နွံ့နစ်နေသော ပတ္တမြားများ (သို့) ပျောက်ဆုံးနေသော ကျီးသဲလေးထပ် စာမူများ


*************************

ကျီးသဲလေးထပ် ဆရာတော်ဘုရားဆိုရင် ဗုဒ္ဓဘာသာ ၉၅% လောက်ကတော့ ရင်းနှီးပြီးသား
ပါပဲ မဖတ်ဖူးသည်သာ ရှိပေလိမ့်မယ် နာမည် ကို တော့ မစိမ်းကြ

အခု အကုသိုလ်ဖော်ပြမယ့်ဆောင်းပါးက ကျီးသဲ လေးထပ် ဆရာတော်ဘုရာ၏ တိမ်မြှုပ် ပျောက် ကွယ် နေတဲ့ စာမူတွေ အကြောင်းပါ

ဟိုး…တုန်းက ၂၂.၆.၇၇ ရက်ထုတ် ကြေးမုံ သတင်းစာမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို  သတင်း စာဟောင်းတွေ လှန်ရင်း အမှတ်တမဲ့ ဖတ်မိပါတယ်   ဆောင်းပါးရှင် အမည်က "သီတဂူ" လို့ပဲ ရေးထား ပါတယ် လူမှန်း ရဟန်းမှန်း အကုသိုလ်လည်း မသိ ပါဘူး ဆောင်းပါးခေါင်းစဉ် အမည်က "ကျီးသဲလေး ထပ် ပေပုရပိုက်များ" ဆိုပြီး တပ်ထားတယ်

ဆောင်းပါးမှာ ကျီးသဲမြို့ ရွာသာရွာကျောင်း ဆရာ တော်အရှင်ဦးဃောသိတ နာယကအဖြစ် ကြီးမှူး သော ကော်မီတီက ၁၉၆၉-ခုနှစ် အောက်တိုဘာ လမှ စတင်ကာ "ကျီးသဲလေးထပ် ပိဋကတ်တော် မဟာပြတိုက်" အမည်ဖြင့် ပြတိုက်ကြီးတစ်ခု တည် ဆောက်ခဲ့ရာ ယခု အခါ ၇၅ ရာခိုင်နှုန်း ခန့် ပြီးစီးနေ ပြီ ဖြစ်ကြောင်း (ယခုအခါ ဆိုတာ ၁၈၇၇ ခုနှစ်ကို ပြောတာနော်) ကို ပြတိုက်ပုံနှင့်အတူ ပူးတွဲ ဖော်ပြ ထားပါတယ်

ဆက်ပြီး ရေးထားတာက ကျေးဇူးရှင် ကျီးသဲလေး ထပ် ဆရာတော်ဘုရားကြီး၏ ပေပုရပိုက်များကို မြန်မာပြည် အရပ်ရပ် လှည့်လည်ရှာဖွေ စုဆောင်း ခဲ့ရာ မှန်စီရွှေချ ကျွန်းသေတ္တာကြီး (၅)လုံး နှင့် အပြည့် စုဆောင်း သိမ်းဆည်းမိပြီ လို့လည်း ဖော်ပြ ထားပါသေးတယ်။

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ ပေ ပုရပိုက်များကို စုဆောင်း သိမ်းဆည်း မိခြင်းဟာ  စာပေလောကအတွက် တန်ဖိုး မဖြတ်နိုင်အောင် ကျေးဇူး ကြီးမားလှတယ် ဆိုတာ သိကြမှာပါ။

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးဟာ  ကုန်း ဘောင်ခေတ် နောက်ပိုင်းနှင့် ကိုလိုနီခေတ်ဦးပိုင်းမှာ  စာပေသမိုင်း၌ နေလိုလလို ထင်ရှားတဲ့  ဆရာတော် ကြီးပါ ဒီလို ထင်ရှားခဲ့တာလည်း စာပေသမိုင်း၌ ပညာရှင်များ အလေးဂရုပြုရမည့် ကျမ်းဂန်ပေါင်း မြောက်များစွာကို ရေးသား ပြုစုတော်မူခဲ့လို့ ဖြစ် ပါတယ်။

ဆရာတော်ကြီးရဲ့ ကျမ်း ဂန်များ အနက် အောက်ပါ ကျမ်းများမှာ ထင်ရှားတဲ့  ကျမ်းဂန်များ ဖြစ်ပါ တယ်။

၁။ ဇိနတ္ထပကာသနီကျမ်း။
၂။ ဂန္ထ၀ံသနိသျှ။
၃။ သီလဘေဒ ပကာသနီကျမ်း။
၎။ မဂၤလတၳဒီပနီနိသ်။
၅။ စွယ်စုံကျော်ထင်အဖြေကျမ်း။
၆။ ဒိဋ္ဌိဒီပကကျမ်း။
၇။  ပဥှဗျာကရဏကျမ်း။
၈။ နိဗ္ဗာန်လမ်းပြကျမ်း။
၉။ ၀ိမတိစ္ဆေဒနီကျမ်း။
၁၀။ မနောရထပူရဏီကျမ်း။
၁၁။ အဘိဓမၼတၳသဂၤဟနိသ်။
၁၂။ ဘိက္ခုဝိဘင်းပါဠိတော်နိသျသစ်။
၁၃။ ဘိက္ခုနီဝိဘင်းပါဠိတော်နိသျသစ်။
၁၄။ ၀ိနည်းမဟာဝါပါဠိတော်နိသျသစ်။
၁၅။ စူဠ၀ါပါဠိတော်နိသျသစ်။
၁၆။ ပရိဝါပါဠိတော်နိသျသစ်။
၁၇။ က၀ိသာရဆန်းဋီကာနိသျ။
၁၈။ သဒၵါႀကီးနိသ်။
၁၉။ ကဗျာသာရတ္ထသင်္ဂဟကျမ်း။
၂၀။ မဟာသရပျို့သစ်။
၂၁။ သဇ္ဇန၀ိလာသိနီကျမ်း။
၂၂။ ဆပဉ္စင်္ဂီက သုပိနာဓျာယသံသယ၀ိသောဓနကျမ်း။
၂၃။ ဓမ္မဒေသနာ။
၂၄။ ကျီးသဲလေးထပ် မေတ္တာစာ။
၂၅။ ဗုဒ္ဓ၀န္ဒနာ။
၂၆။ ဆုတောင်း ၁၅ ဂါထာပါဌ်။
၂၇။ မဟာဝင်ဝတ္ထု။
၂၈။ ပုရာဏ်ကျမ်းနှင့်ဓမ္မဂန်ဘတ်စာ။
၂၉။ ဒုဋ္ဌဂါမဏိပြဇာတ်။
၃၀။ အနန္တသုခဒီပနီ။

ဒီ ကျမ်းဂန်များအပြင် ရုံးကျမ်း၊ ဖ-ဘ ရေးထုံး လင်္ကာ စတဲ့ အခြား အတိုအထွာ စာပေများလည်း အများအပြား ရှိသေးကြောင်း သိရှိရပါတယ်။

အထက်ပါ ကျမ်းများအနက် ဇိနတ္ထပကာသနီကျမ်း၊ စွယ်စုံကျော်ထင် အဖြေကျမ်း၊ မဟာဝင်ဝတ္ထုတို့မှာ အကြိမ်ကြိမ် ပြန်လည် ရိုက်နှိပ်ရလောက်အောင် လူကြိုက်များသော ကျမ်းတွေ ဆိုတာ သိပြီးသား မဟုတ်လားလေ။

အအောင်မြင်ဆုံးကျမ်းက ဇိနတ္ထပကာသနီကျမ်းပေါ့ ယခု တွေ့ရှိသမျှ ဇိနတ္ထပကာသနီကျမ်းများတွင် သီပေါမင်း ပါတော် မမူမီ ၁၈၈၀-ပြည့်၊ (မြန်မာ ၁၂၄၂-ခု) နှစ်က ရန်ကုန်မြို့ ရာမညတိုင်း ပုံနှိပ် တိုက်မှ ရိုက်နှိပ်ထုတ် ဝေသော ဇိနတ္ထပကာသနီ ကျမ်းမှာ အစောဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီစာမူကို စာအုပ်အဖြစ်  ပထမဆုံး အကြိမ် ရိုက်နှိပ် ခြင်း ဖြစ်တယ်လို့ ယူဆနေရတယ် နဲနဲတော့ ကွဲလွဲ မှုလေး ရှိတယ် စာအုပ်အဖြစ် မရောက်လာပဲ နေနေ ခဲ့လို့ ကွာဟတာလား ဆိုတာကိုတော့ သုတေသန မလုပ်ရသေးလို့ မပြောနိုင်သေးပါဘူး။

အကယ်လို့ ဒီစာအုပ်ဟာ ပထမနှိပ်ခြင်း မှန်ပါက ၁၉၇၇ ခုနှစ်တွင် ဇိနတ္ထပကာသနီ၏ စာအုပ် သက် တမ်းသည် နှစ်ပေါင်း ၁၃၉ နှစ် ရှိနေပါပြီ။ ဤ ၁၃၉  နှစ် အတွင်း၌ ဇိနတ္ထပကာသနီကို ပြန်လည် ပုံနှိပ်ရ သည့် အကြိမ်ပေါင်းမှာလည်း များပြားလွန်း၍ ထည့် ပင် မထည့်တော့ပါဘူး။

ဒီကျမ်းနဲ့ပက်သက်လို့ ဒွါရဂိုဏ်းကြီး၏ဦးကိုင်၊ ဒွါရ သာသနာပိုင် ဖြစ်တော်မူသော အုဂ်ဖိုရ် ဆရာတော် ဘုရားကြီး ကမူ "ကိုယ်တော့်စာ ဘိုးသူတော်၊ မယ် သီလများ ဆန်ခံ သွားသောအခါ ဟောပြောရန် ကြည့်ရှုလိမ့်မယ်" ဟု ဇိနတ္ထပကာသနီနဲ့ ပတ်သက် ၍ မိန့်တော်မူကြောင်း ဟင်္သာတမြို့ အဂ္ဂမဟာပဏ္ဍိတ သပြေပင် ဆရာတော်က "အုဂ်ဖိုရ် မဟာထေရုပ္ပတ္တိ" ၌ ရေးသား ဖော်ပြထား သည်။

ဒါကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက

"စာတတ်၊ ပေတတ် ရဟန်းတွေ ဖတ်ဖို့ စာတွေ ဘီဒိုနဲ့ အပြည့် ရှိတယ်။ လူတွေ၊ ဘိုးသူတော်တွေ ဖတ်ဘို့ စာအုပ်တော့ ရှားပါသေးတယ်ဘုရား"

ပြန်လည် လျှောက်ထားခဲ့သည်လို့ အဆို ရှိတယ်။

ဘိုးသူတော်၊ မယ်သီလများ၊ ဖတ်ရန်ပင်ဖြစ်ဖြစ် ရဟန်းတော်များ ဖတ်ရန်ပင်ဖြစ်ဖြစ်၊ ဇိနတ္ထပကာသနီကျမ်း အပါအ၀င် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ စာပေများအနေနှင့် လူထု ကြား ဝင်ဆန့်ခဲ့တာကိုတော့ မည်သူမျှ ငြင်းနိုင် မှာ မဟုတ်ပါဘူး။

လူထုသုံးကျမ်းစာများ ဖြစ်၍ နေပေမယ်လည်း ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသား ပြုစုခဲ့တဲ့ ကျမ်းစာများအနက် အချို့သာ ပုံနှိပ် စာအုပ် အဖြစ်သို့ ရောက်ရှိခဲ့ပြီး ပုံမနှိပ်ရသေးသော ကျမ်းဂန်များမှာလည်း အများအပြား ကျန်ရှိ နေပါ သေးတယ်။

အချို့ကျမ်းဂန်များမှာမူ ပုံမနှိပ် ဖြစ်ရုံ သာမက စာမူ ပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဥပမာ - ``ကဗျာသာရတ္ထ သင်္ဂဟကျမ်း" ဆိုရင် ကျမ်း စာရင်းသာ တွေ့တယ် စာမူကို မတွေ့ရတော့ ပါဘူး။ ဒီ စာမူနဲ့ ပတ်သက်ပြီး စစ်ကြိုခေတ်ထွက် ဒဂုံ မဂ္ဂဇင်းမှာ ကာဂိယ၀ါစီ အရှင်ဉာဏိဿရ( မန္တလေးတက္ကသိုလ် ဆရာကြီး ဦးဆန်းထွန်း) က-

"ကဗျာသာရတ္ထသင်္ဂဟ-၎င်းကျမ်း ရှာ၍မတွေ့၊ ရေး သူနာမည်ပြောင်း၍ အမွေခံလိုက်ကြသည် ဟု ထင် ရပေသည်" ဟု မှတ်ချက် ရေးထားခဲ့ဖူးပါတယ်။

ကဗျာသာရတ္ထသင်္ဂဟမှာ ကျမ်းစာရင်းကို တွေ့ရှိရ၍ ကျမ်းစာအမည် သိရှိရသောကြောင့် တော်သေး တယ် လို့ ဆိုရမှာပါ။ ကျမ်းစာရင်းလည်း မတွေ့ရ၊ စာမူလည်း မတွေ့ရဘဲ ခြေရာပျောက် အမွေခံလိုက် သော အခြား စာမူများလည်း ရှိနိုင်သေးရာ အဲဒီ စာမူများ အတွက်ကတော့ လုံးဝ မျှော်လင့်၍ မဖြစ် နိုင်တော့ပါဘူး
 
ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး၏ ပုံမနှိပ် ရသေးတဲ့  စာမူများကိုလည်း ပုံနှိပ်စာအုပ် အဖြစ်သို့ ရောက်အောင် စာရေးဆရာတွေက ဝိုင်းဝန်း ကူညီ ပေးသင့်လှပါတယ် 
ဥပမာ - ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ "မဟာသရပျို့သစ်" ဆိုရင် ပုံနှိပ်စာအုပ် အဖြစ် ရိုက်နှိပ်သင့်တာ ကြာပြီပေါ့ (အခု စာအုပ်ဖြစ်နေပြီ လား မသိပါ အကုသိုလ်တော့ မမြင်ဖူးသေးပါဘူး)

မဟာသရပျို့သစ်မှာ ကျီးသဲလေးထပ် ဆရာတော် သာမဏေဘ၀က ပညာသင်ကြားခဲ့ရာ သစ်နီတော ရ ကျောင်းတိုက်နှင့် ရွာသာရွာ အကြား၌  တည်ရှိ သော သင်ဖြူးအင်းကြီးကို အနောတတ္တအိုင်ကြီးနှင့် ပမာနှိုင်းကာ တင်စား ဖွဲ့ဆိုထားသော ပျို့ပါ။
စာမြည်းလေး ခံစားကြည့်ပါဦးလား

အိုင်ကြီး၏ မြင်ကွင်းကို မဟာသရပျို့သစ်မှာ ဖွဲ့ထားတာက-

ယမုန်ကြည်ဆွတ်၊ သာတုလွတ်သား၊
နတ်လည်းဆက်ဆံ၊ ထိုအိုင်ယံဝယ်၊
မောင်နှံမကွာ၊ ရွှေဟင်္သာလည်း၊
မေတ္တာရစ်စည်၊ ချစ်အားသည်လျက်၊
မူတည်ယှဉ်နွှဲ၊ ကြင်နာကဲ၏၊
ဝမ်းဘဲရွှေငှက်၊ ဆွေလည်ယှက်လည်း၊
ရေထက်ဝပ်တွား၊ နှစ်ပါးကြည်ညို၊
ကြာရိပ်ခိုလျက်၊ အလိုလိုက်ကြ၊
ဝမ်းစာမျှ၏၊ တူကွမကွေ၊
မိတ်ဆွေကြင်နာ၊ ရွှေကြိုးကြာလည်း၊
ခြင်းရာမေးမြန်း၊ နှုတ်ခွန်းချေပ၊
ချစ်ရေသရှင့်၊ ပျံကြရေပေါ်၊
ရွှေဇင်ယော်လည်း၊ ရွှင်ပျော်ငုံ့လျှိုး၊
ငါးသို့ထိုးမှ၊ မိုးဖျားပျံတက်၊
ငါးနှင့်ငှက်တို့၊ ရန်မက်ကျူးလွန်၊
အားတသွန်ဖြင့်၊ ရွှေစွန်ပျံဝဲ၊
လိုက်ဆဲဆဲတွင်၊ သိန်းရဲဟပ်လွေး၊
လူခပ်ပြေးက၊ မြစ်တွေးညိုးညံ၊
ပျော်ပွဲခံ၏...။

စသည်ဖြင့် ကျီးသဲလေးထပ်ဆရာတော်က စာဖတ် သူများ အနေနဲ့ မျက်စိထဲ ထင်ယောင် မြင်ယောင် လာအောင် ရသမြောက်စွာ ဖွဲ့ဆိုခဲ့ပါတယ် တော်ချက် သာမဏေ ဘဝကတဲ့ အကုသိုလ်နဲ့ များတော့ လားလားမှ မတူ ။

ဒါပေမယ့်လည်း မဟာသရပျို့သစ်မှာ ယခုအထိ စာအုပ်အဖြစ် မရောက်ရှိဘဲ ပေမူ အဖြစ်နဲ့သာ ရှိ သေးသဖြင့် ဒီလို ရသမျိုးကို စာပေလောကမှ စာပေ သုတေသီတိုင်း ခံစားနိုင်ခွင့် မရှိကြသေး ပါဘူး။

ဒီတော့ အထက်က ပြဆိုထားတဲ့ ကျမ်းတွေထဲ စာမူ ဟောင်း သိမ်းဆည်းထားသူများ ရှိခဲ့ရင် ဆက်သွယ် လှူဒါန်းစေလိုပါကြောင်း နှိုးဆော် တိုက်တွန်းအပ်ပါ တယ် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ လို့ ဘုရား က မိန့်ထားတယ် မဟုတ်လား အမြတ်ဆုံး ကုသိုလ်ကို ရယူနိုင်ကြပါစေ

အရှင် အကုသိုလ်

ကိုးကား

၁။ မြင့်ဆွေ-ပျောက်ဆုံးနေသော ကျီးသဲလေးထပ် စာမူများ
၂။ ၁၉၇၇-ခုနှစ်၊ အောက်တိုဘာလထုတ် မိုးဝေ စာပေ မဂ္ဂဇင်း စာမျက်နှာ(၅၇ မှ ၅၉ ထိ)။
၃။ ဟင်္သာတမြို့ အဂ္ဂမဟာပဏ္ဍိတ သပြေပင် ဆရာတော်က "အုဂ်ဖိုရ် မဟာထေရုပ္ပတ္တိ"


1 comment:

  1. Facebook မှာ share ပါရစေ (shareလိုက်သည် :p )

    ReplyDelete

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်