ထားဝယ်


ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမော၊ သရေတ္တေရာတို့နှင့် ခေတ်ပြိုင်ထားဝယ်

အင်္ဂလိပ်မင်းလက်ထက်က မြန်မာ့မြေပေါ်တွင် အများဆုံး ဖျက်ဆီးခြင်းခံခဲ့ရသည်မှာ ထားဝယ် ယဉ်ကျေးမှု အမွေအနှစ်များပင် ဖြစ်သည်။ ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ထားဝယ်လူမျိုး ထားဝယ်ဘုရင်များဖြင့် ကျူးကျော် စစ် မထိုးခင်အထိ အုပ်ချုပ်နေထိုင်ခဲ့သည် ဆို သည်မှာ ငြင်းဆိုဖွယ်ရာ မရှိခဲ့ပေ။ နယ်ချဲ့လက်အောက်ကျရောက်ပြီး ထားဝယ်တို့၏ နန်းတွင်းယဉ်ကျေးမှု အမွေအနစ်များ အများဆုံး ပျက်ဆီးခြင်းခံခဲ့ရသည်။ တာဝန်သိ အမျိုးချစ် ထားဝယ်များ၏ စုစည်းထားမှုကြောင့် ထားဝယ် ယဉ်ကျေးမှု အမွေအနစ် အထောက်အထားများကို ထားဝယ်ပြတိုက်တွင် အနည်းငယ်မျှ လေ့လာခွင့် ရှိခဲ့ပါသည်။ ယခုပင် ထားဝယ်ယဉ်ကျေးမှုပြတိုက်မှ ဘုရားကြီးပြတိုက်ဟု အမည် ပြောင်းခြင်းခံခဲ့ရပြန် သည်။ သမိုင်းသေသည်ဆိုသည် မှာ သို့အတွက် ကြောင့် ဖြစ်လေသည်။

ထိုထက် သမိုင်းသေသည်ကား နယ်ချဲ့တို့ ဖျက်ဆီး ခဲ့ခြင်းထက် သုတေသီများ ဖျက်တာက ပို၍ဆိုသေး သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၁ ခုနှစ် က သမိုင်းသုတေသီများ လာလေ့လာသော်လည်း ဘာဘာညာညာဟု မပြောသွားသည့်အပြင် ပြည်သူ များ ရှာဖွေ စုစည်းထားသော ပစ္စည်းများကို အဆင့် အတန်းမရှိ အောင်ပြောသွားပြီး သဘောတော် ကောင်းခဲ့တဲ့ ထားဝယ်ဘိုးဘွားတွေက ထမင်း လည်းကျွေး၊ ပစ္စည်းလည်း ပေးခဲ့ရပြန်သည်။ တစ်ချို့ကတော့ ထမင်းစားကောင်းအောင် ပြောပြီး ထားဝယ်ရာဇဝင်ကို လေ့လာပေးမည်ဟု မျက်နှာချို သွေးပြီး ပစ္စည်းကို ခဏဆိုပြီး ငှားသွားသည်မှ ယနေ့ထိ အတိုင် ပြန်ပေါ်မလာတော့ပေ။

ယင်း ပစ္စည်းများ အချို့ မြန်မာပြည်ရှိ ပြတိုက်ကြီး များတွင် ရောက်ရှိနေလေပြီ။ ထားဝယ်သမိုင်းတန
်ဖိုး မပြနိုင်သည်မှာ သို့အတွက်ကြောင့်လည်း ပါဝင် ပေသည်။ နောက်တစ်ခုက သမိုင်းသုနှင့် ရှေးဟောင်းသု ဌာနများတွင် ထားဝယ်လူမျိုးများ ယနေ့တိုင် မရှိသည်မှာ အဆိုးဆုံး အချက်ပင် ဖြစ်သည်။ ယင်းဌာနများရှိ ပညာရှင်အများစုသည် မိမိတို့၏ လူမျိုးသမိုင်းကိုသာ အများဆုံးလေ့ လာ ပေးခဲ့ပြီး ကျန်သောတိုင်းရင်းသားတို့၏ သမိုင်းကို စိတ်ဝင်စားမှုနည်းသည်။ ဗမာပညာရှင်ပေါ်က ဗမာ လူမျိုးများအတွက်၊ ရခိုင်ပညာရှင်ပေါ်တော့ ရခိုင် လူမျိုးများတွက်၊ မွန်ပညာရှင်ပေါ်တော့ မွန်လူမျိုး များ အတွက်၊ ချင်းပညာရှင်ပေါ်တော့ ချင်းစာပေ ကိုပါ တည်ထွင် ပေးခဲ့သည်။

ဆိုလိုတာက မိမိတို့လူမျိုးများအတွက်သာ စိတ်ပါ ဝင်စားစွား အားထုတ်ခဲ့ကြသည်။ ထားဝယ်ကို မည်သည့် တိုင်းရင်းသားပညာရှင်များကလည်း ယနေ့တိုင်အောင် လာ၍ဖော်ဆောင်ပေးသည်ဟု မတွေ့ရပေ။

ဤကဲ့ကို ၁၉၇၀/၁တွင်တစ်ကြိမ်၊ ၁၉၈၀/၁ တွင် တစ်ကြိမ် ထပ်မံလာလေ့လာသော်လည်း ထားဝယ် အကြောင်း မပြောသွားဘဲ မိမိတို့ လူမျိုးများ အတွက်သာ မိမိတို့လူမျိုးများနှင့် သက်ဆိုင်သော သမိုင်းအထောက်အထားများကိုသာလေ့လာသွားခဲ့သည်။ ရခိုင်တွေက မဟာပညာကျော် လျှောက်ထုံး ခေါ် ဓညဝတီအရေးတော်ပုံ ကျမ်းကလေးကို ကြည့် ပြီး ထားဝယ်ကို ရခိုင်ကဆင်းသက်လာတယ်၊ မွန်တွေက ထားဝယ်လူမျိုးဟာ မွန်က ဆင်းသက် လာတယ်။ ထားဝယ်ဟာ မွန်နယ်မြေ။ ထားဝယ်နှင့် မွန် စစ်ပွဲ ၁၄ ကြိမ်ဖြစ်ဖူးတယ်။ မွန်မင်းဆက် ၁၄ ဆက် အုပ်ချုပ် ဖူးတယ်။ အဲဒါတွေပဲ ပြောသွား တယ်။ ယိုးဒယားကလည်း လာသေးသည်။ ထားဝယ်ဟာ ယိုးဒယားပိုင်။ ဗမာတွေက ပိုဆိုးပြန် သည်။ ထားဝယ်ဟာ ဗမာ။ အဲလို နှစ်ပါးသွားနေ သည်မှာ ယနေ့ အထိတိုင်ဖြစ်ချေသည်။
ထို့ကြောင့် မျိုးချစ်ထားဝယ်များက ထားဝယ်ဟာ ထားဝယ် ပါပဲ။ မည်သည့် လူမျိုးများ မဟုတ်ဟု သိရှိကြ၍ မိမိတို့ လက်ထဲရှိ ထားဝယ်ဉ်ကျေးမှု အမွေအနစ်ပစ္စည်းများ ထုတ်မပြရဲတော့ဘဲ ထိမ်းသိမ်း တတ်လာလေသည်။

မယ်အေးနှစ်ခါနာဆိုတာ နားလည်လာကြသည်။
ထိုထဲတွင် သွေးသစ္စာဖေါက်များလည်းတွေရသည်။ ထားဝယ်ယဉ်ကျေးမှု ပစ္စည်းများကို တခြားလူမျိုးကို ရောင်းစားခြင်း၊ ပြည်ပသို့ ခိုးထုတ်ရောက်ဝယ်ခြင်း အာဏာဖြင့် သိမ်းယူခြင်း စသော မိမိတို့ ဝမ်းဝဖို့ လူမျိုး၏ သမိုင်းကို ဖျက်ဆီးခဲ့ကြပြန်သည်။

ထိုကဲ့သို့ အခက်ခဲများစွာဖြင့် ကျော်ဖြတ်လာခဲ့ ရသော အမိထားဝယ်သည် သားတော်ကြီးများ နှင့် တူသော ဘိုးဘွားအချို့ ထိန်းသိမ်းမှု၊ မြေးကလေး နှင့်တူသော ထားဝယ်အမျိုးစောင့်တွေ၏ ကြိုးစား မှုကြောင့် ထားဝယ်အမေအိုကြီးသည် အသက်ကြီး သော်လည်း တစ်ချိန်က အလုံးအရပ်ကောင်းခဲ့၍ နုပျိုနေမြဲဖြစ်သည်။

ယနေ့နံနက်က အသက်ရှစ်ဆယ်ကျော် ထားဝယ် အမျိုးချစ် အဘိုးအိုကြီးတစ်ယောက် မိမိထိန်းသိမ်း စုစည်းထားသော ပစ္စည်းများရှိကြောင်း၊ ထားဝယ် လူမျိုး ဖော်ဆောင်နေသည်ဖြစ်သောကြောင့် မိမိ လက်ဝယ်ရှိ ပစ္စည်းအချို့ကို ပြချင်ကြောင်း၊ ယင်း ပစ္စည်းများသည် မိမိငယ်စဉ်ကတည်းက သာဂရ မြို့ဟောင်း အတွက် ဆင်ပုနစ်ရွာဝင် အင်းထဲမှ မိမိ ကိုယ်တိုင်ရခဲ့ကြောင်း၊ ပစ္စည်းက ဘာကိုဆိုလို့သည်
ဟု သေသေခြာခြာမသိရှိရကြောင်း၊ ထို့ကြောင့် လေ့လာစေချင်ကြောင်း ပြော၍ ကျနော် နေ့လဘ် ၂ နာရီ လောက်မှာ လိုက်သွားခဲ့သည်။ ယင်ပစ္စည်းများကို မြင်လိုက်ရသော အခါ ကျနော်၏ မျက်လုံးများ ပြူးသွားလောက်အောင် ရင်တွေ တဆက်ဆက် တုန်ခါလောက်အောင် ဖြစ်သည့် အပြင် တစ်ကိုယ်လုံးလည်း ထူပူသွားခဲ့ရသည်။

မျက်ဝန်အိမ်တွင် ယိုဖိတ်ကျနေတဲ ပီတိ မျက်ရည် တွေ ကျလျှက် ယင်းပစ္စည်များကို ငေးကြည့်နေမိ တော့သည်။ အဘိုးအိုက ဘယ်ခေတ်က ဘယ် ပစ္စည်းလည်းလို့ ပေးတာတောင် မဖြေနိုင်တဲ့ တေမိ ဇာတ်တော် ခင်းလိုက်ရပေသေးသည်။ ယင်းပစ္စည်း များကား ပျူဒင်္ဂါး ပြား ၁၀၀ တိတိပင်ဖြစ်သည်။ ကျနော့် အသက်မှာ ၃၂ ပြားသာလျှာင် အများဆုံး တွေဖူးသေးသည်။ ယင်းအပြားတစ်ရာထဲတွင် သီရိဝစ္ဆ သင်္ခ ဒင်္ဂါး ၂၉ပြား၊ သီရိဝစ္ဆ စေတိယဒင်္ဂါး ၃၄ပြား၊ နဂဒင်္ဂါး ၃၄ပြား၊ နွားလားဥဿဘဒင်္ဂါး ၂ပြား၊ ဟံသဒင်္ဂါး ၁ပြား စုစုပေါင်းအပြားတစ်ရာ ဖြစ် သည်။ ၎င်းအပြင် ရွှေစင်သုံးမူးသားကျော်ခန့် ရှိ သော ပျူဟန် ရွှေဘုရားတစ်ဆူကိုလည်း လေ့လာ တွေ့ ရှိခွင့် ရရှိခဲ့ပါသည်။




ကျနော့် အသက်မှာ ၃၂ပြားသာလျှာင် အများဆုံးတွေဖူးသေးသည်။ ယင်းအပြားတစ်ရာထဲတွင်
သီရိဝစ္ဆ သင်္ခ ဒင်္ဂါး ၂၉ပြား၊
သီရိဝစ္ဆ စေတိယဒင်္ဂါး ၃၄ပြား၊
နဂဒင်္ဂါး ၃၄ပြား၊
နွားလားဥဿဘဒင်္ဂါး ၂ပြား၊
ဟံသဒင်္ဂါး ၁ပြား
စုစုပေါင်း အပြားတစ်ရာဖြစ်သည်။
၎င်းအပြင် ရွှေစင်သုံးမူးသားကျော်ခန့် ရှိသော ပျူဟန် ရွှေဘုရားတစ်ဆူကိုလည်း လေ့လာတွေ့ ရှိခွင့် ရရှိခဲ့ပါသည်။


**********************
(ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမော၊ သရေတ္တေရာတို့နှင့် ခေတ်ပြိုင်ထားဝယ်)
***ဝေသာလီဟန် ဥဿဘပျူဒင်္ဂါး***


(ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမော၊ သရေတ္တေရာတို့နှင့် ခေတ်ပြိုင်ထားဝယ်)
*** ပျူဟံသဒင်္ဂါး***


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်