ခိုင်မာတဲ့သမိုင်း

ခိုင်မာတဲ့မြန်မာသမိုင်း အင်္ဂလိပ်လိုရှိဘို့
                     မန့်မှာ စာဖတ်ပရိသတ် တဦးက  မြန်မာသမိုင်းမွန်သမိုင်းနဲ့ ပတ်သက်လို့   ခိုင်မာတဲ့ အချက်အလက်တွေနဲ့  အင်္ဂလိပ်လို   ရှိဘို့ အိမ်နီးချင်း ပညာရှင်တွေ လက်ခံအတည်ပြုဘို့  လိုကြောင်း ဖဘပေါ် ငြင်းခုံနေရံ့နဲ့ မဖြစ်သေးဘူးထင်ကြောင်း  ကိုယ့် သားသမီး ကို  ပြောပြဘို့ အမှန်ဟာ ဘာလဲလို့ မေးလာပါတယ်။
 
အမှန်သမိုင်းဟာ ဘာလဲဆိုတော့  သမိုင်းပညာက ပြော ထားပါတယ်။ ခေတ်ပြိုင်အထောက်အထားတွေက အမှန် သမိုင်းကို ဖော်ပြပါတယ်တဲ့။  ကျွန်တော့် ရှေ့ပိုင်းပို့စ်တွေ မှာ ခေတ်ပြိုင်ထောက်အထားအရ  တွေ့ရတဲ့ ဗရမ္မာ မြန်မာခေါ် ပျူ သမိုင်း သရေခေတ္တရာ ဗရမ္မာခေါ် ပျူသမိုင်း ဘီစီ၆ ရာစု -၃ ရာစု ဗရမ္မာခေါ် မြန်မာခေါ် ပျူ လူမျိုးသမိုင်း မြန်မာ နိုင်ငံသမိုင်းတွေကို ခေတ်ပြိုင်အထောက်အထား တွေနဲ့   တင်ပြထားပါတယ်။

မြန်မာသမိုင်းကော်မရှင် ပညာရှင် စာတမ်းဖတ်ပွဲတွေမှာ ကျွန်တော် တင်ပြ ခဲ့ပြီး တာဝန်ကျတဲ့ ဆရာကြီးဒေါက်တာ သန်းထွန်းက စစ်ဆေးပါတယ်။  စစ်ဆေးပြီး အထောက် အထားတွေမှန်ကန်တဲ့အတွက် မြန်မာသမိုင်းကော်မရှင် မှာ စာတမ်းဖတ်ခွ့င့် ပြှဘို့ ထောက်ခံပါတယ်။ အဲဒီလို စစ်ဆေး တဲ့  ပညာရှင်က အထောက်အထားတွေ  မှန်ကန်ကြောင်း ရေးသားတင်ပြတာတွေ မှန်ကန်ကြောင်း ထောက်ခံချက် ပေးမှ  မြန်မာသမိုင်းကော်မရှင်ခေါ် မြန်မာသမိုင်းပြုစုရေး အဖွဲ့မှာ နိုင်ငံတော်စရိတ်နဲ့  စာတမ်းဖတ်ပွဲ ခွင့်ပြုတာပါ။  ပြီးတော့ စာတမ်းဖတ် တဲ့အချိန်မှာ  ပညာရှင် အုပ်စု ကြီး က ကြားနာ စစ်ဆေးတာပါ။

ဒီ၂ ဆင့်ကို ခေတ်ပြိုင် အထောက်အထားတွေနဲ့  ပြီးတော့ ဓမ္မဓိဌာန်ကျကျ  အမှားမရှိ ရေးရပြောရတာပါ။ လူမျိုးစွဲ တွေ ဆရာစွဲတွေ အုပ်စုစွဲတွေ  ဂိုဏ်းစွဲတွေ ရာဇဝင်စွဲတွေ ဒေသစွဲတွေ နဲ့ ရေးလို့ ပြောလို့ မရပါဘူး ။ ဝါရင့်သမ္ဘာရင့် ပညာရှင်တွေ သမိုင်းမဟာဝိဇ္ဇာ ဘွဲ့ရ ပညာရှင်တွေ နိုင်ငံတကာ Phd . ဘွဲ့ရ ပညာရှင်တွေ က ကြားနာ စစ်ဆေးတာပါ။  မြန်မာသမိုင်းပညာရှင် အဖွဲ့ဝင် ပညာရှင်တွေ ဆိုတာ အငြိမ်းစားသမိုင်း ပါမောက္ခတွေ အငြိမ်းစား ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူမျှူးချုပ်တွေ မနုသဗေဒပညာရှင်တွေ ပထဝီပညာရှင် တွေ ဘူမိဗေဒ ပညာရှင်တွေ  မြန်မာစာ ပညာရှင်တွေ နဲ့ ဖွဲ့ စည်းထားတဲ့ ပညာရှင်အဖွဲ့ အစည်းကြီးပါ။

ယနေ့အထိ နိုင်ငံတကာ ပညာရှင်တွေလေးစားတဲ့ မြန်မာ နိုင်ငံပညာရှင်အဖွဲ့ အစည်း ကြီး တခုပါ။ ဒီပညာရှင်အဖွဲ့ကြီး ထံမှာ စာတမ်းဖတ်ခွင့်ရဘို့ဆိုတာ မလွယ်ပါဘူး ။ အထောက်အထားများခိုင်မာမှ သမိုင်းပညာစံမီမှ  သုတေသန ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ထားပါမှ။ ဓမ္မဓိဌာန်ကျမှ ဖတ်ခွင့် ရတာ ပါ။ အထောက်အထား မခိုင်မာရင် လူမျိုး စွဲနဲ့ ရေးမယ် ဆိုရင် သမိုင်းပညာ စံမမှီ ဘူး ဆိုရင်  ဖတ်ခွင့် မရပါဘူး။ ပြီးတော့ ပညာရှင် အုပ်စု ကြီး ထဲမှာ တိုင်းရင်း သားပေါင်းစုံ ပါဝင်ပါတယ်။ ရခိုင် မွန် ရှမ်း ကရင် ချင်း  လူမျိုး  ပညာရှင်အငြိမ်းစား သမိုင်း ပါမောက္ခ ကြီးတွေရော  လက်ရှိ သမိုင်းသုတေသန ဦးစီး ဌာနမှာ တာဝန်ထမ်းဆောင်ဆဲ  တိုင်းရင်းသား ပညာရှင်တွေရော ပါပါတယ်။

ကိုယ့်ဘက်က ခေတ်ပြိုင်အထောက်အထား မပါရင် မခိုင်လုံရင် စစ်ဆေးပြီး ပယ်ခံရတဲ့ နေရာပါ။ နီုင်ငံတကာက လေးစားတဲ့ သမိုင်းပညာရှင် အဖွဲ့အစည်းကြီးပါ။ အဲဒီက ဦးဆောင်နေတဲ့ သမိုင်းပညာရှင် ဆရာ ကြီး တွေဟာ  အမေရိကန် အင်္ဂလန် ပြင်သစ် ဂျာမဏီ အီတလီနိုင်ငံကြီး တွေက လန်ဒန်တက္ကသိုလ် ဒမ်ဗာ တက္ကသိုလ် အစရှိတဲ့ ကမ္ဘာ့ တက္ကသိုလ်ကြီးတွေကနေ  State scholar ship အရွေးခံရပြီး  မဟာဘွဲ့  PHd. ဘွဲ့ ဆွတ်ခူးရရှိခဲ့တဲ့  ပညာရှင် ဆရာကြီး တွေပါ။ ဘယ်သူမှ သွားညာလို့  မရပါဘူး။ အထောက်အထား မရှိပဲ သွားညာရင် စစ်ဆေးတဲ့ အဆင့်မှာတင် ပယ်ခံရမှာပါ။  အထောက် အထား ရှိရုံနဲ့ မရသေးပါဘူး လူမျိုးစွဲ အစရှိတဲ့ အစွဲတွေနဲ့ ရေးရင် ဓမ္မဓိဌာန် မကျရင်လည်းမရ ပါဘူး ။ မြန်မာ သမိုင်းကော်မရှင် အဖွဲ့ဝင် ပညာရှင်တွေဟာ ကမ္ဘာ့ တက္ကသိုလ်ကြီးတွေက  Well-trained  ပညာရှင်တွေလို့ နိုင်ငံတကာ ပညာရှင် တွေက ချီးကျူးလေးစားအသိအမှတ် ပြုခံရတဲ့ ပညာရှင်ဆရာကြီးတွေပါ။

ပြည်သူတွေက အဲဒါကို မသိကြဘူး ။ ပြည်မမုန်းတီးရေး ဗမာမုန်းတီး ရေး လူမျိုးရေးအစွန်းရောက် မြန်မာနိုင်ငံက ခွဲ ထွက်ရေး ဝါဒီတွေက  မြန်မာ သမိုင်းကော်မရှင် အဖွဲ့ ကြီး ရဲ့ အဆင့်အတန်းနဲ့ အလုပ်လုပ်ပုံကို  လူသိမခံရဲကြဘူး။  မြန်မာသမိုင်းကော်မရှင် အဖွဲ့ စာတမ်းဖတ်ပွဲ ဆိုတာ အရပ်ထဲက လက်ဘက်ရည်ဆိုင် စကားဝိုင်းတွေ  အစိုးရ မသိအောင် လူမျိုးရေး အစွန်းရောက် မြန်မာနိုင်ငံက ခွဲထွက်ရေးသမားတွေ ရဲ့ တိတ်တိတိပုန်း ကြိတ်ဝိုင်း စကားဝိုင်းတွေ မြန်မာ သမိုင်းအမှန်ကို ရာဇဝင် အတု  အမှား အလိမ်တွေနဲ့ ဘယ်လို ဖုံးကွယ်ကြမလဲ လို့ ဥာဏ် နီဥာဏ်နက်ထုတ်တဲ့  ကြိတ်ပုံးစကားဝိုင်းတွေနဲ့ ဘယ်လိုမှ နှို င်းယှဉ်လို့မရတဲ့  ပညာရှင်အဆင့် စာတမ်းဖတ်ပွဲကြီး တွေပါ။  ကြိုတင်စစ်ဆေးပြီး အထောက်အထားရှိမှ  စံချိန်မီမှ  ဖတ်ခွင့်ပေးတယ်။ ပြီးတော့ ပညာရှင် အုပ်စုကြီး ဝိုင်းဝန်းကြားနာ စစ်ဆေး တယ်။ ဒီအဆင့်တွေကို အထောက်အထားများရှိပြီး မှန်မှန်ကန်ကန် ရေးသားတင်ပြ တဲ့သူတွေသာ အောင်မြင်စွာ ကျော်ဖြတ်နိုင်တာပါ။ အထောက်အထားတွေနဲ့ တင်ပြနိုင်တဲ့ သမိုင်း အယူအဆ သမိုင်းကိစ္စတွေကိုသာ စစ်ဆေးလက်ခံ အတည်ပြုတာပါ။

                      အဲဒီမြန်မာသမိုင်း ပြုစုရေး ပညာရှင် အဖွဲ့ဆီမှာ ကျွန်တော်သမိုင်းသုတေသန စာတမ်း၂စောင် တင်သွင်း ခဲ့ပါတယ်။ အထောက်အထားများ မှန် မမှန် ရေးတာ အမှား ပါမပါ ဆရာကြီးဒေါက်တာ သန်းထွန်း စစ်ဆေး ပါတယ်။ ဆရာကြီးစစ်ဆေးပြီး စာတမ်းဖတ်ခွင့် ရပါတယ်။ ပထမစာတမ်းက  ဆရာကြီးလုစ်ပြောတဲ့ အေဒီ ၈၃၅ ခန့်မှ ဗမာဖြစ်လာမယ့်သူတွေ ယူနန်ကနေ ကျောက်ဆည် နယ်ကို ရွှေ့ပြောင်းလာတယ်။ သူ့အရင် ရောက်နေတဲ့ ချင်း မွန် ရှမ်းကတူး စကောကရင် ပလောင် တွေလက်ကနေ ကျောက်ဆညိနယ်နဲ့ဧရာဝတီမြစ် ဝှမ်းကို တိုက်ခိုက်သိမ်းယူတယ်။ဒိနောက် အနှစ်၂ရာမှာ အနော်ရထာ မင်းလက်ထက်မှာ တောင်တန်းဒေသတွေပါ တိုကိုက်သိမ်းယူပြီး  ပထမမြန်မာနိုင်ငံကြီး တည်ထောင်တယ် ဆိုတာ မှားနေကြောင်း အထောက် အထားများစွာကို ဆရာလုစ် သိလျက်နဲ့ မဖော်ပြပဲ ချန်ရစ် ခဲ့ကြောင်း အမှန်တကယ် ရှိနေတဲ့ အထောက်အထား များကို ဖော်ထုတ်ကြည့်တဲ့အခါ ဗရမ္မာခေါ် မြန်မာ လူမျိုးနဲ့ နိုင်ငံသမိုင်းဟာ နှစ်ပေါင်း၂ထောင်ကျော် ပြီဖြစ်ကြောင်း တင်ပြ ဖတ်ကြားခဲ့ပါတယ်။ ကျွန်တော်တင်ပြတဲ့ အထောက်အထားများကို ပညာရှင်များကြားနာစစ်ဆေးပြီး တင်ပြထားတဲ့ ခေတ်ပြိုင် အထောက်အထားတွေကို ပညာရှင် တွေနှုတ်စရာ ပယ်စရာ မရှိတဲ့အတွက် သဘာပတိ ဆရာကြီးဒေါက်တာသန်းထွန်းက    စာတမ်းရှင် တင်ပြတဲ့ အထောက်အထားများအရ မှား နေကြောင်းတွေ့ရတဲ့ ဆရာလုစ်ရဲံ အေဒီ ၉ရာစု မှာမှ  ဗမာသမိုင်းကျောက်ဆည်ကစတယ်ဆိုတဲ့သမိုင်းယူဆချက်ကို ပယ်ကြောင်းနဲ့  ဗမာသမိုင်းကို  အသစ်ပြန်ရေးရမယ် ဖြစ်တဲ့အကြောင်း  ပြောပြီး နှစ်ပေါင်း ၂၂၀၀ကျော်ခဲ့ပြီ ဖြစ်တဲ့ဗမာသမိုင်းကို လက်ခံ အတည်ပြုခဲ့ပါတယ်။
                       ကျွန်တော့်ရဲံ
ဒုတိယမြောက်သမိုင်းသုတေသနစာတမ်းကိုလည်းမြန်မာသမိုင်းပြုစုရေးအဖွဲ့ မှာ တင်သွင်းဖတ်ကြားခွင့်ရပါတယ် ဒုတ်ယစာတမ်းမှာ   ခေတ်ပြိုင်အထောက်အထားများအရ ဗရမ္မာဗမာ မြန်မာဟာ  ပြူ လူမျိုးဖြစ်ကြောင်း တင်ပြဖတ်ကြားတာပါ။ရှေး အိန္ဒိယ နဲ့ ရှေးဘင်္ဂလားက  သရေခေတ္တ ရာလူမျိုးရောနိုင်ငံရောကို ဗြဟ္မာ (အသံထွက်ဗရမ္မာ) လို့သိရှိခေါ်ဆိုခဲ့ကြပြီး ယနေ့ခေတ်တိုင်အောင်ကိုလည်း ဗမာလူမျိုးကို ဗရမ္မာလူမျိုးလို့ပဲ ခေါ်ဆိုနေကြကြောင်းရှေးတရုတ်တွေက ဘီစီ၂ရာစုကနေ အေဒီ၆ရာစုအထိ သရေခေတ္တရာခေတ်နဲ့ပုဂံခေတ် ကလူမျိုးနဲ့နိုင်ငံကို  ပြူ လည်းခေါ်ဗရမ္မာလည်းခေါ်ကြောင်း ပုဂံခေတ်ဗမာကျောက်စာတွေမှာ ဗြဟ္မာဗရမ္မာ အမည်ဝေါဟာရကို ဗြုဟ္မာ ဗြုမ်မှာ  ဗရုမ်မှာ ပြုမ်မှာပရုမ်မှာ ပြုမှာလို့အနက်တူအသံကွဲ အမည် ပွါး အမျိုး  မျိုးရေးထိုးခဲ့ကြောင်း ပုဂံဗမာ မင်းကြီးကို ပျူတသိန်းမင်း လို့ ဆိုလိုပြီး ပုတသိန်းမင်းလို့ ရေးထိုးခဲ့ကြောင်း ပုဂံကို ပုရာဂမ္မ (ပြုဂမ္မ,ပြူဂါမ)လို့ ရေးထိုးကြောင်း အေဒီ၂၂၅ ပုဂံနိုင်ငံကို တရုတ်စစ်သူကြီး ချူကော်လိယန်း တိုက်ခိုက်ပြီး ငြိမ်းချမ်းရေး ဘုရားတည်ပြီး ပြန်သွားခဲ့ကြောင်း  အေဒီ ၁၁-၁၄ ရာစု ပုဂံ ဗမာကို တရုတ်နန်းတော်က ပြူလည်း ခေါ် မြန်မာလည်းခေါ်ဆို မှတ်တမ်းတင်ံခဲ့ကြောင်းတွေ ကို ခေတ်ပြိုင် အထောက်အထားများနဲ့ တင်ပြခဲ့ပါတယ်။

အဲဒီအပြင် ယာယီအမည်အဖြစ် ပြူစာလို့ယာယီခေါ်ဆိုပြီး မြန်မာမဟုတ်သောပြူစာလို့ဘယ်သူ ဘယ်ပညာရှင်မှ အတည်မပြုနိုင်သေးတဲ့ မြစေတီ စတုတ္ထမျက်နှာကို ကျွန်တော် အဓိပ္ပါယ် ဖော်ထုတ်ဖတ်ရှု တင်ပြပါတယ် သရေခေတ္တရာခေတ် အက္ခရာတွေနဲ့ ရေးသားထားတဲ့ ရှေဟောင်း မြန်မာစာ ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒိ စာတမ်းဖတ်ပွဲမှာလည်း ပြူဟာမြန်မာဆိုတာ ကျွန်တော် တင်ပြတဲ့ ခေတ်ပြိုင်အထောက်အထားများကို ကြားနာ စစ်ဆေးတဲ့ပညာရှင်တွေ အနေနဲ့ နှုတ်စရာ ပယ်စရာ မရှိခဲ့ ပါဘူး ။  ဒါကြောင့် စာတမ်းဖတ်ပွဲရဲ့ သဘာပတိ ဆရာကြီး ဒေါက်တာသန်းထွန်းက အထောက်အထားများအရ ပြူဟာ မြန်မာဖြစ်ကြောင်း လက်ခံအတည်ပြုပြောကြားခဲ့ပါတယ်။
                အမှန်သမိုင်းဟာ ဘာလဲဆိုတာ သိချင်ရင် ရာဇဝင်ကို မကိုင်ရပါဘူး ။ ရာဇဝင်ကို အစွဲအလန်း မထားရပါဘူး။ ရာဇဝင်ကို ကျမ်းကိုးပြုရေးတာ ပြောတာ တွေကိုလည်း မကိုင်ရပါဘူး ရာဇဝင်တွေထဲမှာ အမှားတွေ ပါနေလို့ပါ။ ခေတ်ပြိုင်အထောက်အထားများကိုပဲ ကြည့်ရှု လေ့လာ ပြောဆိုရပါတယ်  ဆရာကြီးဒေါက်တာသန်းထွန်း တို့လို ။နိုင်ငံတော်အဆင့် ပညာရှင်တွေက   စစ်ဆေးပြီး ခေတ်ပြိုင်အထောက်အထားများအရ လက်ခံအတည်ပြုတဲ့ သမိုင်းသုတေသနတွေ့ရှိချက် သမိုင်းကိုပဲ လေ့လာပါ ကြည့်ပါ။ သမိုင်းအကြောင်းရေါး်နေပြောနေသူဟာ   မြန်မာသမိုင်းကော်မရှင်ခေါ် မြန်မာသမိုင်းပြုစုရေး ပညာရှင်အဖွဲ့ ထံမှာ အစစ်ဆေးခံပြီး ပြောတဲ့သူလား မျက်မမြင်ပုဏ္ဏားမျိုး ကပြောနေတာလား ဆိုတာ  စစ်ဆေး စုံစမ်းကြည့်ပါ။ သုတေသနလည်း မလုပ် သမိုင်းပညာ လည်း နားမလည် ဟိုတစ ဒိတစ ကြားဘူး ဖတ်ဘူးတာ လေးတွေနဲ့ ပညာရှင်စာတမ်းဖတ်ပွဲမှာ အစစ်ဆေးမခံရဲပဲ မျက်မမြင် ပုဏ္ဏား၆ယောက် လို ပြောနေတဲ့ ပုဏ္ဏားမျိုး စကားတွေ အထောက်အထားတွေကို ပစ်ပယ် လူလည်ကျ ပြိး စကားတောင်စား စကားလို အဆင့်မရှိတဲ့ စကားတွေနဲ့ မြန်မာနိုင်ငံက ခွဲထွက်ရေးအတွက် မြန်မာ့မြေကို ခိုးဝှက် လုယူဘို့အတွက် ကိုယ့်လူမျိုးကိုရော မြန်မာနိုင်ငံ ပြည်သူ တွေကို ရောသမိုင်းလိုက်လိမ်နေတဲံ့ လုပ်ဇာတ်ခင်းနေတဲ့ သမိုင်းလူလိမ်တွေ စကား  လိမ်စကားရှုပ်တွေကို သတိထား ရှောင်ရပါတယ်                          ။ သမိုင်းဆိုပြီးရေးနေပြောနေသူဟာ  သမိုင်းပညာရှင်အဆင့်လား  တတ်ယောင်ကားသမားးလား ပုဏ္ဏားမျိုးလား လူလိမ်လားဆိုတာ စုံစမ်း လေ့လာကြည့်ပါ။
                           ကျွန်တော့်သမိုင်းသူတေသနတွေ့ရှိချက် ဗမာ မြန်မာသမိုင်းဟာနှစ်၂ထောင်၂ရာကျော်ပြီဆိုတာရယ် ဗမာမြန်မာဟာပျူဆိုတာရယ်ဟာ ပညာရှင်အဖွဲံ့မှာ အစစ်ဆေးခံပြီး ဆရာကြီးဒေါက်တာသန်းထွန်းက လက်ခံအတည်ပြုခဲ့တဲ့မြန်မာသမိုင်းပါ။ အင်္ဂလိပ်လိုလည်းကျွန်တော်ကိုယ်တိုင် ဘာသာပြန်ပြီး ပုံနှိပ်စာအုပ်အဖြစ် ထွက်နေပါပြီ။

                 ကျွန်တော် မြန်မာသမိုင်းကော်မရှင်မှာ ဖတ်ခဲ့တဲ့ မြန်မာသမိုင်းဆိုင်ရာ စာတမ်း၂စောင်ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားတဲ့ စာတမ်းတွေကို  ဒေါက်တာ အယ်လ်လိဇ  ဘက်မိုး  အရှေတိုင်းလေ့လာရေးဌာန မှူး လန်ဒန်တက္ကသိုလ်က  ကျွန်တော်ကိုယ်စား  လန်ဒန်တက္ကသိုလ်မှာ စာတမ်းဖတ်ပေးခဲ့ပါတယ်။

လန်ဒန်တက္ကသိုလ်မှာပါ  ဆရာကြီးလုစ် ပြောတဲ့  အေဒီ၉ရာစု  ဗမာအစကျောက်ဆည် ဆိုတဲ့ရေးသားပြောဆိုချက်မှားကြောင်း ပေါ်သွားပါပြီ။  လန်ဒန်တက္ကသိုလ်စာတမ်းဖတ်ပွဲမှာ  မြန်မာဟာ ပြူဖြစ်ကြောင်း ကျွန်တော်တင်ပြ ထားတဲ့ခေတ်ပြိုင်အထောက်အထား အားလုံးကို လက်ခံကြကြောင်းလည်း ဆရာမကြီး အယ်လိဇဘက်မိုးပြန်ပြောပြလို့ သိရပါတယ်။ 

လန်ဒန်တက္ကသိုလ်က သမိုင်းပညာရှင် တွေ က သရေခေတ္တရာ  ဗရမ္မာခေါ်ပြူအက္ခရာနဲ့ ပုဂံ ဗရမ္မာခေါ်ပြူအက္ခရာ အကြောင်း သိချင်တာပြန်မေးထားပါတယ်။ ပြည်တွင်းမှာတော့  သရေခေတ္တရာ ဗရမ္မာအက္ခရာ တွေကနေ  ပုဂံဗရမ္မာ အက္ခရာတွေ ရရှိအမွေခံခဲ့ကြောင်း   ဒွါရာဝတီမွန်အက္ခရာ တွေ   ကိုပုဂံဗမာ တွေအသုံးပြုခြင်းမရှိကြောင်း နိုင်ငံတော်အဆင့် စာတမ်းဖတ်ပွဲတွေမှာ    ကျွန်တော် အက္ခရာ နှိုင်းယှဉ်ဇယားတွေနဲ့ သက်သေပြ ဖတ်ကြားခဲ့သလို   မြန်မာသမိုင်းကော်မရှင်စာတမ်းဖတ်ပွဲမှာ အစစ်ဆေးခံတင်ပြဖတ်ကြားပြီး ဆရာကြီးဒေါက်တာ သန်းထွန်းလက်ခံအတည်ပြုခဲ့တဲ့ ကျွန်တော့်စာတမ်း၂စောင် ကိုပုံနှိပ်ဲ့တဲ့စာအုပ်တွေမှာ   ထည့်သွင်းပုံနှိပ် ဖော်ပြထားပါတယ်။ 

မွန်ဘက်ကရော မြန်မာ ဘက်ကရော ကျွန်တော့်ရဲ့ သရေ ခေတ္တရာ  ပြူ ခေါ် ဗရမ္မာ အက္ခရာတွေ ပုဂံပြူခေါ်ဗရမ္မာ ဗမာအက္ခရာတွေ  ဒွါရာဝတီ မွန်အက္ခရာတွေကိုနှိုင်းယှဉ်  ဇယားတွေ ဆွဲပြီး တင်ပြထားတာကို စစ်ဆေး ခဲ့ကြပါတယ်။ ကျွန်တော် နှိုင်းယှဉ်တင်ပြချက်တွေ မှန်ကန်တာတွေ့ရတဲ့အတွက်  လူမျိုး ရေး အစွန်းရောက်တွေ  ကျွန်တော့်ကို တရားစွဲ ချင်တာ မစွဲနိုင်ပဲ  ငြိမ်နေကြပါတယ်။
  
                လန်ဒန်တက္ကသိုလ်က ပညာရှင်တွေရော  နိုင်ငံတကာ ပညာရှင်တွေရော  ကိုအဲဒိမြန်မာအက္ခရာ သမိုင်းကို အင်္ဂလိပ်လို ဘာသာပြန်ပေးဘို့ အသင့်ပါပဲ။
မွန်မိတ်ဆွေ တပ်မတော် အရာရှိအငြိမ်းစားတဦး က ကျွန်တော်ကို လူချင်းတွေ့ပြီး  ညည်းပြောပြောခဲ့ပါတယ်။ မွန်ဆိုတာ လူမျိုးစု ငယ်ကလေးပါ  ကျွန်တော်တို့မွန်တွေအနေနဲ့  ဗမာတွေရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ  အက္ခရာ  စာ ဗိသုကာ တွေရဲ့ ဆရာ ဆိုပြီး ဂုဏ်ယူ နေတာ အခုတော့
ဆရာ သုတေသနစာတွေအရ ကျွန်တော်တို့က  ဗမာရဲ့ ဆရာ မဟုတ်တော့ဘူး ဂုဏ်ယူစရာမရှိတော့ဘူးလို့ညည်းပါတယ်။သူလည်းပညာတတ် တပ်မတော်အရာရှိတဦးပါ။ ရာဇဝင်စွဲနဲ့ပြောလို့မရဘူးဆိုတာ သဘောပေါက်သူတဦးပါ။
                   ကျွ န်တော်လည်း ပြန်ပြောလိုက်ပါတယ်။ သမိုင်းပညာစည်းကမ်းအရ  ခေတ်ပြိုင်အထောက်အထား တွေ့ရတဲ့အတိုင်း   တင်ပြ ရတာပါ  လို့။  သူလည်းကျွန်တော့် ရဲ့ ပညာရှင်တွေစစ်ဆေး အတည်ပြုတဲ့  သမိုင်းသုတေသနစာတမ်းတွေကိုဖတ်ရှု ထားပြီးအမှန်ကို  သဘောပေါက်တဲ့ တိုင်းရင်းသား တဦးပါ ။  တပ်မ တော်အရာရှိ  အငြိမ်းစားထက်မြက်တဲ့ တိုင်းရင်းသားမျိုးချစ်စိတ် ရှိတဲ့သူနဲ့ ကျွန်တော်နဲ့  အငြင်းပွါး စကားများရတာ လုံးဝမရှိခဲ့ပါဘူး။
              ခေတ်ပြိုင်အထောက်အထားတွေက အမှန်သမိုင်းကို   တည့်တိုးပြနေပါတယ်။
ရာဇဝင်တွေမှာက ရာဇဝင်ဆရာတွေရဲ့ အာဘော်တွေ လုပ်ဇာတ်တွေ ဖြီးဖြန်းထားတာတွေ အင်ထုထားတာတွေ ရောယှက်ပါဝင်နေပါတယ်။

              သမိုင်းပညာရှင်တွေဟာ  ရာဇဝင်ဆရာတွေကို မျက်စေ့မှိတ် ယုံကြည်ခြင်းလုံးဝမရှိ ပဲရာဇဝင်ဆရာ တချို့ ဟာ  လူလိမ်တွေဆိုတာ ကိုပါ  စစ်ဆေး တွေ့ရှိထားပါ တယ်။ ရာဇဝင်ဆရာတချို့ကတော့  ရိုးသားစွာ မှားယွင်း ခဲ့ကြပါတယ်။ ရာဇဝင်တွေမှာ အမှန်တွေနဲ့ အမှားတွေ  အင်ထုထားတာတွေ ရောထွေးနေပါတယ်။ ဒါကြောင့် ပုဂံရာဇဝင်ကိုပြောရင် တုတ်ထမ်း ပြောရတယ်လို့  ဆိုရိုးစကား တွင်ကျန်ခဲ့ပါတယ်။

                   အမှန်သမိုင်းကို သိချင်ရင် သမိုင်းပညာ သမိုင်းသုတေသနပညာ ရှေးဟောင်းသုတေသနပညာ တွေက ဖော်ထုတ်တွေ့ရှိတဲ့ ခေတ်ပြိုင်အ  ထောက်အထားတွေကိုပဲ အလေးထား ကြည့်ရပြောရပါတယ်။

                      ရာဇဝင် ကိုမယုံရလို့ သမိုင်းပညာ  ပေါ်ပေါက်လာတာပါ။ သမိုင်းပညာဆိုတာသမိုင်းဆိုင်ရာ အမှန်တရားကို ရှာဖွေဖော်ထုတ်တာပါ။  လေးလေးနက်နက်ပညာတခုပါ။ သမိုင်းပညာကိုအထင်သေးပေါ့တီးပေါ့ဆသဘောထာုးပီး  ရာဇဝင်အစွဲနဲ့ ပြောတဲ့သူတွေဟာ   သမိုင်းဆရာသမိုင်းပညာရှင်တွေက ပြန်လှန်မေးခွန်းထုတ်တဲ့အခါမှာသ မိုင်းသုတေသန စာတမ်းဖတ်ပွဲတွေမှာ  စင်မြင့်ပေါ်မှာအရှက်ကွဲ ကြကုန်ပါတယ်။ သမိုင်းပညာကိုအထင်သေးပြီး ရာဇဝင်အစွဲတွေနဲ့ ပြောချင်ရာ လျှောက်ပြောမိတာတွေအတွက် စာတမ်းဖတ်ပွဲ ပညာရှင်ပရိသတ်နဲ့ ဝါသနာရှင် ပရိသတ်တွေရှေ့ မှာ  ပေါ့ဆမှု အတွ က်  ပြန်လည်ပေးဆပ်ြကရပါတယ်။ အမှားတွေ ပေါ့ဆစွာပြောခဲ့တာအတွက် စင်မြငိ့ပေါ်မှာ အရှက် ကွဲ ခြင်းပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်