ကရင်

ရာဇကုမာရကျောက်မှာ  မြန်မာဘာသာ နဲ့ ၂မျက်နှာ ထိုးခဲ့တယ် တမျက်နှာက သရေခေတ္တရာခေတ် ဦးပိုင်း ပျူခေါ် ဗရမ္မာ အက္ခရာတွေနဲ့  နောက်ထပ် မြန်မာဘာ သာ ၁ မျက်နှာကို သရေခေတ္တရာအနှောင်းပိုင်းပျူ ခေါ် ဗရမ္မာ အက္ခရာတွေကို ပုဂံပျူခေါ် ဗရမ္မာ မရမ္မာ ခေါ်မြန်မာ တွေက ဆက်ခံသုံးစွဲခဲ့လို့ ပုဂံမြန်မာအက္ခရာလို့ ခေါ်ဆိုနေ ကြတဲ့ အက္ခရာတွေနဲ့ ရေးထိုးပါတယ် အကြောင်းအရာ တူပေမယ့် မြန်မာလို ၂ မျက်နှာ ထိုးခဲ့တာက  သရေခေတ္တရာ ဗရမ္မာပျူ အက္ခရာတွေကို လေးစား ထိန်းသိမ်းတဲ့ အနေနဲ့ ရေးထိုးခဲ့တာမျိုး ဖြစ်ပါတယ်။ ပုဂံခေတ်သုံး အက္ခရာတွေ သတ်ပုံသစ်တွေက ခေတ်ပြိုင် ကိုယ်စားပြု ရေးထိုးထားတာပါ

သမိုင်းအကြောင်း ဆွေးနွေးပြောဆိုတဲ့ ဆီမှာ  ခေတ်ပြိုင် အထောက်အထားတွေနဲ့  ပြောဖို့ လိုအပ်ပါတယ် အခု ဘယ်သူမှ မကြားဘူးသေးတဲ့ ပျူကနေ ဘယ်လူမျိုးတွေ
ဖြစ်သွားတယ် ကမ်းယံကနေ ဘယ်လူမျိုးတွေ ဖြစ်သွား တယ်ဆိုတဲ့ စာဆန်းတပုဒ် တွေ့လာပါတယ် ဒီစာဟာ ခေတ်ပြိုင်အထောက်အအထားပြနိုင်ရင် အမှန် သမိုင်းလို့ သမိုင်းပညာက လက်ခံပါလိမ့်မယ် ခေတ်ပြိုင် အထောက် အထား မပြနိုင်ရင်တော့  ပုံပြင်တစ်ပုဒ်လို့ သမိုင်းပညာက  အမျိုးအစားခွဲ သတ်မှတ်ပါလိမ့်မယ်။

ကရင်ကို စကောကရင် ပိုးကရင်လို့ အမည်ခွဲ ခေါ်တာဟာ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပြီးမှ နိုင်ခြားသားတွေက တီထွင်ပေးတဲ့ အမည်သစ်တွေ ဖြစ်ပါတယ်။  ၁၉ရာစုနှောင်း ကာလမှ အသစ်ပေါ်လာတဲ့ အမည်တွေ  ဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်ကရင်တွေကို စကော ကရင် ဗုဒ္ဓဘာသာဝင်ကရင်တွေကို ပိုးကရင်လို့ အမည် တွေ တီထွင်ပေးခဲ့ကြောင်း  ၁၉ရာစုအနှောင်းပိုင်းမှာ မှည့်ခေါ်ပေးတာဖြစ်ကြောင်း ကရင်တွေနဲ့ တွေ့တဲ့အခါ  ပိုးလား စကောလားမေးကြည့်တာ မသိကြကြောင်း ရှေးသု ညွှန်ကြားရေးဝန် ဆရာကြီးဦးဖိုးလတ် ဖော်ပြရေးသားခဲ့ ပါတယ် ကျွန်တော်လည်း  မိတ်ဆွေကရင်တွေရော တွေ့တဲ့ ကရင်တွေကိုလည်း ကရင်တွေကို ပိုးကရင်လား စကော ကရင်လား မေးစမ်းကြည့်ပါတယ် သူတို့တွေ မသိကြပါဘူး  ပိုးဆိုတာ စကောဆိုတာ မကြားဘူးဘူးတဲ့ ကွင်းကရင် တလိုင်းကရင် နတ်စားကရင် ခရစ်ယာန်ကရင်ပဲ သိတယ် ပိုး စကော ဆိုတာ မသိဘူးလို့ ပြန်ဖြေကြပါတယ်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်