Showing posts with label ကမ္ဘာ့အမြင်. Show all posts
Showing posts with label ကမ္ဘာ့အမြင်. Show all posts

တန်လိုင်းတွေ ဘယ်ရောက်ကုန်တာလဲ

တန်လိုင်း

ကောဇာသက္ကရာဇ် ၄၆၉ခုစွဲ ပရမ္မိထီးလှိုင်သျှင်ကျောက်စာ
ကျောက်တိုင်အမှတ် နံပါတ် (၅)က စာကြောင်းရေ ၅,၆မှာ
"ဥသာလမည် တန်လိုင်ပြည်ကို နည်နည်ညက်ညက် ခြေဖျက်ပြီး၍" လို့ ရေးထားတယ်။ အလှူရှင်က ကျန်စစ်သားမင်းကြီး ဖြစ်ပါတယ်။

စစ်ကဲတော်မင်းဦးရွှေနော် ရေးတဲ့ စေတီတော်သမိုင်းပေါင်း ချုပ် စာမျက်နှာ ၈၁ မှာ "တလိုင်းတို့နယ်ပယ်ဟု" ဆိုပြီး ရေးတယ်။

ကိုလိုနီခေတ် ရုံးစာရေးသားကြရာတွင် "တလိုင်းဘာသာ စာသင်ကျောင်းများ" ဆိုပြီး သုံးကြပါတယ်။

ဆိုရလျှင် တန်လိုင်းဆိုတာ ပုဂံခေတ်ကနေ ကိုလိုနီခေတ် အထိ ထယ်ထယ်ဝါဝါ ရှိခဲ့တဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။

ဒီလူတွေ ကိုလိုနီခေတ်နှောင်းရောက်ချိန်မှာ ဘယ်ရောက် ကုန်ကြတာလဲ။ ဘယ်ပျောက်သွားတာလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းလှပါတယ်။

အစကတော့ဖြင့် တန်လိုင်းဆိုတာ မွန်လူမျိုးတို့ကို ခေါ်တာ ဆိုပြီး မှတ်ထင်ခဲ့မိပါတယ်။ မွန်သမိုင်းဆရာပညာရှင်များ မွန်လူမျိုးများက တရားဝင်ခွင့်ပြုချက်ရ စာအုပ်စာပေများ ဖြင့် တလိုင်းသည် မွန်လူမျိုးမဟုတ်ပါကြောင်း တလိုင်း ဆိုသည်မှာ တေလဂူများကို ခေါ်ဆိုကြောင်း ငြင်းချက်ထုတ် ထားသော စာအုပ်အတော်များများကို ဖတ်မှတ်ရသော အခါ ဒီတလိုင်းဆိုတဲ့ လူမျိုးတွေ ဘယ်ရောက်ကုန်တာလဲ
ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပါတယ်။

ရာဇဝင်နှင့် ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်းတို့တွင် ခန့်ခန့်ထယ်ထယ် အရေးတယူမှတ်တမ်းတင်ရလောက် အောင် ကြီးကျယ်ခဲ့သော တန်လိုင်းလူမျိုးတို့ ကိုလိုနီခေတ် နှောင်းရောက်ကာမှ ရုတ်ချည်း ပျောက်ကွယ်သွားရသည် ကိုလည်း များစွာအံ့သြမိရပါတယ်။ ဒီလူတွေ ဘယ်ရောက် ကုန်တာလဲ။


ရှေးခေတ်ကဆည်မြောင်း - ဒေါက်တာသန်းထွန်း



ပုဂံခေတ် ကျောက်စာတချို့အားကိုးနဲ့ ဆည်မြောင်းအကြောင်းကို ပြန်ပြီး စစ်ဆေးကြည့်တော့ အများ ပြောလေ့ရှိပုံကို နည်းနည်းတော့ ပြင်ဆင်ရမယ် ထင်တယ်။ ပုဂံအနားက အနောက်ဖွားစောရွာ ဓမ္မရာဇိက ဘုရား အရှေ့မုခ်ဂူထဲက ကျောက်စာအရ ဓမ္မရာဇိကဘုရားကို ဇေယသူရမင်းကြီး တည်တယ်။ မြန်မာဆန်ဆန် ဇေယသူရကို စည်သူလို့ ခေါ်ကြ တယ်။ ပြီးတော့ အထက်က စည်သူမင်းတစ်ပါး ရှိဖူးလို့ အရင်စည်သူကို အလောင်းစည်သူ (၁၁၁၃-၁၁၆၃) လို့ခေါ်လေ့ ရှိပြီး အခု စည်သူကို နရပတိစည်သူ (၁၁၆၉-၁၂၁၁) လို့ ခေါ်လေ့ ရှိကြပါတယ်။ အဲဒီနောက်မှာ ဥစ္စနာ (၁၂၄၆-၁၂၅၆) ကလည်း ကျောက်စာထဲမှာ စည်သူလို့ပဲ ဘွဲ့အမည်ကို ရေးပြန်တယ်။ တရုတ်ပြေး (၁၂၅၆-၁၂၈၇) ကလည်း စည်သူပဲ။



ဒါ့ကြောင့် အဝခေတ်မှာ မင်းခေါင်တွေကို ပထမမင်းခေါင်၊ ဒုတိယမင်းခေါင် ခေါ်သလို ပုဂံခေတ်က စည်သူတွေကိုလည်း ပထမစည်သူ၊ ဒုတိယစည်သူ၊ တတိယစည်သူနဲ့စတုတ္ထစည်သူလို့ ခေါ်လေ့ ရှိကြပါတယ်။ အခု သစ်မတီအရပ်မှာ ရှိတဲ့ ဓမ္မ ရာဇိကစေတီ တကာတော်ကိုလည်း ဒုတိယစည်သူလို့ ခေါ်လေ့ရှိပါတယ်။ ဒုတိယစည်သူရဲ့ ခမည်းတော် ပထမစည်သူရဲ့ ဘွဲ့က သိရီတြိဘုဝနာဒီတျပဝရပဏ္ဍဍိတ ဓမ္မရာဇ နရပတိ ဖြစ်ပါတယ်။ ဇမ္ဗူဒီပမှာ တန်ခိုးကြီးတယ်လို့ ကျော်ကြားတဲ့မင်း ဖြစ်တယ်လို့ သူ့သားတော် ဒုတိယစည်သူက ဓမ္မရာဇိက ကျောက်စာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒုတိယစည်သူက သူ နန်းစံရာ နေပြည်တော်က အရိမဒ္ဒနပူရ၊ နိုင်ငံက အရှေ့သံလွင်မြစ်၊ တောင်ထဝယ်၊ တနင်သာရီ၊ သလင်ကြေ (Cape Salang)၊ အနောက်(ချင်း​)တောင်၊ ပတိက္ကရာ၊ မြောက်တကောင်း၊ ငဆောင်ချံ ဖြစ်တယ်။ သူ့မှာ စစ်သူရဲ တစ်ဆယ့်ငါး သိန်းရှိတယ်လို့တောင် ကျောက်စာထဲမှာ ဖော်ပြတယ်။ (သုညတစ်လုံး ဖြုတ်ပြီး တစ်သိန်းခွဲ နှစ်သိန်းဆိုရင် ဟုတ်​လောက် စရာ ရှိပါတယ်။)

ဒုတိယစည်သူမင်းကြီးက ဘုရား တည်မယ်ဆိုပြီး ၇ အောက်တိုဘာ ၁၁၉၆ နေ့က သစ်မတီအရပ်မှာ မြေနေရာ ရွေးတယ်။ ငါးမြှောင့်တိုင် ဖြူဖြူ တစ်တိုင်မြင်တော့ နိမိတ်ကောင်းပဲ ဆိုပြီး တွေ့တဲ့နေရာမှာ ပန်နက်ပုံ ထောင့်ငါးထောင့် ရှိပြီး အရံ တန်ဆောင်းငါးဆောင် ရှိတဲ့ စေတီတစ်ဆူ တည်ဖို့ ဆုံးဖြတ်တယ်။ အဲဒါကို သစ်မတီရပ်မထေရ် (မဟာထေရ) ကိုလည်း အကြောင်း ကြားတယ်။ ငွေတော်လည်း လေးသောင်းခွဲ ထုတ်ပေးတယ်။ သီဟိုဠ်မင်းဆီက ရထားတဲ့ ဘုရားဓာတ်တော် အဆူ ၃ဝ ကို ဌာပနာပြီး စေတီကို တည်တယ်။ ပြီးတဲ့အခါ ၁၈ စက်တင်ဘာ ၁၁၉၈ မှာ အထွတ် တင်တယ်။

ဘုရား ပြီးပြီဆိုတော့ သံဃာအပါးတစ်ထောင်အတွက် သင်္က္န်းအစုံ တစ်ထောင် လှူတယ်။ ရတနာသုံးပါးကို လုပ်ကျွေး ပြုစုဖို့ ကျွန်တစ်ထောင်လည်း လှူတယ်။ ဘုရားမြေဆိုပြီး မြေပယ်ပေါင်း ခုနစ်ထောင့်ငါးရာလောက် လှူတယ်။ တစ်ပယ် ကို ၁ ဒသမ ၇၅ ဧက ရှိလေတော့ ဘုရားမြေ အစုစု ဧကပေါင်း ၁၃၁၂၅ ဧကလောက် လှူလိုက်တာ ဖြစ်တယ်။

မြေလှူတဲ့အခါ ဆည်ရေသောက် လယ်တွေကို ခရိုင်ဒေသကရော၊ တိုက်အရပ်ကပါ မျှတပါဝင်အောင် ရွေးပြီး လှူခဲ့တယ်။ ခရိုင်နဲ့တိုက်ကို ဘယ်နေရာတွေမှာ တွေ့နိုင်တယ်။ ဘယ်တုန်းက စပြီး ဒီနေရာတွေမှာ ဆည်မြောင်းနဲ့ရေသွင်းပြီး စပါး စိုက်တယ်ဆိုတာ ရှင်းဖို့ လိုပါတယ်။ ပထမဦးဆုံး ဆည်ရေသောက် လယ်ရှိတဲ့နေရာတွေကို "ခရိုန်"လို့ခေါ်ပါတယ်။ အခု ခေတ် စာလုံးပေါင်းကတော့ "ခရိုင်"ပေါ့။

ကျောက်ဆည်နယ်မှာ ခရိုင်ဆိုတဲ့နာမည်နဲ့ တွဲပြီး ခေါ်တဲ့ရွာ တစ်ဆယ့်တစ်ရွာ ရှိတယ်။ မန္တလေးနယ်မှာတော့ ခရိုင်တစ်ရွာ ပဲ ရှိတယ်။ မင်းဘူးနယ်မှာ ခရိုင်ခြောက်ရွာ ရှိတယ်။ အဲဒီနေရာတွေမှာ မြန်မာတွေထက် စောပြီး မွန်၊ ကရင်နဲ့ကဒူးတွေက အရင် အနှစ် နှစ်ထောင် ဝန်းကျင်ကပဲ စပါး စိုက်နေကြပါပြီ။ နောင်အခါ စပါးကို ဆည်ရေ အားကိုးနဲ့ စိုက်တဲ့ပညာကို မြန်မာတွေ တတ်ကျွမ်းလာတဲ့အခါ စပါးစိုက်ခင်းကို တိုးချဲ့ပါတယ်။ နောက်တိုးဒေသကို "တိုက်"လို့ ခေါ်ပါတယ်။ အဲဒီလို တိုးချဲ့ခဲ့တာက အရင် အနှစ် ခုနစ်ရာလောက်က ဖြစ်ပါတယ်။

တစ်ဆယ့်တစ်ခရိုင်

ကျောက်ဆည်နယ်မှာ ရှိတယ်။ တောင်က မြောက်ကို အစဉ်လိုက် ဖော်ပြရင်

၁။ ပင်လယ် (နတ်ထိပ်တောင်ကြားလမ်းနဲ့အနီးဆုံး တစ်ဆယ့်တစ်ခရိုင်မှာ တောင်ဘက်အကျဆုံး၊ အခု ရွာဆိုးကုန်း)

၂။ ပြည်မနား (မီးရထားလမ်းပေါ်က မြို့မဟုတ်၊ ပန်းလောင်မြစ် အနောက်ဘက်၊ ကူမဲမြောက်ဘက်၊ အခု ရွာဆိုးကုန်း)

၃။ မြစ်သား (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက်)

၎။ ရငုန် (အခု ရွာမုံကြီး၊ ပန်းလောင်မြစ်နဲ့စမုံမြစ်ဆုံ)

၅။ မြင်းခုန်တိုင် (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက် ကမ်းပါး)

၆။ ပနန် (ကျောက်ဆည်မြို့ အနောက်၊ ပန်းလောင်မြစ် အရှေ့ဘက်ကမ်း၊ အခု ရွာဆိုးကုန်း)

၇။ တမုတ် (ပန်းလောင်မြစ်နဲ့ဇော်ဂျီမြစ်ဆုံ၊ အခု ရွာဆိုးကုန်း)

၈။ သင်တောင် (ကျောက်ဆည်မြို့မြောက်၊ ဇော်ဂျီမြစ် အနောက်၊ စွန်ရဲကန်အနီး၊ အခု ရွာဆိုးကုန်း)

၉။ မက္ခရာ (အခု မြို့၊ ဇော်ဂျီမြစ်နဲ့မြစ်ငယ်မြစ်ဆုံ)

၁ဝ။ တပြက်သာ (မက္ခရာမြို့အနောက်၊ အိုးထိန်းတောင်ဝန်းကျင်၊ အခု ရွာဆိုးကုန်း)

၁၁။ ခံမှူ (မွန်ရွာဟောင်း၊ ပန်းလောင်မြစ်နဲ့မြစ်ငယ်မြစ်ဆုံ)

တစ်ခရိုင်

မန္တလေးနယ်

မင်းဘူးနယ်၊ ကျောက်ဆည်နယ်က တစ်ဆယ့်တစ်ခရိုင်လို့ နာမည်စာရင်း မရှိ။ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်

၁။ စကု

၂။ မပင်စရ

၃။ ကျက်သကိုင်

၎။ ယပကော

၅။ စလင်း

၆။ အော့လိုင်

တိုက်

မုံရွာအောက် ချင်းတွင်းမြစ်ရိုးနဲ့ တကောင်းအောက် ဧရာဝတီမြစ်ရိုး နှစ်ရိုးအကြား တောင်က မြောက် အစဉ်လိုက်

၁။ လတွေ

၂။ မုဆိုးခြုံ

၃။ မုဆိုးဖို

၎။ ပင်စည်

၅။ ညံ့သာ

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ငါးခုံယမားချောင်းနဲ့ ယမားချောင်း နှစ်ခုအကြား ပင်ကျီဆယ်တိုက်၊ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်

၁။ ငါးခုံ

၂။ ကျားတက်

၃။ ချောင်းဆုံ

၎။ ပုလဲ

၅။ မင်းတိုင်ပင်

၆။ ဆားလင်းကြီး

၇။ ဆားထုံး

၈။ ချင်ပြစ်

၉။ အိုင်းမ

၁ဝ။ ယင်းမာပင်

ဧရာဝတီမြစ် အနောက်ဘက်ကမ်း

၁။ တမာခါး (ယောမြစ်ညာ)

၂။ ပူဇော် (ခြောက်ခရိုင်အစပ်)

၃။ မုန်းတောင် (မုန်းချောင်း တောင်ဘက်ကမ်း)

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း

၁။ တောင်တွင်းကြီး

အထူးမှတ်ချက်။ခရစ်နှစ် တစ်ဆယ့်သုံး ရာစုနှစ်ကုန်မှာ တရုတ်က တူးပေးသွားတယ်ဆိုတဲ့ သင်းတွယ်မြောင်ကို ခရစ် နှစ် ၁၂၉၈ က ကျောက်စာမှာ တွေ့တယ်။ ကျောက်စာမှာ တွေ့တဲ့နှစ်ထက် အနည်းဆုံး အနှစ်ငါးရာကျော်ကပဲ ဂဒူးတွေ တူးခဲ့လို့ သူတို့အများစုနေရာ သင်းတွယ် (တကောင်း)ကို စွဲပြီး သင်းတွယ်မြောင် ခေါ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ဿ

အညွှန်း ဓမ္မရာဇိကဘုရားကျောက်စာ (ဓာတ်ပုံ ၁၉၊ ၂ဝ)

ကလျာမဂ္ဂဇင်း၊ ၁၉၉၂၊ ဇူလိုင်လ၊ အမှတ် ၈၉။

မြန်မာတက္ကသိုလ်များနှင့် ရှေးဟောင်းသုတေသနပညာ - ဒေါက်တာသန်းထွန်း



အက္ခရာတင်ပြီး ရေးမှတ်ထားတဲ့ အထောက်အထားရှိမှ သမိုင်း ဖြစ်တယ်။ သက်ကြီးစကား သက်ငယ် ကြားဆိုပြီး ပြော တိုင်း မယုံသင့်ဘူး ဆိုတဲ့စကား၊ ရှေ့တန်း ရောက်လာတဲ့အခါမှာပဲ အရင်က ရေးမှတ် ပြောဆိုနေကြတဲ့ ဦးကုလား မဟာ ရာဇဝင်၊ ဦးထွန်းညို ရာဇဝင်သစ်၊ ရဟန်းပညာရှိ လူပညာရှိ ၁၃ ဦး မှန်နန်းတော်မှာ စည်းဝေးပြီး ရေးသားပြုစုတဲ့ မှန်နန်းရာဇဝင်တွေမှာ၊ ကမ္ဘာဦးက စပြီး၊ မဟာသမ္မတက အဖရိုက်ရာ သားဆက်ခံတာကို၊ မင်းတစ်ပါးပြီး တစ်ပါး ရေးသား တင်ပြတာကို၊ ခြွင်းချက်မရှိ လက်ခံခဲ့ကြတယ်။ နောက် အင်္ဂ္လိပ်လူမျိုး Cocks တို့၊ Harvey တို့၊ Hall တို့၊ Pearn တို့က မြန်မာရာဇဝင်ကို ရေးပြီး ဆယ်တန်းကျောင်းသုံး ပြဋ္ဌဌာန်းလိုက်ကြတယ်။ ဦးဘသန်း၊ ဦးဖိုးကျား၊ ဦးအုံး မောင်တို့က ကျောင်းသုံးစာအုပ် ရေးကြတယ်။ အဲဒီအခါက ရေးသားပုံတွေကို ယှဉ်ကြည့်တဲ့အခါ၊ စာမျက်နှာ အနည်း အများပဲ ကွာတယ်။ ၁၉ ရာစုနှစ်လေသံနဲ့ ၂ဝ ရာစုနှစ်လေသံပဲ ကွာခြားပါတယ်။ အကြောင်းအရာ ဖော်ထုတ်ပုံက တူနေပါတယ်။



အထောက်အထား စာပေ အရေးအသားရှိမှ သမိုင်း(history) ဖြစ်လို့၊ အကြိုသမိုင်း (prehistory)၊ အစသမိုင်း (prohistory) တွေကို ဘာအထောက်အထားနဲ့ ရေးမလဲ ဆိုတဲ့မေးခွန်းကို ဖြေနိုင်အောင်၊ အချက်အလက် စုဆောင်းကြရ ပါတယ်။ အကျိုးအကြောင်း ဆက်စပ်ပြီး အရင်းခံကိစ္စ(cause)၊ အဖြစ်အပျက် (event) နဲ့ ကောင်းကျိုး-ဆိုးပြစ် (result) ဆက်ပြီး ရေးပါမှ၊ သမိုင်း ဖြစ်မယ်။ အက္ခရာ အထောက်အထား မရှိရင်၊ မနုဿဗေဒ(anthropology) ကို လေ့လာရမယ်၊ ရှေးဟောင်းသုတေသန(archaeology) ကို လေ့လာရမယ်လို့၊ အဖြေထွက်လာပါတယ်။

            မနုဿဗေဒဆိုတာက အခု မျက်မှောက်ခေတ်မှာပဲ၊ ကမ္ဘာအရပ်ရပ်မှာ တိုးတက်မှုတွေနဲ့ ကင်းကွာပြီး ရှေးကလိုပဲ နေထိုင်စားသောက်မြဲ နေထိုင်စားသောက် ယုံကြည်ဆောင်ရွက်တဲ့ လူတွေကို ရှာပြီး၊ သူတို့ကို ကြည့်ပြီး ငါတို့လည်း အရင် အနှစ်တစ်ထောင်က ဒီလိုပဲ နေကြမှာပါလို့၊ မှန်းဆချက် ဖြစ်ပါတယ်။ အဲဒါကို လူ တော်တော်များများက လက်ခံချင်မယ် မဟုတ်ပါ။ ဒါပေမဲ့ အဖေနဲ့သား အသက်အားဖြင့် အနှစ် နှစ်ဆယ် ကွာမယ်၊ ဒီအနှစ် နှစ်ဆယ်ရဲ့ဟိုဘက်ထိပ်မှာ အဖေ- အမေ နေထိုင်ခဲ့ပုံနဲ့ ဒီဘက်ထိပ်မှာ ငါတို့လင်မယား နေထိုင်ပုံ တူသလား မေးရင်၊ မတူဘူးလို့ပဲ ဖြေရမှာပါ။ ကိုယ့်မြေး မြစ် တွေလည်း ဒီလိုပဲ တွေ့ကြရမှာပါ။ ဒါပေမဲ့ ယေဘုယျစကား ပြောတဲ့အခါ အမှားနဲ့အမှန်၊ မှားတဲ့ဘက်က များတတ်လို့ ခုခံ ပြီး မပြောနိုင်၊ မပြောဝံ့ပါ။ ဒါပေမဲ့ မြစ်ထဲက​ ရေလို "အရင်ရေ နောက်ရေ" လို့ ခွဲမရပေမယ့်၊ အခုရေဟာ အရင်ရေ မဟုတ် တော့တာလည်း သေချာပါတယ်။ ပြောင်းလဲတာတော့ သေချာတယ်။ တိုးတက်တယ်၊ ဆုတ်ယုတ်တယ်လို့​ ပြောဖို့ကတော့ ခက်တယ်။ အကောင်းဆုံး နမူနာ ပြရရင်၊ အရင်က ဒီလူမျိုးနဲ့ အခုလူမျိုး တစ်ဆက်တည်း ဖြစ်တာ မှန်ပေမယ့်၊ အရင်လူ တွေ မရှိလို့ အရင်စရိုက် အကုန်မပျောက်ပါ။ မတူတာတွေလည်း အများကြီး၊ တူတာ​လည်း ရှိပါတယ်။ အဲဒီလို ခွဲခြား စိတ်ဖြာပြီး ကြည့်တဲ့အခါမှာမှ၊ တိုးတက်မှုလည်း တွေ့မယ်၊ ဆုတ်ယုတ်တာလည်း တွေ့မယ်။ ဆိုလိုတာကတော့ ရှေးလူတွေ ဘယ်လိုနေမလဲ သိချင်ရင်၊ အခုထိ မဖွံ့ဖြိုးတဲ့လူတွေကို ရှာကြည့်ပါ ဆိုတဲ့ အကြံပေးချက်ကိုလည်း ခြွင်းချက်နဲ့ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ခေတ်ဟောင်းကို ဖော်ထုတ်ချင်ရင်၊ မနုဿဗေဒနည်းကို လိုက်နာရမှာက အရေး ကြီးတဲ့အချက် တစ်ခု ဖြစ်ပါတယ်။

            ရှေးဟောင်း​သုတေသန(archaeology) ကိုလည်း မသုံးဘဲ နေလို့ မရပါ။ ပစ္စည်းတစ်ခု ကောက်ရတယ် (surface find) ပဲဖြစ်ဖြစ်၊ တူးဖော်(excavation) လို့ရတယ်ပဲဖြစ်ဖြစ် ရလာတဲ့ပစ္စည်းကို-

(၁) ဒါကို ဘာအတွက်လုပ်တဲ့ ပစ္စည်းလဲ၊

(၂) ဘယ်လိုလူက လုပ်တာလဲ၊

(၃) ဘယ်အချိန်ကာလ လုပ်တာလဲ လို့

အရေးကြီးတဲ့ မေးခွန်း(၃)ခုကို မေးပါ။ ဖြေနိုင်မယ့်လူကို ရှာပါ။ ဒီမှာ မရ မတွေ့ရင်၊ နိုင်ငံခြားမှာ ရနိုင် တွေ့နိုင်မလား စူးစမ်းပါ။ ပြီးတော့မှ ပတ်ဝန်းကျင် အနေအထားနဲ့ချင့်ချိန်ပြီး ဘာအတွက် ဘယ်သူတွေက ဘယ်တုန်းက လုပ်တာလဲလို့ အတိအကျ မမှန်တောင်၊ အနီးစပ်ဆုံး မှန်အောင် ဖြေနိုင်ကြပါလိမ့်မယ်။ ရှေးဟောင်းသုတေသန(archaeology)ပညာဟာ အဲဒီနေရာမှာ အသုံးကျလာပါတယ်။

အစိုးရဌာနတွေမှာ "ရှေးဟောင်းသုတေသနဌာန" ဆိုတာက၊ ၁၈၉၈ လောက်က မြန်မာနိုင်ငံမှာ ရှိခဲ့လို့၊ ၁၉၉၈ လောက်မှာ အနှစ်တစ်ရာ ရှိပါပြီ။ အဲဒီနေရာက ရှေးပစ္စည်းတွေကို

(၁) ရှေးအတိုင်း လက်ရာမပျက် ထိန်းပေးတယ် (preservation)

(၂) နောက်ထပ် မပျက်အောင်လည်း ကာကွယ်ပေးတယ် (conservation)၊

(၃) တတ်စွမ်းသမျှ ရှေးပုံစံကို ဖော်ထုတ်တယ် (restoration)၊

ဒီသုံးချက်ကို အခုမြန်မာနိုင်ငံမှာ ရှိတဲ့ ရှေးဟောင်းသုတေသနဌာန(Archaeology Department)က တည်တည်ငြိမ်ငြိမ် စနစ်တကျ ဆောင်ရွက်ပေးနေတဲ့အတွက် အများကြီး ကျေးဇူးတင်ရပါတယ်။

ရန်ကုန် မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ၊ ရှေးဟောင်းသုတေသနကို အထူးစိတ်ပါဝင်စားလာကြ တဲ့အချိန်က ဖြစ်ပါတယ်။ အဲဒီအခါက တူးဖော်ရေးခေါင်းဆောင် ဦးအောင်သော်ရဲ့ မှတ်တမ်းအရ၊ ၁၁ ဇွန် ၁၉၅၉ မှ ၁ စက်တင်ဘာ ၁၉၅၉ အထိ၊ တောင်တွင်းကြီး အနောက်တောင် ၁၂ မိုင်အကွာ ကက္ကိုခွရွာမြောက် (လက်တီတွဒ် ၂ဝံ မြောက်၊ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၃' အရှေ့)မှာ၊ ဘာတွေ တွေ့သလဲ၊ သူတို့ တူးဖော်ပေးသမျှ ငါတို့အတွက်ပါကလားလို့ ကျွန်တော်တို့ ကျောင်းသားတွေပါ ခေါ်သွားပြီး တူးဖော်ရေးစခန်းမှာ နေ့ရက်များစွာ သွားရောက်လေ့လာခဲ့ကြပါတယ်။ ရှေးဟောင်းသုတေသနဌာနကလည်း သိပ်ဝမ်းသာပြီး

(၁) တူးဖော်ဖို့ မြေကွက်ကို ဘယ်လို ရှာရတယ်၊

(၂) မြေလွှာအလိုက် ဘယ်လို တူးရတယ်၊

(၃) ရှေးဟောင်းပစ္စည်း တွေ့ရင်၊ ဘယ်အခြေအနေမှာ ဘယ်လို တွေ့တယ် ဆိုတာကို၊ စနစ်ကျကျ မှတ်တမ်းယူရတယ်၊

(၄) အခုလို ရတဲ့ပစ္စည်းကို အသေအချာ လေ့လာပြီးနောက် အစီရင်ခံစာ ရေးရတယ်၊

ဆိုတာတွေကို အသေးစိတ် (လက်တွေ့ကျကျ) သင်ပေးတဲ့အပြင်၊ ကျောင်းသားတစ်ယောက်ကို နေ့စားအလုပ်သမား တစ်ယောက်ကို ပေးတဲ့လုပ်ခ (သုံးကျပ်ခွဲ) နေ့စဉ် ပေးပါသေးတယ်။

၁၉ စက်တင်ဘာ ၂ဝဝ၄။


မိုးဂျာနယ်၊ နိုဝင်ဘာ၊ ၂ဝဝ၄၊ ၁၁၂-၁၁၅။

လက်ဝါးပြကာရတဲ့ နိုင်ငံ - ဒေါက်တာသန်းထွန်း



နိုင်ငံဟူသော ဝေါဟာရကို ပုဂံခေတ်ကပင် စတင် တွေ့ရှိခဲ့ပါတယ်။ (ပုံ ၁၉ က၆) ၇ အောက်တိုဘာ ၁၁၉၆၊ ၁၈ စက်တင်ဘာ ၁၁၉၈) ပုဂံခေတ် ခရစ် တစ်ဆယ့်နှစ်ရာစုနှစ် ကုန်ခါနီး ဒုတိယစည်သူ(? ၁၁၆၅-၁၂၁၁) လက်ထက် ပုဂံနိုင်ငံ ရဲ့ အကျယ်ကို ပြောရရင်

အရှေ့ သံလွင်မြစ်

တောင် သလင်ကြေ  (Cape Salang, Phukhet)

အနောက် မစ္ဆဂီရိ (? Chin Hills)

မြောက် ငဆောင်ချံ (? Bhamo)



ထိဖြစ်တယ်လို့ ဓမ္မရာဇိက ဘုရားကျောက်စာ (ပုံ ၁၉)မှာ ရေးထားပါတယ်။ မြေပုံ "လက်ဝါးပြကာရတဲ့နိုင်ငံ ၁၈ ဖေဖေါ်ဝါရီ ၁၅၆၄" ကို ကြည့်ပါ။ ဟံသာဝတီ ဆင်ဖြူရှင်လက်ထက်မှာ အာသံ၊ မဏိပူရ၊ ကိုးရှမ်းပြည်၊ လူးတစ်ဆယ့်နှစ် ပန္နာသ (Sisom Panna)၊ ဇင်းမယ် (Chiengmai)၊ ယိုးဒယား (ထိုင်း Thailand)၊ အဲဒီလောက်ထိ ကျယ်ပြန့်လာတယ်။ ဒီနယ်တွေကို နိုင်ငံလို့ ခေါ်ပါတယ်။ တိုက်ခိုက်အောင်နိုင်လို့ "နိုင်"ဆိုတဲ့စကားလုံး (ဝေါဟာရ)အပြင် ချစ်ခင်ရင်းနှီးပြီး သမီးကညာ ဆက်တာမျိုးနဲ့ လက်အောက်ခံမဟာမိတ် (Subordinate Alliance) ဖြစ်လာတဲ့အခါ ဖြည့်စွက် ပြည့်ဝလာ လို့ ရည်ငံ ဆိုတဲ့စကားက "ငံ" ကို ယူပြီး "နိုင်ငံ" ဖြစ်လာတယ်လို့ ထင်ရပါတယ်။ ချစ်ကြည်တယ်၊ ပြည့်ဝတယ်၊ သံတမန် လဲလှယ်ပြီး လက်အောက်ခံ ဖြစ်လာတဲ့ပဒေသရာဇ်ဟာ သူ့မူလနေရာမှာပဲ "အသက်အိုးအိမ် စည်းစိမ်မပျက်" ဆက်လက်  နေခွင့်ရတယ်။ စစ်အင်္ဂ࿿ါ ခင်းကျင်းပြီး ခြိမ်းခြောက်ရုံနဲ့ သမီးကညာဆက်၊ အခွန်ဆက်တာကို "လက်ဝါးပြကာ အောင်တယ် "လို့ (မှန်၊ ၂၊ ၁၉၅၇၊ ၃၆၈) ဖော်ပြတတ်ပါတယ်။

သက္ကရာဇ် ၉၂၅ ခု၊ တပေါင်းလဆန်း ၈ ရက် (၁၈ ဖေဖေါ်ဝါရီ ၁၅၆၄) တွင် ဆင်ဖြူဆင်နီများသခင် ဘဝရှင် မင်းတရား ကြီးဘုရားသည် တိုင်းကြီးပြည်ကြီးအပေါင်း ထီးဆောင်းမင်းတကာတို့နှင့် တကွ ချီတော်မူ၍ လုပ်ကြံတော်မူလျှင် ဘုန်း လက်ရုံး အာဏာနှင့်ပြည့်စုံတော်မူသော မင်းတို့နေရာ ဖြစ်သော ဒွာရာဝတီ အမည်ရှိသော ယိုးဒယား(ထိုင်း)ကို လက်ဝါး ပြကာ အောင်မြင်တော်မူသည်။ (မှန်၊ ၂၊ ၁၉၅၇၊ ၃၆၈)

ယိုးဒယား(ထိုင်း)မင်း သားတော်ကြီး မဟိန်ကို ယိုးဒယား(ထိုင်း) (Ayuthia) မှာပဲ မင်းမြှောက်ခဲ့ပြီး နန်းကျမင်းရယ်၊ သားတော်အငယ် ဗြရာမသွန်ရယ်၊ အမတ်ကြီးဗြစက္ကိရယ် ဆင်ဖြူလေးစီးရယ် ယူပြီး ဟံသာဝတီကို ပြန်ခဲ့ပါတယ်။ ယိုးဒ ယား(ထိုင်း)က နှစ်စဉ်ဆက်သွင်းရမယ့် အခွန်က တိုက်ဆင် ၃ဝ၊ ငွေ ၃ဝဝ (သုံးပိဿာ)၊ တနင်္သ࿿ာရီသင်္ဘ࿿ောအကောက် ဖြစ် ပါတယ်။ ယိုးဒယား(ထိုင်း)က ခေါ်ယူခဲ့တဲ့ လက်မှုပညာ ထူးချွန်သူတွေက

-ဆံထုံးရကင်တတ်သူ

-ဆင်ဆေးသမား

-ပိသုကာ

-ပန်းချီ

-ပန်းဆိုးတတ်သူ

-ပန်းတမော့

-ပန်းတယား

-ပန်းတော့

-ပန်းတည်း

-ပန်းတိမ်

-ပန်းပု

-ပန်းပဲ

-ပန်းပွတ်

-ပန်းယွန်း

-မြင်းဆေးသမား

-လက်သမား

-သဘင်သည်

-အကျော်အလျော် အပေါင်းအကျစ်တတ်သူ

-အထုံအနံ့ကောင်းအောင် ဖော်စပ်တတ်သူ

တွေကို သားမယားပါ အားလုံးသိမ်းပြီး ဟံသာဝတီကို ခေါ်ခဲ့တယ်။ အရပ်အကွက် ချပြီး နေစေတယ်။ ယိုးဒယား(ထိုင်း) မြို့မှာ ပျက်စီးနေတဲ့ ဂူကျောင်းဘုရားတန်ဆောင်း၊ ဇရပ်အားလုံးကို ပြင်ပါဆိုပြီး ယိုးဒယား(ထိုင်း)မင်းကို ငွေသုံးပိဿာ ပေးအပ်ခဲ့တယ်။ သက်တော်စေ့ ပဉ္စင်းခံတယ်။ ရဟန်းတစ်ရာကို ဆွမ်းကျွေးတယ်၊ ပရိက္ခရာရှစ်ပါး လှူတယ်။ ယိုးဒယား (ထိုင်း)မင်းက "ချစ်ကြည်လေးမြတ်လှစွာသော သမီး" ရွှေပိဿာတစ်ရာလုပ် မင်းဆောင် မင်းယောင်၊ မင်းခမ်းမင်းနား၊ ငွေတစ်ပိဿာ၊ ဆင်ကောင်းတစ်​ဆယ် ထပ်ပြီး ဆက်သတယ်။ ဟံသာဝတီကို ၂၈ မတ် ၁၅၆၄ ပြန်ရောက်တယ်၊ ၁၅ မေ ၁၅၆၄ မှာ ရာဇဒေဝီဖုရား နတ်ရွာစံတယ်၊ ခုနစ်ရက်တိုင်တိုင် ငလျင်ကြီး လှုပ်လို့ ဂူဘုရားကျောင်းတွေ ပြိုပျက်တယ်။ ငွေ တော်တစ်ရာထုတ်ပေးပြီး ပျက်သမျှ ပြင်ရတယ်။

ကလျာမဂ္ဂဇင်း၊ အမှတ် ၁၈၃၊ ၂ဝဝဝ။

ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး - ဒေါက်တာသန်းထွန်း



ရှေးဟောင်းပစ္စည်းကို ရှာတယ်ဆိုတာက အရင်က အဖြစ်အပျက်တွေကို ဖော်ထုတ်ချင်လို့ ဖြစ်ပါတယ်။ ရှေးပစ္စည်းတွေက ကုန်ခဲ့တဲ့ခေတ်ကလူတွေ ဘယ်လို အဝတ်အစားတွေကို နှစ်သက်မြတ်နိုး ​စားသောက်ကြတယ်။ ဘယ်လို အဝတ်တန်ဆာ ကို ဝတ်ဆင်ကြတယ်။ ဘယ်လိုနေကြတယ်။ ဘာကို ယုံကြည်တယ်ဆိုတဲ့အချက်သုံးချက်ကို ဖော်ထုတ်ချင်လို့ ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေလို့ တွေ့တဲ့ ပစ္စည်းတွေကို တယုတယ ထုပ်ပိုးပြီး သိမ်းထားလိုက်တာကတော့ အလွယ်ဆုံးပေါ့။ ဒါပေမဲ့ ပြတိုက်၊ စာကြည့်တိုက်နဲ့ပညာရှင်တွေကတော့ ရှေးပစ္စည်းတစ်ခု ရလာရင် လုပ်ရမယ့်အလုပ်က လေးမျိုး ပေါ်လာတယ်။



(၁) ဘာပစ္စည်းလဲလို့ ဖော်ထုတ်ရမယ် (identification)

(၂) ဘယ်တုန်းက ဘယ်သူက၊ ဘာအတွက် လုပ်သွားသလဲလို့ ရှာရမယ် (dating)

(၃) ဒီပစ္စည်းကို ရထားတဲ့အတိုင်း ဆက်ပြီး ထိန်းရမယ် (conservation)

(၄) ဒီပစ္စည်းကို မပျောက်မပျက်ရအောင် ထိန်းရမယ် (preservation)

(၅) ပျက်သလောက်ပဲ ပြင်ရမယ် (renovation)



(၁) ဘာပစ္စည်းလဲလို့ ဖော်ထုတ်တဲ့အခါ လွယ်တာရှိသလို၊ ခက်တာလည်း ရှိပါတယ်။ ခပ်လွယ်လွယ် နမူနာပြရင် တုတ် ချောင်းတွေ့တဲ့အခါ ကနုတ်တံလား၊ တူလား၊ သိဖို့လိုတယ်။ ပေစာတွေ့တဲ့အခါ လောကီလား၊ လောကုတ္တရာလား သိဖို့လို တယ်။ ဇာတာတွေ့တဲ့အခါ ဖွားတာလား၊ သေတာလား၊ ဥကင်သ ဖွင့်တာလား သိရမယ်။ စာရင်းဇယားတွေ့ရင် ဖွားသေ စာရင်းလား၊ အိမ်ထောင်စာရင်းလား၊ အရောင်းအဝယ်လား၊ အကောက်အခွန်လား၊ အပေါင်အနှံလား၊ ခွဲပြီး သိဖို့လိုပါ တယ်။ မြေပုံတွေ့ရင် သာသနာမြေ၊ မင်းမြေ၊ အသည်မြေ၊ ခွဲပြီး သိဖို့လိုပါတယ်။ အင်္ဂ္လိပ်မြေပုံမှာ ထိပ်က မြောက်၊ မြန်မာ မြေပုံမှာ ထိပ်က အရှေ့ ဖြစ်ပါတယ်။ ပုရပိုက်မှာ ဝမ်း(verso)၊ ကျော(recto) ခွဲရပြန်တယ်။ အသုံးပြုတဲ့အခါ ကျောက်စာ ရဲ့ဘယ်မျက်နှာ၊ စာကြောင်း ဘယ်လောက်မှာ ပါတယ်လို့ အတိအကျဖော်ပြရပါတယ်။ လူတွေ့မေးမြန်းချက်ဆိုရင် အပို အလိုတွေ ရှိတတ်တယ်။ ယှဉ်ပြိုင် မစစ်ဆေးဘဲ မသုံးဝံ့ပါ။ ရက်စွဲ အပိုအလို၊ ရှေ့နောက် မညီမညွှတ် ဖြစ်တတ်တယ်။ သူ ပြောတာကို ပြန်စစ်မယ်ဆိုရင် အမေးခံရသူက စိတ်ဆိုးလိမ့်မယ်။ သူမသိအောင် လုပ်ပါ။

(၂) ပစ္စည်းတစ်ခု ရလာရင် ဘယ်သူ ဘယ်တုန်းက ဘာအတွက် လုပ်တာလဲ ဆိုတာ သိရမယ်။ သိပ်ဟောင်းတဲ့ပစ္စည်းဆို ရင် ဓာတ်ခွဲခန်း တင်ရမယ်။ ပြတိုက်တွေ သွားပြီး အလားတူပစ္စည်းမျိုး ရှာရမယ်။ သဲလွန်စ ရှာရမယ်။ သဲလွန်စ ဆိုတဲ့ နာမည်ကပဲ မခိုင်မမြဲ အရှာရခက်တဲ့ပစ္စည်းလို့ ဆိုလိုတယ်။ အင်မတန် ပင်ပန်းတယ်။ အချိန်ကုန်မယ်။ ပင်ပန်းရကျိုးနပ် သလို၊ အကျိုးမဲ့ အချည်းအနှီး ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။ ရှာပါတယ်၊ မတွေ့ဘူးဆိုရင် ခွင်လွှတ်မယ်။ မရှိလို့ မသိဘူးဆိုရင် ခွင့်မလွှတ်ပါ။ ရှက်ဖို့လည်း ကောင်းပါတယ်။

(၃) ကိစ္စတစ်ခု ဘယ်တုန်းက ဖြစ်သလဲ၊ ပစ္စည်းတစ်ခု ဘယ်တုန်းက လုပ်သလဲ သိဖို့လိုပါတယ်။ radio carbon dating တို့၊ thermo-luminecent dating ဆိုရင် ပြည်တွင်းမှာ မရ၊ အဖြေကို နည်းနည်း စောင့်ရမယ်။ ဒေါ်လာနည်းနည်း သုံးရ မယ်။ ရက်စွဲဖော်တဲ့အခါ relative dating နှိုင်းယှဉ်ချက်နဲ့ ဖော်တာလည်း ရှိတယ်။ absolute dating အတိအကျ ဖော်နိုင် တာလည်း ရှိတယ်။ နှိုင်းယှဉ်ချက် လုပ်ရရင် အောက်ကျမခံဘဲ၊ ဒါက studied guess ချင့်ချင့်ချိန်ချိန် မှန်းတာလို့ ပြော လေ့ရှိကြတယ်။ ဒါက ကျောက်ခေတ်ဟောင်းကလို့ ပြောရင်၊ အရင်နှစ် ၂ဝဝဝဝ ဝန်းကျင်လို့ ပြောတာ ဖြစ်လေတော့ ဒါထက်ပိုပြီး အနုမစိပ်နိုင်တော့ပါ။ သမိုင်းသမားရော တူးဖော်ရေးသမားပါ သတိထားရမယ့်အချက်က၊ "လိုချင်တာ မရှာ နဲ့၊ တွေ့တာမှတ်" ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က သိပ်ရှေးကျတဲ့ အကြိုသမိုင်း(prehistory) ဆိုရင်၊ အရှေ့အာဖရိက တွေ့ရှိချက်တွေကို စံတင်ပြီး၊ တခြားဒေသက လူတွေက အလုပ်လုပ်ကြရပါတယ်။ ငွေကုန်ကြေးကျ များ လို့ ချမ်းသာသူတွေရဲ့အထောက်အပံ့ မပါဘဲ လုပ်လို့ မဖြစ်သလောက် ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ နှစ်ပေါင်း ရာနဲ့​ ထောင်နဲ့ချီပြီး မြေကြီးထဲမှာ ​ရှိနေတာ၊ ​မင်းတို့ ဆပ်ဆော့လို့ အခုပျက်စီးကုန်ပြီလို့ အပြောမခံရအောင်၊ ရှေးဟောင်းသုတေ သနသမားတွေက အလုပ်စခန်းမှာ သိပ်ပြီး စေ့စပ်သေချာပါတယ်။ အဲဒါအတွက် သူတို့ကို အများကြီး ချီးကျူးရပါတယ်။ အင်ဂျင်နီယာက ပိုက်ဆံ ဘယ်လောက်ကုန်တယ်။ ဒီမှာ တိုက်အိမ်ပြီးပြီလို့ လက်ညှိုး ထိုးပြသလို၊ ရှေးဟောင်းသုတေသန သမားကလည်း ပိုက်ဆံ ဘယ်လောက်ကုန်တယ်၊ ဒီမှာ ပုဆိန်အကျိုးလို့ ပြရတဲ့လူတွေပါ။

(၄) ရှေးဟောင်းသုတေသနမှာ နှိုင်းယှဉ်ချက် အမြဲလုပ်ရပါတယ်။ ဒီနေရာက တူးကွက်နဲ့၊ ဟိုနေရာက အလားတူ တူး ကွက် နှိုင်းယှဉ်ကြည့်သင့်သလို၊ ဒီနိုင်ငံက တူးကွက်နဲ့ဟိုနိုင်ငံက အလားတူတူးကွက် နှိုင်းယှဉ်သင့်ပါတယ်။ အခု မြန်မာ နိုင်ငံရဲ့အခက်အခဲက တခြားနိုင်ငံက တိုးတက်ပုံနဲ့ ကွာလွန်းတယ်။ နှိုင်းယှဉ်ကြည့်ဖို့လည်း မလွယ်ပါ။ ဒါကို လွန်မြောက်ဖို့ နည်းက ပြည်ပဆက်သွယ်ရေး လွယ်ကူဖို့နဲ့ငွေကြေး ပြည့်စုံဖို့ လိုပါတယ်။ ဒါကို အကျယ်တဝင့် စဉ်းစားဖို့ မလိုပါ။ အခု အခြေအနေအရ ခက်ခဲနေတာသာ ဖြစ်ပါတယ်။ လွန်မြောက်နိုင်စရာ အကြောင်း ရှိပါတယ်။

(၅) နောက်ဆုံးအခက်အခဲက တူးဖော်ရေးမှာ အရည်အချင်းရှိတဲ့ ကွပ်ကဲမယ့်လူ၊ မလုံလောက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ ကြီးမားတဲ့ တူးဖော်ရေးစခန်းတွေမှာတောင်၊ ဒီအခက်အခဲမျိုး ရှိတာကြောင့် မြန်မာနိုင်ငံမှာ ပိုပြီး ကြီးကျယ်မယ် ထင်ပါတယ်။ နိုင်ငံခြားနဲ့ ပူးတွဲပြီး ဆောင်ရွက်ရင် ဖြစ်နိုင်စရာ ရှိတယ်။ ပူးတွဲ ဆောင်ရွက်တာလည်း ရှိပြီ လို့သိရပါတယ်။

(၆) တူးဖော်ရေးက ပစ္စည်းထွက်လာတဲ့အခါ၊ အားကိုးလောက်တဲ့ ဓာတ်ခွဲခန်း ရှိဖို့လိုပါတယ်။ တူးဖော်တဲ့အလုပ်(lab work) မှာ ထူးချွန်တဲ့လူ လိုပါတယ်။

(၇) စစ်ဆေးပြီးတဲ့အခါ အကျိုးအကြောင်း ပြည့်စုံအောင် ပြန်ပြောရတယ်။ အကောင်းဆုံးကတော့ အစီရင်ခံစာ ရေးပြီး၊ ပုံနှိပ် ဖြန့်ဝေရပါတယ်။ ဒါကို မလုပ်ဘဲ မနေသင့်ပါ။ အထူးသဖြင့် ပညာရှင်တွေက သိချင်လို့၊ စောင့်ရပါတယ်။

အခုပြောတဲ့ အချက်တွေကို မလုပ်နိုင်ကောင်းလားလို့ အပြစ်ရှာတဲ့ သဘော မပါပါ။ မပျက်မကွက် လုပ်သင့်တယ်။ ပူးပေါင်းဆောင်ရွက်ရင် ဖြစ်နိုင်စရာ ရှိတယ်လို့ ဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။

၂ဝဝ၄၊ စတိုင်သစ်၊ ဩဂုတ်လ၊ ၁၆-၂​ဝ။

ဆင်ဆိပ် မြို့ဟောင်း

ဆင်ဆိပ် မြို့ဟောင်း (၁)  ညောင်ခရားမြို့ဟောင်း

ဆင်ဆိပ်ရပ်ကွက်ပေါ်တွင် မြို့ဟောင်းရာကို ကောင်းကင် ဓါတ်ပုံမှ မြင်ရခြင်း ဖြစ်၍ ဆင်ဆိပ်မြို့ဟောင်းဟု အမည် တပ်ခြင်း ဖြစ်ပါသည်။ ရှေးက ညောင်ခရားမြို့ဟောင်း ဟု ခေါ်သည်။ ဤ အခေါ် မှန် မမှန် မသိပါ။ ရာဇဝင်မှာ လုပ်ဇာတ် ဖြစ်နေပါသည်။ ဆင်ဆိပ် ခေါ်ခေါ် ညောင်ခရား ခေါ်ခေါ် ယာယီပဲ ဖြစ်ပါသည်။

အရှေ့ဘက်နှင့် တောင်ဘက် မြို့ရိုးနှစ်ခုကို အထင်ရှားဆုံး တွေ့ရသည်။ မြို့၏ ပုံသဏ္ဍာန်မှာ စတုဂံ ပုံဖြစ်သည်။ ကျုံး တစ်ထပ် မြို့ရိုး တစ်ထပ်သာ ရှိသည်။ အနောက်ဘက်မြို့ ရိုးကား ရှာမတွေ့တော့ပေ။ ကားလမ်းဖောက်ရာတွင် ပါသွားဟန် တူသည်။ မြို့ဟောင်းအတွင်း ရှေးဟောင်း ဘုရား သုံးဆူ တွေ့ရပြီး တစ်ဆူမှာ ထားဝယ်တွင် ထင်ရှား သော သြရဂဠုန် စေတီ ဖြစ်သည်။

ဆင်ဆိပ်(၂) ညောင်ရမ်း သို့ သုခနဂရ

ဆင်ဆိပ်(၁)( ညောင်ခရား) အရှေ့ဘက်မြို့ရိုးနှင့် ကပ် လျက် နောက်ထပ်မြို့ဟောင်းရာ တစ်ခု ကောင်းကင်ဓါတ်ပုံ တွင်ပေါ်နေသည်။ ဦးအောင်မြင့်က ဆင်ဆိပ်မြို့ဟောင်း (၂) သုခနဂရ ဟု အမည်ပေးထားသည်။  အချို့ကလည်း မဟာသုခနာဂရ ဟုလည်း ခေါ်သည်။

ရှေးဟောင်းမှတ်တမ်းများအဆိုအရမှာလည်း မဟာ သုခနဂရ မြို၏ မူလနေရာသည် ယခု ထားဝယ် လေဆိပ် နေရာဝန်းကျင်ပင်ဖြစ်ပါသည်။ ဒီနေရာကနေ မဟာသုခနာဂရ စာပါ ခဲဒင်္ဂါးတွေ တွေ့ရသည်။ ခဲပြား နှစ်မျိုး ရှိသည်ကို တွေ့ရသည်။  ပထမတမျိုးမှာ ခဲပြား အဝိုင်း ဖြစ်၍ အချင်းဝက် နှစ်လက်မခွဲခန့် ရှိသည်။ မျက်နှာ တဖက်တွင် စက်ဝိုင်းနှစ်ထပ်ကြား ဗိန္ဓုအစက်ပြောက်များ ပါပြီး ဒုတိယ စက်ဝိုင်း တတိယ စက်ဝိုင်းကြားတွင် မဟာ သုခနာဂရ ဟူသော လေးထောင့်စာလုံး စာတန်းပါသည်။
အလယ်ဗဟိုတွင် ရောင်ချည်လက်လိုလို နှစ်ဖက်ချွန်လေးခု ကြက်ခြေခတ်ပုံ ပါသည်။

ဒုတိယတမျိုးမှာ အဝိုင်းပုံ အရွယ်အစားချင်း ပထမတမျိုးနှင့် တူသော်လည်း မျက်နှာနှစ်ဖက်လုံးတွင် မတူညီသည်များ ရှိသည်။ မျက်နှာတစ်ဖက်တွင် တိုးရုပ်နေရာ၌ ရေလှိုင်းနှင့် လှေလိုလို ငှက်လိုလို မထင်မရှား ပုံပါသည်။ အခြားတဖက် တွင် မဟာသုခနဂရ စာလုံး စာတန်းပုံပါသည်။ အချို့ ဒင်္ဂါးများတွင် စာလုံးပြောင်းပြန် ဖြစ်နေသည်။ အချင်း လက်မဝက်ခန့်ရှိ အလယ်ဗဟို စက်ဝိုင်းကို (၄) စိတ် စိတ်ထားပြီး တစ်စိတ်တွင် အစက်အပြောက် ၃ ခုစီပါသည်။
ဗဟိုချက်ကို အစက်ကြီး တစ်စက်ဖြင့် ဖော်ပြထားသည်။ ခဲကို သွန်းထားသည့် လက်ရာမှာ ကြမ်းတမ်းသည်ဟု ဆို ရပေမည်။

ဒေါက်တာကျော်သက်၏ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမိုင်း စာ ၇၆ တွင် ဖော်ပြထားသည်မှာ ပုဂံခေတ် အလောင်းစည်သူမင်းသည် တနင်္သာရီတိုင်း မြိတ်သို့ တိုင် အောင် ကိုယ်တော်တိုင် တိုင်းခန်းလှည့်လည် ကြွချီ၍ ပုဂံမင်းတို့၏ တန်ခိုးအာဏာ ပြခဲ့သည့် အထောက်အထား ရှိကြောင်း သိရပေသည်။ ထိုအဆိုသည် ဆရာကြီး ထားဝယ်ကျော်မင်း ဆိုသော မဟာသုခနဂရမြို့ကို အလောင်းစည်သူမင်း တည်သည် ဟူသော အဆိုကို ထောက်ခံနေသကဲ့သို့ ရှိသည်။ ယာယီနန်းတော် ဖြစ်ဟန် တူသည်။

ဆင်ဆိပ် (၂) ၏ အနောက်ဘက် မြို့ရိုး သည် ဆင်ဆိပ် (၁) မြို့ရိုးနှင့် ပေါင်းစည်း၍ တည်ရှိရာမှ တောင်ဘက်သို့ ကိုက် ၁၂၀ ကျော်မျှ တည်ရှိပြီး တောင်ဘက်မြို့ရိုးနှင့် လာဆုံနေသည်။ မြောက်ဘက် အနောက်ဘက် တောင်ဘက် မြို့ရိုးရာများ ရှိသော်လည်း အရှေ့ဘက်မြို့ရိုး ကိုမူ ရှာမတွေ့ချေ။

ထူးခြားမှုတစ်ခုမှာ တောင်ဘက် မြို့ရိုးတန်း၏ တောင်ဘက် ကိုက် (၂၀၀) ခန့်တွင် ခင်တန်းရှည်ကြီး တစ်ခု တွေ့ရခြင်း ပင်ဖြစ်သည်။ ဤကုန်းတန်း ရှည်ကြီးသည် လက်ဝဲကျွန်း ရပ်ကွက်မှ အရှေ့စူးစူးသို့ ကားလမ်းဘေးကို မြှောင်၍ အိမ်ရှေ့ပြင်ရွာအထိ ဖြောင့်တန်းစွာ တည်ရှိသည်။ ထားဝယ်လေဆိပ် လေယာဉ်ပြေးလမ်းသည် ဤ မြို့ရိုးနှင့် ကိုက် ၄၄၀  တောင်ဘက်မြို့ရိုး တောင်ဘက်ရှိ ကုန်းတန်း ရှည်ကြီးမှာ ကိုက်ပေါင်း ၁၅၀၀ ကျော် ခန့်မျှ တစ်မိုင်နီးပါး ရှိသည်။

နောက်ထူးခြားချက်မှာ ဤ မြို့ဟောင်းအတွင်း မြို့ကို တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်း ခွဲခြားသကဲ့သို့ ရှိစေသော အရာဟောင်း တစ်ခုကိုလည်း တွေ့ရှိရခြင်း ဖြစ်သည်။ တောင်ဘက်စွန်းမှာ မြို့ရိုးကုန်းတန်းရှည်ကြီး သည် အိမ်ရှေ့ပြင်ရွာအနီး ထန်းတောပြင်ချောင်း၌ အဆုံးသတ်ထားသဖြင့် မြောက်ဘက်မြို့ရိုးထိပ်ကိုလည်း တောင်ဘက်မြို့ရိုးထိပ်နှင့် မျဉ်းပြိုင်ထား၍ တွက်ယူရမည် ဆိုပါက မြို့၏ ဧရိယာသည် ဧက ၁၇၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ (၁၉၈၄ ခုနှစ် တနင်္သာရီတိုင်း မှတ်တမ်း အောက်တိုဘာလ ၁၅ ရက်)


ဗဟ္မီအက္ခရာတို့က ပြောသော တနသာင်္ရီတိုင်း မြို့ဟောင်း များ၏ သက်တမ်း



ဗြဟ္မီစာပါအုတ်သက်တမ်း
            ဘီစီ ၆ရာစု -၃ရာစု သုံး ဗြဟ္မီ အက္ခရာ တွေ ရေးထိုးပါရှိတဲ့ ရှေးအုတ်တွေရဲ့ သက်တမ်းကို ဘယ်လို သတ်မှတ်ကြသလဲ ။ အိန္ဒိယ ပြင်ပ အခြားဒေသတွေမှာ တွေ့တဲ့ ဗြဟ္မီအက္ခရာပါအုတ်တွေကို အေဒီ ဦးပိုင်း ရာစု တွေနဲ့ပဲ ပြောဆိုနေကြတာတွေ့ရလို့ပါလို့ စာဖတ်သူ တဦး က မေးထားပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်း ကောင်းတခုပါ။ မြန်မာနိုင်ငံတွေ့  ဗြဟ္မီစာပါ အုတ်တွေရဲ့ သက်တမ်းကို သေချာ သိချင်ပုံရပါတယ်။
            
မြန်မာနိုင်ငံတွေ့ ဗြဟ္မီ အက္ခရာပါရှေးအုတ်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်လို့ သရေခေတ္တရာ.. ဗိဿနိုး, ဟန်လင်း ပျူခေါ်ဗြဟ္မာ ဗမာ မြို့ဟောင်းကြီး ၃မြို့ မှာ တွေ့ရတဲ့ အဲဒီစာပါ ရှေးဟောင်းအုတ်တွေကို သာဓက ထားပြီး ကြိုးစား ဖြေကြည့်ပေးပါမယ်။
              
သရေခေတ္တရာနဲ့ ဟန်လင်းမှာ ဗြဟ္မီစာပါ ရှေးကျောက်စာ တွေနဲ့ ရှေးအုတ်ခဲတွေ တွေရပြီးဗိသနိုးမှာ ဗြဟ္မီစာပါ ကြေးထည်တွေနဲ့ မြေမီးဖုတ်ပစ္စည်းတွေ  တွေ့ရှိထားပါ တယ်။
                 
ပထမဦးဆုံးအရေးကြီးတဲ့ အချက်အနေနဲ့ ပြောစရာ ရှိတာ က  ဗြဟ္မီအက္ခရာတွေကို မြန်မာနိုင်ငံမှာ ရှေး ပျူခေါ် ဗြဟ္မာဗမာလူမျိုး တွေရဲ့ရှေးမြို့တော်ကြီးတွေမှာ တွေ့ရှိရခြင်း ဟာ  ပျူ ဗြဟ္မာဗမာလူမျိုးတွေနဲ့သူတို့မြို့တော်ကြီး တွေဟာ ဗြဟ္မီအက္ခရာသုံးစွဲတဲ့ ဗြဟ္မီခေတ်ကြီးကို မှီခဲ့ ကြောင်းပါပဲ။ ဘီစီ ၆ရာ= ၃ရာ  ဗုဒ္ဓအသောကခေတ် ဗြဟ္မီခေတ်ကို မမီခဲ့ဘူးဆိုရင်  ဗြဟ္မီအက္ခရာကို မတတ်ကြ ပါဘူး။ အေဒီ၂ရာစုမှာမှ ပေါ်ပေါက်ခဲံ့တဲ့  ပထမကမ္ဗောဒီးယား အင်ပါယာ ဗူးနန် နိုင်ငံ  အေဒီ ၆ရာစုမှ ပေါ်ပေါက်တဲ့ ဒုတိယ ကမ္ဗောဒီးယားအင်ပါယာ ခမာ နိုင်ငံတို့ အေဒီ၈ရာစုမှ ပေါ်ပေါက်တဲ့ ဒွါရဝတီ  တောင်ပိုင်း ရာမည မွန်နိုင်ငံတို့မှာ ဘီစီ ၆ ရာစု  ၃ရာစု ဗြဟ္မီ အက္ခရာတွေ မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘီစီ ၃ ရာစု အတွင်း အသောက နတ်ရွာစံပြီး တနှစ် အတွင်းမှာ အသောက အင်ပါယာကြီး ပြိုကွဲပျက်စီးပြီး ဗြဟ္မီအက္ခရာများကို သုံစွဲခြင်း မပြုတော့ဘဲ တိမ်ကော သွားတာ ကြောင့်ပါ။  အဲဒီ နိုင်ငံတွေဟာ ဗြဟ္မီ အက္ခရာ ခေတ်ကြီးကို မမှီခဲ့ကြပါဘူး။ မဇ္ဇျိမ ဒေသကြီးမှာ အသောက အင်ပါယာ ပျက်သုဉ်းပြီး အသစ် ပေါ်ပေါက်လာတဲ့  အင်ပါယာအသစ် နိုင်ငံ အသစ်တွေဟာ မတူတဲ့ အက္ခရာ ပုံစံသစ်တွေကို ပြောင်းလဲ သုံးစွဲခြဲ့ကပါတယ်။လူမျိုးမတူ နိုင်ငံမတူတာတွေ အသစ်ထူထောင်နိုင်သူရဲ့ မင်းမာန် ဇာတိမာန်တွေဟာ  အက္ခရာ ပုံစံသစ်တွေပြောင်းလဲ သုံးစွဲကြခြင်းရဲ့ အကြောင်းတရားတွေထဲမှာ ပါဝင်ခဲ့မယ် ထင်ပါတယ်။ ဘီစီ၂ရာစုမှာ ကုရှန်အင်ပါယာရဲ့ ကုရှန် အက္ခရာသစ်တွေ ပေါ်ပေါက် သုံးစွဲခဲ့ကြပါတယ်။ ဗြဟ္မီအက္ခရာတွေ တိမ်ကောသွားခဲ့ ပါတယ်။ ဗြဟ္မီပွါး အက္ခရာလို့ခေါ်တဲ့ အက္ခရာအသစ်တွေကို ပြောင်းလဲ သုံးစွဲခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံပျူ ဗြဟ္မာ မြို့တော်ကြီး ၃မြို့မှာ ဘီစီ၆ ရာ စု ၃ရာစု ဗြဟ္မီအက္ခရာတွေ တတ်မြောက်သုံးစွဲ ရေးသားကြတာဟာ ဒီမြို့ကြီး၃ မြို့နဲ့ ပျူဗြဟ္မာလူမျိုး တွေဟာ ဗုဒ္ဓခေတ် အသောကခေတ် ဗြဟ္မီ အက္ခရာခေတ်ကြိးကို မီခဲ့ပြီး အဲဒီခေတ်ကြီးနဲ့ ခေတ်ပြိုင် ထွန်းကားခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်လာပါတယ်။ မြန်မာနိုင်ငံတွေ့ ဗြဟ္မီအက္ခရာတွေက ပြနေတဲ့ သမိုင်း အဓိပ္ပါယ်ကို ဆရာကြီးလုစ်က ဖွင့်ဆိုဖော်ပြဘို့ သမိုင်းပညာရှင် တဦးအနေနဲ့ တာဝန်ရှိ ပေမယ့် မဖော်ပြခဲ့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဗြဟ္မာဗမာသမိုင်းကို အေဒီ ၉ ရာစုမှ စတာ မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာဟာ အေဒီ ၄ ရာစုမှ စရောက်တာ သရေခေတ္တရာပျူ ဗြဟ္မာမြို့ကြီးဟာ အေဒီ ၄ရာစုမှ ပေါ်ပေါက်တာ စသည်ဖြင့် လုပ်ကြံ လီစယ်ပြောထားတာတွေ သူရေးတာပြောတာတွေ မှားကြောင်း ပေါ်ပေါက်ကုန်မှာ စိုးရိမ်ဟန် ရှိပါတယ်။
       
ဗြဟ္မီအက္ခရာတွေကို မြန်မာနိုင်ငံအထက်ပါ ရှေးမြို့ဟောင်းကြီး ၃မြို့မှာ  ကျောက်စာ ကြေးစာ အုတ်ခဲစာတွေ အဖြစ် အထင်အရှားတွေ့မြင်နေရခြင်းရဲ့ သမိုင်းအဓိပ္ပါယ်ကို  ဖွင့်ဆို ဖော်ပြပေးရမှာက သမိုင်းပညာရှင် တွေရဲ့ တာဝန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးမြို့ဟောင်းကြီးတွေမှာ ဗြဟ္မီအက္ခရာတွေ အထင်အရှား တွေ့ရှိပါလျက်နဲ့ အဲဒီ ဗြဟ္မီအက္ခရာတွေကဖော်ပြနေတဲ့ သမိုင်းအဓိပ္ပါယ် ဖြစ်တဲ့ ပျူခေါ်ဗြဟ္မာလူမျိုးတွေသည် ဗြဟ္မီခေတ် ဗုဒ္ဓအသောကခေတ် ကိုမီခဲ့တယ် ဗုဒ္ဓခေတ် အသောကခေတ်ဗုဒ္ဓသာသနာ ဓမ္မစာပေပိတကဋ်နဲ့ အက္ခရာတွေ  ဗုဒ္ဓခေတ် အသောကခေတ် ကတည်းက အဲဒီမြို့ကြီးတွေမှာ ရရှိ ထွန်းကားခဲ့တယ် ဆိုတာတွေ ကို ဖော်ပြနေတဲ့ ခေတ်ပြိုင်အထောက်အထားတွေ ဖြစ်တယ် ဆိုတာကို  အဲဒီ အက္ခရာတွေ တွေ့ရက်နဲ့ မပြောမဖွင့်ပြ တာကတော့ သမိုင်းပညာရှင် တာဝန်မကြေတာ အထောက်အထားပေါ် သစ္စာရှိရမယ် လေးစားရမယ်ဆိုတဲ့  သမိုင်းပညာကျင့်ဝတ် စည်းကမ်းကို မလိုက်နာတာပါ။ ပြောရရင်  မကောင်းပါဘူး။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ပုံစံ မျိုး တွေဖြစ်နေပါတယ်။
          
သရေခေတ္တရာမြို့ဟောင်းကြီးက စေတီ လှိုဏ်ဘုရားတွေ   နဲ့ နန်းန်တော်ကုန်းမှာ ဗြဟ္မီအက္ခရာ တွေကို တွေ့မြင်ရခြင်း ဟာ သရေခေတ္တရာမြို့တော်ကြီးဟာ ဗုဒ္ဓအသောက ခေတ် ခေတ်ပြိုင် ထွန်းကားနေပြီး ဗုဒ္ဓအသောကခေတ် ဗုဒ္ဓသာသနာ ပိတကဋ်ဓမ္မစာပေ စာအက္ခရာတွေ ရောက်ရှိ ထွန်းကားတယ် အဲဒိ ကာလကတည်းက ပျူခေါ် ဗြဟ္မာ ဗမာတွေဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ် ဆိုတာ ဟန်လင်းနဲ့ ဗိသနိုးမြိုကြီးတွေလည်း အဲဒီအတိုင်းပဲ ဗုဒ္ဓအသောကခေတ်ကိုမီပြီးအဲဒီကတည်းက ပျူခေါ်ဗြဟ္မာ ဗရမ္မ ဗမာ လူမျိုးတွေဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာခဲ့ကြတာ ယနေ့ထက်တိုင်အောင်ပါပဲ။ ဒါကို မဟုတ်ပါဘူးလို့ ပြောတဲ့သူမျိုးတွေဟာ သမိုင်းပညာ မတတ်သူ သော်၎င်း  သမိုင်းပညာတတ် သမိုင်းဘွဲ့ရ ဖြစ်ရင်လည်း အနော်ရထာမင်းမတိုင်ခင် ရှေ့ပိုင်း မြန်မာသမိုင်းကို သုတေသန မလုပ်သူသော်၎င်း အထောက်အထားတွေ မတွေ့ဘူး သူသော်လည်၎င်း သမိုင်းဘွဲ့လည်းရ သုတေသနလည်းလုပ်သူပါဆိုရင်  အထောက်အထားတွေကို ထိန်ချန်ပြီး ဆရာလုစ်လိုပဲ မြန်မာသမိုင်းလုပ်ဇာတ် မမှန်မကန် ရေးလိုသူသော်လည်း ကောင်း ပျူမြန်မာသမိုင်းဖျောက်လိုသူသော်လည်းကောင်း ဖြစ်ပါလိမ့်မယ်။ အနော်ရထာမင်းမတိုင်ခင် ရှေ့ပိုင်း မြန်မာသမိုင်းကို သုတေသန မလုပ် သော်လည်း သုတေသနလုပ်သူက ခေတ်ပြိုင်အထောက်အထားတွေကို ဖော်ထုတ်တင်ပြလာတဲ့အခါမှာ သမာဓိရှိတဲ့ သမိုင်းဘွဲ့ရ ပညာရှင် သမာဓိရှိသူပညာရှင်တွေဟာ အထောက်အထား တွေကို စစ်ဆေးကြည့်ပြီး  လက်ခံကြပါတယ်။

ဒုတိယ အချက်င်အနေနဲ့  စစ်ဆေးဆွေးနွေးတင်ပြစရာ ရှိတာက ရှေးအုတ်ခဲတွေပေါ်မှာ ဗြဟ္မီအက္ခရာတွေကို ရေးထိုးခဲ့တဲ့ အချိန်ဝါဗြဟ္မီအက္ခရာပါအုတ်တွေရဲ့သက်တမ်း သတ်မှတ်ယူဆချက်ပါ။ကျောက်နဲ့ကြေးကိုသက်တမ်းစစ် ဘို့မရသေးပါဘူး။။အခြားနည်းတွေနဲ့ပြောရမှာပါ အခု ဒီနေရာမှာ ဗြဟ္မိစာပါရှေးအုတ်တွေရဲ့ သက်တမ်းအကြောင်း  စစ်ဆေး ဆွေးနွေး   ပါမယ်။  မြေပေါ်ပေါ်နေတဲ့ ရာသီဒဏ် ခံထားရတဲ့ ရှေးအုတ်တွေကိုသက်တမ်းစစ်နိုင်တဲ့ သိပ္ပံနည်း မပေါါ်သေးပါဘူး။ ရှေးအုတ်သက်တမ်း စစ်ဘို့မြေအောက် မှာ ၃ပေလောက် မြုတ်နေပြီး နေပူမိုးရွဲနှင်းစို ရာသီဒဏ်တွေက လွတ်တဲ့အုတ်မျိုးမှ သာမိုနျူ ယယ့်ဆန့်စက်ခေါ်အဏုမြူ စက်နဲ့ သက်တမ်း စစ်လို့ ရပါတယ်။ မြေပေါ်ပေါ်နေပြီး ရာသီဥတုဒဏ် ခံထားရတဲ့ ရှေးအုတ်တွေဆိုရင် အဲဒီစက်နဲ့ စစ်လို့ မရပါဘူး ။ မီးကျွမ်းခဲမဟုတ်ရင် ကာဗွန်စက်နဲ့ စစ်လို့ မရပါဘူး။ အခု တွေ့ရတဲ့ ဗြဟ္မီစာပါအုတ်တွေက မြေပေါ်မှာ ရာသီဥတုဒဏ် ကို နှစ်ပေါင်းမြောက်များစွာ ခံထားရတဲ့ ရှေးအုတ်တွေ ဖြစ်နေတယ်။ လက်ရှိ စက်နည်းပညာနဲ့စစ်လို့ မရသေးဘူး။
အဲဒီတော့ ပညာဥာဏ်ကို သုံးရပါမယ် ။ ခွဲခြမ်းစိပ်ဖြာ လေ့လာနည်း Anallize လုပ်တဲ့ ဥာဏ်ပညာကို အသုံးပြု ရပါမယ်။
           
ပညာဆိုတာ အမှန် ကို သိရဘို့ ဥာဏ်ကိုလွှာပြီး သရုပ်ခွဲ လေ့လာစစ်ဆေးတာပါ။ သရေခေတ္တရာမြို့ ဟောင်းတွေ့  ဗြဟ္မီစာပါအုတ်တွေကို နမူနာထြားပီး စစ်ဆေးကြည့်ကြပါမယ်။
             
သရေခေတ္တရာနန်းတော်ကုန်းမှာတွေ့တဲ့ ဗြဟ္မီစာပါအုတ်ကို  သရေခေတ္တရာမြိုတည်ချိန်မှာ ပြုလုပ်တည်ဆောက်တယ်လို့ ပြောမလား သရေခေတ္တရာမြို့ပျက်ပြီးမှ  အဲဒီနန်တော်ကုန်း အုတ်တွေ ပြုလုပ်တည်ဆောက်တယ်လို့ပြောမလား။ နန်းတော်ကုန်းအုတ်ဆိုတာ မြို့တည်နန်းတည်ချိန် ကတည်း က ပြုလုပ်ခဲ့တယ်ဆိုတာ ထင်ရှာနေပါတယ်။ သရေခေတ္တရာမြို့ဟောင်းကတွေ့တဲ့ မီးသွေးခဲသက်တမ်းက  လွန်ခဲ့တဲ့နှစ် ၁၇၇၅ ဝန်းကျငိ ကာဗွန် သက်တမ်း ။ နှစ်၂၀၀ပေါင်းလို့ရတယ် နှုတ်လို့ ရတယ်။ နှစ်၂ရာပေါင်းရင် အေဒီ၂၅ ခု နှစ်၂ရာနှုတ်ရင် အေဒီ ၄ရာစု။ သို့သော် နန်းတော်ကုန်းမှာ တွေ့တဲ့အက္ခရာက အေဒီ၎ရာစု မှ ပေါ်ပေါက်တဲ့ဂုပ္တ အက္ခရာ မဟုတ်ဘူး။ ဘီစီ၆ရာစု -၃ရာစု ဗြဟ္မီအက္ခရာ ဖြစ်နေတယ်။ ဒါကြောင့် နှစ်၂ရာပေါင်းသငိ့ တယ်လို့ ယူဆရပါတယ်။
                
အဆောက်အဦပျက်ကုန်းမှာ တူးဖော်လေ့လာတွေ့ရှိတဲ့ မီးသွေးခဲက  သရေခေတ္တရာ မြို့ ပျက်သုည်းချိန်နဲ့ ဆိုင်ပါ တယ်။ နန်းတော်ကုန်းတည်ဆောက်ထားတဲ့ ဗြဟ္မီအက္ခရာ ပါရှေးအုတ်ကို သရေခေတ္တရာ မြို့ အေဒီ၂၅ ဝါ အေဒီ၁ရာစု မှာပျက်သုည်းပြီးမှ  မီးဖုတ်ပြုလုပ်ပြီး နန်းတော်တည်တယ် လို့ပြောကြမလား အေဒီ၁ရာစု မပျက်သုည်းခင် ပိုစောတဲ့ ကာလ ဗြဟ္မီအက္ခရာသုင်္းတဲ့ ခေတ်ကာလက မြ်ို့တည် နန်းတည်ချိန်က ဒီအုတ်တွေကို မီးဖုတ် ပြုလုပ်တည် ဆောက်ခဲ့တာလို့ ပြောမလား။   အဆောက်အဦပျက်ကုန်းကရတဲ့ မီးသွေးခဲသက်တမ်းဟာ တည်ဆောက်ချိန်ကို ပြတာမဟုတ်ပဲ ပျက်စီးချိန်ကို ပြတာဆိုတာ မလျှမ်းဘို့ လိုပါတယ်။ နန်းတော်ကုန်းဆိုတာ ဒီမြို့ကြီးတည်ပြီးရင် အကြီးအကဲမင်း စိုးစံနေထိုင်ဘို့ ကြိုတင်တည်ဆောက်တာ ဆိုတဲ့အချက်ကို သတိမလစ် ဘို့ပါ။ ပညာရှင်တချို့က ဒီအချက်ကိုမစဉ်းစားမိကြပါဘူး။ ဒီအချက်ကို ထည့်သွင်းစဉ်းစားရင် နန်းတော်ကုန်းကို ဆောက်လုပ့်တဲ့ ဗြဟ္မီ စာပါရှေးအုတ်ဟာ အေဒီ၁ရာစု မပျက်ခင် ပိုစောတဲ့အချိန်ကာလ ပိုစောတဲ့ ရာစုနှစ်က ပြုလုပ်ရေးသားတဲ့ အုတ်ဆိုတာပေါ်ပေါက်လာပါတယ်။ ပြီးတော့ အဲဒီ အုတ်မှာပါတဲ့စာက ဘီစီ၂ရာစု ကုရှန် အက္ခရာ မဟုတ်ပဲ ဘီစီ ၆  ရာစု  ၃ရာစုဗြဟ္မီအက္ခရာ ဖြစ် နေတာက အဲဒီနန်းတော်ကုန်းအုတ်ဟာ အေဒီခေတ် မဟုတ်ပဲ ဘီစီ ၆ ရာစု  ၃ရာစုအတွင်း ပြုလုပ်ခဲ့တဲ့အုတ်လို့  သိသာ ထင်ရှားနေပါတယ်။ ဘီစီ၂ရာစုမှာ ဗြဟ္မီအက္ခရာ တွေဟာ မဇ္ဈိမဒေသမှာကိုမသုံးတော့ပဲ ကွယ်ပျောက်သွား ပြီမို့လို့ ဘီစီ၂ ရာစု ဆိုရင်တောင်  သရေခေတ္တရာ ကဗရမ္မာတွေ ရစရာ သင်ယူစရာ ဗြဟ္မီ အက္ခရာ မရှိတော့ဘူး ဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကို မစဉ်းစားပဲ ချန်လှပ် ထားလို့ မရပါဘူး။ အဲဒီ သမိုင်းဝင်အချက်ကို ထည့်သွင်း စဉ်းစားခြင်းမပြုပဲချန် လှပ်ထားခဲ့မယ်ဆိုရင် အဲဒီလူဟာ ဘယ်သူ ပဲ ဖြစ်ဖြစ် သရေခေတ္တရာ သမိုင်းကွင်းဆက်ကို ဖြတ်တောက်ပြီး မပြည့်မစုံ ပြောတာမျိုးဖြစ်သွားပါလိမ့်မ
ယ်။
       အဲဒီလိုပဲ ဟန်လင်း မြို့တံခါးမီးလောင် ထားတဲ့ မီးသွေးခဲ သက်တမ်း ဘီစီ၂ရာစုဟာ ဟန်လင်းမြို့ပျက်ချိန်ကို ဖော်ပြနေတာပါ။  ဒါကြောင့် ဟန်လင်းမြို့မပျက်ခင် တည်ခဲ့ တဲ့ မြို့ရိုး တောင်ဘက် ရှေးအုတ်ကုန်းပျက်တခု ကတွေ့တဲ့ ဗြဟ္မီအက္ခရာပါရှေးအုတ်ဟာ ဘီစီ ၆ရာစု  ၃ရာစု ကာလက ပြုလုပ်ခဲ့တဲ့ အုတ်ဆိုတာ ပေါ်ပေါက်နေပါတယ်။
အဲဒီလိုပါပဲ ဘီစီ၂ရာစု သက်တမ်းမီးသွေးခဲ တွေ့ရှိတဲ့ ဗိသနိုးမြို့ဟောင်းက ဗြဟ္မီ အက္ခရာ ၄လုံးရေးထိုးထားတဲ့ မြေမီးဖုတ်ပြားဟာလည်း ဘီစီ၆ ရာစု  ၃ရာစု ပြုလုပ်တဲ့  မြေမီးဖုတ်ပြား ဆိုတာ ပေါ်ပေါက်နေပါတယ်။
           အဲဒီလိုပဲ တကောင်းတတိယမြို့ရိုးဟောင်းမှာတွေ့တဲ့ဗြဟ္မီစာပါ ရှေးအုတ်တွေ သက်တမ်း  ပုဂံမြို့ဟောင်း လောကနန္ဒာ ဥယျာဉ်ထဲက ပြူဗြဟ္မာခေတ် ပေါ်တော်မူဘုရားကုန်းကေ တွ့တဲ့ ဗြဟ္မီစာပါရှေးအုတ် တွေဟာ  ဗြဟ္မီ အက္ခရာခေတ် ဘီစီ၆ရာစု  ၃ရာစုခေတ် ကပြုလုပ်တဲ့ ရှေးအုတ်တွေဆိုတာ ပေါ်ပေါက်နေတယ်လို့ပြောစရာရှိပါတယ်။
          ဆရာကြီးဒေါက်တာ သန်းထွန်းက သရေခေတ္တရာ ဗိသနိုး ဟန်လင်းမြို့ကြီး ၃မြို့ဟာ ဘီစီ၂ရာစု မြို့ဟောင်းကြီး တွေဆိုတာ  တခြားတနည်းနဲ့ သက်သေပြထားတာ ရြှိ ပီး လန်ဒန်တက္ကသိုလ်က ဒေါက်တာ Elezabathe Moore  တို့သဘောတူ လက်ခံပါတယ်။ ဒေါက်တာ သန်းထွန်းဟာ ၁၉၅၀ ကျော် ၁၉၆၀ကျော်နစ်တွေတုံးက အဲဒီမြို့ကြီး၃မြို့ကို အေဒီ၎ ရာစု ၅ရာစုလို့ ဆရာလုစ် ပြောတာတွေကို လက်ခံ ရေးသားခဲ့ပေမင့် နောက်ထပ်တွေ့ရတဲ့ အထောက်အထား တွေအရ ဆရာလုစ်ပြောတာကို လက်မခံတော့ပဲ မြန်မာ သမိုင်းအမှားပြင်ဆင်ချက်တွေကို   ၁၉၉၂ နှစ်နဲ့  ၂၀၀၅ ကြားမှာ  ရေးသားသွားခဲ့ပါတယ်။ မော်လီကျူးသီအိုရိမှာ ရပ်မနေစွဲမနေပဲ  သုတေသနအသစ်တွေအရ  မှားကြောင်း တွေ့ရတဲ့ မော်လီကျူးသီအိုရီကို စွန့်ပယ်ပြီး ပရမာအနုမြူ သီအိုရီအမှန်တရားဆီ ရူပဗေဒပညာဟာခရီးဆက်ခဲ့သလို  သမိုင်းပညာဟာလည်း အသစ်အသစ်ထပ်မံတွေံ့ရှိလာတဲ့ ခေတ်ပြိုင်အထောက်အထားသစ်တွေနဲ့  သမိုင်းမှန် ရှာဖွေ တဲ့ခရီးကို ဆက်သွားခဲ့တာပါ။ ၁၉၁၁ ကနေ၁၉၅၇ ခုနှစ် ကာလ ဆရာကြီးလုစ်တို့ခေတ်က တွေ့ခဲ့တဲ့ အထောက်အထားတွေထက် ၁၉၅၉ ကနေ ၂၀၁၁ကြား ထပ်မံတွေရှိတဲ့ ခေတ်ပြိုင်အထောက်အထားတွေအရ ရှေ့ က အထောက်အထားမပြည့်စုံခင် ကောက်ချက်ချ မှားခဲ့ တာတွေ အထောက်အထားတွေ့ရဲ့နဲ့ မဖော်ပြပဲ ထိန်ချန်ပြီး ပြောခဲ့တဲ့ သမိုင်းအတု ကောက်ချက်အမှားတွေ သမိုင်းအယူအဆအမှားတွေကို အမှားပြင်ပြောရမှာ ဖြစ်ပါတယ်။ တချို့သော ဆရာတွေဟာ ဆရာကြီးလုစ်ရဲ့ အမှားတွေကို သိလျက်နဲ့ မပြောရဲတာတွေ မဖောက်ထွက်ရဲ တာတွေ  မပြင်ရဲတာတွေ  ဃနေ့အထိ ရှိနေပါတယ်။ ပုဂ္ဂို လ်စွဲ ဆရာစွဲ တွေနဲ့ ဆရာလုစ် မှားမှန်းသီရက်နဲ့ ဆရာလုစ်ရဲ့ အမှားတွေကို ဆက်င်လက် ပြောဆို ဖြန့်ဖြူးနေ တဲ့ သူတချို့  ကိုယ့်ကိုကို ဘာပဲညာပဲ ဆရာကြီး ဂုရုကြီး ပဲလို့ အမည်ခံပြီး သမိုင်းလိမ်နေတဲ့  သူတချို့ ရှိပါတယ်။ နိုင်ငံတော်အဆင့် စာတမ်းဖတ်ပွဲတွေမှာ ကျွန်တော်တို့ရှေ့ မှာ မပြောရဲဘူးပါးစပ်ပိတ်ပြီးငြိမ်နေတယ်။ ကွယ်ရာမှာကျမှ  တပည့်တွေကို သမိုင်းလိမ် သမိုင်းမှားတွေ ပြောတယ်  ။ စာဖတ်အားရှိတဲ့ တပည့်တချို့က ဂုရုကြီးတွေ သမိုင်းလိမ် ပြောနေတာသမျိုင်းအမှားတွေသင်နေတာသိလို့ ကြိတ် ရယ်ကြတယ်။ူဂုရု ကြီးတချို့ သမိုင်းလိမ်န်သင်နေတာ သမာဓိမရှိတာတွေကို လူငယ်ကျောင်းသားတချို့ က သိလို့ ရယ်နေကြတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းနဲ့တချို့ သော ဆရာကြီးတွေက သမိုင်းပညာနဲ့ခေတ်ပြိုင်အထောက်အထားပေါ် ပညာရှင်ပီသစွာ သစ္စာရှိ သမာဓိရှိစွာ ဖြင့် လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ပြောခဲ့တဲ့ မြန်မာသမိုင်းအမှားတွေကို CORRECTION လုပ်အမှားပြင်ပြီးအမှန်ကိုပြန်လည်ဖော်ထုတ် ပီးပြောကြပါတယ်။             
                ဘီစီ၂ရာစုထက်နောက်မကျပဲ တည်ခဲ့တာလို့ ပေါ်ပေါက်နေတဲ့  သရေခေတ္တရာ   ဗိသနိုး ဟန်လင်း   ပြူဗြဟ္မာ   ဗမာ  မြို့ဟောင်းကြီး ၃ မြို့က  ဗုဒ္ဓခေတ် အသောကခေတ် ဗြဟ္မီအက္ခရာ ရေးထိုးထားတဲံ ရှေးအုတ်တွေရဲံ သက်တမ်းဟာ   ဘီစီ၆ ရာ စု ၃ရာစု လို့ ပေါ်ပေါက်နေပါတယ်။ မြန်မာနိုင်ငံတွင်းက မြန်မာနိုင်ငံကို ဖျက်ချင်တဲ့ မြန်မာနိုင်ငံသစ္စာဖေါက် ခွဲထွက်ရေးသမား    လူမျိုးရေးအစွန်းရောက်သူတွေကတော့ ဆရာ ကြီးလူစ်ရဲ့  အဲဒီ ပြူခေါ် ဗြဟ္မာခေါ် ဗမာ မြို့ဟောင်းကြီး၃မြို့အကြောင်းမမှန်မကန် သမိုင်းအတုတွေဖန်တီးပြီး မှားပြောထားတဲ့အမှားတွေကို  မှားမှန်း သိသိကြီးနဲ့ လိမ်ညာလို့ရဦးမလားလို့  အမှားတွေကိုဆက်လက် ဝါဒ ဖြန်ချီနေကြပါတယ်။ အဲဒီလိုပဲ ဆရာစွဲမဖြုတ်နိုင်တဲ့ လုစ်ဂိုဏ်းသား တချို့ ကလည်း ခခေတ်ပြိုင်အထောက်အထားတွေနဲ့ ပေါ်ပေါက်လာတဲ့  နှစ် ၂၂၀၀ ကျော်  ပြူခေါ်ဗြဟ္မာ  ဗမာသမိုင်း ကို  ဖုံးကွယ်ပြီး  သမိုင်းပညာပေါ်သစ္စာ မဲ့စွာ သမာဓိမဲ့စွာဖြင့် တပည့်တွေကိုလုစ်ရဲ့ မြန်မာသမိုင်းအတုလုစ်ရဲမြန်မာသမိုင်း အမှားတွေကိုပဲ အရှက်မရှိသိက္ခာမရှိ ဆက်လက် သင်ကြား ဖြန့် ချီနေကြပါတယ်။ အဲဒီဆရာမျိုးတွေဟာ နောက်ဆုံး ပေါ် ထပ်မံတွေ့ရှိထားတဲ့ ခေတ်ပြိုင်အထောက်အထားတွေအရ မြန်မာ ဗမာ သမိုင်းဟာ နှစ်၂၀၀၀ ကျော် နေပြီဆိုတာ ဆရာကြီးဒေါက်တာသန်းထွန်းက မြန်မာဟာပြူလို့၂၀၀၅ ခုနှစ်မှာ ရေးခဲ့ပြောခဲ့တာတွေကို တပြည့်အားလုံးတယောက်မှမဖတ်ဖူးဘူးထင်ပြီး  အမှားတွေအတုတွေကို ဖြန်ချီသင်ကြားပြောကြားနေကြတာဟာရယ်စရာကောင်းပြီး သမိုင်းပညာအပေါ်အထောက်အထားအပေါ် သစ္စာ မဲ့ သမာဓိမဲ့  သိက္ခာ မဲ့တာပါ။ အဲဒီလို လူတွေဟာ လေးစားစရာမရှိပါဘူး။ ပျူ ခေါ် မြနိမာသမိုင်းကို အရှက်မရှိဗြောင်လိမ်နေတဲ့သူတွေပါ။
             ဘယ်သူတွေဘယ်လိုလိမ်လိမ်  ခေတ်ြိပျိုငိအထောက်အထားတွေက သမို်ငိးအမှ န်ကိုဖော်ပြနေကြပါတယ်။
             ဘီစီ၂ရာစု  သရေခေတ္တရာ  ဗိသနိုး ဟန်လင်း မြို့ဟောင်ကြီး ၃မြို့ မှာ တွေ့ရတဲ့ ဗြဟ္မီအက္ခရာ အုတ်ခဲစာတွေဟာ အဲဒိမြို့ကြီးတွေမပျက်သုည်းခင်  ဘီစီ ၂ရာစု မတိုင်ခင်  ဘီစီ ၆ ရာစု  ၃ရာစု ခေတ်က ပြုလုပ်သုံးစွဲ ခဲ့တဲ့ အုတ်ခဲစာတွေဖြစ်ကြောင်း
ထင်ရှားပေါ်ပေါက်နေပါတယ်။
               အေဒီ၁ရာစု သရေခေတ္တရာမင်းနေပြည်ကြီး ပျကိသုည်းပြီးမှ နန်းတော်ကုန်းကို ဗြဟ္မီအက္ခရာ အုတ်ခဲ စာပါ အုတ်တွေပြု လုပ်တည်ဆောက်တာလား။  အေဒီ ၁ ရာစု မပျက်သုည်းခင် ကာလ က ဘီစီခေတ် ကာလက ဗြဟ္မီအုတ်ခဲစာပါအုတ်တွေနဲ့ နန်းတော်ကုန်းကို တည် ဆောက်ခဲ့တာလား …  …။  အဲဒါဆိုရင် ဗြဟ္မီ စာပါ ရှေး အုတ်ခဲတွေရဲ့ သက်တမ်းဟာ ဘီစီ ခေတ်လား  ။အေဒီ ခေတ်လား ။

ထိုနည်းတူစွာ တနင်္သာရီတိုင်းတွင်းရှိ မြို့ဟောင်းများ စေတီ များမှလည်း ဗြဟ္မီအက္ခရာပါ အုတ်များ အမြောက်အမြား တွေ့ရှိပြီး ဖြစ်ပါသည်။ ဥပမာ အားဖြင့် အက္ခရာ ဣ ဥ ဗ န
စသော အက္ခရာများ ဖြစ်သည်။

စာဖတ်ပရိသတ်ရဲ့ ချငိ့ချိန် စဉ်းစားနိုင်တဲ့  ဦးဏှောက်စွမ်း ရည်ကို ယုံကြည် လေးစားပါတယ်။