသဇ္ဇနာကျမ်းတို့သည်လည်း ဂန္တ၀င်တန်းဝင် ကျမ်းစာပေများပင် ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်နှောင်းမှ ကိုလိုနီခေတ်အထိ ပေါ်ထွက်လာသော လယ်တီဆရာတော်၏ ဒီပနီများသည်လည်း အရေးပါသော ဗုဒ္ဓစာပေကျမ်းများပင် ဖြစ်ပါသည်။ အများနားလည်လွယ်စေရန် မြန်မာစကားပြေသက်သက်ဖြင့် ရှင်းလင်းဖွင့်ဆိုထား၍ အများလေးစားရသည့် ကျမ်းဂန်များပင်ဖြစ်သည်။

ဗုဒ္ဓစာပေကို အခြေခံသည် ပြဇာတ်များလည်း ပေါ်ထွက်လာခဲ့ရာ အစောဆုံးပြဇာတ်ဟု အသိအမှတ်ပြုရသော ပြဇာတ်မှာ ၀န်ကြီး ပဒေသရာဇာ၏ “မဏိကတ်ပြဇာတ်” ဖြစ်သည်။ ယင်း ပြဇာတ်သည် ဇင်းမယ်ပဏ္ဏာသလာတ္တဓနုဇာတ်ကို မြန်မာမှုပြထားသော ပြဇာတ်ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်လာသော ဦးကြင်ဥ၏ မဟောသဓပြဇာတ်၊ ဦးပုည၏ ရေသည်ပြဇာတ်၊ ဦးခို၏ မဟာဇနကပြဇာတ်တို့သည် ထင်ရှားခဲ့သည်။

ဗုဒ္ဓစာပေကို အခြေခံ၍ ရေးဖွဲ့သောကဗျာတို့တွင် “ပျို့” သည် အထင်ရှားဆုံးဖြစ်သည်။ အင်းဝခေတ်တွင် ရှင်မဟာရဌသာရ ရေးဖွဲ့သော ဘူရိဒတ်လင်္ကာကြီး စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့၊ ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ ညောင်ရမ်းခေတ်တွင် န၀ဒေမင်းကြီး၏ မနော်ဟရီပျို့၊ ၀န်ကြီးပဒေသရာဇာ၏ သုတပျို့၊ တွင်းသွင်းမင်းကြီး၏ မုဒုလက္ခဏပျို့၊ ဦးယာ၏ မင်းနန်ပျို့၊ မုံရွေးဆရာတော်၏ မဟာသီလ၀ပျို့၊ ကုသပျို့၊ ဦးရွှေခြည်၏ စန္ဒကိန္နရီပျို့၊ ကင်းဝန်မင်းကြီး၏ တိန္ဒုကပျို့ တို့သည် အထူးထင်ရှား ခဲ့သည်။

● ထီးနန်းပတ်ဝန်းကျင်ကို အခြေခံသော ဂန္တ၀င်စာပေများ
ပုဂံခေတ်တွင် ကုသိုလ်ကောင်းမှုပြုသူအများစုသည် ထီးနန်းပတ်ဝန်းကျင်မှ မင်းမိဘုရား၊ မင်းညီမင်းသား၊ မှူးမတ်စသည်တို့ဖြစ်သည့် အတွက် ပုဂံကျောက်စာများတွင် ထိုပုဂ္ဂိုလ်များအကြောင်း ထည့်သွင်းရေးသားနေပြီဖြစ်သည်။ ထိုခေတ်တွင် မင်းဧကရာဇ်ကိုယ်တိုင် ထုတ်ပြန်သော အမိန့်တော်ကို ကျောက်ထက်အက္ခရာတင်သည့် ကျောက်စာအချို့ပင်ရှိကြောင်း ကျစွာမင်းအမိန့်တော်ပြန်တမ်း (ခရစ် ၁၂၈၅) က သက်သေခံနေပါသည်။ ကျစွာမင်းသည် နိုင်ငံတွင်းလူဆိုးသူခိုးများ ပပျောက်စရေန် ရည်ရွယ်၍ အနည်းဆုံးအိမ်ခြေ(၅၀) ရှိသော ရွာတိုင်း တွင် စိုက်ထူစေသော ကျောက်စာဖြစ်သည်။

ထီးနန်းပတ်ဝန်းကျင်ကို အခြေခံသော စာပေအမျိုးအစားတွင် မေတ္တာစာ၊ ရာဇ၀င်၊ အရေးတော်ပုံ၊ ဓမ္မသတ်၊ ဖြတ်ထုံး၊ လျှောက်ထုံး၊ မှတ်တမ်း၊ နန်းတွင်းဇာတ်၊ ကာချင်း၊ ဧချင်း၊ မော်ကွန်းစသည်တို့ ထင်ရှားပါသည်။

မေတ္တာစာသည် မေတ္တာခံယူသော စာ၊ မေတ္တာရပ်ခံစာပင် ဖြစ်သောကြောင့် ရဟန်းတော်တို့က ဘုရင်မင်းတို့အား မေတ္တာရပ်ခံသော စာအဖြစ် စတင်ပေါ်ထွန်းလာခဲ့သည်။ မေတ္တာစာကို စကားပြေဖြင့် တမျိုး၊ ကဗျာဖြင့်တသွယ် ရေးဖွဲ့လေ့ရှိသည်။ အင်းဝမိုးညှင်းမင်းထံ “မြေဆွမ်း” အလှူခံသော ပတူးကြီးသင်္ဃာရာဇာ၏ မေတ္တာစာ (ခရစ် ၁၄၃၇) သည် ရှေးဦးပေါ်ပေါက်လာသော မေတ္တာစာပင်ဖြစ်သည်။ အင်းဝခေတ်တွင် ရှင်မဟာသီလ၀ံသနှင့် ရှင်မဟာရဋ္ဌသာရတို့ ဒုတိယမင်းခေါင်ထံ ဆက်သွင်းသော မေတ္တာစာနှင့် ကန်တော်မင်းကျောင်းဆရာ တော်က ရွှေနန်းကြော့ရှင်ထံ ဆက်သွင်းသော မေတ္တာစာတို့သည် ထင်ရှားသည်။

ရာဇ၀င်နှင့်အရေးတော်ပုံတို့သည် ထီးနန်းပတ်ဝန်းကျင်ကို ကျယ်ကျယ်ဝန်းဝန်း ပုံဖော်သော စာပေများဖြစ်သည်။ မင်းစဉ်မင်းဆက် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သော “ရာဇ၀င်ကျမ်း” များနှင့် မင်းတစ်ပါး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားသော “အရေးတော်ပုံကျမ်း” များကို တွေ့ရသည်။

ရာဇ၀င်ကျမ်းများတွင် ရှင်မဟာသီလ၀ံသ၏ ရာဇ၀င်ကျော် ခေါ် မဟာသမ္မတ၀ံသကျမ်း (ခရစ် ၁၅၂၀) သည် တွေ့ရသမျှ အစောဆုံးရာဇ၀င်ကျမ်းဟု ယူဆကြသည်။ မဟာသမ္မတမင်းဆက်၊ သီဟိုဠ်မင်းဆက်၊ မြန်မာမင်းဆက်ဟူ၍ အပိုင်းသုံးပိုင်းပါရှိရာ ရှေ့နှစ်ပိုင်းမှာ မဟာဝံသနှင့် ဒီပ၀ံသပါဠိကျမ်းများမှ အကျဉ်းချုံးပြန်ဆိုထားခြင်း ဖြစ်သည်။ နောက်ဆုံးပိုင်းဖြစ်သော မြန်မာမင်းဆက်အပိုင်းကို သရေခေတ္တရာမင်းဆက်မှစ၍ ရွှေနန်းကြော့ရှင်အထိ အကျဉ်းသာရေးသားထားသည်။ ယင်းကျမ်းသည် မြန်မာရာဇ၀င်ပိုင်းထက် မဟာဝင်၊ ဒီပ၀င်ပိုင်းကို အားပြုသော ကျမ်းဖြစ်သည်။

ထို့နောက် ပေါ်ပေါက်လာသော ရာဇ၀င်ကျမ်းများမှာ ရာဇ၀င်ကျော်ထက်ပို၍ ကျယ်ဝန်းပါသည်။ ရှင်ဥာဏသည်ခံကြီး၏ “တောင်ငူရာဇ၀င်”၊ ဦးကုလား၏ မဟာရာဇ၀င်ကြီး (ခရစ် ၁၇၁၄ – ၁၇၃၃)၊ တွင်းသင်းမင်းကြီး၏ မြန်မာရာဇ၀င်သစ် (ခရစ် ၁၇၈၀) တို့သည် ထင်ရှားခဲ့သည်။ တွင်းသင်းမြန်မာရာဇ၀င်သစ်သည် အရေးအသားရှင်းလင်းတိကျ၍ အကိုးအကားခိုင်မာသည်။

ထို့နည်းတူစွာ စစ်ကိုင်းမင်းလက်ထက် ၁၈၂၉ ခုနှစ် မေလ ၃ ရက်နေ့တါင် ရဟန်း၊ ပုဏ္ဏား၊ မှူးမတ်၊ ပညာရှိမ်ား မင်းမိန့်ဖြင့် မှန်းနန်းတော်ဦးနန်းမ စနုဆောင်၌ ပြုစုသော မှန်နန်းမဟာရာဇ၀င်တော်ကြီး သည် (ခရစ် ၁၈၂၉ – ၁၈၃၂) တွင် ပေါ်ထွက်လာခဲ့သည်။ မှန်နန်းမဟာရာဇ၀င်တော်ကြီးသည် ပေမူအရ စာထုပ် ၅ ထုပ် ရှိပြီး ပထမထုပ် (၇) တွဲ၊ ဒုတိယထုပ် (၇)တွဲ၊ တတိယထုပ် (၇) တွဲ၊ စတုတ္ထထုပ် (၉)တွဲ၊ ပဉ္စမထုပ် (၈) တွဲ စုစုပေါင်း စာတွဲ (၃၈) တွဲ ပါရှိသည်။ ကျမ်းပြုအဖွဲ့သည် ၁၈၂၉ မှ စတင်၍ ရေးသားပြုစုရာ (၄) နှစ်အကြာ ၁၈၃၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ မှန်နန်းမဟာရာဇ၀င်တော်ကြီးကို သီပေါမင်းလက်ထက်တွင် ပေမူမှစတင်ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ မှန်နန်း မဟာရာဇ၀င်တော်ကြီးကို ရေးသားပြုစုခဲ့သော သမိုင်းအဖွဲ့ဝင်များမှာ-

(၁) မုံရွေးဆရာတော်
(၂) သော်ကပင်ဆရာတော်
(၃) အမတ်ကြီးမဟာဓမ္မသင်္ကြန်
(၄) မြင်းစုကြီးဝန် မဟာသီဟသူရ
(၅) ဆောမြို့စာအတွင်းဝန် မင်းကြီးမဟာနန္ဒသင်္ကြန်
(၆) စဥ့်ကူးမြို့စားအတွင်းဝန်၊ အသည်ဝန်မင်းကြီးမဟာအတုလသီဟသူ
(၇) သံတော်ဆင့်မဟာဇေယျသင်္ခယာ
(၈) ဗြဲတိုက်သံတော်ဆင့်ဦးရွဲ
(၉) စာရေးတော်ကြီးဦးဖျော်
(၁၀) စာရေးတော်ဦးလူကြီး
(၁၁) စာရေးတော်ဦးအောင်သာ
(၁၂) ပုဏ္ဏားရာဇဒေဝ
(၁၃) ပုဏ္ဏားကုမုဒြ တို့ဖြစ်ကြသည်။

ထို့နောက် မှန်နန်းရာဇ၀င်ပြုစုသည့်အဖွဲ့တွင် ပါဝင်သော မုံရွေးဆရာတော်၏ မဟာရာဇ၀င်ကျော်ခေါ် မုံရွေးရာဇ၀င်ပေါ်ထွက်လာ ခဲ့သည်။ ယင်းကျမ်းကို ဆရာတော်က ပါဠိဘာသာဖြင့် “ရာဇိန္ဒရာဇ၀ရမဏ္ဍနီ” ဟု အမည်ပေးထားရာ အဓိပ္ပါယ်မှာ “မင်းတကားမင်းတို့ထက် မြတ်သော မင်း၏အဆင်တန်ဆာ” ဟူ၍ ဖြစ်သည်။ သို့သော် ယင်းကျမ်းသည် မဟာရာဇ၀င်ကျော်အမည်ဖြင့်သာ ထင်ရှားပါသည်။ ရေးသားပြုစုသူ မုံရွေးဆရာတော်အားအစွဲပြု၍ မုံရွေးရာဇ၀င်ဟူ၍လည်း ခေါ်ဆိုကြသည်။ ဆရာတော်သည် ဤရာဇ၀င်ကျမ်းကို မှန်နန်းမဟာရာဇ၀င်တော်ကြီး ရေးသားပြုစုချိန်နှင့် မရှေးမနှောင်း ၁၈၂၃ ခုနှစ်ခန့်တွင် ရေးသားပြုစုကြောင်းသိရသည်။ ရာဇိန္ဒရာဇ၀ရမဏ္ဍနီ ကျမ်း ခေါ် မဟာရာဇ၀င်ကျော်သည် ယနေ့တိုင်ပုံနှိပ်ထုတ်ဝေနိုင်ခြင်းမရှိဘဲ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန၌ လက်ရေးပေမူ စာအုပ် (၄) အုပ် အဖြစ်သာ ရှိနေဆဲဖြစ်သည်။

ဆရာတော်ကိုယ်တိုင်ရေးသားပြုစုရခြင်းရည်ရွယ်ချက်မှာ-

(က) ဆရာတော်ကိုယ်တိုင်မှန်နန်းမဟာရာဇ၀င်တော်ကြီးအား ကျေနပ်မှုမရှိပါ။ ယင်းရာဇ၀င်ပြုစုရာ၌ ဘုရင်အကြိုက်၊ အများအကြိုက်ကို လိုက်ရသဖြင့် မိမိအကြိုက်သီးခြားရေးသားရန် ဆန္ဒဖြစ်ပေါ်လာခြင်း၊

(ခ) မှန်နန်းမဟာရာဇ၀င်တော်ကြီး၌ မပါရှိဘဲ ကြွင်းကျန်နေသည့် လိုအပ်သော ပညာရှိစကားများနှင့် စစ်အကြောင်းကိုထပ်မံဖြည့်စွက်ရေးသားပါရန် စစ်ကိုင်းမင်းက တိုင်တန်းလျှောက်ထားခြင်းတို့ကြောင့် ပြုစုရသည် ဟူ၍ ဖော်ပြထားသည်။

မင်းတုန်းမင်းလက်ထက် ၁၈၆၇ စက်တင်ဘာလ ၂ ရက်နေ့တွင် (၁) ကန္နီအတွင်းဝန်မင်းကြီးမဟာမင်းခေါင်သင်္ခယာ (၂) မိုင်းစိုင်း မြို့စားအတွင်းဝန်မဟာသီရိဇေယျသူ၊ (၃) အိမ်ရှေ့အတွင်းဝန်ဟောင်း မဟာမင်းလှသင်္ခယာ (၄) စာရေးတော်ကြီးမင်းလှဇေယျာသူ၊ (၅) အမှာတော်ရေးနေမျိုးစည်သူရာဇာတို့ကို သမိုင်းပြုစုရေးအဖွဲ့ဖွဲ့ကာ တာဝန်ပေးအပ်၍ ဒုတိယမဟာရာဇ၀င်တော်ကြီးပြုစုစေခဲ့သည်။

မင်းတုန်းမင်းက-
“ဘကြီးတော်မင်းတရားလက်ထက် ရေးသ၉ားသော မဟာရာဇ၀င်တော်ကို ပထမမဟာရာဇ၀င်တော်ကြီး၊ ငါ့ရွှေလက်ထက်တွင်
ရေးသားသော မဟာရာဇ၀င်တော်ကို ဒုတိယမဟာရာဇ၀င်တော်ကြီးတွင်စေ” ဟူ၍ အမည်ပေးခဲ့သည်။

ရှေးခေတ်ကပင် မင်းတို့ထီးနန်းရရှိရန် စည်းရုံးကြိုးပမ်းရပုံကစ၍ ကြိုးပမ်းဆောင်ရွက်ချက်ကို ရေးသားမှတ်တမ်းတင်ထားသောအရေးတော်ပုံကျမ်းများ ပေါ်ထွက်လာခဲ့သည်။ တောင်ငူခေတ်တွင် ၀န်ကြီးဗညားဒလ မွန်ဘာသာမှ မြန်မာပြန်သော ရာဇာဓိရာဇ်အရေး တော်ပုံ (ခရစ် ၁၅၅၈)၊ ကုန်းဘောင်ခေတ်တွင် လက်ဝဲနော်ရထာပြုစုသော “အလောင်းမင်းတရားကြီးအရေးတော်ပုံ”၊ တွင်းသင်းမင်းကြီး ပြုစုသော “အလောင်းမင်းတရားကြီးအရေးတော်ပုံ”၊ တွင်းသင်းမင်းကြီးပင်ရေးဟန်ရှိသည်ဟု ယူဆကြသော ဟံသာဝတီဆင်ဖြူများရှင်အရေး တော်ပုံ၊ ရှင်က၀ိသာရ၏ ဓည၀တီအရေးတော်ပုံ (ခရစ် ၁၇၈၇)တို့သည် မြန်မာစာပေသမိုင်းတွင် ဂန္တ၀င်စာပေအဖြစ် မှတ်ယူအပ်သော အရေးတော်ပုံကျမ်းများပင် ဖြစ်ပါသည်။

တရားဥပဒေအဆုံးအဖြတ်ကိုပြသော ဓမ္မသတ်ကျမ်း၊ ဖြတ်ထုံးကျမ်းနှင့် ဘုရင်မင်းတို့အား မှူးမတ်ပညာရှိတို့ လျှောက်ထားပုံကို ပြသော လျှောက်ထုံများလည်း ထီးနန်းပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ကျမ်းများဖြစ်သည်။ ဓမ္မသတ်ကျမ်းများ ပုဂံခေတ်ကတည်းက ပေါ်ပေါက်ကြောင်း အထောက်အထားတွေ့ရသည်။ ကမ္ဘာဦးက မနုရှင်ရသေ့ပြုစုသည်ဆိုသော မနုဓမ္မသတ်ကျမ်းရင်းက စ၍ အစဉ်အဆက် ပေါ်ပေါက်သည့် ဓမ္မသတ်ကျမ်းအမျိုးမျိုးရှိသည်။ ပုဂံနရပတိစည်သူမင်းလက်ထက် ဓမ္မ၀ိလာသဘွဲ့ခံ ရှင်သာရိပုတ္တရာက ဓမ္မ၀ိလာသဓမ္မသတ် ကို ပါဠိဘာသာဖြင့်ပြုစုရာ ညောင်ရမ်းခေတ် သာလွန်မင်းလက်ထက် ကိုင်းရွာစား မနုရာဇာပြုစုသော ကိုင်းရွာစားမနုရာဇာလျှောက်ထုံးခေါ် မဟာရာဇသတ်ကြီးသည်လည်း ထင်ရှားသည်။ ထို့အပြင် ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်လာခဲ့သော ကျုံးဝန်ဘုမ္မဇေယျ၏ အနုကျယ်ဓမ္မ သတ် (ခရစ် ၁၇၅၃)၊ အတွင်းဝန် ၀ဏ္ဏဓမ္မကျော်ထင်၏ ၀ိနိစ္ဆယပကာသနိဓမ္မသတ် (ခရစ် ၁၈၀၁)၊ လက်ဝဲသုန္ဒရ၏ ၀ိနိစ္ဆယပကာသနိဓမ္မသတ် လင်္ကာ၊ ကင်းဝန်မင်းကြီး၏ အာဍ္ဎသံခိပ် ဓမ္မသတ်လင်္ကာ နှင့် အဍ္ဎသံခေပ၀ဏ္ဏာကျမ်းတို့သည် ထင်ရှားသည်။

ဖြတ်ထုံးအများအပြားရှိရာ ရေးသူအမည်မသိသော သုဓမ္မာစာရီဖြတ်ထုံး၊ အတုလဆရာတော်ဖြတ်ထုံး၊ ရေစကြိုစုံတော်ရန္တမိတ် ကျော်ထင်၏ ရေစကြိုစုံထောက်ဖြတ်ထုံးတို့လည်း ပေါ်ထွက်ခဲ့သည်။

လျှောက်ထုံးအနေဖြင့် ရှင်စန္ဒလင်္ကာ၏ ဘိုးရာဇာလျှောက်ထုံး ခေါ် မဏိရတနာပုံကျမ်း၊ ရှင်က၀ိသာရ၏ ဓည၀တီအရေးတော်ပုံမှ ကောက်နုတ်သော မဟာပညာကျော်လျှောက်ထုံးတို့ ပေါ်ထွက်ခဲ့သည်။

မင်း၊ မှူး၊ မတ်တို့မေးမြန်းချက်များကို ဆရာတော်တို့ ဖြေကြားသည့် ကျမ်းများပေါ်ထွက်ခဲ့ရာ အလောင်းမင်းတရားအမေးကို အတုလ ဆရာတော်ဖြေဆိုသော နန်းစဉ် ပုစ္ဆာအဖြေကျမ်း (ခရစ် ၁၇၅၂)၊ လက်ဝဲနော်ရထာ၏ အမေးကို တောင်တွင်းဆရာတော်ခင်ကြီးဖြေဆိုသော လက်ဝဲအနော်ရထာလျှောက်ထုံး (ခရစ် ၁၇၆၃)၊ ဘိုးတော်မင်းတရားအမေးကို မောင်းထောင်းဆရာတော်ဖြေဆိုသော “အမေးအဖြေ” (၁၈၀၆) တို့သည် ထင်ရှားသည်။

ထို့အပြင် နန်းဓလေ့များကို စုစည်းမှတ်တမ်းတင်ထားသော စာပေများသည်လည်း တခန်းတကဏ္ဍအဖြစ် ပေါ်ထွန်းခဲ့ပါသည်။ အတုလဆရာတော်သည် အလောင်းမင်းတရားအတွက် လောကဓမ္မထုံးပေါင်းစာတမ်းကို ပြုစုပေးခဲ့သည်။ ယင်းစာတမ်း၌ မင်းတို့ကျင့်စဉ် ထုံးပေါင်း (၈၅) ခုကို အကိုးအထောက်များဖြင့် ဖော်ပြထားသည်။ အင်ရုံဝန်ကြီး သီရိဥဇနာသည် ညောင်ရမ်းခေတ်မင်းသုံးဆက်တိုင် အမှုထမ်း ခဲ့သည့်အလျောက် နန်းဓလေ့အတွေ့အကြုံများကို အခြေပြု၍ အလောင်းမင်းတရားဆန္ဒအရ “လောကဗျူဟာကျမ်း” (အင်ရုံစာတမ်း) (ခရစ် ၁၇၅၃) ကိုပြုစု၍ ဆက်သွင်းခဲ့သည်။ ထိုကျမ်းတွင် ထီးနန်းဆိုင်ရာ ထုံးနည်းငါးရာကျော်ကို ဖော်ပြထားသည်။
အိမ်ရှေ့အတွင်းဝန် ဇေယျသင်္ခယာကလည်း အမရပူရထီးသစ်နန်းသစ်ကို အကြောင်းပြု၍ “ရွှေဘုံနိဒါန်း” မောင်းထောင်း ဆရာတော်၏ ရာဇာသေ၀ကဒီပနီ၊ ယောမင်းကြီးဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းတို့သည် မင်းအစရှိသော အစိုးရသူကြီးတို့ ကျင့်အပ်သော အချက်များကို ဖော်ညွှန်းပါသည်။

နိုင်ငံကို ကိုယ်စားပြု၍ သွားရသော ပြည်ပခရီးအတွေ့အကြုံကို မှတ်တမ်းတင်သော ခရီးသွားမှတ်တမ်းများက ဂန္တ၀င်စာပေများပင် ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးကာလကတ္တားသို့ သွားရောက်ရုံးစိုက်ရသော မင်းကြီးမဟာစည်သူ၏ ဘင်္ဂလားသွားစာတမ်း (၁၈၃၃)၊ သံအဖွဲ့ကို ခေါင်းဆောင်၍ အင်္ဂလန်နှင့် ပြင်သစ်ပြည်သို့ သွားရသော ကင်းဝန်မင်းကြီး၏ လန်ဒန်မြို့သွားနေ့စဉ်မှတ်တမ်း (၁၈၇၂)၊ ပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်တမ်း (၁၈၇၅)၊ သံအဖွဲ့ဝင်အဖြစ် လိုက်ပါရသော မြောင်လှမြို့စား မင်းကြီးသီရိမဟာဇေယျသူ (ဦးခြိမ့်) က ကဗျာဖြင့် ရေးဖွဲ့သော “ပူတကေစပိန်အီတာလျံသွားမှတ်တမ်း” (၁၈၇၇) တို့ ထင်ရှားသည့်ခရီးသွားမှတ်တမ်းများဖြစ်သည်။

ဝတ္ထု၊ နန်းတွင်းဇာတ်၊ ပြဇာတ်တို့သည်လည်း ထီးနန်းဝန်းကျင်စာပေအဖြစ် ပေါ်ထွက်ခဲ့သည်။ ဗုဒ္ဓစာပေ၀တ္ထုများနှင့် တမူကွဲကာ ပင်ကိုယ်ဥာဏ်ဖြင့် ဖန်တီးရေးဖွဲ့သော ၀တ္ထုတပုဒ်ကုန်းဘောင်ခေတ်တွင် ပေါ်ထွက်ခဲ့သည်။ ယင်းမှာ ရွှေတောင်သီဟသူ၏ “ရတနာကြေးမုံ ၀တ္ထု” ဖြစ်သည်။

ထို့နောက် ဗြဲတိုက်သံဆင့်ဇေယျသင်္ခယာ (နောင် မြ၀တီဝန်ကြီး ဦးစဖြစ်လာသူ) ၏ အီနောင်နန်းတွင်းဇာတ်နှင့် သမုဒ္ဒရာဃောသနန်း တွင်းဇာတ်၊ စဥ့်ကူးမင်းမိဘုရားဟောင်း သခင်မင်းမိ၏ ကေသသီရိနန်းတွင်းဇာတ်၊ တောင်ငူမြို့စားမင်းသားသတိုးဓမ္မရာဇာ၏ သင်္ခပတ္တ နန်းတွင်းဇာတ်၊ လှိုင်ထိပ်ခေါင်တင်၏ ၀ိဇယကာရီနန်းတွင်းဇာတ်နှင့် ဣန္ဒ၀ံသနန်းတွင်းဇာတ်တို့သည် ထင်ရှားလှသည်။

စိတ်ကူးဖြင့် ဖန်တီးရေးဖွဲ့သော ဦးကြင်ဥ၏ ပါပဟိန်ပြဇာတ်၊ ဒေ၀ကုမ္ဘာန်ပြဇာတ်၊ ဦးပုည၏ ၀ိဇယပြဇာတ်၊ ရေသည်ပြဇာတ်၊ ဦးပုတ်နီ၏ ကုမ္မာရပြဇာတ်၊ ဆတိုင်မွတ်ဦးကူး၏ လူဝံမောင်နှမပြဇာတ်တို့သည်လည်း ပေါ်ထွန်းလာခဲ့သည်။

● ပြည်သူကိုအခြေခံသော မြန်မာဂန္တ၀င်စာပေများ
သာမန်ကျေးလက်တောရွာကို ပြည်သူတို့၏ ဘ၀ကို စာနာနားလည်သောစေတနာဖြင့် စာဖွဲ့သူတို့၏ စာပေများလည်း ပေါ်ထွက်လာ ပါသည်။ ယင်းတို့အနက် ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာသည် အထင်ရှားဆုံးဖြစ်ပြီး။ သူ၏ ထန်းတက်သမား၊ လယ်သမား၊ ပိန်းကောလှေသမား၊ တောင်ပိုင်တက်သမား၊ အောက်မားဆင်ဖမ်းသမားတို့၏ အကြောင်း တျာချင်းများသည် အထူးထင်ရှားပေသည်။ အဆိုပါတျာချင်းများကို ဆရာဇော်ဂျီက “ရှေးကမြန်မာစာပေသစ်” ဟူ၍ အမည်ပေးခဲ့သည်။ ထို့အတူ တောင်တွင်းရှင်ငြိမ်းမယ်၏ အိုင်ချင်းများသည် ကျေးလက်တောရွာရှိ လုံမကလေးတို့၏ အချစ်ရေး၊ လွမ်းရေးတို့ကို အချင်းချင်းရင်ဖွင့်ဟန်၊ ရင်ခုန်သံများဖြင့် ရေးဖွဲ့ထားရာ နှစ်သက်ဖွယ် အရေးအဖွဲ့များပင်ဖြစ်ပါသည်။ နောက်ပိုင်းတွေင် ပေါ်ပေါက်လာသော ဗုံကြီးသံ၊ ဗုံတောက်သံ၊ ဒုံးချင်း၊ လွမ်းချင်း၊ လေးဆစ်၊ သံချို၊ ကောက်စိုက်သီချင်း၊ မောင်းထောင်းသီချင်း စသည့် ကဗျာအဖွဲ့များက လူထုဘ၀၀ကို လှစ်ဟနေသော အရေးအဖွဲ့များပင် ဖြစ်သည်။

မြန်မာဘာသာစကား၏ အသွင်ပြင်လက္ခာဏာများကို လေ့လာစိစစ်ဖော်ထုတ်သော ဘာသာဗဒကျမ်းများကလည်း ဂန္တ၀င်စာပေဘောင်ဝင်ပါသည်။ ယင်းတို့မှာ ပထမကျော်အောင်စံထား ဆရာတော်၏ က၀ိလက္ခဏာခေါ် သဒ္ဓါပရမတ်အဆုံးအဖြတ်ကျမ်း (၁၇၄၈)၊ တောင်တွင်းဆရာတော်၏ သဒ္ဒဗျူဟာကျမ်း (၁၇၅၀)၊ ဒုတိယကျော်အောင်စံထားဆရာတော်၏ ဝေါဟာရတ္တပကာသနီ (၁၇၆၉)၊ မဟာဇေယသင်္ခယာ (လှေသင်းအတွင်းဝန်းဦးချိန်) ၏ ဝေါဟာရ၏လီနတ္တဒီပနီ (၁၈၃၀)၊ အမည်မသိဆရာတော်တစ်ပါးပြုစုသော ဝေါဟာရ၀ိပ္ပလ္လာသလက္ခဏဒီပက (၁၈၇၃) တို့ဖြစ်သည်။

အခြားပညာရပ်ဆိုင်ရာ ကျမ်းများတွင်မူ ဦးနိုး၏ ရွှေတိုးဂါမံမြင်းကြန်လင်္ကာရင်း (၁၇၉၁) ကဲ့သို့ မြင်းကြန်ကျမ်း၊ မဟာဓမ္မသင်္ကြန်၏ နေမိတ္တက၀ိဇ္ဇာကျမ်း (၁၈၂၄)၊ ယောမင်းကြီးဥိးဘိုးလှိုင်၏ မဟာသုဇာတကကျမ်းတို့ကဲ့သို့ နက္ခတ်ဗေဒင်ကျမ်းများ၊ အ၀ရွှေမြို့တော်ဝန် မင်း စာရေးကြီး ဦးကောင်း၏ နရသုခီခကျမ်းလင်္ကာ (၁၈၁၁)၊ သမားတော်ဦးနွဲ့တရုတ်ဘာသာမှ မြန်မာပြန်ဆိုခဲ့သော ဂန္ဒာလရာဇ်ဆေးကျမ်း (၁၈၈၀) တို့ကဲ့သို့ ဆေးကျမ်းဓာတ်ကျမ်းများလည်း ပေါ်ထွက်လာပါသည်။

ဤသို့ဖြင့် ရှေးခေတ်မြန်မာဂန္တ၀င်စာပေကို လက်လှမ်းမီသမျှ ဥာဏ်မီသမျှ တင်ခဲ့ပါသည်။ မြန်မာ့ဂန္တ၀င်စာပေ၏ ဂုဏ်ရည်ကို ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ဇာတ်ပေါင်းပျို့မှ အဆိုအမိန့်တစ်ခုကို ကိုးကားလိုပါသည်။ စာဆိုရှင်မဟာရဋ္ဌသာရက –

“ကြည်လင်သန့်သက် ၊ တိမ်ယောင်နက်သား၊ မှိုက်မြက်စင်ကြယ်၊ ရေသဖွယ်တည့်၊ မှတ်လွယ်စေငှာ၊ သိသာစေချင်၊ နားဝင်စေအောင်၊ ထုံးဆောင်ပုံတူ၊ ရေးသားထုသို့၊ ရှင်မှုလူမှု၊ နှစ်ခါးရှုလျက်၊ အနုအကြမ်း၊ အစမ်းအစုံ၊ အာဂုံအာဂါ၊ အရာသိသိ၊ လေးပေါ့ညှိ လျက်ဒ၊ က၀ိလက္ခဏာ၊ လင်္ကာချိုဆိမ့်၊ သည်တွင်ငြိမ့်မျှ” ဟူ၍ မိန့်ထားပါသည်။ စာပေရေးဖွဲ့ရာတွင် ကြည်လင်သန့်ရှင်းနေပြီး တိမ်မယောင်နှင့် နက်သည့် ရေကဲ့သို့ စာမျိုး၊ မှတ်လွယ်သိလွယ်သကဲ့သို့ နားဝင်လွယ်သော စာမျိုး၊ ရှင်မှုလူမှုဟူသော ဓမ္မကြောင်း လောက အကြောင်းနှစ်ပါးလုံးမျှသော စာမျိုး၊ အနုအကြမ်းအလေးအပေါ့သူ့နေရာနှင့်သူ လိုက်ဖက်သောစာမျိုး၊ အသည်းထဲတွင် ငြိမ့်သွားလောက်အောင် ချိုဆိမ့်သော အရသာပေးစွမ်းနိုင်သောစာမျိုးကို ဆိုလိုခြင်းဖြစ်သည်။ ယင်းအဆိုအမိန့်သည် ဂန္တ၀င်ဟု သတ်မှတ်အပ် သော စာပေတို့၌ ရှိအပ်သော ဂုဏ်အရည်အသွးများကို ယေဘုယျဖော်ညွှန်းနေရာ အနက်အဓိပ္ပါယ်လေးနက်မှု၊ အနှစ်သာရရှိမှု၊ အရေးအဖွဲ့ ရှင်းလင်းမှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု၊ နှစ်သက်ဖွယ်ဖြစ်မှု ဟူသော အရည်အချင်းတို့လည်း ပေါင်းစည်းနေသည့် စာပေများဟု ဆိုနိုင်ပါသည်။

မှန်ပေသည်။ ထို့ကြောင့်လည်း ဆရာဇေယျက “သဘာဝအလှတရားတို့ကို တည်တံ့မြဲမြံအောင် စာထဲတွင် ဖမ်း၍ သိုလှောင်ထားရုံမက အရှင်ကို အသေဖြစ်အောင်၊ အခြောက်ကို အစိုဖြစ်အောင် ပြုလုပ်နိုင်သော အစွမ်းသည် ဂန္တ၀င်စာပေတို့၏ အစွမ်းပင်ဖြစ်သည်” ဟူ၍ ဆိုခဲ့သည် မဟုတ်ပါလော။

● မြန်မာ့ဂန္တဝင်ကဗျာများ
မြန်မာကဗျာသမိုင်းသည် မြန်မာစာပေသမိုင်းပင်ဖြစ်သည်။ မြန်မာစကားပြေနှင့် မြန်မာကဗျာသည် အတူတူတွဲဖက်၍ ထွက်ပေါ်ခဲ့ကြောင်း စာပေသုတေသီတို့က မှတ်ချက်ပြုကြသည်။ မြန်မာကဗျာနှင့် မြန်မာစကားပြေထွက်ပေါ်မှုတွင် မည်သည့်အရာက ရှေးဦး ကျခဲ့သည်ကိုကား မည်သူမျှအတိအကျ မပြောနိုင်ပါ။ သို့သော် မြန်မာကဗျာတွင် အမျိုးအစားတစ်ရပ်အဖြစ်ပါဝင်သော သီချင်းအဖွဲ့အနွဲ့သည် ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့ဆောင်းပါး၌ ဖော်ပြချက်အရ မြန်မာကဗျာသည် ထွန်းကားနေပြီဖြစ်ကြောင်း ပြောပြနိုင်ပါသည်။

မြန်မာဂန္တ၀င်ကဗျာသည် ပုဂံခေတ်၊ ပင်းယ၊ မြင်းစိုင်း၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ နယ်ချဲ့ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ စစ်ပြေးကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ မျက်မှောက်ခေတ်အထိ ပေါ်ထွန်းလာခဲ့သည်။ မြန်မာကဗျာသည် ကဗျာထုံးဖွဲ့စီရင်မှုဆိုင်ရာ ကဗျာကျမ်းရှိပြီးဖြစ်သည်။ ဤကဗျာကျမ်းများက မြန်မာကဗျာရေးသားစပ်ဆို ဖွဲ့နွဲ့ရာတွင် စည်းကမ်းများကို လိုက်နာစေခဲ့သည်။ ကဗျာဖွဲ့ရာ၌လည်း ရသဆယ်ပါး(ဂုဏ်ဆယ်ပါး) ဟူ၍ ရှိထားပြီး ဖြစ်သည်။ မြန်မာဂန္တ၀င်ကဗျာများသည် ဤရသဆယ်ပါးအနက် တစ်ပါးပါးသို့မဟုတ် တစ်ပါးထက်ကျော်လွန်သော ရသများပါဝင်စမြဲ ဖြစ်သည်။ ထိုဂုဏ်၁၀ပါးကား (၁) ပသာဒဂုဏ်၊ (၂) သြဇာဂုဏ်၊ (၃) မဓုရတာဂုဏ်၊ (၄) သမတာဂုဏ်၊ (၅) သုခုမာလတာဂုဏ်၊ (၆) သိလေသဂုဏ်၊ (၇) ဥဒါရတာဂုဏ်၊ (၈) ကန္တိဂုဏ်၊ (၉) အတ္တဗျတ္တိဂုဏ်၊ (၁၀) သမာဓိဂုဏ် တို့ ဖြစ်သည်။ ယင်းဂုဏ် ၁၀ပါးသည် သဒ္ဒါလင်္ကာရ (အသံတန်ဆာဂုဏ်၊ စကားတန်ဆာဂုဏ်) တို့ပင်ဖြစ်သည်။ စကားနှင့်လည်းကောင်း၊ အသံနှင့်လည်းကောင်း၊ ဆိုသံနှင့်လည်းကောင်း သက်ဆိုင် အကျုံးဝင်လေသည်။

တဖန်ကဗျာတွင် အတ္ထာလင်္ကာရပိုင်းသည်လည်း အရေးကြီးပါသည်။ အတ္ထာလင်္ကာရမှာ အနက်တန်ဆာပင်ဖြစ်သည်။ အတ္ထာလင်္ကာရ တွင် မသွယ်မ၀ိုက် တိုက်ရိုက်ပြောဆိုသော သဘာ၀၀ုတ္တိလင်္ကာနှင့် တိုက်ရိုက်မဟုတ်သွယ်ဝိုက်ပြောဆိုသော ၀င်္က၀ုတ္တိအလင်္ကာ ဟူ၍ မျိုးနှစ်မျိုးရှိသည်။ ဤကဗျာထုံးဖွဲ့စီရင်မှုစည်းကမ်းသတ်မှတ်ချက်များကို ကြည့်ရှုရခြင်းအားဖြင့် မြန်မာလူမျိုးတို့သည် ကဗျာအရာ၌ စည်းကမ်းကြီးမားပြီး လိုက်နာရိုသေမှုရှိကြောင်း ထင်ရှားသိသာပါသည်။

မြန်မာဂန္တ၀င်ကဗျာများသည် စည်းကမ်းတကျ စနစ်တကျဖွဲ့ဆိုကြ၍ စံထားအပ်သော စံပြုအပ်သော ကဗျာများဖြစ်ကြပေသည်။ အတွေးအခေါ်အယူအဆအကြောင်းအရာအရလည်းကောင်း၊ ဖွဲ့နွဲ့သီကုံးမှုစကားလုံးရွေးချယ်အသုံးပြုမှုအရလည်းကောင်း၊ အဆင့်အတန်း မြင့်မားစွာ ရှိနေကြသည်။

ယင်းကြောင့် မြန်မာဂန္တ၀င်ကဗျာများကို လေ့လာဖတ်ရှုလျှင် လောကအမြင်၊ ဘ၀အမြင်၊ ဓမ္မအမြင်၊ ရသအမြင်၊ စာပေအမြင်၊ အနုပညာအမြင်များစွာပါဝင်နေရာ မြန်မာ့ဂန္တ၀င်ကဗျာများသည် လေးစားအရေးထားဖွယ်၊ စံပြုအတုယူဖွယ်ရာ ကောင်းနေပါတော့သည်။
မြန်မာဂန္တ၀င်ကဗျာများပေါ်ထွန်းခဲ့သော ခေတ်အသီးသီးကို ပြန်ပြောင်းလေ့လာကြည့်ပါစို့။

● ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ – ၁၂၉၈)
ပုဂံခေတ်နရပတိစည်သူလက်ထက် မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော်ကြီး “အိုပေါင်သင်” ၏သား အနန္တသူရိယရေးဖွဲ့သော “သူတည်းတစ်ယောက်” အစချီကဗျာ၊ လင်္ကာလေးပိုဒ် သိုးကလေးအစချီ “ပုပ္ပါးနတ်တောင်”ဖွဲ့လင်္ကာကဗျာ၊ ပုဂံခေတ် သက္ကရာဇ် ၅၆၉ ခုနှစ် ကျစွာမင်းကြီးလက်ထက်၌ ရေးဖွဲ့သော “မြကန်သာ”အစချီ မြကန်ဘွဲ့လင်္ကာ၊ ကဗျာတို့သည် ဂန္တ၀င်မြောက် ကဗျာများဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အနန္တသူရိယ၏ “သူတည်းတစ်ယောက်” အစချီကဗျာသည် ကဗျာချစ်မြတ်နိုးသူများ၏ စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိသော ကဗျာဖြစ်သည်။ ဤကဗျာ၌ ဖွဲ့နွဲ့ပုံသည် လေးလုံးစပ်လင်္ကာအသွားဖြစ်ပြီး စကားလုံးရွေးချယ်မှု၊ အတွေးအခေါ်မြင့်မား မှုကို မိအောင် ရေးဖွဲ့သူဖြစ်ကြောင်း တွေ့နိုင်သလို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများကိုပါ ပါဝင်အောင် ထည့်သွင်းသွားကြောင်း ဆန်းစစ်တွေ့ရှိ ရသည်။

ယင်းကဗျာကို အပြည့်အစုံဖော်ပြခွင့်ပြုပါ။

(၁) – သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
(၂) – ရွှေအိမ်နန်းနှင့် ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မေတ္တာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ ရေမျက်နှာ
ထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း။
(၃) – ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်းမလွှတ် ကြမ္မာ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွှဲတတ်
သည် မချွတ်စသော သတ္တ၀ါတည်း။
(၄) – ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊ သံသာစက်၌ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏။ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။
ဆရာကြီး ဦးဖေမောင်တင်က မြန်မာစာပေသမိုင်းတွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ” အစချီအနန္တသူရိယ၏ မျက်ဖြေ လင်္ကာအား –

“နရပတိစည်သူမင်းကြီးလက်ထက် သက္ကရာဇ် ၅၃၆ ခုနှစ်တါင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်သည် မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရမည့်ဆဲဆဲတွင် ရေးသားခဲ့သော ကဗျာဖြစ်သည်ဟု အများကယုံကြည်၏။ မှတ်သားစံတင် လောက်သော တရားသဘောများပါရှိ၏။ ကိုယ်ခန္ဓာစည်းစိမ်ဥစ္စာတို့၏ မမြဲတတ်သော အနိစ္စသဘောတရားသည် မှန်လှပေစွတကားဟု ရေးသားသည့်အခါ ထင်မြင်အောက်မေ့ဟန် လက္ခဏာ ရှိသည်။ သေရမည့်ဆဲဆဲ ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံရသည့် အကြောင်းကို စပ်ဆိုခဲ့ခြင်းကြောင့် စိတ်ဓါတ်ကို ထိခိုက်လောက်အောင် တိုတိုနှင့်ပင် ကောင်းလှ၏” ဟူ၍ ဆန်းစစ် ထားပေသည်။

အချို့က ဤအလင်္ကာလေးပိုဒ်ကို ‘မျက်ဖြေလင်္ကာ’ ဟု အမည်ပေးကြသည်။ အချို့ကမူ ‘တော်လှန်ရေးအလင်္ကာ’ ဟု ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် မလိုလျှင်မလိုသလို ပြုမူတတ်သော ဥပဒေဟူသည် သူတို့၏ ပါးစပ်တွင်းမှာသာ တည်သော ပဒေသရာဇ်စနစ်၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအချက်ကို ရှုတ်ချ၍ ယင်းစနစ်ကို ကျင့်သုံးသူ မင်း၏ စိတ်ဓာတ်ကို ပြောင်းလဲသွားအောင် တော်လှန်ပစ်နိုင်သောကြောင့်ပင်ဖြစ်သည်။ အမတ်ကြီးအနန္တသူရိယသည် အဘကိုသားကသတ်၍ နောင်တော်ကို ညီငယ်ကသတ်၍၊ မင်းလုပ်အုပ်စိုးသော ပုဂံခေတ် သက်ဦးဆံပိုင်မင်းတို့၏ စက်ဆုပ်ဖွယ်စနစ်ကို အလွန်ရွံရှာခဲ့ဟန်တူပေ၏။ သူကိုယ်တိုင်လည်း ကုလားကျမင်း ခေါ် နရသူက ခမည်းတော်ကို လုပ်ကြံပြီး နောင်တော်ကိုပါ သတ်၍ ထီးနန်းစိုးစံသည်ကို သိမှီကြုံကြိုက်လိုက်၏။ တဖန်မိမိနှင့် နို့စို့ဘက် အထိန်းခံဘက်ဖြစ်သူ နရပတိစည်သူက နောင်တော်မင်းယဉ်နရသိင်္ခကို အောင်စွာငယ်ကို စေခိုင်းလုပ်ကြံပြီး ထီးနန်းသိမ်းပိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြန်သည်။ ထို့ကြောင့် အမတ်ကြီး၏ စိတ်တွင် တစ်ယောက်ကောင်းစားဖို့အတွက် တစ်ယောက်ကို ဖျက်ဆီးရ သည်မှာ (၀ါ) တစ်ယောက်ကပျက်စီးပေးရသည်မှာ အဆိုပါခေတ်တွင် အစဉ်အလာကြီးတစ်ရပ်သဖွယ် တည်ရှိနေသောကြောင့် ‘သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း’ ဟု ရေးဖွဲ့ခဲ့သည်။

ထို့အပြင် အမတ်ကြီးသည် မင်းသုံးဆက်ကို မီလိုက်သူဖြစ်၏။ ကုလားကျမင်း ခေါ် နရသူသည် မင်းစည်းစိမ်သုံးနှစ်သာ စံလိုက်ရ၏။ မင်းရှင်စောကား တရက်မျှသာ မင်းဖြစ်ခဲ့ရရှာ၏။ သူ့သခင် မင်းယဉ်နရသိင်္ခလည်း မင်းစည်းစိမ်း သုံးနှစ်တွင် လုပ်ကြံခြင်းကို ခံလိုက်ရသည်။ လူ့လောက၏ အထွတ်အမြတ်ဆုံးဟု ယူဆခြင်းခံရသော မင်းစည်းစိမ်သည်လည်း ခေတ္တခဏမျှသာတကား၊ ရေပွက်ပမာသာတကားဟု စဉ်းစားမိ၍-

“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မေတ္တာ၊ မင်းချမ်းသာကား၊ သမုဒ္ဒဂာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည့်” ဟု အနိစ္စသဘောကို နှလုံးသွင်း၍ စပ်ဆိုခဲ့လေသည်။

တတိယလင်္ကာပိုဒ်ကား အမတ်ကြီး၏ ရဲရင့်သော၊ သေရမည်ကို မရွံ့မထိတ်သည့် ခြင်္သေ့စိတ်၊ အာဇာနည်စိတ်ဓာတ်ကို ဖော်ပြလေသည်။ တောင်းပန်တိုးလျှိုးသံလုံးဝမပါ၊ အမျက်ဒေါသကင်းလှ၏။ သို့သော် ကြင်နာသနား၍ မသတ်ဘဲ ယခုလွှတ်လည်း တစ်နေ့တွင် ငါမုချသေရမည်။ ခန္ဓာဖောက်ပြန်ခြင်း သေခြင်းကား ဆန်းပြားသည်မဟုတ်။ သေခြင်းတရားကို လူတိုင်းရှောင်လွှဲမရသည့် သင်္ခါရတရားကို မ,စိတ်၊ ထီးနန်းစိတ်မွှန်၍ အာဏာယစ်မူးနေသော မင်းအား သိမ်မွေ့စွာဖြင့် ဆုံးမခဲ့လေသည်။

သို့သော် ဤလင်္ကာလေးပိုဒ်သည် အနန္တသူရိယရေးသားခဲ့သော လင်္ကာများမဟုတ်ဟု အချို့က ယူဆကြသည်။ မြန်မာစာပါမောက္ခ ဒေါက်တာလှဖေက “စကားအသုံးအနှုန်းကိုကြည့်လျှင် အင်းဝခေတ်လက်ရာဖြစ်ကြောင်း ထင်ရှားပါသည်” ဟု ဆိုခဲ့သလို စတုရင်္ဂဗလဘွဲ့ရ မြန်မာပညာရှိ ဦးဖေက “ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ တို့လက်ထက် ပျို့ကဗျာများကဲ့သို့ ရှိချေသည်။ သက္ကရာဇ် ၅၀၀ ကျော်က စကားမဟုတ်ချေ။ ရှေးစကား၏ အဓိပ္ပါယ်ကိုယူ၍ နောက်ကာလကဗျာဆရာတို့ စီကုံးရေးဖွဲ့လင်္ကာဖြစ်လိမ့်မည်ကို ကျောက်စာစသော ရှေးဝေါဟာရများကို လိုက်စားသော ပုဂ္ဂိုလ်ဟူသမျှတို့ မှတ်ယူဆုံးဖြတ်ရာသည်” ဟု “ထူးမခြားနားအဖြေ” ဆောင်းပါးတွင် ဖော်ပြခဲ့ဖူးပါသည်။
ထိုနည်းတူစွာ ပုဂံခေတ်တွင်ပေါ်ထွက်ခဲ့သော သိုးကလေ အစချီ “ပုပ္ပါးနတ်တောင်ဘွဲ့” လင်္ကာသည် ပုဂံခေတ်ယဉ်ကျေးမှုဓလေ့ထုံးစံ ကို ဖော်ညွှန်းနေပါသည်။ တဖန် မြကန်ဘွဲ့လင်္ကာသည် ကျန်စစ်သားမင်း၏ မဟာနိဗ္ဗာန်လက်စွဲချီရေကန်တော်ကြီးကို သရုပ်ဖော်ချီးကျူးထားသည်။ နှောင်းခေတ်များတွင် ပေါ်မည့် ကန်တော်ဘွဲ့မော်ကွန်းတို့၏ ရှေ့ပြေးဟုဆိုနိုင်ပါသည်။ ဤမြကန်အလင်္ကာများ သည် ရှေးကျသဖြင့် တန်ဖိုးရှိသည်။ ပုဂံခေတ်သုံးကျောက်စာဝေါဟာရများကို အခြားလင်္ကာများတွင် မတွေ့ရ။ ဤလင်္ကာတွင် တေး၊ ကန်ပိုင်၊ ဟုတ္တာ ဟူသော ကျောက်စာစကားပြေအသုံးများကို ထည့်သွင်းစပ်ဆိုထားသည်။ သို့သော် မြကန်၏အလှကို ပေါ်လွင်အောင် အရိုးဆုံး စကားလုံးများကို ညှပ်၍ သုံးနှုန်းဖွဲ့ဆိုထားသည်။ နေ့စဉ်သုံးစကားလုံးဝေါဟာရများကို အစီအစဉ်နေသားတကျ သုံးစွဲထားသဖြင့် နားလည်လွယ်သည်။ ထို့ကြောင့် မြကန်ကဗျာသည် အစီအစဉ်ကျ၍ ပြေပြစ်သော ပသာဒဂုဏ်၊ အနက်အဓိပ္ပါယ်ထင်ရှားပေါ်လွင်အောင် အတ္တဗျတ္တိဂုဏ်၊ မြကန်၏ ဂုဏ်ရည်ကို ဖြစ်သင့်သည်ထက် ပိုမို၍ ဖော်ပြရာရောက်သဖြင့် အတိဿယ၀ုတ္တိလင်္ကာ မြောက်ပါသည်။

● ပင်းယခေတ် (ခရစ်နှစ် ၁၂၉၉ – ၁၃၆၃)
ပင်းယခေတ်တွင် ဂန္တ၀င်ကဗျာအဖြစ် တစီးရှင်သီဟသူလက်ထက် မြင်းခင်းသဘင်တျာဘွဲ့ ၊“ခါးပတ်တော်မှာရွှေခြည်စုံ” အစချီကဗျာ၊ ငါးစီးရှင်ကျော်စွာ၏ “တာဝတိံသာ နတ်ရွာလော နတ်ရွာလော” နှင့် “တမောင်း တမောင်း၊ တို့တမောင်းသည်” အစချီ ကာချင်းကဗျာ၊ စတုရင်္ဂ ဗလ အမတ်ကြီးရေးစပ်သော ရတု “ရွှေဖ၀ါးတော်အောက် ကျွန်၏လျှောက်ဖြင့်” အစချီ၍ ဆူးတွင်းပစ် ဆရာတော် (ပေါက္ကံဆရာတော်) အား မေးမြန်းလျှောက်ထားချက် ရတု၊ ဆူးတွင်းပစ်ဆရာတော်ပြန်လည်ဖြေကြားသော “အထွေထွေမေးတိုင်းဖြေအံ့” အစချီရတုကဗျာတို့ကို တွေ့ရှိရပါသည်။ ယင်းခေတ်တွင် ကဗျာအနေဖြင့် တျာဘွဲ့၊ ကာချင်း၊ ရတုဟူ၍ ကဗျာဖွဲ့ပုံ သုံးမျိုးထွက်ပေါ်လာကြောင်းတွေ့ရှိရသည်။

မြက်ခင်းသဘင်တျာဘွဲ့တွင် ရှေးခေတ်က၀တ်ဆင်ပုံ တန်ဆာဆင်ပုံ တို့ကို ပြန်လည်ထင်ယောင် မြင်ယောင်ဖြစ်လာစေသည်။ တိုင်းပြည်အတွက် မြင်းသည်တော်ကောင်းများ ပေါ်ထွန်းရေးကို လှုံ့ဆော်သော ကဗျာအဖြစ် တွေ့မြင်နိုင်ပြီး ၀ီရရသခံစားမိသလို၊ သန္တရသ ကြည်နူးမှု ဖြစ်စေသည်။

ငါးစီးရှင်ကျော်စွာ၏ တာဝတိံသာနတ်ရွာလော နတ်ရွာလော အစချီနှင့် တမောင်း တမောင်း တို့တမောင်း အစချီကာချင်း ကဗျာများ သည် မြန်မာစာပေသမိုင်းတွင် အစောဆုံးပေါ်ထွက်လာခဲ့သော အဖွဲ့အနွဲ့တစ်မျိုးဖြစ်သည်။ ဖွဲ့ဆိုပုံအကြောင်းအရာသည် ၀ီရရသအပြည့်ပါရှိ နေလေသည်။ ထို့အပြင် ကဗျာအဖွဲ့အနွဲ့သည် မိမိတိုင်းပြည် မိမိပတ်ဝန်းကျင်ကို ဂုဏ်တင်၍ ဖွဲ့ဆိုခြင်းသည်လည်း နှစ်သက်စဖွယ် ကောင်းသော အတွေးအခေါ်အယူအဆဟု ဆိုနိုင်သည်။ မိမိဘ၀ကို လှပစွာ ဥပမာ ဥပမေယျတို့ဖြင့် တင်စားဖွဲ့ဆိုမှုသည် စာပေအလှရတနာ ဟု ဆိုနိုင်သည်။ မြင်းစိုင်းဟူသည် ရွှေပြည် ရွှေပြည် ဟူသော အဖွဲ့အနွဲ့၊ မြင်းစိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေခြုံတက်နွယ်၊ ခြုံတက်နွယ် ဟူသော အဖွဲ့အနွဲ့တို့ဖြင့် နေချင့်စဖွယ်ကောင်းသော သာယာလှပကောင်းမွန်သော မြင်းစိုင်းရွှေမြေ ကို ဖွဲ့ဆိုထားသည်။ တနည်းဆိုသော် ကဗျာစာဆို ငါးစီးရှင်ကျော်စွာသည် ကိုယ်တွေ့မျက်မြင်စစ်ပွဲကို ဖွဲ့ဆိုထားသော လက်ရာမြောက်သော ဂန္တ၀င်ကာချင်းကဗျာတစ်ပုဒ်ဖြစ် ကြောင်း တွေ့ရသည်။

ပင်းယခေတ်၌ပင် ဂန္တ၀င်မြောက် အခြားကဗျာကြီးတစ်ပုဒ်မှာ စတုရင်္ဂဗလအမတ်ကြီးရေးဖွဲ့သီးကုံးသော ရွှေဖ၀ါးတော်အောက်၊ ကျွနုပ်၏လျှောက်ဖြင့် အစချီ ရတုပိုဒ်စုံကဗျာဖြစ်သည်။ ဤကဗျာကြီးသည် ပေါက္ကံဆရာတော် (ခေါ်) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရားတရားတော်နှင့် စပ်လျဉ်း၍ မေးမြန်းရေးသားဖွဲ့ဆိုသော အမေးပုစ္ဆာကဗျာဖြစ်သည်။ မြန်မာကဗျာလောကတွင် ရှေးကျလှသော ရတုအဖွဲ့အနွဲ့ဖြစ်ပြီး ရေးဖွဲ့ပုံ၊ ကာရန်စနစ်တကျ ယူ၍ ဖွဲ့စည်းပုံ၊ ကဗျာစည်းကမ်းလိုက်နာပုံတို့သည် များစွာလေ့လာဖွယ်၊ စူးစမ်းဖွယ်၊ စစ်တမ်းထုတ်ဖွယ်ကောင်းလှသော ပင်းယခေတ် ဂန္တ၀င်တစ်ပုဒ်ဖြစ်ပါသည်။

● အင်းဝခေတ် (ခရစ်နှစ် ၁၃၆၄ – ၁၅၂၆)
အင်းဝခေတ်သည် မြန်မာကဗျာတရှိန်ထိုးတိုးတက်ကြီးပွားလာကြောင်းကို ထိုခေတ်၌ ပြုစုရေးသားကျန်ရစ်ခဲ့သော ကဗျာကြီးများက သက်သေခံလျက်ရှိသည်။ အင်းဝခေတ်မြန်မာကဗျာများသည် အဖွဲ့အနွဲ့၌သော်လည်းကောင်း၊ အတွေးအခေါ်သော်လည်းကောင်း စံပြုအပ်သော ဂန္တ၀င်ကဗျာများအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းခေတ်၌ ပေါ်ထွက်လာသော စာဆိုတော်များမှာ ပထမမင်းခေါင်ကြီး၊ အဒူမင်းညို၊ ရခိုင်မင်းသမီး၊ ရှင်သူရဲ၊ ရှင်ထွေးညို၊ သခင်ထွေး၊ ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလ၀ံသ၊ ရှင်အုံးညို၊ ရှင်ခေမာ၊ ရှင်မဟာရဋ္ဌသာရ၊ ၀ံတောင်လယ်ဘုန်းကြီး၊ ကန်တော်မင်းကျောင်းဆရာတော်၊ ရှင်တေဇောသာရ၊ ရှင်အဂ္ဂသမာဓိ၊ ရှင်ဣန္ဒဂုတ္တ၊ မိညို၊ မိဖြူစသည်တို့ ဖြစ်သည်။

အင်းဝခေတ်တွင် ဖွဲ့ဆိုခဲ့သော ကဗျာအမျိုးအစားမှာလည်း စုံလင်လှပေသည်။ ကျေးစေရတု၊ စစ်ချီရတု၊ ဧချင်း၊ မော်ကွန်း၊ တောလားရေလား၊ ပျို့၊ လင်္ကာကြီး၊ ကန်တော်ဘွဲ့၊ မေတ္တာစာ၊ ဆုံးမစာ၊ ကိုယ်ရည်သွေးရတု စသည့် မြန်မာကဗျာကြီးများပင် ဖြစ်သည်။

အင်းဝခေတ်စာဆိုကြီးများ၏ ဂန္တ၀င်မြောက်ကဗျာများအနက် ရှင်မဟာရဋ္ဌသာရဖွဲ့ဆိုသော စတုဓမ္မသာရကိုးခန်းပျို့ကို ထုတ်ဖော် ပါရစေ။ ကိုးခန်းပျို့သည် ရှင်မဟာရဋ္ဌသာရအကျော်၏ အကောင်းဆုံးပျို့ကြီးဟု ပညာရှင်တို့ အသိအမှတ်ပြုကြသည်။ ဤပျို့ကို ရေးဖွဲ့ဆိုစီကုံး ချိန်တွင် စာဆိုသည်အသက်အရွယ်ကြီးရင့်၍ စာပေဗဟုသုတပြည့်စုံပြီးလောကအမြင်၊ လောကုတ္တရာအမြင် ပိုမိုကြွယ်ဝသောအချိန်ဖြစ် သဖြင့် အဆင့်အတန်းမြင့်မားလှသည်။

ဤပျို့ကို ဆရာကြီးဦးဖေမောင်တင်၏ “မြန်မာစာပေသမိုင်း”တွင်-

“ဤကိုးခန်းပျို့သည် ဘုရားဟောဝီသတိနိပါတ်ဟတ္ထိပါလဇာတ်တော်ကြီးကို မြန်မာဘာသာပြန်ဆို၍ စကားတန်ဆာ ဆင်ယင်ကာ ရေးသားထားသော ပျို့ဖြစ်လေသည်။ ရှင်မဟာရဋ္ဌသာရသည် မင်းသားလေးပါးတောထွက်ခန်း၌ မိမိအစွမ်းကုန် မွမ်းမံခြယ်လှယ်၍ ရေးသားဖွဲ့နွဲ့ထား၏။ ထို့ကြောင့်ပင်လျင် မင်းသားလေးပါးတို့၏ တရားများသည် လွန်စွာအနှစ်သာရနှင့်ပြည့်စုံ၍ တရားကြောင်းဖွဲ့နွဲ့ပုံများ မှာလည်း တစ်ခုနှင့်တစ်ခု မတူစေဘဲ တမျိုးတသီး တခြားအာဘော်သစ်လဲလှယ်၍ ဖွဲ့နွဲ့ထား၏။ ထို့ကြောင့် ဤပျို့သည် ဓမ္မကြောင်း၊ လောကကြောင်း၊ ရာဇကြောင်း အဘက်ဘက်တွင် စုံလင်သော ကျမ်းဖြစ်သတည်း။ ကိုးခန်းပျို့တွင် ရှင်မဟာရဋ္ဌသာရအား ချီးမွမ်း လောက်သော ဂုဏ်ကျေးဇူးများကား မိမိဖွဲ့ဆိုလိုသော အကြောင်းအရာများကို ဥပမာ၊ ဥပမေယျတို့ဖြင့် ဖွဲ့နွဲ့၍ ပြဆိုနိုင်ခြင်းများပင် ဖြစ်၏။” ဟု ဖော်ပြထားသည်။

ထိုနည်းတူစွာ ၁၉၅၆ ခုနှစ်က စတုဓမ္မသာရကိုးခန်းပျို့ကို တည်းဖြတ်ခဲ့သော ဒေါ်ခင်စော (မဟာဝိဇ္ဇာ) က-

“ကိုးခန်းပျို့သည် ဥပမာအမျိုးမျိုး၊ ဥပစာအသွယ်သွယ် စကားပရိယာယ်အလှယ်လှယ်တို့ဖြင့် မွမ်းမံပြုပြင် တန်ဆာဆင်၍ စီရင်သီနှုန်း ဖွဲ့ထားသည် ဖြစ်ရကား ဖတ်ဖွယ်မှတ်ဖွယ်၊ နားဝင်ပီယံဖြစ်ဖွယ်တို့နှင့် ပြည့်စုံစုံလင်လှ၏။ ထို့ကြောင့်လည်း မြန်မာစာပေသမိုင်းတွင် ပထမတန်းစား ထားထိုက်သော ပျို့တစ်စောင်ဖြစ်သည်ဟု ပညာရှိအများက အကဲဖြတ်ကြကုန်သည်။ စာဆိုသည် မိမိဆိုလိုသည့် အကြောင်းအရာတရပ်ကို စာရှုသူတို့ ကွက်ကွက်ကွင်းကွင်း ထင်လင်းသိသာရန် ဥပမာ အထွေထွေတင်ပြဖွဲ့ဆိုနိုင်စွမ်းရှိပေသည်။ ပျို့တစ်စောင်လုံးတွင် အသတ်တူကာရန်ယူလျက် သတ်စေ့နှက်သုံးချက်ညီစပ်နည်းကို အများဆုံး အသုံးပြုကာ စပ်ဆိုသဖြင့်လည်း စာသွား ပြေပြစ်ချောမွေ့၍ နားဝင်ငြိမ့်ညောင်းလှသည်။

ဟတ္တိပါလတောထွက်ခန်းပိုဒ်ရေ ၃၉ တွင် လေးကျွန်းသနင်း စကြာမင်းပင်ဖြစ်လင့်ကစား တဏှာသခင်၏ အလိုကျ ကျွန်ရာသွင်း၍ စေခိုင်းခြင်းခံရဟန်ကို….

ပြင်ပရာဇ၊ သမိုက်ပါလည်း၊ တဏှာသခင်၊ အရှင်ထင်လင်း၊ ကျွန်ရာသွင်း၍၊ စေခြင်းတမန်၊ အဖန်ဖန်လျှင်၊ တသန္ဓေစေ၊ တပေကျဉ်းလျဉ်း၊ တညှဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသမ်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တ၀န်းလျားလျား၊ ရဟတ်ချားသို့၊ လှည့်ဖျားဘ၀၊ သံသရာတွင်ဧကစတု၊ ငါးခုခန္ဓာ၊ ရိုရှားစွာခဲ့” ဟူ၍ တရားသံဝေဂယူဖွယ်ဖွဲ့ဆိုသည်သာမက အက္ခရာတူစကားလုံးကလေးများကို နီးကပ်စွာသုံးနှုန်းသဖြင့်လည်း မဓုရတဂုဏ်မြောက်ပေသည်။ ကိုးခန်းပျို့၏ နှစ်သက်ဖွယ်ဂုဏ်တရပ်မှာ အဓိပ္ပါယ်လျှို့ဝှက်အသိခက်သည့် စကားလုံးများနည်းပါး ၍ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားခြင်းပင်တည်း” ဟူ၍ ဖော်ပြထားပါသည်။ ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကာကြီး၊ တံတားဦးတည်မော်ကွန်း၊ သံဝရပျို့၊ ပုံတော်နိုင်မော်ကွန်း၊ ၀တ်ရုံကျောင်းဘွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်းနှင့် အခြားရတုကဗျာများကိုလည်း ရေးဖွဲ့သီကုံး ခဲ့သည်။


အင်းဝခေတ်တွင် ပေါ်ထွက်ခဲ့သော ရှင်ဥတ္တမကျော်၏ တောလား၊ ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ တောင်တွင်းလာပျို့၊ ဗုဒ္ခုပ္ပတ္တိပျို့၊ ဓမ္မပါလပျို့၊ ရှင်တေဇောသာရ၏ စတရဋ္ဌသုဝဏ္ဏဟံသပျို့၊ ရှင်အုံးညို၏ ဂါထာခြောက်ဆယ်ပျို့၊ ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသာမပျို့၊ နေမိငရဲခန်းပျို့၊ နေမိဘုံခန်းမဂ္ဃဇိုဝ်းပျို့၊ ရခိုင်မင်းသမီး၊ အဒူမင်းညိုတို့၏ ဧချင်းများ၊ ရှင်သူရဲ၏ စစ်ချီရတုများ၊ ရှင်ထွေးညို၏ ပြည်စုန်မော်ကွန်း၊ ကန်တော်မင်းကျောင်းဆရာတော်၏ မေတ္တာစာ၊ လောကသာရဆုံးမစာပျို့၊ ရှင်တေဇောသာရ၏ ရွှေဟင်္သာမင်းပျို့၊ ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်တော်ခန်းပျို့၊ အာဒါသမုခပျို့၊ နန်းတွင်းမိဖြူ၊ မိညို တို့၏ ကိုယ်ရည်သွေးရတု များသည်လည်း ဂန္တ၀င်ကဗျာတန်းဝင်ကဗျာများပင်ဖြစ်ပါသည်။

● တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ – ၁၅၉၆)
တောင်ငူခေတ်တွင် မြန်မာကဗျာသည် အတော်ပင် အခြေခိုင်ခံ့နေပေပြီ။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်လာသော မြန်မာကဗျာအင်အားစုသည် အလွန်ကြီးမားသော အခြေအနေသို့ရောက်ရှိနေသည်။

တောင်ငူခေတ်တွင် ပေါ်ထွန်းလာသော ကဗျာစာဆိုများမှာ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ၎င်းတို့ဖွဲ့ဆိုရေးသားခဲ့ကြသော ကဗျာလင်္ကာစာပေများ မှာ လှော်ကားသုံးထောင်မှူး၏ မင်းတရားရွှေထီးဧချင်း၊ မင်းတရားရွှေထီးနားတော်သွင်း၊ ရှင်ထွေးနာသိန်၏ အင်းဝမြို့သို့ တမ်းတရတုပိုဒ်စုံ၊ ပြည်န၀ဒေးကြီး၏ မိုးဖွဲ့၊ တောဖွဲ့၊ ပန်းဖွဲ့၊ ပြည်ဖွဲ့၊ နန်းဖွဲ့၊ စစ်ချီမောင်ဖွဲ့၊ ဘုရားတိုင်မယ်ဖွဲ့၊ မောင်ဖွဲ့၊ အမေးအဖြေရတု၊ ကျေးစေရတု၊ သိကြားတိုင်ရတု၊ ဘုရင့်နှမတော်ဧချင်းခေါ် ယိုးဒယားမိဘုရားဧချင်း၊ မင်းတရားမယ်တော်ဧချင်း၊ ဆင်ဖြူရှင်မယ်ဧချင်း၊ မနော်ဟရီပျို့၊ ရှင်ဝေရှင်ထွေး၏ အဏ်ချင်း၊ နတ်သျှင်နောင်၏ ဘုရားတိုင်မယ်ဘွဲ့ရတု၊ ဘုရားတိုင် မောင်ဘွဲ့ရတု၊ ကျေးစေရတု၊ ရာဇဓါတုကလျာဘွဲ့ ရတု၊ သစ္စာတိုင်မယ်ဘွဲ့ ရတု၊ ဆောင်းရာသီ မယ်ဘွဲ့ရတု၊ မင်းဇေယျ ရန္တမိတ်၏ ဥတေနသာချင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇမာဏ၀ိကာသာချင်း၊ မင်းရဲနရာဧချင်း၊ ရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်း စသည့် မြန်မာ ဂန္တ၀င်ကဗျာများဖြစ်သည်။

တောင်ငူခေတ်သည် အင်းဝခေတ်နှင့် မတူချေ။ အင်းဝခေတ်တွင် ရဟန်းစာဆိုပေါများ၍ လူပုဂ္ဂိုလ်စာဆို ရှားပါးသည်။ တောင်ငူခေတ်တွင် လူပုဂ္ဂိုလ်စာဆိုများပြားသည်။

တောင်ငူခေတ် ဂန္တ၀င်မြောက်ကဗျာများအနက် ပြည်န၀ဒေး၏ ရတုမှာ ထင်ရှားသည်။ န၀ဒေးသည် သက္ကရာဇ် ၈၉၄ ခုနှစ် တွင် ပြည်မြို့၌ နန်းတက်သော ဘုရင် နရပတိ၏ ယောက်ဖတော် မင်းဘစော၏ အထိန်းတော်သားဖြစ်သည်။ အသက် ၁၀ နှစ် အရွယ်ကစ၍ ရတုကဗျာများ စပ်ဆိုခဲ့သည်။ စလင်းတွင် စည်သူကျော်ထင်ထံ ခစားရာ “မင်းလက်ျာ” ဘွဲ့ ရခဲ့သည်။ စည်သူကျော်ထင်နှင့် စစ်ကိုင်းသို့ လိုက်ပါခစားသည့်အခါ ထောင်သင်းကို ကြီးမှူးရသောကြောင့် “ထောင်သင်းမှူး” ဟု အမည်တွင် ပြန်သည်။ စစ်ကိုင်းစည်သူကျော်ထင်အင်းဝတွင် မင်းပြုစဉ် ဟံသာဝတီဘုရင် ဆင်ဖြူများရှင် အင်းဝကို တိုက်ခိုက်သိမ်းယူသည်။ ထိုအခါ ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံမှ ထောင်သင်းမှူးကို တောင်းယူသည်။ ပြည်မြို့တွင် စာဆိုကောင်းသောကြောင့် န၀ဒေးဘွဲ့ဖြင့် ချီးမြှင့်ခံရသည်။ န၀ဒေးဟူသော ဘွဲ့အမည်၏ အဓိပ္ပါယ်မှာ သုံးမျိုးပြား၏။ န – ၀ဒေ = ကဗျာလင်္ကာဖွဲ့ဆိုရာ၌ အပြစ်ဆိုစရာမရှိအောင် ကောင်းမွန်သော စာဆိုတော်။ န၀ – ဒေ = ရသကိုးပါး ပေါ်လွင်အောင် စပ်ဆိုနိုင်သော စာဆိုတော်။ န၀ဒေး = အသစ်အဆန်းတီထွင်စပ်ဆိုနိုင်သော စာဆိုတော် ဟူ၍ အဓိပ္ပါယ်သုံးမျိုး ရှိသည်။ စာဆိုတော် န၀ဒေးကြီးသည် ပိုဒ်စုံရတုပေါင်း ၃၀၀ ကျော်ကို ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုအခါ ၂၃၆ ပုဒ်မျှကို သာ ရှာဖွေတွေ့ရှိတော့သည်။ မြန်မာကဗျာစာပေသမိုင်းတွင် န၀ဒေးလောက် ရတုပုဒ်ရေ များများ ရေးဖွဲ့ခဲ့သည့် စာဆိုဟူ၍ မရှိ ခဲ့ဘူးချေ။ ရတုအမျိုးအစားမှာလည်း စုံလင်လှ၏။ စစ်ချီ၊ ဘုရားတိုင်၊ သိကြားတိုင်၊ မိုးတိုင်၊ မြို့ဘွဲ့၊ မယ်ဘွဲ့၊ အဖြည့်ခံ၊ ဥဒေါင်း ဖိုမ အမေးအဖြေ၊ ၀မ်းဘဲဖိုမ အမေးအဖြေ စသည်ဖြင့် ဖွဲ့နွဲ့ပုံမျိုးစုံလေသည်။

န၀ဒေးကဲ့သို့ပင် တောင်ငူခေတ်၌ ရတုဘုရင်အဖြစ် ကျော်ကြားခဲ့သော စာဆိုတော်မှာ နတ်သျှင်နောင် ဖြစ်သည်။ စာဆိုအကျော် နတ်သျှင်နောင်သည် အခြားစာဆိုကျော်နှင့် လုံးဝမတူ တမူကွဲပြား၏။ ကဗျာဖွဲ့ဆိုသီကုံးသုံးနှုန်းပုံမှာလည်း လွန်စွာ ဆန်းပြားသည်။ စကားလုံးသုံးနှုန်းမှုအရာ၌ ကျွမ်းကျင်သဖြင့် စကားလုံးအမျိုးမျိုးကို ရေလဲနှင့်သုံးနှုန်းသူဖြစ်သည်။

ရတုဘုရင် နတ်သျှင်နောင်သည် ဇင်းမယ်ဘုရင်၏ နှမတော် ရာဇဓာတုကလျာကို နှစ်သက်မြတ်နိုးလှ၍ သူဖွဲ့နွဲ့သီကုံး သမျှ သော မယ်ဖွဲ့ရတုကဗျာတို့သည် အတိုင်းထက်အလွန်ကောင်းမွန်သည်ဟု ဝေဖန်ရေးသားကြသည်။

မြန်မာလူမျိုးတို့နှုတ်ဖျားတွင် သီဆိုလေ့ရှိသော ရတုဘုရင်၏ ရတုတစ်ပုဒ်မှာ “ပေါ်နွေလလျှင်” အစချီသော ကဗျာဖြစ်ပါ သည်။ ဤရတုသည် လွမ်းဆွတ်ကြေကွဲစရာအောက်မေ့တမ်းတစရာတို့ကို ပြေပြစ်ပျော့ပျောင်းလှသော သဒ္ဒါလင်္ကာရ၊ လှပဆန်းကြယ်သော အတ္တာလင်္ကာရတို့ဖြင့် သီကုံးစပ်ဆိုထားသည်ကို တွေ့ရှိရလေသည်။ ဤရတုပိုဒ်စုံကို ကောက်နုတ်ဖော်ပြ ပါရစေ။

“ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်တိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှင် ပြကာ၊ စိမ်းဝါမိုးပန်း၊ တွေတွေစွန်းက၊ ရေသွန်သာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပျောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သောဝ်။”

စာပေသုတေသီတို့က ရတုဘုရင်  နတ်သျှင်နောင်သည် ရှေ့ကဖြစ်သော ပြည်န၀ဒေး၏ ရတုအဖွဲ့အနွဲ့များမှ ကောင်းရာ ညွန့်ရာတို့ကို ယူ၍ ပင်ကိုပါရမီဓါတ်ခံအနုပညာနှင့် ဖန်တီးရေးသားဖွဲ့ဆိုလိုက်သောအခါ ပထမတန်းစားရတုများအဖြစ်သို့ ရောက်ရှိလာသည်။ ဤသို့ နတ်သျှင်နောင်သည် ပထမတန်းစာဆိုတော်ကြီးအဆင့်သို့ ရောက်ရှိလာပေသည်။

နတ်သျှင်နောင်၏ အမွေကို ခံယူသူရတုစာဆိုရှင်သံခိုသည်လည်း န၀ဒေးကြီး၏ အာဘော်ကို အတုယူသည်။ န၀ဒေးသည် “ကိုးပါးမျက်စုံ” ချီ ကျေးစေရတုတွင်-

“နှုတ်ကွေးထိပ်ပြင်၊ သက်တင်တိရန်၊ မြီးသွန်းတောင်ပံ” ဟု စပ်ဆိုသည်ကို ရှင်သံခိုက သူ၏ “ကျည်းကဆက်သည်” အစချီ ကျေးစေရတုတွင်- “သန္တာနှုတ်ကွေး၊ သက်တင်ရေးနှင့်၊ လည်ကွေးမြီးသွန်း” ဟု အတုယူဖွဲ့ဆိုသည်။

တောင်ငူခေတ် ရတုစာဆိုကျော်တစ်ဦးဖြစ်သော မင်းဇေယျရန္တမိတ်သည်လည်း မုတ္တမဗြင်းနတ်ဘုရားတိုင် ရတုတွင် န၀ဒေး၏ အတွေးအမြင်အတိုင်း စပ်ဆိုထားသည်ကို တွေ့ရ၏။ န၀ဒေးက-

“ထစ်ကြွေးပြင်းစွာ၊ မိုးတိရွာလည်း၊ ထက်မှာမကျ၊ မြေကလွင့်တက်၊ သိကြားသက်၍၊ တံမြက်လှည်းနေ၊ သမုဒ်ရေ၀ယ်၊ စီးလှေသင်္ဘော၊ လွင့်ပြန်မျောလည်း” ဟု ဖွဲ့ဆိုသည်ကို မင်းဇေယျရန္တမိတ်က-

“တိမ်မှောင်စင်ကြယ်၊ မြရည်ထက်မှ၊ မကျစင်တက်၊ တံမြက်မာဃ၊ နတ်မမလှည်း၊ ၀န်းသည်းကျယ်ဝုတ်၊ သမုဒ်လယ်ချယ်၊ သင်္ဘောစက်လည်း” ဟု ဖွဲ့သီခဲ့သည်။ စကားအသုံးအနှုန်းအချို့မှလွဲ၍ အမြင်အတွေးတစ်ပြေးတည်းသာ ဖြစ်ပါသည်။

● ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇ – ၁၇၅၁)
ညောင်ရမ်းခေတ်တွင် ထင်ရှားသော စာဆိုတို့မှာ ရှင်ကရ၀ိက၊ ၀န်ကြီးပဒေသရာဇာ၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက် မင်းတို့ဖြစ်သည်။ ရှင်ကရ၀ိက၏ မင်းလှယဉ်နုပျို့၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊ ကုမ္မာဘယပျို့၊ ဆန္ဒပျို့၊ နုမောလင်္ကာပျို့၊ ကြာနတ်ကေသာပျို့၊ မနော်ပျို့သစ်၊ သမုဒ္ဒဃောပျို့၊ ယိုးဒယားသံရောက်ပျို့၊ မနော်ပျို့၊ ထိပ်ဦးတင်ဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ စလင်းမင်းဧချင်း၊ စန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊ မဟာပတိပျို့၊ ၃၇မင်းဧချင်း၊ တျာဖွဲ့များ၊ ဘုန်းတော်ဘွဲ့သီချင်းခံ သီချင်းကြီးများ၊ ဇာတ်ချင်းများ၊ ဦးအောင်ကြီး၏ အင်းဝမြို့ဖွဲ့၊ ၁၂ ရာသီ လူတားကဗျာများ၊ ဟံသာဝတီရောက် မင်း၏ “ပုဂ္ဂိုလ်ခြောက်မည်” အစချီသုံးချက်ညီပိုဒ် စုံ၊ ကုဇ္ဇတိပလုဇ္ဇတီတိလောကော၊ သဘောနိယံ၊ လောကစံနှင့်အစချီ အင်းဝပျက်တမ်းချင်းတို့ကို ရေးသားဖွဲ့ဆိုခဲ့ကြသည်။

ညောင်ရမ်းခေတ် စာဆိုကျော်ဝန်ကြီးပဒေသရာဇာရေးဖွဲ့ခဲ့သော ရတုကဗျာ၊ ပျို့များစွာအနက် သူဇာပျို့သည် ထင်ရှားပေ သည်။ ပျို့သည် ပိုဒ်ရေများစွာ ပါဝင်သော လေးလုံးစပ်ကဗျာရှည်ဖြစ်သည်။ ရေးဖွဲ့သည့်အကြောင်းအရာကို စကားတန်ဆာ၊ အနက်တန်ဆာများဖြင့် နှစ်သက်ဖွယ်ကောင်းအောင် ဝေေ၀ဆာဆာ ရေးဖွဲ့သည့်အတွက် ထိုကဗျာမျိုးကို “နှစ်သက်ဖွယ်” ဟု အဓိပ္ပါယ်ရသော “ပျို့” ဟူသည့် ဝေါဟာရဖြင့် အမည်သညာပြုထားခြင်းဖြစ်သည်။ သူဇာပျို့သည် သီကုံးဖွဲ့ဆို ပုံ အသုံးအနှုန်းတို့မှာ ယဉ်ကျေးသိမ်မွေ့နူးညံ့သည်။ ဝေါဟာရပရိယာယ်ကြွယ်ဝသည်။ နန်းမူနန်းဟန်မှာ သူမတူအောင် ကောင်းလှသည်။ ကြမ်းတမ်းသင့်သည့်နေရာမှာ ကြမ်းတမ်း၍ နုနယ်သိမ်မွေ့ရမည့်နေရာတွင် နုနယ်သိမ်မွေ့လှကြောင်း တွေ့ရှိရသည်။ သူဇာပျို့နှင့် ပတ်သက်၍ “စာနုကိုလည်း မချစ်နှင့် သူဇာကိုလည်း မပစ်နှင့်” ဟူ၍ ရှေးပညာရှိတို့ဆိုစမှတ်ထားရစ် ခဲ့ကြသည်။ ဆိုခဲ့သည့်အတိုင်း သူဇာပျို့သည် လွန်စွာ နုယဉ်သိမ်မွေ့နူးညံ့လှသော စကားလုံးအသုံးအနှုန်းတို့ဖြင့် တန်ဆာဆင်၍ ဖွဲ့နွဲ့သီကုံးစပ်ဆိုခဲ့လေသည်။ ဤပျို့တွင် ပုဒ်ရေ ၁၂၅ ၌ သုဒ္ဓါစာရရှင်ရသေ့က မေးမြန်း၍ ဒေ၀ိန္ဒရာဇ်နတ်မင်း၏ သမီးတော် တစ်ပါးဖြစ်ကြောင်း ဖြေဆိုပြီးနောက် သူမ၏ ကြင်ယာတော်အိမ်ရှေ့မင်းသားစစ်ထွက်သွားနေရကြောင်း ပုဏ္ဏားက ချောက်တွန်း၍ ယဇ်နတ်ပူဇော်ခံရမည့်အခြေအနေတိုင်ခဲ့ကြောင်း၊ ယခု ဟေမာဂီရိတောင်သို့ ပြန်ရမည်ဖြစ်ကြောင်း၊ သူမ၏ ကြင်ယာတော်လိုက် လာပါက မှာကြားစရာရှိသည်ကို မှာကြားလိုကြောင်း ပြောကြားပုံကို ဖွဲ့ဆိုထားရာ များစွာကရုဏာသက်ဖွယ် ကြေကွဲဖွယ် တွေ့ရသည်။

ဤကဗျာကို ဖတ်ရှုပါက ၀န်ကြီးပဒေသရာဇသည် သူဇာနတ်သမီးလေး၏ ချစ်ခြင်းမေတ္တာကြီးမားပုံ၊ ခင်ပွန်းသည်လိုက်ပါက စိုးရိမ်ကြောင့်ကြဖြစ်ရပုံ၊ ခင်ပွန်းသည်က သူမအား မိမိအသက်ကိုပါ ငဲ့ကွက်မညှာလိုက်လာမည်ကို သိပုံ စသည်ဖြင့် ဖွဲ့ဆိုထားသည်မှာ သနားစရာ ကြေကွဲစရာ ကောင်းလှပြီး ကရုဏာရသမြောက်လှပါသည်။ ဤပျို့ကို ဖွဲ့ဆိုရာ၌ ဘ၀အမြင်၊ လောကအမြင်တို့ဖြင့် ဖွဲ့ဆိုထားပြီး အနုပညာမြောက်စွာ ဖန်တီးစီရင်ထားပေရာ မြန်မာစာပေလောက၏ ဂန္တ၀င်ကဗျာကြီးတစ်ပုဒ်အဖြစ် ထင်ထင်ရှားရှား ရပ်တည်လျက် ရှိပါသည်။

ဝန်ကြီးပဒေသရာဇာ၏ ကဗျာများအနက် တျာချင်းများဖြစ်သော လယ်သမား၊ ထန်းသမား၊ ပိန်းကောသမား၊ တောင်ပိုင် တက်သမား၊ အညာလှေသူကြီးတို့သည် မြန်မာစာပေလောကတွင် အထူးထင်ရှားသော စာပေရတနာများဖြစ်ပေသည်။

တျာချင်းကဗျာ၏ အဓိပ္ပါယ်မှာ “တျာ” ဟူသော မြန်မာဝေါဟာရသည် ချိုမြသာယာသိမ်မွေ့စွာဖွဲ့ဆိုအပ်သော ကဗျာ၊ သီဆိုရသော ကဗျာဟု အနက်ရ၍ ကဗျာသဘောထက် ဂီတဘက်သို့ အလေးသာသော ကဗျာသီချင်းဖြစ်သည်။ တူရိယာ နှင့် တွဲဘက်တီးမှုတ်သီဆိုရသည်။ ရှေးက တျာဘွဲ့သီချင်းဟု ခေါ်ကြသည်။ မြန်မာကဗျာစာပေသမိုင်း၌ အစောဆုံးတွေ့ရသော တျာချင်းမှာ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယခေတ်ဘုရင်သီဟသူ လက်ထက် ရေးဖွဲ့သည့် “ခါးပတ်တော်မှာ ရွှေချည်စုံမှိုင်းလုံး ရွှေဝတ်လုံ”အစချီသော တျာချင်းနှင့် ၇၂၆ ခုနှစ် အင်းဝဘုရင် သတိုးမင်းဖျားလက်ထက်တွင် ရေးဖွဲ့ခဲ့သည်ဟု အဆိုရှိသော “ဆိတ်စားငယ်လေ မှတ်တမဲ့” အစချီသည့် တျာချင်းများပင်ဖြစ်သည်။

တျာချင်းများရေးသားခဲ့ရာ၌ ၀န်ကြီးပဒေသရာဇာသည် မိမိကိုယ်မိမိ တောသူတောင်သားဈာန်ဝင်၍ ရေးသားခဲ့သည်ဟု ဆိုနိုင်သည်။ မြို့ကြီးပြကြီး၊ ရွှေနန်းတော်တွင်း ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို မဖွဲ့၊ တောသူတောင်သားတို့ ဆင်းရဲနွမ်းပါးစွာ အသက်မွေးဝမ်းကျောင်းရသော အဖြစ်သနစ်သရုပ်မှန်ဘ၀ကို ရေးဖွဲ့ခဲ့သည်။ ၀န်ကြီးပဒေသရာဇာသည် သူ၏ ရှေ့ ရေးသားစပ်ဆိုခဲ့သော စာဆိုအကျော်များ၊ သူနှင့်ခေတ်ပြိုင်စာဆိုကျော်များကဲ့သို့ ဘုံခန်းမှ ကြီးကျယ်ခမ်းနားသော နန်းဗိမာန် ဘုံအဆောင်ဆောင် ဖွဲ့ဆိုခြင်းမျိုးတို့နှင့်မတူ သီးခြားလူ့ဘ၀ကို ဖွဲ့ဆိုကြောင်းတွေ့ရသည်။ ၀န်ကြီးသည် ကျေးလက်တောရွာ နေထိုင်စားသောက်ရသော နင်းပါးတို့၏ဘ၀ကို ရင်ထဲတွင် နက်ရှိုင်းစွာ ခံစားမိဟန်တူလေသည်။

ဤကဲ့သို့ ပြည်သူဘက်ကရပ်တည်ဖွဲ့ဆိုခဲ့သော ၀န်ကြီးပဒေသရာဇာသည် ဒုတိယအင်းဝခေတ် ခေါ် ညောင်ရမ်းခေတ် အင်္ဂါမင်းလက်ထက် သက္ကရာဇ် ၁၀၄၇ တွင် အင်းဝမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးနှင့် စာဆို၏ အမည်အရင်းကို မသိရသော်လည်း ဖခင်သည် ထိုစဉ်က နန်းတွင်းမှူးကြီးမတ်ကြီးတစ်ဦးဖြစ်ခဲ့ကြောင်းနှင့် မိခင်သည် အိမ်ရှေ့မင်း၏ အချီတော် ဖြစ်ခဲ့ကြောင်း အထောက်အထားတွေ့ရသည်။

သက္ကရာဇ် ၁၀၆၀ တွင် ပဒေသရာဇ၏ မိခင် ချီထိန်းခဲ့ရသော စနေမင်းသည် သီရိမဟာ သီဟသူရ သုဓမ္မရာဇာ ဘွဲ့ခံ၍ ရွှေတောင်တက်ခဲ့သည်။ ထိုအခါ ပဒေသရာဇာဖြစ်လာမည့် အချီတော်၏ သားသည် စုရေးစုကိုင် ဖြစ်လာသည်။ ထိုအချိန်မှစ၍ ပဒေသရာဇာသည် ကဗျာလင်္ကာများရေးစပြုလာသည်။

သက္ကရာဇ် ၁၀၇၆ တွင် စနေမင်း၏ သားတော် တနင်္ဂနွေမင်းနန်းတက်သောအခါ “လက်ဝဲရွှေတောင်ဘွဲ့” ဖြင့် ချီးမြှင့်ပြီး မန်ကျည်းတုံရွာကို ပေးသနား၏။ ဝေါဗလာစီးခွင့်၊ ကျိုင်းရွှေချပ်နှစ်စင်း ဆောင်းခွင့်ပြု၍ ချီးမြှောက်ခြင်းလည်း ခံရ၏။ ထိုမင်းလက် ထက်တွင်လည်း စာဆိုသည် ပျို့ကဗျာများကို ရေးသားဆက်သွင်းခဲ့၏။ ထို့အပြင် တနင်္ဂနွေမင်း၏ သား စဥ့်ကူးမင်းသား၏ အကြီးတော်အဖြစ်လည်း အမှုထမ်းရ၏။ သက္ကရာဇ် ၁၀၉၅ တွင် စဥ့်ကူးမင်းသားသည် ကြာသပတေးမင်းအဖြစ် နန်းတက်၏။ ထိုကြာသပတေးမင်းကား နောင်အခါတွင် ဟံသာဝတီ လိုက်ပါရသည် ဖြစ်သောကြောင့် သမိုင်း၌ ဟံသာဝတီရောက်မင်းအဖြစ် ထင်ရှားသည်။

ဟံသာဝတီရောက်မင်းသည် စာပေမြတ်နိုးသည့်အလျောက် စာဆိုကျော်အား “ဘယကျော်သူ” ဘွဲ့ဖြင့် သူကောင်းပြု ချီးမြှောက်ခဲ့၏။ ထို့နောက် မင်းသည် စာဆိုတော်အား ဤမျှဂုဏ်ပြုချီးမြှောက်ရသည်ကို အားမရသေးသဖြင့် မင်းဆွေ၊ မင်းမျိုး တို့ကိုသာ ချီးမြှင့်လေ့ရှိသော “မင်းကျော်ထင်” ဘွဲ့ဖြင့် ထပ်မံချီးမြှောက်ပြန်ပါ၏။ ထိုကာလတလျှောက်တွင်လည်း စာဆိုသည် ပျို့ ကဗျာများ ဆက်လက်ရေးသားဆက်သွင်းခဲ့လေသည်။ သူဇာပျို့ရေးသားဆက်သွင်းခဲ့သည့်နောက်ပိုင်းတွင် စာဆိုသည် “မင်းရဲ မင်းလှကျော်ထင်” ဘွဲ့ဖြင့် အသည်ဝန်ဖြစ်လာသည့်အပြင် ဇလွန်မြို့ကို စားရသည်။

ထို့နောက်တွင်လည်း စာဆို၏ အရည်အသွေးအလိုက် ရာထူးများ၊ ဘွဲ့များချီးမြှင့်ခဲ့ရာ စာဆိုသည် “နတ်ရှင်နောင်” ဘွဲ့၊ “ပဒေသရာဇာ” ဘွဲ့တို့ကိုလည်း ရခဲ့သည်။ နှောင်းခေတ်တွင် စာဆိုသည် ပဒေသရာဇာဟူသော ဘွဲ့အမည်ရှည်ဖြင့်သာ ထင်ရှားခဲ့ လေသည်။ ထိုအချိန်၌ စာဆိုသည် ၀န်ကြီးဖြစ်နေလေပြီ။

သက္ကရာဇ် ၁၁၁၃ တွင် ဟံသာဝတီက အင်းဝကို တိုက်၍ အင်းဝပျက်သောအခါ ဟံသာဝတီသားတို့က မင်းနှင့်တကွ မိဘုရား၊ သားသမီးတော်၊ ၀န်ကြီးမှူးကြီးတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ စာဆိုပဒေသရာဇာသည်လည်း မင်းနှင့်အတူ လိုက်ပါခဲ့ ရ၏။ ဤသို့ ဟံသာဝတီသို့ လိုက်ပါပြီးနောက် သွေးဝမ်းရောဂါဖြင့် ဟံသာဝတီတွင် ကွယ်လွန်ခဲ့ရာ ၀န်ကြီး၏ အရိုးအိုးဂူပြဿာဒ်ကို တည်ထားရာ သန်လျင်ကျိုက်ခေါက်ဘုရား အနီး၌ ယနေ့တိုင်တွေ့မြင်နိုင်ပေသည်။

● ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၂ – ၁၈၈၅)
ကုန်းဘောင်ခေတ်တွင် စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရ၊ ရွှေတော်နန္ဒသူ၊ ဦးဖျော်၊ မိဘုရားကြီး ရှင်မင်း၊ အတွင်းဝန် ဦးညို၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ ဦးတိုး၊ ဦးယာ၊ မယ်ခွေ၊ ကြည့်ကန်ရှင်ကြီး၊ ၀က်မစွတ်န၀ဒေး၊ ဦးအောင်ဖြိုး၊ ဦးရောက်ကြီး၊ ဘိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဦးရွှန်း၊ ဦးကြင်ဥ၊ ဦးရွှေခြည်၊ လှိုင်ထိပ်ခေါင်တင်၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော် စသော စာဆိုကျော်များထွန်းကားပေါ်ပေါက်ခဲ့လေသည်။

ယင်းတို့ ရေးသားခဲ့သော စာကဗျာများမှာ စိန္တကျောင်းသူ ဦးသြ၏ ရတနာသိင်္ဃကုန်းဘောင်မြို့ဘွဲ့၊ အိမ်ထောင်သိမ်းဘွဲ့၊ ပြဿာဒ်ထီးချက်တော်ဘွဲ့၊ မဟာနန္ဒာကန်တော်ဘွဲ့၊ အမြင့်မင်းနှင့်တူမတော်လက်ထပ်ဘွဲ့၊ ကျေးစေ၊ ဘုရားတိုင်၊ စစ်ချီ၊ ဟင်္သာဖိုမ အမေးအဖြေ၊ ရှင်မွေးနွန်းမင်းနန္ဒာအမေးအဖြေ၊ ဘိုးတော်ရှင်ဧချင်း၊ ပင်းတလဲမင်းသားဧချင်း၊ အိမ်ရှေ့မိဘုရားဧချင်း၊ သြ၀ါဒထူးပျို့၊ က၀ိလက္ခဏာသတ်ပုံကျမ်းတို့ဖြစ်သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေ အစချီပိုဒ်စုံရတု၊ ဝေရွှန်း စန္ဒာချီပိုဒ်စုံရတု၊ သာဓိနပျို့၊ ဂုတ္တိလပျို့၊ နန္ဒီသေနပျို့၊ မန္ဓာတုစကြာမင်းပျို့၊ ဗျူဟာစက္ကိပျို့၊ သရဘင်္ဂပျို့၊ ဂါမဏိစန္ဒပျို့၊ အာဒါသမုခပျို့၊ သောဏပျို့၊ သေနင်္ဂဗျူဟာပျို့၊ ၀ိနိစ္ဆယပကာသနီဓမ္မသတ်လင်္ကာပျို့၊ ဓမ္မသတ်လင်္ကာ၊ မုဒ္ဓါဘိသေကမော်ကွန်း၊ နိဗ္ဗာနပစ္စယဆင်တော်မော်ကွန်း၊ မဟာဝိဇယရံသီစည်းခုံတော်မော်ကွန်း၊ ရတနာပူရအင်းဝပြည်တော်ကြီးလာမော်ကွန်း၊ မင်းကွန်း စေတီတော်တည်မော်ကွန်း၊ ဓည၀တီနိုင်မော်ကွန်း၊ ၈၀ ပေါ် အဲရိုးများ၊ ထားစကြာရောက်ရတု၊ လူတားများ ဖြစ်သည်။

ရွှေတောင်နန္ဒသူ၏ မွေ့နွန်းရကန်၊ ငွေတောင်ရကန်သစ်၊ အင်းဝမြို့ဖွဲ့ရကန်။ ဦးဖျော်၏ မင်္ဂလာချက်ဗွေချီငစဥ့်ကူးမင်း နားတော်သွင်းဧချင်း၊ မိဘုရားကြီးရှင်မင်း၏ တေးထပ်နှင့် လေးဆစ်ကဗျာများ၊ မိုးဘွဲ့၊ အလွမ်းဘွဲ့ရတုများ၊ အတွင်းဝန် ဦးညို၏ ရွှေမင်းဘုန်းဆင်တော်မော်ကွန်း၊ တွင်းသင်းတိုက်ဝန်မဟာစည်သူ၏ ငရံ့မင်းပျို့၊ မုဒုလက္ခဏပျို့၊ မဟော်ကျေးစေခန်းပျို့၊ ဥမင်ခန်းပျို့၊ ဇယဒိသပျို့၊ ၀ိဓူရပျို့၊ ဝေသန္တရာပျို့၊ ဘလ္လာတိယပျို့၊ ဇနကပျို့၊ ရေသဘင်လူးတား၊ တက်ရေး (၃၇) ချင်း လူးတား၊ အောင်ပင်းလယ်ကန်ဘွဲ့၊ ဘုန်းတော်ဘွဲ့ရတု၊ ထားစကြာဘွဲ့၊ ဓမ္မသတ်လင်္ကာ၊ မနုရင်းလင်္ကာ၊ မနုဝဏ္ဏနာဓမ္မသတ်လင်္ကာ၊ ပုဏ္ဏရိက ဆင်တော်မော်ကွန်း၊ မင်းကွန်းဘွဲ့မော်ကွန်း၊ အမရပူရမြို့ဘွဲ့မော်ကွန်း၊ ပေါရာဏကထာကျမ်းတို့ဖြစ်သည်။

ဦးတိုး၏ ရာမရကန်၊ ဦးယာ၏ အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၊ မယ်ခွေ၏ ၁၂ ရာသီဘွဲ့အဲချင်း၊ ကြည့်ကန်ရှင်ကြီး၏ လောကရေးဓမ္မရေး၊ ရာဇရေးနှင့်တကွ စာပေးစာယူ မူပဒေသာ မေတ္တာစာများ၊ သတ္တောဝါဒီကမ္မဋ္ဌာန်းဆယ်လွန်းတင်ဂါထာ ၁၃ ပုဒ်၊ စွယ်စုံကျော်ထင်သတ်ပုံအမေးအဖြေပုစ္ဆာများ၊ လင်္ကာ၊ ပျို့၊ ကဗျာ၊ ရတုများ။ ရှင်ဥက္ကံသမာလာ၏ မေတ္တာစာများ။ ၀က်မစွတ် န၀ဒေး၏ ရှုလော့စဉ်ရှည်ချီ မိတ္ထီလာကန်တော်မော်ကွန်း၊ တက်ဖြိုးဝေလျှံချီမင်္ဂလာလက်ထပ်ရတု၊ သားတော်သမီးတော် လက်ထပ်ရတုများ၊ နားတွင်းသျှောင်ထုံးရတုများ၊ ဘုန်းတော်ဘွဲ့ရတုများ၊ မိတ္ထီလာကန်တော်မော်ကွန်း၊ စန္ဒမုနိမော်ကွန်း၊ ရခိုင်နိုင် မော်ကွန်း၊ အာသံနိုင်မော်ကွန်း၊ တရုတ်သံရောက်မော်ကွန်း၊ ဘကြီးတော်ဘုရားနန်းဖွင့်မော်ကွန်း၊ ၀ိလာသိနီမော်ကွန်း၊ လောက၀ိဒူမော်ကွန်း၊ ဗာဝရီမော်ကွန်း၊ သာမုဒြိကမော်ကွန်း၊ မင်းကွန်းနန်းတော်ဘွဲ့မော်ကွန်း၊ နန်းတော်ဘွဲ့မော်ကွန်း၊ ဣသျှံဂူ မော်ကွန်း၊ ထားဝယ်နိုင်မော်ကွန်း၊ ရဲတင်း၊ မော်ကွန်း၊ မုနိရှစ်ဆူ၊ မော်ကွန်းများ၊ ဆင်ဖြူရှင်မယ်ဧချင်း တို့ဖြစ်သည်။

ဦးအောင်ဖြိုး၏ ရာဇ၀င်သာချင်း၊ ရာမသာချင်း၊ ကျန်စစ်သားကြုတ်ဖွင့်ခန်းသာချင်း၊ တရုတ်ပြည်စွယ်တော် တောင်းသာချင်း၊ ဗောဓိပင်ကို မာရ်နတ်သား လုခန်းသာချင်း၊ မင်းဆက်သာချင်း၊ နှစ်ကျိပ်ရှစ်ဆူ၊ ဘုရားသာချင်း၊ ငှက်ကြီးသာချင်း။ ဦးရောက်ကြီး၏ ဥဒေါင်းမင်းပျို့၊ ဣသိသိင်္ဂပျို့၊ စန္ဒကိန္နရီပျို့၊ နှမတော်ပုဂံမင်းသမီးဧချင်း၊ ရတနာပူရမြို့ဖွဲ့မော် ကွန်း၊ အမရပူရမြို့ နန်းသိမ်းရတုများ၊ မုံရွေးဆရာတော်၏ အာဒါသမုခပျို့သစ်၊ မဟာသီလ၀ပျို့၊ ပဉ္စာဝုဓပျို့၊ ကုသပျို့၊ မုံရွေး မေတ္တာစာ၊ မင်းဆက်ရာဇ၀င်သံပေါက်။ ဖိုးသူတော် ဦးမင်း၏ ဟောင်းရွက်ညှာခါလှစ်လို့ အစချီလေးဆစ် ၁၂ ပုဒ်၊ ထပ်ထပ်သာ စောတော့တယ် အစချီ ၁၂ ရာသီလွမ်းချင်း ၁၂ ပုဒ်၊ နေဖွဲ့၊ မိုးဖွဲ့၊ ဆောင်းဖွဲ့၊ လေးချိုးကြီး ၃ ပုဒ်။ လူဦးမင်း၏ ဘုန်းတော်ဘွဲ့များ နှင့် ၁၂ ရာသီဖွဲ့လေးချိုးကြီး။ ဦးရွှန်း၏ တောင်ငူဆိုရတုအဖြေ၊ ဘကြီးတော်၏သားတော်နားတော်သွင်း၊ ၄င်းသမီးတော်ဧချင်း၊ မဟာသုတေသောမပျို့၊ မဟော်ဥမင်ခန်းပျို့၊ မဟော်ပြဿနာခန်းပျို့၊ သရဘင်္ဂပျို့၊ ဂါမဏိစန္ဒပျို့၊ မဟာဇနကပျို့၊ ဥမ္မာဒန္တီပျို့၊ ဓမ္မဓဇပျို့၊ တဘက်ပြသတ်ပုံ၊ အာယုဒီဃဆေးကျမ်းလင်္ကာများနှင့် ရတုများ။ ဦးကြင်ဥ၏ လေးဆစ်များ၊ ဘုရားဟောကျမ်းဂန်လာ မဟောသဓာပြဇာတ်၊ ဘုရားဟောကျမ်းဂန်လာ ဝေသန္တရာပြဇာတ်၊ ဒဏ္ဍာရီများဖြစ်သော ဒေ၀ကုမ္ဘာန်ပြဇာတ်၊ ၀င်္ကန္တပြဇာတ်၊ ပါပ ဟိန်ပြဇာတ်၊ ကာလကဏ္ဏီပြဇာတ်၊ ရတုအမျိုးမျိုး၊ သီချင်းဆန်းအမျိုးမျိုး၊ ၁၂ရာသီဘွဲ့ညည်းချင်း၊ မိုးဖွဲ့ညည်းချင်း၊ တောတောင်ဖွဲ့ ညည်းချင်း၊ ဇော်ဂျီဖွဲ့ညည်းချင်း၊ သန်းခေါင်အချိန်ညည်းချင်း၊ မုဆိုးစကားအမျိုးမျိုး၊ ဆိုင်းဆင့်အမျိုးမျိုးအစရှိသော သီချင်းပဒေသာများ ဖြစ်၏။

ဦးရွှေခြည်၏ အကိတ္တိပျို့၊ အဘိရူကပျို့၊ ကလိင်္ဂဗောဓိပျို့၊ စန္ဒကိန္နရီပျို့သစ်၊ ဒေဓမ္မ၀ပျို့၊ မဟာပဒုမပျို့၊ မဟာဓမ္မပါလပျို့၊ ဗိမာန်ရတနာကျောင်းတော်မော်ကွန်း၊ မဟာဝေယန်ဘုံသာကျောင်းတော်မော်ကွန်း၊ စလေဦးပုည၏ ရတနာနဒီ မော်ကွန်း ပုဒ်ရေ (၂၂)၊ ဇင်းမယ်နိုင်မောင်ကွန်း ပုဒ်ရေ (၅၆)၊ သဒ္ဒါပုဒ်စပ် (၁၇) ပုဒ်၊ ပင့်ရစ်သတ်ပုံ (၁၃) ပုဒ်၊ ဗေဒင်ဟောကိန်း ရကန်နှင့် သဂြိုဟ်ကိုးပိုင်းတေးထပ်များ၊ သက္ကတဘာသာဖတ်နည်းလင်္ကာ၊ တေးထပ်အမျိုးမျိုး၊ ဝေပေါ်အမျိုးမျိုး၊ ဆေးနည်းလင်္ကာကဗျာအများ၊ လင်္ကာစကားပြေရောစပ်သော ၀ိဇယ၊ ပဒုမ၊ ကောသလရေသည်ပြဇာတ်များနှင့် တရားဟော စာပုဒ်ရေ (၃၀) ကျော်၊ မေတ္တာစာပုဒ်ရေ (၆၀) ကျော်၊ ဗြို့ဟတ်ကျမ်းလာဇာတာယုဂ်ပေါင်း ၁၅၀ တို့ကို တေးထပ်ပေါင်း ၁၅၀ ဖြစ် ပြီး အောင်ဟောတေးထပ်များ၊ သက္ကကုန္ဒဆေးကျမ်းလင်္ကာ ၂၆ ပုဒ်၊ သာသနာရောက်မင်းပြိုင်စာတမ်းနှင့် သာသနာလျှောက်စာ တမ်း၊ ရွှေဘိုမင်းတရားလက်ထက် ဆွမ်းတော်ကြီစာတမ်း၊ ရှင်ပြုနားထွင်းဖိတ်စာများနှင့် သာသနာပိုင်ဦးဥေယျ ပျံလွန်တော်မူ ရာတွင် ငိုချင်းရှည်၊ ပုဂံတွင် နေစဉ် ပိဋကတ်ဘက်ဆိုင်ရာကျမ်းများ၊ အပျော်ဖတ်တုံးချင်းများနှင့် သဘင်တေးဘွဲ့ ယိုးဒယား အမျိုး မျိုး စသည်တို့ ဖြစ်၏။

ကင်းဝန်မင်းကြီး၏ တိဏ္ဏုကပျို့၊ နေမိရကန်၊ ဓမ္မောဇမော်ကွန်း၊ ရတနာနဒီမော်ကွန်း၊ ဓမ္မသတ်လင်္ကာများနှင့် အဖွင့်ကျမ်း များ၊ သီပေါမင်းတရား၏ သားတော်မြပုခက်တင်ဧချင်း၊ သီပေါမင်းတရား၏ သမီးတော်ဧချင်း၊ လူးတားလွှဲချင်း၊ ဓမ္မသတ် ၃၆ စောင်ချုပ်၊ အမွေမှု ဓမ္မသတ်ကြီး၊ ဆောင်းပါး၊ မေတ္တာ၊ မှာတမ်း၊ နိုင်ငံခြားသွားနေ့စဉ်မှတ်တမ်းများ၊ ကျောက်စာ၊ ရတု၊ သာချင်း၊ ယိုးဒယားပတ်ပျိုးအစရှိသော ကဗျာသီချင်းများ။ မန်လည်ဆရာတော်၏ မဟာသုတကာရီမဃဒေ၀လင်္ကာကျမ်းများ၊ ကဗျာများ စသည်တို့ဖြစ်သည်။


လယ်တီဆရာတော်၏ ဂမ္ဘီရကဗျာကျမ်း၊ အချုပ်တန်းဆရာဖေ၊ “ထီးဖြုပြသာဒ်” နှင့် အစချီတေးထပ်၊ “မြန်မာတွေ စည်းကမ်းဖောက်” ချီတေးထပ်၊ ဆီးဘန်နီဆရာတော်၏ “တဖန်မှတ်စေ” ချီပါတော်မူ ဧကပိုဒ်ရတုတို့သည်လည်း ကုန်းဘောင် ခေတ်နှောင်းတွင်  ပေါ်ထွက်ခဲ့သော မြန်မာဂန္တ၀င်ကဗျာများ ဖြစ်သလို ယနေ့တိုင် စာဖတ်သူတို့၏ ဟဒယနှလုံးအိမ်တွင် စွဲထင်နေ သော ကဗျာများဖြစ်ကြပါသည်။



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်