တနသာၤရီဒဂၤါး

တနသၤာရီဒဂၤါး

နောက်ဆုးံတင်ထားတဲ့ post မှာကျနော်ထည့်သွင်းဖေါ်
လိုက်တဲ့ဒင်္ဂါးကိုတော်တော်နှစ်သက်ကြတာတွေ့တော့
ရင်ထဲမှာစို့စို့ကျင်ကျင်နဲ့ခံစားရတယ် တနင်္သာရီမြို့
ဟောင်းကြီးပေါ်မှာကျနော်တာဝန်မကျေခဲ့ဘူးဆိုပြီး
    တနင်္သာရီမြို့ဟောင်းကြီးသမိုင်းနဲ့ပတ်သက်လို့ခိုင်
မာတဲ့အထောက်အထားတွေကိုလွန်ခဲ့တဲ့သုးံနှစ်ကျော်
လောက်ထဲကရခဲ့ပါတယ်မြိတ်မြို့ဘုန်းကြီးကျောင်းဝင်း
တွေထဲမှာပျူဂဏန်း ၉၀ အပါအဝင် အခြား ပျူအုတ်ခဲစာတွေကို သတ်မှတ်ထားတဲ့
အချိန်အတွင်း ရသလောက် ဒလစပ် ရှာဖွေပြီးတဲ့နောက်
(11.5.2013)ရက် နေ့မနက်သုးံနာရီလောက်ထပြီးဆရာ
ဦးထွန်းမြတ်ဇော်နဲ့အတူဆိုင်ကယ်နဲ့တနင်္သာရီမြို့
ဟောင်းကြီးဆီပျူအုတ်ရှာပုံတော်ခရီးထွက်ခဲ့ကြတယ်
   မနက်နေသိပ်မပူခင်ကျနော်တို့နှစ်ယောက်ဆိုင်ကယ်
တစ်စီးနဲ့တနင်္သာရီမြို့ကိုရောက်လာကြတယ်အဲဒီတုးံ
ကထားဝယ်တက္ကသိုလ်စိတ်ပညာဌာနမှာနည်းပြအ ဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဆရာဦးဇော်သူရက
တနင်္သာရီမြို့မှာကျနော်ကွင်းဆင်းရင် တနင်္သာရီမြို့က
သူနဲ့အလွန်ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူ နန်းညွန့်ဆွေ စတိုး
ဆိုင်ပိုင်ရှင်ဦးသန်းစိုးဝင်းနဲ့ဆက်သွယ်ကွင်းဆင်းဖို့ကျ
နော့်ကိုလမ်းညွန်ခဲ့တယ်
     ဒါကြောင့်ကျနော်တို့တနင်္သာရီကိုရောက်တော့
ဦးသန်းစိုးဝင်းကိုဝင်အကူအညီတောင်းတယ်ဆရာဦး
ဇော်သူရကဖုန်းကြိုဆက်ပေးထားတော့အဆင်ပြေတယ်
ဦးသန်းစိုးဝင်းနဲ့ဝိုင်းတော်သားတွေကလိုလေသေးမရှိ
ဝိုင်းကူညီပေးကြတော့တနင်္သာရီမြို့ဟောင်းကြီးကိုစိတ်
တိုင်းကျကွင်းဆင်းလေ့လာနိုင်ခဲ့တယ်
    အမှန်က ဦးသန်းစိုးဝင်းကိုယ်နှိုက်ကလည်းသမိုင်းသု
တေသီသမိုင်းဝါသနာအိုး တနင်္သာရီမြို့ဟောင်းကြီးကို
နှိုက်နှိုက်ချွတ်ချွတ်လေ့လာထားသူတစ်ဦးဖြစ်တယ်ပြီး
တော့သူ ကဒင်္ဂါးဝါသနာအိုးတနင်္သာရီမြို့ဟောင်းတွေ့
ဒင်္ဂါးတွေကိုသေချာစုဆောင်းသိမ်းဆည်းထားတယ်ဒါ
ကြောင့်သူစုထားတဲ့ဒင်္ဂါးတွေထဲကဒင်္ဂါးသုးံမျိုးကိုကျနော့်
အနေနဲ့ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တယ်ပြီးခဲ့တဲ့ post မှာ
ပထမဒင်္ဂါးကိုတင်ပြခဲ့ပြီးပြီအခု ဒုတိယမြောက်ဒင်္ဂါးကို
ဆက်တင်ပြပါ့မယ်
      အမှန်ပြောရရင်ဒုတိယဒင်္ဂါးကိုကျနော်သိတ်ပြလို
စိတ်မရှိဘူးကျနော့် ကင်မရာကဒ် virus ထိသွားတဲ့အ
တွက်မြိတ်ကပျူအုတ်ခဲစာဓာတ်ပုံတော်တော်များများ
အပါအဝင်ဒီဒုတိယဒင်္ဂါးရဲ့မျက်နှာတစ်ဖက်ပုံလည်းပျက်
သွားတယ်နောက်တော့မှပြန်စဉ်းစားမိတယ်သုတေသီဝါ
သနာရှင်တွေဦးသန်းစိုးဝင်းဆီသွားလေ့လာလို့ရတာပဲ
ဆိုပြီး ဒါနဲ့ပြဖို့ဆုးံဖြတ်လိုက်တယ်
    ဒုတိယဒင်္ဂါးကလည်းပထမဒင်္ဂါးလိုပဲ မျက်နှာတစ်ဖက်
မှာ တစ်တန်းကိုအက္ခရာသုးံလုးံနှုန်းနဲ့ သုံးတန်း
စုစုပေါင်းအက္ခရာ ကိုးလုးံပါတယ် ဒါပေမဲ့ပထမဒင်္ဂါးနဲ့
မတူတာကပျူအက္ခရာတွေပါ ပါလာတယ်ဗြဟ္မီ သက်
သက်မဟုတ်တော့ဘူးဒါကြောင့်အက္ခရာဇယားတွေပါ
ထည့်သွင်းပေးထားတယ် ဒင်္ဂါးပေါ်ကအက္ခရာတွေကို
စစ်ဆေးကြည့်နိုင်ဖို့အတွက်ပါ
   အက္ခရာပထမဆုးံတန်း လက်ဝဲဘက်ထိပ်ဆုးံက
အက္ခရာက ဗြဟ္မီ ဋ ပါ Ancient Indian Alphabets 1
က ta(ဋ)အက္ခရာတန်းကိုလေ့လာကြည့်နိုင်ပါတယ်
အဲဒီ ta အတန်းက ဋ နှစ်လုးံကိုနဲနဲအကြီးချဲ့ထားတဲ့
ဇယားကွက်ပါထည့်ပေးထားတယ်ဒီအကြီးချဲ့ ဋ နှစ်လုးံ
ထဲကလက်ဝဲဘက်ထိပ်ဆုးံအလုးံကို ပထမအက္ခရာ
တန်းရဲ့လက်ဝဲဘက်ထိပ်ဆုးံအလုးံနဲ့နှိုင်းယှဉ်ကြည့်
နိုင်တယ်
  အက္ခရာပထမဆုးံတန်းရဲ့အလယ်မှာရှိတဲ့အက္ခရာက
တော့ပျူအက္ခရာ ဇု ဖြစ်တယ် ငွေထူပ ကမ္ဗည်းစာ စာ
ကြောင်းရေ ၁ မှာရေးထိုးထားတဲ့ ဥဇုပဋိပန္နော ဆိုတဲ့
ပျူစာအရေးအသားထဲမှာတွေ့ရတဲ့ ဇု နဲ့ ရေးဆွဲပုံအတူ
တူပဲ
  အက္ခရာပထမဆုးံတန်းရဲ့ညာဘက်အစွန်ဆုးံအက္ခရာ
ကျတော့ ဂ ပါ Ancient Indian Alphabets 3 က
ဂ(ga)တန်း မှာ Mathura-Kshatrapa ခေါင်းစီးငယ်
အောက်မှရှိတဲ့လက်ဝဲဘက်ထိပ်ဆုးံမှာပြထားတဲ့ ဂ ပုံစံ
နဲ့နှိုင်းယှဉ်ကြည့်နိုင်တယ်
   ဒုတိယအက္ခရာတန်းရဲ့ညာဘက်ထိပ်ဆုးံကအက္ခရာ
ကပျူ ဠနဲ့ရေးဆွဲပုံတူတယ်ဒါပေမဲ့ထိပ်မှာရိုးတန်းလေး
မပါဘူးဒါကြောင့်ပျူ ဠ လို့ယာယီပဲသတ်မှတ်ရဲတယ်
ပျူစာပညာရှင်များဖြစ်ကြတဲ့ဆရာဦးစိန်ဝင်း(ဒုညွန်ချုပ်
-ငြိမ်း)ဆရာဦးဘုန်းတင့်ကျော် ဆရာဦးဝင်းမောင်(တမ္ပ
ဝတီ)တို့ကိုသာမေးမြန်းကြည့်ကြပါ
ဒုတိယအက္ခရာတန်းရဲ့အလယ်အက္ခရာကတော့
ဗြဟ္မီ ဗ ဆိုတာဘာမှသံသယဖြစ်စရာမရှိဘူး
   ဒုတိယအက္ခရာတန်းရဲ့ညာဘက်အစွန်ဆုးံအက္ခရာ
ကပျူ ဇ ပါပဲ ဆင်းတုပလ္လင်ပတ်လည်စာအပိုင်း၃ စာ
ကြောင်းရေ ၈ မှာပါတဲ့ပျူအက္ခရာ ဇိ ရဲ့အရှေ့မှာရှိတဲ့
ပျူ ဇ နဲ့တိုက်ဆိုင်ကြည့်နိုင်တယ်ဒင်္ဂါးပေါ်ကပျူ ဇ မှာထူးခြားတာက ခရစ်နှစ်ရာစုအိန္ဒိယပြည်သုးံကုသန
ခေတ် သဝေထိုးပါနေတာပါပဲဒါကြောင့် သဝေထိုးနဲ့တွဲ
ထားတဲ့ဒင်္ဂါးပေါ်က ပျူ ဇ ကို ဇေ လို့ဖတ်ရမှာပဲ

တတိယအက္ခရာတန်းလက်ဝဲဘက်ထိပ်ဆုးံကအက္ခရာ
ကဗြဟ္မီ ဋ Ancient Indian Alphabets 1 က ဋ(ta)
အက္ခရာတန်းက ဋ တွေနဲ့တိုက်ကြည့်နိုင်ပါတယ်
  တတိယတန်းအလယ်အက္ခရာနေရာမှာဒင်္ဂါးပေါက်ပြီး
အက္ခရာပျက်နေတဲ့အတွက်ဘာအက္ခရာဆိုတာမသတ်
မှတ်ချင်ဘူး
တတိယတန်းညာဘက်အစွန်ဆုးံကအက္ခရာကျတော့
ဗြဟ္မီအက္ခရာ ဍကိုမောရိယခေတ်သုးံ ရေးချနဲ့ရေးထား
တဲ့ ဍာ အက္ခရာဖြစ်ပါတယ်  Ancient Indian Alphabets 1 ဍ(da)အက္ခရာတန်း Ginar Edit ခေါင်း
စီးငယ်အောက်က ဍာ အက္ခရာနေရာမှာကြည့်နိုင်ပါ
တယ်
   ဒင်္ဂါးမျက်နှာပြင်ပေါ်ကဗြဟ္မီနဲ့ပျူအက္ခရာတွေကိုခေတ်
မြန်မာအက္ခရာကိုဖလှယ်လိုက်ရင်အောက်ပါအတိုင်း
တွေ့ရမှာဖြစ်ပါတယ်

                      ဋ         ဇု        ဂ
                     ဠ(?)     ဗ        ဇေ
                     ဋ           ?       ဍာ
  
ဒင်္ဂါးပေါ်တွေ့ရတဲ့အက္ခရာတွေထဲမှာဗြဟ္မီ ဗ ကတော့
ကျနော့်အပေါ်ဆွဲဆောင်မှုအရှိဆုးံအက္ခရာပဲဖြစ်တယ်
ဆိုတာပြောကြားရင်းဒီ post ကိုအဆုးံသတ်လိုက်ပါ
တယ်

ဆရာနိုင်ဝင်းရှင် မင်္ဂလာပါရှင်။ တနင်္သာရီ ဒင်္ဂါးကို ခုကို ဖော်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ကျမက ထားဝယ်ဆက်ပါရှင်။ ပညာရှင်လုံးဝ မဟုတ်ပါဘူးရှင်။ ဝါသနာအရ စာဖတ်လေ့လာတာပါရှင်။ မနေ့ကပို့စ် နဲ့ ဒီနေ့ပို့ နှစ်ခုစလုံး ကျမ အယူအဆ လေ့လာဖူးတာနဲ့ အယူအဆ လွဲနေမလားလို့ပါရှင်။ အဲလို ဒင်္ဂါး ထားဝယ်မှာ အမျိုးကွဲတွေ ၁၀၀၀ဂဏန်းနဲ့ တွေ့ဖူးပါတယ်ရှင်။ ထားဝယ်မြို့ဟောင်း သာဂရ။ မုတ္တသုခ နာဂရ။ မဟာသုခ နာဂရ။ စတဲ့ မြို့ဟောင်းတွေနဲ့ ထားဝယ်မြစ်ထဲမှာ တော်တော်များများ ရဖူးပါတယ်လို့ သိရဖူးပါတယ်ရှင်။ ကျမ ထားဝယ်သွားခဲ့တုန်းက တော်တော်များများ လေ့လာခဲ့ဖူးပါတယ်ရှင်။
မနေ့က ဆရာတင်ထားတဲ့ ဒင်္ဂါးနဲ့ ဒီနေ့ ထပ်တင်နဲ့ ဒင်္ဂါးတွေဟာ မူကွဲတွေလို့ကျမ ခန့်မှန်းရပါတယ်ရှင်။ အများဆုံးတွေဖူးတာက ထားဝယ်မှာပါရှင်။ ကျမ အယူအဆနဲ့ နည်းနည်းလွဲနေမလားဆိုတာက ဆရာ ယူဆတဲ့ စာဟန်နဲ့ ကျမ ယူဆတဲ့ စာဟန်ပါရှင်။ ထားဝယ်ရှေးဒင်္ဂါးများဟာ စာကို တိုက်ရိုက်ရေးပြီး မိုသွန်းလောင်းတဲ့အတွက် စာဟာ ပြောင်းပြန် တစ်အားဖြင့် မှန်စာ ဖြစ်နေတတ်ပါတယ်ရှင်။
ဒီနေ့ ဒင်္ဂါးမှာဆို သက်သေပြဖို့ ပိုမို ခိုင်လုံနေပါပြီရှင်။ စာက ဘယ်ဘာသာလဲဆိုတော့ မြန်မာပါဠိသက်လို့ ဆိုရမလား အဲလို ပြောချင်ပါတယ်ရှင်။ ဆရာ ပုံကို မှန်နဲ့ ထောင်ပြီး ဖတ်ကြည့်ပါရှင် ကျမမှာ အခု ကွန်ပျူတာ မပါလို့ လုက်ပြမရ ဖြစ်နေတာပါရှင်။
ဏဂ
ရံမဟာ
သုက်ခံ
အဲလို ပုံထွက်လာလိမ့်မယ်ရှင်။ ထားဝယ်မှာ မူကွဲတွေနဲ့တိုက်ကြည့်ရင့် မပျက်စီးသေးတဲ့ ဒင်္ဂါးတွေနဲ့ တိုက်ကြည့်သင့်တယ်ရှင်။ ထားဝယ်မှာ နဂရံ မဟာသုခံ ဆိုတဲ့ မြို့ဟောင်းရှိပါတယ်ရှင်။ ကျမ မူကွဲတွေ ထားဝယ် ပြန်မှာပြီး ပြန်လည် အားဖြည့်ဆွေးနွေးပေးပါမယ်ရှင်။ ကျမကို ဆရာကြီးလုပ်တယ်ဆိုပြီး မပြောပါနဲ့လို့ တောင်းပန်အပ်ပါတယ်ရှင်။ ကျမ လေ့လာ မှတ်သားဖူးတာလေးတွေ မျှဝေဆွေးနွေးတဲ့ သဘောနဲ့ မန့်တာပါရှင်။ ကျမ မှားရင်လည်း ခွင့်ခွှတ်ပေးပါရှင်။

လွဲလွဲလေး တစ်ခုတော့ အသေအခြာလွဲနေပြီ။ ခင်ဗျားပြထားတဲ့ ဒုတိယကြောင်းက လေးထောင့်ကွက်:◻ ဟာ မအက္ခရာလို့ ခင်ဗျ၊ား ဘယ်လိုဖတ်တာလဲ။ အဲဒီလို လေးထောင့်ကွက် ကို မ လို့ ဘယ်ခေတ်မှာ အက္ခရာရေးသလဲ။

ခင်ဗျားအယူအဆက ဘယ်အထောက်အထားကို ထောက်ဆပြီး ယူဆတဲ့ ယူဆချက်လဲ။ ရမ်းထင် မှန်းထင် သရမ်းထင် ထင်ချင်သလို ထင်ပြီး ယူဆချင်သလို ယူဆလို့ အကယ်ဒမစ် နယ်မှာ မရဘူး။ အထောက်အထားကို ထောက်ဆပြီးယူဆရတာ။ သိသလိုလို တတ်သလိုလိုနဲ့ ကလေကဝ စကား လာပြောတာပဲ ဖြစ်နေတာပေါ့ လွဲလွဲ လေးများ

မူကွဲတွေနဲ့ တိုက်ဖတ်တာပါရှင်။ ဆရာရှင် ကျမ မူကွဲတွေ ထားဝယ်မှ သူငယ်ချင်းတွေ အမျိုးတွေကို ကူညီတောင်းပြီး ဓာတ်ပုံ တောင်းထားပါတယ်ရှင်။

ဘယ်မူကွဲလဲ။ ဘယ်ခေတ်မှာ မကို လေးထောက်ကွက် ရေးလဲ။

ဏ(န)ဂရံ မဟာ သုခံ (သုက်ခံ) ထားဝယ် နန်တော်ရာ ဟောင်းအမည်ကို ရေးထားတဲ့ အရေးအသား မူကွဲတွေ ပါရှင်

ခင်ဗျားက လိုရာဆွဲပြီး ထားဝယ်သမိုင်းကို သေးသိမ်နိမ့်ကျအောင် လုပ်နေတာ။ ဗြဟ္မီ ခေတ်ကြီးကိုမီလို့ ဗြဟ္မီ အက္ခရာတွေနဲ့ ရေးထားတဲ့ ရှေးကျတဲ့ အက္ခရာကို အင်းဝခေတ် နောက်ပိုင်း အတင်းလုပ်ပစ်နေတာ အောက်တန်းကျတဲ့ အစွန်းရောက် မွန်တစ်သိုက်လုပ်နေပုံနဲ့ တစ်ပုံစံထဲပဲ။ ဘယ်လို ဟန်ဆောင်ဆာင် လုပ်ရပ်ကြောင့် တန်းပေါ်တာပဲ အကောင့်ပုန်း လွဲလွဲလေးများ ရေ။

မေးနေတာ နားမလည်ဘူးလား။ ဘယ်မူကွဲလဲ။ ဘယ်ခေတ်မှာ မကို လေးထောက်ကွက်ရေးလဲ။

မင်နီနဲ့ကျမ ပြတာက မြင်သာအောင် ဖတ်ဖြတဲ့ သဘောပါ။ သမိုင်းဆိုတာ လိမ်လို့မရဘူးလို့ ဆရာပဲ ပြောဖူးတယ်ရှင်။ က်မ မလိမ္ဘာဘူးဆရာ။ ကျမ အမြင်နဲ့ ချပြတာပါ

လေးထောင့်ကွက်ဖြစ်နေတာက ဒင်္ဂါးက နည်းနည်း ပွန်းပဲ့နေပြီဆရာ။ မပျက်စီးသေးတဲ့ တစ်ခုနဲ့ ပြမယ်ရှင်။

ဘယ်ခေတ်မှာ မ ကို လေးထောင့်ကွက် အက္ခရာရေးထုံး ရှိလဲ။ ဘယ်ခေတ်က မ အက္ခရာ အရေးအသားဖြစ်လို့ ဒါကို မ လို့ ဖတ်တာလဲ။ မွန်အစွန်းရောက် အကောင့်ပုန်း လွဲလွဲလေးများ ဖြေစမ်းပါဦး။

မှန်စာ ဖြစ်နေတဲ့ မူကွဲတစ်ခု အပေါ်မှာ ပြထားပေးတယ်ရှင်။ အဲဒီပုံ အခု ပြန်ပြပေးမယ်ရှင်။

အဲဒီ အကွက်တွေ ရိုးနေပြီ လွဲလွဲလေးများ။ ဗြဟ္မီ အက္ခရာတွေ ပျူအက္ခရာတွေကို အင်းဝခေတ်နောက်ပိုင်း လို့ပြောမယ်။ ပြီးရင် ဘိတ် ထားဝယ် တနင်္သာရီတိုင်းက ပျူအထောက်အထားတွေကို အများ ဇဝေဇဝါဖြစ်အောင် ဖျက်ပြီး တနင်္သရီတိုင်း တစ်ခုလုံးကိုပါ မွန်လို့ နောက်ပိုင်း လုပ်မယ်။ ကိုယ့်ကိုယ်ကိုတော့ ထားဝယ်သားလိုလို ထားဝယ်အဆက်လို့ လိမ်မယ်။ ခင်ဗျားတို့ အစွန်း ရောက်တွေ ယုတ်မာတာကို ၂၀၁၂၊ ၂၀၁၃ ကတည်းက ဖိုက်လာတာ။ မသိတဲ့လူကတော့ အဟုတ်ထင်မယ်။ ကျနော်ကတော့ ရိုးနေပြီ။ ခင်ဗျားတို့ လုပ်ကွက်တွေကို။

အဲဒါ အက္ခရာတွေအရ ရှေးသိပ်ကျတဲ့ခေတ်ကို ဘာလို့ နောက်ဆုတ်ချင်တာလဲ ပြောလေ။

သက္ကရာဇ် အခိုင်အမာ ပါတဲ့ အဲလို ဒင်္ဂါး မြင်ဖူးလားရှင်

ခင်ဗျားပြတဲ့ ဒင်္ဂါး မှာ လေးထောင့်ကွက် အက္ခရာ မပါပဲ မူကွဲဆို ပါသယောင်ပြတာ လိမ်တာပေါ့ဗျ။

တင်လိုက်လေ သက္ကရာဇ်ပါရင် ဒင်္ဂါး အရေးအသားလဲ ကွာတယ် တင်လိုက်

ထားဝယ်သား စစ်စစ် ကိုအာကာဖြိုး ရှင်းထားသေးတယ်

အဲလို ဒင်္ဂါးတစ်ခုတည်းနဲ့ အတည်ယူလို့မရပါ။ မူကွဲများများ လေ့လာပါရှင်။

ဆရာ့ ဆရာများရှင် ကျမကို ကြိုက်သလိုပြောပါ။ အခုပြောထားတာတွေက သမိုင်းမှတ်တိုင်ပါရှင်။ ခြေရာ မပြောက်ပါဘူးရှင်။ ကျမလည်း လေ့လာနေသူဆိုတော့ ကြိုက်သလိုပြောပါ။ ကျမ တင်ပေးနိုင်အောင် ကြိုးစားပါ့ မယ်။

မှန်နဲ့ ထောင်ကြည့်ပါ။

ညတ်ချွားဖျား မှန်ထောင်ကြည့်ရမယ်။ မှန်ထောင်ကြည့်လဲ လေးထောင့်က. မ ဖြစ်သွားမလားဗျာ။

လေးထောင့်ကွက် အပြည့် ပါနေတာ ဖောင်းကြွဖြစ်တာတွေကို ကြည့်ခြင်းအားဖြင့် နောက် အခြား ဒင်္ဂါးပြားတွေမှာ တွေရတဲ့ လေးထောင့်ကွက် အပြည့်မပါ ဆိုတာတွေ ကြောင့် မို နှစ်ခု ဖြစ်နိုင်မလား

ဒါမှမဟုတ် ပွန်းပဲနေတာလား မိုတစ်ခုတည်း သာ ဆိုရင် ဒီဟာက ဘာကြောင့် အပြည့်ပါနေရတာလဲ ဒါကို ကွဲကွဲပြားပြား ခွဲခြား နိုင်ဖို့တော့ လိုလိမ့်မယ်

ဘယ်လိုကြည့်ကြည့် မိုနှစ်ခု မဟုတ်ရင် ဒီဟာ က တစ်မျိုး လေးထောင့် အပြည့်ပါနေလို့ မရ ဘူး ကျွန်တော်တော့ သဘောမတူဘူး အသေအချာ အက္ခရာစဉ်နဲ့ ချပြနိုင်တာ တောင် ဒီဟာ မူကွဲ နှစ်ခု လို့ မယူဆနိုင်ဘူး
တမျိုးစီသာ ဖြစ်တယ် လို့ ပြောမှာပဲ

မှန်စာအရေးအသားဖြစ်နိုင်တယ်လို့ ပြောထားတာ တွေ့ပါတယ် လုံးဝ မဖြစ်နိုင်ဘူးလို့ ယူဆမိပါကြောင်း
လေးထောင့်ကွက်ရဲ့ ဆွဲဆောင်မှုက အလွန် စိတ်ဝင်စားစေ ပါတယ် မန့်တွေဖတ်ရတာအသိတိုးပါ၏


ကျမ တကယ် မချပြနိုင်ရင် ကျမ အရူးမပါ။ စာမတတ် ပေမတတ်။ ဉာဏ်ပညာ တစ်ထွာလောက်နဲ့ ဆရာ့ဆရာကြီးတွေရဲ့ စကားဝိုင်းလှလှကြားမှာ အရှက်မရှိပြောမိပါရဲ့။ နောင် ဆယ်ဘဝ သမိုင်းသု ရှေးသုကို စိတ်မဝင်းတော့ဘူးလို့ ကျမ ကျိန်ဆိုပါရစေ။ တစ်ခုတော့ ရှိတယ် ကျမ ပြောတဲ့ ဏဂရံမဟာသု(က်)ခံ/(သုက္ခံ) ဒီအရေးအသားမတည်ငြိမ်ခင်က ရေးခဲ့တဲ့ အရေးသင်္ကေတ တစ်မျိုးဖြစ်နိုင်သလို။ မှန်စာဆိုတာ လုံးဝ မတွေ့ဖူးမကြားဖူး မမြင်ဖူးသူတွေ။ အခု ဒီပို့အောက်မှာ ကျမကို အမျိုးမျိုး အဖုံဖုံပြောသူတွေ။ သမိုင်းပညာရှင်လုပ်ကြပြီး အောက်စသုံးသူတွေ အားလုံး။ ဗြဟ္မီစာပါလို့ ပြောဆိုကြတဲ့ သူအားလုံး။ အားလုံး အားလုံးသောသူများ ကျမ ကျိန်ဆိုသလို ကျိန်ဆိုရဲကြရဲ့ လားရှင်။
ကျမ မနက်ကတည်းက ထားဝယ်မှာ ရှိတဲ့ ကျမ အမျိုးတွေ၊ သူငယ်ချင်းတွေ မိတ်ဆွေတွေကို ထားဝယ်မှာ ဒင်္ဂါးတွေကို ဓာတ်ပုံရိုက်ပေးဖို့ လွှတ်ထားပါတယ်ရှင်။ ကျမ ဒီနေ့ ရသမျှ အရင် ပြပေးပါမယ်ရှင်။

အဲဒီ မဟာသုခံ နဂရံ ဆိုတဲ့ ဒင်္ဂါးကိုလည်း ပြန်ပြီး သေသေချာချာ စစ်ဆေးဖို့ ကျန်နေ သေးတယ် သူများ ပြောတိုင်း လက်ခံထားလို့ တော့ မရဘူး

မိုက ပြောင်းပြန် ဖြစ်နေတာကို မှန်ထောင်ပြီး ကြည့်ရတယ် ဆိုရင် မှားရင် တစ်ခုစ နှစ်ခုစ ဆို ဟုတ်တာပေါ့ အခုဟာက အများကြီး

အချို့ဟာတွေ ခုနှစ် ပါတာ ရှိတာ ဟုတ် တယ် ဒါလည်း သူများပြောတာပဲ စာတွေမှာ ရေးထားတာ အထင်အရှားပဲ

တကယ်လို့သာ တိုင်းနိုင်ငံသုံး ငွေကြေး တစ်ခုမှာ အဲသလို စာပြောင်းပြန်ဖြစ်အောင်
လုပ်ထားတဲ့ မို နဲ့ ဒင်္ဂါးတွေ ရိုက်ထုတ်ရင် အဲဒီ ဒင်္ဂါးသွန်းတဲ့ သူတွေ အကုန် ဇက်ပြတ်ကုန် လိမ့်မယ် ဘယ် ဘုရင်က အဲလို သောက် တလွဲ ဟာကို အများကြီးထုတ်ပြီး သူ့တိုင်း ပြည် သုံး ငွေကြေး လုပ်မလဲ ဦးနှောက်ပါရင် စဉ်းစားတတ်မှာပါပဲ

လက်တွေ့ပဲ ကွင်းဆင်းဆင်း စာနဲ့ပဲ ဖတ်ဖတ် အဓိကက လူရဲ့ ဆင်ခြေတုံတရားနဲ့ ဆုံးဖြတ် နိုင်တဲ့ စွမ်းရည်နဲ့ပဲ ဆိုင်ပါတယ်

ဒင်္ဂါး တွေ ရှိတယ် ဆိုတာတော့ လွဲလွဲလေး ပြောတာ မှန်ပါတယ် ဒါက ငြင်းစရာ အတင်း သက်သေပြခိုင်းဖို့ မလိုအပ်ပါဘူး တကယ် ရှိတယ် ဆိုတာ ကျွန်တော် အတည်ပြုပေးပါ တယ်

ခုနှစ်ပါတာတွေကလည်း ဒီဟာကို ဖော်ထုတ် ပြထားသူက အမှန်ပြောထားပါတယ် လို့ အာမခံ မရှိဘူး လိမ်ချင် လိမ်ထားမှာပဲ  ဗိုလ်တစ်ထောင် အုတ်ခွက်စာလို လိမ်ထား ရင် ဘယ်လို လုပ်မလဲ ကျွန်တော်ကတော့ အရှင်းပဲ သူများပြောတာကို မျက်စီမှိတ် မယုံ တော့ဘူး ထားဝယ်သမိုင်းမှာ လိမ်ထားခံရ တာ ၈၀% လောက်ဖြစ်နေတယ် ဒီတစ်ခေါက် ပြန်ရင် အဲဒီ အငြင်းပွားစရာတွေကို သေသေ ချာချာ ပြန်စီစစ်မှာပါ ဟိုးတုန်းက ဦးမြတို့ လုပ်ချင်တိုင်း လုပ်သွားတာတွေ တချို့ ဆရာတွေ ပြောချင်တိုင်း ပြောခဲ့တာတွေ နဲ့ အခု လက်ရှိကာလ မြေပေါ်မြေအောက် အထောက်အထားတွေ ပြည်တွင်းပြည်ပ မှတ်တမ်းတွေ့ရှိချက်တွေအရ လိမ်ထားတာ က အများစု ဖြစ်နေတာ တွေ့ထားပါတယ် လိုင်းပေါ်မှာ ပြောရင် ရန်ဖြစ်ရတာပဲ အဖတ် တင်လို့ ကျွန်တော် သိပ်မပြောဘဲ နေတာ လာမှာပါ ချဲလင်းခေါ်ဖို့ အချိန် မကြာတော့ပါဘူး

သက္ကရာဇ် အခိုင်အမာပါတဲ့ အလားတူ ဒင်္ဂါး ဆိုတာတွေကလည်း ဒီဟာက သီးခြား မို တစ်ခု ဖြစ်နေပြန်ပြီ မူလ ဟာ မဖြစ်နိုင်တော့ ဘူး ဒါကိုလည်း သတိထားရပါမယ်
နောက်ခတ်ကလူတွေ ပြန်ထုတ်တာ ရှေးဒင်္ဂါးတွေက မူကို အတုယူပြီး ပြန်အသစ်လုပ် သုံးတာပါလို့ ကျွန်တော် ယတိပြတ် ပြောပါတယ် ဘယ်ဆရာက ငြင်းချက်ထုတ် သည် ဖြစ်စေ ကျွန်တော်က ပြန်ချေပမှာပါပဲ တစ်ချိန်တည်း ထုတ်တာ လုံးဝ(လုံးဝ) မဟုတ်ပါဘူး








0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်