ဒင်္ဂါးသမိုင်း

ဒင်္ဂါးသမိုင်း

ပျူဒင်္ဂါးဟု ခေါ်ဆိုသော ရှေးဟောင်းဒင်္ဂါး အမျိုး အစားများ
..............................................................................
သမိုင်းပညာသင်ဘူးသူ၊ သမိုင်းပညာအခြေခံ လေ့လာဖူးသူများနှင့် သမိုင်းပညာရှင်များသည်
ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ရှိသည့်အခါ အထောက်အထား မရှိပဲ မည်သည့်လူမျိုး၏
ယဉ်ကျေးမှု ပစ္စည်းဟု မဆင်မခြင် မပြောရဲကြပါ။ မိမိပြောသည်မှာ လွဲချော်သွားလျှင် အရှက်
ရမည် စိုးသောကြောင့် ဖြစ်သည်။

သမိုင်းပညာ မသင်ဘူးသူ၊ မလေ့လာဘူးသူများနှင့် အချို့သူများကမူ အထောက်အထားနှင့်ပြောမှ သမိုင်းအမှန် ပေါ်ပေါက်မည်ကို မသိ နားမလည်ကြ ပါ။ ရှေးဟောင်းပစ္စည်းတစ်ချို့ကို အထောက် အထား မပြနိုင်ပါပဲနှင့် မည်သည့်လူမျိုး ပစ္စည်းပါဟု သတိပညာမဲ့ လိုရာဆွဲပြီး ပြောတတ်ကြပါသည်။ တိုက်ဆိုင်မှု့ကြောင့် မှန်နေခဲ့လျှင် ကိစ္စမရှိပါ။ မှားနေလျှင်၊ ပြောဆိုခဲ့သမျှ မှားသွားကြောင်း ပေါ်ပေါက်လာခဲ့လျှင် စာဖတ်ပိရိသတ်အား လေး စားရကောင်းမှန်း သိသော သူမျိုးဆိုပါက၊ အမှန် တရားကို လေးစားရကောင်းမှန်း သိသောသူ ဆို ပါက စာဖတ်ပရိသတ်ကို ပြန်တောင်းပန်လိမ့်မည် ဖြစ်ပါသည်။

ဗရမ္မာ (ခေါ်) ပျူမြို့ဟောင်းများတွေ့ ပျူဒင်္ဂါး အမျိုးအစားများနှင့် ဆင်တူသော ရှေးဟောင်း
ဒင်္ဂါးများကို ပဲခူးနယ်၊ စစ်တောင်းနယ်များတွင် လေ့လာတွေ့ရှိခဲ့သော ကိုလိုနီခေတ် အရာရှိကြီး များသည် ယင်းဒင်္ဂါးများကို ပျူဒင်္ဂါးဟုလည်း မပြော၊ မွန်ဒင်္ဂါး ဟုလည်း မပြော၊ မည်သည့်လူမျိုး အမည်မှ မတပ်ပဲ ပဲခူးဒင်္ဂါး၊ စစ်တောင်းဒင်္ဂါး ဟုသာ တွေ့ရှိရာ ဒေသအမည်ဖြင့် ခေါ်ဆိုခဲ့ကြခြင်းမှာ သုတေသန ထုံး လုပ်နည်းစည်းကမ်းနှင့် အညီ အမည်ပေးကာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။

သီရိဝ္ဆပုံတစ်ဘက်၊ ခရုသင်းပုံတစ်ဘက် ပါရှိသော ယင်းရှေးဟောင်းဒင်္ဂါးတို့ကို ပျူ သော်လည်း ကောင်း၊ မွန်သော်လည်းကောင်း လူမျိုးတစ်မျိုးမျိုး အမည် တပ်ခေါ်ရန် အဆင့်ကျော်၍ မရပါ။ ခေတ်ပြိုင် အထောက်အထားများနှင့် သက်သေပြ ပြောဆိုနိုင်မှသာ သမိုင်းပညာက လက်ခံပါမည်။ သို့မှသာ နိုင်ငံတကာ သမိုင်းလောက သမိုင်းပညာ ရှင်များက အသိအမှတ်ပြုလေးစား လက်ခံလိမ့်မည် ဖြစ်သည်။ ခေတ်ပြိုင်အထောက်အထား မပြနိုင်ပဲ ပျူဒင်္ဂါးဟုပဲပြောပြော၊ မွန်ဒင်္ဂါးဟုပဲပြောပြော သမိုင်း ပညာလောက က ကဲ့ရဲ့အပြစ်ပြောပြီး လက်မခံပဲ
ပယ်ချလိမ့်မည် ဖြစ်သည်။

ပဲခူးဒင်္ဂါး၊ စစ်တောင်းဒင်္ဂါးများနှင့် ဆင်တူ ရှေးဒင်္ဂါးမျိုး တို့ကို အယက်သမ၊ ၀င်းက၊ တိုက်ကုလားနယ်၊ သထုံနယ်၊ ပေါင်နယ်များတွင်လည်း တွေ့မြင်ကြရပါ သည်။ယင်းဒင်္ဂါး အားလုံးသည် သရေခေတ္တရာ ဗရမ္မာ (ခေါ်) ပျူမြို့အတွင်း ခင်ဘ စေတီကုန်း
ဌာပနာတိုက်တွေ့ ဗရမ္မာ (ခေါ်) ပျူဒင်္ဂါးမျိုးနှင့် ဆင် တူ ပျူဒင်္ဂါးများဖြစ်ကြောင်း နှိုင်းယှဉ်လေ့လာ တွေ့ မြင်ရပါသည်။ ခင်ဘကုန်း ပျူဒင်္ဂါးမျိုးအပြင် အခြား သော ပျူဒင်္ဂါးအမျိုးအစားများ ကိုလည်း မြန်မာနိုင်ငံအတွင်း ယခုခေတ် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသများတွင်လည်းကောင်း၊ သရေခေတ္တရာပျူမြို့ဟောင်း၊ မင်းဘူး ၆ခရိုင်၊ ဗိဿနိုးပျူမြို့ဟောင်း၊ ကျောက်ဆည်နယ်၊ မိုင်းမော ပျူမြို့ဟောင်း၊ ဟန်လင်းနယ်၊ တကောင်းနယ်များ တွင် လည်းကောင်း၊ မြန်မာနိုင်ငံ ပြင်ပတွင် ယူနန်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား ဒေသများတွင်လည်း တွေ့မြင်ရပါသည်။

ဗရမ္မာ (ခေါ်) ပျူနိုင်ငံမှ ပျူဒင်္ဂါးမျိုးစုံတို့သည် ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်ဖက် အိမ်နီးချင်း ဒေသများအတွင်းသို့ ကုန်သည်တို့နှင့်အတူ ပျံ့နှံ့ ရောက်ရှိခဲ့ဟန် ရှိပါသည်။ယင်း ဒင်္ဂါးတို့ကို အဘယ့် ကြောင့် ပျူဒင်္ဂါးဟု ခေါ်ဆိုကြပါသနည်း။
ပျူမြို့ကြီးများအတွင်း တွေ့ရုံမျှဖြင့် ပျူဒင်္ဂါးဟု ခေါ် ဆိုကြခြင်းလော ဟု ဆိုလျှင် -မဟုတ်ပါ။ ပျူ့မြို့တွင်းတွေ့ရုံမျှဖြင့် ပျူဒင်္ဂါးဟု ခေါ်ဆိုကြခြင်း လုံးဝ မဟုတ်ပါ။ ၁၉၁၀ ခန့်ကတည်းက ကိုလိုနီ ခေတ် ကျောက်စာဝန် ဆရာကြီး တော်စိန်ခို ကိုယ် တိုင် သရေခေတ္တရာမြို့ဟောင်း တောင်ဘက် ဘောဘောကြီး စေတီအနီး ရှေးဟောင်း အဆောက်အဦ ကုန်းဟောင်း တစ်ခုကို စနစ်တကျ တူးဖော် လေ့လာစဉ်ကတည်းက ပျူဒင်္ဂါးသွန်း
လောင်းသော ခေါင်း နှင့် ပန်း ရွှံ့စေးမီးဖုတ် မို ၂ ခု ကို တွေ့ရှိခဲ့ခြင်း၊ သရေခေတ္တရာမြို့ဟောင်း အတွင်း
မှော်ဇာရွာမှ ပျူဒင်္ဂါးသွန်းသော ရွှံ့စေးမီးဖုတ် မို ၂ ခု ကို လွတ်လပ်ရေးရပြီး ခေတ်တွင် နောက်ထပ် ထပ်မံ တွေ့ရှိခဲ့ကြပါသည်။ သရေခေတ္တရာ ဗရမ္မာ (ခေါ်) ပျူ မင်းနေပြည်တော်ကြီးသည် သရေခေတ္တရာ ဗရမ္မာ (ခေါ်) ပျူဒင်္ဂါးများကို သရေခေတ္တရာ တွင် ထုတ်လုပ်ခဲ့ကြောင်း ပျူဒင်္ဂါး မို အထောက်အထားများအရ ကောင်းစွာ ထင်ရှား လျှက် ရှိပါသည်။

ဗြဟ္မာ (အသံထွက်-ဗရမ္မာ) ဟူသော ဝေါဟာရကို ပုဂံခေတ် ရှေးဟောင်း ဗမာကျောက်စာများ တွင် ဗရုမ်မာ(ဗြုမ်မာ ၊ ဗြုံမာ) ၊ ပရုမ်မာ (ပြုမ်မာ) ၊ ပရုမာ (ပြုမာ) ဟူ၍ ခေါ်ဝေါ်ရေးသားချက် များ၊ ပုဂံမြို့ကို ပုရာဂါမ(ပြုဂါမ) ဟု ရေးထိုးချက်များ၊ ပုဂံမင်းကြီး တစ်ပါးကို ပုတစ်သိန်းမင်း (ပြူတစ်သိန်းမင်း) ဟု ရေးထိုးချက်များ၊ သရေခေတ္တရာ ခင်ဘကုန်းဌာပ
နာတိုက်တွေ့ ငွေဗောဓိကြုတ်ကြီး အခြေနားပတ် လည် စာတွင် ပုဗရမိပြည်ကြီး (ပျူဗရမ္မာပြည် တော်) ဟူသော ရေးထိုးချက်၊ သရေခေတ္တရာ အတိတျာမင်း ကျောက်အိုးစာဟု ပညာရှင်တို့ အမည် ပေးထားသော သရေခေတ္တရာ ဘုရား ထောင်ဘုရား အနီး အရိုးအိုးစေတီအတွင်း တွေ့ ကျောက်အရိုးအိုးတွင် ဗရမ္မာဎေါဗံး (ဗရမ္မာတော် ဘုရားမင်း) ဟု ရေးထိုးထားချက်၊ သရေခေတ္တရာ နိုင်ငံနှင့် လူမျိုးကို ဗရမ္မာလူမျိုး၊ ဗရမ္မာနိုင်ငံဟု ရှေး အိန္ဒိယသားတို့ သိရှိခေါ်ဆို မှတ်တမ်းတင်ချက်၊ ယင်း သရေခေတ္တရာ ဗရမ္မာနိုင်ငံကို ရှေးတရုတ်တို့ က ပျူလူမျိုး၊ ပျူနိုင်ငံ (ခေါ်) ဗရမ္မာလူမျိုး၊ဗရမ္မာနိုင်ငံ ဟု သိရှိ ခေါ်ဆို မှတ်တမ်းတင်ချက်၊ ပုဂံခေတ် ဗမာ ကျောက်စာများတွင် ဗရမ္မာ-မရမ္မာ-မြမ္မာ (မြန်မာ) ဟု ရေးထိုးထားချက်၊ ဗမာ-မြန်မာတို့ကို ရှေးမွန်တို့ က ဗရုမ်းဟု ခေါ်ဆိုခြင်း၊ ရှေးကမ္ဘောဒီယားသား တို့က ဗမာ-မြန်မာတို့ကို ဗရမ်း ဟု သိရှိခေါ်ဆိုခြင်း၊ ၁၆ ရာစုမှ ယနေ့တိုင် ဗမာ-မြန်မာကို ပြင်သစ်၊ အီတလီ၊စပိန်တို့က ဗရမ္မာဟု သိရှိ ခေါ်ဆိုခြင်း၊ ပုဂံမင်း နရပတိစည်သူမင်းလက်ထက် ရှင်အဂ္ဂဘိဝံ ၏ ကျော်ကြားသော ပါဠိသဒ္ဒါကျမ်းတွင် မြန်မာနိုင်ငံ ကို မရမ္မ ရဌေ ဟု ရေးသား ဖော်ပြထားချက်များ အရ ဗရမ္မာ-မရမ္မာ-မြန်မာ-ဗမာ လူမျိုးသည် ပရုမ်း ခေါ် ပရု-ပြူ လူမျိုးဖြစ်ကြောင်း ကောင်းစွာ ထင်ရှား လျှက် ယင်း ဗရမ္မာ-မရမ္မာ-မြန်မာ-ပရုမာ-ပြုမာ ခေါ် ပျူလူမျိုးတို့သည် သရေခေတ္တရာ မင်းနေပြည် ကြီးတွင် ပျူဒင်္ဂါး (ခေါ်) ဗရမ္မာဒင်္ဂါးများ ထုတ်လုပ် သုံးစွဲခဲ့ကြကြောင်း သည်လည်း ရှေ့တွင် တင်ပြခဲ့ပြီး သော သရေခေတ္တရာ မြို့ဟောင်းကြီး အတွင်းတွေ့
ပျူဒင်္ဂါးများပြုလုပ်သော ရွှံ့မီးဖုတ် မို အထောက် အထားများအရ ကောင်းစွာထင်ရှားလျှက် ရှိပါ သည်။

အတိတျာမင်း ကျောက်အိုးစာတွင် သရေခေတ္တရာ ဗရမ္မာ (ခေါ်) ပျူနိုင်ငံ၏ လက်အောက်ခံ ပျူတိုင်း များကို ဖော်ပြရာတွင် ဒလတိုင်း၊ ပါဒတိုင်း၊ လှည်းကူးတိုင်း၊ က၀တိုင်း၊ ပဲခူးတိုင်း၊ တက္ကလ (တိုက်ကုလားတိုင်း)၊ ယက္ခတိုင်း(ဘီလူးကျွန်း)၊ တကွာပါတိုင်း တို့ကို ဖော်ပြရေးထိုးထား ရာ ယင်းတိုင်းများသည် ပုဂံခေတ် မတိုင်ခင် သရေခေတ္တရာ ပျူနိုင်ငံခေတ် ပျူတိုင်းများဖြစ် ကြောင်း၊ အင်းဝခေတ်ပေါ် ရာမညတိုင်း (ခေါ်) မွန်တိုင်းများ မပေါ်ပေါက်သေးကြောင်း သည်လည်း ကောင်းစွာထင်ရှား ပေါ်ပေါက်လျှက် ရှိပါသည်။
အထက်ပါ သရေခေတ္တရာ နိုင်ငံခေတ် တောင်ပိုင်း ကမ်းရိုးတန်း ပျူတိုင်းများ ဖြစ်သော ပေါက္ခရ၀တီ (တွံတေး ဒလ)၊ ပါဒ၊ လှည်းကူး၊ က၀၊ ပဲခူး၊ တိုက်ကုလား၊ ဘီလူးကျွန်းနယ်များ နှင့် ယင်းတို့နှင့် တစ်ဆက်တည်း တည်ရှိသော ကျိုက္ကသာ၊ ကျိုက်ထို၊ ဘီးလင်း၊သထုံ၊ ပေါင်၊ မုတ္တမ၊ စမ္ပါနဂိုရ်၊ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက္ခမီ၊ ရေးမြို့နယ် များတွင် ပျူခေတ်စေတီများ၊ ပျူခေတ် ဗုဒ္ဓရုပ်ပွား တော်များ၊ ပျူခေတ်အုတ်ခွက်ဘုရားများ၊ပျူပုတီးစေ့ များ၊ ပျူဒင်္ဂါးများ၊ ပျူဆေးတံများ၊ ပျူအရိုးအိုးများ၊ လက်ရေးစင်း ပျုအုတ်များ၊ ပျူအုတ်ခဲစာများ၊ ပျူစဥ့်စာများကို အများအပြား ပေါ်ထွက်တွေ့မြင် နေရပါသည်။တရုတ်မှတ်တမ်းများ အရလည်း ယူနန် နှင့် ပင်လယ်ကြားတွင် ဘီစီ ၂ ရာစုမှ အေဒီ ၁၄ ရာစု ကာလ အတွင်း ဗရမ္မာနိုင်ငံ (ခေါ်) ပျူ နိုင်ငံကြီးသာ တည်ရှိပြီး ဗရမ္မာ (ခေါ်) ပျူနိုင်ငံသည်
ပင်လယ်အထိ ကျယ်ဝန်းလျက် ဗရမ္မာ-မြန်မာ (ခေါ်) ပျူနိုင်ငံနှင့် ပငယ်လယ်ကြားတွင်မွန်နိုင်ငံ လည်းမရှိ၊ အခြားမည်သည့် နိုင်ငံမှ မရှိကြောင်း သည်လည်း ထင်ရှားပေါ်ပေါက် လျှက်ရှိပါသည်။

သရေခေတ္တရာနိုင်ငံ-ဗရမ္မာနိုင်ငံ-ပျူနိုင်ငံမှ ဗရမ္မာ (ခေါ်) ပျူတို့သည် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ကြေးဒင်္ဂါးများ ကို အသပြာအဖြစ် သုံးစွဲကြောင်းကိုလည်း တရုတ် တို့ ထောက်လှမ်းကာ လေ့လာသိရှိ မှတ်တမ်း တင် ခဲ့ကြပါသည်။ တရုတ်နန်းတော်မှတ်တမ်းများက သိရှိ ဖော်ပြချက်များတွင် ယူနန်နှင့် ပင်လယ်
အကြား ဗရမ္မာ (ခေါ်) သရေခေတ္တရာ (ခေါ်) ဗရမ္မာ နှင့် ပျူဒင်္ဂါးများသာ ရှိပါသည်။ မုတ္တမပျူမြို့သာ ရှိပါ သည်။ ပျူနိုင်ငံ၏ တောင်ဘက်တွင် ပင်လယ်သာ ရှိ သည်။

ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစု ကြားတွင်လည်း ကောင်း၊ အေဒီ ၁၁ ရာစုမှ အေဒီ ၁၄ ရာစု ကာလ တွင်လည်းကောင်း ဗရမ္မာ (ခေါ်) မြန်မာ (ခေါ်) ပျူ (ခေါ်) နိုင်ငံကြီး၏ တောင်ဘက်တွင် ပင်လယ်သာ ရှိသည်။ မွန်နိုင်ငံ ဟူ၍ မရှိပါ။

သရေခေတ္တရာ ခင်ဘကုန်း ဌာပနာတိုက်ထွက် ပျူ ဒင်္ဂါးများနှင့် ဆင်တူ အမျိုးတူဖြစ်သော ပဲခူး ပျူ ဒင်္ဂါး၊ စစ်တောင်း ပျူဒင်္ဂါး၊ ကျိုက္ကသာ ပျူဒင်္ဂါး၊ ကျိုက်ထို ပျူဒင်္ဂါး၊ အယက်သမ-၀င်းက-တိုက်ကုလား ပျူဒင်္ဂါး၊ သထုံ ပျူဒင်္ဂါး၊ ပေါင် ပျူဒင်္ဂါး၊ မုတ္တမ ပျူဒင်္ဂါး၊ ပေါက္ခရ၀တီ (တွံတေး) ပျူဒင်္ဂါးများကို မွန်ဒင်္ဂါး ဟု တစ်ချို့သော သူများ ပြောလိုလျှင် သမိုင်းပညာက
အသိအမှတ်ပြု လေးစားလက်ခံနိုင်ရန် ခေတ်ပြိုင် အထောက်အထားများဖြင့် တင်ပြပြောဆိုရန် လိုအပ်ပါသည်။

မိမိပြောဆိုသော သမိုင်းကိစ္စကို အမှန်သမိုင်းဟု သမိုင်းပညာရှင်တို့ လေးစားလက်ခံရန်ခေတ်ပြိုင် အထောက်အထားများဖြင့် သက်သေပြပြောရန် သမိုင်းပညာက တောင်းဆိုပါသည်။ လျှာအရိုးမရှိ တိုင်း ပြောသောစကားများ၊ ခေတ်ပြိုင်အထောက် အထားမရှိပဲ ရာဇ၀င်ဆရာတို့ ကညစ်ခြစ် ပြောခဲ့ သော စကားများဖြင့် ပြော၍ မရပါ။အမှန်သမိုင်း ကို ပြောလိုလျှင် လူမျိုးစွဲ၊ ဒေသစွဲ၊ ရာဇ၀င်စွဲမှ ဖောက် ထွက်နိုင်ရန် လိုအပ်ပါသည်။

မွန်လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်း မည်သည့် ရာစုနှစ်တွင် ရောက်ရှိလာခဲ့ပါသနည်း။

မွန်မြို့များကို မည်သည့်ခုနှစ်တွင် စတင် တည် ထောင်ခဲ့ပါသနည်း။

မွန်မြို့ပြနိုင်ငံ (သို့မဟုတ်) မွန်ဧကရာဇ်နိုင်ငံ မည်သည့် ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါ
သနည်း။

မွန်ဒင်္ဂါးများကို မည်သည့်ခုနှစ်တွင်၊ မည်သို့ ထုတ် လုပ်ခဲ့ပါသနည်း။

မွန်ဒင်္ဂါးပြုလုပ်သော မို အထောက်အထားမည်သည့် ရာစုနှစ်၊ မည်သည့်မြို့တွင် အထောက်အထားပြနိုင် ပါသနည်း။
ပဲခူး၊ စစ်တောင်း၊ ၀င်းက အစရှိသော ပျူနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသ မြို့ပြနယ်ပယ်ဒေသ များတွေ့ ပျူဒင်္ဂါးများကို မွန်ဒင်္ဂါးဟု ပြောလိုလျှင် ရာဇ၀င်ဖြင့်မဟုတ်ပဲ ခေတ်ပြိုင် အထောက်အထား များဖြင့် သက်သေပြပြောဆိုရန် သမိုင်းပညာက တောင်းဆိုပါသည်။

ရာဇ၀င်ကိုပြ၍ ပြောဆိုခြင်းမျိုးကို သမိုင်းပညာက လက်မခံပါ။ အကြောင်းမှာ မြန်မာရာဇ၀င်များ၊ မွန်ရာဇ၀င်များ ဟူသော ၁၅ ရာစု နောက်ပိုင်းရေး အထောက်အထားမပါသော စိတ်ကူးယဉ် ရာဇ၀င် ဆရာအချို့ စိတ်ကူးယဉ် ရေးဖွဲ့ဖန်တီးထားသော ခေတ်ပြိုင်မဟုတ်သည့် နောက်ရေးရာဇ၀င် (ခေါ်) စာများတွင် အမှားများ ထင်ရှားစွာပါနေသော ကြောင့် ဖြစ်သည်။

သထုံရာဇ၀င်ပေါင်းချုပ်တွင် တွေ့မြင်နေရသော အမှားကြီးသည်ကား ပထမ သထုံမြို့တည်၊
နန်းတည် မင်းကြီး တိဿဓမ္မသီဟရာဇာ (ခေါ်) ဒွတ္တဘောင်(ပျူဗမာမင်းကြီး)ကို မွန်မင်း ဟု
အများပြည်သူ အထင်မှား အမြင်မှားဖြစ်အောင် ၁၅ ရာစု နောက်ပိုင်းတွင် ရေးသားခဲ့သော အမှားကြီး ဖြစ်ပါသည်။ သူတို့ မမွေးသေးသော၊ သူတို့ မမှီ ခဲ့သော ရှေးခေတ်ကအကြောင်းကို ခေတ်ပြိုင် အထောက်အထား မပြပဲ ပေထက် ကညစ်ခြစ်ကာ ရေးသားဖန်တီးခဲ့သော အမှားကြီးဖြစ်ပါသည်။
ရှေ့တွင်ဖော်ပြခဲ့သော သရေခေတ္တရာ ပျူမြန်မာ မြို့ ဟောင်းတွေ့ အတိတျာမင်း ကျောက်အရိုးအိုးစာ အထောက်အထားအရလည်းကောင်း၊ ပြည်ပခေတ် ပြိုင် အထောက်အထားများ ဖြစ်သော တရုတ်နန်း တော် မှတ်တမ်းများ အရလည်းကောင်း၊ ရှေးအိန္ဒိယ မှတ်တမ်းများအရ လည်းကောင်း ယူနန်နှင့် ပင်လယ်ကြားတွင် ဘီစီ ၂ ရာစုမှ အေဒီ ၁၄ ရာစု ကာလအတွင်း ဗရမ္မာနိုင်ငံ (ခေါ်) ပျူနိုင်ငံကြီးသာ တည်ရှိပြီး ဗရမ္မာ (ခေါ်) ပျူနိုင်ငံသည် ပင်လယ် အထိ ကျယ်ဝန်းလျက် ဗရမ္မာ-မြန်မာ (ခေါ်) ပျူ နိုင်ငံနှင့် ပင်လယ်ကြားတွင် မွန်နိုင်ငံလည်းမရှိ၊
အခြားမည်သည့် နိုင်ငံမှ မရှိကြောင်းသည်လည်း ထင်ရှား ပေါ်ပေါက်လျှက် ရှိပြီး ဖြစ်ပါသည်။

အနှစ်ချုပ် တင်ပြလိုသည်မှာ ပျူတိုင်းများ ဖြစ် ကြောင်း ခေတ်ပြိုင်အထောက်အထားပေါင်း များစွာ က ရည်ညွှန်းပြဆိုလျှက်ရှိသော တောင်ပိုင်းကမ်းရိုး တန်း ဒေသရှိ ပျူဒေသများတွေ့ပျူဒင်္ဂါးများကို ခေတ်ပြိုင် အထောက်အထား မပြနိုင်ပါပဲ နောက် ရေး ရာဇ၀င် သက်သက်မျှဖြင့် မွန်ဒင်္ဂါးဟု အချို့က နာမည်တပ် သုံးနှုန်းခြင်းသည် *သမိုင်းပညာအရ စံမ၀င်၊ ဘောင်မ၀င်*ပါကြောင်း စာဖတ်ပရိသတ် များအား ရေးသားတင်ပြလိုက်ရပါသည်

မြန်မာ့ဒင်္ဂါးသမိုင်း
============
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍ ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိ စကားလုံး “ဋင်္က မှ ထုတ်ယူသုံးစွဲသည်ဟု အဆို ရှိသည်။ “ဘုရင့်တံဆိပ်လက ရာရှိသော ငွေကြေး” ဟု အဓိပ္ပာယ်ရသည်။

အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတ ဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျော လာသည်ဟု ဆိုသည်။
ဒင်္ဂါး ဟူသော ဝေါဟာရသည် မြန်မာစကား အသုံး အနှုန်းထဲ၌သာမက စာပေ ကဗျာ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေသည်မှာ ကြာပြီ ဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူ တော် ဦးနု၏ အလင်္ကာတစ်ခုတွင် “ဒင်္ဂါး – ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေ တတ်တာမို့ အနုဆေးလို့လဲ ခေါ်လောက်ပါရဲ့” ဟူ၍ တွေ့ရလေသည်။

ထို့ထက် ရှေးကျသော ကဗျာတစ်ခုမှာ မြန်မာ သက္ကရာဇ် ၉၁၂ ခုနှစ်တွင် နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားလက်ထက် ‘ရှင်ကုမာရကဿပ’ ရေးသားသော (ဓမ္မရာသီပျို့) တွင် “ဆန်းကြယ်တင့်အပ် တံဆိပ်ခတ်သား ကျပ် – မတ် – မူး – ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြု၍ အကုဋေ မျှရာမကသား” ဟု စပ်ဆိုထားသည်ကို တွေ့ရ သည်။
ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓါန်အကျဉ်းချုပ် အတွဲ၂ (ဆ-န)၌ “တံဆိပ်ခတ်နှိပ်၍ အလေးချိန် နှင့် တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေ ငွေ စသည့် သတ္ထုပြား” ဟု အဓိပ္ပာယ် ဖွင့်ဆိုထား သည်။
မြန်မာနိုင်ငံတွင် တွေ့ရှိသော ရှေးအကျဆုံး မြန်မာ ဒင်္ဂါးမှာ ပျူမင်းများခေတ်က သုံးစွဲခဲ့သော ပျူဒင်္ဂါး များ ဖြစ်သည်။ ပျူတို့၏ မြို့တော် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကို တွေ့ရှိရ သည်။ ၎င်းပျူတို့ သုံးစွဲသည့် ရွှေနှင့်ငွေဒင်္ဂါ
း တို့၏ ပုံသဏ္ဌာန်မှာ လခြမ်းသဏ္ဌာန် ရှိသည်ဟု ထန်ခေတ်တွင် ရေးသားထားသော တရုတ်သမိုင်း၌ ဖေါ်ပြ ပါရှိလေသည်။

ပျူဒင်္ဂါးသည် ပျူယဉ်ကျေးမှု ခေတ်၏ အလှရတနာ တစ်ပါးဖြစ်သည်။ ပျူဒင်္ဂါး သည် ယနေ့ မြန်မာနိုင်ငံ ၌သာ မဟုတ် ကမ္ဘာတွင်လည်း တန်ဖိုးကြီးမားလ
ှသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်လေသည်။ ပျူ ဒင်္ဂါး၏ လှပမှုနှင့် ထူးခြားလှသော သင်္ကေတများမှာ တန်ဖိုး မဖြတ်နိုင်သော လျှို့ဝှက်ချက်များ ဖြစ်နေ ၏။ ပျူဒင်္ဂါး၏ ဝိသေသ လက္ခဏာများကို ယနေ့တိုင် မည်သူမျှ တိကျတပ်အပ်စွာ မပြောနိုင်သေးပေ။
ပျူ ယဉ်ကျေးမှုခေတ်ကား များစွာ ကျယ်ပြန့်လှ သည်။ ပျူနှင့် ခေတ်ပြိုင် ဒွာရဝတီနှင့် ရခိုင်ယဉ် ကျေးမှု ခေတ်များတွင်လည်း ပျူယဉ်ကျေးမှု အမှတ် အသားများ ရောနှောနေကြောင်း တွေ့ရှိရသည်။ ဒွာရဝတီဒင်္ဂါးနှင့် ရခိုင်ဒင်္ဂါးတို့တွင် ပျူခေတ် ယဉ်ကျေးမှု အမှတ်အသားများ တွေ့ရှိနေရခြင်းဖြင့် ပျူယဉ်ကျေးမှု၏ သြဇာ ကျယ်ပြန့်လှကြောင်း သိ သာနိုင်ပေသည်။

သို့သော် ပျူလူမျိုးတို့သည် ငွေဒင်္ဂါးများကို ငွေကြေး လဲလှယ်ရေး မဏ္ဍိုင်အဖြစ် အသုံးမပြုဘဲ အဆောင် အဖွဲ့သဘောမျိုး အဖြစ်သာ အသုံးပြုခဲ့ဟန် တူပေ သည်။မြန်မာနိုင်ငံ၌ ပျူဒင်္ဂါးနှင့် ပတ်သက်၍ ဗိဿနိုးတွင် နှစ်မျိုး၊ ဟန်လင်းတွင်သုံးမျိုး၊ သရေခေတ္တရာတွင် လေးမျိုး တွေ့ရသည်။ ယင်းမျိုး ကွဲများမှ လက္ခဏာများမှာလည်း များပြားလှပေ သည်။ ပျူဒင်္ဂါးများတွင် ခရုသင်း၊ သွတ္တိလာ၊ ဥကင်၊ စကြာ၊ ဝရဇိန်၊ ယစ်ပလ္လင်၊ သီရိဝစ္ဆ၊ နေ၊ လသဏ္ဌာန် တက်နေဝန်းနှင့် နက္ခတ် ၂၇ လုံးစီ ပါရှိသည်။ များသောအားဖြင့် အရွယ်အစားမှာ မတ်စေ့မှ ကျပ်ပြား အရွယ်အထိ ရှိသည်။ ခေတ် အားဖြင့်မူ အေဒီ ၄ဝဝ-၅ဝဝ အတွင်း အသုံးပြုခဲ့ပုံ ရသည်။

ပုဂံခေတ်သုံး ဒင်္ဂါးများကိုမူ ယနေ့တိုင် မတွေ့ရသေး ပေ။ ပျူဒင်္ဂါးများရောက် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး သော ဒင်္ဂါးမှာ ရခိုင်ဒင်္ဂါးများပင် ဖြစ်သည်။ ရခိုင်ပြည်တွင် ဒင်္ဂါးများကို အသပြာငွေကြေးအဖြစ် အသုံးပြုရန်အတွက် လည်းကောင်း၊ အချုပ်အချာ အာဏာ ပိုင်ဆိုင်မှုကို ဖော်ညွှန်းရန်လည်းကောင်း၊ ခရစ်သက္ကရာဇ် အေဒီ-၄ ရာစု လောက်ကပင် ခတ်နှိပ် သုံးစွဲလာခဲ့ကြသည်။ရခိုင်ဒင်္ဂါးများကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ စာထိုးမထားသော ဒင်္ဂါးနှင့် စာထိုးထားသော ဒင်္ဂါး များပင် ဖြစ်သည်။
လေးရာစုလောက်က ခတ်နှိပ်သည်ဟု မှန်းဆ ရသော ဒင်္ဂါးများတွင် စာထိုးမထားချေ။ သို့ရာတွင် ယင်းတို့၌ မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိသည်။ ယင်းပုံများသည် ဘုရင်စနစ်နှင့် လျောက် ပတ်ပြီးလျှင် တိုင်းပြည်ဝပြော သာယာရေးကို ရည်ညွှန်းသော ပုံများပင် ဖြစ်သည်။ ယင်းဒင်္ဂါးများ မှာ ငွေဒင်္ဂါးများဖြစ်ပြီး အကြီးအသေး နှစ်မျိုး စလုံး တွေ့ရသည်။

သက္ကရာဇ် အေဒီ – ၅ ရာစုမှ အေဒီ ၁ဝဝဝ အထိ ထုတ်လုပ်အသုံးပြုခဲ့သော ရခိုင်ဒင်္ဂါးများတွင် ရှေ့ ဘက်၌ မင်းဆက်၏ တံဆိပ်တော်ဖြစ်သော နွား လား ဥဿဘနှင့် ယင်း၏အထက်၌ သွန်းထုတ် လုပ်သော မင်း၏အမည် ပါရှိသည်။ အသုံးပြုခဲ့သော အက္ခရာများမှာ ဗြဟ္မီပွား အက္ခရာများ ဖြစ်သည်။ ကျောဘက်တွင်မူ ကနဦး ဒင်္ဂါးများတွင် ပါရှိသည့် မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိလေ သည်။

ရခိုင်ဒင်္ဂါးများ၏ ရှေ့ဘက်၊ ကျောဘက်များတွင် ပါရှိသည့်ပုံများသည် အေဒီ ၅ရာစု မှ ၁ဝဝဝ အထိ နှစ်ပေါင်းငါးရာတိုင်အောင် အသေးအဖွဲ့ ပြောင်းလဲ ခြင်းမှအပ ထူးကဲစွာ ပြောင်းလဲခြင်း မရှိဘဲ တည် တန့် ခဲ့သည်။ ယင်းဒင်္ဂါးများသည် ငွေသားဒင်္ဂါးများ ဖြစ်ပြီး တစ်ကျပ်၊ ငါးမူး၊တစ်မတ်၊ တစ်မူးအရွယ် များ အဖြစ် အရွယ်အစား အမျိုးမျိုး ထုတ်လုပ်ခဲ့ကြ သည်။ ထုတ်လုပ်ခဲ့သော စေတီကိုလိုက်၍ ယင်း ဒင်္ဂါးများကို ဝေသာလီခေတ် ဒင်္ဂါးများဟု ခေါ်ဝေါ် ကြသည်။

ရခိုင်ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံထုတ်ဒင်္ဂါးများနှင့် အခြေခံအားဖြင့် တူညီသော်လည်း ကိုယ့်တံဆိပ် ကိုယ့်အမှတ်အသားနှင့်ကို သွန်းလောင်း ထုတ်လုပ် ထားကြောင်းကို ယင်းဒင်္ဂါးများနှင့် နှိုင်းယှဉ် ကြည့် ခြင်း အားဖြင့် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
ရခိုင်ဒင်္ဂါးများတွင် အစောဆုံး သွန်းလုပ်သုံးစွဲခဲ့သော ဒင်္ဂါးမှာ မင်္ဂလာ လက္ခဏာပုံများဖြစ်သော ခရုသင်း တစ်ဖက်၊သီရိဝစ္ဆလက္ခဏတစ်ဖက် ပါရှိသော ဒင်္ဂါး ဖြစ်သည်။ သုတေသီ “ဂျွန်စတင်း” (E.H.Johnston) က သူပြုစုခဲ့သော Some Sanstrit Inscriptions of Arakan စာအုပ်တွင် ရေးသားဖော် ပြထားသည်။
ဝေသာလီဒင်္ဂါးများ နောက်၌ အစောဆုံးတွေ့ရသော ရခိုင်ဒင်္ဂါးမှာ စူလမဟာရာဇာ ဒင်္ဂါးပင်ဖြစ်သည်။ ဤ ဒင်္ဂါးမှစ၍ မင်္ဂလာအမှတ်အသား လက္ခဏာပုံများ မပါတော့ချေ။ ရခိုင်ရာဇဝင်တွင် ဤအမည်ခံယူ သော မင်းကို ရှာဖွေရာ၌ ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏ အမည်ကိုသာ တွေ့ရသည်။ ယင်း မင်းမှာ ရာဇဝင် အလိုအရ စူလစန္ဒြားမင်းပင် ဖြစ် သည်။ သက္ကရာဇ် ၉၅၇ အေဒီတွင် တကောင်း၊ ပြည်၊ သင်းတွဲမြို့မှအပြန် မော်တင်စွန်း-နဂါးရစ်အငူ တွင် သင်္ဘောပျက်၍ နတ်ရွာစံခဲ့သည်။ အဆိုပါ ဒင်္ဂါး ၏် ရှေ့ဘက်တွင် စူလမဟာရာဇာဟူ၍ မြန်မာ အက္ခရာ ဖြင့် ရေးထိုးထားပြီးလျှင် ကျောဘက်တွင် နာဂရီ အက္ခရာဖြင့် ခတ်နှိပ်ထားသည်။ သက္ကရာဇ် ရေးထိုးမထားချေ။
ယင်းနောက် သွန်းလုပ်ခဲ့သည်ဟု မှန်းဆရသော ဒင်္ဂါးမှ လောင်းကြက်ခေတ် (၁၂၅ဝ-၁၄ဝ၄) မင်းထီး ဘုရင်လက်ထက်က ယင်းမင်း၏ ဦးရီးတော်အမည် ဖြင့် သက္ကရာဇ်ပါ ရေးထိုး၍ ထုတ်ဝေသော ဒင်္ဂါးဖြစ် သည်။ ရှေ့ဘက်၌ မြန်မာအက္ခရာဖြင့် ၆၆ဝ နရာ ဓိပတိ ဦးရီးတော် မဟာနန္တဘယ ဟူ၍ ခတ်နှိပ်ထား ပြီးလျှင် ကျောဘက်တွင် နဂရီအက္ခရာဖြင့် စာခတ် နှိပ်ထားရှိသည်။ လောင်းကြက်ခေတ်တွင် နာမည် ကျော်ကြားဆုံးမင်းမှ မင်းထီးဘုရင်ပင် ဖြစ်သည်။
လောင်းကြက်ခေတ်၏ နောက်ဆုံးမင်းမှာ နရမိတ်လှ ခေါ် မင်းစောမွန် ဖြစ်သည်။ ယင်းမင်း သည် မင်းထီးဘုရင်၏ မြစ်ပင်ဖြစ်သည်။ မင်းစော မွန် သည် မြောက်ဦးခေတ်မင်းဆက်၏ ပထမဆုံး သော မင်းလည်း ဖြစ်သည်။
မြောက်ဦးမင်းဆက်ခေတ်သည် ခရစ်သက္ကရာဇ် ၁၄၃ဝ မှ ၁၇၈၄ ခုနှစ်အထိ နှစ်ပေါင်း ၂၅၄ နှစ် ရှည်ကြာခဲ့သည်။ မြောက်ဦးမင်းဆက်ပေါင်း ၄၈ ဆက် ရှိသည်။ မြောက်ဦးမင်းဆက်၏ နောက်ဆုံး မင်းမှာ မဟာသမ္မတရာဇာ ခေါ် အဂ္ဂေါပုညာဇော ရာဇာ ဖြစ်သည်။

မြောက်ဦးခေတ် စောစောပိုင်းက သုံးစွဲခဲ့သော ဒင်္ဂါးများတွင် ကူဖစ်(Kufic) ဗျည်းသို့မဟုတ် လက်ရေးကွန့်ထားသော ပါရှန်ဗျည်းများဖြင့် ရေးထိုး ထားသည့် ကလီမာတစ်ဖက်ပါ ဒင်္ဂါး (၇) မျိုးကို တွေ့ရသည်။ မြောက်ဦးခေတ်ဒင်္ဂါးများတွင် သက္ကရာဇ်များ ရေးထိုးထားသော်လည်း ဖတ်ရူနိုင် ရန် ယင်းခေတ်သုံး ဂဏန်းများကို သိရန် လိုအပ် သည်။ မြောက်ဦးဒင်္ဂါးများမှာ အရွယ်အားဖြင့် ၂ဒသမ ၈ စင်တီမီတာမှ ၃ စင်တီမီတာအချင်းထိ ရှိ၍ အလေးချိန်အားဖြင့် ၁၀ ဂရမ်ဝန်းကျင်တွင် တစ်မျိုးနှင့် ၇ ဒသမ ၅ ဂရမ် ၀န်းကျင်တွင် တစ်မျိုး တွေ့ရသည်။ ကျပ်ပြည့်ဒင်္ဂါးများမှာ အရွယ်အားဖြင့် အချင်း ၃ စင်တီမီတာ နှင့် အလေးချိန် ၁၀ ဂရမ် ရှိသည်။

ရှေးခေတ် ရခိုင်ဒင်္ဂါးများသည် ကျောက်စာပါ မင်းများ၏ အမည်များကို အတည်ပြုပေးသည် သာမက ပံ့ပိုးမှုလည်း ပေးသည်။ ရခိုင်သမိုင်း အတွက် အဖိုးမဖြတ်နိုင်သော အထောက် အထား များကိုလည်း ပေးသည်။

ရခိုင်ဒင်္ဂါးများနှင့် မရှေး မနှောင်းမှာပင် ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် မြန်မာသက္ကရာဇ် ၉ဝဝ ကျော် (ခရစ်နှစ် ၁၅၄ဝ ခန့်) တွင် မွန်ခဲဒင်္ဂါးများ ပေါ်ခဲ့ သည်။ မွန်ဒင်္ဂါးများကို ဟံသာဝတီဒင်္ဂါး ဟုလည်း ခေါ်ဆိုကြသည်။ ယင်း ဒင်္ဂါးများတွင် ဟံသာဝတီ၏ အမှတ်အသားဖြစ်သော ဟင်္သာရုပ်ကို ခတ်နှိပ်ထား သည်။
‘ဆာအာသာပီဖယ်ယာ’၏ Coins of Arakan ,Pegu, and Burma “ရခိုင် ၊ပဲခူးနှင့် မြန်မာ ပြည်မှ ဒင်္ဂါးများ အကြောင်း” စာအုပ်၌ ပဲခူးအနီး စစ်တောင်းအရပ်မှ ခရုသင်းနှင့် ဥကင်ပုံ၊ သို့မဟုတ် ဘီးတပ်ရထား ပုံပါသော ဒင်္ဂါးဟောင်းများ တွေ့ရှိ ရကြောင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းအပြင် တနင်္သာရီ နယ်ဘက်မှလည်း သံဖြူ နှင့် ခဲစပ်၍ ပြုလုပ်ထားသော ထိုးတံဆိပ် ဒင်္ဂါး ဟောင်းများကို တွေ့ရှိရသည်ဟု ဖော်ပြသည်။ ထို ထိုးတံဆိပ် ဒင်္ဂါး၏ ကျောဘက်တွင် (ဟောသူခံတာ ဂရံ) ဟူသော ပါဠိဘာသာ ပါရှိ၏။ ပါဠိကို ဖယ်ယာ က ငြိမ်းချမ်း၍ သုခအပေါင်းနှင့် ပြည့်စုံသော ဌာန ဟု အဓိပ္ပာယ် ပြန်ဆိုထားသည်။

ညောင်ရမ်းမင်းဆက်များ လက်ထက်တွင် ဒင်္ဂါးသုံး စွဲကြောင်း မှတ်သားရသော်လည်း ပုံသဏ္ဌာန် အနေအထားကိုမူ အမှတ်အသား မရှိချေ။

ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား လက်ထက် မြန်မာ သက္ကရာဇ် ၁၁၄ဝ ကျော် မြန်မာ ဒင်္ဂါးများ ပေါ်ပေါက်ခဲ့သည်။ဘိုးတော်ဘုရား သည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ် ကပ္ပတိန်ကော့ ယူဆောင်လာသော ဒင်္ဂါးများကို သွန်းလုပ်စေသည်။ ထို့နောက် အင်္ဂလန်ပြည်မှ ဆက်သသော ဒင်္ဂါးသွန်းစက်ဖြင့် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် နယုန်လဆုတ် တစ်ရက်နေ့မှစ၍ အမရပူရ ရွှေမြို့တော်၌ စတင် သွန်းလုပ်သည်။ ဘိုးတော်ဘုရားလက်ထက်၌ သွန်းလုပ်သော ဒင်္ဂါး များအနက် ငွေဖြင့် သွန်းသော ဒင်္ဂါးမှာ တစ်ဖက် တွင် ဘိုးတော်ဘုရား နံတော်သင့် တနင်္လာကျားရုပ် သဏ္ဌာန်ပါရှိ၍ တစ်ဖက်တွင် ၁၁၄၆ ခု အမရပူရ ဆင်ဖြူများရှင်နိုင်ငံ ဟုစာတမ်းထိုးထားသည်။ ကြေးဖြင့်သွန်းသော ဒင်္ဂါးများမှာ တစ်ဖက်တွင် နံတော်သင့် တနင်္လာက၀ဂ် အဆုံး ၆ အနား ပတ် လည်ကို ထူ၍ ငါးရုပ် ဖိုမနှစ်ကောင် သဏ္ဌာန် ပါရှိပြီး လျှင် အနားပတ်လည်၌ ဗိန္ဓုပြောက်များနှင့် တကွ တစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော နှစ် ကို အစွဲပြု၍ ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက် ဟူသော စာတမ်းပါရှိလေသည်။ ထိုကြေးဒင်္ဂါးများ ကို ၁၁၇၄ ခုနှစ်တွင် ပြန်လည် ရုတ်သိမ်းလိုက် သဖြင့် နှစ်ပေါင်း ၂၈ နှစ်သာ သုံးစွဲသည်။ ယင်းဒင်္ဂါး နှစ်မျိုးကို အမရပူရခေတ် ဒင်္ဂါး ဟု ခေါ်ဆိုကြသည်။ ယင်း ဒင်္ဂါး၂ မျိုးအပြင် ရွှေပြည်စိုး တံဆိပ်တော် ငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါးများလည်း သုံးစွဲခဲ့သေးသည်။ ဘိုးတော်ဘုရားလက်ထက် ဒင်္ဂါးများမှာ တစ်ကျပ် သုံး၊ ငါးမူးသုံး၊ တစ်မတ်သုံး ၊ တစ်မူးသုံး ဟူ၍ ရှိလေ သည်။ ဘိုးတော်ဘုရားလက်ထက်တွင် မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး ၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးဟူ၍ ဒင်္ဂါး ၄ မျိုး ရှိသည်။

ရွှေဘိုမင်းတရားလက်ထက်တွင် သွန်းလုပ်သော ငွေဒင်္ဂါးများမှာ တစ်ဖက်က လဝန်းနှင့် ယုန်ရုပ်၊ တစ်ဖက်က ပဒုမ္မာကြာပန်းပုံကို ရိုက်နှိပ်ထားသည်။
ပုဂံမင်းလက်ထက်ထုတ် ဒင်္ဂါးများမှာ မူ တစ်ဖက် တွင် ရွှေပြည်စိုးတံဆိပ် ခတ်နှိပ်၍ တစ်ဖက်တွင် သာသနာနှစ် ၂၃၉၀ ဟု ရေးထိုးထားသည်။
မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ရုံကို မန္တလေးနေပြည်တော် နန်းမြို့တော်အတွင်း ဗဟိုရ် စင် မြောက်ဘက်၌ ဆောက်လုပ်၍ မြန်မာ သက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်း လပြည့် ကျော် ၉ ရက်နေ့တွင် ဒင်္ဂါးသွန်းစက်ရုံကို ဖွင့်လှစ် ကာ ဒင်္ဂါးများကို စတင် သွန်းလုပ်ခဲ့လေသည်။
ယင်းဒင်္ဂါးစက်ရုံမှ ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူနှင့် ခဲဒင်္ဂါး များ ထုတ်လုပ်ခဲ့ရာ ဒေါင်းတံဆိပ်ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်းတက်သက္ကရာဇ် ၁၂၁၄ ခုနှစ်၌ ခတ်နှိပ်၍ ထုတ်လုပ်ခဲ့သည်။ မင်းတုန်းမင်း နှင့် သီပေါမင်းတို့ လက်ထက် ယင်းစက်ရုံမှ ထုတ်လုပ်ခဲ့သော ဒင်္ဂါးများ တန်ဖိုးမှာ ခန့်မှန်းခြေ အားဖြင့် ၂၈ သန်းကျော် ခန့် ရှိလေသည်။
မင်းတုန်းမင်း လက်ထက်က ငွေသားဖြင့် သွန်းလုပ် ခဲ့သော ဒင်္ဂါးများမှ တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ ပေါင်း ငါးမျိုး ရှိသည်။ ငွေဒင်္ဂါးများ တွင် တစ်ဖက်၌ တံဆိပ်တော်ဟူသော စာတမ်းနှင့် ဒေါင်းရုပ်ပါရှိပြီးလျှင် တစ်ဖက်တွင် ရတနာပုံ နေပြည်တော် ဟူသော စာတမ်းကို ပန်းခွေဖြင့် အနားပတ်လည် ခွေထားသည်။ ပန်းခွေ အကြား တွင် ၁ သုံး ဒင်္ဂါး ၁၂၁၄ ဟူသော စာတမ်း ထည့် သွင်းထားသည်။

ဒေါင်းတံဆိပ်ကြေးဒင်္ဂါးမှာ ဒေါင်းရုပ်အောက်မှ သွန်းသော သက္ကရာဇ် ၁၂၂၇ နှင့် တစ်ဖက်တွင် ရတနာပုံ နေပြည်တော်နှင့် ၁ပဲသုံး ဒင်္ဂါး၏ လေးပုံ တစ်ပုံ ဟူသော စာတမ်း ပါရှိသည်။ ထိုဒင်္ဂါး များ အပြင် ၁၂၂၈ ခုနှစ် ပန်းခွေနှင့် ရတနာပုံနေပြည် တော် စာတမ်း ပါရှိသော ခြင်္သေ့ဒင်္ဂါးများ၊ ယုန်ရုပ် သဏ္ဍာန်အောက်မှ သက္ကရာဇ် ၁၂၃၁ တစ်ဖက်က ကြေးနီဒင်္ဂါးစပ် လေးပုံတစ်ပုံ ဟူသော စာနှင့်ပန်းပါ သော ယုန်ဒင်္ဂါး၊ ထိုးနယားရုပ်နှင့် ထိုးနယား တံဆိပ် တော်ဟူသော စာနှင့် တစ်ဖက်က တစ်မူးသုံး၏ ရှစ်ပုံတစ်ပုံ စာတမ်း၊ ယင်းစာတမ်းအောက်မှ ပန်းခွေ၊ ယင်းပန်းခွေအောက်မှ ၁၂၄၀ စာတမ်း ပါသော ထိုးနယား ဒင်္ဂါးများကိုလည်း သွန်းလုပ် သေးသည်။

မင်းတုန်းမင်းသည် ဒင်္ဂါးအတတ်ပညာသင်ယူရန် ပညာတော်သင်များကလည်း ပြင်သစ်နိုင်ငံသို့ စေလွှတ်သေး၏။
ထို့နောက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွား၍ အင်္ဂလိပ်တို့ သိမ်းပိုက် ပြီးနောက် ဒင်္ဂါးစက်ရုံရှိ ငွေဒင်္ဂါး ခုနှစ်ပုံများကို လို ချင်သူတို့ ကောက်ငင်ကာ ဆွဲယူသွားကြသဖြင့် ကစဥ့်ကလျား ဖြစ်သွားလေသည်။ ထို့နောက် ဒေါင်း ဒင်္ဂါးများကို တရားဝင်ငွေအဖြစ် ၁၈၉၂ ခုနှစ်အထိ ဆက်လက်သုံးခွင့် ပြုထားသော အခါမှ မဟာဝန် ရှင်တော်မင်းကြီးသည် ဒေါင်းဒင်္ဂါး ညှပ်ပုံများကို သတိရ၍ စစ်ကြောသိမ်းဆည်းရန် သက်ဆိုင်ရာတို့ သို့ ဆင့်ဆို လေသည်။ စစ်သုံ့ပန်းပစ္စည်းများ ထုခွဲ ရောင်းချရေး တာဝန်ခံ လက်ဖနင်ကာနယ် ဒဗလျူဘီ ဘတ်ဂျင်၏ အစီရင်ခံစာ အရသော် ဒေါင်းဒင်္ဂါးကျပ်သုံးနှင့် ငါးမူးသုံးညှပ်ပုံပေါင်း (၇၆) ခုကို အခြားသိမ်းရ ပစ္စည်းများနှင့်အတူ နန်းတော် အတွင်းတွင်ပင် လေလံတင်ရောင်းချလိုက်ကြောင်း ကျသုံးဒင်္ဂါးညှပ် ပုံပေါင်း ၁ဝ ခုစီပါသော သေတ္တာ ၁၅ လုံးကို ဗြိတိသျှ စစ်တပ်မှ အရာရှိကြီးများက ဝယ်ယူသွားကြကြောင်း၊ထို့ပြင်သရက်မြို့ရှိ အရာရှိ ကြီးများ ထံသို့လည်း ညှပ်ပုံတစ်သေတ္တာ ရောင်း လိုက်ကြောင်း သိရပါသည်။ယင်းသို့ အများသူ တကာ လက်သို့ ပျံ့နှံ့ ရောက်ရှိသွားသော ညှပ်ပုံ တို့မှာ မည်ရွှေ့မည်မျှ ရှိလေ သည်ဟူ၍ တိတိကျကျ သိရှိနိုင်ရန်လည်းကောင်း၊ ပြန်လည် သိမ်းဆည်းရန်လည်းကောင်း မဖြစ်နိုင်တော့ ကြောင်း မဟာဝန်ရှင်တော်မင်းကြီးက မှတ်ချက
်ရေးသားထားပါသည်။

ယင်းနောက်ဒင်္ဂါးစက်ရုံကိုနန်းမြို့တွင်းရှိ သေနတ် စက်ရုံနှင့်အတူ စတာလင်ငွေပေါင်း ၂၄ဝ တန်ဖိုး ဖြတ် ၍ အဖိုးငွေ ၁ဝဝဝ ကျပ်နှင့် ရောင်းရန်ကြေ ညာ လေသည်။ မည်သို့မည်ပုံ အရောင်းအဝယ် ဖြစ် သည်။ သို့တည်းမဟုတ် မည်သို့ ထုခွဲ ရှင်းလင်း လိုက်သည်ကို အတိအကျ အထောက်အထား မတွေ့ရသေးပေ။
ဗြိတိသျှခေတ် မြန်မာနိုင်ငံဒင်္ဂါးများကိုမူကား အင်္ဂလန်ပြည်တွင် သွန်းလုပ်လေသည်။ မြန်မာနိုင်ငံ အား အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ် အုပ်ချုပစဉ်က မြန်မာနိုင်ငံသုံး ဒင်္ဂါးများ သည် အိန္ဒိယနိုင်ငံသုံး ဒင်္ဂါးများသာ ဖြစ်သည်။ ဗြိတိသျှတို့ လက်ထက်၌ ထုတ်ဝေခဲ့သော ဒင်္ဂါးများ တွင် တစ်ဖက်၌ ဗြိတိသျှအင်ပါယာ အရှင်ဘုရင်၊ ဘုရင်မများ၏ပုံများနှင့်ထိုပုံများနှင့် ထိုပုံများ အောက်တွင် ဒင်္ဂါးထုတ်ဝေသောခုနှစ် ပါရှိ၍ အခြား တစ်ဖက် တွင် ဒင်္ဂါး၏တန်ဖိုးကို အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားသည်။ နိုင်ငံတိုင်းလိုလို၌ပင် သက်ဆိုင်ရာ တံဆိပ်များ ခတ်နှိပ်၍ ကြေး၊ ငွေ၊ ရွှေ ၊နစ်ကယ်စသော သတ္ထုများဖြင့် ဒင်္ဂါးများ သွန်းလုပ် အသုံးပြုကြသည်။

လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသုံး ဒင်္ဂါးများ တွင် တစ်ဖက်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသော စာတမ်းနှင့် ခြသေ့င်္ထိုင်နေဟန် ပါရှိ၏။ ယင်းခေတ်မှ ဒင်္ဂါးထုတ်ဝေသော နှစ်ကို ရေးထိုး ထား၏။ အခြားတစ်ဖက်တွင် ကနုတ်ပန်းခွေနှင့် ပန်းခွေအကြားတွင် ဒင်္ဂါး၏ တန်ဖိုးကို ရေးထိုးထား ၏ မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ကိုလည်း ကျပ်၊ ပဲ ၊ ပိုင်စနစ်မှ ကျပ်ကြား စနစ်သို့ ပြောင်းလဲလိုက်ရာ ကျပ်ဒင်္ဂါးမှာ မပြောင်းလဲသော်လည်း ပဲပိုင် စေ့ များ ကို မသုံးတော့ဘဲ ပြား ၅ဝ၊ ပြားအစိတ်၊ ဆယ်ပြား၊ ငါးပြားနှင့် တစ်ပြားစေ့များကို ခြင်္သေ့ရုပ်များဖြင့်ပင် သွန်းလုပ်ခဲ့လေသည်။

လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၅ ခု၊ မေလ ၂၄ ရက် နေ့အထိ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လည် ပတ် သုံးစွဲရန် ထုတ်ဝေထားသော ငွေဒင်္ဂါးနှင့် ငွေ အကြွေများ၏ တန်ဖိုးမှာ ကျပ်ငွေ ၇ ဒသမ ၄ ကုဋေ တန်ဖိုးခန့် ရှိသည်။ သို့သော်လည်း မသမာသူများ၏ စုဆောင်းမှုကြောင့် လုပ်သားပြည်သူများမှာ ငွေဒင်္ဂါး နှင့် ငွေအကြွေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရ သည်။
ထို့နောက် တော်လှန်ရေး အစိုးရသည် ပြည်သူတို့ အတွက်ကို ပြဿနာ ပြေလည်စေရန် ၁၉၆၆ ခု၊ အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ တစ်ပြား၊ ငါးပြား၊ ၁ဝ ပြား၊ ၂၅ ပြား၊ ပြား ၅ဝ တန်ငွေ အကြွေ ဒင်္ဂါး ငါးမျိုးကို ပုံစံသစ်ဖြင့် ထပ်မံ ထုတ်ဝေပေးခဲ့ သည်။ မူလငွေဒင်္ဂါး ငွေအကြွေများကိုလည်း မူလ တန်ဖိုး အတိုင်း ဆက်လက် သုံးစွဲခွင့် ပြုထားသည်။ ကျပ်ဒင်္ဂါးပြားကိုမူ ထပ်မံထုတ်ဝေခြင်း မပြုတော့ ပေ။
တော်လှန်ရေးအစိုးရ ထုတ်ဝေခဲ့သော ငွေအကြွေ သစ်များမှာ ယခင်ကကဲ့သို့ သံသတ္ထုဖြင့် ပြုလုပ် ထားခြင်း မပြုဘဲ ပေါ့ပါးသည့် သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ အလွန်ပေါ့ပါးပြီး အဖြူရောင် ရှိသည်။ ထို့ကြောင့် ယခင်က အကြွေများကို အလေးစေ့ ယခုအကြွေးများကို အပေါ့စေ့ဟု သတ် မှတ်ကြသည်။ အရွယ်အစားအားဖြင့် မူလအကြွေ များထက် ယောင်ယောင်သေး၍ အနည်းငယ် ပို၍ ပါးသည်။ ပုံသဏ္ဍာန်မှာ ရုပ်ပုံနှင့် စာလုံးမှအပ ယခင် အတိုင်း ငါးမူးပြားဆိုလျှင် အ၀ိုင်းထောင့် စိတ်များ ဖြင့်လည်းကောင်း၊ မတ်စေ့ဆိုလျှင် ခြောက်ထောင့်၊ ဆယ်ပြားစေ့ဆိုလျှင်လေးထောင့်၊ ငါးပြားစေ့ဆိုလျှင် ၁၂ ထောင့်နှင့် တစ်ပြားစေ့ ဆိုလျှင် အ၀ိုင်းသဏ္ဌာန် ရှိသည်။

ယင်းဒင်္ဂါးများတွင် ထည့်သွင်းခတ်နှိပ်ထားသော ရုပ်ပုံမှာ ယခင်ကငွေအကြွေဒဂါးများကဲ့သို့ ခြင်္သေ့ ထိုင်လျက်ပုံ မဟုတ်တော့ဘဲ ပြည်ထောင်စု မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ကိုယ်တစ်ပိုင်းပုံ ဖြစ်သည်။
ဗိုလ်ချုပ်ပုံကို ဝိုက်လျက် အထက်ဘက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်” ဟူသော မြန်မာစာလုံး စာဝိုက်နှင့် အောက်ဘက် တွင် ဒင်္ဂါးပြားများ ထုတ်ဝေသည့်နှစ်ကို မြန်မာ သက္ကရာဇ်ဖြင့် “သက္ကရာဇ် ၁၃၂၈ ခုနှစ်” ဟူသော စာကော့စာဝိုက်များ ပါရှိသည်။ အပေါ်စာကုံးနှင့် အောက်စာကော့တို့အကြား နှစ်ဖက်လုံးမှာပင် ငါးထောင့်ကြယ်တစ်လုံးစီ ခံထားကာ ခြားထား သည်။ ဗိုလ်ချုပ် ရုပ်ပုံမှာ တော်လှန်ရေးခေတ်က ရိုက်ကူးထားသော ဆံပင်ရှည်နှင့် ကိုယ်တစ်ပိုင်း ဘေးစောင်းပုံဖြစ်ပြီး လက်ဝဲဘက်သို့ မျက်နှာမူ လျက် ရှိသည်။ ဒင်္ဂါးပြား၏ အခြားမျက်နှာ တစ်ဖက် တွင် ကနုတ်ပန်းထောင့် နှစ်ခုကို ၀ိုက်ထားပြီး ပန်းခွေ အတွင်း၌ ဒင်္ဂါးတန်ဖိုးကို လည်းကောင်း၊ အောက်ဘက်တွင် ထုတ်ဝေသည့် ခရစ်နှစ် “၁၉၆၆” ကို လည်းကောင်း ရေးထိုး ပါရှိသည်။

ထူးခြားချက်မှာ ဒင်္ဂါး၏ တန်ဖိုးကို ဖော်ပြရာ၌ မောက်ချစာလုံးဖြင့် ဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ ပုံစံအားဖြင့် ခြင်္သေ့ရုပ်ပုံပါ အကြွေဒင်္ဂါးများတွင် ဆယ်ပြားစေ့၌ “၁ဝါးပြား” ဟု ဖော်ပြလေ့ ရှိသော် လည်း ယခုအကြွေသည် ဒင်္ဂါးများတွင် “၁ဝ ပြား” ဟု သာ ဖော်ပြထားခြင်း ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော် အစိုးရခေတ်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံဘဏ်မှ တစ်ကျပ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၆ ခု၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ပြား ငါးဆယ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၉ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (အ၀ိုင်းပုံစံ) ပုံစံ သစ်ကို ၁၉၈၁ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် လည်းကောင်း၊ ဆယ်ပြားတန် ငွေအကြွေပုံစံသစ်ကို ၁၉၈၃ခု၊ ဖေဖော်ဝါရီလတွင် လည်းကောင်း ၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (ခြောက်ထောင့် ပုံစံ) ပုံစံသစ်ကို ၁၉၈၆ ခု၊ ဒီဇင်ဘာလ ၁ ရက်နေ့ တွင်လည်းကောင်း ၊ ငါးပြားတန် ငွေအကြွေပုံစံသစ် ကို ၁၉၈၇ ခု၊ ဇွန်လ ၃ဝ ရက်နေ့တွင် လည်းကောင်း ထုတ်ဝေခဲ့ပြန်သည်။

ယခုအခါမြန်မာနိုင်ငံသည်ငွေကြေးဖေါင်းပွမှုကြောင့်ငွေအကြွေစေ့များမဆိုထားဘိ တစ်ကျပ်တန်၊ ငါး ကျပ်တန်၊ တစ်ဆယ်တန်ငွေ စက္ကူများကို ပင် အသုံး မပြုကြတော့ပေ။

စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ – ၅။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၆၁။
၂။ ရွှေကိုင်းသား၊ “မြန်မာ့ဒင်္ဂါးရာဇဝင်” လူထုစာစောင် (လွတ်လပ်ရေးအထူး
ထုတ်)၊ မန္တလေး၊ ကြီးပွားရေး ပုံနှိပ်တိုက်၊ ၁၉၄၈။
၃။ အောင်သော၊်ဦး။ “ပျူဒင်္ဂါးများ” ၊ အမျိုးသားယဉ်ကျေးမှုစာစောင် အတွဲ – ၁၊ ၁၉၆၂။
၎။ နတ်ရှင်၊ဒဂုန်။ ‘ဒင်္ဂါး’ ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၅၄၊ ၁၉၆၄ ၊ ဒီဇင်ဘာ။
၅။ ကြန်၊ဒေါ်။ ‘ရတနာပုံဒင်္ဂါးစက်ရုံ’၊ ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၅၉၊ ၁၉၆၅၊ မေ။
၆။ ကိုဦး၊ သပြေညိုမောင်။ ‘မြန်မာ့ဒင်္ဂါးများ’၊ မဟာသီရီပုံနှိပ်တိုက် (စာပေဗိမာန်)၊ ၁၉၇၄။
၇။ တင်ဝင်း။ ပျူဒင်္ဂါး ၊ငွေတာရီမဂ္ဂဇင်း၊ (၁၉၈၂ ၊ ဒီဇင်ဘာ)
၈။ စံသာအောင်ဦး၊ ရခိုင်ဒင်္ဂါးများ၊ ရန်ကုန်၊ စိတ္တသုခပုံနှိပ်တိုက်၊ ၁၉၇၉၊ ဇွန်။
သန်းဝင်းလှိုင်
(ဤဆောင်းပါးရေးသားရာ၌ လိုအပ်သည့်အချက်အလက်များ ရှာဖွေပေးသော မြန်မာမှု သုတေသီ ဦးမောင်မောင်ကြီး (မန္တလေးအသင်း) အား အထူးကျေးဇူးတင်ရှိပါကြောင်း) ဖော်ပြအပ်ပါသည်။

မြန်မာ့ဒင်္ဂါးသမိုင်း
သန်းဝင်းလှိုင်
ဧပြီ ၁၂၊ ၂၀၁၄

ကျွန်တော်မှတ်ချက်။ ။ ဒီဆောင်းပါးမှာ ပျူတွေဟာ ဒင်္ဂါးကို အဆောင်တန်ဆာအဖြစ် အသုံးပြုခဲ့ဖို့များ တယ်ဆိုတယ်။ ပြီးတော့ ဒင်္ဂါးကို ငွေကြေးအဖြစ် အသုံးပြုခဲ့တဲ့ ရခိုင်တွေက ပျူဒင်္ဂါးကို ယဉ်ကျေးမှု လွှမ်းမိုးခံရတယ်ဆိုတာ ဖြစ်နိုင်ခြေ မရှိဟု သုံးသပ်မိ သည်။ နောက်တစ်ခုက စူလစန္ဒြားမင်းဒင်္ဂါးမှာပါတဲ့ ရက္ခဝဏ္ဏအက္ခရာကို ဗမာစာ ဆိုပြီး ရေးထားတယ်။ ဗမာစာမှာ ရာဇကုမာရ်ကျောက်စာထက် ရှေးကျ သော
#ဗမာစကားဖြင့်ရေးသားသည့် ဗမာစာအရေးသား မရှိသေးတာကြောင့် အဲ့ဒီဒင်္ဂါးပါစာဟာ ရခိုင်စာသာ ဖြစ်ပေသည်။ (မိုးည)

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း၂ဝဝဝ ကျော် မှ စ၍ ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိ စကားလုံး “ဋင်္က မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိ သည်။ “ဘုရင့်တံဆိပ်လကရာရှိသောငွေကြေး” ဟု အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာသည်ဟု ဆိုသည်။
ဒင်္ဂါး ဟူသော ဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ ကဗျာ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အလင်္ကာတစ်ခုတွင် “ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေ တတ်တာမို့ အနုဆေးလို့လဲ ခေါ်လောက်ပါရဲ့” ဟူ၍ တွေ့ရလေသည်။
ထို့ထက် ရှေးကျသော ကဗျာတစ်ခုမှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင် နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားလက်ထက် ‘ရှင်ကုမာရကဿပ’ ရေးသားသော (ဓမ္မရာသီပျို့)တွင် “ဆန်းကြယ်တင့်အပ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြု၍ အကုဋေမျှရာမကသား” ဟု စပ်ဆိုထားသည်ကို တွေ့ရသည်။
ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓါန်အကျဉ်းချုပ် အတွဲ၂ (ဆ-န)၌ “တံဆိပ်ခတ်နှိပ်
၍ အလေးချိန်နှင့် တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေ ငွေ စသည့် သတ္ထုပြား” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိသော ရှေးအကျဆုံး မြန်မာ ဒင်္ဂါးမှာ ပျူမင်းများခေတ်က သုံးစွဲခဲ့သော ပျူဒင်္ဂါးများ ဖြစ်သည်။ ပျူတို့၏ မြို့တော် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကို တွေ့ရှိရသည်။ ၎င်းပျူတို့ သုံးစွဲသည့် ရွှေနှင့်ငွေဒင်္ဂါ
းတို့၏ ပုံသဏ္ဌာန်မှာ လခြမ်းသဏ္ဌာန် ရှိသည်ဟု ထန်ခေတ်တွင် ရေးသားထားသော တရုတ်သမိုင်း၌ ဖေါ်ပြပါရှိလေသည်။ ပျူဒင်္ဂါးသည် ပျူယဉ်ကျေးမှုခေတ်၏ အလှရတနာ တစ်ပါးဖြစ်သည်။ ပျူဒင်္ဂါးသည် ယနေ့ မြန်မာနိုင်ငံ၌သာ မဟုတ် ကမ္ဘာတွင်လည်း တန်ဖိုးကြီးမားလ
ှသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်လေသည်။ ပျူဒင်္ဂါး၏ လှပမှုနှင့် ထူးခြားလှသော သင်္ကေတများမှာ တန်ဖိုးမဖြတ်နိုင်သော လျှို့ဝှက်ချက်မ
ျား ဖြစ်နေ၏။ ပျူဒင်္ဂါး၏ ဝိသေသ လက္ခဏာများကို ယနေ့တိုင် မည်သူမျှ တိကျတပ်အပ်စွာ မပြောနိုင်သေးပေ။
ပျူ ယဉ်ကျေးမှုခေတ်ကား များစွာ ကျယ်ပြန့်လှသည်။ ပျူနှင့် ခေတ်ပြိုင် ဒွာရဝတီနှင့် ရခိုင်ယဉ်ကျေးမှု ခေတ်များတွင်လည်း ပျူယဉ်ကျေးမှု အမှတ်အသားများ ရောနှောနေကြောင်း တွေ့ရှိရသည်။ ဒွာရဝတီဒင်္ဂါးနှင့် ရခိုင်ဒင်္ဂါးတို့တွင် ပျူခေတ်ယဉ်ကျေးမှု အမှတ်အသားများ တွေ့ရှိနေရခြင်းဖြင့် ပျူယဉ်ကျေးမှု၏ သြဇာ ကျယ်ပြန့်လှကြောင်း သိသာနိုင်ပေသည်။ သို့သော် ပျူလူမျိုးတို့သည် ငွေဒင်္ဂါးများကို ငွေကြေးလဲလှယ်ရေး မဏ္ဍိုင်အဖြစ် အသုံးမပြုဘဲ အဆောင်အဖွဲ့သဘောမျိုး အဖြစ်သာ အသုံးပြုခဲ့ဟန် တူပေသည်။
မြန်မာနိုင်ငံ၌ ပျူဒင်္ဂါးနှင့် ပတ်သက်၍ ဗိဿနိုးတွင် နှစ်မျိုး၊ ဟန်လင်းတွင်သုံးမျိုး၊ သရေခေတ္တရာတွင် လေးမျိုး တွေ့ရသည်။ ယင်းမျိုးကွဲများမှ လက္ခဏာများမှာလည်း များပြားလှပေသည်။ ပျူဒင်္ဂါးများတွင် ခရုသင်း၊ သွတ္တိလာ၊ ဥကင်၊ စကြာ၊ ဝရဇိန်၊ ယစ်ပလ္လင်၊ သီရိဝစ္ဆ၊ နေ၊ လသဏ္ဌာန် တက်နေဝန်းနှင့် နက္ခတ် ၂၇ လုံးစီ ပါရှိသည်။ များသောအားဖြင့် အရွယ်အစားမှာ မတ်စေ့မှ ကျပ်ပြားအရွယ်အထိ ရှိသည်။ ခေတ်အားဖြင့်မူ အေဒီ ၄ဝဝ-၅ဝဝ အတွင်း အသုံးပြုခဲ့ပုံရသည်။
ပုဂံခေတ်သုံး ဒင်္ဂါးများကိုမူ ယနေ့တိုင် မတွေ့ရသေးပေ။ ပျူဒင်္ဂါးများရော
က် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော ဒင်္ဂါးမှာ ရခိုင်ဒင်္ဂါးများပင် ဖြစ်သည်။ ရခိုင်ပြည်တွင် ဒင်္ဂါးများကို အသပြာငွေကြေးအဖြစ် အသုံးပြုရန်အတွက
်လည်းကောင်း၊အချုပ်အချာအာဏာပိုင်ဆိုင်မှုကိုဖော်ညွှန်းရန်လည်းကောင်း၊ ခရစ်သက္ကရာဇ် အေဒီ-၄ ရာစု လောက်ကပင်ခတ်နှိပ်သုံးစွဲလာခဲ့ကြသည်။ရခိုင်ဒင်္ဂါ
းများကိုအကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ စာထိုးမထားသော ဒင်္ဂါးနှင့် စာထိုးထားသော ဒင်္ဂါးများပင် ဖြစ်သည်။
လေးရာစုလောက်က ခတ်နှိပ်သည်ဟု မှန်းဆရသော ဒင်္ဂါးများတွင် စာထိုးမထားချေ။ သို့ရာတွင် ယင်းတို့၌ မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိသည်။ ယင်းပုံများသည် ဘုရင်စနစ်နှင့် လျောက်ပတ်ပြီးလျှင် တိုင်းပြည်ဝပြော
သာယာရေးကို ရည်ညွှန်းသောပုံများပင် ဖြစ်သည်။ ယင်းဒင်္ဂါးများမှာ ငွေဒင်္ဂါးများဖြစ
်ပြီး အကြီးအသေး နှစ်မျိုးစလုံး တွေ့ရသည်။
သက္ကရာဇ် အေဒီ - ၅ ရာစုမှ အေဒီ ၁ဝဝဝ အထိ ထုတ်လုပ်အသုံးပြုခဲ့သော ရခိုင်ဒင်္ဂါးများတွင် ရှေ့ဘက်၌ မင်းဆက်၏ တံဆိပ်တော်ဖြစ်သော နွားလား ဥဿဘနှင့် ယင်း၏အထက်၌ သွန်းထုတ်လုပ်သော မင်း၏အမည် ပါရှိသည်။ အသုံးပြုခဲ့သော အက္ခရာများမှာ ဗြဟ္မီပွား အက္ခရာများ ဖြစ်သည်။ ကျောဘက်တွင်မူ ကနဦး ဒင်္ဂါးများတွင် ပါရှိသည့် မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိလေသည်။
ရခိုင်ဒင်္ဂါးများ၏ ရှေ့ဘက်၊ ကျောဘက်များတွင် ပါရှိသည့်ပုံများသည် အေဒီ ၅ရာစု မှ ၁ဝဝဝ အထိ နှစ်ပေါင်းငါးရာတိုင်အောင် အသေးအဖွဲ့ ပြောင်းလဲခြင်းမှအပ ထူးကဲစွာ ပြောင်းလဲခြင်း မရှိဘဲ တည်တန့်ခဲ့သည်။ ယင်းဒင်္ဂါးများသည် ငွေသားဒင်္ဂါးများဖြစ်ပြီး တစ်ကျပ်၊ ငါးမူး၊တစ်မတ်၊ တစ်မူးအရွယ်များအဖြစ် အရွယ်အစား အမျိုးမျိုး ထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်ခဲ့သော စေတီကိုလိုက်၍ ယင်းဒင်္ဂါးများကို ဝေသာလီခေတ် ဒင်္ဂါးများဟု ခေါ်ဝေါ်ကြသည်။
ရခိုင်ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံထုတ်ဒင်္ဂါးများနှင့် အခြေခံအားဖြင့် တူညီသော်လည်း ကိုယ့်တံဆိပ် ကိုယ့်အမှတ်အသားနှင့်ကို သွန်းလောင်း ထုတ်လုပ်ထားကြောင်းကို ယင်းဒင်္ဂါးများနှင့် နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
ရခိုင်ဒင်္ဂါးများတွင် အစောဆုံး သွန်းလုပ်သုံးစွဲခဲ့သော ဒင်္ဂါးမှာ မင်္ဂလာ လက္ခဏာပုံများဖြစ်သော ခရုသင်းတစ်ဖက်၊သီရိဝစ္ဆလက္ခဏတစ်ဖက် ပါရှိသော ဒင်္ဂါးဖြစ်သည်။ သုတေသီ “ဂျွန်စတင်း” (E.H.Johnston)ကသူပြုစုခဲ့သော Some Sanstrit Inscriptions of Arakan စာအုပ်တွင် ရေးသားဖော် ပြထားသည်။
ဝေသာလီဒင်္ဂါးများနောက်၌ အစောဆုံးတွေ့ရသော ရခိုင်ဒင်္ဂါးမှာ စူလမဟာရာဇာ ဒင်္ဂါးပင်ဖြစ်သည်။ ဤဒင်္ဂါးမှစ၍ မင်္ဂလာအမှတ်အသား လက္ခဏာပုံများ မပါတော့ချေ။ ရခိုင်ရာဇဝင်တွင် ဤအမည်ခံယူသော မင်းကို ရှာဖွေရာ၌ ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏ အမည်ကိုသာ တွေ့ရသည်။ ယင်းမင်းမှာ ရာဇဝင်အလိုအရ စူလစန္ဒြားမင်းပင် ဖြစ်သည်။ သက္ကရာဇ် ၉၅၇ အေဒီတွင် တကောင်း၊ ပြည်၊ သင်းတွဲမြို့မှအပြန် မော်တင်စွန်း-နဂ
ါးရစ်အငူတွင် သင်္ဘောပျက်၍ နတ်ရွာစံခဲ့သည်။ အဆိုပါ ဒင်္ဂါး၏် ရှေ့ဘက်တွင် စူလမဟာရာဇာဟူ၍ မြန်မာအက္ခရာဖြင့် ရေးထိုးထားပြီးလျှင် ကျောဘက်တွင် နာဂရီ အက္ခရာဖြင့် ခတ်နှိပ်ထားသည်။ သက္ကရာဇ် ရေးထိုးမထားချေ။
ယင်းနောက် သွန်းလုပ်ခဲ့သည်ဟု မှန်းဆရသော ဒင်္ဂါးမှ လောင်းကြက်ခေတ် (၁၂၅ဝ-၁၄ဝ၄) မင်းထီးဘုရင်လက်ထက်က ယင်းမင်း၏ ဦးရီးတော်အမည်ဖြင့် သက္ကရာဇ်ပါ ရေးထိုး၍ ထုတ်ဝေသော ဒင်္ဂါးဖြစ်သည်။ ရှေ့ဘက်၌ မြန်မာအက္ခရာဖြင့် ၆၆ဝ နရာဓိပတိဦးရီးတော် မဟာနန္တဘယ ဟူ၍ ခတ်နှိပ်ထားပြီးလျှင် ကျောဘက်တွင် နဂရီအက္ခရာဖြင့် စာခတ်နှိပ်ထားရှိသည်။ လောင်းကြက်ခေတ်တွင် နာမည်ကျော်ကြားဆုံးမင်းမှ မင်းထီးဘုရင်ပင် ဖြစ်သည်။
လောင်းကြက်ခေတ်၏ နောက်ဆုံးမင်းမှာ နရမိတ်လှခေါ် မင်းစောမွန်ဖြစ်သည်။ ယင်းမင်းသည် မင်းထီးဘုရင်၏ မြစ်ပင်ဖြစ်သည်။ မင်းစောမွန်သည် မြောက်ဦးခေတ်မင်းဆက်၏ ပထမဆုံးသော မင်းလည်း ဖြစ်သည်။
မြောက်ဦးမင်းဆက်ခေတ်သည် ခရစ်သက္ကရာဇ် ၁၄၃ဝ မှ ၁၇၈၄ ခုနှစ်အထိ နှစ်ပေါင်း ၂၅၄ နှစ် ရှည်ကြာခဲ့သည်။ မြောက်ဦးမင်းဆက်ပေါင်း ၄၈ ဆက် ရှိသည်။ မြောက်ဦးမင်းဆက်၏ နောက်ဆုံးမင်းမှာ မဟာသမ္မတရာဇာ ခေါ် အဂ္ဂေါပုညာဇောရာဇာ ဖြစ်သည်။
မြောက်ဦးခေတ် စောစောပိုင်းက သုံးစွဲခဲ့သော ဒင်္ဂါးများတွင် ကူဖစ်(Kufic) ဗျည်းသို့မဟုတ် လက်ရေးကွန့်ထားသော ပါရှန်ဗျည်းများဖြင့် ရေးထိုးထားသည့် ကလီမာတစ်ဖက်ပါ ဒင်္ဂါး (၇) မျိုးကို တွေ့ရသည်။ မြောက်ဦးခေတ်ဒင်္ဂါးများတွင် သက္ကရာဇ်များ ရေးထိုးထားသော်လည်း ဖတ်ရူနိုင်ရန် ယင်းခေတ်သုံး ဂဏန်းများကို သိရန် လိုအပ်သည်။ မြောက်ဦးဒင်္ဂါးများမှာ အရွယ်အားဖြင့် ၂ဒသမ ၈ စင်တီမီတာမှ ၃ စင်တီမီတာအချင်းထိ ရှိ၍ အလေးချိန်အားဖြင့် ၁၀ ဂရမ်ဝန်းကျင်တွင် တစ်မျိုးနှင့် ၇ ဒသမ ၅ ဂရမ် ၀န်းကျင်တွင် တစ်မျိုး တွေ့ရသည်။ ကျပ်ပြည့်ဒင်္ဂါးများမှာ အရွယ်အားဖြင့် အချင်း ၃ စင်တီမီတာ နှင့် အလေးချိန် ၁၀ ဂရမ် ရှိသည်။
ရှေးခေတ် ရခိုင်ဒင်္ဂါးများသည် ကျောက်စာပါ မင်းများ၏ အမည်များကို အတည်ပြုပေးသည်သာမက ပံ့ပိုးမှုလည်း ပေးသည်။ ရခိုင်သမိုင်းအတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားများကိုလည်း ပေးသည်။
ရခိုင်ဒင်္ဂါးများနှင့် မရှေးမနှောင်းမှာပင် ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် မြန်မာသက္ကရာဇ် ၉ဝဝ ကျော် (ခရစ်နှစ် ၁၅၄ဝ ခန့်) တွင်မွန်ခဲဒင်္ဂါး
များ ပေါ်ခဲ့သည်။ မွန်ဒင်္ဂါးများကို ဟံသာဝတီဒင်္ဂါး ဟုလည်း ခေါ်ဆိုကြသည်။ ယင်းဒင်္ဂါးများတွင် ဟံသာဝတီ၏ အမှတ်အသားဖြစ်သော ဟင်္သာရုပ်ကို ခတ်နှိပ်ထားသည်။
‘ဆာအာသာပီဖယ်ယာ’၏ Coins of Arakan ,Pegu, and Burma “ရခိုင် ၊ပဲခူးနှင့် မြန်မာပြည်မှ ဒင်္ဂါးများ အကြောင်း” စာအုပ်၌ ပဲခူးအနီး စစ်တောင်းအရပ်မှ ခရုသင်းနှင့် ဥကင်ပုံ၊ သို့မဟုတ် ဘီးတပ်ရထား ပုံပါသော ဒင်္ဂါးဟောင်းများ တွေ့ရှိရကြောင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းအပြင် တနင်္သာရီ နယ်ဘက်မှလည်း သံဖြူနှင့်ခဲစပ်၍ ပြုလုပ်ထားသော ထိုးတံဆိပ် ဒင်္ဂါးဟောင်းများကို တွေ့ရှိရသည်ဟု ဖော်ပြသည်။ ထို ထိုးတံဆိပ် ဒင်္ဂါး၏ ကျောဘက်တွင် (ဟောသူခံတာဂရံ) ဟူသော ပါဠိဘာသာပါရှိ၏။ ပါဠိကို ဖယ်ယာက ငြိမ်းချမ်း၍ သုခအပေါင်းနှင့် ပြည့်စုံသော ဌာန ဟု အဓိပ္ပာယ် ပြန်ဆိုထားသည်။
ညောင်ရမ်းမင်းဆက်များ လက်ထက်တွင် ဒင်္ဂါးသုံးစွဲကြောင်း မှတ်သားရသော်လည်
း ပုံသဏ္ဌာန် အနေအထားကိုမူ အမှတ်အသား မရှိချေ။ ကုန်းဘောင်မင်းဆ
က်ဖြစ်သော ဘိုးတော်ဘုရားလက်ထက် မြန်မာ သက္ကရာဇ် ၁၁၄ဝ ကျော် မြန်မာဒင်္ဂါးများ ပေါ်ပေါက်ခဲ့သည်။
ဘိုးတော်ဘုရားသည် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ် ကပ္ပတိန်ကော့ ယူဆောင်လာသော ဒင်္ဂါးများကို သွန်းလုပ်စေသည်။ ထို့နောက် အင်္ဂလန်ပြည်မှ ဆက်သသော ဒင်္ဂါးသွန်းစက်ဖြင့် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် နယုန်လဆုတ် တစ်ရက်နေ့မှစ၍ အမရပူရ ရွှေမြို့တော်၌ စတင် သွန်းလုပ်သည်။ ဘိုးတော်ဘုရားလက်ထက်၌ သွန်းလုပ်သော ဒင်္ဂါးများအနက် ငွေဖြင့် သွန်းသော ဒင်္ဂါးမှာ တစ်ဖက်တွင် ဘိုးတော်ဘုရား နံတော်သင့် တနင်္လာကျားရုပ် သဏ္ဌာန်ပါရှိ၍ တစ်ဖက်တွင် ၁၁၄၆ ခု အမရပူရ ဆင်ဖြူများရှင်နိုင်ငံ ဟုစာတမ်းထိုးထားသည်။ ကြေးဖြင့်သွန်းသော ဒင်္ဂါးများမှာ တစ်ဖက်တွင် နံတော်သင့် တနင်္လာက၀ဂ် အဆုံး ၆ အနား ပတ်လည်ကိုထူ၍ ငါးရုပ်ဖိုမနှစ်
ကောင် သဏ္ဌာန်ပါရှိပြီးလျှင် အနားပတ်လည်၌ ဗိန္ဓုပြောက်များနှင့် တကွ တစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော နှစ်ကို အစွဲပြု၍ ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက် ဟူသော စာတမ်းပါရှိလေသည်။ ထိုကြေးဒင်္ဂါးမျာ
းကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် နှစ်ပေါင်း ၂၈ နှစ်သာ သုံးစွဲသည်။ ယင်းဒင်္ဂါးနှစ်မျိုးကို အမရပူရခေတ် ဒင်္ဂါး ဟု ခေါ်ဆိုကြသည်။ ယင်း ဒင်္ဂါး၂ မျိုးအပြင် ရွှေပြည်စိုး တံဆိပ်တော် ငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါးများလည်း သုံးစွဲခဲ့သေးသည်။ ဘိုးတော်ဘုရားလက်ထက် ဒင်္ဂါးများမှာ တစ်ကျပ်သုံး၊ ငါးမူးသုံး၊ တစ်မတ်သုံး ၊ တစ်မူးသုံး ဟူ၍ ရှိလေသည်။ ဘိုးတော်ဘုရားလက
်ထက်တွင် မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး ၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးဟူ၍ ဒင်္ဂါး ၄ မျိုး ရှိသည်။
ရွှေဘိုမင်းတရားလက်ထက်တွင် သွန်းလုပ်သော ငွေဒင်္ဂါးများမှာ တစ်ဖက်က လဝန်းနှင့် ယုန်ရုပ်၊ တစ်ဖက်က ပဒုမ္မာကြာပန်းပုံကို ရိုက်နှိပ်ထားသည်။
ပုဂံမင်းလက်ထက်ထုတ် ဒင်္ဂါးများမှာ မူ တစ်ဖက်တွင် ရွှေပြည်စိုးတံဆိပ် ခတ်နှိပ်၍ တစ်ဖက်တွင် သာသနာနှစ် ၂၃၉၀ ဟု ရေးထိုးထားသည်။
မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ရုံကို မန္တလေးနေပြည်တော် နန်းမြို့တော်အတွင်း ဗဟိုရ်စင် မြောက်ဘက်၌ ဆောက်လုပ်၍ မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက်နေ့တွင် ဒင်္ဂါးသွန်းစက်ရုံကို ဖွင့်လှစ်ကာ ဒင်္ဂါးများကို စတင် သွန်းလုပ်ခဲ့လေသည်။
ယင်းဒင်္ဂါးစက်ရုံမှ ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူနှင့် ခဲဒင်္ဂါးများ ထုတ်လုပ်ခဲ့ရာ ဒေါင်းတံဆိပ်ကျပ်သုံး ငွေဒင်္ဂါးများကို မင်းတုန်းမင်း နန်းတက်သက္ကရာဇ် ၁၂၁၄ ခုနှစ်၌ ခတ်နှိပ်၍ ထုတ်လုပ်ခဲ့သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက် ယင်းစက်ရုံမှ ထုတ်လုပ်ခဲ့သော ဒင်္ဂါးများ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၂၈ သန်းကျော် ခန့် ရှိလေသည်။
မင်းတုန်းမင်း လက်ထက်က ငွေသားဖြင့် သွန်းလုပ်ခဲ့သော ဒင်္ဂါးများမှ တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ ပေါင်း ငါးမျိုး ရှိသည်။ ငွေဒင်္ဂါးများတွင် တစ်ဖက်၌ တံဆိပ်တော်ဟူသော စာတမ်းနှင့် ဒေါင်းရုပ်ပါရှိပြီးလျှင် တစ်ဖက်တွင် ရတနာပုံ နေပြည်တော် ဟူသော စာတမ်းကို ပန်းခွေဖြင့် အနားပတ်လည် ခွေထားသည်။ ပန်းခွေ အကြားတွင် ၁ သုံး ဒင်္ဂါး ၁၂၁၄ ဟူသော စာတမ်း ထည့်သွင်းထားသည်။ ဒေါင်းတံဆိပ်ကြေးဒင်္ဂါးမှာ ဒေါင်းရုပ်အောက်မှ သွန်းသော သက္ကရာဇ် ၁၂၂၇ နှင့် တစ်ဖက်တွင် ရတနာပုံ နေပြည်တော်နှင့် ၁ပဲသုံး ဒင်္ဂါး၏ လေးပုံတစ်ပုံ ဟူသော စာတမ်းပါရှိသည်။
ထိုဒင်္ဂါးများအပြင် ၁၂၂၈ ခုနှစ် ပန်းခွေနှင့် ရတနာပုံနေပြည်တော် စာတမ်း ပါရှိသော ခြင်္သေ့ဒင်္ဂါးများ၊ ယုန်ရုပ်သဏ္ဍာန်အောက်မှ သက္ကရာဇ် ၁၂၃၁ တစ်ဖက်က ကြေးနီဒင်္ဂါးစပ်လေးပုံတစ်ပုံဟူသော စာနှင့်ပန်းပါသော ယုန်ဒင်္ဂါး၊ ထိုးနယားရုပ်နှင့်ထိုးနယားတံဆိပ်တော်ဟူသော စာနှင့် တစ်ဖက်က တစ်မူးသုံး၏ ရှစ်ပုံတစ်ပုံစာတမ်း၊ ယင်းစာတမ်းအောက်မှ ပန်းခွေ၊ ယင်းပန်းခွေအောက်မှ ၁၂၄၀ စာတမ်းပါသော ထိုးနယား ဒင်္ဂါးများကိုလည်း သွန်းလုပ်သေးသည်။
မင်းတုန်းမင်းသည် ဒင်္ဂါးအတတ်ပညာသင်ယူရန် ပညာတော်သင်များက
ိုလည်း ပြင်သစ်နိုင်ငံသို့ စေလွှတ်သေး၏။
ထို့နောက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွား၍ အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ဒင်္ဂါးစက်ရုံရှိ ငွေဒင်္ဂါး ခုနှစ်ပုံများကို လိုချင်သူတို့ ကောက်ငင်ကာ ဆွဲယူသွားကြသဖြင့် ကစဥ့်ကလျား ဖြစ်သွားလေသည်။ ထို့နောက် ဒေါင်းဒင်္ဂါးများကို တရားဝင်ငွေအဖြစ် ၁၈၉၂ ခုနှစ်အထိ ဆက်လက်သုံးခွင့် ပြုထားသော အခါမှ မဟာဝန်ရှင်တော်မ
င်းကြီးသည် ဒေါင်းဒင်္ဂါး ညှပ်ပုံများကို သတိရ၍ စစ်ကြောသိမ်းဆည်းရန် သက်ဆိုင်ရာတို့သို့ ဆင့်ဆိုလေသည်။ စစ်သုံ့ပန်းပစ္စည်းများ ထုခွဲရောင်းချရေး တာဝန်ခံ လက်ဖနင်ကာနယ်ဒဗလျူဘီ ဘတ်ဂျင်၏ အစီရင်ခံစာအရသော် ဒေါင်းဒင်္ဂါးကျပ်သုံးနှင့် ငါးမူးသုံးညှပ်ပုံပေါင်း (၇၆) ခုကို အခြားသိမ်းရ ပစ္စည်းများနှင့်
အတူ နန်းတော်အတွင်းတွင်ပင် လေလံတင်ရောင်းချလိုက်ကြောင်း ကျသုံးဒင်္ဂါးညှပ်
ပုံပေါင်း ၁ဝ ခုစီပါသော သေတ္တာ ၁၅ လုံးကို ဗြိတိသျှ စစ်တပ်မှ အရာရှိကြီးများက ဝယ်ယူသွားကြကြောင်း၊ထို့ပြင်သရက်မြို့ရှိ အရာရှိကြီးများထံသို့လည်း ညှပ်ပုံတစ်သေတ္တာ ရောင်းလိုက်ကြောင်း သိရပါသည်။ယင်းသို့ အများသူတကာလက်သို့ ပျံ့နှံ့ရောက်ရှိသွားသောညှပ်ပုံတို့မှာမည်ရွှေ့မည်မျှ ရှိလေ သည်ဟူ၍တိတိကျကျ သိရှိနိုင်ရန်လည်းကောင်း၊ ပြန်လည်သိမ်းဆည်
းရန်လည်းကောင်း မဖြစ်နိုင်တော့ကြောင်း မဟာဝန်ရှင်တော်မင်းကြီးကမှတ်ချက
်ရေးသားထားပါသည်။ယင်းနောက်ဒင်္ဂါးစက်ရုံကိုနန်းမြို့တွင်းရှိ သေနတ် စက်ရုံနှင့်အတူ စတာလင်ငွေပေါင်း ၂၄ဝ တန်ဖိုးဖြတ်၍ အဖိုးငွေ ၁ဝဝဝ ကျပ်နှင့် ရောင်းရန်ကြေညာလေသည်။ မည်သို့မည်ပုံ အရောင်းအဝယ်ဖြစ်သည်။ သို့တည်းမဟုတ် မည်သို့ ထုခွဲရှင်းလင်းလိုက်သည်ကို အတိအကျ အထောက်အထား မတွေ့ရသေးပေ။
ဗြိတိသျှခေတ် မြန်မာနိုင်ငံဒင်္ဂါးများကိုမူကား အင်္ဂလန်ပြည်တွင် သွန်းလုပ်လေသည်။ မြန်မာနိုင်ငံအား အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်အုပ်ချုပ
်စဉ်က မြန်မာနိုင်ငံသုံး ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံသုံး ဒင်္ဂါးများသာ ဖြစ်သည်။ ဗြိတိသျှတို့လက်ထက်၌ ထုတ်ဝေခဲ့သော ဒင်္ဂါးများတွင် တစ်ဖက်၌ ဗြိတိသျှအင်ပါယာ အရှင်ဘုရင်၊ဘုရင်မများ၏ပုံများနှင့်ထိုပုံများနှင့်ထိုပုံများေ
အာက်တွင်ဒင်္ဂါးထုတ်ဝေသောနှစ်ပါရှိ၍ အခြားတစ်ဖက် တွင် ဒင်္ဂါး၏တန်ဖိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ နိုင်ငံတိုင်းလိုလို၌ပင် သက်ဆိုင်ရာ တံဆိပ်များ ခတ်နှိပ်၍ ကြေး၊ ငွေ၊ ရွှေ ၊နစ်ကယ်စသော သတ္ထုများဖြင့် ဒင်္ဂါးများ သွန်းလုပ် အသုံးပြုကြသည်။
လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသုံး ဒင်္ဂါးများတွင် တစ်ဖက်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသော စာတမ်းနှင့် ခြသေ့င်္ထိုင်နေဟန် ပါရှိ၏။ ယင်းခေတ်မှ ဒင်္ဂါးထုတ်ဝေသော နှစ်ကို ရေးထိုးထား၏။ အခြားတစ်ဖက်တွင် ကနုတ်ပန်းခွေနှင့် ပန်းခွေအကြားတွင် ဒင်္ဂါး၏ တန်ဖိုးကို ရေးထိုးထား၏ မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ကိုလည်း ကျပ်၊ ပဲ ၊ ပိုင်စနစ်မှ ကျပ်ကြား စနစ်သို့ ပြောင်းလဲလိုက်ရာ ကျပ်ဒင်္ဂါးမှာ မပြောင်းလဲသော်လ
ည်း ပဲပိုင်စေ့များကို မသုံးတော့ဘဲ ပြား ၅ဝ၊ ပြားအစိတ်၊ ဆယ်ပြား၊ ငါးပြားနှင့် တစ်ပြားစေ့များကို ခြင်္သေ့ရုပ်များဖြင့်ပင် သွန်းလုပ်ခဲ့လေသည်။
လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၅ ခု၊ မေလ ၂၄ ရက် နေ့အထိ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွရန် ထုတ်ဝေထားသော ငွေဒင်္ဂါးနှင့် ငွေအကြွေများ၏ တန်ဖိုးမှာ ကျပ်ငွေ ၇ ဒသမ ၄ ကုဋေ တန်ဖိုးခန့် ရှိသည်။ သို့သော်လည်း မသမာသူများ၏ စုဆောင်းမှုကြောင့် လုပ်သားပြည်သူများမှာ ငွေဒင်္ဂါးနှင့် ငွေအကြွေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့နောက် တော်လှန်ရေး အစိုးရသည် ပြည်သူတို့အတွက်
ကို ပြဿနာ ပြေလည်စေရန် ၁၉၆၆ ခု၊ အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ တစ်ပြား၊ ငါးပြား၊ ၁ဝ ပြား၊ ၂၅ ပြား၊ ပြား ၅ဝ တန်ငွေ အကြွေဒင်္ဂါး ငါးမျိုးကို ပုံစံသစ်ဖြင့် ထပ်မံထုတ်ဝေပေးခဲ့သည်။ မူလငွေဒင်္ဂါး ငွေအကြွေများကိုလည်း မူလတန်ဖိုးအတိုင်း ဆက်လက်သုံးစွဲခွင့် ပြုထားသည်။ ကျပ်ဒင်္ဂါးပြားကိုမူ ထပ်မံထုတ်ဝေခြင်း မပြုတော့ပေ။
တော်လှန်ရေးအစိုးရ ထုတ်ဝေခဲ့သော ငွေအကြွေသစ်များမှာ ယခင်ကကဲ့သို့ သံသတ္ထုဖြင့် ပြုလုပ်ထားခြင်း မပြုဘဲ ပေါ့ပါးသည့် သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ အလွန်ပေါ့ပါးပြီး အဖြူရောင် ရှိသည်။ ထို့ကြောင့် ယခင်က အကြွေများကို အလေးစေ့ ယခုအကြွေးများကို အပေါ့စေ့ဟု သတ်မှတ်ကြသည်။ အရွယ်အစားအားဖြင့် မူလအကြွေများထက် ယောင်ယောင်သေး၍ အနည်းငယ် ပို၍ပါးသည်။ ပုံသဏ္ဍာန်မှာ ရုပ်ပုံနှင့် စာလုံးမှအပ ယခင်အတိုင်း ငါးမူးပြားဆိုလျှင် အ၀ိုင်းထောင့်စိတ်များဖြင့်လည်းကောင်း၊ မတ်စေ့ဆိုလျှင် ခြောက်ထောင့်၊ ဆယ်ပြားစေ့ဆိုလျှင်လေးထောင့်၊ ငါးပြားစေ့ဆိုလျှင် ၁၂ ထောင့်နှင့် တစ်ပြားစေ့ဆိုလျှင် အ၀ိုင်းသဏ္ဌာန် ရှိသည်။
ယင်းဒင်္ဂါးများတွင် ထည့်သွင်းခတ်နှိပ်ထားသော ရုပ်ပုံမှာ ယခင်ကငွေအကြွေဒဂ
င်္ါးများကဲ့သို့ ခြင်္သေ့ ထိုင်လျက်ပုံ မဟုတ်တော့ဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တစ်ပိုင်းပုံ ဖြစ်သည်။ ဗိုလ်ချုပ်ပုံကို ဝိုက်လျက် အထက်ဘက်တွင် “ပြည်ထောင်စုမြန
်မာနိုင်ငံတော် ပြည်သူ့ဘဏ်” ဟူသော မြန်မာစာလုံး စာဝိုက်နှင့် အောက်ဘက်တွင် ဒင်္ဂါးပြားများ ထုတ်ဝေသည့်နှစ်ကို မြန်မာသက္ကရာဇ်ဖြင့် “သက္ကရာဇ် ၁၃၂၈ ခုနှစ်” ဟူသော စာကော့စာဝိုက်များ ပါရှိသည်။ အပေါ်စာကုံးနှင့် အောက်စာကော့တို့အကြား နှစ်ဖက်လုံးမှာပင် ငါးထောင့်ကြယ်တစ်လုံးစီ ခံထားကာ ခြားထားသည်။ ဗိုလ်ချုပ် ရုပ်ပုံမှာ တော်လှန်ရေးခေတ်က ရိုက်ကူးထားသော ဆံပင်ရှည်နှင့် ကိုယ်တစ်ပိုင်း ဘေးစောင်းပုံဖြစ်ပြီး လက်ဝဲဘက်သို့ မျက်နှာမူလျက် ရှိသည်။ ဒင်္ဂါးပြား၏ အခြားမျက်နှာတစ်ဖက်တွင် ကနုတ်ပန်းထောင့် နှစ်ခုကို ၀ိုက်ထားပြီး ပန်းခွေအတွင်း၌ ဒင်္ဂါးတန်ဖိုးကိုလည်းကောင်း၊ အောက်ဘက်တွင် ထုတ်ဝေသည့် ခရစ်နှစ် “၁၉၆၆” ကိုလည်းကောင်း ရေးထိုးပါရှိသည်။ ထူးခြားချက်မှာ ဒင်္ဂါး၏ တန်ဖိုးကို ဖော်ပြရာ၌ မောက်ချစာလုံးဖြင့် ဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ ပုံစံအားဖြင့် ခြင်္သေ့ရုပ်ပုံပါ အကြွေဒင်္ဂါးများတွင် ဆယ်ပြားစေ့၌ “၁ဝါးပြား” ဟု ဖော်ပြလေ့ ရှိသော်လည်း ယခုအကြွေသည် ဒင်္ဂါးများတွင် “၁ဝ ပြား” ဟုသာ ဖော်ပြထားခြင်း ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရခေတ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဘဏ်မှ တစ်ကျပ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၆ ခု၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ပြားငါးဆယ်တန် ငွေအကြွေ ပုံစံသစ်ကို ၁၉၇၉ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း၊ နှစ်ဆယ့်ငါးပြား
တန် ငွေအကြွေ (အ၀ိုင်းပုံစံ) ပုံစံသစ်ကို ၁၉၈၁ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဆယ်ပြားတန် ငွေအကြွေပုံစံသစ်ကို ၁၉၈၃ခု၊ ဖေဖော်ဝါရီလတွင် လည်းကောင်း ၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (ခြောက်ထောင့်ပုံစံ) ပုံစံသစ်ကို ၁၉၈၆ ခု၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်းေ
ကာင်း ၊ ငါးပြားတန် ငွေအကြွေပုံစံသစ်ကို ၁၉၈၇ ခု၊ ဇွန်လ ၃ဝ ရက်နေ့တွင် လည်းကောင်း ထုတ်ဝေခဲ့ပြန်သည်။
ယခုအခါမြန်မာနိုင်ငံသည်ငွေကြေးဖေါင်းပွမှုကြောင့်ငွေအကြွေစေ့မျ
ားမဆိုထားဘိတစ်ကျပ်တန်၊ ငါး ကျပ်တန်၊ တစ်ဆယ်တန်ငွေ စက္ကူများကို ပင် အသုံးမပြုကြတော့ပေ။

ဒေါင်းဒင်္ဂါး

မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်း လုပ်။( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ ) သမိုင်းဆရာ တော်တော်များများကဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် လို့ ဆိုပါတယ်။ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေး တယ်။ အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်း ဆရာ ကမှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။ ဒီ ဒင်္ဂါး ကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့ တွေ့ရပါမယ်

သမိုင်းဆရာ တော်တော်များများက ပြောပြောနေ တတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ် တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။ ကုန်းဘောင်ခေတ်သုံး မြန်မာဒင်္ဂါးတွေကို ထိုင်း နိုင်ငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင် မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။

၁၂၂၇ ခု၊ (ခရစ် ၁၈၆၅) တန်ဆောင်မုန်းလ အတွင်း ဆောက်လုပ် ပြီးပြေခဲ့သည်။ x x x
ရတနာပုံ ဒင်္ဂါး စက်ရုံတွင် ၁၂၂၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် (၁၁ နိုဝင်ဘာ ၁၈၆၅)၊ စနေနေ့ နံနက် တချက်တီးကျော် အချိန် အခါ တော်နှင့် ဒင်္ဂါး စတင် ခတ်လုပ် ခဲ့သည်။ ရွှေ ငွေ ကြေးနီ သံဖြူနှင့် ခဲဒင်္ဂါးများ ထုတ်လုပ် ခဲ့ရာ ဒေါင်း တံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်း တက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ်လုပ် သည်။ ၁၈၇ဝ ပြည့်နှစ်တွင် ဒင်္ဂါး စက်ရုံ၏ လုပ်ငန်း မှာ ကောင်းစွာ အောင်မြင်လျက် ရှိပေပြီ။ (မင်းတုန်းမင်း လက်ထက်မှာ ဒေါင်းဒင်္ဂါးတွေ ဘယ် လို ဘယ်ပုံ စထုတ် အသုံးပြုတယ်၊ အင်္ဂလိပ်က ဘယ်ပုံဘယ်နည်း ဇာတ်သိမ်းလိုက်တယ် ဆိုတာ ကို မကြန်က 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' စာအုပ်မှာ အပြည့်အစုံ သုတေသနပြု ထုတ်ဖော် တင်ပြထားပါတယ်။)

June 25, 2009Anonymous said...http://myanmarisp.com/history/kbp/folder_summary_view?b_start:int=50&-C=http://myanmarisp.com/history/kbp/folder_summary_view?b_start:int=40&-C=http://myanmarisp.com/History/Kon_Baung_Period/his0028/http://myanmarisp.com/History/Kon_Baung_Period/kbp0001/================================================================================================

အပေါ်မှာ မြင်နေရတဲ့ စာတွေအားလုံးဟာ ရတနာပုံ ဒင်္ဂါး အကြောင်း အရင်ပိုစ်အဟောင်းကပါ။ အမည်မဖော်လိုသူ တစ်ဦးက ထောက်ပြထားတဲ့ ကွန်မန့် နှင့် သူပေးခဲ့တဲ့ လင့်ခ် တွေကို လည်း တွေ့နိုင်ပါတယ်။သူပေးခဲ့တဲ့ လင့်ခ် အတိုင်းလိုက် ရှာတော့ " မြန်မာ့ သတင်း ဆက်သွယ်ရေး နည်း ပညာအဖွဲ့" ဆိုက်ကိုတွေ့ပါတယ်။ကြိုက်လို့ ကျွန်တော့ ဘလော့ Sources for you မှာ ထည့်ထား ( လင့်ခ်ထား ) ပါတယ်။

" ဒေါင်းတံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်း မင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ် လုပ်သည်" လို့ မကြန်ရဲ့ စာမှာ ဆိုပါတယ်။" အမှန်တိုင်း ဝန်ခံပါတယ်။ မတွေးမိ၊ မဖတ်မိခဲ့ပါ။ ဥရောပသား တစ်ယောက်က ဒီ ရတနာပုံ ဒေါင်း ဒင်္ဂါး ပါခုနှစ် ပြပြီး ကျွန်တော့်ကို မေးတုန်းကတည်း က မဖြေနိုင်ခဲ့ပါ။ အမည်မဖော်လိုသူ ထောက်မပြ ခင် အချိန်အထိ မကြန် ဆိုတဲ့ စာရေးဆရာ ပညာ ရှင်ကို လုံးလုံး မဖတ်ဖူး၊ မကြားဖူး လောက်အောင် ကျွန်တော် အမြင်ကျဉ်း၊ အသိပညာအားနည်းခဲ့ ပါ တယ်။ကျွန်တော်ယုံကြည်တဲ့ မြန်မာလူမျိုး သမိုင်း ပညာရှင် တွေရဲ့ စာတမ်း၊ စာအုပ်တွေကို အလွတ် နီးပါးရအောင် အကြိမ်ကြိမ်ဖတ်ပေမယ့် ကျွန်တော် မသိသေးတဲ့ ပညာရှင်တွေ၊သူတို့ရဲ့ တွေ့ရှိချက် တွေ အများကြီးရှိသေးတယ် ဆိုတာ သင်ခန်းစာ ရပါတယ်။ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။ အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။ ကျေးဇူးတင် ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာပါစေ။

ဘိုးတော် ဗဒုံမင်းလက်ထက် သွင်းလုပ်ခဲ့တဲ့ ဒင်္ဂါး တွေအကြောင်း ရေးပြီးကာမှ ပိုပြီးသေချာတဲ့ အချက်လက်တွေ ရနိုင်ကောင်းပါရဲ့ဆိုပြီး AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာအုပ် ဖတ်ပြီး မှ ပိုစ်အဖြစ်တင်မယ်လို့စိတ်ကူးရတယ်။ စာအုပ် ဖတ်နေတဲ့ အချိန်မှာတော့ Blog ကိုသတိ မရတော့ပါ

စာရေးသူ ဦးသန်းထွန်း (ဒေးဒရဲ) ဟာ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေအကြောင်း ၂၅ နှစ်ကျော် လေ့လာ မှု ပြုခဲ့တယ်လို့ဆိုပါတယ် ။ စာအုပ်ဖြစ်လာဖို့ အချိန်ယူခဲ့တာ ၄ နှစ်ခန့်ဖြစ်တယ်လို့ သိရပါ တယ်။ ရန်ကုန်က မိတ်ဆွေတချို့ ပြောပြချက်အရ စာရေးသူ ဦးသန်းထွန်း(ဒေးဒရဲ) ကို ကွိုင် သန်းထွန်း အဖြစ် လူသိများတယ်လို့ သိရပါတယ်။ သူကိုယ်တိုင် စုဆောင်းထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေဟာ ပြတိုက်တစ်ခု ဖွင့်လို့ရနိုင်တယ်လို့ နိုင်ငံခြားသား တစ်ဦးက ရည်ညွန်းပါတယ်။ အမေရိကန် နိုင်ငံ မီချီကန် ကွိုင်ကလပ် ( Michigan Coin Club ) က ခရစ်ယာန် ဘုန်းတော်ကြီး Neil Sowards, D.D ရဲ့ ဆောင်းပါး မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) မှာ အရိပ်မွတ် ဖော်ပြထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါး စုဆောင်းသူဟာ ဦးသန်းထွန်းဘဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ မြန်မာ ရှေးဟောင်းဒင်္ဂါး သမိုင်းဟာ အခြားနိုင်ငံတွေလို မများ ။ ပျူ ဒင်္ဂါး ၊ မွန် ဒင်္ဂါး၊ ရခိုင် ဒင်္ဂါး တွေရှိမယ်။ ပုဂံခေတ် မှာ ဒင်္ဂါးမသုံး။ ရခိုင် သမိုင်း တလျှောက် မင်းအဆက်ဆက် ဒင်္ဂါးသုံး တာတွေ့ရတယ်။ ဘုရင့်နောင် ခေတ်မှာ ဒင်္ဂါး သုံး သလား ဆိုတာ မသေချာ။ ကုန်းဘောင်ခေတ်မှာမှ ဒင်္ဂါး တွေ ပြန်ထုတ်သုံးတယ်။ သို့သော် ဒင်္ဂါး သမိုင်းကို သေချာတပ်အပ်ပြောဖို့ရာ ခိုင်မာတဲ့ သမိုင်း အထောက်ထား လိုနေဆဲပါ။

သန်းထွန်း ( ဒေးဒရဲ ) ရဲ့ AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR သည်ဒင်္ဂါး သမိုင်း မှာလိုနေတဲ့ အချက်လက် အထောက်ထားတွေ ပေးနိုင်တဲ့ အကောင်းဆုံး သုတေသနပြု စာအုပ်လို့ ပြောချင် ပါတယ်။


ခရုသင်း ပုံပါ ဒင်္ဂါး တွေကို ပျူ ၊ ရခိုင် ၊ မွန် ဒင်္ဂါး စသဖြင့် ပြောကြတယ်။ ကန့်ကွက်စရာမရှိပါ။ သို့သော် အပြည့်ဝ မှန်ပါ၏ လို့ မထောက်ခံ ။ ဒီလို ခရုသင်း၊ အခြားတဘက်တွင် သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေကို မြန်မာနိုင်ငံတွင်းမှာသာ တွေ့ရှိတာမျိုးမဟုတ်ပါ။စစ်တကောင်း (ဘင်္ဂလား) ၊ ရခိုင် ဝေသာလီ ၊ သီရိခေတ္တရာ ( မှော်ဇာ ) ၊ ဟန်လင်း ၊ ပဲခူး ၊ တွံတေး ကွမ်းခြံကုန်း ၊ ထားဝယ် ၊ဒွါရာဝတီ ( ထိုင်း ) ၊ အောတ် အီအို ( Oc - Eo )ကမ္ဘောဒီးယား ကနေ ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံ (Saigon ) မြို့အထိ အရေတွက် အတော်များများ တွေ့ရတယ်။ အေဒီ ၂ရာစု ကနေ ၈ ရာစုနှောင်းပိုင်း အရှေ့တောင် အာရှ ကုန်သွယ် လမ်းမတလျှောက် ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်းအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့တယ် ။ ခန့်မှန်း အေဒီ ၃ ရာစုမတိုင်မှီအထိ ဒီလို ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေဟာ အရှေ့တောင်အာရှ ဝန်းကျင်နိုင်ငံများ၏ ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်း ( ငွေကြေး ) အဖြစ် အစောဆုံး အသုံးပြုခဲ့ တဲ့ ဘုံငွေကြေး လို့ဆိုနိုင်တယ်။၃ ရာစုနောက်ပိုင်းမှာတော့ နေရာ ဒေသ ၊ ကိုးကွယ် ယုံကြည်မှု ၊အုပ်ချုပ်တဲ့ မင်း တွေအပေါ်မှာမူတည်ပြီး အမှတ်တံဆိပ် အသုံးပြုမှု ကွဲပြားသွားတယ်။ ဒင်္ဂါး ခပ်နှိပ် ရာမှာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ အမှတ်တံဆိပ်တွေ ပိုမို ထည့်သွင်းလာသော်လည်းဘဲ ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) အမှတ်တံဆိပ်ကိုတော့ ၁၉ ရာစုနှစ်လယ်အထိ ထည့်သွင်းအသုံးပြုဆဲဖြစ်တာ ကို တွေ့ရတယ်။ ခရုသင်း ( သင်္ခ ) ဆိုတာ ကောင်းမြတ်တဲ့အချိန်ကို ကြေညာရန် ၊ သီရိဝစ္ဆ ဆိုတာ မွန်မြတ် သောအိမ် ကိုရည်ရွယ်တယ် ။ ဗိဿနိုး နတ်မင်းရဲ့ တံဆိပ်လက္ခဏာ ဖြစ်လို့ ဟိန္ဒူ ကိုးကွယ်မှု နှင့်ဆိုင်တယ်။

အမျိုးအစား - သရေခတ္တရာ၊ ပျူ ဒင်္ဂါးပြား အလေးချိန် - ၁၀.၈၀၀ ဂရမ်ပြတိုက်ပစ္စည်း အမှတ် - CM 1981-12-14-2  ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်အချိန်ကာလ - ၈ ရာစုတွေ့ရှိရာနေရာ - မြန်မာ၈ ရာစု နှစ် မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပျူတွေ အုပ်စိုးတယ်။ ဒဂါင်္းသွင်းလုပ် အသုံးပြုတဲ့ ပညာရပ် တွေကို မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင် တွေ က တဆင့် သင်ယူတတ်မြောက်တယ်။
ဒီ ဒဂါင်္း မှာ အိန္ဒိယ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ တွေကိုတွေ့ရပါတယ်။ ဒဂါင်္း ရဲ့အလယ် မှာ " ပလ္လင် " ရှိမယ်။ ပလ္လင်ရဲ့ ထက်၊ အောက် အလယ် ဗဟိုလ်ဖြတ်ပြီး " သရဖူ " နှင့် ချည်နှောင်ထားပါမယ်။ ပလ္လင် ရဲ့အပေါ် နားဆီ မှာတော့ " မီးလျှံ " ငယ်တွေ ကိုတွေ့ရ မယ်။ဒဂါင်္း ရဲ့ တစ်ခြားတစ်ဘက်မှာတော့ " သီရီ နတ်ဘုရား " ရဲ့ အမှတ်လက္ခဏာတွေဖြစ်တဲ့ " ချမ်းသာခြင်း နှင့် ကံကောင်းခြင်း " ဆိုတဲ့ " သီရီဝစ္ဆ " (အိမ်မွန် ) ကိုတွေ့ရမယ်။ အိမ်မွန် ရဲ့အတွင်းထဲမှာ " သီဝနတ် မင်း " ကို ကိုယ်စားပြု " တောင် " လက္ခဏာ ကို တွေ့ရပါမယ်။ ဒီတောင် အမှတ်လက္ခဏာဟာ " ကမ္ဘာ မြေ " ကို ကိုယ်စား ပြုတယ်လို့လည်း ဆို နိုင်တယ်။ တောင်ရဲ့ အောက်ခြေမှာတော့ " သမုဒ္ဒရာ " ကိုယ်စားပြု " ရေလှိုင်း " လက္ခဏာကို တွေ့ရမယ်။ အိမ်မွန် ရဲ့ ဘယ်ဘက်ဘေး မှာ သိကြားမင်း ကိုင်စွဲတဲ့ " ဝရဇိန် " လက်နက် ၊ ညာဘက်မှာတော့ " ဗိသဏိုး နတ်မင်း " ကိုယ်စား ပြု " ခရုသင်း " ကိုတွေ့ရပါမယ်။ ဒါတွေအားလုံးရဲ့ အပေါ်မှာ စက်ဝိုင်းပုံ အမှတ် လက္ခဏာဟာ " လ " ကို ကိုယ်စားပြုပြီး ၊ " ကြယ် " ပုံစံလိုဖြစ်နေတဲ့ အမှတ် လက္ခဏာကတော့ " နေ " ကို ကိုယ်စား ပြုတယ်။ အမှတ် လက္ခဏာ အဓိပ္ပါယ် ဖွင့်ဆိုရာ တွင် အောက်ပါစာ အုပ်များအား ကိုးကား၍ ဖော်ပြ သည်။ J. Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990)J. Williams (ed.), Money: a history (London, The British Museum Press, 1997) ====================================================

ပျူ ဒဂါင်္းတွေကို တချို့ site/ blog တွေမှာ တွေ့ နေရပါတယ်။ ပျူဒဂါင်္း လို့ဆိုကြပေမယ့် ကမ္ဘောဒီးယား " ဖူနန် " သရေသရေခတ္တရာ ကို ဖြတ်ပြီး ရခိုင်ထိရောက်တဲ့ ကုန်သွယ်လမ်းမကြီး တလျှောက် တွေ့ရပါတယ်။ တချို့ ပညာရှင်တွေက ဖူနန်မှာ ဒီလို ဒဂါင်္း မျိုးကို ၃ ရာစုကတည်းက အသုံး ပြုနေပြီ လို့ဆိုတယ်။

ဒေါက်တာ သန်းထွန်းက လည်း ဒီအဆိုကို မငြင်း တာမို့ ထောက်ခံချင်ပုံ ရတယ်။ ရှေးဟောင်း သုတေသန တူးဖော်ရေး ကတော့ ဒဂါင်္း တွေ ထုတ် ရာမှာ အသုံးပြုတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် တူးဖော် ရရှိတယ်

အပေါ်က အဆို ၂ ခုလုံး ထောက်ခံဖို့ရော ၊ ငြင်း ဖို့ရော အထောက်ထား မရသေးပါ။ ရှေးဟောင်း သုတေသန တူးဖော်ရေး က ရရှိထားတဲ့ ရွှင့်စေး (ရွှံ့စေး) ပုံစံခွက် ကိုလေ့လာခွင့်ရရင် အဖြေ ရနိုင် မယ် ထင်ပါတယ်။ သေသေချာချာ ပြောနိုင်တာက ပျူတွေဟာ ကျောက်စစ်တဲ့ ပညာမှာရော ၊ သတ္တု ပုံသွင်း အသုံးပြုတဲ့ ပညာမှာပါ ပုဂံမြန်မာတွေထက် အများကြီး သာလွန်တယ် ဆိုတာပါဘဲ။

###$$

ဒီဒင်္ဂါး ကိုတွေ့ စက အတုလို့ ထင်မိတယ်။ဗြိတိန် ပြတိုက်၊ လန်ဒန် ( British Museum, London ) က သုတေသန လုပ်နေဆဲ ဒင်္ဂါးပါ။ ပြတိုက်က ဒီဒင်္ဂါးပေါ်မှာရေးထားတဲ့ စာကို " နိတိ စန္ဒြ " လို့ လောလောဆယ် မှတ်ချက်ပေးထားပါ တယ်။ တိကျသေချာတယ်လို့တော့ပြောမထားပါ။ မှားနေရင် ထောက်ပြပါလို့တော့ပြောထားတဲ့အတွက် ထောက်ပြဖို့ ကြိုးစားမိပါတယ်။ သေချာတာကို အရင် ပြောရရင် " နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ။ ဒီဒင်္ဂါးပေါ် မှာရေးထားတဲ့ စာက ရှေးဟောင်း ဗြဟ္မီ အက္ခရာပါ ။ " နိတိ စန္ဒြ " ဒင်္ဂါး အစစ် နှင့် နှိုင်းယှဉ်ကြည့်လို့ ရအောင် ပြထားပါတယ်။ဒင်္ဂါး ပေါ်မှာ ရေးထား တဲ့ စာ " နိတိ စန္ဒြ " မဟုတ်ရင် ဘာတွေရေးထား တာ လဲ ၊ ဘယ်သူ့ နာမည်ဖြစ်မလဲ။ နောက်ဆုံး စာလုံး သုံးလုံးကိုဘဲဖတ်နိုင်ပါသေးတယ်။ သိရင်ပြောခဲ့ကြပါဦး။

####!

၉၆၃ဆင်ပြသျှင် နာရဓိပတိ

ဆောလိမ်သျှာအပေါ်ဆုံးစာက ခုနှစ် ၉၆၃ ဖြစ်မယ်။ ၆လို့ထင်ရတဲ့ အလယ်ကစာလုံး က ဖတ်မရ။ ဒင်္ဂါး တစ်ဘက်ခြမ်းက စာတွေက အပေါ်တစ်ခြမ်းက အာရဘီစာ ၊ အောက်တစ်ခြမ်းက သက္ကတစာ ဖြစ် မယ် ထင်ပါတယ်။ မဖတ်တတ်တော့ သိပ်တော့ မသေချာ။ ၉၆၃ ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ( ဆင်ဖြူရှင် နာရဓိပတိ ဆောလှိုင် ရှင် လို့လောလောဆယ် မြန်မာပြန်ချင်ပါတယ် )။ ရခိုင်ပညာရှင်ကြီးတွေဖြစ်တဲ့ ဦးစံသာအောင်၊ ဦးရွှေဇံတို့ရေးသားပြုစုထားတဲ့ စာတွေနှင့် တိုက် ဆိုင်စစ်ဆေးမှု မလုပ်ရသေးပါ။ သေချာတာ တစ်ခုခု တွေ့ရင်ပြောခဲ့ပါ။

######

ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )ရခိုင် ဒင်္ဂါးတွေအကြောင်း စုံစေ့ အောင်ပြောဖို့ရာ အဆင်သင့်မဖြစ်သေးပါ။ စိတ်ဝင် စားစရာ အကောင်းဆုံး အကြောင်းရာတစ်ခုလို့ ထင်ပါတယ်။ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ လက္ခဏာ ပါနေတဲ့ ဒင်္ဂါး နှင့် မပါတော့တဲ့ ဒင်္ဂါးဆိုပြီး အပိုင်းနှစ် ပိုင်း ခွဲရပါလိမ့်မယ်။ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်မှုးတွေအပါဝင် အနောက် တိုင်း ပညာရှင်တချို့ရဲ့ အဆိုက မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ဘင်္ဂလား ဒင်္ဂါးတွေကို အတုယူတယ်၊ ဘင်္ဂလား ဒင်္ဂါးတွေက နီပေါ ဒင်္ဂါး တွေကို အတုယူတယ် ၊ မူရင်းဇစ်မြစ် အိန္ဒိယ။ ဒေါက်တာသန်းထွန်း အပါဝင် မြန်မာ သမိုင်းပညာ ရှင်တို့ရဲ့ အယူဆကတော့ မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ကမ္ဘောဒီးယား ဖူနန် ဒင်္ဂါးတွေ ကို တုယူတယ်လို့ ဆိုတယ်။ ပထမ အယူအဆကို ပိုကြိုက်တယ်။

####

အရင်ပိုစ်တွေမှာ ၁၀၀၄ ( ၁၆၄၂ အေဒီ ) လို့ မှားရေးခဲ့တာကို ပြင်မယ်။ အမှန်က ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရား ၁၀၀၇ ( ၁၆၄၅ အေဒီ) ဖြစ်ပါတယ်။ တချို့ ရာဇဝင်စာအုပ်တွေမှာ ဒီမင်းကို ၁၀၀၄ လို့ ရေးထားတာတွေ့ ရတယ်။ ရခိုင်မင်းတွေဟာ မိမိတို့နန်းတက်တဲ့ ခုနှစ်ကိုသာ ဒင်္ဂါးပြားတွေပေါ်မှာ ခပ်နှိပ်စေပါတယ်။ ဒါကြောင့် ဒင်္ဂါးပေါ်မှာတွေ့ရတဲ့ ခုနှစ်ကို အမှန်လို့ ယူချင်ပါ တယ်။ နောက်ထပ်ပိုပြီး ခိုင်မာစေတာက မင်းဘွဲ့ပါ ရခိုင်ဒင်္ဂါးတွေမှာ မင်းတစ်ပါးတည်းက ခုနှစ် နှစ်မျိုးပါ မူကွဲ ဒင်္ဂါး မတွေ့ရသေးပါ။ နောက်ထပ် မှတ်သား စရာ တစ်ခုက ရခိုင်မင်းတွေရဲ့ ဆင်နီသခင် ဆင်ဖြူ သခင် ဘွဲ့အမည်။ မြန်မာမင်းတွေရဲ့ ဘွဲ့အမည် တွေမှာဖြင့် ဆင်ဖြူရှင်သာရှိပြီး၊ ဆင်နီသခင်လို့မပါ

#####

ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )နောက်ထပ် ထပ်တွေ့ရတဲ့ ရခိုင် ဒင်္ဂါးပါ။ရခိုင်ဘုရင်တွေဟာ နန်းတက်တိုင်း သူတို့ရဲ့ ဘွဲ့အမည်ပါ ဒဂါင်္းတွေ ခပ်နှိပ် ထုတ်လုပ် လေ့ရှိတဲ့အတွက် ရခိုင် ဒင်္ဂါးတစ်ပြားတွေ့တိုင်း ကျောက်စာတစ်ချပ်တွေ့ရသလိုအဖိုးတန်လှတယ်။ ရခိုင်သမိုင်းကို လေ့လာဆဲပါ။ သိပ်မသိပါ။ရခိုင် ဒင်္ဂါးပြားတွေမှာ တွေ့ရတဲ့ ခုနှစ်တွေဟာ တချို့ ရခိုင်ရာဇဝင် စာအုပ်တွေမှာ ရေးထားတွေနှင့် ကွဲလွဲ နေတာမျိုး စတွေ့နေပါပြီ။ ကျွန်တော်ကိုယ်တိုင် အရင်ပိုစ်တွေမှာ မှားခဲ့တဲ့ ခုနှစ်တွေကို ပြင်လိုက် ပါပြီ။ နောက်လည်း ထပ်ပြင်ရင် ပြင်ရပါလိမ့်မယ်။

ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကို ရည်ရွယ်တယ်။ ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ် သေးပါ။ ?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )???ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )?????ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် နာရပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )??????ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )????ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)

#####

၁၀၇၂ (၁၇၁၀ အေဒီ)ရွှေနန်းသခင် စန္ဒဝိဇယရာဇာ ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှူ့ဆိုင်ရာ အမှတ် လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။ ???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။ ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ် သေးပါ။????? နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )???ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )?????ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )??????ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )????ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)ဒီ ဒင်္ဂါးပုံကို ရထားတာကြာပါပြီ။ စာလုံးတချို့ ပျက်နေတဲ့အတွက် ဖတ်ရတာ မသေချာသေးတာရယ် ၊ အတုများဖြစ်နေမလားလို့ သံသယရှိလို့ စစ်ဆေးနေရသေးတာရယ်ကြောင့် မတင်ဖြစ်ဘဲကြာနေတာပါ။စကားလုံးသတ်ပုံ အယူအဆ၊ အဆွဲ ၊ ကောက်ကြောင်း အရ အစစ်လို့ရဲရဲပြောနိုင်ပါပြီ။စိတ်ဝင်စားတဲ့လူများ ပုံရော စာပါ ယူသုံးနိုင်ပါပြီ။

##$#$

ဒီပုံကို ဘလော့တော်တော်များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ရဲ့ မြန်မာပြည် ဒင်္ဂါးရှာ ပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။
မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ် ဆရာ ဖြစ် ဟန်တူပါတယ်။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေ အကြွေစေ့ ) စုစောင်းသူလည်း ဖြစ်တဲ့အလျှောက် မြန်မာပြည်ရောက် တဲ့အခါတိုင်း ဒင်္ဂါးရှာပုံတော် ဖွင့်ပါတယ်။ မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက် ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာဖြစ် တာရယ်ကြောင့် မြန်မာအကြောင်း အတော်အတန် သိပုံရမယ် ထင်ပါတယ်။သူပြောပြလို့ အဲဒိခေတ် အခါက ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင် စားဖွယ် ဖတ်ရပါတယ်။

စာရေးသူ အဆိုအရ သူရောက်ခဲ့တဲ့အချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိတဲ့ မြန်မာပြည် မှာ ဒီလို ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်း နှံ့နှံ့ စပ်စပ်သိတဲ့လူ( လေ့လာစုစောင်းသူ) ၅ ဦးထက် မပိုဘူး လို့ဆိုပါတယ်။

ခုချိန် မျိုးဆစ်သစ် လူငယ်တွေထဲမှာရော ဘယ်နှစ် ယောက် ရှိနိုင်မလဲ မေးလာခဲ့ရင် ဖြေရခက်ပါတယ်။ The people are wonderful and friendly နဲ့အဆုံးသတ်ထားတဲ့ သူ့ဆောင်းပါး၊ အကြောင်းရာနဲ့ အရေးသားကို ကြိုက်ပါတယ်။ ဒါပေမယ့် သူရေးခဲ့တာကို ပြင်စရာ ရှိပါတယ်။ Photo caption:Top left: Kingdom of Pyu lead coin 500-800 AD, bird left.Top right Kingdom of Funan, silver 190-550 AD, rising sun. Center: Srekshetra silver 1/100 unit 750-832 AD unknown symbolBottom Right: Sanda Thudhamma Silver 1652 AD Burmese writing.U. S. Dime is reference as to size.
ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါတယ်။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနဲ့ အစက်ပျောက်တွေ ပုံဖော်ရာမှာသုံးတဲ့ တံဆိပ်တုံး ဖြစ်နိုင်ပါတယ်။တက်သစ်စ (နေ) ပုံပါ ဒင်္ဂါး ကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါတယ်။ သီရိခေတ္တရာ မြို့ ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန် (Shrivetsa) ပုံပါ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ် နိုင်ဖွယ်ရာ ရှိပါတယ်။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျ ပြောလို့မရနိုင်သေးပါ။ အလယ်မှာရှိနေတဲ့ ရွှေ အပိုင်းစကလဲ ဒင်္ဂါး မဟုတ်ပါ။ သီရိခေတ္တရာ မြို့ ဟောင်း ကရတဲ့ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နဲ့ စင်္ကာပူမှာ အတွေ့ရပို များပါတယ်။ လူကြိုက်များပါတယ်။
၁၀၁၄ ( အေဒီ ၁၆၅၂ ) ခုနှစ် ရွှေနန်းသခင် စန္ဒသုဓမ္မာ အမှတ်တံဆိပ်ပါ ဒင်္ဂါးကတော့ ရခိုင်ဒင်္ဂါး ဖြစ်ပါတယ်။မူရင်း ဆောင်းပါးကို အောက်မှာပေး တဲ့ လင့်မှာသွားဖတ်နိုင်ပါတယ်။http://www.michigancoinclub.org/burma.html

#####

ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာတွေ မပါတော့တဲ့ ရခိုင်ဒဂါင်္းများ

ဒီဒဂါင်္းတွေပေါ်မှာ ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ အမှတ် လက္ခဏာတွေ မတွေ့ရတော့ပါ။ မင်းဘွဲ့အမည် တွေကိုသာ ဒီဒဂါင်္းပြားတွေပေါ်မှာ အပြည့် ရေးထိုး စေပါတယ်။ တနည်းပြော ရရင် ခန့်မှန်း ၆ရာစု လောက်ကစပြီး ဗုဒ္ဓဘာသာကိုကိုးကွယ်လာတဲ့ ရခိုင်တွေဟာ နောက်ပိုင်းမှာ ဟိန္ဒူ ကိုးကွယ်မှု နှင့်သာ ဆိုင်တဲ့ အမှတ်လက္ခဏာတွေ ပယ်လိုက် တယ်လို့ ပြောနိုင်ပါတယ်။ ရသလောက် စာရင်း စုထားတာကို ဒီပိုစ်မှာ တင်ထားတယ်။ ကြည့်ပါ။ လေ့လာပါ။ မှားနေရင်ထောက်ပြပါ။ ကူညီပါ။ ပုံတွေရှိရင် ပေးပါ။ အားလုံးကဝိုင်းကူ မယ်ဆိုရင်ဖြင့် " မြန်မာ + ရခိုင် + မွန် " စုပေါင်းပြီး မြန်မာ ဒင်္ဂါး တွေအကြောင်းစာအုပ် ထုတ်ချင်ပါတယ်။???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကို ရည်ရွယ်တယ်။ ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။ ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည် မှူ့ဆိုင်ရာ အမှတ်လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။ ???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။?????နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )???ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )?????ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )??????ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )????ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)------------------------------------------------------------------------------------------------------------
ရခိုင် ဒင်္ဂါးတွေအကြောင်း အကြောင်းစုံတင်ပြနိုင်ဖို့ စောနေပါသေးတယ်။ဒါပေမယ့် တချို့ ရာဇဝင် ဆရာတွေ ပြောတဲ့ မင်းနာမည်တွေကို ဒင်္ဂါးတွေပေါ် မှာမတွေ့ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
#####

ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီး ပြော ချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေက တဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေကမှ နည်းယူတယ်။ ဘင်္ဂလား တွေက နိပေါ တွေဆီက နည်းယူတယ်။ အဲဒီတော့ မြန်မာသမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီး ကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်း သုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှု အမှတ် လက္ခဏာ တွေ ပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေ ရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယ အထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင် ရှိခဲ့ တာပါ။ ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော် များများ တွေ့ရတယ်။ရခိုင်မှာအစောဆုံး နေထိုင်တဲ့ လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစက နေဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ် ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။ မင်းတွေကိုယ် တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကို နှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက် တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်း လုပ် ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။ နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေကနိတိစန္ဒြ ( ၅၂၀ - ၅၇၅ ) ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )ပတွိစန္ဒြ ( ၅၉၀-၅၉၇ )ဒတိစန္ဒြ ( ၅၉၇-၆၀၀ )ဓမဝိဇယ (၆၆၅-၇၀၁ )ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။(

ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ဘယ်ရာစုမှာ စပြီး မပါတော့ တာ လဲ ဆိုတာပြောဖို့ ရာ စောနေပါသေးတယ်။

ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်း ကိုကြည့်ပါ။မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက် ချက်ချရပါမယ်။
စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့ အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြား ပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြား ပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့တွေ့ ရ။ ၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေ အများကြီးရှိနေပါတယ်။ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့် တွဲပြီတင်ပါမယ်။ တချို့ပုံကောင်းတွေကို သက်ဆိုင် ရာ website / blog နှင့် ကိုယ်ပိုင် စုစောင်း ထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက် နည်းနေပါသေး တယ်။ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထား မရသေးပါ။

ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာ ရေးထားတဲ့ စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါ မယ်။ ( နန္ဒီ ) " နွား" အပေါ်မှာ ရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။ ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား

အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။အလေးချိန် - ၇.၃၉၀ ဂရမ်အရွယ်အစား - ၃၁ မီလီမီတာ (mm )ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်းလက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်အချိန်ကာလ - ၈ ရာစုတွေ့ရှိရာနေရာ - မြန်မာအစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်တယ်။ မြန်မာတွေဟာ ငွေသတ္တု ရင်းမြစ်ပေါကြွယ်သလို အနီး ပတ်ဝန်း ကျင် ဒေသတွေနှင့် ခိုင်မာတဲ့ ကုန်သွယ်ရောင်း ဝယ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ငွေဒင်္ဂါးတွေ သွင်း လုပ် အသုံးပြုလာပါတယ်။ ငွေဒင်္ဂါးပြား အမှတ် တံဆိပ်တွေကိုတော့ ဘင်္ဂလားနှင့် ကပ်နေတဲ့ ရခိုင် က ဒင်္ဂါးတွေကို မှီတယ်။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူတယ် ။ ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွားရဲ့ အပေါ်မှာ ဗြမဏီ အက္ခရာနှင့်ရေးထားတဲ့ မင်း ဘွဲ့နာမည် ရှိမယ်။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် ) ရှိမယ်။ သီရီဝစ္ဆ (အိမ်မွန် )ရဲ့ အပေါ်မှာ "နေ နှင့် လ " ကိုတွေ့ရမယ်။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင် နေတဲ့ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တဲ့ “ လင်္ဂ “။ အမှတ် လက္ခဏာ တွေရဲ့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာ တွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။======================================================
Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရဲ့ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ဒီတော့ လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အား လုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး ရဲ့ ဖန်ဆင်း ရှင်၊ အရှင်သခင် လို့အနက်ရတယ်။ အများအခေါ် နွားလား ဥဿဖ ။သက္ကတလို பசுபதி முத்திரை ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲ ထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန် နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက် ပါတယ်။ ခုနှစ် မသေချာတဲ့ အချက်က တစ်ချက်ပါ တယ်။ ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေက( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတွေ့နေရတဲ့ " ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "ပုလဲစက် ဝန်း " နှင့် ဝန်းရံထားလေ့ ရှိပါတယ် ။ တချို့ပညာ ရှင်တွေက " ဗိန္ဓု " အစက်အပျောက်ရယ် လို့ အမည် ပေးတယ်။( ၂ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နေတဲ့" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။( ၃ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အောက်က ပုလဲခုနှစ်လုံး တန်း ။( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပေးထားတဲ့ အစက် ပျောက် ငါးခု နှင့်ပုံဖော်ထားတဲ့ပန်းကုံး ။

ဖွင့်ဆိုချက်မှားတဲ့ နှစ်ချက်ကဗြိတိလျှ ပြတိုက်၊ လန်ဒန် ရဲ့ဖော်ပြချက်တွေဟာ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီး ဖော်ပြတာပါ။ ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာ ဖွင့်ဆိုချက်တွေ တချို့ မမှန်ပါ။ Crib,B Cook နှင့် I. Carrradice တို့ရဲ့အဆို ဒီရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါတယ်လို့ ဆိုတယ် ။သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာသာ ဖြစ် တယ်။ ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်းရဲ့ လက်နက် တိသုလ (သုံးခွ လှံဆူး)ဖြစ်ဖို့များတယ်။တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နှင့် အမြဲ လို ယှဉ်တွဲပြီးတွေ့ရတတ်တဲ့ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင် လို့အဓိပ္ပာယ် ရှိတဲ့ " သိဝ" နတ်မင်းကိုးကွယ်မှု ဆိုင်ရာ လက္ခဏာပါ။ဒါကိုဆက်စပ်ပြီးတော့ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ရဲ့အလယ် တည့်တည့်က အပေါ်ကိုထောင်နေတဲ့ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ ဆိုတာ ကတော့ မှားနေတယ် ၊ မဟုတ်ပါလို့ဘဲပြောရမယ် ။ ခုနှစ် မသေချာတဲ့အချက် တစ်ချက်ကမသေချာ တဲ့ အချက်က သမိုင်းမှတ်တမ်းအတွက် အရေး အကြီးဆုံး ဖြစ်နေပါတယ်။ နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြားလို့ ဆိုပြီး ခန့်မှန်း ခရစ်နှစ် ၈ ရာစုလို့ ဖော်ပြထား တယ်။ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွေ့ရတယ် ။ ဒီတစ်ချက် ပြတိုက်က မှားပြန်တယ်။

ဒင်္ဂါးအမျိုးအစား

ဒီနေ့ တော့ ရှေးဒဂါင်္းတွေ အကြောင်း မှတ်ချက် ရေးပါမယ် ဒီဒင်္ဂါးတွေအကြောင်း ကျွန်တော် ၃ ခါ လောက်ရေးခြဲ့ပီးဖြစ်ပေမဲ့ မကြာမကြာ ပြန်ရေးရဦးမဲ့ သဘောရှိပါတယ်။ ရှေးဒဂါင်္းမြင်တိုင်း နွားခြေရာ ခွက်ထဲကဖါးငယ်လို ပျူဒဂါးလို့ ထအော်တတ်တဲ့ မြန်မာ ဒေါက်တာဘွဲ့ ရ သမိုင်းပညာရှင်တွေ သမိုင်း ပါမောက္ခတွေ ရှိနေလို့ ပါပဲ။

ပုံတွေမှာ ထင်းရှားတဲ့ ရှေးဒင်္ဂါးပညာရှင် Michael Mitchiner စာတမ်းကို တင်ပြပေးထားပါတယ် လေ့လာကြပါ။ ရှည်ရှည်မဖတ်လိုသူတွေအတွက် key point တွေကို Highlight လုပ်ပေးထား ပါတယ်။
ပထမဆုံး ကျွန်တော်ပြောလိုတာက ရှေးခေတ် သမိုင်း prehistory ကိုလေ့လာတဲ့ သူဟာ ဒီနေ့ ခေတ် နိုင်ငံ နယ်နမိတ်တွေကို စိတ်ထဲကဖျောက် ထားပြီး ရှေးခေတ်နယ်နမိတ်တွေနဲ့ သာ လေ့လာ သွားရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း ရှေးခေတ်ပျူဒေသမှာ တွေ့ ရလို ပျူဒင်္ဂါးခေါ်နေပေမဲ့ ပျူဒင်္ဂါး ဆိုတာရှိရဲ့ လား ဆိုတာတောင် မသေချာပါဘူး။ ပျူ ဒင်္ဂါး လို့ ခေါ်တဲ့ တက်နေဒင်္ဂါးတွေရဲ့ မူရင်းဟာ ဖူနန်ခေတ်ဆိပ်ကမ်း မြို့ အောက်အို ကလို့ ဒေါက်တာသန်းထွန်း အပါ အဝင် ပညာရှင်အများလက်ခံထားကြပါတယ်။
အောက်အို ဟာ ဒီနေ့  ဗီယက်နမ်တောင်ပိုင်းမှာ ရှိပေမဲ့ ဘယ်သူမှ အဲဒီ ဒင်္ဂါးတွေကို ဗီယက်နမ် ဒင်္ဂါး လို့ မခေါ်ပါ အောက်အိုဒင်္ဂါး ဖူနန်ဒင်္ဂါး ခမာ ဒင်္ဂါး စသဖြင့်သာ ခေါ်ကြပါတယ်။ ရှေးခေတ်အကြောင်း ပြောရင် ဒီနေ့ ခေတ်နယ်နမိတ်နဲ့ ပြောလို့ မဖြစ်ပါ။
ရှေးခေတ် အရှေ့တောင်အာရှ တစ်ခုလုံးမှာ အကြမ်း ဖျင်း ဒင်္ဂါး ၅ မျိုး ရှိပါတယ်

၁။ ရခိုင် ဒင်္ဂါး နွားတံဆိပ်
၂။ ပျူ ဒင်္ဂါး အိမ်မွန်တံဆိပ်
၃။ သုဝဏ္ဏဘူမိ မွန်ဒင်္ဂါး ခရုသင်းတံဆိပ်
၎။ ဒွါရာဝတီ မွန်ဒင်္ဂါး ခရုသင်းတံဆိပ် ( ခရုသင်းအကြီး )
၅။ ခမာဒင်္ဂါး တက်နေတံဆိပ်

ဒီထဲမှာမှ အကျယ်ပြန်ဆုံး ဒင်္ဂါး ၂ မျိုး သာရှိပါတယ်

၁။ ခမာ ဖူနန်ဒင်္ဂါး တက်နေတံဆိပ် နဲ့ 
၂။ သုဝဏ္ဏဘူမိ မွန်ဒင်္ဂါး ခရုသင်းတံဆိပ်

ဒီ ၂ မျိုး ကို ဘင်္ဂလားက ဗီယက်နမ်အထိ တွေ့ နိုင်တယ်။

ဒါကြောင့်မို့  ရှေးခေတ် အရှေ့တောင်အာရှ ဒင်္ဂါး အကြောင်း ပြောရင် ဖူနန်ဒင်္ဂါးနဲ့ အပြိုင် အရှေ့ တောင်အာရှတစ်လုံး သုံးတဲ့ သုဝဏ္ဏဘူမိ မွန်ဒင်္ဂါး နဲ့  အမျိုး အစား အများဆုံး ဒွါရာဝတီ မွန်ဒင်္ဂါး နှစ်မျိုး ပေါင်းဆိုရင် မွန်ဒင်္ဂါး ဟာ အကျယ်ပြန့်ဆုံး အမျိုး အစားအများဆုံး ရှေးအကျဆုံး ဒင်္ဂါးတွေဖြစ်တယ်
ဆိုတာတင်ပြလိုက်ပါတယ်

ဒင်္ဂါးဟာ မြန်မာပြည်အနှံ့အပြားရှိပါတယ်ဆိုတဲ့ သူတွေအတွက်။
*********************************************
***********************

တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူ မင်းတစ်ပါးတည်းဆိုလျှင် ဒင်္ဂါးတံဆိပ်တွေ ခေတ် အလိုက် ခွဲနိုင်တယ်။ ခေတ်ကိုလည်း ခွဲနိုင်တယ်။ တူလည်း တူနိုင်တယ်။ ခေတ်ပြိုင်လည်း ဖြစ်နိုင် တယ်။ အုပ်ချုပ်သည့် မင်းဆက်များကိုလည်း သိနိုင်တယ်။ တစ်ပြည်မှ တစ်ပြည်၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ကူးလူးဆက်ဆံမှုကြောင့်လည်း တစ်နေ ရာက ဒင်္ဂါး တစ်ခြားတစ်နေရာမှာ ကျန်ခဲ့တတ် တယ်။ သေချာတာ တစ်ခုကတော့ ဒင်္ဂါးပြုလုပ်တဲ့ မိုတွေကိုတော့ မိမိတိုင်းပြည်၊ မိမိနိုင်ငံမှာ မိမိတို့ သတ်မှတ်ထားသော မို တစ်ခု(ခေတ်အလိုက်) သာ ရှိမယ် ထင်တယ်။ ဒါမှမဟုတ်ရင် အတုတွေ ထွက် ကုန်မှာပေါ့။ မင်းပြစ်မင်းဒဏ် ခံရကုန်မှာပေါ့။ အုပ်ချုပ်သူမင်းမတူလျှင် တစ်နေရာနဲ့ တစ်နေရာ လုံးဝမတူနိုင်ဘူး။ ကဲ ကြိုက်တဲ့သူ ငြင်းဆိုနိုင်တယ်။ အခုတင်ပြထားတဲ့ ခြူးတံဆိပ်မို ဘယ်မှာတွေ့ဖူးလဲ။ ထားဝယ်မှာ ထားဝယ်ဒင်္ဂါးတွေကို ထားဝယ်မင်း ဆက်အလိုက် ကိုယ်တိုင်သွန်းလုပ်နေပြီဆိုတာ သက်သေပြလိုက်တာပါ။ ပညာရှင်တွေ ငြင်းဖို့ ဖိတ်ခေါ်ပါရစေ။

မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်းလုပ်။( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ )သမိုင်းဆရာ တော်တော်များများကဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက် မှာဘဲသွင်းလုပ်တယ် လို့ဆိုပါတယ်။ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။ အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။ဒီ ဒင်္ဂါးကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့တွေ့ရပါမယ်။သမိုင်းဆရာ တော်တော်များများကပြောပြောနေတတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။ကုန်းဘောင်ခေတ်သုံး မြန်မာ ဒင်္ဂါး တွေကို ထိုင်းနိုင်းငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင်မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။========================================================================== သမိုင်းစကား၊ ပန်းစကား ခေါင်းစဉ်ဟာ ဆရာကြီး မြသန်းတင့် ရဲ့ ဆောင်းပါးခေါင်းစဉ်ပါ။ ကြိုက်လွန်းလို့ ယူသုံးပါတယ်။ဆရာကြီး မြသန်းတင့် ရဲ့ သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်လို့သိပ်ကောင်းသလို သမိုင်းအပေါ် တစ်ဘက်သတ်အမြင်တွေ ဖယ်ရှားဖို့ရာ ရှူထောင့်မျိုးစုံက ထောက်ပြဝေဖန်ပေးထားတယ်။" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " မှာ စုဖုရာလတ်ဟာ ထင်သလောက်မဆိုးပါ။ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ယောက်မှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်သဘောထားလို့သာ ထောက်ပြပါတယ်။သူ့ကြောင့် မြန်မာဘုရင့်ထီးနန်း ပျက်သယောင် ရေးတတ်တဲ့ ပြည်တွင်း၊ ပြည်ပ သမိုင်းဆရာတွေ ရဲ့အမြင်၊ စာဖတ်သူတွေရဲ့အမြင် တွေကို စဉ်းစားမှုပေးစေနိုင်ခဲ့ပါတယ်။ဘယ်သူ့ကြောင့်မှ မဟုတ်ပါ ကိုလိုနီ စနစ်ကြောင့်သာ အင်္ဂလိပ် လက်အောက်ရောက် ရတာပါ။ဆရာကြီး မြသန်းတင့် ရဲ့ " သမိုင်းစကား၊ ပန်းစကား" ဟာဖတ်လို့ သိပ်ကောင်းပေမယ့်၊ ကျွန်တော့် သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်မကောင်းနိုင်ပါ။- ဒင်္ဂါးစက်ရုံ ဓာတ်ပုံကို မြန်မာတိုင်း(မ်) အတွဲ ၂၁ ၊ အမှတ် ၄၁၄ ( ၁၅-၁၂၊ ၅၊ ၂၀၀၉ ) မှကူယူဖော်ပြသည်။- ဒေါင်းဒင်္ဂါး ပုံကို ရှေးပစ္စည်း စုဆောင်းသူတစ်ဦးမှ ကျေးဇူးပြုသည်။











0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်