လက်ဆောင်လေး ပေးပါရစေလို့……


*********************

မိတ်ဆွေတွေကို စာအုပ်လေး တစ်အုပ် လက် ဆောင် ပေးချင်ပါတယ် ဒီ စာအုပ်ဟာ မြန်မာပြည် ထဲမှာ ရှိရင်တောင် လေးငါးအုပ်ထက် မပိုနိုင်ပါဘူး။ စာအုပ်ဟောင်း ရောင်းတဲ့သူတွေရဲ့ အဆိုအရ ဒီ စာအုပ်ရဲ့ တန်ဖိုးက ဆယ်သိန်း အထက်မှာ ရှိပါ တယ်။

ဒီစာအုပ်ကို တစ်ခါမှ မမြင်ဖူးခဲ့ဖူးဘူး။ အကြောင်း ကံက ဖန်လာတော့လည်း အသိဆရာ တစ်ယောက် က ပထမဆုံး မြန်မာ အက္ခရာတွေကို ပုံနှိပ်ခဲ့တဲ့ စာအုပ် အကြောင်းကို သိချင်လို့ ဆိုပြီး အကူအညီ တောင်းလာပါတယ်။

သူက ဂျဒ်ဆင်ရဲ့ အဘိဓာန်ကို ပထမဆုံးလို့ ထင်နေ တယ်။ ဂျဒ်ဆင်က ပထမဆုံး မဟုတ်ဘူး ဆိုတာကို ကျွန်တော် သိပါတယ်။ဒါပေမယ့် အခု လက်ဆောင် ပေးတဲ့ စာအုပ်ကို ရှိမှန်းသာ သိတာ စာအုပ်နာမည် လည်း ကွန်တော်မသိဘူး ဘယ်ပုံ နေမှန်းလည်း ကျွန်တော် မသိခဲ့ဘူး အဟောင်းဆိုင်တန်းမှာ လိုက် မေးကြည့်တော့ ဒီစာအုပ်က ရှာဖို့မလွယ်ဘူး အရမ်း ရှားတယ် စာကြည့်တိုက်ကြီးတွေမှာတောင် ရှိပါ့ မလား မသိဘူး ဆိုတဲ့ အသံတွေ မေးကြည့် သလောက် သူတွေဆီက စကားပုံစံသာ ကွဲတယ် ဆိုလိုရင်း အဖြေက ဒါပဲ ရလာတယ်

ဒါနဲ့ အိမ်ပြန်လာ ရှိမှန်းသိနေတာပဲ ရအောင် ရှာ ကြည့်မယ် ဆိုပြီး စာအုပ်ပုံကြား ပူကပူ ချွေးကပြန်နဲ့ တစ်အုပ်ပြီး တစ်အုပ် ကောက်လှန်တာ စာအုပ် ပေါင်း သုံးရာကျော်မှာမှ ပထမဆုံး ခြေရာ ပြန်ခံမိ တာက ဦးသန်းထိုက် (သုတေသန) ရဲ့ ရည်ညွှန်း လုပ်ငန်းနှင့် ရည်ညွှန်း အထောက်အထား များ ဆို တဲ့ စာအုပ်မှာပါ။ အဲဒီ စာအုပ်ထဲမှာဒီစာအုပ် အကြောင်း အရိပ်အမြွက် ပါတယ်လေ။ ဒါပေမယ့် ပထမဆုံး ပါလို့ အတိအကျ ဆိုမထားဘူး။

စာအုပ်ကို ထုတ်ဝေတာက ၁၇၇၆ ခုနှစ် ဆိုတော့ အင်း ဟုတ်တာတော့ ဟုတ်နေပြီပေါ့ ဆိုတာ သိ လိုက်တယ်။ ဒါနဲ့ ဟိုး ၁၉၇၃ လောက်က စာပေ ဗိမာန်က ထုတ်ခဲ့တဲ့ စာအုပ်စာပေ သုံးတွဲ မှာများ ပါများ ပါမလား ဆိုပြီး အားကိုးတကြီး မျှော်လင့်ပြီး ကြည့်လိုက်တော့ ကွက်တိကို တွေ့တာပါပဲ။

ဟုတ်တယ်ဗျ ။ ဒီစာအုပ်ဟာ မြန်မာ့ ပုံနှိပ်စာပေ သမိုင်းမှာ ပထမဆုံး မြန်မာစာလုံးတွေ အဖြစ် ပုံနှိပ် ဖော်ပြခြင်းခံရတဲ့ မြန်မာသင်ပုန်းကြီး စာအုပ်ပဲ ဖြစ် နေတယ်။ ဒီစာအုပ်ကို ၁၇၇၆ ခုနှစ်မှာ အီတလီနိုင်ငံ ရောမမြို့မှာ ခရစ်ယာန် ဘုန်းတော်ကြီး မယ်ချီယာ ကာပာနီ (Melchior Carpani) က ပုံနှိပ် ထုတ် ဝေခဲ့တာလို့ ဆိုပါတယ်။

အခုဆို ဒီစာအုပ် သက်တမ်းက ၂၅၀ နှစ် တောင် ပြည့်ခါနီးနေပြီ ။ အကြောင်းအရာ တစ်ခုကို တိတိ ကျကျ သိလိုက်ရလို့ အတော် ဝမ်းသာသွားပြီး လာ မေးတဲ့ ဆရာကို အဲဒီ အကြောင်း လှမ်းပြောမလို့ လိုင်းပေါ် တက်လိုက်တော့ ထုံးစံအတိုင်းကျွန်တော့် လက်က ဂူဂယ်မှာ အဲဒီ နာမည် ရိုက်ထည့် လိုက်မိ တယ်။ တွေ့လိမ့်မယ်လို့ သိပ်ပြီး ထင်မှတ်မထားပေ မယ့် ဂူဂယ်ဟာ စာကြည့်တိုက်ကြီးတွေက ဒီလို အဖိုးတန် စာအုပ်တွေကို Digitize လုပ်ထား တတ်တာ ကျွန်တော် သိတယ်။ Search Result တွေထဲက Google Book ထဲမှာ ဒီစာအုပ်ကို တွေ့လိုက်ရတော့ အတော်လေး ပျော် သွားမိတယ်။ ထင်ထားတာက အဖုံးလေးလောက် တော့ တွေ့ရကောင်းရဲ့လို့ တွေးမိပြီး အဲဒီလင့်ကို သွားကြည့်လိုက်တော့ ဒေါင်းလုဒ်ပါ ပေးထားတာ တွေ့လိုက်ရတာမို့ ချက်ချင်းကို ဒေါင်းလုဒ် ချပြီး ဖတ်ကြည့် မိပါတော့တယ်။

အခုခေတ်နဲ့ မတူတဲ့ ၁၇၇၆ ခုနှစ်က မြန်မာ အရေး အသား။ အခုခေတ်မှာ မရှိတော့တဲ့ ဝသတ်၊ ဈမျဉ်းဆွဲ ပုံစံထူး၊ အသတ် ပုံစံကွဲ နှစ်မျိုး၊ ဒီဘက် ခေတ် ဣ နဲ့ ဤ ကို ဘယ်လို ရေးထားမှန်း မသိတဲ့ အရေးအသား စတဲ့ ထူးခြားချက်တွေကို မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ စာအုပ် နောက်ဆုံးမှာတော့ ခရစ် ယာန် သမ္မာကျမ်းစာထဲက ပညတ်တောှ်ဆယ်ပါး နဲ့ ဆုတောင်းခန်း အချို့ကို ရေးထားတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါပေမယ့် အဲဒီအထဲက မြန်မာအက္ခရာတွေ အကြောင်းကို အဓိပ္ပါယ် ဖွင့်ထားတဲ့ လက်တင် ဘာသာစကား စာတွေကိုတော့ နားမလည်တာမို့ မချင့်မရဲ ဖြစ်ရပြန်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့အတွက်တော့ အလွန် တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ် ရလိုက်တာပါပဲ။
ဘာကြောင့်လဲ ရှားပါးလို့လား တန်ဖိုး မြင့်လို့လား  မေးရင်း ဆယ်ပုံတစ်ပုံစာလောက်ပဲ မှန်တယ် ပြောမိပါလိမ့်မယ် ဒီစာအုပ်က မြန်မာ့အက္ခရာကို ပထမဆုံး ပုံနှိပ်တဲ့ စာပေလောကက မြန်မာ့ ပထမ
စာအုပ်လည်း ဖြစ်နေတယ် နောက် ရှေးတုန်းက ရေးဟန်တွေ မတူကွဲပြားမှုတွေကို မြင်ရပြန်တော့ ကျွန်တော့်လို ဟိုစပ်စပ် ဒီစပ်စပ် သိချင်တတ်လွန်း တဲ့ငပိန်းတစ်ကောင် အတွက် ဘာပြောကောင်းမလဲ
ပေါ့

ဒီအက္ခရာ ရေးဟန်တွေကို လေ့လာဖို့ အထူး ပြော ချင်တာက သမိုင်း ကြောင်း လေ့လာနေသူတွေ စိတ်ပါဝင်စားသူတွေ အနေနဲ့ဆိုရင်  ဖြစ်အောင် ဒေါင်းပြီး သိမ်းထားပါ စာရေးဆရာတွေလည်း လို အပ်မှာပါ တချိန်ချိန် အသုံးတည့်လာမှာပါ

ဒါကြောင့်ပဲ ဒီစာအုပ်လေး ရတာနဲ့ ဖတ်ကြည့်ပြီးတဲ့ အခါက ဒါက မျှဝေပေးရမယ့် စာအုပ်ပဲ ဆိုတဲ့ အသိ
က ဝင်လာတယ် ဒါနဲ့ပဲ မိတ်ဆွေအားလုံးကို လက် ဆောင်ပေးတယ် ပေါ့

Download

https://my.pcloud.com/publink/show?code=XZCfGRZiHcsQPvEoxy94xdqjwDivJJsMglk

Ref:
ရည်ညွှန်းလုပ်ငန်းနှင့် ရည်ညွှန်း အထောက်အထား များ၊ ဦးသန်းထိုက် (သုတေသန)၊ပုံနှိပ်စာပေသမိုင်း၊ ရန်အောင်၊ စာအုပ်စာပေ (တတွဲ)၊ စာပေဗိမာန်၊ ၁၉၇၃၊


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်