တရုတ်တို့သိသော




တရုတ်တို့သိရှိသောပျူနိုင်ငံနယ်နိမိတ်

        ပျူနိုင်ငံနယ်နိမိတ်ကို ကျမ်းမကိုးအပ်တဲ့ တဆင့်ကြား မန်ရှုနဲ့ ကျွန်တော်တို့ အလုပ်မလုပ် မပြောပါဘူး။ ပျူနိုင်ငံ နယ်နိမိတ်ကို ဖော်ပြတာဟာ ခေတ်ပြိုင်သရေခေတ္တရာ ဘုရားထောင်အိုးကျောက်စာခေါ် အတိတျာမင်းအိုး ကျောက်စာပြီးတော့ ခေတ်ပြိုင်တရုတ်ကိုယ်တွေ့ မှတ်တမ်း တွေပါ။ အနောက်တိုင်းသမိုင်းပညာရှင်တွေ ၁၈၇၀နဲ့ ၁၉၀၄ခု ကြားမှာ စစ်ဆေးပြီး တရုတ်ကိုယ်တွေ့ မှတ်တမ်း များဖြစ်လို့ သမိုင်းပြုစုရန် သမိုင်းတန်ဖိုးရှိတယ်လို့ စစ်ဆေး လက်ခံအတည်ပြုသုံးစွဲတဲ့ တရုတ်မှတ်တမ်းများကိုသာ ကျွန်တော်တို့ ကျမ်းကိုးပြုပါတယ်။

အများစုက တရုတ်နန်းတော်မှတ်တမ်းများဖြစ်ကြပြီး တရုတ်သူလျှိုတပ်ဖွဲ့တွေ နယ်စပ်စောင့်စစ်သူကြီးတွေ အရှေ့တောင်အာရှနိုင်ငံများရောက် တရုတ်သံအဖွဲ့တွေ နိုင်ငံခြားတိုင်းပြည်တွေကနေ တရုတ်ပြည်ကိုလာတဲ့ ကုန်သည်တွေ၊ နိုင်ငံခြားတိုင်းပြည်တွေကနေ တရုတ်မင်း နေပြည်ကိုလာတဲ့ နိုင်ငံခြားသံအဖွဲ့တွေဆီကနေ တရုတ် နန်းတော်က စုံစမ်းမေးမြန်း မှတ်တမ်းတင်ထားတာကြောင့် ၁၉၀၄ ခုနှစ် ကစပြီး ကမ္ဘာ့တက္ကသိုလ်ကြီးတွေက သမိုင်း ပညာရှင်တွေက တရုတ်နိုင်ငံရဲ့ အရပ်၈မျက်နှာက နိုင်ငံ တွေရဲ့ ရှေးသမိုင်းပြုစုရာမှာ ကိုယ်တွေ့ သမိုင်းတန်ဘိုးရှိတဲ့ မှတ်တမ်းများအဖြစ် ကျမ်းကိုးသုံးစွဲကြပါတယ်။

ဘီစီ၂ရာစုကနေ အေဒီ၁၀ရာစု တရုတ်နန်းတော်မှတ်တမ်း များက ဗရမ္မာခေါ်ပျူနိုင်ငံနယ်နိမိတ်ကို စုံစမ်းသိရှိဖော်ပြခဲ့ ကြတယ်။ တရုတ်တို့ကနေ ဗရမ္မလည်းခေါ် ပျူလည်းခေါ်တဲ့ သီရိခေတ္တရာလည်းခေါ်ပုဂံလို့လည်းခေါ်ဆိုတဲ့ ပျူနိုင်ငံဟာ မြောက်ဘက်မှာ ယူနန်နဲ့ နယ်နိမိတ် အဲဒီ ပျူနိုင်ငံဟာ တောင်ဘက်မှာပင်လယ်နဲ့ နယ်နမိတ် ပင်လယ်အထိ ကျယ်ဝန်းတယ်ဆိုတာ မှတ်တမ်းတင်ဖော်ပြခြဲ့ကတယ်။

အေဒီ၇ ရာစု -၁၀ ရာစု  တရုတ်ထန်မင်းဆက်ခေတ်  ထန်မင်းဆက်အုပ်ချုပ်ပုံမှတ်တမ်း ထန်မှတ်တမ်းဟောင်း  ထန်မှတ်တမ်းသစ် ၃ ကျမ်းလုံးမှာ ပျူနိုင်ငံဟာ တောင် ဘက်မှာ ပင်လယ်နဲ့ နယ်နိမိတ် အရှေ့ဘက်မှာ ကျဲ့လခမာနဲ့ နယ်နိမိတ်အနောက်ဘက်မှာအိန္ဒိယ အရှေ့ဖျားနဲ့  နယ်နိမိတ် ဆိုတာ သိရှိမှတ်တမ်းတင်ခဲ့ကြတယ်။

ထန်မှတ်တမ်းသစ်ကြီးမှာ ဒွါ်ရာဝတီနိုင်ငံဟာ ပျူလက် အောက်ခံနိုင်ငံလို့ မှတ်တမ်းတင်ခဲ့တယ်။ အဲဒါကို ဆရာကြီး လုစ်ပဲ ဖော်ပြခဲ့တာပါ။ အေဒီ၁၃ရာစု တရုတ်မှတ်တမ်းမှာ  ပျူခေါ်မြန်မာခေါ် ပုဂံနိုင်ငံရဲ့ တောင်ဘက်မှာ တလိုင်းနိုင်ငံ အသစ် ၁၂၈၉ ခုနှစ်မှာ ပေါ်ပေါ်က်လာကြောင်း တရုတ် အရာရှိကြီးတဦး ကိုယ်တိုင် အဲဒီ နိုင်ငံသစ်က မင်းနဲ့ တွေ့ဆုံခဲ့ကြောင်း မှတ်တမ်းတင်ထားတာကို ဆရာကြီးလုစ် ကိုတိုင် ဖော်ထုတ်ပြခဲ့ပါတယ်  ။

Note on thePEOPLE SOF BURMA  IN THE 12th -13thCenturyAD စာတမ်းပါ မွန်လူမျိုး အကြောင်း နှာ ၆၇ မှာ ဆရာကြီးလုစ်ရေးသားခဲ့တာပါ။ ဗရမ္မာခေါ်ပျူနိုင်ငံတောင်ဘက်ပင်လယ်နားမှာ မွန်နိုင်ငံ ဆိုတာ အေဒီ၁၂၉၇ ပုဂံခေတ်နှောင်းအထိ မရှိသေးဘူး။ အေဒီ  ၁၂၉၈ခုနှစ်မှာမှ ပုဂံနိုင်ငံတောင်ဘက်မှာဟမွန်နိုင်ငံ စတင်ပေါ်ပေါက်တယ်ဆိုတာကို  ဆရာကြိးလုစ်ကိုယ်တိုင် ဖော်ပြခဲ့တာပါ။
          ဗမာအစကျောက်ဆည်စာတမ်းထဲမှာ ကျတော့  မန်ရှုကျမ်းပါ  မိချန်မြို့ဆိုတာကို ဘယ်နေရာမှရှိကြောင်း၊ ဘယ်လူမျိုးမြို့ဖြစ်ကြောင်း၊ ဘာမှမပါရှိပါပဲနဲ့အဲဒီမိချန်မြို့ကို ပဲခူမြို့ ပြီးတော့မွန်မြို့လို့လိုရာဆွဲ ဇာတ်လမ်းဆင်ရေးခဲ့ တာဟာ အေဒီ၁၂၉၈ ခုနှစ်မှာ  မွန်နိုင်ငံဆိုတဲ့နိုင်ငံအသစ် တခု ပေါ်ပေါက်လာကြောင်း တရုတ်မှတ်မှတ်တမ်းကနေ သူတွေ့ရှိဖော်ပြချက်နဲ့ ရှေ့မညီ နောက်မညီ ဖြစ်နေပါတယ်။

သရေခေတ္တရာ အတိတျာမင်းကျောက်အိုးစာမှာ  ဗြဟ္မာမင်း ဗရမ္မာမင်းလို့ ဖော်ပြတာအပြင် သရေခေတ္တရာ ဗရမ္မာခေါ်ပျူနိုင်ငံကြီးဟာ တောင်ဘက်မှာ ဒလ ပဒ လှည်းကူး ကဝ ပဲကူး တကဠ (တိုက်ကုလား) ယက္ခတိုင်း (သထုံ/ဘီလူးကျွန်း) တကွာပါမြို့ (ယခုခေတ်မလေးရှား နိုင်ငံ စဲလန့်အငူအနီး) ပသျှူးတိုင်းတို့အထိ ကျယ်ဝန်း ကြောင်း  အနောက်ဘက်မှာ ကမ်းရံ(ရခိုင်)အထိ ကျယ်ဝန်း ကြောင်း ရေးထိုးဖော်ပြထားပါတယ်။
သရေခေတ္တရာ အတိတျာမင်းကျောက်အိုးစာနဲ့ အထက် ဖော်ပြပါ ရှေးတရုတ်နန်းတော်မှတ်တမ်းတွေအရ  ဘီစီ၂ ရာစု ကနေ အေဒီ ၁၀ရာစု နှောင်း  အေဒီ ၉၈၆ အထိ ဗရမ္မာခေါ်ပျူနိုင်ငံရဲ့ အရပ် ၄ မျက်နှာ နယ်နိမိတ်တွေကို ကောင်းစွာ သိရပါတယ်။

ကျွန်တော်တို့ ရှေးသမိုင်း တွေ သုတေသနပြု ဖော်ထုတ်တဲ့ အခါမှာ မန်ရှုလို သမိုင်းတန်ဘိုးမရှိတဲ့ တဆင့်ကြားစာတွေ ကို မသုံးပါဘူး။ သမိုင်းပညာရဲ့ စည်းကမ်းချက် စံနှုန်း သတ်မှတ်ချက်နဲ့အညီ ခေတ်ပြိုင်မှတ်တမ်း၊ ခေတ်ပြိုင် ကျောက်စာတွေကိုပဲ သုံးပါတယ်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်