စာလုံးပေါင်း


လိုအပ်သော စကားဖြစ်အောင် အက္ခရာတို့ကို ပေါင်းစည်း ခြင်းသည် စာလုံးပေါင်းမည်၏။

အတ္ထောအက္ခရသညာတောဟူသော ကစ္စည်းသဒ္ဒါကြီးသုတ် နှင့်အညီ အနက်ကို အက္ခရာဖြင့် မှတ်ရပေ မည်။ မြန်မာဘာသာ တွင် သရသက်သက်ဖြင့်လည်း အနက်ကို မှတ်ရသည်။ဗျည်းနှင့် သရကို ပေါင်း၍လည်း မှတ်ရသည်။ အက္ခရာ ဝိပတ္တိယံဟိ အတ္ထဿဒုန္နယတာ ဟုသည်နှင့်အညီ အက္ခရာဖောက်ပြန်လျှင် အနက်သိရ ခက်ပေသည်။ ဤကိုရည်၍ ရွှေတောင် ရာဇကျော်က ကဝိလက္ခဏာသတ်ပုံတွင် 'အသတ်အလတ်၊ အရစ် အပင့်၊ သင့် မသင့်၊ ရာမရာကို၊ မလိမ္မာချေက၊ အဖတ်၊ အရွတ်၊ အမှတ် အသား အဓိပ္ပါယ်အယူပျက်၍ မကောင်း ကျိုးပင် ရောက်ရာ သည်'ဟု ဆိုခဲ့ပေသည်။ ထိုကြောင့် ပုဂံခေတ်မှ စ၍ ပညာရှိ အဆက် ဆက်တို့ သည် အက္ခရာစာလုံး ရေနည်း၊ ပေါင်းနည်း တို့ကို အထူးအလေးပြု လေ့လာစောင့်ရှောက်ခဲ့ကြပေသည်။

စာလုံးပေါင်းနည်းမှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဗျည်း နှင့် သရကို ပေါင်းနည်းအပြင်၊ ဗျည်းဗျည်းချင်း သံယုတ်အဖြစ် ပေါင်းခြင်း၊ နောက်ပါဗျည်းတွင် တံခွန်တင်၍ အသံကို သတ် ကာ ပေါင်းခြင်းတို့လည်း ရှိပေသေးသည်။ ဥဒါဟရုဏ် ဆို သော် ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး စသည်တို့မှာ ဗျည်းဗျည်း ချင်း သံယုတ် အဖြစ် ပေါင်းခြင်း ဖြစ်ပေသည်။ ကသတ်၊ ငသတ်၊ စသတ်၊ ညသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ်၊ သေးတင်တို့မှာ အသံကိုသတ်ကာ ပေါင်းခြင်းတို့ ဖြစ်ပေသည်။

ဤသို့ စာလုံးပေါင်းခြင်း အမျိုးမျိုးရှိရာတွင် ပင့်ရစ်ပေါင်း ခြင်းသည် အသံထွက်ပုံတူသဖြင့် ရောထွေးမှားယွင်းနိုင်ဖွယ် အကြောင်းများသော ပေါင်းခြင်း ဖြစ်သည်။ တသတ်၊ ပသတ်၊ နသတ်၊ မသတ်တို့ဖြင့် ပေါင်းခြင်းသည်လည်း အသံထွက်ပုံ တူသဖြင့် ရောထွေး မှားယွင်းနိုင်ဖွယ် အကြောင်းများသော ပေါင်းခြင်း ဖြစ်သည်။ ထိုကြောင့် ပျို့လက‡ာဆရာတို့သည် မိမိ တို့၏ ပျို့လက‡ာတို့တွင် အပင့်နှင့် အရစ်ကို ခွဲထားပြု၍ စပ်ဆို ခဲ့ကြသည်။ အသတ်ကာရန်ကို စောင့်ရှောက်၍ စပ်ဆိုခဲ့ကြ သည်။ ထိုစပ်ထုံးဆိုထုံးတို့ကို လေ့လာစုဆောင်း၍ ရွာကြီးသျှင် ဥက္ကံသမာလာကဝဏ္ဏဗောဓနသတ်အင်းနှင့် သတ်ညွှန်း စာစောင် ကိုゞင်း၊ ဂဇဗလ အမတ်က ဂဇဗလ သတ်ညွှန်းကိုゞင်း၊ တွင်း သင်းမင်းကြီး ဦးထွန်းညိုက ဝိဘဇ္ဇဋ္ဌဌပိတ ခွဲထားနှင့် သတ်ညွှန်း သစ်ကိုゞင်း၊ ရွှေတောင် ရာဇကျော်က ကဝိလက္ခဏာ သတ်ပုံ ကိုゞင်း၊ လက်ဝဲနော်ရထာအမတ်က မြန်မာ သံယောဂဒီပနီကို ゞင်း၊ မုံရွေးဆရာတော်က မုံရွေးသတ်ညွှန်းကိုゞင်း၊ ဆရာအများ က သတ်ပုံသတ်ညွှန်း ခွဲထားအများကိုゞင်း ရေးသား ပြုစုခဲ့ကြ ပေသည်။[၁]

ကိုးကား
 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ပင်​ဆင်​ရန်​]

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်