သမိုင်းရေးတဲ့အခါ

သမိုင်းကျမ်းရေးတဲ့အခါ

သုတေသနမှာ အရေးအကြီးဆုံး စည်းကမ်းက သူများတွေ သိတဲ့ အသိမှာ မှားရင် ပြင်မယ် လိုရင်ဖြည့်မယ် ဆိုတဲ့ စိတ် ထားရတယ်။ လွယ်လွယ်မှတ်နိုင်အောင် ဦးဖေမောင်တင် က ဆရာထက် တပည့်က တော်ရမယ် ဒီလို ဆိုတယ်။

သမိုင်းကျမ်းရေးရာမှာ စစ်တမ်းတွေက အရေးကြီးတယ်။
စစ်တမ်းလိုပဲ အရေးကြီးတာ တစ်ခုက အမိန့်တော်ပြန်တမ်း
တွေပဲ ဖြစ်ပါတယ်။ နောက်မှတ်တမ်းတမျိုးက ကျောက်စာ။

ရေးတဲ့အခါမှာ ဘက်မလိုက်ဖို့ အရေးကြီးတယ်
၁။ ချစ်လို့ မြှောက်ရေးတာ
၂။ မုန်းလို့ နှိမ်ရေးတာ
၃။ ကြောက်လို့ မရေးရဲတာ
၎။ မသိလို့ မရေးနိုင်တာ

ဒါတွေကို ကင်းလွတ်အောင် ကြိုးစားရမယ်။ ဖြစ်နိုင်ရင် ရေးတဲ့အခါ
၁။ အပိုအကဲတွေ မပါဖို့
၂။ အထောက်အထားမရှိဘဲ မရေးဖို့
၃။ ဆုံးဖြတ်ချက်ကို ချတဲ့အခါ တိကျဖို့ လိုပါတယ်

ဒါအပြင် အခုရသမျှ အထောက်အထားကို ကြည့်ရေးတာ ဖြစ်တယ် နောက်ထပ် ထပ်တွေ့ရင် အခုရေုးပြီးသားကို ဖြည့် ပြင်မယ် ဒီလိုစိတ်ထားရတယ်။ ပြောရင်လည်း ရှင်းတယ် ရေးရင်လည်း တိကျတယ်။ လေမရှည်ဖို့က အရေးအကြီးဆုံး ဖြစ်တယ်။

သမိုင်းဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သော်လည်ကောင်း ပြီးခဲ့သော တစ်မီလီစက္ကန့်က သော်လည်းကောင်း အထင်အရှား ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။

သမိုင်းကို ရေးသားရာတွင် ဆက်စပ်ရှာဖွေ တွေ့ရှိသမျှ အထောက်အထားများတို့ကို အမှီပြု၍ လည်းကောင်း သက်သေအခိုင်အမာပြဆိုင်နိုင်ရန် ပြည်တွင်းပြည်ပ ခေတ်ပြိုင်မှတ်တမ်းများမှ ရှာဖွေ၍ လည်းကောင်း သမိုင်း အဆိုတို့သည် အပြန်အလှန် ညီညွှတ်မှန်ကန်မှု ရှိမရှိ စီစစ်
ဝေဖန်၍ လည်းကောင်း တွေ့ရှိသမျှကို မိမိကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ တွေ့ရှိသည့်အတိုင်း မထိမ် ချန်ဘဲ မြင်လျှင် မြင်သည့်အတိုင်း ရေးသားဖော်ပြရခြင်း ဖြစ်၍လည်းကောင်း တွေ့နိုင်သမျှ စုံစိအောင် ရှာဖွေပြီး နောက် ရှုထောင့် အဖုံဖုံမှ ရှုမြင်ပြီး တင်ပြရခြင်း ဖြစ်၍ လည်းကောင်း သဘာဝယုတ္တိ အာဂမယုတ္တိတို့ဖြင့် ခိုင်ခိုင် လုံလုံ မတင်ပြနိုင်ပါလျှင် စာရေးသူ ကျွန်တော့်အပေါ် အပြစ် ရောက်လာနိုင်ပါသည်။

စင်စစ်ကား သမိုင်းဟူသည် ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော အတိတ်ကာလကို ပြန်လည်တူးဆွခြင်းပင် ဖြစ်ပါသည်။





0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်