ကရင္နီ ရိုးရာ ၾကက္ရိုးထိုး ဓေလ႔အေၾကာင္း (သို႔ ) ကရင္နီတုိ႔ရဲ႕ ေဗဒင္
"ေတာင္အျမင့္ႀကီးကို ေက်ာ္နုိင္ေပမယ္႔ ၾကက္ရိုး ေပါက္ကိုေတာ႔ မေက်ာ္နိုင္ဘူး" ဆုိတဲ့ ေရွးလူႀကီးတုိ႔ရဲ႕ စကားပံုတစ္ခုရွိပါတယ္။ အဓိပၸါယ္ကေတာ့ ဘယ္ေလာက္ဘဲျမင့္တဲ့ေတာင္ျဖစ္ပါေစ ေက်ာ္ႏိုင္ပါတယ္။ သို႕ေပမယ့္ ၾကက္ရိုးထိုးတဲ့ေဗဒင္ကေတာ့ ထြက္လာသည့္ နိမိတ္မ်ားသည္ မွန္ကန္သည္ဟု ယုံၾကည္ရသည့္အတြက္ ၾကက္ရိုးေပါက္ကိုမေက်ာ္ႏိုင္ျခင္ျဖစ္သည္ဟု ဆိုပါသည္။
ကရင္နီလူမ်ိဳးတုိ႔ အႏၱရာယ္မျဖစ္ရေအာင္၊ ထိိခိုက္နစ္နာမႈေတြ မရွိေအာင္၊ မိမိလုပ္ေဆာင္ေနတဲ႔ တစ္ေန႔တာ လုပ္ငန္းေတြ တစ္လတာ လုပ္ငန္းေတြ တစ္နွစ္တာလုပ္ငန္းေတြ ေအာင္ျမင္မႈရိွမရွိ ဆိုတာေတြနဲ႔အတူ ရက္ေကာင္းရက္ျမတ္ ေရြးခ်ယ္ရာမွာလည္း အဓိကထား ၾကက္ရိုးထားၾကပါတယ္။
ကရင္နီတုိ႔ရဲ႕ ရိုးရာ အီလူး တ်ာတိေထးပြဲ၊ ေကးထ်ိဳဘိုးပြဲ၊ ဒီးကူပြဲ၊ အီလူးဘိုးပလဲပြဲ၊ အီလူးဖုပြဲ၊ ေပၚေကးဒူပြဲ၊ ဒီးကူပြဲ စတဲ့ ပြဲေတြ မျပဳလုပ္ခင္မွာ ရက္ေကာင္းရက္ျမတ္သိရွိနုိင္ဖုိ႔ ၾကက္ရိုးထိုး ေမးျမန္းၾကသလို ရိုးရာ မဂၤလာပြဲ ၊ ကေလးကင္မြန္းတပ္ပြဲ၊ လိပ္ျပာေခၚပြဲ၊ ရက္ေကာင္းရက္ျမတ္ ေရြးျခင္း၊ ေတာင္ယာလုပ္သူအတြက္ တစ္နွစ္တာ ေအာင္ျမင္မႈရွိမရွိ ေမးျမန္းျခင္း အျပင္ တျခား ၾကက္ရိုးထိုး ေမးျမန္းတာေတြလည္း ရွိေနပါတယ္။
ကရင္နီဒုကၡသည္စခန္းမွ ရိုးရာဓေလ့သိကြ်မ္းနားလည္သူ ခူးငါးရယ္က " အသြားမွားရင္ တစ္လွမ္းဆိုသလိုမ်ိဳးေပါ႔။ အသက္အႏာၱရာယ္ပါ ထိခိုက္နုိင္တယ္။ ဒါေၾကာင္႔ က်ေနာ္တုိ႔က ၾကက္ရိုးထိုး ေမးတာကို အေလးထားတယ္။ က်ေနာ္တုိ႔ အႏာၱရာယ္ မျဖစ္ဖုိ႔က အေရးႀကီးတယ္။" ဟု ေျပာသည္။
ရိုးရာဓေလ့ပြဲေတာ္မ်ားထဲက ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့ရွိတဲ့ တံခြန္တုိင္ပြဲေတာ္သည္လည္း ပထမဆံုးအေနနဲ႔ တံခြန္တို္င္ သခင္ (အီလူးဘ်ာစယ္)က တစ္ရြာလံုးအတြက္ တစ္နွစ္တာ စားဝတ္ေနေရး အဆင္ေျပမႈရွိ မရွိ၊ ၾကက္ေအာင္ မေအာင္ ေမးျမန္းေလ့ရွိၿပီး ရပ္ရြာထဲက မိသားစုေတြအေနနဲ႔ ကိုယ္႔မိသားစုအတြက္ တံခြန္တိုင္ တုိင္ေတာ္မွာ ၾကက္ရိုးထိုး ေမးျမန္းၾကပါတယ္။
တံခြန္တုိင္ပြဲေတာ္မွာ တင္တဲ့ၾကက္ကို တံခြန္တိုင္လုိ ရိုးသားေဖာင္႔မတ္ျဖဴစင္ပါေစ။ စိတ္ဓါတ္က အလံလိုျဖစ္ပါေစ ဆိုၿပီး ႀကက္ရိုးကို တင္တာျဖစ္ပါတယ္။ အဲဒီေနာက္ ၾကက္ရိုးေအာင္ မေအာင္ဆိုတာကို ၾကည္႔ရပါတယ္။
ၾကက္ရိုးေအာင္ မေအာင္ သိရွိနုိင္ဖုိ႔အတြက္ ခူးငါးရယ္က အခုလို ရွင္းျပသြားပါတယ္။
" ေအာင္ၿပီဆိုတာက က်ေနာ္တုိ႔ ခရီးသြားတာတုိ႔ အလုပ္လုပ္တာတုိ႔ကို အမွားမရွိပဲ ေကာင္းဖုိ႔အတြက္ ျဖစ္တယ္။ မေအာင္ဘူးဆိုရင္ တစ္စံုတစ္ခု အႏၱရာယ္ျဖစ္မွာ စိုးရိမ္ရတယ္။ ၾကက္ရိုးေပါက္ကို ၾကည္႔ၿပီး သူ႔နာမည္အေခၚေတြအေပၚမူတည္ၿပီး ေအာင္လား မေအာင္လား နည္းနည္းေအာင္လား မ်ားမ်ားေအာင္လား ဆိုတာကို ၾကည္႔ရတယ္။" လို႕ ခူးငါးရယ္က ေျပာပါတယ္။
ကရင္နီဒုကၡသည္စခန္းမွ ကယားလူမ်ိဳးျဖစ္သူ ေဒၚနဲမယ္ ၾကက္ရိုးထိုးေမးျမန္းေလ႔ရွိသူ "ၾကက္မေအာင္ဘူးဆိုရင္ သားသမီး က်န္းမာေရးအတြက္ စိုးရိမ္ေနရတာေပါ႔။" လို႕ေျပာပါတယ္။
ေရွးေခတ္သမိုင္းအရ ကရင္နီလူမ်ိဳးတုိ႔အတြက္ ၾကက္ရိုးထိုးေမးျမန္းတာဟာ စာတစ္ေစာင္ လိုပါပဲ။ ၾကက္ရိုးထိုး ေမးျမန္းတဲ႔ ဓေလ့ကို မနက္မွာ ၾကက္ရိုးထိုးေလ့ရွိေပမယ့္ ဆားတအ( သြန္ေနတဲ႔ ၾကက္မ၊ တစ္လံုးတည္းရွိတဲ႔ ၾကက္မ)ကိုေတာ႔ ညေနဖက္မွာ ၾကက္ရိုးထိုးတာကို လုပ္ပါတယ္။ ဆားတအ ဆိုတဲ့ ၾကက္မမ်ိဳးကို ေမြးထားရင္ေတာ႔ အိမ္ရွင္ကို ဒုကၡေပးတတ္လုိ႔ ၾကက္ရိုးထိုးလုိက္ရပါတယ္။
ၾကက္ရိုးထိုးရင္ ၾကက္ဖနဲ႔ပဲ ျပဳလုပ္လုိ႔ရတာရွိသလို ၾကက္ဖဒါမွမဟုတ္ ၾကက္မနဲ႔ ျပဳလုပ္လုိ႔ ရတာေတြလည္း ရွိပါတယ္။ ဒါေပမယ္႔ ၾကက္ရိုးထိုး ေမးျမန္းတဲ့သူေတြ အမ်ားစုက ၾကက္ဖနဲ႔ တင္ရတာကို စိတ္ထဲမွာ ပိုျပည္႔စုံတယ္လို႔ ေျပာၾကပါတယ္။
ခူးလိရယ္ ၾကက္ရိုးထိုးေလ့ရွိသူ "အေရးႀကီးတာေပါ႔။ ဘယ္လုိအေရးႀကီးလဲဆိုရင္ ဟို ဘိုးဘြားေခတ္ကတည္းက လုပ္ကိုင္စားေသာက္ဖုိ႔ ညြန္ၾကားထားေပးတဲ႔ဟာမ်ိဳးေတြ ရက္ေကာင္းရက္ျမတ္တုိ႔ဆိုလည္း ၾကက္ရိုးထိုးေပး ေမးျမန္းတယ္။ ေဗဒင္ ဆရာ သေဘာမ်ိဳးေပါ႔။ ကိုယ္႔ကိုကိုယ္ ဆရာတင္တာမဟုတ္ပဲ ၾကက္ကို ဆရာတင္ၿပီး ေမးတာေပါ႔" လို႕ ေျပာပါတယ္။
ၾကက္ရိုးထုိးေမးျမန္းျခင္းက ကရင္နီလူမ်ိဳးတုိ႔အတြက္ အေရးႀကီးတဲ့အတြက္ ေနာင္ တက္လာမယ္႔ မ်ိဳးဆက္သစ္မ်ားကို မိရိုးဖလာ ရိုးရာအေမြကို အေလးထား ထိန္းသိမ္း ေစလိုေၾကာင္းနဲ႔ မသိတာ ရွိရင္ လူႀကီးသူမကို ေမးျမန္းၿပီး မွတ္သားေစလိုေၾကာင္း ေျပာပါတယ္။
ခူးနဲရယ္ ကရင္နီ ဒုကၡသည္ စခန္းေန လူငယ္တစ္ဦး "ၾကက္ရိုးထိုးတတ္ခ်င္ပါတယ္။ ဘာလုိ႔လဲဆိုရင္ ဒါက မိရိုးဖလာ ရိုးရာေလ။ က်ေနာ္ငယ္ငယ္တုန္းကဆိုရင္ မိဘေတြကပဲ ၾကက္ရိုးထုိးေပးတာေပါ့။ သူတုိ႔ပဲ အၿမဲလုပ္ေပးေနတာကို က်ေနာ္႔အေနနဲ႔ လူငယ္တစ္ေယာက္က ဒါေတြကို သိထားသင္႔တယ္ ေလ့လာသင္႔တယ္လို႔ ထင္တယ္ တစ္ေန႔က်ရင္ လိုအပ္လာမွာေလ" လို႕ေျပာပါတယ္။
ၾကက္ရိုးထိုးေမးျမန္းတာကို ၾကက္ရိုးထိုးတတ္တဲ႔ အမ်ိဳးသား ဘယ္အသက္အရြယ္ပိုင္းမွာဆို ထိုးလုိ႔ရေပမယ္႔ အမ်ိဳးသမီးေတြကေတာ႔ ၾကက္ရိုးထိုးခြင္႔မရွိပါဘူး။ အမ်ိဳးသမီးေတြ ၾကက္ရိုးထိုးခြင္႔မရွိတာနဲ႔ပါတ္သက္ၿပီး အသက္ႀကီးရြယ္အိုေတြကိုလိုက္ေမးေပမယ္႔ သိက်တဲ့ အေျဖမသိခဲ့ရပါဘူး။
ဒါေပမယ္႔ အမ်ိဳးသမီးေတြ ၾကက္ရိုးထိုးလုိ႔ မရတာဟာ ဘိုးစဥ္ေဘာင္ဆက္ကတည္းကလို႕ သိရပါတယ္။
ၾကက္ရိုးထိုးေနတဲ့ ဘယ္အသက္အရြယ္ပိုင္းက အမ်ိဳးသားမဆို ၾကက္ရိုးထိုးေနခ်ိန္မွာ ေနထြက္တဲ႔ဖက္ကို ဦးတည္ထိုင္ၿပီး ၾကက္ရိုးထိုးရပါတယ္။ ၾကက္ရိုးမထိုးခင္မွာေတာ႔ မိမိ လုပ္ေဆာင္လုိတဲ႔ အေၾကာင္းကို ရြတ္ဆို က်ိမ္ၿပီးမွ ၾကက္ရိုးထိုးရပါတယ္။
ဒါေတြဟာ ကရင္နီလူမ်ိဳးတုိ႔ရဲ႕ ရိုးရွင္းတဲ႔ ေရွးေရးေဟာ ေမးျမန္းတဲ႔ မိရိုးဖလာ ဘိုးစဥ္ေဘာင္ဆက္က ျပဳလုပ္လာတဲ႔ ဓေလ့တစ္ခုပါ။
ကရင်နီ ရိုးရာ ကြက်ရိုးထိုး ဓလေ့အကြောင်း (သို့ ) ကရင်နီတို့ရဲ့ ဗေဒင်
"တောင်အမြင့်ကြီးကို ကျော်နိုင်ပေမယ့် ကြက်ရိုး ပေါက်ကိုတော့ မကျော်နိုင်ဘူး" ဆိုတဲ့ ရှေးလူကြီးတို့ရဲ့ စကားပုံတစ်ခုရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဘယ်လောက်ဘဲမြင့်တဲ့တောင်ဖြစ်ပါစေ ကျော်နိုင်ပါတယ်။ သို့ပေမယ့် ကြက်ရိုးထိုးတဲ့ဗေဒင်ကတော့ ထွက်လာသည့် နိမိတ်များသည် မှန်ကန်သည်ဟု ယုံကြည်ရသည့်အတွက် ကြက်ရိုးပေါက်ကိုမကျော်နိုင်ခြင်ဖြစ်သည်ဟု ဆိုပါသည်။
ကရင်နီလူမျိုးတို့ အန္တရာယ်မဖြစ်ရအောင်၊ ထိိခိုက်နစ်နာမှုတွေ မရှိအောင်၊ မိမိလုပ်ဆောင်နေတဲ့ တစ်နေ့တာ လုပ်ငန်းတွေ တစ်လတာ လုပ်ငန်းတွေ တစ်နှစ်တာလုပ်ငန်းတွေ အောင်မြင်မှုရှိမရှိ ဆိုတာတွေနဲ့အတူ ရက်ကောင်းရက်မြတ် ရွေးချယ်ရာမှာလည်း အဓိကထား ကြက်ရိုးထားကြပါတယ်။
ကရင်နီတို့ရဲ့ ရိုးရာ အီလူး တျာတိထေးပွဲ၊ ကေးထျိုဘိုးပွဲ၊ ဒီးကူပွဲ၊ အီလူးဘိုးပလဲပွဲ၊ အီလူးဖုပွဲ၊ ပေါ်ကေးဒူပွဲ၊ ဒီးကူပွဲ စတဲ့ ပွဲတွေ မပြုလုပ်ခင်မှာ ရက်ကောင်းရက်မြတ်သိရှိနိုင်ဖို့ ကြက်ရိုးထိုး မေးမြန်းကြသလို ရိုးရာ မင်္ဂလာပွဲ ၊ ကလေးကင်မွန်းတပ်ပွဲ၊ လိပ်ပြာခေါ်ပွဲ၊ ရက်ကောင်းရက်မြတ် ရွေးခြင်း၊ တောင်ယာလုပ်သူအတွက် တစ်နှစ်တာ အောင်မြင်မှုရှိမရှိ မေးမြန်းခြင်း အပြင် တခြား ကြက်ရိုးထိုး မေးမြန်းတာတွေလည်း ရှိနေပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှ ရိုးရာဓလေ့သိကျွမ်းနားလည်သူ ခူးငါးရယ်က " အသွားမှားရင် တစ်လှမ်းဆိုသလိုမျိုးပေါ့။ အသက်အန္တာရာယ်ပါ ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျနော်တို့က ကြက်ရိုးထိုး မေးတာကို အလေးထားတယ်။ ကျနော်တို့ အန္တာရာယ် မဖြစ်ဖို့က အရေးကြီးတယ်။" ဟု ပြောသည်။
ရိုးရာဓလေ့ပွဲတော်များထဲက နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ တံခွန်တိုင်ပွဲတော်သည်လည်း ပထမဆုံးအနေနဲ့ တံခွန်တို်င် သခင် (အီလူးဘျာစယ်)က တစ်ရွာလုံးအတွက် တစ်နှစ်တာ စားဝတ်နေရေး အဆင်ပြေမှုရှိ မရှိ၊ ကြက်အောင် မအောင် မေးမြန်းလေ့ရှိပြီး ရပ်ရွာထဲက မိသားစုတွေအနေနဲ့ ကိုယ့်မိသားစုအတွက် တံခွန်တိုင် တိုင်တော်မှာ ကြက်ရိုးထိုး မေးမြန်းကြပါတယ်။
တံခွန်တိုင်ပွဲတော်မှာ တင်တဲ့ကြက်ကို တံခွန်တိုင်လို ရိုးသားဖောင့်မတ်ဖြူစင်ပါစေ။ စိတ်ဓါတ်က အလံလိုဖြစ်ပါစေ ဆိုပြီး ကြက်ရိုးကို တင်တာဖြစ်ပါတယ်။ အဲဒီနောက် ကြက်ရိုးအောင် မအောင်ဆိုတာကို ကြည့်ရပါတယ်။
ကြက်ရိုးအောင် မအောင် သိရှိနိုင်ဖို့အတွက် ခူးငါးရယ်က အခုလို ရှင်းပြသွားပါတယ်။
" အောင်ပြီဆိုတာက ကျနော်တို့ ခရီးသွားတာတို့ အလုပ်လုပ်တာတို့ကို အမှားမရှိပဲ ကောင်းဖို့အတွက် ဖြစ်တယ်။ မအောင်ဘူးဆိုရင် တစ်စုံတစ်ခု အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်။ ကြက်ရိုးပေါက်ကို ကြည့်ပြီး သူ့နာမည်အခေါ်တွေအပေါ်မူတည်ပြီး အောင်လား မအောင်လား နည်းနည်းအောင်လား များများအောင်လား ဆိုတာကို ကြည့်ရတယ်။" လို့ ခူးငါးရယ်က ပြောပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှ ကယားလူမျိုးဖြစ်သူ ဒေါ်နဲမယ် ကြက်ရိုးထိုးမေးမြန်းလေ့ရှိသူ "ကြက်မအောင်ဘူးဆိုရင် သားသမီး ကျန်းမာရေးအတွက် စိုးရိမ်နေရတာပေါ့။" လို့ပြောပါတယ်။
ရှေးခေတ်သမိုင်းအရ ကရင်နီလူမျိုးတို့အတွက် ကြက်ရိုးထိုးမေးမြန်းတာဟာ စာတစ်စောင် လိုပါပဲ။ ကြက်ရိုးထိုး မေးမြန်းတဲ့ ဓလေ့ကို မနက်မှာ ကြက်ရိုးထိုးလေ့ရှိပေမယ့် ဆားတအ( သွန်နေတဲ့ ကြက်မ၊ တစ်လုံးတည်းရှိတဲ့ ကြက်မ)ကိုတော့ ညနေဖက်မှာ ကြက်ရိုးထိုးတာကို လုပ်ပါတယ်။ ဆားတအ ဆိုတဲ့ ကြက်မမျိုးကို မွေးထားရင်တော့ အိမ်ရှင်ကို ဒုက္ခပေးတတ်လို့ ကြက်ရိုးထိုးလိုက်ရပါတယ်။
ကြက်ရိုးထိုးရင် ကြက်ဖနဲ့ပဲ ပြုလုပ်လို့ရတာရှိသလို ကြက်ဖဒါမှမဟုတ် ကြက်မနဲ့ ပြုလုပ်လို့ ရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကြက်ရိုးထိုး မေးမြန်းတဲ့သူတွေ အများစုက ကြက်ဖနဲ့ တင်ရတာကို စိတ်ထဲမှာ ပိုပြည့်စုံတယ်လို့ ပြောကြပါတယ်။
ခူးလိရယ် ကြက်ရိုးထိုးလေ့ရှိသူ "အရေးကြီးတာပေါ့။ ဘယ်လိုအရေးကြီးလဲဆိုရင် ဟို ဘိုးဘွားခေတ်ကတည်းက လုပ်ကိုင်စားသောက်ဖို့ ညွန်ကြားထားပေးတဲ့ဟာမျိုးတွေ ရက်ကောင်းရက်မြတ်တို့ဆိုလည်း ကြက်ရိုးထိုးပေး မေးမြန်းတယ်။ ဗေဒင် ဆရာ သဘောမျိုးပေါ့။ ကိုယ့်ကိုကိုယ် ဆရာတင်တာမဟုတ်ပဲ ကြက်ကို ဆရာတင်ပြီး မေးတာပေါ့" လို့ ပြောပါတယ်။
ကြက်ရိုးထိုးမေးမြန်းခြင်းက ကရင်နီလူမျိုးတို့အတွက် အရေးကြီးတဲ့အတွက် နောင် တက်လာမယ့် မျိုးဆက်သစ်များကို မိရိုးဖလာ ရိုးရာအမွေကို အလေးထား ထိန်းသိမ်း စေလိုကြောင်းနဲ့ မသိတာ ရှိရင် လူကြီးသူမကို မေးမြန်းပြီး မှတ်သားစေလိုကြောင်း ပြောပါတယ်။
ခူးနဲရယ် ကရင်နီ ဒုက္ခသည် စခန်းနေ လူငယ်တစ်ဦး "ကြက်ရိုးထိုးတတ်ချင်ပါတယ်။ ဘာလို့လဲဆိုရင် ဒါက မိရိုးဖလာ ရိုးရာလေ။ ကျနော်ငယ်ငယ်တုန်းကဆိုရင် မိဘတွေကပဲ ကြက်ရိုးထိုးပေးတာပေါ့။ သူတို့ပဲ အမြဲလုပ်ပေးနေတာကို ကျနော့်အနေနဲ့ လူငယ်တစ်ယောက်က ဒါတွေကို သိထားသင့်တယ် လေ့လာသင့်တယ်လို့ ထင်တယ် တစ်နေ့ကျရင် လိုအပ်လာမှာလေ" လို့ပြောပါတယ်။
ကြက်ရိုးထိုးမေးမြန်းတာကို ကြက်ရိုးထိုးတတ်တဲ့ အမျိုးသား ဘယ်အသက်အရွယ်ပိုင်းမှာဆို ထိုးလို့ရပေမယ့် အမျိုးသမီးတွေကတော့ ကြက်ရိုးထိုးခွင့်မရှိပါဘူး။ အမျိုးသမီးတွေ ကြက်ရိုးထိုးခွင့်မရှိတာနဲ့ပါတ်သက်ပြီး အသက်ကြီးရွယ်အိုတွေကိုလိုက်မေးပေမယ့် သိကျတဲ့ အဖြေမသိခဲ့ရပါဘူး။
ဒါပေမယ့် အမျိုးသမီးတွေ ကြက်ရိုးထိုးလို့ မရတာဟာ ဘိုးစဉ်ဘောင်ဆက်ကတည်းကလို့ သိရပါတယ်။
ကြက်ရိုးထိုးနေတဲ့ ဘယ်အသက်အရွယ်ပိုင်းက အမျိုးသားမဆို ကြက်ရိုးထိုးနေချိန်မှာ နေထွက်တဲ့ဖက်ကို ဦးတည်ထိုင်ပြီး ကြက်ရိုးထိုးရပါတယ်။ ကြက်ရိုးမထိုးခင်မှာတော့ မိမိ လုပ်ဆောင်လိုတဲ့ အကြောင်းကို ရွတ်ဆို ကျိမ်ပြီးမှ ကြက်ရိုးထိုးရပါတယ်။
ဒါတွေဟာ ကရင်နီလူမျိုးတို့ရဲ့ ရိုးရှင်းတဲ့ ရှေးရေးဟော မေးမြန်းတဲ့ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်က ပြုလုပ်လာတဲ့ ဓလေ့တစ်ခုပါ။
0 comments:
Post a Comment
သင့္ Comment တစ္ခုသည္ ကုသိုလ္ေတာ္ အသိ ပိုရွိသြားႏိုင္ပါသည္