သီရီဝစ္ဆ

သီရိဝစ္ဆတွေ့တိုင်း ပျူ မဟုတ်ဘူးလို့ စောဒက တက်လာ ပါတယ်။

ဒီစောဒက တက်တဲ့သူဟာ သမိုင်းပညာနဲ့ သမိုင်းပညာ အလုပ်လုပ်ပုံ တင်ပြပုံတို့ကို မလေ့လာဘူးသူသော်လည်း ကောင်း၊ ဒါမှမဟုတ် သမိုင်းဘွဲ့ရသူ သို့မဟုတ် သမိုင်းပညာ လေ့လာဖူးသူ ဆိုရင်တော့ ဗရမ္မာခေါ်ပျူ သမိုင်းကို ဖျောက်ချင်သူ ဗရမ္မာခေါ် ပျူအထောက်အထား တွေ့ရှိရာ နေရာတွေကို ဖုံးကွယ်ချင်သူ တဦးသော်လည်းကောင်း ဖြစ်ပါလိမ့်မယ်။

လူမျိုးစွဲဒေသစွဲတွေကြောင့် ဗရမ္မာ မရမ္မာဟာ ပျူလူမျိုး ဖြစ်ကြောင်း ဗရမ္မာပျူ သမျိုငိးကြီး ပေါ်ပေါက်လာတာကို မပေါ်ပေါက်စေချင်တဲ့သူတွေ၊ ဗရမ္မာပျူသမိုင်းကို ကြောက် တဲ့သူတွေ၊ ဗရမ္မာပျူသမိုင်းကို ကော်လော်ကန့်လန့်လုပ် ဖျက်ချင်တဲ့သူတွေ၊ မအောင့်အည်းနိုင်ပဲ အများကြီးပဲ ပေါ် လာကြပါတယ်။

သမိုင်းမဟာဝိဇ္ဇာဘွဲ့ရသူ တချို့တောင်ပါတယ်။ လူမျိုးစွဲ ဒေသစွဲစိတ်တွေ ရှေ့တန်းတင် ပြီးသမိုင်းပညာနဲ့ ခေတ်ပြိုင် အထောက်းအထားတွေအပေါ် သစ္စာမရှိ သမာဓိ မရှိစွာနဲ့ မြန်မာတောင်ပိုင်းကမ်းရိုးတန်း ဒေသတဝှမ်းတွေ့ ဗရမ္မာ  ခေါ်ပျူ အထောက်အထားတွေကို ထိန်ချန်ဖုံးကွယ်တဲ့ သမိုင်းဆရာတချို့လည်း ရှိနေပါတယ်။

ကောလိယမြို့ဟောင်းတွေ့ ကျောက်ဆစ်ဗုဒ္ဒ ရုပ်ပွါးတော် ဟာ  လက်ငါးချောင်း အတိုအရှည်မတူတာရယ် ခြေသလုံး ၂ ခု အပြိုင်ထပ်ထားတာရယ် ဦးခေါင်းတော်မှာ နားရွက် အတို ပုခုံးမရောက်တာရယ် ရင်ဘတ်မှာ သင်္ကန်း အထပ် တင်တာမပါပဲ ရေစိုသင်္ကန်းလို့ သမိုင်းဆရာတွေ ခေါ်တဲ့ ဗြောင်ပြင်ညီသင်္ကန်း ထုလုပ်ထားပုံရယ်ဟာ  သရေခေတ္တရာ ဗရမ္မာပျူတွေထုလုပ်တဲ့ ပျူဗုဒ္ဓရုပ်ပွါး ပုံစံပါ။
အုတ်ကုန်းဟောင်းတခုထဲမှာ ပျူဗုဒ္ဒရုပ်ပွါးနဲ့ အတူတွဲပြီး ကျောက်တုံးတတုံတည်းမှာ အတူတွဲ ထုလုပ်ထားတဲ့ သီရိဝစ္ဆဟာ ပျူသီရိဝစ္ဆ ဖြစ်ပါတယ်။ သမိုင်းသမားတိုင်း သဘောပေါက်ပါတယ်။ ရှေးဟောင်း အုတ်ကုန်းတခုတည်း မှာ ပျူဗုဒ္ဓရုပ်ပွါး၊ ပျူသီရိဝစ္ဆနဲ့ အတူ တွဲတွေ့တဲ့ ရှေးခေတ် လက်ရေးစင်းအုတ်ဟာ ပျူ လက်ရေးစင်းအုတ် ဆိုတာ သမိုင်းသမားဆိုရင် သိကြပါတယ်။ ကျွန်တော်က အဲဒီ့ သီရိဝစ္ဆကို ပျူဗုဒ္ဓရုပ်ပွါးနဲ့ အတူ တပါတည်း တင်ပြထား တာက သမိုင်းပညာ အလုပ်လုပ်ပုံ သမိုင်းပညာ တင်ပြပုံပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်